စာကြည့်တိုက် တာအိုသခင်
အပိုင်း ၉၇။ မှန်ကန်ဖြောင့်မတ်လိုက်လေခြင်း။ လောကကြီး၏ သိုင်းလမ်းကြောင်း။ စီရင်စု ၉ခုကို မော့ကြည့်ခြင်း။
လူတိုင်းက စိတ်လေးသွားပြန်သည်။
ဖျောင်ကျန့်ရှန်က ချင်ယွိယန်ကို အနိုင်ယူခဲ့ပြီး သူသည် ဆာဆကဲတာရိုတို့နှင့် တိုက်ခိုက်ခဲ့ခါစ ဖြစ်သည်။ ထို့အတွက် ရှုံးနိမ့်မှုကြောင့် သူက ပိုပြောနိုင်၏။
တုချန်ဖုန်းနှင့် ကျန်သည့်သူများက ဘာမှမပြောခဲ့ပေ။ သူတို့သည် လူတိုင်းထက် ပိုရှင်းရှင်းလင်းလင်း သိသောကြောင့် ဖြစ်သည်။
ချင်ယွိယန်အဖို့ ဆာဆဲတာရိုကို အနိုင်ယူဖို့ မဖြစ်နိုင်မှန်း အစောတည်းက သိပြီးသားဖြစ်သည်။ သူတို့လုပ်နိုင်တာ ဘာမှမရှိပေ။ ချင်ယွိယန်က ဓါးမော့နည်းစနစ်ကို လေ့ကျင့်ခဲ့သည့်အချိန်က တိုတောင်းလွန်းသည်။ ဓါးမော့သိုင်း ကျွမ်းကျင်သူ၏ ဓါးမော့နည်းစနစ်က မည်မျှ ကောင်းမွန်စေကာမူ ချင်ယွိယန်အဖို့ အချိန်တိုအတွင်း ကောင်းကင်ကို ဖီဆန်နိုင်သော အဆင့်ထိရောက်အောင် မြင့်တက်ဖို့က မဖြစ်နိုင်ချေ။
အဆုံးတွင်မူ ယင်းက တကယ်ကိစ္စ မရှိပေ။ ချင်ယွိယန် ရှုံးလျှင် ကိစ္စ မရှိချေ။ စီရင်စု ၉ခုထဲတွင် ဆာဆကဲတာရိုကို သေချာပေါက် အနိုင်ယူနိုင်မည့် ပိုတောင်သန်မာသော ပါရမီရှင်များ ရှိနေပြီး စီရင်စု ခုကို သက်သေထူနိုင်ပေလိမ့်မည်။
ကွင်းပြင်၌ ဆာဆကဲတာရိုက ဂုဏ်ယူဝင့်ကြွားစွာ ရပ်နေလျက် မျက်လုံးကို တင်းကျပ်စွာ ပိတ်ထားသည်။
သူသည် ချင်ယွိယန် ရောက်လာတာကို အာရုံမခံမိချိန်၌ မျက်လုံးဖြည်းဖြည်းချင်း ဖွင့်လိုက်၏။ သို့သော် မျက်လုံးတစ်ဝက်သာ ဖွင့်ထားလျက် တစ်ဝက် ပိတ်ထားသည်။
သူက အနည်းငယ် မှိန်းမောလျက် သူ၏ မျက်လုံးထောင့်ကနေ ချင်ယွိယန်ကို ကြည့်လိုက်သည်။ ချင်ယွိယန်ကို သူ၏ မျက်လုံးထဲ၌ ပြိုင်ဘက်အဖြစ်တောင် သတ်မှတ်မထားပေ။ ချင်ယွိယန်သည် ယခင်က မည်သူမှ မဟုတ်သည့်အချက်ကို ဘေးချိတ်ထားပြီး ဖျောင်ကျန့်ရှန် ရှုံးနိမ့်သည့်အချက်က်ိုသာ အခြေခံထားခြင်း ဖြစ်၏။ သူမက အနိုင်ယူထားပြီးသည့်သူကို ရှုံးနိမ့်ခဲ့ဖူးလေရာ သူနှင့် ယှဥ်ပြိုင်ရန် သူမက ထိုက်တန်မှု မည်သည့်အရာ ရှိသနည်း။
မှတ်တမ်းတင်ထားဖို့အတွက်ဆိုလျှင် သူက ချင်ယွိယန်ကို ကြည့်တောင် ကြည့်မှာ မဟုတ်ပေ။
သူက ချင်ယွိယန်နှင့် ယှဥ်ပြိုင်ဖို့ဆိုလျှင် ပြောနေရန် မလိုတော့ချေ။
” မင်းက မိန်းမတစ်ယောက် ဖြစ်နေတော့ မင်းကို အရင်လှုပ်ရှားခွင့်ပေးမယ် ”
ဆာဆကဲတာရိုက တည်ငြိမ်စွာ ပြောလိုက်၏။ ချင်ယွိယန်ကို အလေးမထားသည့်ပမာ သူ၏ လေသံထဲ၌ အထင်သေးမှုများ ပြည့်နေသည်။
ချင်ယွိယန်သည် သူ၏ မောက်မာထောင်လွှားမှုကို မြင်တွေ့သည့်ပုံပေါ်၏။ သို့သော် ထိုအကြောင်းအရင်းကြောင့် ဦးစွာမတိုက်ခိုက်ခဲ့ချေ။ သူမ၏ တည်ကြည်သည့် အကြည့်များက ပျော်ရွှင်သည်လည်း မဟုတ် ဝမ်းနည်းသည်လည်း မဟုတ်။ တည်ငြိမ်စွာ ပြောလိုက်၏။
” ဒါက ကျွန်မရဲ့ အိမ်ကွင်း။ ရှင်က ကျွန်မရဲ့ ဧည့်သည်။ ရှင် အရင်လှုပ်ရှားသင့်တယ် ”
ဆာဆကဲတာရိုက မျက်လုံးကို အနည်းငယ် မေးကျင်းလိုက်လေ၏။
” မင်းက မီးနဲ့ ဆော့ကစားနေတာပဲ ”
ချင်ယွိယန်က ဘာမှမပြောခဲ့ပေ။ သူမက လက်ထဲရှိ ဓါးမော့၏ ဓါးရိုးကို တင်းကျပ်စွာ ကိုင်ထားလိုက်သည်။
ထိုအရာကို မြင်သောအခါ ဆာဆကဲတာရို၏ မျက်လုံးထဲ၌ ဒေါသများ ပြည့်လာ၏။
သူသည် အမျိုးသမီးတစ်ယောက် အထင်သေးတာ ခံနေရသည်။ ထို့အပြင် သူမက သူ့ကို ရှုံးနိမ့်ခဲ့ဖူးခဲ့သည့် ပြိုင်ဘက်ကို ရှုံးသွားသည့်သူ ဖြစ်သည်။
အမှိုက်တစ်စကြား အထင်သေးခြင်း ခံရသည့် ကွာဟချက်က မည်သည့်အရာနည်း။
သူ့လက်ထဲရှိ ဓါးမော့ရှည်ကို ဆွဲထုတ်ပြီးနောက် အေးစက်စက်ပြောလိုက်သည်။
” ဓါးနဲ့ ဓါးမော့မှာ မျက်လုံးမပါဘူး။ မင်းကို မတော်တဆ ထိခိုက်စေခဲ့မိရင် ငါ့ကို အပြစ်မတင်နဲ့ ”
ပြောပြီးသည်နှင့် သူက ခြေဖော့နင်းလျက် ခန္ဓာကိုယ်က နေရာကနေ ချက်ချင်းထွက်သွားသည်။
သူသည် ဖျောင်ကျန့်ရှန်ကဲ့သို့ပင် တူညီသည့် စည်းမျဥ်းကို လိုက်နာရမည်။ သူ၏ သိုင်းကျင့်စဥ်က ဟို့ထျန်းပဥ္စမအဆင့်ထိ ရောက်အောင် ဖိနှိပ့်ထားရ၏။
သို့သော် သူ၏ အရှိန်က ဖျောင်ကျန့်ရှန်ထက် တစ်ဆင့် ပိုမြန်သည်။ ယင်းက ကျားဟဲလျို၏ စွမ်းအားအသက်ကြောင့် ဖြစ်သည်။ ဓါးမော့နည်းစနစ်သည် သာမန်ဓါးမော့နည်းစနစ်များထက် သာလွန်ပြီးသားဖြစ်သည်။ အလွန်မြန်ဆန်သည့် အရှိန်နှင့် ထူးဆန်းသည့်အကွက်များက အငြိုးကြီးသည့် သရဲ၊ တစ္ဆေတစ်ကောင်ပမာ လူအများကို တုန်ယင်စေသည်။
လှုပ်ရှားချိန်တွင် အားလုံး၏ ရင်က တုန်လှုပ်သွားကာ စိုးရိမ်ပူပန်များ ပြည့်သွား၏။
” မြန်လိုက်တဲ့ ဓါးပဲ ”
ချင်ယွိယန်က နေရာမှာတင် ရပ်မြဲတိုင်း ရပ်နေပြီး အနည်းငယ်မျှ မလှုပ်ခဲ့ချေ။
ဆာဆကဲတာရို၏ အရှိန်က မြန်ဆန်ပြီး မျက်တောင်တစ်ခတ်အတွင်း သူ့ရှေ့သို့ ရောက်လာ၏။
၁၀ပေ ၅ပေ ၃ပေ ၁ပေ။
ဆာဆကဲတာရိုက သူမရှေ့သို့ ရောက်လာစဥ် ချင်ယွိယန်က ရုတ်တရက် လှုပ်ရှားတော့၏။
ဓားမော့ကို ဆွဲထုတ်လိုက်သည်မှာ လျှပ်ပြက်သည့်ပမာ ဖြစ်နေ၏။
ထိုလှုပ်ရှားမှုကို မြင်တွေ့သည့်အချိန်၌ ရှိနေသည့် သိုင်းပညာရှင်များအားလုံးက နှလုံးတုန်ယင်သွားမိသည်။ သူတို့မျက်လုံးများ ရုတ်တရက် ပြူးကျယ်လာပြီး မယုံနိုင်သည့် အမူအယာများ ပေါ်လာလေ၏။ အထိတ်လန့်ဆုံးက ဆာဆကဲတာရို ဖြစ်သည်။ ယခုအချိန်တွင် သူက ချင်ယွိယန်နှင့် အနီးဆုံး ဖြစ်၏။ ထို့ကြောင့် ချင်ယွိယန်၏ ဓါးမော့ဆန္ဒ မည်မျှသန်မာကြောင်း သူ ခံစားမိသည်။ ယင်းက သူ့ကို အသက်ရှူကျပ်လုနီးပါးဖြစ်စေ၏။ ယင်းက ကျင့်ကြံဆင့် ဖိနှိပ့်မှုကြောင့် မဟုတ်ပဲ အစစ်အမှန်ဆန္ဒ၏ ဖိနှိပ့်ခြင်းကြောင့် ဖြစ်သည်။
ဒီတော့မှ သူ ဂရုမစိုက်မိမှန်း သဘောပေါက်သွားတော့သည်။
သူသည် ထိုမိန်းကလေးကို လျှော့တွက်ခဲ့မိ၏။
ဖုန်း။
စဥ်းစားရန်အချိန် များများစားစား မရပဲ နောက်တစ်စက္ကန့်အတွင်း ဓါးမော့နှစ်လက်တိုက်မိသွားတော့သည်။
ဓါးသွားများကြားရှိ ပြင်းထန်သည့် ထိအားကြောင့် မီးပွင့်များ တလက်လက် တောက်ပလာပြီး ထလောင်လာ၏။
ဆာဆကဲတာရိုအတွက်မူ သူ၏ ဓါးမော့ဆန္ဒက ချင်ယွိယန်၏ ဆန္ဒကြောင့် ချက်ချင်း ချေမှုန်းခံလိုက်ရကြောင်း ခံစားမိသည်။ မယှဥ်ပြိုင်နိုင်သည့် အပြုအမူဖြင့် သူက ချေမှုန်းခံလိုက်ရ၏။
တစ်ဖက်လူ၏ ဓါးမော့က သူ၏ အရေခွံကိုတောင် ဆုတ်ဖြဲသွားသည့်ပမာ ခံစားရစေသည်။ နောက်တစ်စက္ကန့်၌ သူ လွင့်ထွက်သွား၏။
ဘန်း။
ဆာဆကဲတာရိုသည် ၁၀ပေခန့် လွင့်ထွက်သွားပြီးနောက် မြေကြီးပေါ် ပြင်းထန်စွာ ပြုတ်ကျလာသည်။
ခန်းမတစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်သွားတော့၏။
လူတိုင်း မျက်လုံးများ ပြူးကျယ်နေလျက် သူတို့ရှေ့ရှိ မြင်ကွင်းကို မယုံနိုင်စွာ ကြည့်မိကြသည်။
မည်သူမှ မြင့်မြင့်မားမား မတွေးထားသည့် ချင်ယွိယန်သည် ဓါးတစ်ချက်တည်းဖြင့် ဆာဆကဲတာရိုကို အမှန်တကယ် လွင့်ထွက်သွားအောင် လုပ်နိုင်သည်လော။
ဒါက ဘယ်လို ရယ်စရာမျိုးလဲ။
ပရိသတ်ခုံတန်းတွင် တုချန်ဖုန်းနှင့် ကျန်သည့်သူများကလည်း ဆွံ့အနေလေ၏။
သူ နိုင်သွားတာလား။ ဒီလောက် အလွယ်တကူ နိုင်သွားတယ်လား။
ဖျောင်ကျန့်ရှန်တောင် ရှုံးနိမ့်ခဲ့၏။ ထို့သို့တိုင် ချင်ယွိယန်က သူမ ပြိုင်ဘက်ကို တစ်ချက်တည်းဖြင့် အနိုင်ယူသွားသည်လော။
သူတို့ အိမ်မက်မက်နေခြင်းပေလော။ ဓါးမော့ကျွမ်းကျင်သူ၏ ဓါးမော့ဆန္ဒသည် ထိုမျှထိရောက်အောင် ကောင်းကင်ကို ဖီဆန်နိုင်စွမ်းရှိနေသည်လော။
ဆိုရလျှင် သူတ်ို့အားလုံးက ချင်ယွိယန်၏ ပါရမီကို သိကြသည်။ သူ့မှာ အရည်အချင်းအပြည့် ဓါးမော့ကို နက်နက်ရှိုင်းရှိုင်း နားလည်ဖို့က မဖြစ်နိုငပေ။
ဓါးမော့ဆန္ဒက သူမ၏ ပါရမီ ချို့တဲ့မှုအတွက် ဖြည့်ဆည်းပေးသည်ဟုသာ ဆိုနိုင်တာပဲ ဖြစ်သည်။
ရူးတယ်။ အပြည့်အဝ ရူးသွပ်တာ။ အဲ့ဒီသိုင်းပညာရှင်က လူသားတစ်ယောက် မဟုတ်ဘူး။ သူက နတ်ဘုရားတစ်ပါးပဲ။ ဓါးမော့ရဲ့ စစ်မှန်တဲ့ နတ်ဘုရားတစ်ပါး။
ဖျောင်း ဖျောင်း ဖျောင်း။
ဖျောင်ကျန့်ရှန်က ဦးစွာ လက်ခုပ်တီးလိုက်သည်။ သု၏ မျက်လုံးက စိတ်လှုပ်ရှားမှု ပြည့်နေ၏။ သူက ချင်ယွိယန်၏ အောင်ပွဲကြောင့် စိတ်လှုပ်ရှားတာ မဟုတ်ပေ။ စီရင်စု ၉ခု၏ သိုင်းပညာ အောင်ပွဲကြောင့် ဖြစ်သည်။
ယင်းက သူ၏ ဆရာ ပြောခဲ့ဖူးသည့် စီရင်စု ၉ခု၏ စွမ်းဆောင်ရည်ပေလော။ မရေမတွက်နိုင်သည့် သိုင်းပညာယဥ်ကျေးမှုများရှိသည့် နိုင်ငံတစ်ခု။
စီရင်စု ၉ခုထဲတွင် အချိန်ကြာမြင့်စွာ နေထိုင်လာသောကြောင့် သူသည် ယခင်က ထိတ်လန့်ခဲ့ဖူးသည့်တိုင် ယခုအခေါက်တွင်မူ ဆန်းကြယ်သော ဓါးမော့သိုင်းပညာရှင်ကြောင့် ထိတ်လန့်မိတာပဲ ဖြစ်သည်။ နောက်ထပ်နိုင်ငံတစ်နိုင်ငံမှ သိုင်းပညာရှင်တစ်ဦး ထွက်ပေါ်လာခဲ့လျှင် သူလည်း ထိတ်လန့်နိုင်လောက်၏။
ယခုအချိန်တွင် စီရင်စု ၉ခု၏ သိုင်းပညာယဥ်ကျေးမှု၏ ဆွဲငင်နိုင်မှုကို အမှန်တကယ် ခံစားမိနေပြီဖြစ်သည်။
လအနည်းငယ်အတွင်း ချင်ယွိယန်သည် လူသစ်တစ်ဦးမှ အစွမ်းထက်သည့် သူတစ်ဦးအဖြစ်ပြောင်းလဲသွားခဲ့သည်။ သူမ ရရှိထားခဲ့သည့် ဓါးမော့ဆန္ဒက မည်ကဲ့သို့သော တည်ရှိမှုမျိုး ဖြစ်သနည်း။
သိုင်းပညာရှင်သည် သူမအတွက် မည်ကဲသို့သော သဘောတရားကို ချန်ထားပေးခဲ့သနည်း။ ယခုအချိန်တွင် ဖျောင်ကျန့်ရှန်က သူ ဟန်နိုင်ငံကို ပြန်သင့် မပြန်သင့် စဥ်းစားရမည့် အချိန်ရောက်လာသလို ခံစားရသည်။
လောကကြီးရဲ့ သိုင်းပညာတွေ အကုန်လုံးက စီရင်စု ၉ခုထဲမှာပဲမလား။
သူက မထွက်ရန် ဆုံးဖြတ်လိုက်၏။ သူကိုယ်တိုင်က စီရင်စု ၉ခု၏ သွေး ၈ပုံ ၇ပုံ ရှိနေလေသည်။ ထို့ကြောင့် စီရင်စု ၉ခု၏ လူတစ်ယောက်အဖြစ် သတ်မှတ်၍ ရသည်။ သူ၏ ဘဝတွင် စီရင်စု ၉ခုအကြောင်း ဝင်ခြင်းကို နောင်တမရပေ။ လက်ခုပ်တီးပြီးနောက် ကျန်သည့်သူများကလည်း တုံ့ပြန်ပြီး စတင်လက်ခုပ်တီးကြတော့သည်။
သိုင်းခန်းမတစ်ခုလုံး မိုးခြိမ်းသံပမာ လက်ခုပ်တီးကြတော့၏။ ချင်ယွိယန်၏ မျက်နှာထက်တွင် အပြုံး ပေါ်လာသည်။ သူက လက်က ဓါးမော့၏ ဓါးရိုးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ ယခုအချိန်တွင် သူမက ဆာဆကဲတာရိုကို အနိုင်ယူခဲ့ရုံသာမက ဖျောင်ကျန့်ရှန်ကိုလည်း အနိုင်ယူပြီးသား ဖြစ်သွားသည်။ သူမက ရှုံးနိမ့်ခြင်း၏ အရှက်ကွဲမှုကို ဆေးကြောခဲ့ပြီး ဖြစ်၏။ သူမ ရင်ထဲ စိတ်လှုပ်ရှားလွန်းသောကြောင့် သွေးများဆူပွက်လာ၏။
” ဆရာ … ဒါကို တွေ့လား။ ဆရာက ကျွန်မကို ဆရာ့တပည့်အဖြစ် လက်မခံပေမဲ့ ဆရာ့ကို ဘယ်တော့မှ အရှက်မကွဲစေရဘူး ”
အပိုင်း ၉၇ ပြီး၏။