Chapter – 168 စပါးအုံးမိကျောင်း
ဟိန်းဟောက်သံကြီးဟာ ကြီးမားသော ရှေးဟောင်း သားရဲကြီးဆီမှ ထွက်ပေါ်လာတာပါ ။ ချန်ရှန်နှင့် လျူမန်ဂါ တို့ ဟာ ခြေလှမ်းများကို ရပ်တန့်လိုက်ကြတယ် ။ စွမ်း အား ကြီးလှသော သားရဲကောင်ကြီး ကျွန်းမှာ ရှိနေသည် မ ဟုတ်ပါလော ။ လက်ရှိမှာ သူတို့၏ ချီဓာတ်များအား အသုံး ချလို့ မရသေးတာကြောင့် ဒီလိုသားရဲများနှင့် ရင်ဆိုင်တိုက် ခိုက်ရပါက ၎င်းတို့ အတွက် မလွယ်ကူပါချေ ။
လျူမန်ဂါ သူမ၏ လှံကို ကိုင်ကာ ရှေ့ မှ လျှောက်ရင်း မျက်မှောင်ကြုတ်လျက် –
“သတိထား ၊ ငါတို့ စွမ်းအားကြီး သားရဲမိစ္ဆာကြီးနဲ့ ရင် ဆိုင်တွေ့ တယ့် အခါကျရင် ကျန်တာတွေ မေ့လိုက်ပြီး မင်း သာ လွတ်အောင် ပြေးပါ ။ ငါ့ကို ထားခဲ့လိုက် ၊ ငါ့မှာ ရင် ဆိုင်ဖို့ နည်းလမ်း ရှိပါတယ်”
ချန်ရှန် အဖြေမပေးပါချေ ။ ပတ်ဝန်းကျင်ကို ကျီးကန်း တောင်းမှောက် ကြည့်ကာ အကဲခတ်လျက် ရှိနေတယ် ။ တောအုပ်ထဲ ၀င်ပြီးနောက်မှာ တိတ်ဆိတ်လျက်ရှိပြီး ကြောက်စိတ် ၀င်စေပါတော့တယ် ။
တောအုပ်ထဲမှာတော့ ပေါင်းပင် များစွာရှိပြီး ၎င်းတို့ ဟာ ဖြတ်ဖို့ အလွန်ခက်ပါတယ် ။ ပြင်းထန်လှသော အသက် ဓာတ်တစ်မျိုး ရှိနေသလိုပါပင် ။ သစ်ပင်ကြီးများ ၏ ပင်စည်များမှာလည်း အလွန်ပင် ထူလှသည် ။ ဝိဉာဉ် တော် ချီဓာတ်များဟာလည်း ပေါကြွယ်စွာ ရှိနေပြီး ထူး ဆန်းသော ပန်းများ နှင့် မြက်များဟာ ပေါက်ရောက်နေ ခြင်း မရှိပါဘူး ။ အားလုံးဟာ ပေါင်းပင်များသာ ဖြစ်နေပါ တယ် ။
“လှုပ်ရှားမှုတွေ တွေ့ တယ်”
လျူမန်ဂါ ရုတ်တရက် ရပ်တန့်လိုက်ကာ သူမ၏ လှံကို ဝှေ့ ယမ်းလိုက်တယ် ။ သူမဟာ အသင့်အနေအထားပါပဲ ။
သူတို့ဟာ နာရီဝက်လောက် တောထဲကို ၀င်ပြီး ဖြစ် တာကြောင့် အလယ်ကို ရောက်လုနီးနီး ဖြစ်နေပါပြီ ။ သူတို့ ၏ အာရုံများဟာ အလွန်ကောင်းကြပြီး တစ်ခုခု လက္ခဏာ တွေ့ ပါက ချက်ချင်းသိနိုင်ကြပါတယ် ။
“သတိထား”
ချန်ရှန် နှင့် လျူမန်ဂါ တို့ ပြိုင်တူအော်ကာ ချက်ချင်း ပင် ၎င်းတို့၏ လက်နက်များအား ဝှေ့ယမ်းကာ ၂ဦးသား အရပ်မျက်နာတစ်ခုထဲသို့ ၎င်းတို့၏ အပြင်းထန်ဆုံး ခွန်အား များဖြင့် တိုက်ခိုက်လိုက်ပါတော့တယ် ။
သူတို့စိတ်ထဲမှာတော့ စွမ်းအားကြီးတယ့် သားရဲဖြစ် မယ် ဆိုရင်တောင် ၎င်းတို့၏ လက်နက်များကြောင့် အနည်းဆုံး ဒဏ်ရာရသွားလိ့မ်မည်ဟု ထင်ကြတာပါ ။ ဒါ ပေမယ့်လည်း “ဒန်” ဟူသော အသံကိုသာ ကြားလိုက်ရပြီး ၎င်းတို့၏ လက်နက်များမှာ အလွန်မာကျောသော အရာ တစ်ခုအား ထိလိုက်သလို အသံမြည်သွားပါတယ် ။
ချန်ရှန် အလွန်ပင် အံ့အားသင့်လျက် ရှိနေတယ် ။ သူ ၏ ချီဓာတ်များကို လောင်းမထည့်ထားသော်လည်း ဓားဟာ အလွန် ချွန်ထက်လှပါတယ် ။ သူ၏ အပြင်ပိုင်းခွန်အားနှင့် ပင် အဆင့် ၃ ရှိ ဝိဉာဉ်တော် သားရဲအား ၂ ပိုင်းပြတ်စေ ခဲ့သည် မဟုတ်ပါလား ။ လျူမန်ဂါလည်း ထို့အတူ အံ့အား သင့်နေတယ် ။ မာလှပါချည်ရဲ့ ဆိုသော သားရဲကောင်များ အား သူမ၏ ကျောက်စိမ်းနဂါးအနမ်း လှံတံဖြင့် သတ်ပစ်ခဲ့ သည် မဟုတ်ပါလော ။ သူမအားကုန် တိုက်ခိုက်တာ တောင် တဖက်မှ ဘာမှမဖြစ်ပဲ တန်ပြန်အားကြောင့် သူမ လက်ပင် နာသွားရပါတယ် ။
သူတို့ ၂ ဦး တစ်ချိန်တည်း ခုန်လိုက်တယ့် အချိန်မှာ သူတို့ကို ရုတ်တရက် တိုက်ခိုက်သည့် အရာကို မြင်လိုက်ရ သည့်အတွက် အံ့အားသင့်သွားကြတယ် ။ ကြီးမားလှတယ့် စပါးအုံးကြီး အလားပါပဲ ။
“ဒီသားရဲက ရှေးကျတယ့် စပါးအုံးမိကျောင်းပဲ”
လျူမန်ဂါ ခပ်လေးလေး ပြောပါတယ် ။
စပါးအုံးမိကျောင်းကြီးဟာ ရေလှောင်ကန် တစ်ခုနီးနီး ကြီးမားလှပြီး ထူထည်းလှသည့် ကိုယ်ရှိပါတယ် ။ ခေါင်း ကတော့ မိကျောင်းခေါင်းကြီးဖြစ်ပြီး ကိုယ်တစ်ခုလုံးအား မီးခိုးရောင် အကြေးခွံများဖုံးလွှမ်းနေပါတယ် ။ မိကျောင်း အကြေးခွံများလိုပါပင် ။
ရွှေရောင် မျက်လုံးအစုံရှိပြီး ချန်ရှန် နှင့် လျူမန်ဂါတို့ အား စိုက်ကြည့်လျက် ရှိနေတယ် ။ ရုတ်တရက်ပဲ မေးရိုး ကြီးများကို ဟကာ ချွန်မြလှသော သွားကြီးများအား ထုတ် ဖော်ပြသလိုက်ပုံမှာ အလွန်ပင် ကြောက်စရာကောင်းလှ ပါ တယ် ။
ယခင်တစ်ခါ ကျယ်လောင်လှသည့် အော်သံကြီးမှာ လည်း ယခု စပါးအုံးမိကျောင်းကြီးသာ လုပ်တာ ဖြစ်ပေ လိမ့်မည် ။
ပြီးခဲ့သည့် တိုက်ခိုက်မှု အပြီးမှာတော့ ချန်ရှန် နဲ့ လျူ မန်ဂါတို့ သူတို့၏ လက်နက်ဟာ ဒီမိကျောင်းကြီးအပေါ် သက်ရောက်မှုမရှိတာကို သိသွားကြတယ် ။ သားရဲကြီး ၏ ကိုယ်ဟာ သံမဏိထက်ပင် မာကျောပုံပါပဲ ။
အကောင်ကြီးဟာ မာကျောပြီး ကြီးမားလှသော ကိုယ် ထည် ရှိသော်လည်း နှေးကွေးခြင်း မရှိပေ ။
ချန်ရှန် နှင့် လျူမန်ဂါတို့ သတိရှိရှိ နေနေကြရပါတယ် ၊ အဘယ်ကြောင့်ဆိုသော် မိကျောင်းကြီးမှာ ၎င်း၏ အမြီး အား လွှဲခါနေတာကြောင့်ပါ ။ အမြီးမှာတော့ ချွန်ထက်လှ သော အချွန်အတက်များ ရှိနေပြီး ရုတ်တရက်ပင် ချန်ရှန် ဆီသို့ လွှဲခါလိုက်ပါတယ် ။ တချိန်တည်းမှာပင် သူ၏ ကြီး မားလှသော ခေါင်းကြီးကိုတော့ လျူမန်ဂါ ဆီသို့ ဦးတည် လိုက်ပါတော့တယ် ။
မိကျောင်းကြီးဟာ တချိန်တည်းမှာပင် သူ၏ ခေါင်းနှင့် အမြီးအား အသုံးပြုကာ ရန်သူ ၂ ယောက်အား တိုက်ခိုက် လိုက်တာ ဖြစ်ပါတယ် ။ ၎င်း၏ ကိုယ်ထည်ဟာ အလွန်ပင် မာကျောလှတာကြောင့် မည်သည့် တိုက်ခိုက်မှုကိုမျှ မမှုပဲ တစ်ခါထဲဖြင့် ၂ ဦး လုံးအား တိုက်ခိုက်လိုက်ခြင်းပါ ။
ချန်ရှန် တို့လည်း ရှောင်တိမ်းရန်သာ တတ်နိုင်ခဲ့ကြပါ တယ် ။ ယခုအချိန်မှာသာ ၎င်းတို့ ၏ ချီဓာတ်များ ရှိနေမည် ဆိုပါက ယခုလောက် ခက်ခဲမည် မဟုတ်ပါချေ ။ ဒါပေမယ့် လည်း မိကျောက်းကြီး၏ အကြေးခွံများကို ကြည့်ရင်း လျူမန်ဂါ စိတ်လှုပ်ရှားမိပါတယ် ။ ၎င်းတို့ဟာ လက်နက်ပြု လုပ်ရာမှာ အလွန်ကောင်းသည့် ပစ္စည်းများဖစ်နေပြီး ဒါ ကို သာအသုံးပြုပြီး လက်နက် သို့မဟုတ် ချပ်ဝတ် တစ်ခုခု ပြု လုပ်မည် ဆိုပါက ထိပ်တန်းအဆင့် ပစ္စည်းများ ဖြစ်ပါလိမ့် မည် ။
“ရှေးဟောင်းမျိုးစိတ်တွေ တော်တော် များတာပဲ ၊ ဒါဟာ အဆင့် ၅ သားရဲဖြစ်ပြီး သူ့ရဲ့ မွေးရာပါ စွမ်းရည် နဲ့ အကြေးခွံရဲ့ မာကျောမှုကို မှီခိုနေတယ့် အကောင် ၊ လူအများစုကတော့ ရင်မဆိုင်နိင်လောက်ကြဘူး”
လောင်ဆုရီ စိတ်လှုပ်ရှားလျက် ပြောဆိုပါတယ် ။ ချန် ရှန် ကျိန်ဆဲလိုက်မိတယ် ။ တစ်ချိန်တည်းမှာပင် စုမေးယို နဲ့ ဘိုင်ယုယု တို့ဟာလည်း ဒီအကောင်ကြီးနှင့် ရင်ဆိုင်နိုင် မည့် နည်းလမ်းအား စဉ်းစားနေကြပါတယ် ။
ဒဏ္ဍာရီအရ ပြီးခဲ့သော ရှေးအတိတ်ကာလများ အ တွင်း ကောင်းကင်နှင့် မြေကြီးကြားရှိ ဝိဉာဉ်တော် ချီဓာတ် များမှာ အလွန်ပင် ပေါကြွယ်လှတယ် ။ စွမ်းအားကြီးလှ သည့် သိုင်းပညာရှင်များဟာလည်း တိမ်တိုက်များလို ပင် အများအပြားရှိနေကြတယ် ။ သားရဲများကတော့ ၎င်း တို့ တည်ရှိခဲ့သော ကာလများအတွင်း အသက်ရှင်ရန် နှင့် စွမ်း အားများ ပိုမိုကြီးထွားလာစေရန် ကိုယ်တိုင်ကျင့်ကြံကြ ပြီး ဝိဉာဉ်တော် ချီဓာတ်များအားလည်း စုပ်ယူနိုင်ပါတယ် ။ ၎င်းတို့ အရွယ်ရောက်သောအခါ ထူးဆန်းသော မျိုးစိတ် များ အဖြစ် အလွန်ပင် သန်စွမ်းမာကျောလာကြပါတယ် ။ ထူးဆန်းပြီး ရှေးကျသော သားရဲအများစုဟာ ဒီလိုပါပဲ ။
သို့သော်လည်း ဝိဉာဉ်တော် ချီဓာတ်များ ပါးလာ ပြီး လူသားစွမ်းအားရှင်အများအပြား ပေါ်ပေါက်လာမှုကြောင့် ရှေး ကျ သည့် ရှားပါးမျိုးစိတ်များဟာ တဖြည်းဖြည်း ကွယ် ပျောက်လာရပါတယ် ။ သားရဲမိစ္ဆာများဟာလည်း အဆင့် ကျသွားပြီး အများစုဟာ တောင်ရှိ တောရိုင်းမျိုးနွယ်ဝင် များ ဖြစ်သွားကြတယ် ။
“ဒီကောင်ကြီးမှာ ဘယ်လိုအားနည်းချက်မျိုးရှိမလဲ ၊ ကျွန်တောတို့ ဒီလိ်ုဆက်သွားလို့တော့ မဖြစ်ပေဘူး ။ ကျွန် တော်တို့ အားပဲ ကုန်သွားလိ့မ်မယ်”
ချန်ရှန် သူ၏ ဓားကို လှံတံလို အမြီးကြီးအား မတိုက် ခိုက်တော့ပါ ။ ဘေးသို့သာ ရှောင်တိမ်းနေတယ် ။
စပါးအုံးမိကျောင်းကြီးဟာ ၎င်း၏ အမြီး နှင့် ခေါင်းအား တချိန်တည်း သုံးပြီး တိုက်ခိုက်နေတာပါ ။ အံ့သြစရာပင် ၎င်း၏ ခန္ဓာကိုယ်ကြီးမှာ တွန့်လိမ်လျက် ချန်ရှန်ဆုတ်ခွာရာ သို့ လိုက်ပါလျက်ရှိတယ် ။ ကြီးမားလှသော သစ်ပင်ကြီး များဟာလည်း အလဲလဲ အပြိုပြိုပါပင် ။
လျူမန်ဂါ အတွက်လည်း အတော်ကို ရင်ဆိုင်ရခက်ခဲ နေပါတယ် ။ အဘယ်ကြောင့်ဆိုသော် မိကျောင်းကြီးဟာ ၎င်း၏ နံစော်လှသော အဆိပ်များဖြင့် ပတ်ဖျန်းနေသော ကြောင့်ပါ ။ အဆိပ်ထိမှန်သော အပင်များမှာ တခဏချင်း ပင် အရည်ပျော်သွားတာကြောင့် အတော်ပြင်းထန်သော အဆိပ်ပါပင် ။
“အရူးပဲ ၊ သူ့ခေါင်းရဲ့ အောက် ၇ လက်မလောက် နေ ရာကို တိုက် ၊ ဒီကောင်ကြီးက အရမ်းကြီးပေမယ့် ၎င်းရဲ့ အဓိက ကျတယ့် အပိုင်းက သာမန်မြွေတွေနဲ့ အတူတူပဲ ၊ အဲဒိအမှတ်ကို လိုက်ရှာပြီး ရိုက်”
လောင်ဆုရီ အော်ပြောပါတယ် ။
“ကျွန်မ က ခင်ဗျား အဲဒိနေရာကို သိပြီး တိုက်မယ် ထင် နေတာ ၊ ခင်ဗျားက မသိလို့ မတိုက်တာကိုး”
ချန်ရှန် အံ့သြသွားမိတယ် ။ ဒီလိုအတွေး ခုနုတုန်းက သူ့မှာ ရှိပါတယ် ။ ဒါပေမယ့်လည်း ထိုနေရာမှာလည်း မာ ကျောနေလိ့မ်မည်ဟု ခံစားမိလို့ပါ ။ ဒီစပါးအုံးမိကျောင်းကြီး ဟာ ၎င်း၏ ကိုယ်ကို မာကျောလှသည့် အကြေးခွံများဖြင့် ဖုံးထားတာ ဖြစ်ပြီး ဓားနဲ့ ခုတ်မည် ဆိုပါကလည်း မီးသာ ပွင့် မည် ဖြစ်ပါတယ် ။
“အမတော် မန်ဂါ ၊ ခုနစ်လက်မလောက်ကို ခုတ်”
ချန်ရှန် အော်ပြောလိုက်တယ် ။ ဒီအချိန်မှာတော့ ချန် ရှန် လောင်ဆုရီနည်းမှ လွဲပြီး တခြားမရှိသောကြောင့် ဒါကို ပဲ လုပ်ရပါမယ် ။ လျူမန်ဂါလည်း ချန်ရှန် ပြင်ဆင်နေပုံကို ကြည့်ရင်း စဉ်းစားချိန် မရှိတော့သည့်အတွက် ချန်ရှန် ၏ လှုပ်ရှားမှုနောက်သာ လိုက်ပါတော့တယ် ။
ချန်ရှန် ဟာ မြွေတစ်ကောင်လို ပင် တွားသွားကာ မကြာခင်မှာပဲ မိကျောင်း ၏ ခုနစ်လက်မ နေရာသို့ ရောက် သွားပါတယ် ။ အံကြိတ်ကာဖြင့် သူ၏ ဓားကြီးအား မြောက် ကာ သူ၏ အားကုန်သုံးပြီး လျှပ်စီးလိုပင် ပိုင်းချလိ်ုက်ပါ တယ် ။
ခုနစ်လက်မနေရာဆိုတာ အမှတ်အသားတစ်ခုပါပဲ ။ မြွေတို့ရဲ့ အားနည်းတယ့် နေရာဖြစ်ပြီး ယခုမိကျောင်း ကြီး ကလည်း မြွေအမျိုးနွယ် ၀င် ဖြစ်တာကြောင့် အလုပ်ဖြစ် မည် ဟု ထင်မိနေတယ် ။ မိကျောင်းကြီးဟာ ကြီးမားလှ သော်လည်း ချန်ရှန် ဟာ ဆေးပညာရှင်တစ်ယောက်ပီပီ ၎င်း၏ ၇ လက်မ အမှတ်အသားဆိုသည့် နေရာကို မှန်းဆ နိ်ုင်ပါတယ် ။
“ဒေါင်”
အသံတစ်ခုမြည်သွားပြီး ဓားဟာ မိကျောင်းကြီးကို တုန် သွားစေပါတယ် ။ရုန်းကန် လှုပ်ရှားကာဖြင့် မိကျောင်း ကြီးဟာ သစ်ပင်များစွာကို ပျက်စီးစေကုန်တော့တယ် ။
လျူမန်ဂါ ချန်ရှန် အလုပ်ဖြစ်တာကို ကြည့်ရင်း သူမ သည်လည်း ချန်ရှန်နား ခုန်လာကာ ခုနစ်လက်မ နေရာ အား သူမ၏ လှံတံဖြင့် ပိုင်းချ လိုက်ပါတော့တယ် ။ ထိုနေ ရာမှာ ပြတ်သွားခဲ့ပါတော့တယ် ။
မိကျောင်းကြီးမှာ ပိုမိုပြီး ရုန်းကန်လှုပ်ရှားလာကာ ၎င်း နေရာမှ သွေးများဟာလည်း ထွက်လာပါတော့တယ် ။ လျူ မန်ဂါ ၏ ထိုးနှက်မှုဟာ အောင်မြင်သွားပြီး ချန်ရှန်မှာလည်း ထိုနေရာသို့ နောက်တစ်ခါ သူ၏ ဓားကြီးဖြင့် ထပ်ပိုင်းချ လိုက်ပါတော့တယ် ။ ၎င်းဟာ မိကျောင်းကြီး ၏ အကြေးခွံ ကို မပိုင်းနိုင်ပေမယ့် နာကျင်မှုကို မိကျောင်းကြီး ခံစားရ ပါ တယ် ။
ဒီလိုနဲ့ ချန်ရှန် နှင့်လျူမန်ဂါ တို့ဟာ တလှည့်စီ ထိုနေ ရာသို့ တိုက်ခိုက်နေကြပြီး အချိန်တခဏအတွင်းမှာပဲ ထို ခုနစ်လက်မ နေရာတွင် အပေါက်ဒဏ်ရာများစွာ ဖြစ်ပေါ်နေ ပါတော့တယ် ။ ချန်ရှန်လည်း သူ ၏ အားအင်များအား စု စည်းကာဖြင့် ပိုင်းချလိုက်တယ့်အခါ နောက်ဆုံးမှာတော့ မိ ကျောင်းကြီး ၂ ပိုင်းပြတ်သွားရပါတော့တယ် . . . ။