Switch Mode

Chapter – 3

လက်ရှိ

Chapter – 3 လက်ရှိ

ယဲ့ဖန်းက သူ၏ လုပ်ငန်းများတွင် အောင်မြင်မှုများကို မရရှိသေးသော်လည်း အချို့သော အမည်မသိရသည့် အကြောင်းပြချက်များကြောင့် သူက ကောင်းကောင်း နေထိုင်နိုင်သည့်အပြင် စုမိဆောင်းမိထားသော ပိုက်ဆံများလည်း ရှိသည်။
လွန်ခဲ့သော ရက်အနည်းငယ်ခန့်ကမှ သူသည် Penzကို ဝယ်ထားခဲ့ပြီး တန်ကြေးမှာလည်း လျှိုယွမ်ကျစ်၏ တိုရိုတာကားထက် အလွန်မြင့်သည်။
သို့ရာတွင် လူမှု အသိုင်းအဝိုင်း အဆင့်အတန်းကို ကြည့်ပြီး အကဲဖြတ်တက်သော လူတို့ဟာ ယဲ့ဖန်းအတွက်မူ သာမန် အခြေခံလူတန်းစားဟုသာ သတ်မှတ်ရမည် ဖြစ်သည်။ နောက်ထပ် ဆယ်မိနစ်ကြာပြီးနောက် ယဲ့ဖန်းက ” ပင်လယ်ထက်မှ တောက်ပသော လမင်း ” အမည်ရသည့် ဖျော်ဖြေရေးစင်တာကို သွားလိုက်သည်။
ထိုနေရာတွင် အတူတူ တွေ့ဆုံရန် ချိန်းဆိုထားခြင်း ဖြစ်သည်။
ထိုနေရာက စူပါဖျော်ဖြေရေးစင်တာ တစ်ခုဖြစ်ပြီး အကျွေးအမွေးပိုင်းအတွက်လည်း အဆင်ပြေသလို ခပ်အေးအေး အနားယူရင်းဖြင့် တက်ကြွသည့် လှုပ်ရှားမှုများကို လုပ်ဆောင်၍ ရနိုင်သလို ပြည့်တန်ဆာများ အသွားအလာများသော နေရာတခုဖြစ်ပြီး အလွန် လူ စည်ကားသည်။
ကားပါကင်တွင် ရပ်ထားသော ဈေးမြင့်သည့် အမျိုးမျိုးသော ကားများကို ကြည့်ခြင်းဖြင့် စားသုံးသူများ၏ အဆင့်အတန်းကိုလည်း သိနိုင်မည် ဖြစ်သည်။
ဘွဲ့ရပြီးသည်မှ သုံးနှစ်သာကြာသောကြောင့် အတန်းဖော်အများစုက အလုပ်တွင် မအောင်မြင်သေးချေ။
ထိုသို့သောနေရာမျိုးတွင် တွေ့ဆုံရန် ရွေးချယ်ခြင်းကလည်း ချဲ့ကားခြင်းပင်ဖြစ်သည်ဟု ယဲ့ဖန်းက ခံစားရသည်။
သူက ကားပါကင်မှ ထွက်သွားပြီး အလယ်သို့လမ်းလျှောက်လိုက်သောအခါ သူ၏ အရှေ့တွင် ရင်းနှီးကျွမ်းဝင်သော ပုံရိပ်အချို့ကို မြင်လိုက်ရသည်။
ထိုသူများမှာ ပါတီတို့လာသော သူ၏ အတန်းဖော်များဖြစ်ကြပြီး အချို့ကိုဆိုလျှင် မမြင်ရသည်မှာ သုံးနှစ်ပင်ကြာသွားခဲ့ချေပြီ။
” ယဲ့ဖန်း …။ ”
ယဲ့ဖန်းကို မှတ်မိသွားသော စင်တာ၏ ဝင်ပေါက် မနီးမဝေးတွင် ရပ်နေသည့် သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားသော ကျော့ရှင်း ကြည့်ကောင်းသည့်လူငယ်တစ်ယောက်က အပြုံးနှင့်လှမ်း၍ နှုတ်ဆက်သည်။
” မင်းက ငါတို့ရဲ့ပါတီကို စီစဉ်ပေးခဲ့ပြီး ငါတို့ကိုတက်တက်ကြွကြွနဲ့ ကျွေးမွေးပြုစုမဲ့သူ ဖြစ်သင့်တယ်မဟုတ်လား … ။ ဒါကို မင်းက ဒီနေ့ နောက်ကျမှရောက်လာတယ်။ ဒါက မင်းရဲ့အမှားဘဲ … ။”
ထိုလူငယ်၏ နာမည်က ဝမ်ကျစ်ဝမ် ဖြစ်သည်။ ယနေ့တွေ့ဆုံပွဲကို စီစဉ်ခဲ့သော လူများထဲမှ တစ်ယောက်လည်း ဖြစ်၏။ သူက ကောလိပ်တွင်လည်း တက်ကြွသော လှုပ်ရှားမှုများကို လုပ်ဆောင်ခဲ့သူလည်းဖြစ်သည်။
လွန်ခဲ့သောသုံးနှစ်အတွင်း အခြားမြို့သို့ ပြောင်းရွှေ့သွားခဲ့ပြီး မျှော်လင့်ထားသည့်အတိုင်း သူ၏ စီးပွားရေးလုပ်ငန်းက ချော့မွှေ့စွာပင် ဖွံ့ဖြိုးတိုးတက်လာခဲ့သောကြောင့် သူ၏အနာဂတ်ဟာ တောက်ပနေသည်ဟု ဆိုရမည်ဖြစ်သည်။
တဖြည်းဖြည်းရောက်လာသော အတန်းဖော်များကများလာသည်။ သူတို့က အချိန်အတန်ကြာသည့်တိုင် အချင်းချင်း မတွေ့ဆုံခဲ့ရသော်လည်း ရင်းနှီးသောဆက်ဆံရေးများကို ပိုင်ဆိုင်ထားကြသေးသည်။
ဝမ်ကျစ်ဝမ်က ဝင်ပေါက်နားတွင် ရပ်လျက်တစ်စုံတစ်ယောက်ကို စောင့်နေသည်နှင့် တူသည်။
ယခုလို နေ့မျိုးတွင် သူက ထိုသို့စောင့်နေရလောက်အောင် ထိုက်တန်သောလူမျိုးကို အလွယ်တကူခန့်မှန်း၍ ရနိုင်သည်။
ဝမ်ကျစ်ဝမ်က ဉာဏ်ကောင်းသည်။ သူက အတန်းဖော်များကို ပါတီပွဲသို့ ဦးဆောင်ခေါ်သွားရန် ဆက်စောင့်မနေတော့ချေ။ သူသည် ပေါင်းသင်းဆက်ဆံရေး ပြေပြစ်သူတစ်ဦးဖြစ်ပြီး သူ၏ မိတ်ဆွေဟောင်းများနှင့်လည်း ကောင်းကောင်း ပြောဆို ဆက်ဆံနိုင်သည်။
ငါးလွှာတွင် သီးသန့်အခန်းတစ်ခန်းကို ယူထားခြင်းဖြစ်ပြီး လူသုံးဆယ်မှ ငါးဆယ်အထိ ဆန့်သည်။ ထိုအချိန်တွင် အပြင်ဘက်ရှိ ကောင်းကင်ဘက်မှ မည်းမှောင်နေလေပြီ။ ထို့ကြောင့် အတန်းဖော် အများစုက ရောက်နှင့်နေကြပြီ ဖြစ်သည်။
ယဲ့ဖန်းနှင့် အခြားသောအတန်းဖော်များ ရောက်လာသောဖြစ်ရပ်က ပါတီကို ပို၍ စည်ကားသွားစေသည်။
ထိုင်နှင့်နေပြီးသော လူများစွာက ချက်ချင်းပင် မတ်တပ်ထရပ်ကာ သူတို့ကို နွေးနွေးထွေးထွေး ကြိုဆိုကြသည်။ သူတို့အတွက် အချိန်က မည်မျှပင် ကွဲကွာခဲ့စေကာမူ ယခုလို ပြန်တွေ့ရသောအခါ သူတို့၏ အတိတ်က မှတ်ဉာဏ်များကို သူတို့၏ စိတ်ထဲတွင် ပြန်လည်ထင်ဟပ်လာစေသည်။
သုံးနှစ်ကြာပြီးနောက် သူတို့၏ လက်ရှိအသက်က နှစ်ဆယ့်ငါး သို့မဟုတ် နှစ်ဆယ့်ခြောက်နှစ် ဖြစ်နှင့်နေကြသည်။ အချို့မှာ လက်ထပ်ပြီးကြလေပြီ။
နှစ်ယောက်ဆိုလျှင် မိခင်များပင် ဖြစ်နှင့်နေကြပြီ ဖြစ်၏။ လူတိုင်းတွင်လည်း ကိုယ်စီ ဘဝလမ်းကြောင်းပေါ်ရောက်နေကြပြီဖြစ်သည်။ သို့သော် တိတိကျကျပြောရသော် အများစုက သာမန်ဘဝတွင်သာနေထိုင်နေကြသည်။
ကောလိပ်မှ သူတို့၏ အိမ်မက်များကို အချိန်က ရှင်းလင်းပစ်လိုက်နိုင်သည်။ ဤနည်းအားဖြင့် သူတို့ကိုသာမန်ဘဝသို့သာ တွန်းပို့လိုက်သည်။ အိမ်မက်က သူတို့နှင့်ဝေးသည်ထက်ဝေးအောင် ထွက်ပြေးသွားခဲ့သည်။ အများစုကမူ လက်ရှိသာမန်ဘဝတွင် နေထိုင်ရင်း ကျင့်သားရနှင့်နေပြီ။
ယဲ့ဖန်းကို ဝမ်ကျစ်ဝမ်က အခန်းထောင့် တစ်နေရာသို့ခေါ်သွားသည်။ ထိုနေရာတွင် လင်းကျားကလည်း ထိုင်နေသည်။ သူမတွင် လှပပြီး သေးငယ်သော မျက်ဝန်းတစ်စုံကို ပိုင်ဆိုင်ထားပြီး ခန္ဓာကိုယ်ကလည်း ပိန်ပါးသည်။
ထို့ပြင် ကောက်ကြောင်းများကလည်း ထင်ရှားနေပြန်သည်။ သူက ဂရုတစိုက် အကဲခပ်လိုက်ပြီးနောက် ထိုနေရာဝန်းကျင်တွင် ထိုင်နေသော အတန်းဖော်များက လက်ဝဲနယ်ပယ်တွင် အောင်မြင်နေကြသူများ သို့မဟုတ် အင်အားကြီးနောက်ခံကို ပိုင်ဆိုင်ထားသူများဖြစ်ကြောင်း သိလိုက်ရသည်။
” ယဲ့ဖန်း မင်း လာတာ နောက်ကျလိုက်တာ .. တောင်းပန်တဲ့အနေနဲ့ သုံးခွက် သောက်ရမယ် … ။”
” ဝိုင်သုံးခွက်က ဘယ်လောက်ပါ့မလဲ .. ။ မင်းက ငါတို့ရဲ့ သူငယ်ချင်းဟောင်းကို အထင်သေးတာလား … ။”
” ဘယ်အလှလေးကများ ငါ့ကို အပြစ်ပေးချင်နေတာလဲ … ။”
ယဲ့ဖန်းက သူ့က်ို အမုန်းသောက်ခိုင်းရန် ပြင်ဆင်ထားသော အမျိုးသားသူငယ်ချင်းဟောင်းများကို ပြန်နောက်လိုက်သည်။
” မင်းက ငါတို့ကို လှောင်ချင်တာလား .. ။ မင်းဘယ်လောက်သတ္တိရှိလဲ ကြည့်စမ်းပါဦး … ယဲ့ဖန်း … ။ ငါတို့ မင်းကို သေချာ​ပေါက် အပြစ်ပေးရမယ် … ။”
လျှိုယွန်ကျစ်က ထိုနေရာ၏ ဖိအားကို အနည်းနှင့်အများ ခံစားလိုက်ရသည်။
သူက ယဲ့ဖန်း၏ အနားတွင် ထိုင်နေခြင်း ဖြစ်သည်။ သူက နှာခေါင်းရှုံ့ကာ လှောင်လာသည်။
“မင်း ဒီနေရာကို လာဖို့ တက္ကစီ စောင့်နေရတာကို ငါ မေ့သွားတယ်။ မင်း နောက်ကျတာကို နားလည်နိုင်ပါတယ် .. ။”
သူ၏စကားက ပါတီအား မရင်းနှီးသောလေထုကို သယ်ဆောင်လာမိသွားသည်။ လူတိုင်းကလည်း ကောလိပ်ထဲက လျှိုယွန်ကျစ်က ယဲ့ဖန်းနှင့် ရန်ငြိုးရှိကြောင်း သိထားကြသည်။
လျှိုယွန်ကျစ်၏ စီးပွားရေးက ဤမြို့တွင် လျင်မြန်စွာဖြင့် ဖွံ့ဖြိုးတိုးတက်ခဲ့သည်။ ယခုအခါ သူက ယဲ့ဖန်းကို ပါတီသို့ မည်သို့လာကြောင်း ထောက်ပြလိုက်ကတည်းက ရန်သူကို တိမ်ငယ်အောင်လုပ်ချင်စိတ်အပြည့် ရှိကြောင်း သေချာသွားသည်။
လျှိုယွန်ကျစ်နှင့် ယဲ့ဖန်းအကြားမှ အဖြစ်အပျက်များကိုလည်း အခြားသောကျောင်းသားကျောင်းသူများက သတိထားမိလာကြသည်။ သို့ရာတွင် ယဲ့ဖန်းကမူ ခပ်ဖျော့ဖျော့သာ ပြုံးလျက် ဘာမှမပြောချေ။
” ငါ အပြင်ထွက်ပြီး ကျိုးရီကို သွားခေါ်လိုက်ဦးမယ် … ။”
ဝမ်ကျစ်ဝမ်က အကြောင်းပြချက်တစ်ခု ရှာပြီး အခန်းထဲမှ ထွက်သွားသည်။
လင်းကျားက အခြားသော အမျိုးသမီးအတန်းဖော်နှစ်ယောက်နှင့်အတူ ထိုင်နေပြီး အလှကုန်ပစ္စည်းများနှင့် ဇိမ်ခံ အဝတ်အစား ဘရမ်းပစ္စည်းများအ​ကြောင်း ပြောနေကြခြင်း ဖြစ်သည်။ အခြားသူများကလည်း လွန်ခဲ့သောကာလအတွင်း သူတို့ သုံးစွဲပြီး သဘောကျနှစ်ချိုက်သော ဘရမ်းများအကြောင်း သို့မဟုတ် စိတ်ရှိသော်လည်း မဝယ်နိုင်သေးသော ဘရမ်းများအကြောင်း ပြောပြကြသည်။
ထိုသို့ဖြင့် လျှိုယွန်ကျစ်ကြောင့် ဖြစ်စေခဲ့သည့် မရင်းနှီးသည့် လေထုအရှိန်က လုံးဝ ပျောက်ကွယ်သွားပြီး ပါတီ၏ လေထုအခြေအနေက သာယာဖွယ်ကောင်းလာပြီး တက်တက်ကြွကြွ ဖြစ်လာသည်။
သို့ရာတွင် ထိုကိစ္စကြောင့် သူတို့၏ ဆက်ဆံရေးက အနည်းနှင့်အများ ထိခိုက်သွားသည်။ မည်သူကမှ ယဲ့ဖန်းကို စကားတစ်ခွန်းမျှ မပြောကြ​တော့ဘဲ ဤမြို့မှာအအောင်မြင်ဆုံးစီးပွားရေးသမားဖြစ်သည့် လျှိုယွန်ကျစ်နှင့်သာ ပျော်ပျော်ရွှင်ရွှင် စကားပြောနေကြသည်။
ယဲ့ဖန်းက ကောလိပ်တွင် ကျော်ကြားခဲ့သော်လည်း သူတို့ဟာ ကောလိပ်မှ ဘွဲ့ရသွားပြီးနောက် ထိုကိစ္စကအရေးမကြီးတော့ချေ။ ယခုအချိန်တွင် လက်ရှိ အလုပ်ကသာ တန်ကြေးရှိသည်။
ယဲ့ဖန်း ထိုင်နေသော ထမင်းစားစာပွဲက အထူးတလည်အဝိုင်းပုံစံ ပြင်ဆင်ထားခြင်းဖြစ်ပြီး ပတ်ဝန်းကျင်ရှိလူတိုင်းကလည်း အောင်မြင်ကျော်ကြားသော အတန်းဖော်များ ဖြစ်သည်။ ယဲ့ဖန်းက ထိုနေရာတွင် ဝင်မဆံ့သလိုဖြစ်နေပြီး အရေးမပါသောလူတစ်ယောက်လို ခံစားလာရသည်။
သို့သော် ယဲ့ဖန်းကမူ ဂရုမစိုက်ချေ။ နောက်ဆုံးတွင် သူက မတ်တပ်ထရပ်လိုက်ပြီး အခြားသောကျောင်းသားများနှင့် အတူထိုင်ရန် ပြင်ဆင်လိုက်သည်။ သူက အထူးစားပွဲတွင် ဝင်ထိုင်ရလောက်အောင် မောက်မာသောသူလည်း မဖြစ်ချင်ချေ။
အမျိုးသမီးကျောင်းသူများအတွက် အလှကုန်နှင့် အဆင့်မြင့်အဝတ်စားများအ​ကြောင်းက အပြောချင်ဆုံးအကြောင်းအရာများဖြစ်ပြီး အမျိုးသားများက ဘောလုံးမှစပြီး အခြားသော လူမှု အသိုင်းအဝိုင်းဆိုင်ရာကိစ္စများကိုပြောရခြင်းကို နှစ်သက်ကြပြန်သည်။
ဝေးကွာကြပြီးနောက် လူတိုင်းက ထိုနေရာကို ရောက်နေကြပြီး စုဝေးပွဲကို စတင်သည်။ အတန်းထဲတွင်ကျောင်းသူကျောင်းသား သုံးဆယ့်သုံးယောက်ရှိပြီး သုံးယောက်မှာ ပြည်ပတွင် ပညာသင်ကြားခဲ့ကြသည်။ ငါးယောက်ကမူ အချို့သော ထူးခြားသည့်အကြောင်းပြချက်များကြောင့် မရောက်လာနိုင်ကြချေ။ ထို့ကြောင့် အားလုံးပေါင်း နှစ်ဆယ့်ငါးယောက်သာ ရှိနေသည်။
စုဝေးပွဲ စတင်ဆောင်ရွက်သူများနှင့် စီစဥ်သူများက တစ်ယောက်နှင့်တစ်ယောက် မိတ်ဆက်စကားတက်ပြောကာ ပါတီကို နွေးထွေးစေသည်။ ရောက်လာသောသူများက ကိုယ်စီ ဝိုင်းထိုင်၍ စကားပြောနေကြသည်။
လူတိုင်းက ယခုလို ပြန်လည်တွေ့ဆုံပွဲအတွက် အောင်ပွဲခံရန် ခွက်ချင်းတိုက်ကြသည်။ ခွဲထိုင်နေသောအဖွဲ့ကို တမင်တကာပြင်ဆင်ထားခြင်း မဟုတ်ဘဲ ကျော်ကြားမှုနှင့် ထိုလူများ၏နောက်ခံကြောင့် ပြင်ဆင်ပေးထားခဲ့ခြင်း ဖြစ်သည်။
သို့ရာတွင် ယဲ့ဖန်းက လင်းကျား၊ လျှိုယွန်ကျစ်တို့နှင့်သွားမထိုင်ဘဲ အခြားဝိုင်းတစ်ခုကို သာမန်ကာလျှန်ကာ ရွေးချယ်လိုက်သည်။
စကားပြောသည့်ကဏ္ဍပြီးသည့်နောက် ပါတီက ပို၍ပင်ခပ်အေးအေးဖြစ်လာသည်။ အချို့ကဆိုလျှင် ထိုင်ခုံမျှမထိုင်ဘဲ အခြားသူများနှင့် ခွက်ချင်းတိုက်ကြသည်။ အချို့ကမူ ဝိုင်ကိုင်လျက် အတန်းဖော်များကို ဝိုင်းနှင်ပြီး အမူးသောက်ခိုင်းနေကြသည်။
လွန်ခဲ့သောသုံးနှစ်အတွင်း ကိစ္စများစွာက ဖြစ်ပျက်ပြီးလူတိုင်းက ပြောင်းလဲခဲ့လေပြီ။ အရက်ကြောင့် လှုံ့ဆော်ခံရပြီး လူအများစုက သူတို့၏ အတွေ့အကြုံများကို စပြောလာကြသည်။ အချို့ကမူ သူတို့၏ လက်ရှိဘဝကို ဂုဏ်ယူနေကြပြီး အချို့ကမူ မကျေနပ်ကြသေးချေ။
အချို့ကမူ အပြစ်ရှာတက်လွန်းသည့် သူတို့၏ သူဋ္ဌေးများကို သဘောမကျကြချေ။ သူတို့အနေဖြင့် အချိန်တိုင်းလိုလို အချိန်ပို ဆင်းနေရပြီး လစာကလည်းအလွန်နည်းနေသည်။
မိန်းကလေးတစ်ယောက်ကမူ သူမ၏ ကောင်လေးက နာမည်ကြီးကန်ပဏီတစ်ခုမှ ဌာနတာဝန်ခံဟု ပြောလာသည်။ အခြားသော မိန်းကလေးတစ်ယောက်က သူမ၏ခင်ပွန်းက ကန်ပဏီ၏ ဒု ဥက္ကဌအဖြစ်ရာထူးတိုးခံရကြောင်း ပြောလာသည်။ တစ်စုံတစ်ယောက်ကမူ သူ၏ ဇနီးလောင်းက ဘဏ်မှအလုပ် အမှုဆောင်အဖွဲ့၏ တူမဟု ဆိုသည်။ သို့ရာတွင် အတန်းဖော် အများစုက တခြားသူများ၏ ပုံပြင်ကိုသာ နားထောင်နေကြပြီး တိတ်ဆိတ်နေကြသည်။ သူတို့က ပျော်ပျော်ရွှင်ရွှင် မနေခဲ့ရသောကြောင့်လည်း ဖြစ်သည်။
စိတ်ဓာတ်ကျနေသော မိန်းကလေးတစ်ယောက်လည်းရှိသည်။ တစ်စုံတစ်ယောက်က သူမက သူမ မချစ်သောကောင်လေးတစ်ယောက်ကို လက်ထပ်သွားရသည်ဟု ဝင်ပြောပေးသေးသည်။
သူမက လက်ထပ်ပြီးနောက် အမြဲတစေ စိတ်ဆင်းရဲနေရသည်။ သူမ၏ ခင်ပွန်းက တစ်နေ့လုံး မူးရူးနေသည်။ အချို့သော အတန်းသူများကမူ သူမ၏ ခန္ဓာကိုယ်တွင်ဒဏ်ရာများရှိသည်ဟု ဆိုသည်။
” မင်း ငါ့ရဲ့ အကူအညီကို လိုရင် ဖုန်းသာ ခေါ်လိုက် .. ။” ယဲ့ဖန်းကလည်း ထိုကောင်မလေးကို သနားသွားသည်။ မည်သို့ပင်ဆိုစေ ကောလိပ်မှာ သူမက သူ့အပေါ် ကောင်းအောင် လုပ်ပေးနိုင်ခဲ့သည်။ ယခင်ကဆိုလျှင် ထိုမိန်းခလေးက ရှက်ရွံ့ပြီး မျက်ရည်စီးကြောင်းများနှင့် ချစ်စရာကောင်းသော ပုံစံမျိုးနှင့်အတူ ဘောလုံးကွင်း အပြင်ဘက်တွင် ရပ်လျက် ယဲ့ဖန်းကို လက်ပြနှုတ်ဆက်တတ်သူ ဖြစ်သည်။
သူမက ကျေးဇူးတင်စွာ ခေါင်းငြိမ့်လိုက်ပြီး ယဲ့ဖန်းကိုအသံတိုးတိုးဖြင့် ကျေးဇူးတင်ကြောင်း ပြောလိုက်သည်။
” ယဲ့ဖန်း ….။ နင် နင့်ကို နင်ဘဲ အရင်ဆုံး ကူညီသင့်တယ်ထင်တယ် …။ ”
သူမ၏ခင်ပွန်းက ဒု ဥက္ကဌအဖြစ် ရာထူးတိုးသွားပြီဟုပြောသော ကောင်မလေးက ယဲ့ဖန်း၏ စကားကို ခပ်ရိုင်းရိုင်း ဖြတ်ပြောသည်။
“နင် လျှိုယွန်ကျစ်ဆီကနေ သင်ယူသင့်တယ် .. ။ သူဘယ်လောက်အောင်မြင်နေသလဲ ကြည့်ပါဦး … ။ ”
ရောက်နေသူတိုင်းက ယဲ့ဖန်းကို ကြည့်ကြသည်။ ထို့နောက် လျှိုယွန်ကျစ်နှင့် သူ့ကို ယှဥ်ကြည့်ကြသည်။
” ယဲ့ဖန်း .. ငါတို့ကောလိပ်က ဘွဲ့ရပြီးကတည်းက မင်းရဲ့ဒဏ္ဍာရီတွေက ရပ်တံ့သွားပြီ … ။ ငါတို့ ကျောင်းထွက်လာပြီးထဲက အရာအားလုံးက ပြောင်းလဲသွားပြီ။ လုံ့လ၊ ဝီရိယ မရှိဘဲ မင်း အောင်မြင်နိုင်မှာ မဟုတ်ဘူး။ ငါ ဘာကိုဆိုလိုလဲဆိုတာကို မင်း သိတယ် မဟုတ်လား။”
ပြောလိုက်သောကောင်လေးကလည်း သူ၏ ဇနီးလောင်းက ဘဏ် အလုပ်အမှုဆောင်၏ တူမဟု ကြွားခဲ့သောသူ ဖြစ်သည်။
သူတို့ကို သူတို့ လျှိုယွန်ကျစ်နှင့် နှိုင်းယှဥ်ကြည့်ပြီးနောက် အတန်းဖော် ကျောင်းသားအများစုက စိတ်ဓာတ်ကျသွားကြသည်။ သူတို့က ကျောင်းတွင်းရှိချိန်ကထက် အလိုလို ဆိုးရွားသော မှတ်တမ်းများကိုရရှိခဲ့၏။ ယဲ့ဖန်းက လျှိုယွန်ကျစ်ထက် ကျောင်းတွင်းတွင် သာခဲ့သော် ယခုအခါ လျှိုယွန်ကျစ်ကို မယှဥ်နိုင်တော့ချေ။ အချို့သူများက မူးနေကြပြီဖြစ်ပြီး သူတို့ကိုယ်သူတို့ တစ်ဖက်သူနှင့်နှိုင်းယှဥ်လျက် သူတို့ မည်မျှချမ်းသာချင်ကြောင်း ​ပြောဆိုနေကြသည်။
အချို့သော မိန်းကလေးများက ယဲ့ဖန်းကို စတင်ကာ လှောင်ကြသည်။ သူတို့အားလုံးက ကောလိပ်တွင် ယဲ့ဖန်းကို သဘောကျနှစ်ကြိုက်ကြပြီး ယခုမူ လျှိုယွန်ကျစ်ကို သဘာမကျမိခဲ့သည့်အတွက်လည်း နောင်တရနေကြသည်။
အပိုင်း ( ၃ ) ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset