Switch Mode

Chapter – 96

တစ္ဆေ ဓားမော့

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၉၆။ တစ္ဆေဓါးမော့။

ယင်းက ယွမ် ၃၀၀၀၀၊ ၄၀၀၀၀ခန့် ရှိမည်။

ယဲ့ရှောင်၏ ယခင်လစာနှင့် စုဆောင်းထားသည်များ အပါအဝင် ယခု ယွမ် တစ်သိန်းကျော် ရှိသွားသည်ဖြစ်သည်။ သို့သော် ထိုကဲ့သို့ ပိုက်ဆံက လက်ရှိ ယဲ့ရှောင်အတွက် အဓိပ္ပာယ် သိပ်မရှိပေ။ သူက အရသာရှိသည့် စားစရာများ ပိုဝယ်နိုင်ရုံသာ ရှိသည်။

ထိုကဲ့သို့ ငြိမ်းချမ်းသော ဘဝက တစ်လကျော် ကြာခဲ့သည်။ တစ်ခုသော နံနက်ခင်း၌။

” ထိတ်လန့်စရာကောင်းတဲ့ သတင်းပဲဟေ့။ ငါ့ သူငယ်ချင်းတို့ ”

ထိုနေ့နံနက်တွင် ယဲ့ရှောင်က စာဖတ်ရန်အတွက် အပေါ်ထပ်သို့ ရောက်သွားချိန် တစ်စုံတစ်ယောက် တအံ့တသြ ပြောတာကို ကြားလိုက်ရသည်။

ယေဘုယျအားဖြင့် စာကြည့်တိုက်ဟူသည် တိတ်ဆိတ်သော ပတ်ဝန်းကျင်ကို လိုအပ်ပြီး လူအနည်းစုကသာလျှင် ဆူညံသံ ပြုကြတာပဲ ဖြစ်သည်။ သို့သော် ထိုလူ၏ စကားက ဤနေရာရှိလူအားလုံး၏ သိချင်စိတ်ကို အောင်မြင်စွာ ဆွဲယူလိုက်နိုင်၏။ ထို့ကြောင့် မည်သူကမှ စောဒဂ မတက်ပေ။

” ဟန်နိုင်ငံရဲ့ ပါရမီရှင် ဖျောင်ကျန့်ရှန်က ရှုံးသွား
ပြီ ”

လူတိုင်းက ထိတ်လန့်သွားမိ၏။ လူတိုင်းက မပြောပဲ မနေနိုင်တော့ချေ။

” ဖျောင်ကျန့်ရှန်တောင် ရှုံးတယ်လား ”

” ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူ့ ဓါးသိုင်းကို မြင်ဖူးတယ်။ ဒီလောက် သန်မာတဲ့ ဓါးသိုင်းနဲ့ သူက ရှုံးနိုင်သေးတယ်လား ”

” ထင်ထားပြီးသား မဟုတ်ဘူးလား။ လတ်တလောနှစ်တွေမှာ ကြေးစီရင်စုရဲ့ သိုင်းပညာအမွေအနှစ်တွေက ပျက်စီးသွားတာကြောင့် ကြေးစီရင်စုကို သူက သိမ်းပိုက်ဖို့ ရောက်လာတာပဲလေ။ တချို့သိုင်းပညာရှင်တွေက ကြယ်တာရာသားရဲတွေနဲ့ တိုက်ခိုက်နေတဲ့အချိန် ကြွေလွင့်သွားခဲ့တာ။ တကယ်တော့ စီရင်စု ၉ခုထဲမှာ အရည်အချင်းရှိတဲ့သူတွေ အများကြီး ရှိတယ်။ ပါရမီရှင်အချို့ကို သင်ပေးတဲ့ သိုင်းပညာရှင်တွေလည်း ရှိသေးတယ်။ သူတို့က တောင်ပေါ်က ထွက်မလာရုံလေး
ပဲ ”

” ဟုတ်တယ်။ စီရင်စု ၉ခုမှာ နဂါးနဲ့ ဖီးနစ်အဆင့် သတ်မှတ်ချက်ရဲ့ ထိပ်တန်းအဆင့်ကို ဝင်ရောက်နိုင်ခဲ့တဲ့ ထိပ်ဆုံးသိုင်းပညာရှင် ၁၇ယောက် ရှိတယ်လို့ ငါ ကြားတယ်။ နှစ်ယောက်က လွန်ခဲ့တဲ့ အနှစ် ၂၀တုန်းက တပည့်တွေ ခေါ်ယူတဲ့ သတင်းကြားခဲ့တာ ”

” မင်းက ဓါးသခင် လုချင်းရှန်အကြောင်း ပြောနေတာမလား။ ပြီးတော့ ဓါးမော့အံ့ဖွယ်ပညာရှင်၊ ဓါးမော့ကျွမ်းကျင်သူ လီလျိုဆွေ့ ”

” ဟုတ်တယ်လေ။ သူတို့နှစ်ယောက်လုံးက အံ့ဖွယ်ဂိုဏ်းရဲ့ သိုင်းပညာရှင်တွေဖြစ်ပြီး စီရင်စု ၉ခုမှာ နာမည်ကြီးတယ်လေ။ သူတို့နှစ်ယောက် သင်ကြားပေးတဲ့ တပည့်တွေက ဖျောင်ကျန့်ရှန်ကို အနိုင်ယူလိုက်တာမလား ”

သို့သော် ပထမဆုံး ပြောသည့်သူက ခေါင်းခါလိုက်သည်။

” သူ မဟုတ်ဘူး။ ရင် နိုင်ငံက ကျားဟဲလျိုရဲ့ နင်ဂျာဓါးသွားဆက်ခံသူ ဆာဆကဲတာရိုလေ ”

” တကယ်ပဲ ကျားဟဲလျိုရဲ့ နင်ဂျာဓါးသွား ဆက်ခံသူကိုး။ အဲ့ဒီလူကလည်း ဖျောင်ကျန့်ရှန်ကို လိုက်မှီပြီး ကျုံးစီရင်စုရဲ့ ဓါးမော့သိုင်းပညာရှင်တွေရဲ့ အင်အားကို စိန်ခေါ်ချင်နေတာလို့ ကြားထားတယ် ”

” ဟုတ်တယ်။ သူ့ရဲ့ ဆရာက ရင်နိုင်ငံရဲ့ ကျားဟဲလျို နင်ဂျာဓါးသွားရဲ့ ဆရာ ပေဇူမီ မူရာကာမီ
လေ ”

ပေဇူမီ မူရာကာမီသည် ရင်နိုင်ငံမှ ထိပ်တန်းသိုင်းပညာရှင်ဖြစ်ပြီး နဂါးအဆင့် သတ်မှတ်ချက်၌ အဆင့် ၅၀ ဝင်ထားကြောင်း လူတိုင်း သိပေ။ သူက ဖျောင်ကျန့်ရှန်၏ ဆရာ လျိုချန်စွင်းအောက် ၃ဆင့်သာ နိမ့်သည်။

သူ ဖျောင်ကျန့်ရှန်ကို အနိုင်ယူခဲ့တာက ဟန်နိုင်ငံကို အရှက်ခွဲတာပဲ။ ဖျောင်ကျန့်ရှန်ကို စမှတ်အနေနဲ့ သူက ကျုံးစီရင်စုထဲက လူငယ်မျိုးဆက်ရဲ့ သိုင်းပညာရှင်တွေကို စစိန်ခေါ်နေပြီ။ ပထမဆုံး ရပ်တဲ့နေရာက ငါတို့ ကျန်းဟိုင်မြို့ရဲ့ ချင်ယွိယန် ”

” သေစမ်း။ ငါတို့ ကျန်းဟိုင်မြို့မှာ သူမက သူ ပစ်မှတ်ထားချင်တဲ့ တစ်ယောက်လား။ ဒီတစ်ခေါက် ပြဿနာတက်မှာ စိုးရတယ် ”

ကျားဟဲလျို၏ နင်ဂျာဓါးသွားက ဓါးမော့နည်းစနစ် ပေါင်းစပ်ထားသည့် ပြိုင်ဘက်ကင်း ကျင့်ကြံခြင်း နည်းစနစ်ဖြစ်ပြီး ဓါးမော့နည်းစနစ်နဲ့ ရင်နိုင်ငံ၏ နင်ဂျာအတတ်ကို ပေါင်းစည်းထားသည့် ပြိုင်ဘက်ကင်း ကျင့်ကြံခြင်း နည်းစနစ်ဖြစ်၏။ သူ၏ လက်က ထူးဆန်းမှု၊ ရက်စက်မှု၊ ဂရုဏာမဲ့မှုတို့အတွက် နာမည်ကျော်ကြားသည်။ စောင့်ကြပ်ဖို့က မဖြစ်နိုင်ပေ။

ကျားဟဲလျို၏ နင်ဂျာဓါးသွား မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း အင်တာနက်ပေါ်တွင် ရှင်းပြထားသည်။ အစက အင်တာနက်ပေါ်တွင် ဟာသတစ်ခု ရှိ၏။

တစ္ဆေဓါးမော့က ကိုယ်ပျောက်သွားသည်နှင့် ပိုင်းဖြတ်မှုသည် သင်တောင်မသိလိုက်ခင် လည်မျိုရှေ့သို့ ပိုင်းဖြတ်ပြီးနေမှာပဲဖြစ်သည်။

” ပြီးခဲ့တဲ့အခေါက်က ချင်ယွိယန်က ဖျောင်ကျန့်ရှန်ကို ရှုံးခဲ့တယ်။ အခု ဖျောင်ကျန့်ရှန်က ဆာဆကဲတာရိုကို ရှုံးပြန်ပြီ။ အဲ့ဒီ ချင်ယွိယန်က သေချာပေါက် ထပ်ရှုံးမှာပဲ ”

” အဲ့ဒီနေ့က နှစ်ယောက်တိုက်ခိုက်မယ့် နေ့လို့ ကြားထားတယ်။ ဒါပေမဲ့ တိုက်ရိုက်ထုတ်လွှင့်မှု မရှိတာနှမြောစရာပဲ။ အခု ငါတို့ စာကြည့်တိုက်ထဲမှာ ရှိသေးတယ်။ ငါတို့ ပြီးသွားရင် နောက်ကျနေမှာ။ တစ်ယောက်ယောက်က video မှတ်တမ်းတင်ပြီး အင်တာနက်ပေါ် တင်မဲ့အချိန်ထိ စောင့်နိုင်တယ် ”

လူတိုင်းက သက်ပြင်းချလိုက်၏။ ဘေးတွင် စာဖတ်နေသည့် ယဲ့ရှောင်ကမူ စိတ်ထဲ မထားပေ။

သူက နေ့တိုင်း စာဖတ်နေ၏။ ထို့ကြောင့် အပေါ်ယံတွင်မူ ထိုကဲ့သို့သော ကိစ္စရပ်အချို့ကို နားလည်သဘောပေါက်နေပြီ ဖြစ်သည်။

ကျားဟဲလျို၏ နင်ဂျာဓါးသွားကို တစ္ဆေဓါးမော့ဟူ၍ သိကြပြီး ယင်းက ဓါးမော့နည်းစနစ်၏ အခြေခံနှစ်ချက် ဖြစ်သည်။ ထူးဆန်းသော ဓါးမော့နှင့် ပုံရိပ်ယောင် ဓါးမော့ကို ပေါင်းစည်းထားတာဖြစ်ပြီး နှစ်မျိုးလုံးက ပြီးပြည့်စုံသည့်အထိ မြင့်တင်ပြီးသားဖြစ်သည်။ ထိုအကြောင်းကြောင့် ၄င်းကို အသုံးပြုလိုက်သည့်အချိန်၌ လက်တွေ့တွင် လှည့်ကွက်များ သုံးနိုင်ပြီး အရှိန်နှင့် ထင်ယောင်ထင်မှား ဖြစ်မှုကို ပေါင်းစည်းထားတာ ဖြစ်သည်။ ယင်း၌ ကြောက်စရာကောင်းသည့် အမြင်ရှိနေသော်ငြား အစစ်အမှန် ဓါးမော့နှင့် ရင်ဆိုင်သည့်အချိန်တွင် လုံလောက်အောင် မကောင်းသေးပေ။

ချင်ယွိယန် နားလည်သဘောပေါက်ထားသည့် ဓါးဆန္ဒက လွန်ကဲခြင်းစွမ်းအား ဓါးမော့ဆန္ဒ ပါဝင်သည်။ ယင်က အခြေခံအကျဆုံး ဓါးမော့နည်းစနစ် ( ၇ ) မျိုးကို သိပ်သည်းထားတာပဲ ဖြစ်၏။ ဓါးမော့နည်းစနစ်၏ အနှစ်သာရများကို စုစည်းပြီး အမြင့်ဆုံးအဆင့်ထိရောက်အောင် မြင့်တင်ထားတာပဲ ဖြစ်သည်။ ထို့ကြောင့် ထိုအမြင့်အရ ကျားဟဲလျိုသည် နင်ဂျာဓါးသွားက လွန်ကဲခြင်းစွမ်းအား ဓါးမော့ကို အနိုင်မယူနိုင်မှာ သေချာ၏။

ယခင်က ဖျောင်ကျန့်ရှန်ကို ချင်ယွိယန် ရှုံးနိမ့်ခဲ့ရသည့် အဓိက သော့ချက်မှာ ချင်ယွိယန်သည် ၄င်းကို ကျင့်ကြံထားတာ တစ်လမျှသာ ရှိသေးသောကြောင့် ဖြစ်သည်။

သူမအဖို့ ထိုမျှများပြားသည့် ဓါးမော့ဆန္ဒများကို ဆုပ်ယူဖို့က မဖြစ်နိုင်ပေ။ ယခုအချိန်တွင် ဆာဆကဲတာရိုက ထိုမျှ ကံမကောင်းပေ။

ထိုအတွက်ကြောင့် ယဲ့ရှောင်က ဂရုမစိုက်ပဲ သူ၏ လက်နက်သန့်စင်ခြင်း နည်းစနစ်ကို ဆက်ဖတ်နေတာပဲ ဖြစ်သည်။

တစ်ဖက်တွင်မူ ကျန်းဟိုင်သိုင်းကျောင်းတော်ထဲ၌ ပွဲက စတင်ပြီ ဖြစ်သည်။

ပတ်ဝန်းကျင်ရှိ မြင်ကွင်းက အလွန်ငြိမ်နေ၏။ တုချန်ဖုန်း၊ ချင်ရှန်းလုံ၊ တုထျန်းယွီ၊ အိုးရန်ယွင်ကျုံး မြို့မှ အရေးပါသည့် သူအားလုံးရှိနေသည်။

တုချန်ဖုန်းသည် စင်ပေါ်တွင် ဂုဏ်ယူဝင့်ကြွားစွာ ရပ်နေသော ဆာဆကဲတာရိုကို သုန်မှုန်သည့် အမူအယာဖြင့် ကြည့်နေလိုက်သည်။

” ဖျောင်ကျန့်ရှန် မထွက်သွားခင် နောက်ထပ် သိုင်းပါရမီရှင်တစ်ယောက် ရောက်လာလိမ့်မယ်လို့ မထင်ထားဘူး။ ဒီကျန်းဟိုင်မြို့လေးက တကယ်နာမည်ကြီးလာပြီပဲ ”

ချင်ရှန်းလုံက ခပ်ဖျော့ဖျော့ သက်ပြင်းချလိုက်၏။

” ဘယ်သူသိမှာလဲ စစ်မှန်တဲ့ သိုင်းပညာရှင်အားလုံးက လောကကြီးထဲကနေ ပုန်းကွယ်နေတာ နှမြောစရာ ကောင်းလွန်းလှတယ် ”

” စီရင်စု ၉ခုရဲ့ ဓါး ပါရမီရှင် ဒါမှမဟုတ် ဓါးမော့ပညာတို့သာဆိုရင် သူတို့ရဲ့ ကိုယ်ပိုင်တပည့်တွေကို တိုက်ခိုက်ဖို့ ပို့နိုင်မှာ။ ဒီလိုသေးသိမ်တဲ့ သူတစ်ယောက်ကို လွှတ်ပြီး ဒီမှာ လာရမ်းကားခိုင်းမှာ မဟုတ်ဘူး ”

အိုးရန်ယွင်ကျုံးက ပြုံးပြီး ပြောလိုက်၏။

” မဟုတ်ရင် သူတို့ကို ဆန်းကြယ်တဲ့ သိုင်းပညာရှင်တွေလို့ ဘာကြောင့်များ ခေါ်တော့မှာလဲ။ ဒီလိုပညာရှင်တွေက သိုင်းပညာရပ်ကိုပဲ အမြဲတမ်း အာရုံစိုက်ထားပြီး လောကရေးရာတွေအကြောင်း ဘယ်တော့မှ မတွေးဘူး ”

တုထျန်းယွီက ပြောလိုက်သည်။

” အဲ့ဒီ သိုင်းပါရမီရှင်တွေက ငါတို့ ကျန်းဟိုင်မြို့ထဲက တပည့်တစ်ယောက် နှစ်ယောက်လောက်ကို သင်ပေးနိုင်ရင် ကောင်းမှာပဲ။ သူတို့က အစွမ်းထက်တဲ့ တပည့်တွေကို ပျိုးထောင်ပေးနိုင်မှာ သေချာတယ် ”

လူတိုင်းက တိတ်ဆိတ်သွား၏။

သူတို့သည် ကျန်းဟိုင်မြို့၏ သိုင်းပညာရှင်ကြီးများအကြောင်း သဲလွန်စ မရှိသေးပေ။ ထိုလူများကို ရှာတွေ့လျှင် ကောင်းပေလိမ့်မည်။ ကျန်းဟိုင်တစ်မြို့လုံး၏ ခွန်အားက ကြောက်မက်ဖွယ်ကောင်းသည့် အဆင့်ထိ တက်သွားမှာပဲ ဖြစ်သည်။

ကံဆိုးသည်မှာ မရှာတွေ့ခဲ့ပေ။

သိုင်းပညာရှင်ကြီးများကိုယ်တိုင်တောင် ထိုလူနှစ်ဦး မည်သည့်နေရာတွင် ပုန်းကွယ်နေမှန်း မသိပေ။

မကြာမီ၌ ချင်ယွိယန်က ကွင်းထဲဝင်လာပြီး ကျန်းဟိုင်မြို့ သိုင်းကျောင်းတော်ရှိ ကျောင်းသားများက သူမအတွက် အားပေးနေကြသည်။ လူတိုင်းက ပြိုင်ကွင်းကိုလည်း အာရုံစိုက်လာကြ၏။

” ယွိယန်ရဲ့ လမ်းကြောင်းအရ အကဲဖြတ်ကြည့်ရင် သူမရဲ့ ကျင့်ကြံမှုက အတော်တိုးတက်သင့်လောက်ပြီ ”

တုချန်ဖုန်းက လေးစားမှု တစ်စွန်းတစ်စ ပေါ်လာပြီး ချင်ရှန်းလုံက ပြုံးပြီး ပြောလိုက်၏။

” သူက ဟို့ထျန်းအဌမအဆင့်ကို တက်ပြီးပြီ။ ဟို့ထျန်းနဝမအဆင့်နဲ့ တစ်လှမ်းပဲ လိုတော့တယ် ”

” ဒီလောက်မြန်တယ်လား။ အဲ့ဒီဓါးမော့ဆန္ဒက သူမ တိုးတက်အောင် ကူညီပေးလိုက်တဲ့ ပုံပဲ။ ဒါ ကောင်းတယ်။ ဒီမိန်းကလေးက နောင်ကျ ရှန်းထျန်းနယ်ပယ် သိုင်းပညာရှင်တစ်ယောက် ဖြစ်လာနိုင်ချေရှိတယ်။ ဒါ့အပြင် သူ့ရဲ့လက်ရှိ အသက်အရွယ်အရ ရှန်းထျန်းပထမအဆင့်ကို ကျော်တက်နိုင်ဖို့က ပြဿနာ မရှိလောက်ဘူး ”

ထိုသို့သော အကဲဖြတ်မှုကို ကြားသောအခါ ပတ်ဝန်းကျင်ရှိ ကျောင်းသားများစွာက လေးစားသံများ ထွက်ပေါ်လာသည်။​

ရှန်းထျန်းအသက်၊ ရှန်းထျန်းနယ်ပယ် သိုင်းပညာရှင်။

ထိုကဲ့သို့ အိမ်မက်ကို လူ မည်မျှ များစွာ မက်နေကြသနည်း။

ဖျောင်ကျန့်ရှန်ကလည်း လူအုပ်ကြီးထဲတွင် ရှိနေ၏။ သူ့ဘေးရှိ ကျောင်းသားက မမေးပဲ မနေနိုင်တော့ချေ။

” ဖျောင်ကျန့်ရှန် .. ချင်ယွိယန် အနိုင်ရမယ်လို့ ထင်လား ”

ဖျောင်ကျန့်ရှန်က ခေါင်းခါပြီးနောက် တည်ကြည်သော အမူအယာဖြင့် ပြောလိုက်သည်။

” သိပ်ခက်ခဲတယ်။ သူ့ရဲ့ ဓါးမော့ကျင့်စဥ်က အံ့သြဖို့ကောင်းတယ်ဆိုပေမဲ့ အချိန်တိုလေးပဲ ကျင့်ကြံခဲ့ရတာ။ ဆာဆကဲတာရိုကတော့ ဓါးမော့နည်းစနစ်ကို ၂၃နှစ်လုံးလုံး လေ့ကျင့်နေခဲ့တာလေ ”

အပိုင်း ၉၆ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset