Switch Mode

Chapter – 102

အိမ်လေးတစ်လုံးနှင့် မိသားစုလေး

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၁၀၂။ အိမ်လေးတစ်လုံးနှင့် မိသားစုလေး။

ကြေးခွံပေါ်၌ အသက်အရိပ်အယောင်ရှိနေသေး၏။ ထို့ကြောင့် ကြယ်တာရာသားရဲသည် အသက်ရှင်လျက် ရှိနေသေးပြီး တောင်ကြား၏ တောင်အရပ်ရှိ တောအုပ်ထဲတွင် ပုန်းနေတာ ဖြစ်မည်။

ယဲ့ရှောင်က ကြယ်တာရာသားရဲ စွယ်စုံကျမ်းကို မကြာခဏ ဖတ်နေသောကြောင့် တစ်ချက်ကြည့်ရုံဖြင့် ၄င်းသည် ကြေးခွံနက်မြွေ ကျားအမျိုးအစား သွေးမျိုးဆက် ကြယ်တာရာသားရဲဆီမှ လာကြောင်း သိသည်။

ကြယ်တာရာသားရဲသွေးမျိုးဆက်ကို အမျိုးအစား ( ၃ ) မျိုးခွဲခြားနိုင်၏။ နဂါး၊ ကျားနှင့် ဝံပုလွေဖြစ်သည်။

နဂါးများက အကောင်းဆုံးဖြစ်ပြီး ဝံပုလွေက အားအနည်းဆုံးဖြစ်သည်။ ကြယ်တာရာသားရဲ၏ ခွန်အားကို သာမန်ထူးကဲနှင့် ချီရှန်းဟူ၍ ပိုင်းခြားနိုင်သည်။ ကျန်သည်က လူသားများနှင့် တူညီနေ၏။

ကျားအမျိုးအစား သွေးမျိုးဆက်သည် ကောင်းမွန်သည့် သွေးမျိုးဆက်ဟု သတ်မှတ်၍ ရသည်။ ထို့အပြင် တစ်ဖက်က ထူးကဲအဆင့်ထိရောက်အောင် ကျင့်ကြံထားသည်။ ၄င်းကို အမြန်ပျိုးထောင်ပြီး ချီရှန်းအဆင့် ခွန်အားရောက်အောင် မြင့်တင်နိုင်သည်ဟု သတ်မှတ်နိုင်သည်။ ထိုအချိန်ရောက်လျှင် သူက ၄င်း၏ အရေခွံကို ခွာပြီး အသား သွေးအဆီအနစ်နှင့် ကြယ်တာရာအမြုတေတို့ကို ပြပြီး ၄င်းတို့ကို ဆေးအဖြစ်သန့်စင်ရန် သို့မဟုတ် ကြေးခွံ သံချပ်ကာအဖြစ် သန့်စင်နိုင်သည်။

တစ်ဖက်တွင်မူ ၄င်းတို့ကို တိုက်ရိုက်ဝယ်ရန် ငွေသုံးရခြင်းထက် စျေးပိုပေါသည်။

သို့သော် ယင်းက အကြောင်းအရင်း မဟုတ်ပေ။ ယဲ့ရှောင်က ငွေကို ဂရုမစိုက်ပေ။ အဓိကအကြောင်းအရင်းက နတ်ဘုရား လက်မှုပညာရပ်ထဲတွင် မှတ်တမ်းတစ်ခုရှိ၏။ လက်နက် သို့မဟုတ် ချပ်ဝတ်တန်ဆာ သန့်စင်ရန်အတွက် ကြယ်တာရာသားရဲတစ်ကောင်လုံး၏ အရေခွံနှင့် အရိုးကို သုံးတာက အကောင်းဆုံးဟု ဆိုထားသည်။ သူတို့က ကိုက်ညီရန် ပိုလွယ်ကူပြီး သန့်စင်ရာတွင် အလွယ်တကူ ပိုအောင်မြင်နိုင်တာ အဆင့်က ပိုကောင်းမှာပဲဖြစ်သည်။ သူတို့၏ ဗီဇနှိုင်းယှဥ်မရမှုကြောင့် အဆင့်ကျသွားနိုင်ချေက ရှားပါးပြီး သို့မဟုတ် သန့်စင်မှု ကျရှုံးနိုင်ချေက နည်း၏။

ယဲ့ရှောင်က ယနေ့ညအတွက် အချိန်မရှိပေ။ သူက ယနေ့ အနားယူပြီး မနက်ဖြန် သွားမည်။ ယဲ့ရှောင်က ဦးစွာပြန်လာလိုက်ပြီးနောက် ကြေးခွံတစ်ဝက်ကို သန့်စင်လိုက်၏။

မကြာမီ၌ ဓားတိုတစ်လက်ကို သန့်စင်ပြီးသွားသည်။

ဓါးပျံတစ်လက်ကို ပြုလုပ်ပြီးသွားသည်။

ယင်းက သံရိုင်းဖြင့် သန့်စင်ထားသော ဓါးပျံနှင့် တူညီသော အဆင့်သို့ ရောက်၏။ နှစ်မျိုးလုံးက
ချီရှန်းအဆင့် ဓါးပျံများ ဖြစ်သည်။ ယင်းက ကုန်ကြမ်းများ၏ ထူးကဲမှုကြောင့် ဖြစ်၏။

ဓါးပြန်လေးတစ်လက်အတွက် သံရိုင် ပေါင်တစ်ထောင်ကျော် သုံးရန် လိုအပ်သည်။ တစ်ဖက်တွင်မူ ​ထူးကဲကျင့်ကြံအဆင့်ရှိသော ကြေးခွံနက်မြွေ၏ အကြေးခွံဖြင့် ချီရှန်းအဆင့် ဓါးပျံတစ်လက်ကို တိုက်ရိုက်သန့်စင်နိုင်သည်။ ယင်းက နှစ်ခုကြား ကွာဟချက်ဖြစ်သည်။ နောက်ထပ် အကြောင်းအရင်း တစ်ချက်လည်း ရှိသေး၏။ ယဲ့ရှောင်သည် နတ်ဘုရား လက်မှုပညာကို လေ့ကျင့်ခဲ့ပြီးဖြစ်သောကြောင့် ချီရှန်းအဆင့် ဓါးပျံတစ်လက်ကိုအလွယ်တကူ သန့်စင်နိုင်တာပဲ ဖြစ်သည်။

ကျန်သည့် ပန်းပဲသမားများဆိုလျှင် သာလွန်အဆင့် ဓါးပျံကို သန့်စင်နိုင်လျှင် အလွန်ကောင်းနေပြီဟု ဆိုရမှာပဲ ဖြစ်သည်။

ယဲ့ရှောင်၏ အလုံးစုံ ကျွမ်းကျင်မှုအဆင့်က အခြားသူများထက် သာသည်။

သူ၏ ကျင့်ကြံမှုကဲ့သို့ပင် ဖြစ်သည်။ သူသည်
ချီရှန်းအဆင့်တွင် ရှိစဥ်က တစ်ချက်တည်းဖြင့် မြစ်ကို ပိုင်းဖြတ်နိုင်ခဲ့သည်။ သို့သော် ချင်ရှန်းလုံနှင့် ကျန်သည့်သူများကဲ့သို့ သာမန်ချီရှန်းများဆိုလျှင် ပေ ၇၀၀ခန့်ရှည်သော ဓါးရောင်ခြည်ကို ထုတ်ခြင်းက မြစ်ရေကို နှစ်ခြမ်းခွဲချင်လျှင် ယင်းက ပိုတောင် ရယ်စရာကောင်းနေလိမ့်မည်။

ယင်းက ဘုရင်အေးအ်ကို ယဲ့ရှောင် သတ်ရန် တွေးရဲရသည့် အကြောင်းအရင်းလည်း ဖြစ်၏။ သူက အဆင့်များ ကျော်တိုက်နိုင်သည်။ ယင်းက အမျိုးအစားကြီးကို အမျိုးအစားလေးက တိုက်ခိုက်ခြင်းနှင့် တူသည်။

နောက်နေ့နံနက်စောစောတွင် ယဲ့ရှောင်က ဂဏန်းသား အစာသွတ်များကို စားပြီးနောက် အစပ်ဟင်းချို တစ်ပန်းကန် သောက်လိုက်ပြီး စားချင်စိတ်ကို ပြေသွားစေသည်။ ပြီးနောက် ကုန်ကြမ်းများရောင်းသည့် ဆိုင်သို့ သွားလိုက်၏။

သူသည် ဓါးပျံတစ်လက်သာ ရောင်းပြီးတာ ဖြစ်သည်။ ထို့ကြောင့် ထုတ်ဖော်ခံရမှုကို မစိုးရိမ်ပေ။ ပိုတန်ဖိုးကြီးသည့် အိုင်တမ်အချို့ ပစ္စည်းအချို့က မှောင်ခိုစျေးကွက်ထဲတွင် ရောင်းနိုင်၏။

မှောင်ခိုစျေးသို့ သွားသည့်အချိန်တိုင်း၌ သူ၏ မျက်နှာကို ပြောင်းလဲနိုင်၏။ ထုတ်ဖော်ခံရမှာကို ကာကွယ်ရန်အတွက် ဖြစ်၏။

” သူဌေး ရွှီ ”

” ဟေး … ယဲ့ရှောင် ရောက်လာတာပဲ။ ကုန်ကြမ်းတွေ လာဝယ်တာလား။ ဒါမှမဟုတ် ”

” ပစ္စည်းလာရောင်းတာပါ ”

” ဒီတစ်ခေါက်ရော ဘာပစ္စည်းကောင်း ရောင်းချင်တာလဲ ”

” မနေ့တုန်းက ခင်ဗျားကို ဓါးပျံတစ်လက် ရောင်းခဲ့တာမလား။ ကျွန်တော် ပြန်ရောက်တဲ့အချိန် ဓါးပျံက တစ်ခုတည်း မဟုတ်ဘူး။ တစ်စုံဆိုတာသဘောပေါက်သွားတယ် ”

” အိုး ဒီလိုကောင်းတဲ့ ကိစ္စရှိတယ်လား ”

သူဌေး ရွှီ၏ မျက်လုံးက လက်သွားသည်။ ယဲ့ရှောင်က ခေါင်းညိတ်ပြီးနောက် တစ်ဖက်လူအား ဓါးပျံပေးလိုက်သည်။

သူဌေး ရွှီက တစ်ချက်ကြည့်ပြီးနောက် မချီးကျူးပဲ မနေနိုင်တော့ချေ။

” ပစ္စည်းကောင်းပဲ ယဲ့ရှောင်။ မင်းဘိုးဘေးတွေရဲ့ လက်နက်သန့်စင်တဲ့ ပညာရပ်က တကယ်မဆိုးဘူးပဲ။ မင်းရဲ့ လက်နက်သန့်စင်တဲ့အဆင့် ဒီလောက်မြင့်နေတာ အံ့သြစရာ မရှိပါဘူး ”

သူဌေး ရွှီက ဝယ်ယူရာ၌ တော်သည်။ ထို့ကြောင့် သူက ကြိုးစားရန်တောင် မလိုပေ။ တစ်ချက်ကြည့်ရုံဖြင့် ဓါးပျံ၏ အဆင့်ကို မြင်နိုင်သည်။ ဓါးပျံနှစ်လက်ကြား သန့်စင်သည့် အရည်အချင်းအဆင့်ကို တွေ့ရ၏။

သန့်စင်ခြင်း နယ်ပယ်တွင် လူတိုင်း၏ နည်းလမ်းက မတူညီကြပေ။

အစတွင် ကွာဟချက်က သိပ်မကြီးမားပေ။ သို့သော် သန့်စင်ခြင်းအဆင့် မြင့်လာသည်နှင့် ကွာဟချက်က ပိုမိုသိသာလာလိမ့်မည်။

တစ်ဦးက သန့်စင်ထားသော လက်နက်များ၌ သိသာသော လက္ခဏာရပ်များ ရှိသည်။ ထိုလက္ခဏာရပ်များက သန့်စင်သူ၏ အကျင့် စိတ်နေစိတ်ထား စသည်ပေါ် မူတည်နေ၏။

ကိုယ်ပိုင်ဗီဇကို အထဲသို့ သွင်းလိုက်သည်ဟု ဆိုနိုင်သည်။

အဆင့်များကြား ကွာဟချက်အတွက်မူ ယင်းက ပိုတောင် ရိုးရှင်း၏။ သာမန်နှင့် သာလွန်အဆင့်အထက်တွင် မာကျောမှုကို တစ်ချက်ကြည့်ရုံဖြင့် ပြောနိုင်သည်။ ဝိညာဥ်စွမ်းရည်အချို့ထည့်ရုံဖြင့် စမ်းသပ်နိုင်၏။

တစ်ဖက်တွင်မူ ချီရှန်းအဆင့် လက်နက်များကမူ သူတို့ကိုယ်တစ်ပိုင်း ဝိညာဥ်စွမ်းအင် စုပ်ယူနိုင်သည့် စွမ်းရည်ရှိပြီးသားဖြစ်သည်။ ယင်းက ချီရှန်းအဆင့် လက်နက်များ၏ တန်ဖိုးကြီးသော အစိတ်အပိုင်းလည်း ဖြစ်သည်။

သူတို့ကိုယ်ပိုင်ဝိညာဥ်စွမ်းအင် စုပ်ယူနိုင်သောကြောင့် သူတို့က ကိုယ်ပိုင်ပြန်ပြင်နိုင်သည့် စွမ်းရည်ရှိသည်ဟု ဆိုလိုတာပဲ ဖြစ်သည်။

ထိခိုက်မှုက မပြင်းထန်သရွေ့ သူတို့ဘာသာ ပြန်ပြင်နိုင်သည်။ အသုံးပြုသူက ဝိညာဥ်စွမ်းအင်ကို ထုတ်ဖော်ပြီး ပစ္စည်းအပေါ်၌ သုံးပေးလျှင် ၄င်း ပြန်ပြင်သည့်အရှိန်ကလည်း ပိုမြန်နိုင်၏။

” အခု ပိုက်ဆံလွှဲနိုင်ပြီလား ”

သူဌေးရွှီ စစ်ပြီးတာကို မြင်သောအခါ ယဲ့ရှောင်က ထူးမခြားနား ပြောလိုက်လေ၏။

” ကောင်းပြီ ကောင်းပြီ။ အခုပဲ ပိုက်ဆံလွှဲပေး
မယ် ”

သူဌေး ရွှီက ပြုံးပြီး ပိုက်ဆံလွှဲပေးလိုက်၏။ ယင်းက ယွမ် ၁၂၀၀၀၀ ဖြစ်နေသေးသည်။
ဤနည်းဖြင့် ယဲ့ရှောင်၏ ပိုင်ဆိုင်မှုက ယွမ် ၃၀၀၀၀၀ ကျော်သွား၏။

” ယဲ့ရှောင် မင်းကို တစ်ခုပြောစရာရှိတယ် ”

ယဲ့ရှောင်က ခေါင်းကုတ်ပြီးနောက် လက်ကာပြလိုက်၏။

” မလုပ်နဲ့။ ကျွန်တော် အဲ့ဒီစကားပဲ ပြောမှာပဲ။ လက်နက်တွေ သန့်စင်ရမှာ ပျင်းလွန်းတယ် ”

” အဲ့ဒီနေ့ကအကြောင်း မဟုတ်ဘူး ”

” ဒါဆို ဘာလဲ ”

” ယဲ့ရှောင် … မင်းမှာ ချစ်သူမရှိဘူးဆိုတာ ငါ မှတ်မိတယ် ဟုတ်တယ်မလား။ မင်းကို ငါ့သမီးနဲ့ မိတ်ဆက်ပေးချင်တာ ”

ယဲ့ရှောင်က တိတ်ဆိတ်သွားလေ၏။

” သူဌေး ရွှီ … ကျွန်တော် ချစ်သူ မရှာချင်သေးဘူး။ ခင်ဗျားနားလည်မယ်လို့ မျှော်လင့်ပါတယ် ”

” ယဲ့ရှောင် ငါ စိတ်ရင်းနဲ့ ပြောနေတာ။ ငါ့သမီးက ရုပ်ရည်က မင်းလောက်ကြည့်မကောင်းဘူးဆိုပေမဲ့ သမီးတစ်ယောက်ပဲ ရှိတာ။ နောင်ကြ ငါတို့မိသားစုရဲ့ ပိုင်ဆိုင်မှုအားလုံးက ငါ့သမီးဆီ ရောက်မှာ သေချာတယ်။ ငါ ကုန်ကြမ်းဆိုင် ဖွင့်ထားတာကြောင့် ငါ့ကို ဒီလိုမကြည့်နဲ့။ ကျန်းဟိုင်မြို့မှာ ဆိုင်ခန်းပေါင်း၅၀ကျော် ရှိပြီး သန်းတစ်ရာကျော်တန်တယ်။ ငါ့ရဲ့ ဘဏ်အကောင့်ထဲမှာလည်း ယွမ် သန်း ၅၀ကျော် ရှိသေးတယ်။ ပြီးတော့ မြို့ဟောင်းထဲမှာ ဖြိုဖျက်နေတဲ့ ဗီလာလည်း ရှိသေးတယ်။ အခု မင်းတို့နှစ်ယောက် လက်ထပ်စာချုပ် ချုပ်တာနဲ့ ဖြိုဖျက်မှုက မင်းအတွက် အိမ်တစ်လုံးအပို ပေးနိုင်မှာ ”

” စိတ်မပူနဲ့။ မင်း ဒီကို မကြာခဏ ရောက်လာတယ်ဆိုပေမဲ့ ဒီစီးပွားရေး တစ်စိတ်တစ်ပိုင်းလုပ်ဖို့ ငါ မတိုက်တွန်းပါဘူး။ မင်း အနိုင်မကျင့်ခံရမှာ သေချာတယ်။ မိသားစုထဲမှာဆိုရင် မင်း အမြဲတမ်း ပြောပိုင်ခွင့် ရှိတယ် ”

” ”

” ဘယ်လိုလဲ စဥ်းစားကြည့်လေ ”

ယဲ့ရှောင် ငြင်းမှာကို ကြိုမစောင့်ပဲ သူဌေး ရွှီက ဆက်ပြောလိုက်၏။

” ငါ့သမီးလေးအတွက်က သူက အဆင်ပြေပုံပါပဲ။ သူက လကိုတောင် အရှက်ရစေနိုင်တဲ့ မိန်းကလေးတစ်ယောက်လို့ သတ်မှတ်လို့ မရနိုင်ပေမဲ့ မိသားစုလေးက ကျောက်စိမ်းဆိုတာ သေချာပါတယ်။ မင်းကို စိတ်မပျက်စေရဘူး ”

သူ ပြောပြီးချိန်၌ သတ္တုအိတ်ကြီးနှစ်အိတ်ကို သယ်လာသည့် ကြံ့ကြံ့ခိုင်ခိုင် ပုံရိပ်က ရောက်လာသည်။

” အဖေ အဖေ့အတွက် သံရိုင်း၁၀တန်ကို ရွှေ့ပေးပြီးပြီ ”

” ဒီပစ္စည်းတွေ အရင်ချလိုက်ဦး။ အဖေ သမီးကို တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးမလို့ ”

” ​ကောင်းပြီလေ ”

တစ်ဖက်လူက သူမ ပုခုံးပေါ်ရှိ သံရိုင်းအိတ်နှစ်အိတ်ကို မြေကြီးပေါ် ပစ်ချလိုက်သည့် မြေကြီးက သံဖြင့် ပြုလုပ်ထားတာ မဟုတ်လျှင် သေချာပေါက် ပျက်စီးသွားလိမ့်မည်။

ပြီးနောက် သူက လက်နှစ်ဖက်ကို ခါပြီးနောက် ယဲ့ရှောင်ရှေ့သို့ ခြေလှမ်းကြဲကြီးများဖြင့် လျှောက်လာသည်။

” ယဲ့ရှောင် … ဒါက ငါ့ရဲ့ သမီး ရွှီတာ့မောင်ပဲ ”

ယဲ့ရှောင်က ခေါင်းမော့ကြည့်လိုက်ရာ ခြောက်ပေကျော် ခုနှစ်ပေနီးပါးရှိသည့် အမျိုးသမီးကို တွေ့လိုက်ရ၏။ သန်မာသည့်သူက အဖြစ်အပျက်ကို မတွေးနိုင်ပေ။

မိသားစုလေးက မိန်းကလေး .. တစ်ကယ်ပါပဲ။ မိသားစုဝင် လေး ငါးယောက်စာ ရှိနေတာကိုး။

အပိုင်း ၁၀၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset