စာကြည့်တိုက် တာအိုသခင်
အပိုင်း ၉၅။ ပေါင်းစပ်ရန်အတွက် အကန့်အသတ်မရှိ။
ယဲ့ရှောင်က ထူးမခြားနား အမူအယာဖြင့် ပြောလိုက်လေ၏။
” ဒီလောက်ထိ မပြင်းထန်ဘူး။ တစ်ယောက်ယောက်က မင်းကို ဖြတ်ရဲရင် မင်းက အဲ့ဒီမှာ ရပ်နေပြီး သူတို့စိတ်ကြိုက်လုပ်ခွင့် မပေးနဲ့လေ။ အပြစ်ကင်းတဲ့သူကို မသတ်ရုံပေါ့ ”
နဥ်ယွိဟန်က စိတ်ထဲ တုန်လှုပ်သွားပြီး တည်ကြည်သော အမူအယာဖြင့် ထောက်ခံလိုက်သည်။
” စိတ်မပူပါနဲ့။ ကြီးကြပ်သူ ယဲ့ ”
” ဒါဆို သွားတော့လေ ”
ထိုသို့ပြောပြီးနောက် ယဲ့ရှောင်က လှည့်သွားကာ ခြံဝန်းထဲသို့ လျှောက်ဝင်သွားလေ၏။
” ငါ့ရဲ့ တိတ်ဆိတ်တဲ့ ဘဝကို အနှောက်အယှက် မဖြစ်ချင်ဘူး။ ငါ့ အထောက်အထားကို သိသွားခဲ့မယ်ဆိုရင် ငွေရောင်မြေခွေး မျိုးနွယ်စုကိုပဲ အပြစ်တင်မှာ ”
နဥ်ယွိဟန်က ယဲ့ရှောင်ကို လေးနက်စွာ အရိုအသေ ပေးလိုက်လေ၏။
” ကြီးကြပ်သူ ယဲ့ … ။ ကျွန်တော့်ကို ဒီလောက်အကြာကြီး ဂရုစိုက်ပေးတာ ကျေးဇူးတင်ပါတယ်။ စိတ်မပူပါနဲ့။ ငွေရောင်မြေခွေး မျိုးနွယ်စုက ဆရာ့ရဲ့ လျှို့ဝှက်ချက်တွေကို သေချာပေါက် မထုတ်ဖော်ပါဘူး ”
မြေခွေးဧကရီကလည်း ခပ်ဖျော့ဖျော့ ပြုံးလိုက်လေ၏။
” ကလေး .. အဖွားတို့ အခုသွားတော့မလား ”
နဥ်ယွိဟန်က ခေါင်းညိတ်လိုက်သည်။
ပြီးနောက် မြေခွေးဧကရီသည် ယို့ဝေကို တစ်ချက်ကြည့်လိုက်၏။ ယို့ဝေက နဥ်ယွိဟန်ကို ချက်ချင်းခေါ်ပြီး ထွက်သွားတော့၏။
ယဲ့ရှောင်ကမူ သူက အခန်းသို့ ပြန်လာပြီး ငွေရောင်မြေခွေး မျိုးနွယ်စု၏ တော်ဝင် ကုသခြင်းနည်းစနစ် နံနက်ခင်းကြယ် ကျင့်စဥ်ကို လေ့လာနေ၏။
တော်ဝင်နည်းစနစ်ဟူသော အသုံးကို ယဲ့ရှောင် တစ်ခါမှ မကြားခဲ့ဖူးပေ။ သို့သော် စာကြည့်တိုက်ထဲတွင် နေ့စဥ်နေ့တိုင်း စာအုပ်များ ဖတ်ရှုမိသောကြောင့် ချီရှန်းအဆင့်ထက် ပိုမြင့်သည့် ကျင့်ကြံခြင်းနည်းစနစ်များရှိကြောင်း သူလည်း နားလည်သည်။
သူ ယခင်က ပေါင်းစည်းခဲ့သော လွန်ကဲခြင်း စွမ်းအား ဓါးမော့ကျင့်စဥ်သည် ချီရှန်းအဆင့်အထက် ကျင့်ကြံခြင်း နည်းစနစ်တစ်ခုဆိုတာ သိကြ၏။
ထိုအသွင်ပြင်အရ ထိုနည်းစနစ်သည် တော်ဝင်
ကျင့်စဥ် ဖြစ်ရမည်။
” တော်ဝင်နည်းစနစ် ”
ယဲ့ရှောင်က ရေရွတ်ပြောပြီး မျက်ခုံးအနည်းငယ်
ပင့်မိသွား၏။
” နှစ်ထောင်ချီသက်တမ်းရှိတဲ့ ရွှေရောင်ဧကရာဇ်တွေကို ဆိုလိုတာလား။ ဒါမှမဟုတ် သူတို့ လေ့
ကျင့်ခဲ့တာကြောင့် တော်ဝင်နည်းစနစ်လို့ ခေါ်တာလား ”
သူသည် လွန်ကဲခြင်းစွမ်းအား ဓါးမော့နှင့် ကျန်
သည့် ကျင့်ကြံခြင်း နည်းစနစ်များ၏ လှုပ်ခတ်မှုကို ရရှိပြီးနောက် အောင်မြင်ရန် မလိုတော့ကြောင်း သူ ခံစားမိသည်။
ကျင့်ကြံခြင်း နည်းစနစ်များကို ကျင့်ကြံခြင်းက အံ့ဖွယ်ချီရှန်းအဆင့်၏ အကန့်အသတ်ကို ချိုးဖျက်စေပြီး ပိုမြင့်သည့် အဆင့်သို့ ရောက်စေမှာ သေချာ၏။ သို့သော် ပိုမြင့်သည့် အဆင့်ကို မည်သို့ခေါ်ကြောင်း သူ မသိပေ။
မြန်မြန်ဆန်ဆန်ပင် နံနက်ခင်းကြယ်ကျင့်စဥ်ကို ဖတ်ရှုပြီးသည်နှင့် ရွှေရောင်စာအုပ်က ၄င်းကို မှတ်တမ်းတင်လိုက်၏။ တစ်ညကြာပြီးနောက် ရွှေရောင်စာအုပ်က ၄င်းကို ကျင့်ကြံပြီးနေမှာပဲ ဖြစ်သည်။
အချိန်က ဖြတ်ခနဲ ကုန်ဆုံးသွားပြီး တစ်ညတာက လျင်မြန်စွာ ကုန်လွန်သွားလေ၏။
နောက်နေ့တွင် ယဲ့ရှောင် အိပ်နေရာမှ နှိုးလာချိန် သူ့အမြင်ရှေ့ရှိ စောင်က သူ့ပေါ် ရောက်နေပြီး ကုတင်အစွန်းကို မမြင်ရ ဖြစ်နေတော့သည်။
သူက နံနက်ခင်းကြယ် ကျင့်စဥ်ကို ကျင့်ကြံခဲ့သောကြောင့် မဟုတ်ပေ။ ဖျက်ဆီး၍ မရသော စိတ်နတ်ဘုရားသိုင်းကို သင်ယူချိန်မှစပြီး နှိုးလာသည့်အချိန်၌ ထိုကဲ့သို့ မြင်ကွင်းကို မြင်တွေ့နေကျ ဖြစ်သည်။
သူ၏ အသိစိတ်က အံ့ဖွယ်ဝိညာဥ်၏ ရွှေရောင်စာအုပ်ထဲ ရောက်သွားချိန်၌ အနည်းငယ် ထိတ်လန့်တုန်လှုပ်သွားမိသည်။
နံနက်ခင်း ကြယ် ကျင့်စဥ်ကို ကျင့်ကြံပြီးသည်ဖြစ်သည်။ သို့သော် ကျင့်ကြံခြင်း နည်းစနစ်နှင့် နံနက်ခင်းကြယ်ကျင့်စဥ်နှင့်အတူ မှတ်သားထားသော ကျင့်ကြံခြင်း နည်းစနစ်ဖြစ်သော ကောင်းကင်ကုသခြင်း နည်းစနစ်က ရွှေရောင်အလင်းဖျော့ဖျော့ စတင်ထွက်ပေါ်နေပြီ ဖြစ်သည်။
ဆိုလိုသည်က ထပ်မံ ပေါင်းစည်းရန်အတွက် ကျင့်ကြံခြင်း နည်းစနစ်တစ်ခု နှစ်ခုသာ လိုတော့တာပဲ ဖြစ်သည်။
ပိုအစွမ်းထက်တဲ့ ကျင့်စဥ်တွေကို ပေါင်းစည်းလိုက်ရင် တော်ဝင်နည်းစနစ်အထက် မြင့်သွားမှာလား။ ယင်းက ယဲ့ရှောင်ကို အပျော်လွန်သွားစေ၏။
တော်ဝင်နည်းစနစ်ကို ပေါင်းစည်း၍ ရလိုက်ရင် သူ၏ အနာဂတ် တိုးတက်မှုက သေချာပေါက် လျှော့တွက်၍ ရတော့မှာ မဟုတ်ပေ။
ထို့အပြင် ကောင်းကင်ကုသခြင်း၊ လွန်ကဲခြင်းစွမ်းအား ဓါးမော့၊ ခရမ်းရောင် ကြယ်ပင်လယ်၊ ကောင်းကင်ပိုင်းဖြတ်ခြင်းဓါး၊ ဖျက်ဆီး၍ မရသော စိတ်နတ်ဘုရားသိုင်း၊ နတ်ဘုရား အာရုံစူးစိုက်ခြင်းနှင့် ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်ကြယ်မှုတို့က တော်ဝင်အဆင့် ကျင့်ကြံခြင်း နည်းစနစ်များဖြစ်ကြောင်း သွယ်ဝိုက်၍ သက်သေပြပြီးလည်း ဖြစ်သည်။
နောင်၌ ကျင့်ကြံခြင်း နည်းစနစ်၏ ကျန်သည့်ပုံများကို ထပ်မံပေါင်းစည်းနိုင်လောက်သည်။
သို့သော် ပြဿနာ အနည်းငယ် ရှိနေသေး၏။ သာမန်ကျင့်ကြံခြင်း နည်းစနစ်များကို ရှာဖွေရန် လွယ်ကူသော်ငြား တော်ဝင်နည်းစနစ်များကမူ မလွယ်ကူချေ။
တော်ဝင်နည်းစနစ်တချို့ကို ဘယ်နေရာက ရနိုင်မလဲ။ စာကြည့်တိုက်ထဲမှာ ရှိဖို့တော့ မဖြစ်နိုင်ဘူး။ ဒါ့အပြင် အခြေခံကုသခြင်း နည်းစနစ်တွေက တော်ဝင်နည်းစနစ်တစ်ခုဖြစ်အောင်ပဲ ပေါင်းစပ်နိုင်တာ။ နောင်ကြ သာမန်ကျင့်စဥ်တွေ ဘယ်လောက်ပဲ ဖတ်ဖတ် ရွှေရောင်စာအုပ်ထဲကို ထည့်နိုင်တော့မှာ မဟုတ်ဘူး။ ပြီးတော့ နောက်ထပ် တော်ဝင်နည်းစနစ်အဖြစ် ပေါင်းစည်းနိုင်မှာ မဟုတ်ဘူး။
သို့သော် မကြာမီ၌ ယဲ့ရှောင်က ခေါင်းခါလိုက်ကာ ထပ်မတွေးတော့ချေ။
လှည်းက တောင်ပေါ်သို့ ရောက်သည့်အချိန်၌ လမ်းကြောင်းတစ်ခု အမြဲတမ်း ရှိစမြဲ ဖြစ်၏။မည်သူက ဂရုစိုက်မည်နည်း။ ယင်းက တံတားဆီ ရောက်သည့်အချိန်တွင် သွယ်တန်းသွားမှာပဲ ဖြစ်သည်။
အသက်ရှင်နေသည့် သူတစ်ယောက်က အမည်မသိရသည့် အခြေအနေကြောင့် သေသည့်အထိ အသက်ရှူထုတ် ခံနိုင်ပါမည်လော။
ယဲ့ရှောင်သည် ရှေးဦးစွာ နံနက်ခင်းကြယ် ကျင့်စဥ်ကို စမ်းကြည့်လိုက်၏။ နံနက်ခင်းကြယ်ကျင့်စဥ်
နှင့် ကောင်းကင်ကုသခြင်း နည်းစနစ်တို့က နှစ်မျိုးလုံး တော်ဝင်ကုသခြင်း ကျင့်ကြံခြင်းနည်းစနစ်များ ဖြစ်သော်ငြား နှစ်ခုကြား ကွာဟချက်တစ်ခု ရှိ၏။
ကျန်သည့် ကျင့်ကြံခြင်း နည်းစနစ်များ၏ အခြေခံကျင့်ကြံခြင်း နည်းစနစ်များကဲ့သို့ပင် ပုံစံခွဲများစွာ ရှိသည်။ နံနက်ခင်းကြယ်ကျင့်စဥ်နှင့် ကောင်းကင်ကုသခြင်း ကျင့်ကြံမှု နည်းစနစ်၏ တော်ဝင်နည်းစနစ်များက ပြသသည့် မတူညီသည့် နည်းလမ်းနှစ်ခုနှင့် တူညီသည်။
ကောင်းကင်ကုသခြင်း နည်းစနစ်က ဒဏ်ရာကို လျင်မြန်စွာ ကုသပေး၏။ ခုတ်ပိုင်းခံလိုက်ရလျှင်တောင် အပြည့်အဝ ပြန်ကောင်း၏။
နံနက်ခင်းကြယ်ကျင့်စဥ်ကမူ ပြန်ဖြည့်တင်းနိုင်သော စွမ်းရည်ရှိတာပဲ ဖြစ်သည်။
ယဲ့ရှောင်က သူ၏ လက်ကို ဖြတ်လိုက်သည့်အချိန်တွင် ဖြစ်သည်။ ကောင်းကင်ကုသခြင်း နည်းစနစ်က ခန္ဓာကိုယ်ထဲ၌ ၄င်းကို ပြန်ပေါ်စေ၏။ နံနက်ခင်းကြယ် ကျင့်စဥ်၏ ကုသခြင်းနည်းစနစ်က လက်အသစ်ပြန်ပေါက်စေတာပဲ ဖြစ်သည်။
ဆိုရလျှင် ဘုရင်အေးအ်၏ ကုသခြင်း ကျင့်ကြံမှု နည်းစနစ်က အလွန်သန်မာပုံရ၏။ သူ၏ ကုသခြင်းနည်းစနစ်က တော်ဝင်ကျင့်ကြံခြင်း နည်းစနစ်ဖြစ်ကြောင်း မသိထားခဲ့လျှင် သူ၏ ကုသခြင်း နည်းစနစ်က မတူညီသည့် တော်ဝင်နည်းစနစ်ဖြစ်ကြောင်း သိမှာ မဟုတ်ပေ။
ထိုသို့ဆိုလျှင် သူ၏ ကြယ်တာရာ အမြုတေကို တူးထုတ်ပြီး သူ၏ ကုသခြင်းကျင့်ကြံခြင်း နည်းစနစ်ကို ၄င်းကနေ သန့်စင်နိုင်၏။
မည်သည့်နည်းနဲ့မဆို ထိုလူက လူကောင်းတစ်ယောက် မဟုတ်ပေ။
သို့သော် မည်သို့ပင်ဆိုစေကာမူ သူက လူတစ်ယောက်၏ အသက်ကို ကယ်ထားပြီးသားဖြစ်ရာ ပေါင်းစပ်မည့်အရေး အကြောင်းကိုတောင် သင်ယူခဲ့ရသည်။ ယင်းက ကောင်းမွန်သည့် နေ့ရက်တစ်ရက် ဖြစ်သည်။
နံနက်ခင်း၌ ယဲ့ရှောင်က မနက်စာစားပြီး ဟွမ်လျိုလီကို ခေါ်ကာ စာကြည့်တိုက်သို့ သွားလိုက်၏။
စာကြည့်တိုက်ထဲရှိ လူများစွာက ငွေရောင်မြေခွေး ကြယ်တာရာသားရဲ အရေးကိစ္စအကြောင်း ဆွေးနွေးနေကြသည်။ လူများစွာက ၄င်းကို သတင်းဖြန့်နေလေရာ ငွေရောင်မြေခွေး ကြယ်တာရာသားရဲက နဥ်ယွိဟန်ဖြစ်ကြောင်း သူတို့အားလုံး သိကြသည်။ ယင်းက ယဲ့ရှောင်ဘက်ခြမ်းပေါ် အနည်းငယ် အမြင်မတူညီစွာ အတွေးတို့ ဖြစ်စေ၏။ ဆိုရလျှင် ယဲ့ရှောင်က နဥ်ယွိဟန်နှင့် ရင်းနှီးနေကျ ဖြစ်သည်။
မနက်ခင်း၌ မြို့စောင့်တပ်ဖွဲ့က လာရောက်စစ်ဆေးပြီး ယဲ့ရှောင်ကလည်း အမေးခံရ၏။ ကံကောင်းသည်မှာ ကုဟိုင်က သူ့ကို အထူးဂရုစိုက်သည်။ ထို့ကြောင့် ကုဟိုင်က သူ့ကို များများစားစား မစစ်မေးခဲ့ပေ။ စကားအနည်းငယ် ပြောဆိုပြီးနောက် သူတို့ကို အိမ်အသီးသီး ပြန်ပို့ပေး၏။
ကုဟိုင်က ရောက်မလာခဲ့ပေ။ သူက ပြင်းထန်သည့်စခန်းတွင် အထူးလေ့ကျင့်ရေးထဲ ဝင်ပါနေပြီ ဖြစ်သည်။ ထွက်လာသည်နှင့် သူ၏ ကျင့်ကြံဆင့်က တိုးတက်လာမှာ သေချာ၏။
တဖြည်းဖြည်းချင်း အရာအားလုံးက ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
ယဲ့ရှောင်က စာဖတ်ရန်အတွက် အပေါ်ထပ်သို့ ဆက်တက်သွားနေသည်။ စောစောလာပြီး နေ့စဥ်နေ့တိုင်း နောက်ကျမှ ပြန်၏။ အလုပ်ကို အချိန်မှီ လာသည်။
နောက်ရက်အနည်းငယ်အတွင်း သူက လက်နက်သန့်စင်ခြင်း နည်းစနစ်ကို ထပ်ရှာတွေ့လိုက်သည်။ သူ့တွင် အခြေခံလက်နက်သန့်စင်ခြင်း နည်းစနစ် ( ၉ ) မျိုး ရှိနေပြီဖြစ်၏။ ရွှေရောင်စာအုပ်ထဲတွင် လက်နက်သန့်စင်ခြင်း နည်းစနစ်များကို မှတ်တမ်းတင်ထားသော စာမျက်နှာက ရွှေရောင်အလင်းဖျော့ဖျော့ စတင်ထွက်ပေါ်လာပြီ ဖြစ်သည်။
ဆိုရသည်က သူသည် နောက်ထပ် အခြေခံလက်နက်သန့်စင်ခြင်း နည်းစနစ်ကို ရှာတွေ့သည်နှင့် တော်ဝင်အဆင့် သန့်စင်ခြင်း ကျင့်ကြံမှု နည်းစနစ်ကို ပေါင်းစည်းနိုင်တော့မှာပဲ ဖြစ်သည်။
ထိုကာလအတွင်း ယဲ့ရှောင်က ညတိုင်း အိမ်ပြန်ပြီး သံရိုင်းကဲ့သို့ ကုန်ကြမ်းအချို့ကို ဝယ်ခဲ့သည်။
ထိုညတွင် သန့်စင်ပြီးနောက် နောက်နေ့တွင် ဆိုင်သို့ ၄င်းကို ယူသွားသည်။
သူ သန့်စင်ထားသည့် လက်နက်များက အခြေခံအားဖြင့် ထူးကဲအဆင့် လက်နက် အများစု ဖြစ်သည်။ ထို့ကြောင့် ရုတ်ရုတ်သဲသဲဖြစ်မှာကို စိုးရိမ်ပူပန်စရာ မလိုပေ။
ဤလောကထဲတွင် တော်ဝင်နည်းစနစ်များသည် သာမန်လူသားများ မထိတွေ့နိုင်သော တည်ရှိမှု ဖြစ်၏။ ထို့ကြောင့် ချီရှန်းအဆင့်သည် အဆင့်အမြင့်ဆုံး ကျင့်ကြံမှု နည်းစနစ် ဖြစ်နေပြီး အဆင့်အမြင့်ဆုံးအဆင့် ချပ်ဝတ်တန်ဆာ၊ အမြင့်ဆုံးအဆင့် ဆေးလုံးများက လူအများ အိမ်မက်မက်နိုင်သည့်အရာ ဖြစ်သည်။
ချီရှန်းအဆင့်အောက်တွင် သာလွန် သို့မဟုတ် သာမန်တန်ကြေးက သိပ်မမြင့်ပေ။
လက်နက်များကို ဥပမာ ယူနိုင်ပေ၏။ သာလွန်နှင့် ချီရှန်းအဆင့်ကြား ကွာဟချက်ကမူ နှစ်မည့်ပမာ ဖြစ်သည်။ ချီရှန်းအဆင့် လက်နက်များက အနည်းဆုံး တစ်သန်းတန်ကြေးရှိသည်။
သာလွန်အဆင့် လက်နက်များကမူ အလွန်ဆုံးမှ တစ်သောင်း နှစ်သောင်းဝန်းကျင်သာ ရှိသည်။
သူတို့ကြား ကွာဟချက်က ရံဖန်ရံခါတွင် ၁ဆ အဆ၁၀၀တောင် ကွာတတ်သည်။
သာမန်နှင့် သာလွန်အဆင့် လက်နက်များကို သာမန်လက်မှုပညာရှင်များက ထုတ်လုပ်ထားသောကြောင့် ဖြစ်သည်။ ချီရှန်းအဆင့် လက်နက်များသာလျှင် ချီရှန်းဂိုဏ်းက သွန်းလုပ်နိုင်တာပဲ ဖြစ်၏။
သို့သော် ချီရှန်းအဆင့် လက်နက်များက အစတည်းက အလွန်ရှားပါးသည်။ ထို့အပြင် အများစုက ကြယ်တာရာသားရဲများကို အမဲလိုက်ရန် ရွေးချယ်ထားတာ ဖြစ်၏။ ထို့ကြောင့် သူတို့ဆီ၌ ရပြီး ဒါက အလွန်ပိုတောင် နည်းပါးသည်။
သို့သော် ထိုသို့တိုင် ယဲ့ရှောင်က ညစဥ်ညတိုင်း လက်နက်အချို့ကို သန့်စင်ပြီး ငွေစလေးများ ရလာတော့သည်။
အပိုင်း ၉၅ ပြီး၏။