Switch Mode

Chapter – 101

အနက်ရောင် အကြေးခွံများ

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၁၀၁။ အနက်ရောင် ကြေးခွံများ။

၂နာရီ ကျော်ခန့်ကြာပြီးနောက် ဟွမ်လျိုလီသည် သူမ၏ ပူတင်းနေသော ဗိုက်ကို ကိုင်လျက် ရေရွတ်ပြောလိုက်မိတော့သည်။

” သခင် ကျွန်မကို ကိုယ်ဝန်ရှိအောင် လုပ်နေတာပဲ ”

ယဲ့ရှောင်က သူ့ကို တစ်ချက်ကြည့်ပြီးနောက် ပါးစပ်ထဲရှိ အသားကင်ကို မြိုချလိုက်သည်။

” ဒါဆိုရင် မင်း ပါးစပ်ထဲက ငါးကို ချထားလိုက် ”

” မဟုတ်ဘူး။ ကျွန်မ ဒါကို ဆက်စားနိုင်သေး
တယ် ”

ဟွမ်လျိုလီက လျှာကို ထုတ်ပြီးနောက် ယဲ့ရှောင်ဘေးမှ လိုက်လာသည်။ ပြီးနောက် ယဲ့ရှောင်၏ အစာအိမ်ကို ဇဝေဇဝါ ကြည့်လိုက်၏။

ထူးဆန်းလိုက်တာ ယဲ့ရှောင်ရဲ့ ဗိုက်က ဘာကြောင့်မပူလာရတာလဲ။ သူက ငါ့ထက် အများကြီး စားတာပဲကို။

အမှန်တကယ်တွင် သူက ဖျက်ဆီး၍ မရနိုင်သော စိတ်နတ်ဘုရားသိုင်းကို ကျင့်ကြံနေသောကြောင့် ဖြစ်ပေ၏။ ဖျက်ဆီး၍ မရနိုင်သော စိတ်နတ်ဘုရားသိုင်းသည် အတွင်းရော အပြင်ပါ ကျင့်ကြံနေ၏။ အပြင်ဘက် ကျင့်ကြံမှုက ကြွက်သားများ၊ အရိုးများ၊ အရေပြားများကို ကျင့်ကြံပေး၏။ အတွင်းပိုင်းကမူ အတွင်းကလီစာ ( ၅ )မျိုးနှင့် အူမကြီးကို ကျင့်ကြံပေး၏။

နှလုံး၊ သရက်ရွက်၊ အသည်း၊ အစာအိမ်၊ ကျောက်ကပ် ကျင့်ကြံမှု နည်းစနစ်ဖြင့် အားဖြည့်ပေးပြီးနောက် အစာခြေဖျက်သည့် စနစ်တစ်ခုလုံးက မမှန်းဆနိုင်သော အဆင့်တစ်ခုထိ မြင့်တက်သွားသည်။ သူ့အဖို့ သာမန်အစားအစာများကို ခြေဖျက်သည့်အရှိန်က အင်မတန် မြန်ဆန်၏။ ထို့အပြင် သူ့ကို မဝစေပေ။ သူ့ကိုသူ အလွယ်တကူ ထောက်ပံ့ပေးနိုင်တာမျိုး မဟုတ်ချေ။

သူက သွေးအဆီအနှစ်ပြည့်ပြီး ဝိညာဥ်စွမ်းအင်ရှိသည့်အရာကို အပြည့်အဝ မစားသရွေ့ အစာခြေဖျက်မှုက နှေးသွားနိုင်သည်။

ဥပမာအနေဖြင့် အံ့ဖွယ်အဆင့် ဘုရင်အေးအ် ဖြစ်သည်။

ယဲ့ရှောင်သည် ဘုရင်အးအ်အကြာင်း စဥ်းစားနေတာ အတော်ကြာပြီ ဖြစ်၏။ ဘုရင်အေးအ်၏ အချက်အလက်များ ဖတ်ရှုပြီးချိန်မှစပြီး သူက ထိုသူကို စွပ်ပြုတ်လုပ်ပြီး သောက်ရန်အတွက် အချိန်တိုင်း စဥ်းစားနေမိသည်။

ဘုရင်အေးအ်က တောရိုင်းတိရစ္ဆာန်ပုံ ပေါ်၏။ ယင်းက သိုးလား နွားလားတော့ မသိရပေ။ ၄င်း၏ ခန္ဓာကိုယ်၌ ကြွက်သားများ ပြည့်နေသည်က ယဲ့ရှောင်ကို တပ်မတ်စိတ် ဖြစ်စေ၏။

အရွတ်ကြောဖြင့် ပြုလုပ်သည့် အသားနပ်က အရသာအရှိဆုံးပြီး ယင်းက အရည်ရွှဲပြီး နူးညံ့၏။

ထို့အပြင် ဘုရင်အေးအ်၏ ကျင့်ကြံဆင့်ကလည်း အလွန်မြင့်မားသည်။ သူ၏ အသားက အသက်ဓာတ်များ ပြည့်နေမှာ သေချာ၏။ ယဲ့ရှောင်၏ တန်ဖိုး တစ်စိတ်တစ်ပိုင်းကို သွယ်ဝိုက်၍ မြင့်တင်ပေးနိုင်ပေလိမ့်မည်။

ယဲ့ရှောင်သည် ဘုရင်အေးအ်၏ အသားလတ်လတ်ဆတ်ဆတ် တစ်ဝက်နှင့် အနှစ်သာရကို သုံးပြီး ဆေးဖော်စပ်ရန် ဆုံးဖြတ်ပြီးသား ဖြစ်၏။ ကျန်သည့်တစ်ဝက်ကိုမူ ပေါင် ၂၀ခန့်ကို တံစွတ်ထိုး ကင်စားပြီး အရိုး ပေါင် ၂၀ကို စွပ်ပြုတ်လုပ်ကာ ကျန်သည့် ပေါင်၂၀ကို အသားနပ်စားပြီး ပေါင် ၂၀ကို အာလူးစတူး လုပ်စားပစ်မည်။

သခင်နှင့် အစေခံနှစ်ယောက်သားက စားသောက်ပြီးနောက် လမ်းလျှောက်လာသည်။ ၁၂နာရီဝန်းကျင်၌ မှောင်ခိုစျေးကွက်က အစည်ကားဆုံး ဖြစ်သည်။

စျေးဆိုင်တန်းများအားလုံး တည်ဆောက်ပြီးပြီ ဖြစ်၏။ ထိုစဥ် မြို့စောင့်တပ်ဖွဲ့ဝင်အချို့လည်း ရှိနေပြီး ကင်းလှည့်နေ၏။ သူတို့ထဲတွင် ကုဟိုင်ပါနေသည်။

အထူးလေ့ကျင့်ရေးစခန်းတွင် ပြင်းပြင်းထန်ထန် လေ့ကျင့်ပြီးနောက် သူ၏ ကျင့်ကြံဆင့်သည် ဟို့ထျန်းစတုတ္ထအဆင့်သို့ တက်သွားပြီး သူ၏ အကန့်အသတ်သို့ ရောက်တော့မည်။
ဟို့ထျန်းပဥ္စမအဆင့်သို့ ရောက်ရန် သိပ်မလိုလောက်တော့ပေ။ သူ့လက်မောင်းပေါ်ရှိ ကြွက်သားများကလည်း ပိုသန်မာလာပြီး အသားအရေကလည်း ပိုပြီး ကြေးနီရောင် သမ်းလာ၏။

သူက သူ၏ ဇနီးနှင့် ကလေးအတွက် အားစိုက်ထုတ်မှုများစွာ ထည့်နေကြောင်း မြင်နိုင်ပေ၏။

ရုပ်ရည်သွင်ပြင်ကလည်း ပြောင်းလဲသွားသည်။ ယဲ့ရှောင်က သူ့ကို ဖြတ်ကျော်သွားတာကို စိတ်ထဲမထားပေ။

ကုဟိုင်ဘေးရှိ ဆံပင်တိုတိုဖြင့် လှပသည့် လုပ်ဖော်ကိုင်ဖက်တစ်ဦးက တံတွေးမြိုချလိုက်သည်။

” ဖြတ်သွားတဲ့လူက ခန့်ညားလိုက်တာ ”

ကုဟိုင်က ယဲ့ရှောင်ကို တစ်ချက်ကြည့်ပြီးနောက် မျက်လုံးလှန် ကြည့်လိုက်မိသည်။

” ခန့်ညားတယ်ဆိုတာ ဘာကို ဆိုလိုတာလဲ။ ငါ့ရဲ့ညီအစ်ကိုက သူ့ထက်ပို ခန့်ညားသေးတယ် ”

” သူက ပြီးခဲ့တဲ့အခေါက်တုန်းက စာကြည့်တိုက်ကို စစ်ဆေးဖို့ သွားတုန်းက တွေ့ခဲ့တဲ့သူမလား ”

” ဟုတ်တယ် ”

” အမှန်ပဲ။ အခုအချိန်ထိတောင် အဲ့ဒီလူရဲ့ အသွင်အပြင်ကြောင်း မမေ့သေးဘူး။ သူ့မှာ ချစ်သူရှိလား။ ချစ်သူမရှိရင် ကျွန်မရဲ့ နာမည် သူ့ကို ပေးလို့ရတယ် ”

” ဒါ အလုပ်မဖြစ်ဘူး။ ငါ့ရဲ့ ညီနောင်က သိပ်ပြီးကြည့်ကောင်းတာ။ မင်းက မထိုက်တန်ဘူး။ မင်းက ကြည့်မကောင်းပေမဲ့ အတန်းထဲမှာပဲ လှမှာ။ ငါ့ရဲ့ ညီအစ်ကိုနဲ့ မတွဲနိုင်တာ ဆိုးလွန်း
တယ် ”

ခပ်ဝေးဝေးသို့ လျှောက်သွားနှင့်ပြီးသော ယဲ့ရှောင်က ထိုစကားကို ကြားသည့်အချိန်တွင် ကျေနပ်နှစ်သက်သွားတော့သည်။

ကုဟိုင်က သူ့ကို အတော် ကောင်းကောင်းဆက်ဆံပေ၏။ သူ၏ မိတ်ဆွေကောင်း ဖြစ်ရတာ ဖြုန်းတီးရာ မရောက်ပေ။

” ဒီမှာ လက်မှတ်နှစ်စောင် ရှိတယ်။ ကြည့်ဖို့အတွက် ရှင့်ရဲ့ ဇနီးဆီ သယ်သွားပေးလေ ”

” အခုချက်ချင်းပဲ သူ့ရဲ့ နာမည် မင်းဆီပေးမယ် ”

ယဲ့ရှောင်က ထိတ်လန့်သွားပြီးနောက် ဂရုမစိုက်တော့ပေ။

ထိုလူလိမ်လူညစ်က ရုပ်ရှင်လက်မှတ်နှစ်ဆောင်အတွက် သူ့ကို အမှန်တကယ် ရောင်းခဲ့၏။

ထားလိုက်တော့။ အလုပ်ကိစ္စပဲ ဆက်သွားတာပေါ့။

ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုကို ထုတ်ဖော်လျက် မှောင်ခိုစျေးကွက်တစ်ခုလုံးကို
စစ်ဆေးလိုက်သည်။ ယဲ့ရှောင်က သူလိုချင်တဲ့အရာကို ရှာတွေ့ပြီဖြစ်သည်။

သူက စျေးဆိုင်သို့ လာလိုက်သည်။

ဆိုင်ပိုင်ရှင်၏ ကျင့်ကြံဆင့်က ဟို့ထျန်းတတိယအဆင့် ဖြစ်သည်။ သူက သားရေဂျာကင်ကို ဝတ်ဆင်ထားသည့် လူငယ်တစ်ဦးဖြစ်၏။

ထိုလူက သူ့ကို မြင်သောအခါ ချက်ချင်းပြုံးပြီးမေးလိုက်သည်။

” လူငယ်လေး ဘာဝယ်ချင်လို့လဲ ”

” လက်နက်သန့်စင်ဖို့အတွက် ကုန်ကြမ်းတချို့ ရှိလားဆိုတာ ကြည့်ချင်လို့။ အရည်အသွေးမြင့်ပြီး ထူးခြားတာတွေပေါ့ ”

” ရှိတာပေါ့။ နေရာမှန်ကို လာလိုက်တာပဲ။ ဒါကို ကြည့်ကြည့်။ ထူးကဲအဆင့် ကျောက်လိပ်ခွံလေ။ ဒီမှာ သာလွန်အဆင့်ပစ္စည်းတစ်မျိုး ။ အဲ့ဒါက သာလွန်အဆင့်ပစ္စည်းတစ်မျိုးပဲ။ ကြယ်တာရာသားရဲတစ်ကောင်ကို ဝယ်တဲ့အချိန် သွေးမျိုးဆက်မြင့်လေ ပိုကောင်းလေဆိုတာ မင်းသိထားသင့်တယ်။ ဒါပေမဲ့ လက်နက်သန့်စင်ဖို့အတွက် ကုန်ကြမ်းတွေကို ဝယ်တဲ့အချိန် ကြယ်တာရာသားရဲရဲ့ ခွန်အားက မြင့်လေ ပိုကောင်းလေပဲ ”

” ဒါကို ဝယ်သွားပြီးရင် နှလုံးကာကွယ်ခြင်း ကြေးမုံ ဒါမှမဟုတ် တစ်ခုခု လုပ်ကြည့်လိုက်။ ချီရှန်းအဆင့်အောက် တိုက်ကွက်ကို ခံရရင်တောင် အဆင်ပြေမယ်လို့ အာမခံတယ် ”

” ပြီးတော့ သာလွန်အဆင့်အောက် ……..ကို ကိုယ်ကျပ်ချုပ်လို့ရတယ်။ ဝိညာဥ်စွမ်းအင်တိုက်ကွက်တချို့ကို ခုခံပေးနိုင်ရုံတင်မကဘူး။ ပုခုံးကိုလည်း နွေးစေပြီး သွေးလည်ပတ်မှု ကောင်းစေတယ်။ လက်က နာကျင်မှုတွေကိုလည်း လျှော့ချပေးနိုင်တယ်။ တိုက်ပွဲဝင်ခွန်အား တိုးစေတယ် ”

” ဟုတ်ပြီ ”
ယဲ့ရှောင်က တွေးမနေပဲ ဖြေလိုက်၏။ သူက ထိုပစ္စည်းများအကြောင်း ဂရုမစိုက်ပေ။

သူ ဂရုစိုက်သည်က ကျိုးပဲ့မှုကို ချိန်တွယ်ခြင်းသာ ဖြစ်သည်။ ယင်းက လက်ဖဝါးတစ်ဝက်စာသာ ရှိသည်။ သို့သော် အခြေအနေများက အတော်လေးကောင်းသေး၏။

” ဒါ ဘယ်လောက်တန်လဲ ”

” ဒါက ”

စျေးသည်က ယဲ့ရှောင် ထိုအကြေးခွံကို စိတ်ဝင်စားနေတာကို မြင်သောအခါ အနည်းငယ်အံ့သြသွား၏။

” ကြေးခွံရဲ့ ခမ်းနားမှုကို အသိအမှတ် ပြုမိလိမ့်မယ်လို့ မထင်ထားဘူး။ လူငယ်လေး မင်းမှာအရည်အချင်းတချို့ ရှိတာပဲ။ ဒီအရာက ငါ့ရဲ့မိတ်ဆွေဆီကနေ ရလာတာပဲ။ ပစ္စည်းကောင်း။
လင်းလက်တောအုပ်ထဲက ကောက်လာတာလို့ ကြားတယ်။ ကံဆိုးတာက ကြေးခွံရဲ့ တစ်ဝက်ပဲ ရှိတယ်။ လက်နက်သန့်စင်ဖို့ သုံးမယ်ဆိုရင် ပစ္စည်းကောင်း မဖြစ်လောက်ဘူး ”

” လိုချင်ရင် ယွမ် ၈၀၀၀လောက်ပဲ ”

ယဲ့ရှောင်က ထိုစကားကို ကြားသည့်အချိန်၌ ပြုံးပြီး ကြေးခွံကို ပြန်ချလိုက်သည်။

” စျေးတော်ပါပဲ။ ကြေးခွံက ခင်ဗျားပြောသလောက် တန်တယ်ဆိုတာ ​ပြောနိုင်တယ်။ ဒါပေမဲ့ တစ်ဝက်ကျိုးနေတာ။ ဒါနဲ့ သန့်စင်လို့ရတဲ့ ပစ္စည်းတွေက နည်းလွန်းတယ်။ ဒါ့အပြင် ဒါကို သန့်စင်နိုင်ဖို့အတွက် သန်မာတဲ့ လက်နက်သခင်တစ်ယောက်ကိုလည်း ရှာရဦးမှာ။ ဘယ်လိုအရူးကများ ယွမ် ၈၀၀၀နဲ့ ဝယ်မှာလဲ ”

စျေးသည်က သူ့နှာခေါင်းကိုပွတ်လျက် အနေခက်စွာ ပြုံးလိုက်တော့သည်။

” မင်းက သိတာပဲ လူငယ်လေး။ အရင်တုန်းက မင်း ဒီနေရာတွေကို သွားတာ မတွေ့မိပါဘူး။ ကောင်းပြီလေ။ မိတ်ဆွေဖွဲ့တဲ့ သဘောပဲ ထားလိုက်မယ်။ ယွမ် ၅၀၀၀ပဲပေး ”

” ယွမ် ၁၅၀၀ ”

ယဲ့ရှောင်က ရုတ်တရက် ပြောလိုက်ရာ စျေးသည်၏ မျက်နှာပေါ်ရှိ အပြုံးက ချင်ချင်းပျောက်ကွယ်သွားသည်။

” ဖွီး … လူငယ်လေး ။ မင်းရဲ့ အရောင်းအဝယ်ကလည်း ကြမ်းတမ်းလိုက်တာ ”

” ၁၅၀၀ပဲ .. ခင်ဗျားဘာ့သာ ခင်ဗျား စဥ်းစားကြည့် ”

တစ်ဖက်လူက ကူကယ်ရာမဲ့စွာ လက်ကာပြလိုက်၏။

” မင်းနိုင်တယ် ယူလိုက်။ ဒါပေမဲ့ နောင်ကြ ငါ့ဆီကနေ ပိုအားပေးရမယ် ”

” ဒါပေါ့ ”
ယဲ့ရှောင်က ငွေပေးချေပြီးနောက် ကြေးခွံကိုယူကာ ထွက်သွားသည်။

လက်တွေ့တွင် ကြေးခွံ၏ ပင်မခန္ဓာက ထူးကဲအဆင့်တွင် ရှိလောက်သည်။ မှောင်ခိုစျေးကွက်တစ်ခုလုံး၌ ထိုထပ်ပိုကောင်းသည့် အရာများစွာ ရှိသည်။ သူတို့ထဲတွင် ချီရှန်းအဆင့် ကြယ်တာရာသားရဲမှ ရထားသည့် ကုန်ကြမ်းများလည်း ရှိ၏။

သို့သော် ယဲ့ရှောင်က ကျန်သည့်အရာများကို ဂရုမစိုက်ပဲ ထိုကြေးခွံကိုသာ ဂရုစိုက်သည်။ ယင်းက အလွန်လတ်ဆတ်ပြီး အသက်အချို့ရှိသေးသည်။ ဆိုလိုသည်က ၄င်းသည် ကြယ်တာရာသားရဲ သေဆုံးပြီးနောက် သူ၏ ခန္ဓာအလောင်းမှ ထုတ်ထားတာ မဟုတ်ပဲ အသက်ရှင်နေသော ကြယ်တာရာသားရဲဆီမှ ရလာတာပဲဖြစ်သည်။

ကြေးခွံကို ဝယ်လာရသည့် အကြောင်းအရင်းမှာ သူသည် အဆင့်မြင့်တာ တစ်ခုခုကို သန့်စင်ချင်သောကြောင့်ဖြစ်သည်။ ဒုတိယအချက်အနေဖြင့် ကြေးခွံ၏ အရင်းအမြစ်ကို ရှာချင်သောကြောင့်ဖြစ်သည်။

ထိုသို့သော အရောင်းအဝယ် ပြုလုပ်ပြီးနောက် သူသည် လင်းလက်တောင်တန်းတောအုပ်မှ ထိုကြေးခွံရောက်လာကြောင်း သိလိုက်ရပြီးဖြစ်သည်။

အပိုင်း ၁၀၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset