Chapter – 169 နတ်ချပ်ဝတ်ပိုင်ရှင်
စပါးအုံးမိကျောင်းကြီးဟာ နှစ်ပိုင်းပြတ်သွားပြီး လည် ထွက်သွားပါတယ် ။ ချန်ရှန် နှင့် လျူမန်ဂါလည်း သက်ပြင်း ကိုယ်စီချကာ ယခုမှပဲ စိတ်သက်သာရာ ရသွားကြတယ် ။ ၎င်းတို့လည်း မိကျောင်းကြီးသေသလား ရှင်သေးလား ဆို တာ ပိုမိုသေချာစေရန် ဂရုတစိုက်ဖြင့် အနားကပ်ကြည့်ကြ တယ် ။
“တော်တော် ခက်တာပဲ”
ချန်ရှန် သက်ပြင်းရှည်ကြီးချလျက် မေးလိုက်တယ် ။ သူနဲ့ လျူမန်ဂါသာ ပူးပေါင်းတိုက်ခိုက်ခြင်း မရှိခဲ့ပါက ဒီလို သားရဲကို သူတစ်ယောက်တည်း နိုင်ဖို့ရာ အတော်ခက်ခဲမှာ ပါ ။ သူနဲ့ လျူမန်ဂါ ကြားရှိ အားအင်ဟာ ကွာခြားလှတာ ကို သူသဘောပေါက်သွားတယ် ။ အဘယ်ကြောင့်ဆိုသော် လျူမန်ဂါဟာ မိကျောင်းကြီး၏ ကိုယ်အား ပြတ်အောင် ခုတ်နိုင်ခဲ့ပြီး ချန်ရှန်ကတော့ မလုပ်နိုင်ခဲ့ပါချေ ။ လျူမန်ဂါ ပြုလုပ်ခဲ့သော အပေါက်များကြောင့်သာ ချန်ရှန်ဟာ နောက်ဆုံးတစ်ချက် ပြတ်အောင် ခုတ်နိုင်ခဲ့ခြင်းပါ ။
“တစ်ယောက် တ၀က်ပေါ့”
လျူမန်ဂါ က ပြောလိုက်တယ် ။
“ကျွန်တော်က သားရဲဆေး လိုချင်တယ် ဆိုရင်ကော”
ချန်ရှန် မေးလိုက်ပါတယ် ။ ၎င်းဆေးဟာ သိပ်အဖိုး တန်သည် မဟုတ်ပါလော ။
“ငါပြောနေတာ တစ်ယောက် တ၀က်လေ ။ ဆေးကို လည်း တ၀က်ဆီ ခွဲမှာပေါ့”
လျူမန်ဂါ ပြန်ပြောတယ် ။ ထို့နောက်မှာတော့ သူမ၏ သိမ်းဆည်းရာ လက်စွပ်လေး အစွမ်းဖြင့် မိကျောင်းကြီး အား သိမ်းဆည်းလိုက်ပါတယ် ။
“အခုငါ့ဒီကောင်ကြီးကို သိမ်းထားမယ် ။ ငါတို့ ဒီကနေ ထွက်နိုင်တယ့် အခါကျ မင်းကို ငါပြန်ခွဲပေးမယ် ။အခုချိန် ငါတို့အင်အားနဲ့ ဒီအသေကောင်ကို ခွဲခြမ်းစိတ်ဖြာဖို့ ဆိုတာ မလွယ်ဘူးကွ”
ချန်ရှန်လည်း ခေါင်းညိမ့်ကာ ပြလိုက်ပါတယ် ။ သူ့ ချီ ဓာတ်များ ကို အသုံးပြုနိုင်တယ် ဆိုရင်တောင်မှ မိကျောင်း ကြီးကို နိုင်ဖို့ဆိုတာ မလွယ်ပါချေ ။ ရှေးကျပြီး ထူးဆန်း သည့် သားရဲကြီးပင် မဟုတ်ပါလား ။
လျူမန်ဂါ၏ ကူညီမှုက အများဆုံး ဖြစ်တာကြောင့် ချန်ရှန် တ၀က်ရရှိသည်မှာပင် အတော်တန်နေပါပြီ ။ သူ့ စိတ်ထဲမှာတော့ ကြိတ်ပျော်နေတယ် ။ သူရရှိခဲ့သည့်အရာ မှာ တန်လွန်းသောကြောင့်ပါ ။ ဒါပေမယ့် ပြန်စဉ်းစားကြည့် မည်ဆိုပါက ချန်ရှန်သာ တိုက်ခိုက်ရမည့် ချက်ကောင်းကို မပြောဘူးဆိုပါက လျူမန်ဂါလည်း တိုက်နိုင်မည် မဟုတ် ပေ ။
သူတို့လည်း သူတို့လမ်းကို ဆက်သွားနေကြတယ် ။ ကျွန်း၏ အလယ်နှင့်လည်း အလွန်ကို နီးကပ်နေပါပြီ ။ ခပ် လှမ်းလှမ်းမှာပဲ တောင်ကုန်းလေး တစ်ခုကို လှမ်းမြင်နေရ ပါပြီ ။ တောင်ကုန်းလေး၏ ပုံစံမှာလည်း ကျွန်းကြီး၏ ပုံလို ပင် အမည်းရောင်လိပ်တောင် နှင့် တူနေပါတယ် ။ တောင် ခြေတွင် လိုဏ်ခေါင်းလေး တစ်ခုရှိနေတယ် ။
ထိုလိုဏ်ခေါင်းကို ကြည့်ရင်း ချန်ရှန်တို့လည်း သူတို့ ၏ ခြေလှမ်းများအား ခပ်သွက်သွက် လှမ်းကာ အမည်းရောင် လိပ် ချပ်ဝတ် ကို ခံစားမိနေကြပါပြီ ။
လိုဏ်ခေါင်းအ၀င်ဝ မှာ မတ်တပ်ရပ်လိုက်ကြပြီး သတိ ရှိရှိ ၀င်သွားကြတယ် ။ လိုဏ်ခေါင်းထဲမှာတော့ မှောင်မည်း လျက်ရှိပြီး လျူမန်ဂါက ရှေ့ က ဦးဆောင်လျှောက်နေပါ တယ် ။ ခြေလှမ်းမလှမ်းခင်မှာ ပတ်ဝန်းကျင်ကို သေချာ ဂရု တစိုက်လေ့လာပြီးမှသာ လှမ်းပြီး ထောင်ချောက်တစ်ခုခု မိ မှာ စိုးရိမ်နေပုံပါ ။
နာရီဝက်လောက် ဂရုတစိုက်ဖြင့် ဖြတ်သန်းပြီးတဲ့ အခါ မှာတော့ နောက်ဆုံးမှာ လိုဏ်ခေါင်းအဆုံးသို့ ရောက်ရှိ သွားကာ ကျောက်ဆစ်အမှတ်အသားတစ်ခုကို မြင်တွေ့ လိုက်ကြရပါတယ် ။
“အတူတူဖွင့်မယ်”
လျူမန်ဂါ ကျောက်ဆစ်ရုပ်၏ တစ်ဖက်စွန်းမှ ကိုင်ကာ သူမ၏ အသံမှာလည်း စိတ်လှုပ်ရှားမှု အပြည့်ပါပဲ ။ အ ဘယ်ကြောင့်ဆိုသော အဆိုပါ ကျောက်ဆစ်ရုပ်ဟာ နတ် လက်နက်ကို သိမ်းဆည်းထားပုံနှင့်တူနေလို့ပါပဲ ။
ချန်ရှန်လည်း ခေါင်းညိမ့်ကာဖြင့် ထပ်တူပင် စိတ်လှုပ် ရှားလျက် ရှိနေတယ် ။
၎င်းတို့ ၂ ဦးလုံးအားစိုက်ကာဖြင့် တွန်းလိုက်ကြတယ် ၊ အဖုံးဟာ ပွင့်သွားပြီး အဖြူရောင်အလင်းတစ်ခု ထွက်လာ ပါတယ် ။ ၂ ယောက်သား မျက်စိများပင် ကျိန်းသွားကြ ပြီး အလင်းတန်းဟာ မကြာမီမှာပဲ ပျောက်ကွယ်သွားပါတယ် ။ ၎င်းတို့လည်း အလင်းတန်းပျောက်ကွယ်သွားတာနဲ့ ချက် ချင်းပင် အထဲမှာ ဘာရှိသလဲဆိုတာ ကြည့်လိုက်ကြပါ တော့တယ် ။ အံ့သြစရာပင် သူတို့အထဲမှာတွေ့ လိုက်ရတာ ကတော့ သလင်းကျောက်သေတ္တာလို တစ်ခုရှိနေတာ ဖြစ် ပြီး ချန်ရှန် မိုးပြာနဂါးဓားကို တွေ့ ခဲ့ရစဉ်ကနှင့် အတော် တူ ပါတယ် ။
ထိုသလင်းကျောက်သေတ္တာလေးထဲ မှာတော့ ရွှေ ရောင်ဖျော့ဖျော့ ရှိသော အ၀တ်စားလို တစ်စုံကို တွေ့ ရှိရ ပြီး ဘောင်းဘီနှင့် ရှပ်အင်္ကျီ ပုံစံမျိုးပါ ။ အထဲတွင် နောက် ထပ် သေတ္တာလေး တစ်လုံးလည်း ရှိပါသေးတယ် ။ ဆေး တစ်လုံးနှင့် သားရေချပ် တစ်ခု ရှိနေလိ့မ်မည်ဟု ချန်ရှန် ထင်မိနေပါတယ် ။
လျူမန်ဂါ သက်ပြင်းတစ်ချက် ချလိုက်ပြီး မျက်နှာမှာလဲ စိတ်လှုပ်ရှားနေပုံပါ ။
“မင်းဒီဝတ်စုံကို တွေ့ လား ၊ အပေါ်မှာ တော်တော်များ တဲ့ ဝိဉာဉ်တော် သွေးကြောတွေပဲ ၊ ဘယ်လိုမျိုးပန်းပဲဖို မှာများ လုပ်ခဲ့ပါလိ့မ်”
ပြောနေရင်း သူမ၏ လက်များဖြင့် သလင်းကျောက် သေ တ္တာကို လှမ်းလိုက်ပါတယ် ။ သို့သော်လည်း သူမ၏ လက်များ ဟာ သေတ္တာကို ထိလိုက်တယ့်အခါ ကျယ် လောင်စွာ အော်ဟစ်ပြီး အလျင်မြန်ပင် လက်ကို ပြန်ရုတ် လိုက်ပါတယ် ။ နာကျင်မှုကို သူမမျက်နှာတွင် တွေ့ လိုက်ရ ပြီး သူမပုံမှာ ကြည့်နေတဲ့သူကို သနားမိစေနေပါတော့ တယ် ။
“ခင်ဗျား အဆင်ပြေရဲ့ လား”
ချန်ရှန် စိုးရိမ်ဟန် ဖြင့် မေးလိုက်ပါတယ် ။
လျူမန်ဂါ သူမ၏ နှုတ်ခမ်းကို ကိုက်ကာဖြင့် ခေါင်းကို ခါယမ်းလိုက်ပြီး –
“တော်တော် စွမ်းအားပြင်းတယ့် တုံ့ပြန်မှုပဲ ၊ ငါအကြာ ကြီးသာ ထိထားမိရင် အမှုန့်ဖြစ်သွားမလားတောင် မသိ ဘူး ။ မင်းဂရုစိုက်ပါ ။ ငါ့လို ခန္ဓာကိုယ် အဆင့်တောင် ဒါကို မခံစားနိုင်ဘူး ။ မင်းမှာ အဖြူရောင် ကျောက်စိမ်း ဆေး ရှိ လား”
ချန်ရှန် ခေါင်းညိမ့်ကာဖြင့် ဘူးလေးနှစ်ခုကို ထုတ်ပေး လိုက်ရင်း မေးလိုက်တယ် ။
“တော်တော် ဆိုးသွားသလား”
“ကံကောင်းလို့ ၊ ငါ့ရဲ့ စွမ်းအင် စီးဆင်းရာ နဲ့ ကြွက်သား တွေကို နည်းနည်းပဲ ထိခိုက်မိတာ ။ အဖြူရောင် ကျောက် စိမ်းဆေးနဲ့ဆို အမြန်သက်သာ သွားမှာပါ”
လျူမန်ဂါပုံမှာ ဖြူဖတ်ဖြူလျော် ဖြစ်နေပုံပါပဲ ။ အား နည်း ပုံလည်း ပေါ်နေတာကြောင့် ချန်ရှန် ပင် စိုးရိမ်မိသွား ပါတယ် ။
“အမည်းရောင်လိပ် ချပ်ဝတ်က သာမန်လို လွယ်လွယ် တော့ ယူနိုင်မှာ မဟုတ်ဘူး”
လျူမန်ဂါ ပြောနေရင်း သူမမျက်နှာမှာလည်း ကြောက် ရွံ့ နေသေးပုံပါပဲ ။ သူမမှာ ချီဓာတ်များ ရှိနေရင်တောင်မှ ယခု သေတ္တာအား သူမထိရဲတော့ မှာ မဟုတ်ပါပေ ။
ဒီလို သလင်းကျောက် သေတ္တာမျိုး ကို ချန်ရှန် ပထမ ဆုံး အကြိမ် ကြုံဖူးတာတော့ မဟုတ်ပါချေ ။ သူ အရင်တခါ ကလည်း မိုးပြာနဂါး ဓားကြီးအား ယခုလိုပင် ကြုံတွေ့ ခဲ့ရ တာ ဖြစ်ပြီး ယူဆောင် နိုင်ခဲ့ပါတယ် ။ ယခုအခါမှာတော့ လျူမန်ဂါ ဖြစ်ပျက်နေပုံကို ကြည့်ပြီး သူကိုယ်တိုင်ပင် မ၀ံ့မ ရဲ ဖြစ်နေပါတော့တယ် ။
အလွန်ကို အစွမ်းထက်တယ့် ပုဂ္ဂိုလ် တစ်ဦးဟာ ယခု နတ်လက်နက်များအား ချန်ဝူ နယ်မြေအတွင်းတွင် ရည် ရွယ်ချက်ရှိရှိ ထားခဲ့တာ ဖြစ်နိုင်တယ်လို့ ချန်ရှန် စဉ်းစားမိ ပါတယ် ။ အနီရင့်ငှက် ၏ နတ်လက်နက်ကတော့ လျူမန်ဂါ ၏ မိဘများ ရရှိခဲ့တာပါ ။
“မင်း နတ်အတွင်းအား သင်္ကေတလေးခု ကျင့်စဉ်ကို ကျင့်လိုက် ၊ ငါထင်တာတော့ ဒီသိုင်းကျင့်စဉ်ကို တခြား ဆေးပညာရှင်ကြီး တစ်ယောက် ကျင့်ခဲ့တာလို့ ထင်တယ် ၊ ဘာပဲဖြစ်ဖြစ် မင်းအခုချိန်မှာ ချီဓာတ်ကိုအသုံးမပြုနိုင်တာ မို့ တော်တော် တော့ ခက်ခဲလိ့မ်မယ်”
စုမေးယို ပြောပါတယ် ။ သူမလည်း တခြား အကြံမရှိ တော့ပုံပါ ။
ချန်ရှန် လေကို ဖြည်းညှင်းစွာ ရှူသွင်းလိုက်ပါတယ် ။ ထို့နောက် ငရဲဝိဉာဉ်တော်မြက် အနည်းငယ်အား ထုတ် ကာ ပါးစပ်ထဲ ထည့်လိုက်တယ် ။ လျူမန်ဂါက အလျင် အ မြန်ပင် –
“မင်းမကြိုးစားတာ ကောင်းလိ့မ်မယ် ။ အတော် ကို အန္တရာယ် များမှာနော်”
သို့သော်လည်း ချန်ရှန် ကတော့ သေတ္တာကို ထိနိုင်ရုံ သာမက ၎င်းကိုပင် ကျောက်ဆစ်ရုပ်ထဲမှ ဆွဲထုတ်လိုက်ပါ တယ် ။
“ဟားး ဟားးး ၊ အမည်းရောင်လိပ် ချပ်ဝတ်က ငါ့ဟာပဲ”
ချန်ရှန် ရုတ်တရက် အရူးတစ်ယောက်လို ရယ်မော ကာ နေပါတယ် ။ မယုံကြည်နိုင်သော အကြည့်ဖြင့် လျူမန် ဂါဟာ ချန်ရှန်အား ကြည့်လို့နေတယ် ။ သေတ္တာအား ထပ်မံ ကိုင်ကြည့်လိုက်တယ့် အခါ သူမ နာကျင်မှုကို ပြင်းထန်စွာ ခံစားလိုက်ရပြန်ပါပြီ ။ သွေးတချို့ သူမ၏ ပါးစပ် အစွန်းမှ ကျလာခဲ့ရတယ် ။
ချန်ရှန် လည်း အလျင်အမြန်ပင် သေတ္တာအား လွှတ်ချ ကာ လျူမန်ဂါ ၏ ကိုယ်အား ထိန်းထားပေးလိုက်ပါတယ် ။ ထို့နောက် ငရဲဝိဉာဉ်တော်မြက် အနည်းငယ်အား ထုတ် ယူ ပြီး သူမ ကို မျိုချစေလိုက်တယ် ။ ဒါကြောင့်ပင် သူမ၏ အခြေအနေမှာလည်း ကောင်းမွန်လာခဲ့ပြီး ပြန်လည် နိုးထ လာခဲ့ပါတယ် ။
“ကျေးဇူးတင်ပါတယ်”
လျူမန်ဂါ သက်ပြင်းအနည်းငယ် ချကာ ပြောဆိုပါ တယ် ။ ချန်ရှန် သေတ္တာကို ထိလိုက်သော်လည်း ဘာမျှ မ ဖြစ်သောကြောင့် သူမ အတွက် အတော် အံ့သြစရာ ဖြစ် နေတယ် ။ သူမကျပြန်တော့ သေတ္တာကို ထိတယ့် အခါ သေ မလို ပင် ဖြစ်ကာ ခံစားရနေလို့ပါ ။
ချန်ရှန် က ခပ်တိုးတိုး ရယ်မောကာဖြင့် –
“ခင်ဗျားကတော့ ကျွန်တော့ရဲ့ ငရဲဝိဉာဉ်တော်မြက် အနည်းငယ်ကို ဖြုန်းလိုက်တာပဲ ၊ နောက်မကြာခင် ကျွန် တော်တို့ မိကျောင်းကို ခွဲယူတယ့် အခါကျ ပိုပေးရမယ် နော်”
လျူမန်ဂါ က ခပ်လှောင်လှောင်ဖြင့် –
“ဟက် ၊ တကယ့် ကပ်စီးကုတ်”
သူမ ဖြတ်သန်းခဲ့ရသော အတွေ့ အကြုံများနှင့် အသိ ဉာဏ်များ အားလုံးဖြင့်ပင် ယခုအဖြစ်အပျက်အား နားမ လည် နိုင်ဖြစ်နေပါတယ် ။ ချန်ရှန် မှာ ရှိသည့် လျို့ ဝှက်ချက် ဟာ အတော်များမယ် ဆိုတာကိုတော့ သူမ အသေအချာ သိသွားပါတော့တယ် ။
ခုနတုန်းက သူမသေမလိုကို ဖြစ်သွားတာ တွေးမိသွား ပါတယ် ။ ချန်ရှန် ၏ အချိန်မီ ငရဲဝိဉာဉ်တော်မြက်ဖြင့် မ ကယ်တင်ခဲ့ပါက သေသွားနိုင်လောက်တာပါ ။ ချန်ရှန် ဟာ သူမအသက်ကို ကယ်တင်ခဲ့တာပါပဲ ။
နောက်ထပ် သူမကို တုန်လှုပ်သွားစေသည့် မြင်ကွင်း က တော့ ချန်ရှန်ဟာ သလင်းကျောက် သေတ္တာအား သူ၏ လက်သီးဖြင့် ထိုးခွဲလိုက်တာပါ ။ ထို့နောက်မှာတော့ ထိုအ ထဲမှ အကြေးခွံလိုအပြည့်ဖြင့် ချပ်ဝတ် အ၀တ်အစားများ အား ကောက်ယူလိုက်ပါတော့တယ် ။
အမည်းရောင်လိပ် ချပ်ဝတ်အား ၀တ်ဆင်တယ့်အခါ မှာ သူ၏ ကိုယ်လုံး သိမ့်ခနဲ တစ်ချက် ခုန်သွားပါတယ် ။ သူ ၏ စွမ်းအင် သိုလှောင်ရဲထဲရှိ ချီဓာတ်များ ချပ်ဝတ်ထဲသို့ စီးဆင်းသွားပြီး ရွှေရောင် အလင်းတန်းများ ထွက်ပေါ်လာ ပါတယ် ။
လျူမန်ဂါ မြင်ကွင်းတစ်ခုလုံးကို ကြည့်နေရင်းပင် ချန် ရှန် ဘယ်လိုနည်းလမ်းအသုံးပြုလိုက်တယ် ဆိုတာ မမြင် နိုင်ပါဘူး ။ ချန်ရှန် အနေဖြင့် သူ၏ သွေးစက်ချပြီးပင် ပိုင်ရှင် အဖြစ် အသိမှတ်ပြုခံစရာပင် မလိုခဲ့ပါ ။ မည်သည့် အားအင် စွမ်းအားမျှ မစိုက်ထုတ်ရပါပဲ ချပ်ဝတ်ကို ရရှိသွား ခဲ့တာပါ ။ ရှေးကျလှသည့် အမည်းရောင်လိပ် ချပ်ဝတ်ဟာ ချန်ရှန်ကို ပိုင်ရှင်အဖြစ် အသိအမှတ် ပြုလိုက်ပုံပါပဲ ။
ထပ်မံမြင်တွေ့ လိုက်ရသော မြင်ကွင်းကတော့ သူမကို ပို မို တုန်လှုပ်မိသွားစေပြန်ပါတယ် ။ ချပ်ဝတ်မှ ထွက်နေ သော ရွှေရောင်အလင်းတန်းများဟာ ရုတ်တရက် လှုပ်ရှား လာပြီး ချန်ရှန်၏ ကိုယ်တွင်းသို့ နစ်မြုပ်နေပါတယ် ။ ထို အချိန်မှာ ချန်ရှန်၏ မျက်လုံးများဟာ မှိတ်လျက် ရှိနေပြီး ကြည့်ရသည်မှာ သူဟာ ထူးဆန်းတယ့် အခြေအနေတစ်ခု ကို ရောက်ရှိနေသလိုပါပဲ ။
လျူမန်ဂါ ပါးစပ်အဟောင်းသားဖြင့် မျက်လုံးများ ပြူး ကျယ်ကာ သူမရှေ့ မှ ရောင်စဉ်တန်းများကို ကြည့်နေပါ တယ် ။ အမည်းရောင်လိပ် ချပ်ဝတ်ဟာ တဖြည်းဖြည်း ချန်ရှန် ကိုယ်ပေါ်မှာ လှုပ်ခါနေရင်း အ၀တ်များအောက် သို့ နစ်ဝင်ပျောက်ကွယ်သွားတာကို မြင်တွေ့ လိုက်ရပါတယ် ။ သူမ ကြားဖူးသည်မှာ အမည်းရောင်လိပ် ချပ်ဝတ်ဟာ နှစ် တစ်သောင်းလျှင် တစ်ကြိမ် ၎င်း၏ ပိုင်ရှင်ကို ရှာဖွေရန် နိုး ထ လာလေ့ရှိပါတယ် ။ ယခုအနေအထားအရ ချန်ရှန် ဟာ ၎င်း၏ ပိုင်ရှင်ပါပဲ ။
ဘယ်လိုတွေများ ဖြစ်ကုန်တာလဲ ဆိုတာ လျူမန်ဂါ တစ် ယောက် နားမလည် နိုင်တော့ပါ ။ သူမနားလည်သည့် အရာတစ်ခုကတော့ ချန်ရှန်ဟာ လျို့ ဝှက်ချက်များဖြင့် ပြည့်နေသော လူတစ်ယောက်ဆိုတာပါပင် . . . ။