Switch Mode

Chapter – 99

နတ်ဘုရားဆန်သော လက်မှု အတတ်ပညာ

စာကြည့်တိုက်တာအိုသခင်
အပိုင်း (၉၉) နတ်ဘုရားဆန်သော လက်မှုအတက်ပညာ။

ယဲ့ရှောင်က အိမ်ပြန်ရောက်သည့်အချိန်၌ ရွှေရောင်စာအုပ်ထဲတွင် နောက်ဆုံးလက်နက်သန့်စင်ခြင်းနည်းစနစ်ကိုလည်း ကျင့်ကြံပြီးဖြစ်ကာ ပြီးပြည့်စုံသည့် အခြေအနေသို့ ရောက်နေပြီ ဖြစ်သည်။ ဆိုရလျှင် လက်နက်သန့်စင်ခြင်းနည်းစနစ် ကျင့်ကြံခြင်းအားလုံးက တိုက်ပွဲဝင်ကျင့်ကြံမှု နည်းစနစ်များ မဟုတ်ပေ။ ထို့ကြောင့် ထိုကဲ့သို့ ပြဿနာနှင့် ဝေးကွာလွန်းနေ၏။ ယင်းကို ပေါင်းစည်းနိုင်သည်။ ထို့ကြောင့် ယဲ့ရှောင်က တံခါးအပြင်ဘက်တွင် ဝမ်လျို့လီကို ပိတ်ထားလိုက်သည်။

” ပင်မတံခါးကိုကြည့်ထား … မခေါ်ဘဲ ဝင်မလာနဲ့ … ”

ဝမ်လျို့လီက ရေရွတ်ပြောလိုက်သည်။

” ဘာများ အရေးကြီးနေလို့လဲ … ငါ့ကိုများ နင့်ကျွန်လို့ မှတ်နေလား … နောက်ထပ်အနှစ်သုံးရာအတွင်းမှာ နင်ကို ဘယ်လိုဖြေရှင်းမလဲဆိုတာ ကြည့်ထား … ”

ပြောနေစဥ်၌ တံခါး၏ အဟကြားမှ မျက်စိကျိန်းလောက်သည် ရွှေရောင်အလင်းက ပေါ်ထွက်လာသည်။ ယင်းက ဝမ်လျို့လီကို စွမ်းအင်များ ကုန်ခမ်းသွားစေပြီး မျက်မှောင်ကြုတ်သွားစေ၏။

” ဒီကောင်က ထပ်သန်မာလာပြန်ပြီလား … သူက မသေမျိုးဆေးလုံးတွေများ စားနေတာများလား … သူ့ရဲ့ ကျင့်စဥ်က ဒုံးပျံလိုမျိုး ဘာကြောင့်ထိုးတက်နေရတာလဲ … ”

ကြယ်တာရာသားရဲများသည် အလိုအလျောက်သန်မာစွာ ကြီးပြင်းလာကြတာပဲ ဖြစ်သည်။ နဂါးအမျိုးအစား သွေးမျိုးဆက်ရှိသည့် ကြယ်တာရာသားရဲများသည် အမြန်ဆုံးသော ကျင့်ကြံမှုအရှိန်ရှိသည်ဟု ဆိုကြသည်။

သူနှင့် ယှဥ်လျှင် အဘယ်ကြောင့် အမှိုက်တစ်စနှယ် ခံစားနေရသနည်း။

” ဒီအတိုင်းသာ ဆက်ဖြစ်နေရင် နှစ်သုံးရာအတွင်းမှာ ငါ သူ့ကို အနိုင်မယူနိုင်မှာ ဆိုးရတယ် … ”

ခဏတာ စဥ်းစားပြီးနောက် လက်သီးကိုကျစ်ကျစ်ဆုပ်လိုက်၏။

” မဟုတ်ဘူး … ငါက ပုံရိပ်ယောင်ကြောင် … နဂါးအမျိုးအစားသွေးမျိုးဆက်နဲ့ ကြယ်တာရာသားရဲတစ်ကောင်ပဲ … မျှော်လင့်ချက်ကို ဘယ်လိုလုပ်လက်လျော့နိုင်မှာလဲ … နောက်ထပ် အနှစ်ငါးဆယ် ထပ်ပေါင်းလိုက်ရုံပဲ … အနှစ်သုံးရာငါးဆယ်အတွင်းမှာ မိုးထိအောင်ပျံတက်ပြီး ယဲ့ရှောင်ကို အိမ်မွေးတရိစ္ဆာန်တစ်ကောင်အဖြစ် ခေါ်ရမယ် … ”

အခန်းထဲတွင် ယဲ့ရှောင်၏ လက်နက်သန့်စင်ခြင်းနည်းစနစ်က အတူတကွပေါင်းစည်းလိုက်ပြီ ဖြစ်သည်။ မြန်မြန်ဆန်ဆန်ပင် လက်နက်သန့်စင်ခြင်း ကျင့်ကြံခြင်းနည်းစနစ်က ဖွဲ့တည်လာ၏။

နတ်ဘုရားလက်မှု အတက်ပညာ။

” လန်းလိုက်တဲ့ နာမည်ပဲ … ”

” ဒါကို ကောင်းကောင်းမသိတဲ့သူက ဒါကို စကားစုလို့ တွေးမိလောက်တယ် … ”

ပြီးနောက် တစ်ညတာစောင့်စားပြီးချိန်တွင် ရွှေရောင်စာအုပ်က ကျင့်ကြံခြင်းနည်းစနစ်ကို ကျင့်ကြံလို့ပြီးသွား၏။ နောင်နေ့ ယဲ့ရှောင် နိုးလာချိန်တွင် သူက လက်နက်သန့်စင်ရန် ပြင်ဆင်ထားခဲ့သည့် ကုန်ကြမ်းများအားလုံးကို ချက်ချင်းသုံးလိုက်သည်။

နတ်ဘုရားလက်မှု အတက်ပညာ။

အတတ်ပညာက လည်ပတ်လာပြီး သူ၏ ရှေ့၌ အပူချိန်မြင့်မားသည့် ဧရိယာတစ်ခုကို ဝိညာဥ်စွမ်းအင်က ဖွဲ့တည်လိုက်တော့သည်။

သံရိုင်း အပိုင်းအစတစ်ထောင်လုံးကို ပစ်ထည့်ပြီးနောက် အရည်ပျော်သွားသည့် သံများကို လျင်မြန်စွာ သန့်စင်ကာ မသန့်စင်မှုများကိုလည်း ဖယ်ထုတ်လိုက်သည်။ သို့သော် အရည်ပျော်နေသောသံများကို သန့်စင်ရန်လိုအပ်သည့်ပမာဏက ယခင်ကထက် ပိုနည်းသွားသည်။ ယခင်က ယဲ့ရှောင်သည် အရည်ပျော်နေသည့်သံကို သန့်စင်သည့်အချိန်၌ လက်နက်အသစ်တစ်ခု သွန်းလုပ်ရန်အတွက် အရည်များစွာကို သန့်စင်ရန် လိုအပ်သည်။ ယခုအချိန်တွင် သူက သံချောင်းကို သွန်းလုပ်ရန် လိုအပ်သည့် ပမာဏကိုသာ သန့်စင်ခဲ့၏။

” နည်းလိုက်တာ … ”

ယဲ့ရှောင်က အနည်းငယ် အံ့သြသွား၏။ သူ၏ အံ့ဖွယ်စွမ်းရည်က ပိုသန်မာလာပုံပေါ်သည်။ အဆုံးတွင်မူ ယင်းက တော်ဝင်နည်းစနစ်တစ်ခု ဖြစ်၏။ အခြေခံကျင့်ကြံခြင်းနည်းစနစ်များ ယှဥ်နိုင်သည့်အရာနှင့် ဝေးကွားသည်။

လက်နက်တစ်ခုလုပ်ဖို့အတွက် မလုံလောက်ဘူးလား။ ငါက ဓားလေးတစ်လက် သွန်းလုပ်ချင်ရုံပါပဲ။

ယဲ့ရှောင်သည် ၎င်းကို ဓားတစ်လက်အဖြစ် သွန်းလုပ်လိုက်၏။ ပြီးနောက် ကျင့်ကြံခြင်းနည်းစနစ်ကို ပြန်ရုပ်သိမ်းလိုက်သည်။ အတွေးတစ်ချက်ဖြင့် သူက ဓားကို လက်ထဲသို့ထည့်လိုက်လေ၏။

ဒီဓားရဲ့ အဆင့်ကိုကြည့်ရင် ချီရှန်းအဆင့် ရောက်နေလောက်ပြီ။ အရင်တုန်းက အဲ့ဒီ သံရိုင်းတွေက ချီရှန်းအဆင့်လက်နက် မသွန်းလုပ်လောက်ဘူးလို့ သံသယဝင်နေတာ။ ငါကိုယ်တိုင် ငါ့မျက်နှာ ဖြတ်ရိုက်မိလိမ့်မယ်လို့ မထင်ထားဘူး။ ဒါပေမယ့် ဒါလည်း ကောင်းတာပဲလေ။ လက်မှုအတက်ပညာက ပိုသန်မာလေ ငါ့အတွက် ပိုကောင်းလေပဲ။ သံရိုင်းရဲ့ အဆီအနှစ်ကိုသုံးပြီး ချီရှန်းအဆင့်လက်နက်ကို သွန်းလုပ်နိုင်တာ။ ပိုကောင်းတဲ့ ကုန်ကြမ်းတွေကို သုံးခဲ့မယ်ဆိုရင် ပိုကောင်းတဲ့တစ်ခုတောင် ရသွားမှာမလား။

လက်နက်သွန်းလုပ်သည့် နည်းစနစ်သည် လက်နက်များသာ သွန်းလုပ်နိုင်သည့် အရည်အချင်းရှိသည်။ သင့်တော်သည့် လက်နက်များ၊ ချပ်ဝတ်တန်ဆာများ ပြုလုပ်ရန်အတွက် ကောင်းမွန်သည့် ကုန်ကြမ်းပစ္စည်း လိုအပ်ပေ၏။

အဆင့်ပိုမြင့်သည့် လက်နက်ကို သွန်းလုပ်ရန်အတွက် ကြယ်တာရာသားရဲတစ်ကောင်၏ ဝိညာဥ် သို့မဟုတ် အစွမ်းထက်သော သိုင်းပညာရှင်တစ်ဦးက ၎င်းကို ချိတ်ပိတ်ထားရန် လိုအပ်ပြီး လက်နက်နှင့် ၎င်းကို ရောစပ်ရမည်ဟု ဆိုသည်။ ဤနည်းဖြင့်သာလျှင် အသန်မာဆုံးလက်နက်ကို သွန်းလုပ်နိုင်မှာ ဖြစ်သည်။ ထိုအချက်ကို တွေးမိလျှင် သူ ယခင်ဘဝတုန်းက လက်နက်များကို သွန်းလုပ်သည့်ရှေးဟောင်းပညာရှင်များနှင့် တစ်ထပ်ထဲ တူညီနေပေ၏။

သို့သော် သာမန်ကြယ်တာရာသားရဲဝိညာဥ်ကို အသုံးပြုပြီး သွန်းလုပ်ခြင်းက အဓိပ္ပါယ်မရှိပေ။ တိုးတက်မှုက မကောင်းပေ။ အဆင့်မြင့် ကြယ်တာရာသားရဲဝိညာဥ်က အလွန်ရှားပါးပြီး ရှာတွေ့ရန် ခက်ခဲသည်။ ထိုအချက်ကိုပြောသောအခါ ယဲ့ရှောင်သည် တစ်ယောက်ကို ရုတ်တရက်တွေးမိသွား၏။

ဘုရင်အေးအ်။

သူက ကောင်းကင်ဘုံအဆင့် ကြယ်တာရာသားရဲဖြစ်သောကြောင့် သူ၏ ရုပ်ခန္ဓာနှင့် ဝိညာဥ်က အလွန်အစွမ်းထက်သည်။ သူက ဘုရင်အေး၏ ဝိညာဥ်ဖြင့် လက်နက်ကောင်းတစ်ခု သို့မဟုတ် ချပ်ဝတ်တန်ဆာကို သေချာပေါက်သန့်စင်နိုင်၏။ မကြာမီတွင် ကြယ်ခုနှစ်လုံးတန်းသည့်နေ့ ရောက်တော့မည်။ ထိုအချိန်ရောက်လျှင် ဘုရင်အေး အပြင်ထွက်လာမည်လားဆိုတာ သူ မသိပေ။ အပြင်ထွက်လာလျှင် သူက ဘုရင်အေးအ်ကိုသတ်ပြီး သူ၏ ရုပ်ခန္ဓာနှင့် ဝိညာဥ်ကိုသုံးကာ လက်နက်တစ်ခု သို့မဟုတ် ချပ်ဝတ်တန်ဆာတစ်ခု သွန်းလုပ်မှာပဲ ဖြစ်သည်။ သို့သော် သူ၏ လက်ရှိ ကျင့်ကြံဆင့်က ရှန့်ထျန်းနယ်ပယ် ပဥ္စမအဆင့်တွင်သာ ရှိသေးသည်။ အလုပ် ပိုကြိုးစားရန် လိုအပ်၏။

သူသည် ရှန့်ထျန်းဆဠမအဆင့် သိုင်းပညာရပ်များ၏ အဓိပ္ပါယ်အစစ်အမှန်ကို နားလည်သဘောပေါက်ပြီ ဖြစ်သည်။ ဝိညာဥ်စွမ်းအင်ကို ဆက်လက်ကျင့်ကြံနိုင်သရွေ့ သူက ရှန့်ထျန်းဆဠမအဆင့်ကို အပြည့်အဝရောက်နိုင်မည်ဖြစ်ကာ မဟာချီရှန်း၏ အထွတ်အထိပ်သို့ ရောက်မည်ဖြစ်သည်။ ကျင့်ကြံခြင်းအရှိန်က ဖော်ပြခြင်းထက် အနည်းငယ်ပိုနှေးသည်။ ကျင့်ကြံခြင်းနည်းစနစ် မည်မျှကောင်းစေကာမူ ပိုမြင့်သည့်အဆင့်အထိ ချဲ့ထွင်ရန်လိုအပ်သော ဝိညာဥ်စွမ်းအင်ပမာဏကလည်း များလာ၏။ တစ်ဆင့်တိုးသွားသကဲ့သို့ မရိုးရှင်းပေ။

အဂ္ဂိရတ်ပညာရပ်ကို သင်ယူရင်ကော။

အဂ္ဂိရတ်ပညာရပ်သည် လူတစ်ယောက်၏ ကျင့်ကြံဆင့်ကို လျင်မြန်စွာ တိုးတက်စေနိုင်သော နည်းလမ်းတစ်ရပ် ဖြစ်သောကြောင့် ဖြစ်သည်။

အဂ္ဂိရတ်အတွက်က ပိုတန်ဖိုးကြီးသော်လည်း ကြယ်တာရာသားရဲများကို အမဲလိုက်ခြင်းဖြင့် အရင်းအမြစ်များကို ရနိုင်၏။ ထို့ကြောင့် သူသည် ဆေးလုံးများကို သန့်စင်နိုင်သည်။ ယင်းက ပြီးပြည့်စုံပေ၏။ သူ အဂ္ဂိရတ်ပညာရပ်ကို သင်ယူရန် ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် တွေးမိပြီးနောက် ယဲ့ရှောင်က ဓားကို ပစ်ထုတ်ကာ အလုပ်သွားလိုက်၏။

ရှေးဦးစွာ ပေါက်စီအချို့နှင့် နံနက်စာဆိုင်မှ ကြက်ဥစွပ်ပြုတ်ကို ဝယ်လိုက်၏။ ပြီးနောက် ကုန်ကြမ်းဆိုင်သို့ သွားလည်လိုက်တော့သည်။

” သူဌေးရွှီ … ”

သူသည် ဤနေရာ၌ ကုန်ကြမ်းများစွာ မကြာခဏဝယ်နေသောကြောင့် ယဲ့ရှောင်နှင့် သူဌေးက တစ်ယောက်နှင့်တစ်ယောက် အလွန်ရင်းနှီးနေပြီ ဖြစ်သည်။ သူဌေးရွှီက ချက်ချင်းပင် ပြုံးပြီး ထွက်လာလေ၏။

” မနေ့တုန်းက လက်နက်သန့်စင်ပြီးသားပြီလား … ”

” မနေ့တုန်းက ကျရှုံးခဲ့တယ် … ”

” တကယ်လား … ထူးဆန်းလိုက်တာ … ဒါပေမယ့် အဆင်ပြေပါတယ် … သာမန်ပန်းပဲသမားတစ်ယောက်ရဲ့ ကျရှုံးတဲ့နှုန်းက မင်းထက် ပိုမြင့်တယ် … မင်းက တစ်ကြိမ်ပဲ ကျရှုံးသေးတာ … ဒီတော့ ဘာမှမဟုတ်ဘူး … ”

ယဲ့ရှောင်က ခေါင်းညိတ်ပြီးနောက် သူ့အိတ်ကပ်ထဲမှ ဓားကို ထုတ်ပြလိုက်သည်။

” မနေ့တုန်းက အိမ်မှာ ပစ္စည်းတွေကို မွှေနှောက်တဲ့အချိန် ကျွန်တော်ရဲ့ ဘိုဘေးတွေ ထားခဲ့တဲ့ ဓားတစ်ချောင်ကို ရှာတွေ့လို့လေ … ဒီဟာ ဘယ်လောက်တန်လဲဆိုတာ ကြည့်ပေးနိုင်မလား … ”

သူဌေးရွှီသည် ပစ္စည်းကို မြင်တွေ့သည့်အချိန်၌ မျက်လုံးချက်ချင်းလက်သွားပြီး အမြန်ကြည့်လိုက်၏။

” လခွမ်း … ဒါက ချီရှန်းအဆင့် ဓားပဲ … ယဲ့ရှောင်ရေ … မင်းရဲ့ ဘိုးဘေးတွေက သူတို့အတွက် လက်နက်သွန်းလုပ်ပေးဖို့ အရည်အချင်းရှိတဲ့ သူတွေ ရှိနေတာပဲ … ”

ယဲ့ရှောင်က ပြုံးပြီး ပြန်မပြောပေ။ လက်တွေ့တွင်မူ သူက ဤလောကတွင် မိဘမဲ့တစ်ဦးဖြစ်၏။ မိဘများက ကြယ်တာရာသားရဲများကို ရင်ဆိုင်သည့်တိုက်ပွဲ၌ သေဆုံးခဲ့တာ ကြာပြီဖြစ်သည်။ သူ၏ ဘိုးဘေးများကို မည်သူမှမသိချေ။

သို့သော်ငြား သူက ဓားကို ချောချောမွေ့မွေ့ရောင်းထွက်အောင် အချက်အလက်ပြင်ဆင်ခဲ့သည်။ သူဌေးရွှီက ဓားကို အပြန်ပြန်အလှန်လှန်စစ်ဆေးပြီးနောက် မချီးကျူးပဲ မနေနိုင်တော့ချေ။

” ပစ္စည်းကောင်းပဲ … ဒါပေမယ့် ယဲ့ရှောင်ရေ .. တန်ကြေးကတော့ မင်း ထင်သလောက် ကောင်းမှာမဟုတ်ဘူး … ”

” ကျင့်ကြံခြင်းနည်းစနစ်ပဲဖြစ်ဖြစ် လက်နက်တွေ ချပ်ဝတ်တန်ဆာတွေ ဆေးလုံးတွေ ဘယ်ဟာပဲဖြစ်ဖြစ် ချီရှန်းအဆင့်ပစ္စည်းတွေက သာမန်နဲ့ သာလွန်ပစ္စည်းတွေအတွက် သေချာပေါက်တန်ဖိုးပိုကြီးတယ်ဆိုတာ မင်းလည်း သိတာပဲ … သာမန်ပစ္စည်းတွေက ရာဂဏန်းကနေ ထောင်ဂဏန်းအထိ သာလွန်ပစ္စည်းတွေက ထောင်ဂဏန်းကနေ သောင်းဂဏန်းအထိ ချီရှန်းပစ္စည်းတွေက သိန်းဂဏန်းကနေပြီးတော့ သန်းဂဏန်းအထိ ရှိနိုင်တယ် … ဒါပေမယ့် မင်းရဲ့ ပစ္စည်းက သေးလွန်းတယ် … ဒါသာ တကယ်ဓားမော့ဆိုရင် သတ္တိမရှိတဲ့ကောင်က အနည်းဆုံးတော့ ဂဏန်းခြောက်လုံးပေးမယ်ဆိုပြီး လိမ်မှာပဲ … ဒါပေမယ့် မင်းရဲ့ ဒီဓားက ငါနဲ့အတူတူလောက်ပဲ .. အလွန်ဆုံးမှာ ဒါကို လက်နက်ပုန်းအဖြစ် သုံးလို့ရရုံပဲ … သုံးရတာ အဆင်မပြေဘူး … ဈေးကောင်းကောင်းရောင်းထွက်ဖို့လည်း ခက်ခဲမှာ … ”

ယဲ့ရှောင်က ခေါင်းညိတ်လိုက်၏။

” ကျွန်တော်သိပါပြီ … သင့်တော်သလို ပေးပါ … ”

” ကောင်းပြီလေ … ”

သူဌေးရွှီက သူ့ဘာသာသူ ရေရွတ်ပြောပြီးနောက် လက်ဆန့်ထုတ်ပြီး နှစ်ချောင်းထောင်ပြလိုက်သည်။

” ဒီနံပါတ် … ”

အပိုင်း (၉၉) ပြီး၏

Comment

Leave a Reply

Options

not work with dark mode
Reset