Switch Mode

Chapter – 100

မှောင်ခို စျေးကွက်

စာကြည့်တိုက် တာအိုသခင်
အပိုင်း (၁၀၀) မှောင်ခိုဈေးကွက်။

” ယွမ်တစ်သိန်းနှစ်သောင်းလား … ”

ယဲ့ရှောင်က မေးလိုက်ရာ သူဌေးရွှီက ခေါင်းညိတ်သည်။ ထိုတန်ကြေးက ယဲ့ရှောင်တွေးထင်ထားသည့်အတွင်း ရှိသည်။ ထိုအကြောင်းအရင်းက သူ ပိုက်ဆံကို တန်ဖိုးသိပ်မထားရသည့် အကြောင်းအရင်းလည်း ဖြစ်သည်။ အရည်အချင်းရှိနေသရွေ့ ပိုက်ဆံအလွယ်တကူ ရနိုင်ပေ၏။

ဤမြင်ကွင်းကို ဥပမာယူနိုင်ပေ၏။

နတ်ဘုရားလက်မှုအတက်ပညာကို သင်ယူပြီးနောက် ယဲ့ရှောင်သည် သံရိုင်းဝယ်ရန် ယွမ်တစ်ထောင်သာသုံးပြီး ယွမ်တစ်သိန်းနှစ်သောင်းတန် ချီရှန်းအဆင့် ဓားတိုတစ်လက်ကို ဖန်တီးနိုင်၏။

အဆင့်မြင့်ကုန်ကြမ်းများ အသုံးပြုခဲ့လျှင် ယွမ်သိန်းချီ၊ သန်းချီတန်သည့် လက်နက်များနှင့် ချပ်ဝတ်တန်ဆာကို အလွယ်တကူဖန်တီးနိုင်မှာပဲ ဖြစ်၏။ ယင်းက အမှန်တကယ်အကျိုးအမြတ် ရှိသည်။

” ကောင်းပြီလေ … ဒီဈေးနဲ့သွားတာပေါ့ … ”

” ဟုတ်ပြီ … ပြီးရင် ပိုက်ဆံလွဲပေးလိုက်မယ် … ”

သူဌေးရွှီက ဓားကိုယူပြီး ဆက်ပြောလိုက်၏။

” ယဲ့ရှောင် မင်းနဲ့ ဆွေးနွေးချင်တာ တစ်ခုရှိတယ် … ”

” ပြောလေ … ”

” မင်းလက်နက်တွေ ပိုသန့်စင်ဖို့ ဆန္ဒရှိလား … ”

” ဘာကြောင့်လဲ … ”

” မင်းကြယ်ခုနှစ်လုံးတန်းမယ့်အကြောင်း ကြားဖူးလောက်မှာပါ … ကြယ်ခုနှစ်လုံးတန်းတဲ့နေ့ကြရင် ကြယ်တာရာသားရဲတွေက ပိုသန်မာလာပြီး လူသားတွေက ရူးသွပ်ကုန်လိမ့်မယ် … အခုလက်နက်တွေက ဈေးမြင့်နေတယ် … ဤကာလအတွင်း လက်နက်တွေက ဈေးတော်တော်မြင့်နေတာ … ဥပမာအနေနဲ့ သာလွန်အဆင့် သန့်စင်ထားတဲ့ သံမဏိဓားရှည်ဆိုရင် လက်တလောက သုံးထောင်ကြားကနေ လေးထောင်ကြားရောင်းနိုင်တာ … အခုဆို စတဲ့ဈေးက ငါးထောင်ပဲ … မင်းဆန္ဒရှိမယ်ဆိုရင် လက်နက်တွေ ပိုသန့်စင်နိုင်တယ် … အချိန်ကျလာတဲ့အခါ ငါက တန်ကြေးတိုးပေးပြီး ပိုမြင့်တဲ့ဈေးနဲ့ ရောင်းလိုက်မယ် … ဓားမော့တိုင်းအတွက် မင်း အနည်းဆုံး ယွမ်နှစ်ရာ၊ သုံးရာ ရမှာပဲ … ဝယ်ယူတဲ့ဈေးက ယွမ်သုံးထောင်ကျော်လိမ့်မယ် … မင်း တစ်ညကိုတစ်ခု သန့်စင်လို့ ရတယ် … နေ့အချိန်မှာ သန့်စင်ရင် အနည်းဆုံး သုံးခုလောက် ထုတ်လုပ်နိုင်မှာပဲ … တစ်ရက်ကို ယွမ်ထောင်ချီ ရနိုင်မယ်လေ … နှစ်လ၊ သုံးလအတွင်း ဒီလောက်ရပြီးပြီဆိုရင် အိမ်တစ်လုံးဝယ်ပြီး ချစ်သူရှာလို့ရပြီ … ဒါမကောင်းဘူးလား … ”

ယဲ့ရှောင်က ခေါင်းခါလိုက်လေ၏။

” ထားလိုက်တော့ … ကျွန်တော် သိပ်စိတ်ဝင်မစားဘူး … ”

” မလုပ်နဲ့ ထပ်စဥ်စားကြည့်အုံး … တစ်သက်မှာ တစ်ခါပဲရတဲ့ အခွင့်အရေးလေ … ဈေးအတွက်ကတော့ မင်း မကျေနပ်ရင် ထပ်ဆွေးနွေးလို့ ရတယ် … ”

” ပိုက်ဆံကြောင့် မဟုတ်ဘူး … ကျွန်တော် ပိုက်ဆံကို သိပ်စိတ်ဝင်မစားဘူး … အလုပ်သွားဖို့ နောက်ကျနေတော့မယ် … အရင်သွားနှင့်မယ် … ”

သူဌေးရွှီကို ထပ်မံငြင်းပယ်ပြီးနောက် ယဲ့ရှောင်က လှည့်ထွက်သွားတော့၏။

သူဌေးရွှီသည် ခေါင်းခါလျက် ကျန်ခဲ့၏။

နှမြောစရာပဲ။ ဒီကလေးက လက်နက်သန့်စင်ခြင်းမှာ အရည်အချင်းရှိရဲ့သားနဲ့။ ဒါပေမယ့် သူက အေးအေးလူလူနိုင်လွန်းတယ်။ ချောမောတဲ့မျက်နှာလေးရှိတာ ဘာအသုံးဝင်မှာလဲ။ ပိုက်ဆံမရှိရင် နောင်ကျ သူက ဆင်းရဲတဲ့ ပညာသင်သားတစ်ယောက်ပဲ ဖြစ်လာမှာမလား။

ပြီးနောက် သူသည် ဆိုင်ထဲ ပြန်ဝင်သွားကာ ယဲ့ရှောင်အား ပိုက်ဆံလွဲပေးလိုက်သည်။ ထိုစဥ် ယဲ့ရှောင်က စတင်တွေးတေနေပြီ ဖြစ်၏။

လက်နက်များ၏ တန်ကြေးတောင် မြင့်တက်သွား၏။ ကြယ်ခုနှစ်လုံးတန်းမည့်နေ့က နီးကပ်လာပြီဟု ဆိုလိုတာပဲ ဖြစ်သည်။ ထိုစဥ်က ကျန်းဟိုင်တစ်မြို့လုံးကို ရဟန်းအို ဖာ့ကျန်းက ရှင်းလင်းပေးခဲ့သည်။ သို့သော် ကြယ်တာရာသားရဲများ မရှိတော့ဟု မဆိုလိုပေ။

သားရဲကပ်ဘေး၌ ကြယ်တာရာသားရဲများက သိုသိုသိပ်သိပ်ပုန်းပြီး ကြီးပြင်းလာကြကာ အချို့က တိုက်ပွဲလေးများတောင် စုထားကြသောကြောင့် ဖြစ်သည်။ သားရဲလူသား အဖွဲ့အစည်းများစွာကဲ့သို့ပင်။ သူတို့တွင် အနည်းနှင့်အများ ကြံရာပါများ ရှိသည်။ သူတို့က ကျန်းဟိုင်မြို့ထဲတွင် မရှိလောက်ပေ။ အနီးအနားတောအုပ်များထဲတွင် ရှိနေတာလည်း ဖြစ်နိုင်၏။ ကြယ်ခုနှစ်လုံးတန်းသည်နှင့် သူတို့ခွန်အားက တိုးလာပြီး မြို့ကို ချက်ချင်းတိုက်ခိုက်ကြလိမ့်မည်။

ယဲ့ရှောင်က ထိုကြယ်တာရာသားရဲများကို ဂရုသိပ်မစိုက်ပေ။ အမှိုက်က ပိုသန်မာလာလျှင်တောင် အမှိုက်အမျိုးအစားထဲမှ တွယ်တက်နိုင်မှာ မဟုတ်ပေ။ သူ ယဲ့ရှောင်က သက်တောင့်သက်သာနေပြီး နိမ့်ချတက်သော်ငြား သဲအိတ်တစ်အိတ်ဟု မဆိုလိုပေ။ သူက ထိုအမှိုက်ကြယ်တာရာများကို ခပ်မြင့်မြင့် မတွေးထားရုံသာ ရှိသည်။ သူ ဂရုစိုက်သည့် တစ်ခုတည်းသောအရာက ဘုရင်အေးအ်ဖြစ်၏။

အံ့ဖွယ်အဆင့်ဝိညာဥ်၊ အံ့ဖွယ်အဆင့်ကြယ်တာရာ အမြုတေ၊ အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲအသား။ ၎င်းကို တွေးမိရုံဖြင့် သူ့ကို သရေကျစေ၏။ သို့သော် ကြယ်ခုနှစ်လုံးတန်းမည့်နေ့မရောက်ခင် အံ့ဖွယ်ဂိုဏ်းသို့ သူ အဆင့်တက်နိုင်မည်လားဆိုတာ မသေချာပေ။

သူက လက်နက်နှင့် ချပ်ဝတ်တန်ဆာအချို့ကို သန့်စင်ရန် တွေးတောသင့်၏။ ထိုအချိန်ရောက်လျှင် ယင်းက ဘုရင်အေးအ်ကို ထိခိုက်အောင် လုပ်နိုင်လျှင် ပိုကောင်းမည်။ ဒါကို ပြောတော့မှ ငါ့ရဲ့ လက်ရှိသန့်စင်တဲ့အဆင့်က မြင့်လွန်းနေတာ။

နောင်ကျ လောင်ရွှီနဲ့ စီးပွားရေးဆက်လုပ်နေမယ်ဆိုရင် ငါပေါ်သွားပြီး တခြားသူတွေ အာရုံစိုက်တာ ခံရနိုင်တယ်။ ဒါ့အပြင် ငါက ထိပ်တန်းအဆင့်ကုန်ကြမ်းတွေ ဝယ်ချင်တယ်ဆိုရင် ကျန်တဲ့သူတွေအတွက် ခြေရာခံဖို့က လွယ်သွားပြီ။ ငါ့ရဲ့ အထောက်အထားကို ထုတ်ဖော်ဖို့ လွယ်မှာ။ မြို့တိုင်းမှာ ဘာမဆိုဝယ်လို့ရတဲ့ မှောင်ခိုဈေးကွက်ရှိတယ်လို့ ကြားထားတယ်။ ငါ့ရဲ့ သွင်ပြင်ကိုပြောင်းလဲ၊ အထောက်အထားကို ပြောင်းလဲပြီး မှောင်ခိုဈေးကို တစ်ချက်လောက်သွားကြည့်လို့ ရမလား။ စာကြည့်တိုက်သို့ ရောက်ပြီးနောက် ယဲ့ရှောင်သည် အဂ္ဂိရတ်ပညာရပ်နှင့် သက်ဆိုင်သည့် စာအုပ်များကို စတင်ရှာဖွေကာ စတင်သင်ယူတော့၏။

နေ့အချိန်တွင် သူက အခြေခံအဂ္ဂိရတ်နည်းစနစ်၏ မတူညီသည့် ပုံစံနှစ်မျိုးကို ရှာတွေ့ပြီး ကျင့်ကြံရန်အတွက် ရွှေရောင်စာအုပ်ထဲ၌ သိမ်းထားလိုက်သည်။

အလုပ်ဆင်းပြီးနောက် သူသည် ကျန်းဟိုင်မြို့၏ မှောင်ခိုဈေးသို့ သွားတော့သည်။ မှောင်ခိုဈေးကဲ့သို့ နေရာမျိုးသည် စီရင်စုကိုးခု ဥပဒေ၏ ထိန်းချုပ်မှုအောက်တွင် မရှိပေ။ ဆိုရလျှင် ငှားရမ်းထားသော ကုမ္မဏီများ၏ ဝန်ထမ်းများစွာက ကြယ်တာရာသားရဲများကို အမဲလိုက်သည့်အချိန်၌ ငွေကြေးအချို့ ရရှိမှာ မလွဲမသွေပဲ ဖြစ်သည်။ ပစ္စည်းကောင်းအချို့ကို အပေါ်ယံတွင် ရောင်းချရန်မလွယ်ကူချေ။ မှောင်ခိုဈေးတွင်မူ ဈေးကောင်းကောင်းဖြင့် ရောင်းချနိုင်၏။ ထို့အပြင် အခွန်ကိုလည်း ရှောင်ရှားနိုင်မည်။ စွန့်စားမှုကတော့ မြင့်ပေ၏။

ရှေးဦးစွာ ဝယ်သူနှင့် ရောင်းသူကြား ရိုးသားဖြောင့်မတ်မှု၏ ပြဿနာတစ်ရပ်ရှိသည်။ ဒုတိယအချက်အနေဖြင့် ပစ္စည်းများရောင်းချခြင်းက အလွန်အန္တရာယ်များပြီး သတ်မှတ်ထားသည့် အကန့်အသတ်ကို ကျော်လွန်နေလျှင် မြို့စောင့်တပ်ဖွဲ့ဖမ်းတာခံရလျှင် အဆင်ပြေမှာ မဟုတ်ပေ။ တကယ်တော့ မှောင်ခိုဈေးတည်ရှိမှု ကိုယ်တိုင်ကိုက ခွင့်ပြုချက်မရသော်ငြား ၎င်း၏ တည်ရှိမှုက သက်ဆိုင်နေပြီးသား ဖြစ်သည်။ နောက်ကွယ်တွင် ကိတ်မုန့်ကို စားနေသည့် လူတစ်စုက ရှိနေမှာသေချာ၏။ မဟုတ်လျှင် ဈေးကွက် တည်ရှိနေမှာ မဟုတ်ပေ။

ယေဘူယျအားဖြင့် မည်သည့်အရာကို ပြုလုပ်စေကာမူ ချမှတ်ထားသော စည်းမျဥ်းအတွင်း၌ လိမ္မာသည့်ကလေးတစ်ယောက် ဖြစ်ရမည်။ ထိုစည်းမျဥ်းက လိမ္မာသည့် ကလေးတစ်ယောက်ဖြစ်ပြီး စီရင်စုကိုးခု၏ စည်းမျဥ်းများကို မဖောက်ဖျက်ရန် ဖြစ်သည်။ အနည်းဆုံးတော့ အကြောင်းအရင်းကို မျက်နှာပြောင်မတိုက်နိုင်ပေ။

ကောင်းမွန်သည့်ကလေးတစ်ယောက် ဟုတ်ခြင်းမဟုတ်ခြင်းက ကိုယ်ဆန္ဒရှိခြင်းမရှိခြင်းပေါ် မူတည်နေတာမဟုတ်ဘဲ လုပ်နိုင်မလုပ်နိုင်ပေါ် မူတည်နေတာ ယဲ့ရှောင် နားလည်၏။ သင်က အကောင်ကြီးသာဆိုလျှင် စည်းမျဥ်းပေါင်း သန်းတစ်ရာက သင်နှင့် မဆိုင်ပေ။ သင်က အမှိုက်တစ်စသာဆိုလျှင် သင် နာခံရမှာပဲ ဖြစ်သည်။

ယခုအချိန်တွင် သူက အမှိုက်ဟု သတ်မှတ်၍ မရသော်ငြား ရှန့်ထျန်းပဥ္စမအဆင့်တွင် ရှိသည်။ သူက စည်းမျဥ်းဖောက်ဖျက်သည့်ကိစ္စများ လုပ်မှာမဟုတ်ပေ။ မဟုတ်လျှင် သူ မှောင်ခိုဈေးသို့ သွားတော့မှာမဟုတ်။ ပွင့်ပွင့်လင်းလင်းဘဲ သူ့အတွက် ကုန်ကြမ်းများကို ပြင်ဆင်ပေးဖို့ သူဌေးရွှီကို တောင်းဆိုလိုက်မှာပဲ ဖြစ်သည်။

မှောင်ခိုဈေး၏ တည်နေရာက ကျန်းဟိုင်မြို့၏ အရှေ့မြောက်ထောင့်ရှိ ခရိုင်ထဲတွင် ရှိတာဖြစ်သည်။ ညဆယ်နာရီနှင့် မနက်သုံးနာရီကြား ဖွင့်နေကြဖြစ်၏။ ယဲ့ရှောင် ရောက်သည့်အချိန်တွင် မှောင်ခိုဈေးက စတင်နေပြီ ဖြစ်သည်။

သူက မျက်နှာပြောင်းရန် ရုပ်ဖျက်သည့်နည်းစနစ်တစ်ခုကို အသုံးပြုလိုက်သည်။ ကျန်သည့်သူများက သူ၏ သွင်ပြင်ကို မှတ်မိကြမှာ မဟုတ်ပေ။

လူတို့သည် နာမည်ကြီးမှာကို ကြောက်ရွံ့ကြ၏။ သို့သော် ဝက်များကမူ သန်မာကြမှာကို ကြောက်ရွံ့သည်။ သူတို့က လျှို့ဝှက်ချက်များကို သိမ်းထားရာ၌ ကောင်းမွန်သေး၏။ မလှမ်းမကမ်းကနေ သူက မှောင်ခိုဈေးထဲ၌ စုဝေးနေသော လူတစ်စုကို မြင်တွေ့ပြီးသား ဖြစ်သည်။ လမ်းမီးရောင်အောက်တွင် လူများ ဝင်ထွက်သွားလာနေသည်မှာ အလွန်စည်ကားလှ၏။ ဈေးဆိုင်တန်းများမှ အော်သံများကိုလည်း ရံဖန်ရံခါကြားနေရသည်။ ထိုမြင်ကွင်းက ယဲ့ရှောင် ယခင်ဘဝတုန်းက သူ၏ မိဘများနှင့် ရွာဈေးသို့သွားသည့်အချိန်နှင့် အတော်ဆင်တူနေသည်။ ယင်းက နွေးထွေးပြီး ဒေသခံပစ္စည်းများဖြင့် ပြည့်နေ၏။

စက္ကန့်အနည်းငယ်ကြာ အောက်မေ့တမ်းတပြီးနောက် လမ်းထဲသို့ဝင်ရန် လူအုပ်ကြီးနောက် လိုက်သွားသည်။

ပုခုံးပေါ်ရှိ ဝမ်လျို့လီကလည်း အထူးတလည် ဖြစ်သွားသည်။ အသွေးအရောင်ပြောင်းပြီး သာမန်အိမ်မွေးကြောင်နှင့် မခြားတော့ပေ။

” သခင် .. ဒီကို ကျွန်မတို့ ဘာလာလုပ်တာလဲ … အိမ်ပြန်ပြီး အိပ်တာကောင်းမယ် … ပျင်းစရာကောင်းလိုက်တာ … ”

” ပေါက်တက်ကရတွေ ငါတို့ ဒီမှာ စီးပွားရေးလုပ်ဖို့ ရောက်လာတာ … မင်းရဲ့ စွမ်းအင် (၁၂၀) ရာခိုင်နှုန်းကို ထည့်ထားရမယ် … ”

ဝမ်လျို့လီ၏ အကြည့်က ရုတ်တရက်အေးစက်သွားသည်။ ယင်းက မရိုးရှင်းပေ။ ယဲ့ရှောင်ကဲ့သို့ ထိပ်တန်းကျွမ်းကျင်တစ်ဦးက အတိအခန်းစီးပွားရေးတစ်ခုပမာ ဆက်ဆံနိုင်အောင်လုပ်နိုင်ခြင်း။ ယနေ့ညတွင် ကိစ္စကြီးတစ်ခုခု ဖြစ်တော့မည့်ပုံ ရသည်။

သူမ စဥ်းစားနေစဥ် သူတို့ နှစ်ယောက်နားထဲသို့ သာယာသည့်ရောင်းသံတစ်သံ ထွက်ပေါ်လာ၏။

” အသားလုံးတွေ … ဈေးနည်းတဲ့ အသားလုံးတွေ … မှောင်ခိုဈေးကွက်ထဲမှာ အကောင်းဆုံးပဲ … အရသာက နူးညံပြီး ချောမွေ့တယ် … လာစားကြည့်ကြပါအုံး … ”

အပိုင်း (၁၀၀) ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset