Switch Mode

Chapter – 94

နဥ်ယွိဟန်၏ ဆုံးဖြတ်ချက်

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၉၄။ နဥ်ယွိဟန်၏ ဆုံးဖြတ်ချက်။

သေရေး ရှင်ရေး အခြေအနေ၌ ယို့ဝေက ချက်ချင်းပင် သူမ၏ အမြီးတစ်ချောင်းကို လောင်ကျွမ်းပစ်လိုက်သည်။ ပြီးနောက် ခန္ဓာကိုယ်က ယဲ့ရှောင်ဘေး၌ ပေါ်လာသည်။ တခြားနည်းလမ်း မရှိချေ။ ယဲ့ရှောင်၏ အရှိန်က မြန်ဆန်လွန်း၏။ မြန်ဆန်လွန်းလှရာ သူက သူမကို တုံ့ပြန်ရန် အခွင့်အရေး မပေးပေ။

သူမ ပြန်လည်ရှင်သန်လာသည့် နေရာက တစ်နေရာတည်း ဖြစ်နေပြီး ယဲ့ရှောင်၏ တိုက်ကွက်တိုင်းက သူမ ပြန်ရှင်သန်လာသည်နှင့် ချက်ချင်းရောက်လာ၏။

မကြာမီ၌ ယို့ဝေက ထပ်မံရှင်သန်လာပြန်သည်။ သူမ အမြီးအတွက်မူ လောင်ကျွမ်းမှုနှင့် အသက်ဓာတ်သုံးစွဲမှုကြောင့် တစ်ဆက်တည်း အမြီးနှစ်ချောင်း သုံးလိုက်ရသည်။ ယခုမူ အမြီးနှစ်ချောင်းသာ ကျန်ရစ်တော့၏။ တစ်နည်းဆိုရလျှင် သူမက ယဲ့ရှောင် နှစ်ခါသတ်တာ ခံရလျှင် သေသွားမှာပဲ ဖြစ်သည်။

ထင်သည့်အတိုင်းပင် ပြန်လည်ရှင်သန်လာသည်
နှင့် ယဲ့ရှောင်၏ တိုက်ကွက်က ဘေးသို့ ရောက်လာ၏။

သို့သော် ဓါးက ယို့ဝေ၏ ခန္ဓာကိုယ်ကို တိုက်ခိုက်ရန် အချိန်မရလိုက်ပေ။ ရုတ်တရက် ကောင်းကင်ထက်မှ လျှပ်စီးကျလာပြီ ဓါးရောင်ခြည်ပေါ်၌ ပေါက်ကွဲသွားတော့၏။ ချက်ချင်းပင် ယင်းက ယဲ့ရှောင်၏ ဓါးရောင်ခြည်ကို ပိုင်းဖြတ်လိုက်တော့သည်။

ယို့ဝေက သက်ပြင်းချလိုက်ပြီး နဥ်ယွိဟန်၏ အမူအယာက စိတ်ပူပန်လာတော့သည်။

ယဲ့ရှောင်သာလျှင် တည်ငြိမ်နေတာ ဖြစ်သည်။ သူက ကောင်းကင်ကို ထူးမခြားနား ကြည့်လိုက်ပြီး မလှုပ်ရှားတော့ပေ။

မကြာမီ၌ ယို့ဝေဘေးသို့ ငွေရောင်အလင်းရောင်
ခြည် ဖြည်းဖြည်းချင်း ကျလာ၏။

ယင်းက အမျိုးသမီး ကြယ်တာရာသားရဲတစ်ကောင် ဖြစ်သည်။ သူမက အိမ်မက်ဆန်ပြီး စိတ်ကူးယဥ် ဆန်၏။ ငွေရောင်ဆံနွယ်များရှိပြီး တော်ဝင်အငွေ့အသက်များ ပြည့်နေကာ အလေးအမြတ်ထားအပ်သည့် ပုံစံမျိုး ဖြစ်နေသည်။

ယို့ဝေက သူမကို မြင်သောအခါ ချက်ချင်းပင် အရိုအသေ ပေးလိုက်၏။

” ယို့ဝေက မြေခွေးဧကရီကို နှုတ်ဆက်ပါတယ် ”

နဥ်ယွိဟန်က ယဲ့ရှောင်ရှေ့၌ တီးတိုးပြောလိုက်သည်။

” ကြီးကြပ်သူ ယဲ့။ ဒါက ငွေရောင်မြေခွေး မျိုးနွယ်စုရဲ့ မြေခွေးဧကရီပဲ ”

” အင်း ”
ယဲ့ရှောင်က အသိအမှတ် ပြုလိုက်သည်။

နဥ်ယွိဟန်က မျက်မှောင်ကျုံ့မိသွား၏။

ကြီးကြပ်သူ ယဲ့က တည်ငြိမ်လွန်းပြီး ဖာသိဖာသာ နိုင်လွန်းသည်။

ယင်းက ငွေရောင်မြေခွေး မျိုးနွယ်စု၏ မြေခွေးဧကရီ ဖြစ်ပြီး မြေခွေးဖုတ် မဟုတ်ပေ။

ယင်းက ထိပ်သီး သိုင်းပညာရှင် ဖြစ်သည်။

သူမ မည်မျှ သန်မာမှန်း နဥ်ယွိဟန် မသိသော်ငြား မဟာချီရှန်းမျှသာ မဟုတ်တာ သေချာ၏။

ကြီးကြပ်သူ ယဲ့က သိပ်ကို မောက်မာထောင်လွှားလွန်း၏။ သို့သော် ယဲ့ရှောင်၏ ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုက ထိုအကြောင်းကို ရှင်းရှင်းလင်းလင်း သိနေကြောင်း သူ မသိထားပေ။

တစ်ဖက်လူက ဝိညာဥ်ခန္ဓာခွဲအဖြစ်သာ ရောက်လာတာ ဖြစ်သည်။ ယခင်က နဥ်ယွိဟန်ကို ထိန်းချုပ်ထားသော ဘုရင်အေးအ်၏ ဝိညာဥ်ခန္ဓာခွဲနှင့် သဘောတရား တူပေ၏။

ပင်မခန္ဓာက ပြသနိုင်သော ခွန်အားသည် ရှန်းထျန်းဆဌမအဆင့် မဟာချီရှန်းတစ်ဦးမျှသာ ရှိ၏။

ယဲ့ရှောင်၏ ခွန်အားက ရှန်းထျန်းပဥ္စအဆင့်တွင်သာ ရှိသော်ငြား သူသည် ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုကို ကျင့်ကြံပြီး သူ၏ ခွန်အားက ရှန်းထျန်းပဥ္စအဆင့်ကို ကျော်သည်။ ထို့အပြင် သူက ရှန်းထျန်းဆဌမအဆင့်၏ အဓိပ္ပာယ်အစစ်အမှန်ကို နားလည်သဘောပေါက်ထားပြီး ဖြစ်သည်။ ထို့ကြောင့် တစ်ဖက်လူကို ကြောက်မနေပေ။

ထို့အပြင် ယဲ့ရှောင်က တစ်ဖက်လူ၏ ပင်မခန္ဓာသည် ကမ္ဘာမြေပေါ် ဆင်းသက်လာရဲခြင်း မရှိကြောင်းလည်း သတိပြုမိပြီး ဖြစ်၏။

စစ်မြေပြင်ပေါ်ရှိ သိုင်းပညာထိပ်သီးများက အသေးအမွှားများ မဟုတ်ပေ။

မြေခွေးဧကရီက ယို့ဝေကို တစ်ချက်ကြည့်ပြီးနောက် ယဲ့ရှောင်ကို ကြည့်လိုက်တော့သည်။

” ရှင့်ရဲ့ ကျင့်စဥ်က တကယ်ကောင်းတာပဲ။ ယို့ဝေက ကျွန်မရဲ့ ရံခြွေတော်တွေထဲက တစ်ယောက်ပဲ။ အသန်မာဆုံး ပါရမီရှိတဲ့သူဖြစ်ပြီး ရှန်းထျန်းပဥ္စအဆင့် မဟာချီရှန်းတစ်ယောက်ပဲ။ ဒါတောင် ရှင့်ရဲ့ လက်ထဲမှာ တစ်ချက်တောင် မလှုပ်ရှားနိုင်ဘူး။ ဒါပေမဲ့ ယို့ဝေနဲ့ ရှင်နဲ့က အငြိုးအတေး မရှိဘူး။ ရှင့်ရဲ့ တိုက်ကွက်က ရက်စက်လွန်းတယ်။ အမြီးသုံးချောင်းကို တစ်ဆက်တည်း ဖျက်ဆီးလိုက်တာ မလွန်လွန်းဘူးလား ”

ယဲ့ရှောင်က ထူးမခြားနား ပြောလိုက်လေ၏။

” လူသားမျိုးနွယ်စုထဲ ဝင်လာပြီး လူသားမျိုးနွယ်စုကို တိုက်ခိုက်နေတာ။ သူက ငါ့ညီငယ်လေးကိုတောင် ထိခိုက်အောင် လုပ်ချင်နေတာ။ ဒီတော့ ငါ ရပ်ကြည့်မနေနိုင်ဘူးလေ ”

ယို့ဝေက အလျင်စလို ပြောလိုက်သည်။

” ဘယ်တုန်းက သူ့ကို ထိခိုက်အောင် လုပ်ချင်လို့တုန်း။ သူ့ကို ငွေရောင်မြေခွေး မျိုးနွယ်စုဆီ ခေါ်သွားပြီး ကာကွယ်ပေးမလို့။ သူက ကျွန်မတို့ ငွေရောင်မြေခွေး မျိုးနွယ်စုရဲ့ တော်ဝင်မိသားစုက။ မြေခွေးဧကရီရဲ့ မြေးအရင်းပဲ။ ကျွန်မမှာ အူတစ်ထောင်ရှိခဲ့ရင်တောင် သူ့ကို မသတ်ရဲပါဘူး ”

မြေခွေးဧကရီက ယဲ့ရှောင်ကို တစ်ချက်ကြည့်လိုက်၏။

” ကြားလိုက်လား ဆရာ ”

” အော် ”
ယဲ့ရှောင်က တစ်ခွန်းပြောပြီး ယို့ဝေကို နေရာမှာတင် ပေါက်ကွဲသွားအောင် လုပ်လိုက်၏။

” ရှင်က ကျွန်မကို အမြီးလေးချောင်း အသက်လေးသက် ဆုံးရှုံးအောင် လုပ်ပြီးတော့ အော် တစ်ခွန်းပဲ ပြောတယ်ပေါ့ ”

ဖုန်း။

ယို့ဝေ၏ စကားဆုံးသွားသည်နှင့် ယဲ့ရှောင်က သူ၏ ဓါးဖြင့် ထပ်မံပိုင်းဖြတ်လိုက်၏။

ဓါးချက်က မြန်လွန်းသောကြောင့် ယို့ဝေ၊ မြေခွေးဧကရီနှင့် နဥ်ယွိဟန်တောင် ၄င်းကို မမှန်းဆမိပေ။

အငိုက်မိသွားပြီး ယို့ဝေက ထပ်မံတိုက်ခိုက်ခံလိုက်ရ၏။ သူမ အသက်ပြန်ရှင်သန်လာချိန်၌ နောက်ဆုံးအမြီးသာ ကျန်တော့သည်။

” အခု မင်းမှာ အမြီးတစ်ချောင်း ရှိသေးတယ် ”

ယဲ့ရှောင်က ထူးမခြားနား ပြောလိုက်ပြီး သူ၏ စကား၌ စိတ်ခံစားချက် တစ်စွန်းတစ်စမှ မပါလေရာ ယို့ဝေကို ကြောက်လန့်မှုကြောင့် တုန်ယင်စေပြီး နောက်ထပ်တစ်ခွန်းမှ မပြောရဲ ဖြစ်စေ၏။

သူမ၌ နောက်ဆုံးအသက် ကျန်နေသေး၏။ ယဲ့ရှောင် ခေါင်းဖြတ်တာ ခံခဲ့ရလျှင် သူမက အမှန်တကယ် သေပြီဖြစ်သည်။

မြေခွေးဧကရီက မျက်ဝန်းများအနည်းငယ် ကျဥ်းမြောင်းလိုက်ကာ သူ့ရှေ့ရှိ လူငယ်ကို စိုက်ကြည့်လိုက်သည်။

ဘယ်အချိန်ကစပြီး လူသားတွေက ဒီလောက် ထူးချွန်ထက်မြတ်တဲ့ ဓါးသ်ိုင်းကို ကျွမ်းသွားကြတာလဲ။

ယဲ့ရှောင်က သူမကဲ့သို့ ငွေရောင်မြေခွေး မျိုးနွယ်စု၏ ဂုဏ်သတင်းကြီးသော မြေခွေးဧကရီကို အံ့သြမှု ခံစားရစေ၏။

ကြယ်ဆုံသော ကောင်းကင်ကို ဖိနှိပ့်နိုင်ပြီး စကြာဝဠာ ဘီလီယံချီကို အုပ်စိုးမယ့် နောက်ထပ်လူသား ဧကရစ်တစ်ပါး ပေါ်လာတာများ ဖြစ်နေမလား။

ခဏကြာပြီးနောက် သူမက ထပ်ပြောလိုက်သည်။ သို့သော် လေသံကမူ ပိုပြီးနူးညံ့သွား၏။

” ကျွန်မတို့ရဲ့ အဆင်အခြင်မဲ့မှုအတွက် တောင်းပန်ပါတယ် ”

ယို့ဝေ၏ နှလုံးက တုန်ယင်သွားသည်။

ယင်းက ငွေရောင်မြေခွေး မျိုးနွယ်စု၏ ဂုဏ်သိက္ခာရှိသော မြေခွေးဧကရီ ဖြစ်သည်။

ယဲ့ရှောင်လို လူတစ်ယောက်ကို ရှုံးနိမ့်ကြောင်း ဝန်ခံပြီး ဦးညွှတ်အရိုအသေ ပေးရတယ်တဲ့လား။

နဥ်ယွိဟန်က လေးစားမှုများ ပြည့်နေသည့် အကြည့်ဖြင့် ယဲ့ရှောင်ကို ကြည့်လိုက်၏။

ကြီးကြပ်သူက အံ့သြဖို့ ကောင်းလိုက်တာ။

ယဲ့ရှောင်က မပြောပေ။ သို့သော် မြေခွေးဧကရီက ထပ်ပြောလိုက်၏။

” ဒီတစ်ခေါက် ယို့ဝေက မြေးကို ခေါ်ဖို့ ရောက်လာတာပဲ။ သူ့မှာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိဘူး။ သူ့ရဲ့ သွေးမျိုးဆက်ကို တစ်ယောက်ယောက်က နှိုးလိုက်တာ။ အခုကစပြီး သူ ကြယ်တာရာသားရဲတစ်ကောင် အပြည့်အဝ ဖြစ်သွားတော့မှာ ”

” မင်းရဲ့ ကျင့်ကြံဆင့်က သန်မာတယ်ဆိုပေမဲ့ သူ့ကို ဆက်ထားထားမယ်ဆိုရင် ကာကွယ်နိုင်မှာ မဟုတ်ဘူး ”

” လူသားတွေရဲ့ နှလုံးသားက စိတ်သဘောထား အများဆုံးပဲ။ တခြားသတ္တဝါတွေကိုလည်း သည်းမခံနိုင်ဆုံး။ ငါ့ရဲ့ ငွေရောင်မြေခွေး မျိုးနွယ်စုရဲ့ သွေးမျိုးဆက်ကို လွှတ်ပေးဖို့ ဆန္ဒရှိရင် ငါတို့မျိုးနွယ်စုက နံနက်ခင်း ကြယ်ကျင့်စဥ်၊ တော်ဝင် ကုသခြင်း ကျင့်စဥ် ၊ သွေးမျိုးဆက်ရဲ့ တော်ဝင် ကုသခြင်း ကျင့်ကြံခြင်း နည်းစနစ် ၊ နံနက်ခင်း ကြယ်နည်းလမ်းနဲ့ ကျေးဇူးဆပ်မှာပါ ”

ယဲ့ရှောင်၏ မျက်လုံးတို့က လက်သွားသည်။

သူ၏ တစ်ဖက်လူ၏ ကျင့်စဥ်ကို စိတ်ဝင်စားတာ မဟုတ်ပေ။ သို့သော် သူတို့ပြောတာ မှန်ပေ၏။

နဥ်ယွိဟန်၏ အထောက်အထားက ကြယ်တာရာသားရဲအနေဖြင့် ပေါ်ပြီးသားဖြစ်သည်။ ယခုအချိန်မှစကာ သူက လူသားလောကထဲတွင် မနေနိုင်တော့တာ သေချာ၏။

မဟုတ်လျှင် သူက အဖမ်းခံရလျှင် အဖမ်းခံရ၊ မဟုတ်လျှင် နေရာမှာပင် အသက်ခံရမှာပဲဖြစ်သည်။ ထိုအစား လူသားကမ္ဘာမှ ထွက်သွားတာက ပိုကောင်းမည်။

သို့သော် ယင်းက နဥ်ယွိဟန်၏ ကိစ္စဖြစ်ပြီး ဆုံးဖြတ်ရမည်မှာ နဥ်ယွိဟန်အပေါ် မူတည်သည်။

” ကျုပ်က ခင်ဗျား ပြောတဲ့ ကျင့်စဥ်ကို စိတ်မဝင်စားဘူး။ နဥ်ယွိဟန်က ခင်ဗျားနောက် လိုက်မယ်ဆို မတားဘူး။ ဒါပေမဲ့ သူ ဆန္ဒ မရှိရင် ဒီနေ့ သူ့ကို ဘယ်သူ့မှ ခေါ်သွားလို့ မရဘူး ”

နဥ်ယွိဟန်၏ နှလုံးက တုန်လှုပ်သွားကာ သူ့မျက်လုံးထဲ အနည်းငယ် မျက်ရည်ဝဲလာတော့သည်။

ယဲ့ရှောင်သည် သူ့ကို ဘာမှပြောစရာမရှိ။ သို့သော် ယဲ့ရှောင်သည် အမြဲတမ်း ဂရုစိုက်ပေးခဲ့၏။ ထို့ကြောင့် သူ့အတွက်သူ မည်ကဲ့သို့ စဥ်းစားနိုင်မည်နည်း။ ယဲ့ရှောင်၏ ဘေးကင်းမှုကို သူ မည်ကဲ့သို့ လျစ်လျူရှူနိုင်မည်နည်း။

သူ ပေါ်သွားသည်နှင့် ယဲ့ရှောင်ဆီသို့ ပြဿနာသာ ဆောင်ယူလာပေးမိမှာ သေချာသည်။

ထို့အပြင် သူ၏ အဖွားက မြေခွေးဧကရီ ဖြစ်သည်။ ထို့ကြောင့် သူ့ကို မသတ်နိုင်လောက်ပေ။ မဟုတ်ပါလော။

ထို့ကြောင့် အသက်ပြင်းပြင်း တစ်ချက်ရှူပြီးနောက် မြေခွေးဧကရီကို တည်ကြည်သည့် အမူအယာဖြင့် ကြည့်ကာ သဘောတူလိုက်၏။

” ကောင်းပြီ။ ခင်ဗျားနဲ့ လိုက်မယ်။ ဒါပေမဲ့ တော်ဝင်ကုသခြင်းနည်းစနစ်ကို ကြီးကြပ်သူ ယဲ့ဆီ ပေးရမယ် ”

မြေခွေးဧကရီက အနည်းငယ် ပြုံးလိုက်ပြီး သူ့ကို မကြည့်တော့ပေ။ ထိုအစား သူမက ယဲ့ရှောင်ကို ကြည့်လိုက်၏။ ဆုံးဖြတ်ချက်က ယဲ့ရှောင်၏ လက်ထဲတွင်ရှိကြောင်း လူတိုင်းထက် ပိုသိသည်။

ယဲ့ရှောင်က နဥ်ယွိဟန်ကို ကြည့်လိုက်သည်။

” မပြောခင် စဥ်းစား။ မင်းကိုမင်း ဖိအားမပေးနဲ့ ”

နဥ်ယွိဟန်က တည်ကြည်သော အမူအယာဖြင့် ခေါင်းညိတ်လိုက်၏။

” ကျွန်တော် တွေးပြီးသားပါ။ လူသားတွေရဲ့ ကမ္ဘာမှာ ထပ်နေလို့ မရတော့ဘူး။ ငွေရောင်မြေခွေး မျိုးနွယ်စုကိုပဲ သွားနိုင်တော့မယ်။ ဒါပေမဲ့ ကြီးကြပ်သူ ယဲ့ … စိတ်မပူပါနဲ့။ သွေးမျိုးဆက် နှိုးထလာပြီး ကျွန်တော်က ကြယ်တာရာသားရဲတစ်ကောင်အဖြစ် အပြည့်အဝ ပြောင်းလဲသွားနိုင်တယ်ဆိုပေမဲ့ လူသားတွေကို ဘယ်တော့မှ ဒုက္ခ မပေးပါဘူး ”

အပိုင်း ၉၄ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset