Switch Mode

Chapter – 166

ရေလမ်းကြောင်း

Chapter – 166 ရေလမ်းကြောင်း

ချန်ရှန် နဲ့ လျူမန်ဂါတို့ ဟာ လှေပေါ်မှ ကြွက်များအား ၎င်းတို့၏ ချွန်မြလှသော နတ်လက်နက်များဖြင့် ရှင်းလင်း နေ ပါတယ် ။ တချိန်တည်းမှာပဲ လျူမန်ဂါဟာ သူမ၏ နတ် အတွင်းအားအာရုံဖြင့် လှေကို ရွေ့ လျားစေလိုက်ပြီး ကမ်း ခြေမှ ခွာလိုက်တယ် ။ အခုအခါမှာတော့ လှေတစ်ခုလုံး ဟာ ကြွက်သွေးများဖြင့် ဖုံးလွှမ်းလျက် ရှိနေပါတယ် ။ ချန်ရှန် ၏ ကိုယ်မှလည်း သွေးများထွက်လျက် ရှိတယ် ။ ဒါ ပေမယ့် လျူမန်ဂါ ၏ အဖြူရောင် ၀တ်စုံမှာတော့ သွေး တ စက်မျှ ရှိမနေပါချေ ။ ခုနတုန်းက ချန်ရှန် လျူမန်ဂါ ၏ ၀တ် စုံဟာ တမူထူးခြားတယ့် အရည်အသွေးရှိတယ် ဆိုတာကို သတိ ပြုမိနေပါတယ် ။
လှေငယ်လေးဟာ ကမ်းခြေနဲ့ အတော် ဝေးနေပါပြီ ။ မကြာ ခင်မှာပဲ မြစ်ရဲ့ အလယ်ကို ရောက်ကာ ကြွက်များနှင့် ဝေး ကာ သွားပြီ ဖြစ်ပါတယ် ။ ကြွက်သေကြီးများဖြင့် ပြည့် ကာနေသောရေထဲသို့ ၎င်းတို့ဟာ ခြေပင် မချရဲပါ ။ ဒီ ကြွက်သေတွေကိုသာ သလင်းကျောက် တန်နဲ့ချီပြီးပင် ရနိင်လိ့မ်မယ်ဟု ချန်ရှန် တွေးလိုက်မိပါသေးတယ် ။ သူ၏ ဓားကို လှော်တက်သဖွယ် အသုံးပြုကာဖြင့် လှေငယ်လေး အား ကြွက်သေများကြားမှ လှော်ခတ်နေပါတယ် ။ သူ့အ တွေးကို ပြန်စဉ်းစားမိတယ့် အခါ ဇုရွန်နဲ့ အနေများသည့် အ တွက် စီးပွားရေးအရ တွက်ချက်မိနေခြင်းအား သဘော ပေါက်သွားပါတော့တယ် ။
“မင်းကိုယ်ကို ဆေးလိုက်ဦး”
ကြွက်များ ဆက်မလိုက်လာတော့သော ကြောင့် လျူ မန်ဂါ သက်ပြင်းချလိုက်တယ် ။
“မင်းဓားကို ငါ့ကို ကြည့်ခွင့် ပြုပါဦး”
“မကြည့်နဲ့ ၊ ဒီဓားက အရမ်းလေးတယ် ။ ထုတ်လိုက် ရင် လှေမြုပ်သွားလိမ့်မယ်”
ချန်ရှန်လှေပေါ် တက်လာကတည်းက သူ၏ဓားကြီး အား အဆင့် ၃ ဝိဉာဉ်တော် လက်နက် နှင့် လဲလိုက်တာ ဖြစ်ပါတယ် ။ ထိုအချိန်မှာပဲ ချန်ရှန် ရေထဲ ခုန်ချသွားကာ သူ့ကိုယ်ပေါ်ရှိ သွေးများအား ဆေးကြောလိုက်တယ် ။ ထို့ နောက် လျူမန်ဂါအား ထားကာ အ၀တ်အစားများ သွားလဲ လိုက်ပါတော့တယ် ။
သူမ၏ နောက်မှ ယောကျာ်းတစ်ဦး အ၀တ်ဗလာ ဖြစ် နေတာကို တွေးမိရင်း ရှက်သလို ဖြစ်နေပါတယ် ။ ပြီးခဲ့တဲ့ အချိန်လေးတွေမှာ ချန်ရှန် ဟာ သူမမွေးကတည်းက နှစ် ထောင်ပေါင်းများစွာ အတွင်း သူမ တစ်ခါမျှ မတွေ့ ကြုံဖူး သော အရာများအား ပေးစွမ်းနေတာကို သူမ သဘော ပေါက် မိပါတယ် ။
“မြစ်ထဲမှာ လုံခြုံမှုရှိရဲ့ လား”
လျူမန်ဂါ စီးဆင်းနေသော မြစ်ကို ကြည့်ကာ မေးမြန်း လိုက်ပါတယ် ။ သူမစိတ်ထဲ အနည်းငယ် စိုးရိမ်မိနေ ပါ တယ် ။ သူမ၏ နဂါးရိုးလှံအား ဆုပ်ကိုင်ကာ လှေပေါ်မှာ မတ်တပ်ရပ်လို နေပါတော့တယ် ။
ချန်ရှန် သူ၏ လက်များကို ပွတ်ခါရင်း –
“ကျွန်တော်လည်း မသိဘူး ၊ ကျွန်တော့ကို ပြောတာ ကတော့ ရေလမ်းကြောင်းက သွားတာ လုံခြုံတယ်တဲ့”
“အမတော် မန်ဂါ ၊ ခင်ဗျားရဲ့ အရိုးလှံ ဟာ အတော် ကို လှတယ် ။ ဘယ်လိုခေါ်လဲဗျ ၊ ကြွက်တွေကို သတ်တုန်းက လည်း သွေးတစ်စက်တောင် မစွန်းဘူး ။ ခင်ဗျား လှံကို ဝှေ့ ယမ်းနေပုံကလည်း တော်တော် ကို လှတယ် ဗျာ ၊ မျက်စိ ထဲ ပသာဒ ဖြစ်လွန်းတယ်”
ချန်ရှန် ချီးမွမ်းလိုက်တယ် ။ သူအမှန် အတိုင်းပြောခြင်း ပါ ။ သူခုနက ဓားကြီးဖြင့် ကြွက်များကို သတ်တုန်းက ယခု လို ပုံစံမျိုး လှလှ ပပ ရှိနေမည် မဟုတ်ပေ ။
“ကျောက်စိမ်းနဂါး အနမ်း”
လျူမန်ဂါ လှေပေါ်မှာ ရပ်ရင်း လှံကြီးကို လှပစွာ ကိုင် ထားလျက် ပြောဆိုပါတယ် ။ မြစ်ရေပြင်ကြီးကို တည်ငြိမ် စွာ ကြည့်ရင်း –
“ငါဒါကို ရတုန်းက ပျက်စီးနေတာ ၊ ဒီလို ပြန်ဖြစ်လာ ဖို့ နှစ်ပေါင်း ၃၀၀၀ လောက် စောင့်လိုက်ရတယ် ။ အဆင့် အတန်းကတော့ အတော်မြင့်တယ် ။ မော်တယ် အဆင့် လက်နက်တော့ မဟုတ်ဘူး”
သူမ အသံဟာ ဂုဏ်ယူနေသလိုပါပဲ ။ အဘယ်ကြောင့် ဆိုသော် ဒီလိုလက်နက်မျိုးကို ပြန်လည် ပြုပြင်နိုင်တာမို့ သူမ အတွက် ဂုဏ်ယူစရာပါပဲ ။
လှံ နာမည်ကတော့ အတော်လှပါတယ် ။ ဒါပေမယ့် ချန်ရှန် ကတော့ အနမ်း ဆိုသည့် နာမည်ကြောင့် တမျိုးထူး ဆန်းလို့ နေပါတယ် ။
“မင်းဓားရဲ့ နာမည်ကကော ဘာလဲ”
လျူမန်ဂါ မေးလိုက်တယ် ။
“မိုးပြာနဂါးနတ်မိစ္ဆာဓားသွားပါ ၊ အဓိကကတော့ ချီဓာတ်ကို လောင်းထည့်လိုက်ရင် အလေးချိန်တိုးလာပြီး ပို လေးလံလာလိ့မ်မယ် ။ ဒါပေမယ့် ကိုင်ထားသူ အတွက်က တော့ သာမန်လိုပါပဲ ။ ဟဲဟဲ စွမ်းတယ်မလား”
“အတော်ကို စွမ်းပါပေတယ်”
လျူမန်ဂါ သူမ၏ ခေါင်းကို ညိမ့်ကာ အသိအမှတ်ပြု လိုက်ပါတယ် ။ စိတ်ထဲမှာလည်း အံ့သြလို့နေပါတယ် ။
ရုတ်တရက်ကမ်းခြေမှ ကျယ်လောင်သော ဟိန်း သံ ကြီးကို ကြားလိုက်ရတယ် ။ သူတို့ ၂ ယောက်လုံး အသံ ကြားရာဆီသို့ ပြိုင်တူ လှည့်ကြည့်လိုက်တယ့် အခါမှာ တော့ လိပ်ပြာလွင့်မတတ် ကြောက်ရွံ့ သွားကြပြီး မျက်နာ များမှာလည်း ဖြူဖတ်ဖြူလျော် ဖြစ်သွားကြပါတယ် ။ အ ဘယ်ကြောင့်ဆိုသော် များပြားလှသော သားရဲကောင် အုပ် လိုက်ကြီး ဖြစ်ပါတယ် ။ အဝေးကကြည့်နေရင်း အတော် ကို တုန်လှုပ်နေမိကြပါတယ် ။
ချန်ရှန်က အံကြိတ်ကာဖြင့် –
“သွေးနံ့တွေကြောင့် ဒီကောင်တွေ ရောက်လာတာ ဖြစ် မယ် ။ အမည်းရောင်လိပ် ချပ်ဝတ်ကို ကျွန်တော် ရပြီး ရင် ရှန်းရှန်းကို ဒီကို လာခွင့်ပြုတော့မှာ မဟုတ်ဘူး ၊ အလွန်ပဲ အန္တရာယ် များလွန်းလှတယ်”
“ဟုတ်တယ် ၊ ချီဓာတ်တွေကို သုံးမရ တာ အတော် ဒုက္ခ ရောက်စေတာပဲ ၊ နှစ်တစ်သောင်းကာလအတွင်း သားရဲ ကောင်တွေ တကယ်ကို များပြားလာတာပဲ”
လျူမန်ဂါ လေအပြည့်ရှူကာ သွင်းလိုက်ပါတယ် ။ သူတို့ ဟာ ယခုအခါ ကမ်းခြေနှင့် အရမ်းကြီး ဝေးကွာသွား တာ မဟုတ်တာကြောင့် အန္တရာယ်ဟာ လက်တစ်ကမ်း အလို မှာပါပဲ ။
“ကြွက်အကောင် ၃၀ လောက်သတ်တာတောင် သားရဲ ဆေးတစ်လုံးမတွေ့ ရဘူး”
ချန်ရှန် စိတ်ပျက်စွာ ပြောပါတယ် ။
“သားရဲဆေးရှိတယ့် သားရဲမိစ္ဆာတွေက နည်းနည်းပဲ ရှိ တယ် ။ အလောင်းတစ်ခုဆီဟာ သလင်းကျောက် ၁ သောင်း လောက်စီ တန်တယ်ကွ”
ဒီလို ငွေပမာဏလောက်ကို သူမဟာ ဂရုမစိုက်ပုံပါပဲ ။
ကောင်းကင်ကြီးဟာ တဖြည်းဖြည်း လင်းလာပါပြီ ။ ဒါ ပေမယ့် တိမ်တွေ ထူထပ်တုန်းပါပဲ ။ ချန်ရှန်တို့ဟာ တညလုံး ရင်တမမဖြင့် ကမ်းခြေမှ သားရဲကြီးများအား ကြည့်ရင်း စိုးရိမ်နေကြပါတယ် ။ ဘယ်အချိန်များ ခုန်အုပ် မလဲ ဟု စိုးရိမ်နေမိကြသော်လည်း ၎င်းတို့ဟာ ရေကြောက် ပုံပါ ။
၁၀ ရက်လောက်ကြာသည်အထိ များစွာသော သားရဲ များဟာ ကမ်းခြေ ၂ ဖက်စလုံးမှာ စောင့်နေကြဆဲ ဖြစ်တာ မို့ ချန်ရှန် တို့ မလှုပ်ရှားနိုင် ဖြစ်နေပါတယ် ။ အမည်းရောင် လ်ိပ် လျို့ ဝှက်ဆန်းကြယ် နယ်ပယ်ထဲမှာ ရှိတယ့် ဝိဉာဉ် တော် ချီဓာတ်မျာဟာ အပြင်ကထက် အများကြီး ပိုများပါ တယ် ။ ဒါကြောင့်ပင် ၎င်းသားရဲများဟာ များစွာပေါက်ပွား လာတာ အံ့သြစရာ မရှိပါချေ ။ ဒါ့အပြင် နှစ် ၁ သောင်းလုံး လုံး အတားအဆီးမရှိ အချုပ်အနှောင်မရှိ လွတ်လပ်နေကြ တာလည်း ဖြစ်ပါတယ် ။
“သွားစရာ လမ်းမရှိတော့ဘူး”
လျူမန်ဂါ ရုတ်တရက်ပြောလိုက်တယ် ။ ခပ်လှမ်းလှမ်း အရှေ့ တွင် ကျောက်တောင်ကြီးတစ်ခု ပိတ်ဆို့ နေတာကို ချန်ရှန် တွေ့ လိုက်ရပါတယ် ။ ရေများဟာလည်း ထိုတောင်ကို ဖြတ်သန်းသွားနိုင်ပုံပါပဲ ။
ချန်ရှန် ပတ်ပတ်လည်ကို ကြည့်လိုက်တယ့်အခါ ရွှံ့များ ဖြင့် ပြည့်နေသော လမ်းတစ်ခုကို မြင်လိုက်ရတယ် ။ ရေ အချို့ လည်းရှိနေကာ ပုပ်အက်အက် အနံ့ကြီးလည်း ထွက် နေပါတယ် ။
“ဟိုမှာ ၊ ရေလမ်းကြောင်း တစ်ခု ဖြစ်မယ်”
ချန်ရှန် ထိုရွှံ့ များပြည့် ကာ နောက်ကျိ နေသော မြစ်ကို ညွှန်ပြလိုက်ပါ တယ် ။
လျူမန်ဂါ ဟာ ဘယ်သွားရမှန်းမသိဖြစ်နေသော် လည်း ရေလမ်းဖြင့် သွားတာက ပိုမို စိတ်ချလို့ ရနိုင်တာဖြစ် တာကြောင့် လှော်တက် ၂ ခုအားထုတ်ကာ ချန်ရှန် နှင့် အတူ လှေကို လှော်ပါတော့တယ် ။
“အမတော် မန်ဂါ နဲ့ လေတစ်စီးတည်း အတူလှော်ရ တာ ပျော်စရာပါပဲ ၊ ဟဟ”
ချန်ရှန် ရယ်မော ပြောဆိုလိုက်ပါတယ် ။
“မင်း နည်းနည်းလေးမှ စိုးရိမ်စိတ် မရှိဘူးလား”
လျူမန်ဂါ အေးစက်စက် မေးလိုက်တယ် ။ ပြီးခဲ့သော ညများကတည်းက သူမဟာ ခပ်တည်တည်သာ နေသော် လည်း ချန်ရှန် မှာ စပ်ဖြဲဖြဲ ပုံစံပါပဲ ။
“အမတော် မန်ဂါ ၊ ခင်ဗျားလည်း ပျော်ပျော် နေနိုင်တာ ပဲ ။ ခင်ဗျားရဲ့ လက်စွပ်ထဲမှာ ဒီလိုအရာမျိုးတွေ ရှိတာ မို့ ရှန်းရှန်းနဲ့ တောင် ဆော့လို့ ရသေးတယ်”
ချန်ရှန် ရယ်မော ပြောဆိုလိုက်ပါတယ် ။
“ဟဟ ၊ ကောင်မလေးကို ငါအများကြီး သင်ပေးပြီး သွားပြီ ။ သူမဟာ လှည့်စားမှုမှာလည်း အတော်ကို ကျွမ်း ကျင်နေပြီကွ”
လျူမန်ဂါ ပြန်ပြောလိုက်တယ် ။ သူမ ရှန်းရှန်း နှင့် ရှိနေ သည့်အခါ သူမ ပျော်ရွှင်သလို ခံစားရပါတယ် ။
“ဟဲဟဲ ၊ သူမကို ကစားနည်းမျိုးစုံ သင်ပေးတာ ကျွန် တော်ပဲ ဗျ”
ချန်ရှန် ရယ်မော ပြောဆိုလိုက်တယ် ။ ငယ်ဘ၀ ရှန်းရှန်း နှင့် ကစားခဲ့သည်များကို ပြန်တွေးရင်း သူ၏ မျက် နှာမှာ ပျော်ရွှင်မှုများ ယှက်သန်းသွားပါတယ် ။
ရေနောက်တယ့် အပိုင်းကို ၀င်လာတယ့် အခါမှာ လှော်ရတာ ပိုမို ခက်ခဲလာပါတယ် ။ ဒါပေမယ့် ချန်ရှန် နှင့် လျူမန်ဂါ တို့၏ အားများကြောင့် အသာအယာပင် ရွေ့ လျားနေပါတယ် ။ ဒါ့အပြင်ချန်ရှန်ဟာ ဆေးများစွာကို သယ်ယူလာခဲ့သောကြောင့် သူတို့အားတွေ အလျင်အမြန် ပြန်လည် ကောင်းမွန်လာစေပါတော့တယ် ။
“ကြည့်ပါဦး”
ချန်ရှန် အထိတ်တလန့်ဖြင့် အော်လိုက်ပါတယ် ။ နောက်ကျိနေတယ့် စမ်းချောင်းဟာ ရုတ်တရက် သိပ်သည်း လှသော ပုံရိပ်များဖြင့် ပြည့်နှက်သွားတယ် ။ ထို ပုံရိပ်များကတော့ အလွန်ကြီးမားလှသော ကင်းခြေများ များ ၊ ပင့်ကူများ ၊ ကင်းမြီးကောက်များ ၊ ဖားပြုပ်များနှင့် အမျိုးမျိုးသော အဆိပ်ရှိသည့် သားရဲများပင် ဖြစ်ပါတယ် ။ ၎င်းတို့အား ကြည့်ရင်း သူတို့ ၂ ယောက်ချွေးစေးများပင် ထွက်လာကာ ထိတ်လန့်နေကြတယ် ။ အကောင်ကြီးများ မှာ အလွန်ကြီးမားလှပြီး အဆိပ်ပြင်းသော အမျိုးအစားများ ပင် ဖြစ်ပါတယ် ။
လျူမန်ဂါ မျက်မှောင်ကြုတ်လိုက်ကာ သူမ မျက်နှာမှာ ပျက်ယွင်းလျက် ရှိနေပါတယ် ။ သူမသာ ချီဓာတ်များ အသုံးပြုလို့ရမည်ဆိုပါက ကမ်းခြေ ၂ ဖက်လုံး မီးဟုန်း ဟုန်း ဖြင့် တောက်လောက်နေမည်မှာ အသေချာပါပင် ။
“အမတော် မန်ဂါ ၊ ခင်ဗျား နဲ့ ဆေးဆရာမကြီး တို့ ဆက် ဆံ ရေးက ဘယ်လိုလဲဗျ”
ချန်ရှန် သူတို့ ရှေ့ မှ ကြောက်စရာမြင်ကွင်းကြောင့် စိတ် ပြေ ရာပြေကြောင်း မေးလိုက်ပါတယ် ။
အဆိပ်ပြင်းထန်လှသည့် သားရဲများမှာ ရေတွက်ရန် ပင် ခက်ခဲလှပါတယ် ။ ဒါပေမယ့် တစ်ကောင်မျှ ရွှံ့ နွံထဲ သို့ မဆင်းရဲသည့် အတွက် လျူမန်ဂါ စိတ်သက်သာရာ ရသွား ပါတယ် ။
“သူမက သူမ ဆေးတွေနဲ့ ငါ့ဝိဉာဉ်တော် လက်နက် တွေနဲ့ လဲလှယ်လေ့ရှိတယ် ။ ငါတို့ ဆက်ဆံရေးကလည်း ကောင်းပါတယ် ။ ဒါပေမယ့် ငါသူ့ရဲ့ ပုံရိပ်အစစ်မှန်ကိုတော့ တစ်ခါမျှ မမြင်ဘူးဘူး”
ဒီကိစ္စနဲ့ ပတ်သက်ပြီး လျူမန်ဂါ အတော်သိချင်နေပါ တယ် ။ဒီလို သိချင်ခဲ့သည်မှာ နှစ်ထောင်ပေါင်းများစွာပင် ကြာခဲ့ပြီ မဟုတ်ပါလော ။
“ဒန်ရှန်တောင်ယွမ် ရဲ့ ဂိုဏ်းချုပ်ကကော ဘယ်လိုလဲ ၊ သူမနဲ့ အဆက်အသွယ်ရှိလား”
ချန်ရှန် ထပ်မေးလိုက်ပါတယ် ။
“မရှိဘူး ၊ ငါသူမကို တစ်ခါမျှ မမြင်ဘူးဘူး ။ ဒါပေမယ့် အစေခံ ဆိုတယ့် တစ်ယောက်တော့ ငါ့ဆီ တခါတရံ လာ တတ်ပြီး ငါနဲ့ ပြောဖူးဆိုဖူးလေရဲ့ ၊ ဒန်ရှန် တောင်ယွမ် ရဲ့ ကိစ္စအားလုံးကို ဒီ အစေခံမိန်းမပဲ စီမံတာ”
လျူမန်ဂါ ပြန်ပြောပါတယ် ။ ချန်ရှန် ဘာလို့ ဒီလိုတွေ မေးနေလဲ ဆိုတာ သူမရိပ်မိပါတယ် ။ ဆေးဆရာမကြီးနဲ့ ဒန်ရှန် ဂိုဏ်းချုပ်တို့ ဆက်စပ်မှုအား သိချင်သဖြင့် သူမကို လာမေးခြင်း ဆိုတာ သဘောပေါက်ပုံပါပဲ ။ အဆိုပါ ၂ ဦး လုံးမှာ လျို့ ဝှက်ဆန်းကြယ်မှုများ ရှိနေမည်မှာ မလွဲပါချေ။
“ခင်ဗျားပြောတဲ့ အစေခံ မိန်းမဆိုတာ ဟွာရှန်ယူ လား”
ချန်ရှန် ရင်ထဲ ထိတ်ခနဲ ဖြစ်သွားတယ် ။ ဟွာရှန်ယူ ဒီလို မျိုး အခွင့်အာဏာမျိုး ရှိလိ့မ်မည်ဟု သူမထင်မှတ် ထားချေ ။ အံ့အားသင့်ဖွယ်ကောင်းလောက်အောင် ဒန်ရှန် တောင်ယွမ် တစ်ခုလုံးအား သူမ စီမံကွပ်ကဲနေသည် မ ဟုတ်ပါလော ။
“မင်းက မိန်းမ အများကြီးကို သိနေတော့တာပဲ”
လျူမန်ဂါ ခပ်လှောင်လှောင် ပြောပါတယ် ။
ရုတ်တရက်ပဲ အဆိပ်သားရဲများဟာ ပြန့်ကွဲသွားကြပြီး မကြာခင်မှာပင် ကျယ်လောင်သော အသံကြီးတစ်ခု မြည် ဟည်းလာပါတယ် ။ အမည်းရောင်လိပ် လျို့ ဝှက်ဆန်း ကြယ် နယ်ပယ်ကြီး တစ်ခုလုံး တုန်သွားကာ အသံများဟာ လည်း ကျယ်လောင်စွာ မြည်ဟည်းလျက် ထွက်ပေါ်လာပါ တော့တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset