Chapter – 170 အနီရင့်ငှက်နတ်လက်နက်
ချန်ရှန် အမည်းရောင်လိပ် ချပ်ဝတ်ဟာ သူ့ကိုယ်ကို ပေါင်းစပ်သွားသလို ခံစားလိုက်ရတယ် ။ သူ့ကိုယ်လိုပင် ဖြစ်သွားပြီး အရေပြားနှင့် ပေါင်းစပ်သွားခြင်းပါ ။ သူဆန္ဒ ရှိတယ့်အချိန်မှာ ချပ်ဝတ်အား ထုတ်လွှတ်နိုင်တာဖြစ်ပါ တယ် ။
ချပ်ဝတ်ဟာ ပျောက်ကွယ်သွားပြီး ချန်ရှန် ၏ မူလပုံစံ ပေါ်လာပါတော့တယ် ။ သူ၏ မျက်လုံးအား ဖွင့်လိုက်ပြီး အရူးတစ်ယောက်လို ဟက်ဟက်ပက်ပက် ရယ်မောနေမိ တယ် ။ သူ၏ ရယ်သံနှင့်အတူ ရွှေရောင်အငွေ့ များဟာ သူ ၏ ကိုယ်မှ ထွက်ပေါ်လာပါတယ် ။ အကြေးခွံချပ်ဝတ် သူ၏ ကိုယ်မှ ပေါ်လာပြီး ချပ်ဝတ်တန်ဆာ အပြည့်အစုံနှင့်ပါ ။ အ၀တ်အစားများ အပြင် ဖိနပ်အစုံပင် ပါပါသေးတယ် ။ ကြည့်ရသည်မှာ အလွန်ပင် အလွန် ထီးဟန်နန်းဟန် ဆန် လှပါတယ် ။
“ဒါ အမည်းရောင်လိပ် ချပ်ဝတ် ပဲကွ”
ချန်ရှန် သူ့ကိုယ်ပေါ်ရှိ ချပ်ဝတ်အား ကြည့်ရင်း ပြောနေ မိတယ် ။ သူ့ကိုယ်ကို ထူးဆန်းသည့်လေထု တစ်ခုက ကာရံနေသလိုပင် ခံစားနေရပြီး ကောင်းကင်ဘုံ နတ်ဘု ရားတစ်ပါးမှ ကမ္ဘာကြီးအား ကာကွယ်ထားသလိုပါပဲ ။ လျူမန်ဂါ သူမ၏ မျက်လုံးများကို ချန်ရှန် ဆီမှ မခွာနိုင်ဖြစ် နေပါပြီ ။
အခုချန်ရှန် ဟာ အမည်းရောင်လိပ် ချပ်ဝတ်ကို ပိုင် ဆိုင်သွားရုံမက သူ၏ချီဓာတ်များကိုလည်း အသုံးပြုနိုင်နေ ပြီ ဖြစ်ပါတယ် ။ သူ့ကို ယခု လျို့ ဝှက်ဆန်းကြယ် နယ်ပယ် မှ လွှမ်းမိုးမှု မခံရတော့ပဲ သူသာလျှင် ဒီနယ်ပယ်၏ နတ်ဘု ရားတစ်ပါးလို ဖြစ်သွားတာပါ ။
အတွေးတစ်ချက်နဲ့ပင် ရွှေရောင်အတိဖုံးလွှမ်းနေသော ချပ်ဝတ်ဟာ ပျောက်ကွယ်သွားရပြီး လျူမန်ဂါကို တစ်ချက် ကြည့်လိုက်ပါတယ် ။ လျူမန်ဂါလည်း အလျင်အမြန်ပင် မျက်လွှာချကာ သူမ၏ မျက်နှာမှာလည်း နီသွားပါတယ် ။ အနည်းငယ် ရှက်ရွံ့ မိသလို ဖြစ်သွားပြီး အမ်းတမ်းတမ်း ဖြစ်သွားပါတော့တယ် ။
“အမတော် မန်ဂါ ၊ ခင်ဗျား ဒဏ်ရာတွေ သက်သာလား”
ချန်ရှန် ပြုံးပြီး မေးလိုက်ပါတယ် ။ ထိုအချိန်မှာ သူဟာ နေလို့ထိုင်လို့ အတော်ကောင်းနေတယ် ။ မူလကတော့ သူ ဟာ ချပ်ဝတ်ကို ယူဆောင်ပြီးပါက ယခုနယ်ပယ်ထဲမှ ထွက်ခွာရန် အကြံအစည်ရှိသော်လည်း အခုအခါ သူ၏ ချီ ဓာတ်များအား အသုံးပြုလို့ရတာကို တွေ့ ရှိသွားတာမို့ ဒီနေ ရာရှိ သားရဲအချို့ အား သတ်ချင်နေပါသေးတယ် ။
လျူမန်ဂါ ဆိုသည်မှာလည်း စွမ်းအားကြီး ပညာရှင် တစ်ဦး ဖြစ်တာကြောင့် သူမ၏ စိတ်အခြေအနေအားလုံး ကို အလျင်အမြန်တွန်းလှန်နိုင်ပါတယ် ။ သူမက ခနဲ့တဲ့တဲ့ လေသံဖြင့် –
“သက်သာသွားပြီ ၊ ဂုဏ်ယူပါတယ် မင်း ဒီချပ်ဝတ် ကို ရရှိသွားနိုင်ပြီပဲ”
လျူမန်ဂါ မနာလို ဖြစ်နေမိတယ် ။ ချန်ရှန် ဟာ အတု မရှိ ပြိုင်ဖက်ကင်းလှသည့် နတ်လက်နက် ၂ ခုကို ပိုင်ဆိုင် သွားပြီ မဟုတ်ပါလား ။
ချန်ရှန် မြေကြီးပေါ် ထိုင်ချလိုက်တယ် ။ ထို့နောက် ခပ် ပြုံးပြုံးပင် ကျန်ရှိနေသေးသည့် သေတ္တာလေးအား စိုက် ကြည့် နေတယ် ။ အထဲမှာတော့ တကယ်ကို ဆေးတစ်လုံး ရှိနေတာပါ ။ သူလဲ မည်သည့်ဆေးဖြစ်သည်ကို မသိတာ ကြောင့် စုမေးယို ထံ လေ့လာဖို့ ပေးလိုက်ပါတယ် ။ ထို့ နောက် သားရေချပ်အား ဖတ်ကြည့်လိုက်တယ် ။
“အမည်းရောင်လိပ် အပြင်ပိုင်း အားအင် ကျင့်စဉ်”
ချန်ရှန် မျက်မှောင်ကြုတ်ကာ ဖတ်ကြည့်နေမိတယ် ။
“ယခု ကျင့်စဉ် လေ့ကျင့်သူဟာ စိတ်ပိုင်းဆိုင်ရာ ပြင် ဆင်မှုများ လုပ်ဆောင်ရမယ် ။ နည်းလမ်းက အလွန်ပင် ကြမ်းတမ်းပေမယ့် လေ့ကျင့်သူဟာ တကယ်ကို အကျိုး ကျေးဇူးထူးများ ရရှိ . . .”
“ဒါ ကျွန်တော်တို့ အတူတူ ရှာတွေ့ ခဲ့ကြတာ ၊ အမတော်မန်ဂါ ခင်ဗျားလိုချင်လား ၊ ခင်ဗျားအတွက် ပုံတူ ကူးပေးပါ့မယ်”
“မလိုပါဘူး ၊ ဒါငါ့အတွက် မဟုတ်”
လျူမန်ဂါ ငြင်းဆန်ပါတယ် ။
ချန်ရှန် သူ၏ မိုးပြာနဂါး နတ်မိစ္ဆာ ဓားအား ထုတ်ယူပြီး ပြုံးကာဖြင့် –
“အခု ခင်ဗျားအတွက် အခွင့်အရေးပဲ ၊ ဒီဓားကို ခင်ဗျား လေ့လာကြည့်ရှုခွင့် ပေးပါ့မယ် ။ ကျွန်တော့ကိုလည်း အနီ ရင့်ငှက် နတ်လက်နက်ကို ကြည့်ခွင့် ပြုနိုင်မလား”
ချန်ရှန် သူ၏ ဓားကို မြေပေါ် ပစ်ချလိုက်တယ် ။ ဓား ၏ ကိုယ်ထည် ကို မြင်ရသည်မှာ အလွန်ကြမ်းတမ်းသလိုပါပဲ ။ ဒါပေမယ့် အနီးကပ်သေချာစွာ စစ်ဆေးမည် ဆိုပါက ၎င်း အပေါ်မှာ များပြားလှသော သေးငယ်သည့် ဝိဉာဉ်တော် သွေးကြောများအား မြင်နိုင်ပါတယ် ။လျူမန်ဂါ အာရုံစူး စိုက်စွာဖြင့် ကြည့်နေပြီး သူမ ကိုင်ကြည့်ဖို့ လက်လှမ်းလိုက် သည့် အခါမှာတော့ မျက်မှောင်တစ်ချက် ကြုတ်သွားပါ တယ် ။ အဘယ်ကြောင့်ဆိုသော် သူမ မရွှေ့ နိုင်လို့ပါပဲ ။ ဒီ မတိုင်ခင်ကလည်း သူမဟာ သလင်းကျောက်သေတ္တာ၏ တုံ့ပြန်မှုကြောင့် ဒဏ်ရာရရှိခဲ့တာကြောင့် သူမ၏ အားအင် များကို အပြည့်အ၀ ပြန်လည် မရရှိသေးပါ ။
ချန်ရှန်လည်း မည်သို့မျှမပြောတော့ပဲ အလှအဂေး လေး တစ်ယောက် ကပိုကရို ဖြစ်နေတာကိုသာ ကြည့်နေ ပါတယ် ။
လျူမန်ဂါ ခပ်လောလောပင် ဓားကိုယ်ပေါ်ရှိ ဝိဉာဉ် တော် သွေးကြောများအား လေ့လာနေတယ် ။ တစ်နာရီ လောက် ကြာပြီးနောက်မှာတော့ ငရဲဝိဉာဉ်တော် မြက်၏ အစွမ်းပြမှုကြောင့် လျူမန်ဂါ အားအင်များ အတော် ပြန် လည် ပြည့်လာပါပြီ ။ ယခုအခါမှာတော့ သူမဟာ ဓားကို မ နိုင်ပြီ ဖြစ်ပြီး ချန်ရှန် ပြောခဲ့သလိုပင် အရမ်းလေးတာကို တွေ့ လိုက်ရပါတယ် ။ သူမခန့်မှန်းခြေအရ ပေါင် တစ် သောင်းလောက်ပင် ရှိမည်ဟု ထင်ရပါတယ် ။
လျူမန်ဂါ လေးထောင့်ပုံ သလင်းကျောက်တုံးလေး အား ထုတ်လိုက်ပြီး ချန်ရှန်ကို ခပ်ဖျော့ဖျော့ ပြုံးပြလိုက်ပါ တယ် ။
“ငါအခု ဒီဝိဉာဉ်တော် သွေးကြောတွေကို ငါ့ရဲ့ သ လင်းကျောက်မှာ မှတ်ထားလို့ ရနိုင်မလား”
“ခင်ဗျားသဘောပဲ”
ချန်ရှန် ရယ်မော ပြောဆိုလိုက်ပါတယ် ။ ယခုအချိန်မှာ သူဟာ စိတ်ကောင်း အတော်ဝင်နေတာပါ ။ သူနဲ့ လျူမန်ဂါ ဟာ မီး အထပ်ထပ် ရေအသွယ်သွယ်ကို အတူတကွ ဖြတ် သန်းခဲ့ကြပြီး ၎င်းတို့ ၂ ဦးကြားမှ စွမ်းရည်ကွာခြားမှုမှာ မိုး နဲ့မြေလောက်ကွာခြားပေမယ့် သူတို့ဟာ မည်သည့် ခံစား ချက်မျိုးမှ မခံစားကြရပါချေ ။
လေးထောင့်ပုံ သလင်းကျောက်လေးဖြင့် လျူမန်ဂါ ဟာ ဓား ၏ အသွား ၂ ဖက်အား ပွတ်ဆွဲနေတယ် ။ ထို သ လင်းကျောက်လေးမှ အဖြူရောင်အလင်းတန်း ထွက်နေ တာကို ကြည့်နေသော လျူမန်ဂါ၏ မျက်နှာမှာတော့ စိတ် လှုပ်ရှားမှုများအား အထင်းသား မြင်တွေ့ ရပါတယ် ။ ထို့ နောက် ချန်ရှန် အား ဓားကို ပြန်ပေးလိုက်ပါတော့တယ် ။
“အမတော် မန်ဂါ ၊ အခု ကျွန်တော့ကို ခင်ဗျားရဲ့ အနီရင့် ငှက် နတ်လက်နက်ကို ကြည့်ခွင့်ပေးပါဦး”
ချန်ရှန် သူ၏ ဓားကို ပြန်သိမ်းရင်း ခပ်လောလော ဆို လိုက်ပါတယ် ။ သူအလွန်ကို တွေ့ မြင်နေချင်ပုံပါပဲ ။
ဒါပေမယ့်လည်း လျူမန်ဂါ၏ မျက်နှာမှာ ရဲသွားတာကို မြင်လိုက်ရပြီး တစ်စုံတစ်ခုကို တွေးမိနေပုံပါ ။ သူမ၏ မျက် နှာမှာ ပိုမိုပြီးပင် နီရဲလာကာ အတော်ရှက်ရွံ့ နေပုံပါပဲ ။ ဒါ ကိုကပင် တမျိုးလေး ချစ်စရာ ကောင်းနေပါသေးတယ် ။
“သိပ်တော့ အဆင်မပြေလှပေမယ့် ကိစ္စမရှိပါဘူး”
လျူမန်ဂါ ရှက်ကိုးရှက်ကန်း ဖြစ်နေတာကို ကြည့်ရင်း ချန်ရှန် စဉ်းစားမိနေတယ် ။ အနီရင့်ငှက် နတ်လက်နက် နှင့် ပတ်သက်ပြီး သူ၏ သိချင်စိတ်များမှာ ထိန်းမရတော့ပါဘူး။
လျူမန်ဂါ သူမ၏ နှုတ်ခမ်းကို ကိုက်ကာဖြင့် ခပ်တိုးတိုး ဆိုပါတယ် ။
“ငါကလေးဘ၀တုန်းက ငါ့မိဘတွေဟာ ခရီးရှည် တစ်ခု ကနေ ပြန်လာကြတယ် ။ နောက်တော့ငါ့ကို အနီရင့် ငှက် နတ်လက်နက်ကို ပေးတာပဲ ။ အဲဒိချိန်မှာ သူတို့လဲ ဒါကို ဘာလဲဆိုတာ မသိကြဘူး ။ သူတို့သိတာက ဒါဟာ အလွန် စွမ်းအားကြီးတဲ့ လက်နက်ဖြစ်ပြီး အနီရင့်ငှက်နဲ့ ဆက်စပ်နေမယ်လို့ပဲ သိကြတာ ။ သူတို့ဘယ်က ရလာ တယ် ဆိုတာကိုလည်း ငါ့ကို မပြောပြဘူး ။ ဒါ့အပြင် သူတို့ ပြန်လာပြီးတာနဲ့ သူတို့ဟာ နှစ်ပေါင်းများစွာ တံခါးပိတ် ကျင့်ကြံနေတော့တာပဲ ။ ကြည့်ရတာတော့ အတော် ဒဏ် ရာ ရလာပုံပဲ”
ချန်ရှန် သေချာ ဂရုတစိုက်နားထောင်နေတယ် ။ အ ဘယ်ကြောင့်ဆိုသော် အသေးစိတ် တိတိကျကျ သိမှပဲ နတ်သင်္ကေတာ လေးခုရဲ့ နောက်ဆုံးကျန်ရှိနေတယ့် နတ် လက်နက် သဲလွန်စကို ပေးနိုင်မည် မဟုတ်ပါလား ။
“ဒီလက်နက် ဆိုတာ အရမ်းကို ရှည်လျားတဲ့ ဖဲကြိုး တစ်ခုပဲ ။ ငါတို့လဲ သူ့ရဲ့ အသုံးဝင်ပုံကို မသိဘူး ။ ဒါပေမဲ့ တစ်ခါ ငါ ငါ့ရဲ့ ကိုယ်မှာ ပတ်ကြည့်ဖူးတယ် ။ အဲဒိနောက် ပြောင်းလဲမှု ဖြစ်ပေါ်လာပြီး ဖဲကြိုးက ထွင်းဖောက်မြင်နိုင် တဲ့ ဖဲကြိုးအဖြစ် ပြောင်းလဲသွားတယ် ။ အဲလို င့ါကိုယ်မှာ ပတ်ကြည့်ပြီးကတည်းက အဲဒါကို ချွတ်မရတော့ဘူး ၊ ငါ့ ကိုယ်မှာ ပတ်နေတော့တာပဲ ၊ ဒီလိုဖြစ်သွားပေမယ့် အဲဒါ က ဆိုးကျိုးတော့ မဖြစ်ပေါ်ဘူး ၊ တဖက်မှာ ငါ့အသက်ကို တောင် အခါခါ ကယ်ခဲ့တယ်”
လျူမန်ဂါ မျက်နာ နီရဲကာဖြင့် ရှင်းပြပါတယ် ။
ယခုအခါမှာတော့ လျူမန်ဂါ ဘာကြောင့် ရှက်နေသလဲ ဆိုတာကို ချန်ရှန် နားလည်သွားပါပြီ ။ အနီရင့်ငှက်၏ နတ် လက်နက်ဟာ သူမ၏ ကိုယ်မှာ ရှိနေတာဖြစ်ပြီး ဒါကို စဉ်း စားလိုက်မိတယ့် ချန်ရှန် ရင်ခုန်သံတွေ မြန်သွားရပါတယ်။ ထွင်းဖောက်မြင်နိုင်သော ဖဲကြိုးဟာ သူမကိုယ်မှာ ပတ်နေ ခြင်းဟာ တကယ် စိတ်လှုပ်ရှားစရာပင် မဟုတ်ပါလော ။
ချန်ရှန် လျူမန်ဂါ၏ ဖွံ့ ဖြိုးသော ရင်ဘတ်အား ကြည့် ကာ ခပ်တိုးတိုး ရယ်လိုက်ပါတယ် ။
“ပတ်ထားတယ်သာပြောတာ ။ အတော်ကို ထွားတယ် နော်”
လျူမန်ဂါ တစ်ချက် ဟန့်လိုက်ပြီး –
“ငါ့ကိုယ်မှာ ပတ်ထားတယ် ဆိုပေမယ့် ဖဲကြိုးရှိနေ တယ်လို့ ငါ မခံစားရဘူး ။ ရေထိတယ့်အခါ အဲဒါက ပျောက် သွားတယ် ။ ရေကို အတော်ကြောက်တယ်”
ချန်ရှန်လည်း ပြန်ပြောလိုက်ပါတယ် ။
“အံ့သြစရာ မရှိပါဘူး ။ အနီရင့်ငှက်ဆိုတာ မီးဓာတ် လေ ၊ အမည်းရောင်လိပ်က ရေဓာတ် ၊ ဒါကြောင့်ပဲ ခုန က ခင်ဗျား ချပ်ဝတ်ကို ထိတယ့်အခါ ဒီလို တွန်းကန်တဲ့ ခံစား မှုမျိုး ခံစားရတာပဲ”
လျူမန်ဂါ လည်း ခေါင်းညိမ့်ကာ ထောက်ခံပါတယ် ။
“အခု မင်း နားလည်ပြီမလား ၊ မင်းကို ကြည့်ခွင့်ပြုဖို့ အဆင်မပြေဘူး ၊ ဒါပေမယ့် ငါ့ကို အမြတ်မထုတ်နဲ့ ၊ ဒီကိစ္စ ကိုလည်း ဘယ်သူ့ကို မှ ပြန်မပြောရဘူးလို့ ကတိပေးရ မယ်”
ချန်ရှန် ရင်ခုန်သံတွေ မြန်လာရပါပြီ ။ အနီရင့်ငှက် နတ် လက်နက်ဟာ လျူမန်ဂါ၏ ကိုယ်မှာ ပတ်ထားခြင်း ဖြစ် သည့်အတွက် သူ့ကို သာ သူမက ကြည့်ခွင့်ပြုမည် ဆိုပါက သူလည်း . . .
ဒီလိုတွေ စဉ်းစားပြီးနောက် ချန်ရှန် တံတွေး မျိုချလိုက် မိပါတယ် ။ ဒါကိုပင် လျူမန်ဂါတွေ့ သွားပြီး မျက်နှာမှာလဲ ရဲရဲ နီလျက် ရှိပါတယ် ။ ထို့နောက် ခပ်တိုးတိုး ငေါက်လိ်ုက် ပါတယ် ။
“ငါက မင်းကို နောက်ကျောပဲ ကြည့်ခွင့်ပေးမှာနော် ၊ အရှေ့ ကို ကြည့်ဖို့ ဆိုတာတော့ မစဉ်းတောင် မစဉ်းစားနဲ့”
“ကျွန်တော် ထိကြည့်လို့ရမလား ၊ ခင်ဗျားတုန်းက ကျွန် တော့ရဲ့ ဓားကို ကိုင်ကြည့်ခဲ့တာ အကြာကြီးမလား”
ချန်ရှန် ခပ်နောက်နောက် လေသံဖြင့် ပြောလိုက်ပါ တယ် ။ စိတ်ထဲမှာတော့ ကြိတ်ဝမ်းသာနေလျက်ပါ ။
မျက်ခုံးများကို ရှုံ့ ကာဖြင့် လျူမန်ဂါ တစ်ယောက် ချန် ရှန်ကို စိုက်ကြည့်နေတယ် ။ သူမစိတ်ထဲမှာတော့ ချန်ရှန် အပေါ် ဘာလို့ သဘောထားများ ပြောင်းလာမိသလဲ ဆို တာကို သူမကိုယ်သူမ နားမလည် နိုင်ဖြစ်နေတယ် ။ အရင် က ချန်ရှန် ကို ရဲရဲပင် မကြည့်ရဲခဲ့ပေ ။ ဒါပေမယ့်လည်း ယ ခု အခါ ချန်ရှန် နှင့်ပတ်သက်ပြီး ရင်းနီးလာသဖြင့် သူမ၏ ခံစားချက်များလည်း ပြောင်းလဲလာခြင်း ဖြစ်နိုင်ပါတယ် ။
သူမခေါင်းကို အသာယာပင် ညိမ့်ကာဖြင့် –
“မင်း အကြာကြီးတော့ ထိလို့ မရဘူး”
ချန်ရှန် ကြောင်သလို ဖြစ်သွားပါတယ် ။ မူလက သူဟာ နောက်လိုက်ခြင်းသာ ဖြစ်ပြီး သူမ ဒီလို တကယ် သဘောတူလိ့မ်မည်ဟု မထင်မိပါ ။ သူ၏ ခေါင်းကို ညိမ့် ကာ ဖြင့် ပြုံးပြီး –
“ကျွန်တော့မှာ အနီရင့် ငှက် ရဲ့ လက်နက်ကို နှိုးကြား နိုင်မယ့် နည်းလမ်း ရှိနိုင်မယ် ထင်ပါတယ်”
ချန်ရှန် ခန့်မှန်းမိသလောက် လျူမန်ဂါ မှာ အနီရင့် ငှက် ချီဓာတ်များ မရှိခြင်းကြောင့် ယခု နတ်လက်နက်အား မနှိုး ကြားနိုင် ဖြစ်နိုင်သည် ဟု ထင်နေမိပါတယ် ။ ဒါပေမယ့် လဲ ကြည့်ရသည်မှာ လက်နက်ဟာ လျူမန်ဂါအား ပိုင်ရှင် အဖြစ် အသိအမှတ်ပြုပြီး ဖြစ်ပုံရပါတယ် ။ ဒါကြောင့်ပင် သူမ နဲ့ အတူ ရှိနေခြင်း မဟုတ်ပါလား ။
လျူမန်ဂါ လည်း ချန်ရှန် နှိုးကြားနိုင်မည်ဟုသာ မျှော် လင့်မိပါတယ် ။ ချန်ရှန်ဟာ မိုးပြာနဂါး နတ်မိစ္ဆာဓား နှင့် အမည်းရောင်လိပ် ချပ်ဝတ် တို့အား ထိန်းချုပ်နိုင်တာကို သူမ သိနေလို့ပဲ ဖြစ်ပါတော့တယ် . . . ။