Switch Mode

Chapter – 167

နယ်ပယ်ထဲကနယ်ပယ်

Chapter – 167 နယ်ပယ်ထဲကနယ်ပယ်

“ဒီ လျို့ ဝှက်ဆန်းကြယ်နယ်ပယ် က ပွင့်တော့မယ် ၊ ကျွန်တောတို့ မြန်မြန် သွားပြီး အမည်းရောင်လိပ်ချပ်ဝတ် ကို သွားယူမှ ဖြစ်မယ်”
ချန်ရှန် အလျင်စလို ပြောလိုက်ပါတယ် ။
လျူမန်ဂါ ခေါင်းညိ့မ်ကာ ချန်ရှန် နှင့်အတူ အလျင်အ မြန်ပင် လှေကို လှော်ကြပါတော့တယ် ။
“မိုးပြာနဂါး နတ်မိစ္ဆာဓား ၊ အမည်းရောင်လိပ်ချပ်ဝတ် ၊ နှစ်ခုလုံးဟာ နတ်သားရဲလေးကောင်ထဲက သားရဲနာမည် ၂ ခုပါလား ၊ သူတို့ဟာ ဆက်စပ်မှု ရှိနေမလား”
လျူမန်ဂါ မေးမြန်းလိုက်တယ် ။
ချန်ရှန် က ခနဲ့တဲ့တဲ့ဖြင့် –
“အမတော် မန်ဂါ ၊ ခင်ဗျားမှာ အနီရင့်ငှက်ရဲ့ နတ်လက် နက် ရှိတယ်လို့ ကြားတယ် ။ ကျွန်တော့ကို ကြည့်ခွင့်ပေး နိုင်မလား”
ချန်ရှန် ၏ စကားကို ကြားတယ့်အခါ လျူမန်ဂါ ၏ အမူ အရာ ပြောင်းသွားတယ် ။ မျက်မှောင်ကြုတ်ကာဖြင့် ချန်ရှန် ကို အေးစက်စက် မေးလိုက်တယ် ။
“မင်းဒါကို ဘယ်က ကြားတာလဲ ၊ ဒါက တကယ့်လျို့ ၀ှက်ချက် ၊ ဒါကို သိတာဆိုလို့ သုံးယောက်ပဲ ရှိတယ် ။ ငါ ရယ် ၊ ငါ့မိဘ ၂ ပါးရယ် ၊ အခု သူတို့ ၂ ယောက်က အဆင့် မြင့် နယ်ပယ်ကို ရောက်သွားကြပြီ”
ချန်ရှန် ဟာ ဒီအကြောင်းကို စုမေးယိုထံမှ ကြားသိခဲ့ တာဖြစ်ပြီး စုမေးယိုကလည်း သူမ၏ ဆရာထံမှ သိခဲ့တာပါ၊ စုမေးယို နှင့် ဘိုင်ယုယု တို့ရဲ့ ဆရာဟာ ရက်စက်တတ် သော နတ်မိစ္ဆာ ကျင့်စဉ်ကို ကျင့်သူတစ်ဦး ဖြစ်ပါတယ် ။ ထို အလှပဂေး ၂ ယောက်ဟာလည်း သူမတို့၏ ဆရာဖြစ်သူ အ ကြောင်း ချန်ရှန်ကို တိတိပပ မပြောဘူးကြပါချေ ။
“ဒါကို . . .”
ဒီအနီရင့် ငှက်၏ နတ်လက်နက် ဟာ အလွန်ပင် လျို့ ၀ှက်ဆန်းကြယ်ပေလိ့မ်မည် ။ သူအလျင်အမြန်ပင်စဉ်းစား ကာ ပြန်ဖြေလိုက်တယ် ။
“စီနီယာက ကျွန်တော့ကို ပြောပြတာ ၊ ခင်ဗျားသိသင့် တာက ကျွန်တော့ရဲ့ စွမ်းအားတွေနဲ့ ဆေးပညာအစွမ်းတွေ ရရှိလာတာဟာ ကျွန်တော် တစ်ယောက်ထဲ ကြောင့်ပဲ မ ဟုတ်ဘူး ။ ကျွန်တော့စီနီယာ ကြောင့်သာပဲ ဖြစ်တယ် ။ ဒါ ပေမယ့် သူ့အကြောင်းကို ကျွန်တော်လည်း သိပ်တော့ မသိ လှဘူး”
လျူမန်ဂါ ခေါင်းညိ့မ်လိုက်တယ် ။ ချန်ရှန်၏ စကားမှာ အကျိုးအကြောင်း ဆီလျော်သောကြောင့်ပါ ။ ဒီလိုကြီးမား တဲ့ မော်တယ်ကမ္ဘာကြီးမှာ ပုန်းကွယ်နေသော နဂါးနှင့် ငုံ့ လျိုးနေသော ကျားတို့ကို ရှာဖို့ မဖြစ်နိုင်ဘူးဆိုတာ မရှိပါ ဘူး ။ ထိုအချိန်မှာပဲ ချန်ရှန် ဟာ လျို့ ဝှက်ချက်များဖြင့် ပြည့် သူတစ်ယောက် ဆိုတာ သူမ နားလည်လာပါတယ် ။
“ငါ့မှာ ရှိပါတယ် ။ ဒါပေမယ့် ဘယ်လို အသုံးပြုရမလဲ ငါ မသိဘူး ၊ ဒါ့အပြင် လက်ရှိမှာ ပိတ်ထားတဲ့ အခြေအနေပဲ ။ ငါထိန်းချုပ်လို့ မဖြစ်နိုင်ဘူး ဖြစ်နေတယ် ။ ငါအဲဒိအပေါ် သွေးစက်လည်း ချပြီးပြီ အသုံးမ၀င်ခဲ့ဘူး ။ မင်း ဒီကိစ္စနဲ့ ပတ်သက်ပြီး သိတာရှိလား”
လျူမန်ဂါ ခပ်လောလောလေး ပြန်ဖြေလိုက်တယ် ။ နတ်လက်နတ်ရဲ့ ပုံရိပ်ကို ဖော်ထုတ်ရန် သူမ ကြိုးစားနေ တာ ဖြစ်ပြီး သူမ၏ မိဘများပင် ဒါကို မသိပါချေ ။
ချန်ရှန် နတ်လက်နက် သင်္ကေတ လေးခု အကြောင်း အား လျူမန်ဂါကို ပြောသင့်မပြောသင့် စုမေးယိုအား မေး ရန် ဆုံးဖြတ်လိုက်တယ် ။
လျူမန်ဂါ နှင့် ချန်ရှန် တို့အကြား ဆက်ဆံမှုဟာ မဆိုး လှဟု စုးမေးယိုနှင့် ဘိုင်ယုယု တို့ တွေးမိကြတယ် ။ လျူမန် ဂါ ဟာ လူကောင်းတစ်ယောက် ဖြစ်တယ့်အပြင် ချန်ရှန် နှင့် ရှန်းရှန်း တို့ အပေါ်မှာလည်း တကယ်ကောင်းသူ ဖြစ်ပါ တယ် ။ ချန်ရှန်အား တစ်စုံတစ်ခု ထိခိုက်စေမည် ဆိုပါက ကာကွယ်မည်လည်း ဖြစ်ပါတယ် ။
“မင်း သူမကို ပြောနိုင်ပါတယ် ။ ဒါပေမယ့် သူမကို လျို့ ၀ှက်ခိုင်းထားပေး ။ ဒီလိုမှ မဟုတ် တစ်ယောက်ယောက် သိ သွားရင်တော့ မင်းပဲ ဒုက္ခတွေ့ လိမ့်မယ်”
စုမေးယို ပြောလိုက်တယ် ။
ချန်ရှန် သက်ပြင်းရှည်ချကာ –
“မိုးပြာနဂါး ဓား ၊ အမည်းရောင်လိပ်ချပ်ဝတ် ၊ ခင်ဗျား ဆီမှာ ရှိတယ့် အနီရင့်ငှက် လက်နက် နဲ့ အဖြူရောင်ကျား ရဲ့ ပစ္စည်းတို့ဟာ အတူတူပဲ ဆက်စပ်နေကြတယ် ။ ဒီ လေး ခုကို နတ်သင်္ကေတလေးခု ရဲ့ နတ်လက်နတ်လို့ ခေါ်တယ် ၊ အားလုံးဟာ နတ်လက်နက်တွေပေါ့”
နတ်လက်နက် တွေတဲ့လား . . .
လျူမန်ဂါ ခပ်တောင့်တောင့် ဖြစ်ကာ အံ့သြသွားတယ် ၊ သက်ပြင်းတစ်ချက် ချကာဖြင့် –
“မင်းရဲ့ ဓားက သိပ်အစွမ်းထက်နေတာ အံ့သြစရာ မဟုတ်တော့ဘူး ၊ ကောင်းကင်ဘုံ အထက်က နတ်လက် နက်ပေကိုး”
“ငါအသုံးမပြု နိုင်တာက ဘာလို့လဲ”
လျူမန်ဂါ စိတ်ပျက်လက်ပျက် ဖြင့် ပြောပါတယ် ။
“ငါနည်းအမျိုးမျိုး နဲ့ ကြိုးစားပြီးပြီ ၊ ဒါပေမယ့် ဘယ်လို မှ နားမလည်နိုင်တော့ဘူး”
“ကျွန်တော် ကြည့်လို့ ရနိုင်မလား”
ချန်ရှန် မေးလိုက်ပါတယ် ။
အကြောင်းကိစ္စမရှိပါပဲ နဲ့ လျူမန်ဂါ၏ ပါးဟာ နီရဲလာ ပါတယ် ။ စကားတစ်ခွန်းမျှ မပြောတော့ပဲ ခဏကြာမှ –
“မင်း အမည်းရောင်လိပ် ချပ်ဝတ်ကို ရရင် ငါတို့ ဒီကိစ္စ ထပ်ပြောကြတာပေါ့ ။ မင်းနတ်လက်နက်ကို ဘယ်လိုထိန်း ချုပ်မလဲ ဆိုတာ ကြည့်ချင်တယ်”
နတ်သင်္ကေတ လေးခုရဲ့ လက်နက်တွေကို ထိန်းချုပ် ဖို့ အတွက် နတ်အတွင်းအားသင်္ကေတလေးခု ကျင့်စဉ်အား ကျင့်ကြံထားသူဖြစ်ဖို့ လိုပါတယ် ။ ၎င်း ကျင့်စဉ်ဟာ အလွန် ပင် အစွမ်းထက်လှပြီး ထိုက်ကျိ နတ်နဂါးကျင့်စဉ်ဖြင့်ပင် ယှဉ်လို့ ရပါတယ် ။ ချန်ရှန် တွေးမိတာက ဒီကျင့်စဉ်ဟာ စွမ်းအားအလွန်ကြီးသူ ဖန်တီးခဲ့တာဖြစ်ပြီး နတ်လက်နက် များဖြင့်လည်း ဆက်စပ်နေပါသေးတယ် ။ ဒဏ္ဍာရီလာ ပုဂ္ဂိုလ် တစ်ဦး မှ ယခုလက်နက်များကို ပြုလုပ်ခဲ့တာဖြစ်ပြီး ရည်ရွက်ချက်ရှိရှိ လျို့ ဝှက်ဆန်းကြယ် နယ်ပယ်များထဲမှ ရတနာများအဖြစ် ဖန်တီးခဲ့တာ ဖြစ်ပါလိမ့်မယ် ။
အမည်းရောင်လိပ်လျို့ ဝှက်ဆန်းကြယ် နယ်ပယ် ၏ ကောလဟာလ များဟာ ပြင်းပြင်းထန်ထန်ကို ပျံနှံ့ နေတာ ဖြစ်ပါတယ် ။ လျူမန်ဂါ နှင့် ချန်ရှန် တို့ဟာ ကျယ်လောင် စွာ မြည်ဟည်းခဲ့သော သားရဲအသံမျိုးကို တစ်ခါမျှ မကြားခဲ့ဖူး ကြပါ ။
၎င်းတို့ ၂ ဦးဟာ လျို့ ဝှက်ဆန်းကြယ် နယ်ပယ်ထဲမှာ ပိတ်နေကြတာဖြစ်ပြီး နောက်ကျိလှသည့် ရွှံ့ နွံ မြစ်ကို ကျော်ဖြတ်ကာ ကြီးမားမည်းမှောင်လှသော မြစ်ကြီးထဲသို့ ၀င်ရောက်ခဲ့ကြတာပါ ။ နောက်ပြီး သူတို့ဟာ လမ်းတစ် လျှောက် နက်ရှိုင်းသော ချောက်ကြီးများကိုလည်း ၀င်ခဲ့ ကြပြီး များစွာသော သားရဲများ နှင့် အဆိပ်သားရဲများကို လည်း ကြုံတွေ့ ခဲ့ကြပါသေးတယ် ။ ဒါပေမယ့် သူတို့ ရေစုန် အတိုင်းပဲ စုန်ဆင်းလာကာ မည်သည့် တိုက်ခိုက်မှုမျှတော့ မခံရတော့ပါ ။
အခုအခါ ၎င်းတို့ဟာ မြစ်ငယ်လေးတစ်ခုမှာ ရှိနေကြ ပြီး အဆုံးမှာတော့ တောင်တစ်လုံး ရှိနေတယ် ။ တောင် ရဲ့ တစ်ဖက်မှာတော့ လိုဏ်ခေါင်းတစ်ခု ရှိနေပြီး ခပ်ဝေးဝေး မှပင် ထိုလိုဏ်ခေါင်းမှ အပြာရောင် အငွေ့ များထွက်နေတာ ကို မြင်တွေ့ နိုင်ပါတယ် ။
ထိုအချိန်မှာပဲ လောင်ဆုရီ က လေးနက်သော အသံ ဖြင့် –
“အမည်းရောင်လိပ် လျို့ ဝှက်ဆန်းကြယ်နယ်ပယ် ၀င် ပေါက်ကတော့ ပွင့်ပြီ ။ လေဟာနယ် စွမ်းအား နဲ့ အချိန် အ တက်အကျ ကလည်း အတော် ပြင်းထန်တယ် ။ အတွင်း နဲ့ အပြင် အချိန် စီးဆင်းမှုက ကွာခြားတယ် ။ ကျွန်မတွေ့ တာ ကတော့ ဒီထဲက ရက် ၃၀ ဟာ အပြင်မှာ ၃ ရက်ကြာမယ်”
ဆယ်ဆလောက် ကွာခြားခြင်းပါပင် ။ ယခုနေရာမှာ ဘာ မျှ ကြီးကြီးမားမား ပြောင်းလဲခြင်း မရှိပဲ အတွင်းနဲ့ အပြင် သာ ကြီးမားတယ့် ကွာခြားချက်ကြီး ဖြစ်နေတာပါ ။
“အလွန်ပြင်းထန်တယ့် အတက်အကျဖြစ်မှုပဲ ၊ ကြည့် ရတာ လျို့ ဝှက်ဆန်းကြယ် နယ်ပယ်တော့ ပွင့်ပြီ ထင်တယ် ၊ ရှန်းရှန်း ၀င်မလာပါစေနဲ့လို့တော့ မျှော်လင့်ရတာပဲ ။ ငါ ထင်တာကတော့ ချီဓာတ်တွေ ပိတ်ထားခြင်း ခံရတာမို့ လူ အတော်များများတော့ ၀င်ချင်မှ ၀င်လိ့မ်မယ်ထင်တယ်”
လျူမန်ဂါ စိုးရိမ်သံဖြင့် ပြောပါတယ် ။
ချန်ရှန် နှင့် လျူမန်ဂါ တို့ လှေကို အားစိုက်လှော်နေပါ တယ် ။ သူတို့ဦးတည်ရာကတော့ အငွေ့ များထွက်နေ သည့် လိုဏ်ခေါင်းကို ဖြစ်ပါတယ် ။ အမည်းရောင်လိပ် လျို့ ၀ှက်ဆန်းကြယ် နယ်ပယ် ဟာ အလွန်ကြီးမားပြီး လှပါလှ တယ် ။ ဒါပေမယ့် သားရဲမိစ္ဆာအများအပြား ရှိနေပြီး ချီဓာတ် များကိုလည်း ပိတ်လှောင်ခြင်း ခံထားရပါတယ် ။ တစ်စုံ တစ်ဦးဟာ ထိုသားရဲအုပ်နှင့် ကြုံမည် ဆိုပါက သေဆုံးမည် မှာ အသေအချာပါပင် ။
သူတို့ဟာ လိုဏ်ခေါင်းထဲဝင်ရောက်လာခဲ့ပြီး ထိုအ တွင်းမှ ရေဟာ အတော်နွေးပါတယ် ။ တမူထူးခြားသော စွမ်းအင် တစ်ခုခု ရှိနေသလိုပါပဲ ။ လိုဏ်ခေါင်း အဆုံးမှာ တော့ အဖြူရောင်အလင်းတန်းတစ်ခု ရှိနေတယ် ။ လျူမန် ဂါ နှင့် ချန်ရှန် တို့ဟာ စိတ်လှုပ်ရှားလျက် ထိုနေရာမှာ အ မည်းရောင်လိပ် ချပ်ဝတ် ရှိနေလိ့မ်မည်ဟု ထင်နေကြပါ တော့တယ် ။
“သွားကြစို့ ၊ ဂရုစိုက်ဦး”
လျူမန်ဂါ လေအပြည့် ရှူသွင်းကာ အရှေ့ ကို ကြည့် လျက် ပြောပါတယ် ။
ချန်ရှန် လည်း ခေါင်းညိမ့်ကာဖြင့် လှေကို လှော်နေ တယ် ။ မကြာခင်မှာပင် လေငယ်ဟာ ထိုအဖြူရောင် အ လင်းတန်း နေရာကို ၀င်ရောက်သွားပါတော့တယ် ။
ချန်ရှန်တို့ လှေကို အဖြူရောင်အလင်းတန်း မျက်နှာ ပြင်အား ဖြတ်သန်းသွားသော အခါ လျို့ ဝှက်ဆန်းကြယ် နယ်ပယ်ကြီး တစ်ခုလုံးဟာ တုန်ခါသွားတယ် ။
ချန်ရှန် တို့ နှာခေါင်းဝ သို့ အမွှေးရနံ့ တစ်ခု ၀င်လာပြီး သူတို့ လန်းဆန်းသွားသလို ခံစားလိုက်ကြရပါတယ် ။ သူတို့ ရှေ့ မှာ မြင်လိုက်ရတာကတော့ တခြားကမ္ဘာတစ်ခု လိုပါပဲ ။ ရေမျက်နာပြင် တစ်ခု ရှိနေပြီး ရေပေါ်မှာတော့ မြက်များဟာ မျောနေကြတယ် ။ ထိုအပေါ်မှာတော့ လှပ သော ပန်းများ ရှိနေပြီး သူတို့ရှေ့ မနီးမဝေးတွင် ကျွန်းတစ်ခု ရှိနေပါတယ် ။ ခပ်လှမ်းလှမ်းမှ ကျွန်းကိုကြည့်တဲ့အခါ ပင်လယ်ထဲမှ ကြီးမားသော လိပ်ကြီး တွားသွားသလိုပင် ထင်ရပါတယ် ။
“လျို့ ဝှက်ဆန်းကြယ်နယ်ပယ် ထဲက နောက်ထပ်လျို့ ၀ှက်ဆန်းကြယ် နယ်ပယ် တစ်ခုများလား ၊ နောက်ကျ ဘာ ဆက်ဖြစ်မှာလဲ”
လျူမန်ဂါ ပတ်ဝန်းကျင်ကို တစ်ချက် လေ့လာရင်း ပြော လိုက်ပါတယ် ။ ယခုနေရာမှာတော့ ဝိဉာဉ်တော် ချီ ဓာတ်များဟာ ပိုမို ပေါများပြီး သူမအနေနှင့်လည်း ဒီလို နယ်ပယ် တစ်ခုထဲမှ နယ်ပယ် အကြောင်း တစ်ခါမျှ မကြား ဖူးခဲ့ပါချေ ။
“အပြင်မှာတောင် သားရဲတွေ ဒီလောက်များနေတာ ဒီ မှာဆိုရင်ကော . . .”
ချန်ရှန် ပြောလိုက်ပြီး ခပ်မြန်မြန်ပင် လှမ်းမြင်နေရ သော ကျွန်းဆီသို့ လှော်ခတ်နေပါတော့တယ် ။
“အမတော် မန်ဂါ ၊ ကျွန်းအနီးတဝိုက်က အခြေအနေ ဘယ်လိုလဲ”
ချန်ရှန် မေးလိုက်တယ် ။ ၎င်းတို့ဟာ လှေမှ မစွန့်ခွာ ရဲ ကြပေ ။ ဒီရက်တွေမှာ ၎င်းတို့ဟာ ရေထဲမှာနေတာသာ ပို မို လုံခြုံသလို ဖြစ်နေတာ ဖြစ်ပြီး ယခုနယ်ပယ်ထဲမှာလည်း သူတို့၏ ချီဓာတ်များကို အသုံးပြုမရသေးပါဘူး ။
“ဘယ်အန္တရာယ်မှတော့ မတွေ့ သေးဘူး ၊ ဒီမှာ ငါတို့ လမ်းလျှောက်လို့ရတယ်”
လျူမန်ဂါ ခုန်လိုက်ကာ ကမ်းခြေပေါ် တက်လိ်ုက်ပါ တယ် ။ သူမပုံစံမှာ အလွန်လှပပြီး ကြည့်ကောင်းလှပါ တယ် ။
ချန်ရှန် ပြုံးလိုက်မိပြီး သူလည်း ကမ်းခြေပေါ်သို့ ခုန် တက်လိုက်တယ် ။ ထို့နောက်မှာတော့ ကျွန်းအတွင်းသို့ လျှောက်သွားကြပါတယ် ။ အတွင်းမှာတော့ ထူထည်းလှ သော တောအုပ်ရှိနေပြီး ယခုအချိန်မှာ ကောင်းကင်ကြီးမှာ လည်းပြာလဲ့ကာ တိမ်များမှာ ဖြူဖွေးနေပြီး လေအေးများ တိုက်ခိုက်နေသော်လည်း သူတို့အရှေ့ မှ တောအုပ်မှာ တော့ အန္တရာယ် အငွေ့ အသက်များ ပေးနေသလိုပါပင် ။
ကျွန်ဟာ အရမ်းတော့မကြီးလှချေ ။ ချန်ရှန် တို့ နာရီ ၀က်လောက်နားပြီး ကျွန်းကို စက်ဝိုင်းပုံစံ ပတ်ကြည့်ကြပါ တယ် ။ သားရဲမိစ္ဆာများ၏ ခြေရာများကို မတွေ့ ရပဲ တခြားအန္တရာယ်ရှိသည့်အရိပ်အယောင်လည်း မတွေ့ ပါ ချေ ။
၎င်းတို့၏ ချီဓာတ်များကို အသုံးပြုလို့မရရှိသေးတာ ကြောင့် ၎င်းတို့ဟာ ဘာလုပ်လုပ် ဂရုတစိုက်ဖြင့် ပြုလုပ်ပါ တယ် ။
မည်းမှောင်လှသော တောအုပ်ကြီးကို ကြည့်ရင်း ချန် ရှန်တို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကြတယ် ။ ထို့နောက် ခေါင်းညိမ့်ကာဖြင့် ထွက်သွားကြပါတယ် ။ ထို အချိန်မှာပဲ ကျယ်လောင်လှသော ဟိန်းဟောက်သံကြီး တစ်ခု ထပ်မံပေါ်ပေါက်လာတာကြောင့် ကြက်သည်းများ ပင် ထသွားကြပါတော့တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset