Switch Mode

Chapter – 93

ကြီးကြပ်သူ ယဲ့က လူသား မဟုတ်တာများ ဖြစ်နေမလား။

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၉၃။ ကြီးကြပ်သူ ယဲ့က လူသား မဟုတ်တာများ ဖြစ်နေမလား။

နဥ်ယွိဟန်ကို အင်အားတစ်ခုက ချုပ်လှောင်ထားစဥ် သူက ချက်ချင်းပင် စိတ်ပျက်အားငယ်သွားတော့၏။

ယခုအချိန်တွင် အားနည်းပြီး ကူကယ်ရာ ကူကယ်ရာမဲ့မှုအတွက် သူ့ကိုသူ မုန်းတီးမိသည်။

သူသာ ကျန်းဟိုင်မြို့ထဲရှိ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်များကဲ့သို့ အစွမ်းထက်လျှင် မည်မျှ ကောင်းမည်နည်း။ သူက မည်သူ့ကိုမှ ထိခိုက်ဒဏ်ရာရအောင် မလုပ်ချင်ပေ။ ရှင်သန်ရန် အခွင့်အရေး တစ်ခုပဲလိုချင်တာဖြစ်၏။ ကြီးကြပ်သူ ယဲ့ကဲ့သို့ နေနိုင်ရန် အခွင့်အရေး သာမန်လူများကဲ့သို့ နေနိုင်ရန် အခွင့်အရေးဖြစ်သည်။ ကံဆိုးသည်မှာ အမှန်တရားက ရက်စက်လှပေ၏။

သူ အသက်ရှည်ရှည် နေရမှာ မဟုတ်မှန်း သိနေသည်။ သူ ခုခံနိုင်ခြင်း မရှိသောကြောင့် လက်လျှော့ရန် အသင့်ပြင်ပြီးသား ဖြစ်သည်။ အားနည်းမှုသည် မူလအပြစ် ဖြစ်၏။ နှုတ်ဆက်ပါတယ် ကြီးကြပ်သူ။

နှုတ်ဆက်ပါတယ် … စာကြည့်တိုက်က လုပ်ဖော်ကိုင်ဖက်တွေအားလုံး။

နှုတ်ဆက်ပါတယ် လောကကြီး။

သို့သော် ထိုစဥ် နဥ်ယွိဟန်က သူ၏ နားဘေးကနေ သက်ပြင်းချသံ သဲ့သဲ့ကို ကြားလိုက်သည်။ ပြီးနောက် လေထဲ၌ ချက်ချင်းပင် ပေါက်ကွဲသံကြီး ပေါ်ထွက်လာလေ၏။

ပေါက်ကွဲသွားပြီးနောက် သူ့ကို ထိန်းချုပ်ထားသည့် အင်အားက လေထုထဲ၌ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

” ဒါက ”
နဥ်ယွိဟန်၏ သူငယ်အိမ်များ ကျုံ့သွားသည်။ ခဏအတွင်း၌ ယဲ့ရှောင်သည် ခြံဝန်းအပြင်ဘက်သို့ လျှောက်ထွက်လာပြီ ဖြစ်သည်။

” ကြီး ကြီးကြပ်သူ ယဲ့ ”

ယခုအချိန်တွင် သူက ဝက်ဦးနှောက် ဖြစ်နေလျှင်တောင် တစ်စုံတစ်ခုကို ဝေဝါးဝါး ခန့်မှန်းမိသွားသည်။

အစောတုန်းက သူ့ကို ကယ်တင်ခဲ့တာက ကြီးကြပ်သူပဲ။

ဒါပေမဲ့ ကြီးကြပ်သူရဲ့ ခွန်အားက ဟို့ထျန်းဒုတိယအဆင့်ပဲမလား။ သူက အံ့ဖွယ်ဝိညာဥ်တောင် မနှိုးထသေးဘူးလေ။

အစောတုန်းက သူ့ကို ချုပ်နှောင်ထားတဲ့ ခွန်အားက ရှန်းထျန်းနယ်ပယ်အထက် ရှိမှာ သေချာတယ်။

ကြီးကြပ်သူ သူ့ရဲ့ ကျင့်ကြံဆင့်ကို ဖုံးကွယ်ထားတာများလား။ ဒါ့အပြင် သူက ချီရှန်းသိုင်းပညာရှင်တစ်ယောက်တောင် ဖြစ်နိုင်သေးတယ်။

ဘုရားရေ။ ကြီးကြပ်သူက အသက် ဘယ်လောက်များလဲ။ အသက် ၂၁နှစ်တောင် မပြည့်သေးဘူး။ အသက် ၂၀အရွယ်မှာ ချီရှန်းသိုင်းပညာရှင်တစ်ယောက်တဲ့လား။ ရယ်စရာပဲ။

ကျန်းဟိုင်မြို့ရဲ့ လူငယ်မျိုးဆက်ကြားထဲမှာ သူက နံပါတ် တစ် ဆိုတာ ၁၀၀ရာခိုင်နှုန်း သေချာတယ်။ မဟုတ်ဘူး။ ဒါက ချဲ့ကားပြောနေတာ မဟုတ်ဘူး။ စီရင်စု ၉ခုနဲ့ တစ်လောကလုံးမှာတောင် ကြီးကြပ်သူရဲ့ ပါရမီက အကောင်းဆုံးတွေထဲက တစ်ယောက်ပဲ။

ယဲ့ရှောင်က သူ့ကို လျစ်လျူရှူထားသည်။ နဥ်ယွိဟန်ဆီ သူ၏ အထောက်အထား ထုတ်ဖော်မိမှာကို မကြောက်ပေ။ ထိုအရေးကိစ္စကို နဥ်ယွိဟန် မေ့သွားအောင် ပြုလုပ်နိုင်သည့် နည်းလမ်းများစွာ ရှိ၏။

ထို့အပြင် သူက နဥ်ယွိဟန်ကို မေ့ခွင့်မပေးလျှင်တောင် သူ၏ အကျင့်စရိုက် သူတို့နှစ်ယောက်ကြားရှိ ခင်မင်မှုဖြင့် သူ၏ အထောက်အထားကို နဥ်ယွိဟန် ထုတ်ဖော်မှာ မဟုတ်ကြောင်း ယဲ့ရှောင် ယုံကြည်သည်။

ခေါင်းမော့ပြီးနောက် ကောင်းကင်ကို ကြည့်လိုက်တော့၏။ ခြေဗလာဖြင့် အမျိုးသမီးက လှပသည့် ဝတ်စုံကို ဝတ်ထားကာ ငွေရောင်အမြီးခြောက်ချောင်းရှိလျက် ဖြည်းဖြည်းချင်း ဆင်းသက်လာသည်။

တစ်ဖက်လူ၏ မြေခွေးအမြီးများကို မြင်တွေ့သောအခါ နဥ်ယွိဟန်က ဆွံ့အသွားသည်။

သူတို့က တူညီသည့် မျိုးနွယ်စုဆိုတာ သိသာ၏။

ငွေရောင်မြေခွေး။

” ကြီးကြပ်သူ ယဲ့ သူက ငွေရောင်မြေခွေး မျိုးနွယ်စုရဲ့ အဖွဲ့ဝင်တစ်ယောက်ပဲ။ ဒါပေမဲ့ ဘာကြောင့် အမြီးခြောက်ချောင်းပဲ ရှိရတာလဲ။ ကျွန်တော့်လောက် အမြီးတွေ မများဘူး ”

နဥ်ယွိဟန်က မတတ်နိုင်ပဲ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။

တစ်ဖက်တွင်မူ ယဲ့ရှောင်က အေးအေးဆေးဆေး ပြောလိုက၏။

” မင်းနဲ့ သူက မတူဘူး။ မင်းက ငွေရောင်မြေခွေးမျိုးနွယ်စု တော်ဝင်မိသားစုဝင်တစ်ယောက် ဖြစ်လောက်တယ်။ ဒါကြောင့် မင်းရဲ့ သွေးမျိုးဆက် နှိုးထလာပြီးတဲ့နောက်မှာ အမြီးကိုးချောင်းနှင့် မွေးလာတာပဲ။ သာမန်ငွေရောင်မြေခွေးသားရဲတွေက သူတို့ အမြီးအရေအတွက် တိုးတက်ဖို့အတွက် သူတို့ ကျင့်ကြံဆင့် တိုးမြင့်ဖို့ သူတို့ကိုသူတို့ပဲ အားကိုးနိုင်တာ။ သူ့မှာ အမြီးခြောက်ချောင်း ရှိပြီးသား။ ဆိုလိုတာက သူက သာမန်ငွေရောင်မြေခွေး မျိုးနွယ်စုဝင်ပဲ။ ဒါပေမဲ့ ကျင့်ကြံဆင့်က အနည်းဆုံး မဟာချီရှန်းအဆင့်မှာ ရှိတယ် ”

ယဲ့ရှောင်က စာအုပ်များ နေ့စဥ်နေ့တိုင်း ဖတ်ရှုပြီး သူသည် သူစုဆောင်းထားသော ထူးဆန်းသည့်ဗဟုသုတများစွာက မမှန်းဆနိုင်သည့် အဆင့်သို့ ရောက်နေတာ ကြာပြီဖြစ်သည်။

နဥ်ယွိဟန်က နေရာမှာတင် ဆွံ့အသွားလေ၏။

မဟာချီရှန်းတဲ့လား။ ဒါဘယ်လို ရယ်စရာမျိုးလဲ။

ဒီလိုဆိုရင် ကြီးကြပ်သူက ခုနတုန်းက တစ်ဖက်လူရဲ့ ခွန်အားကို အလွယ်တကူ ချေဖြတ်နိုင်တာပေါ့။ ဆိုလိုတာက ကြီးကြပ်သူကလည်း မဟာချီရှန်းတဲ့လား။ အသက် ၂၀အရွယ် မဟာချီရှန်းလား။

ယဲ့ရှောင်ကို ချီရှန်းတစ်ဦးသာဟု သူ အစက ထင်ခဲ့သည်။ အဆုံးတွင်မူ ယဲ့ရှောင်က အမှန်တကယ် ချီရှန်းတစ်ယောက် ဖြစ်ရုံသာမက မဟာချီရှန်း ဖြစ်နေသည်။

ကြီးကြပ်သူသည် ဤလောကကြီးထဲရှိ လူငယ်မျိုးဆက်ထဲ၌ နံပါတ် တစ် ဆိုတာ သေချာ၏။

သူ၏ မျက်နှာကို ပြနေကျ မဟုတ်သည့် ကြီးကြပ်သူက စာအုပ်များသာ ဖတ်ရှုပြီး အန္တရာယ် မပေးနိုင်သည့် သူက ထိုကဲ့သို့ ဖြုံလောက်သည့် တည်ရှိမှု ဖြစ်နေသည်လော။

ယခုအချိန်တွင် နဥ်ယွိဟန်က ဘဝကို စတင် သံသယဖြစ်လာသည်။

ကြီးကြပ်သူက လူသား ဟုတ်နိုင်ပါ့မလား။ လူသားတွေက ဒီလောက် မသန်မာနိုင်ဘူး။

ကောင်းကင်ထဲတွင် ယို့ဝေက ဖြည်းဖြည်းချင်း ဆင်းသက်လာ၏။ သူမ၏ အကြည့်ထဲတွင် သတိထားမှုအချို့ ပါနေလျက် ယဲ့ရှောင်ကို စိုက်ကြည့်လိုက်သည်။ သို့သော် မျက်နှာထက်၌ အပြုံးတု ပေါ်လာလေ၏။

” ဒီမှာ မဟာချီရှန်းတစ်ယောက် ရှိလိမ့်မယ်လို့ တကယ် မထင်ထားဘူး ”

ယဲ့ရှောင်ကမူ သူ့မကို ထူးမခြားနား ကြည့်လိုက်လေ၏။

ခဏအကြာတွင် မဟာချီရှန်းတစ်ဦး၏ အရှိန်အဝါသည် ဒီရေလှိုင်းသဖွယ် ပေါ်ထွက်လာပြီး အရပ်မျက်နှာအနှံ့ပြန့်ကားသွား၏။

အဓိပ္ပာယ်မရှိတာတွေလည်း မလိုအပ်။ သူက သူမနှင့် ဆက်သွယ်ရန် ရည်ရွယ်ချက်လည်း မရှိပေ။ သူ လှုပ်ရှားတာကို မြင်သည့်သူတိုင်း ထူးခြားသည့် အခြေအနေမှလွှဲ၍ သူ လှုပ်ရှားတာကို မြင်သည့်သူတိုင်း သေရပေမည်။

ထို့အပြင် တစ်ဖက်လူက နဥ်ယွိဟန်ကို ဖမ်းရန် ရောက်လာတာပဲ ဖြစ်သည်။

ထိုအရှိန်အဝါကို ခံစားမိသောအခါ ယို့ဝေက အနည်းငယ်လေးတောင် ဂရုမစိုက်ပဲ မနေနိုင်ရဲတော့ချေ။ သူမ အမူအယာက လေးနက်သွားပြီး လက်၁၀ချောင်းကို ယှက်လိုက်လေ၏။ ချက်ချင်းပင် ခန္ဓာကိုယ်ထဲရှိ ဝိညာဥ်စွမ်းအင်ကို နှိုးလိုက်ကာ သူမ၏ ခန္ဓာကိုယ်ထဲရှိ ခွန်အားများကို ထုတ်ဖော်လျက် ကျင့်စဥ်ကို ထုတ်ဖော်လိုက်တော့သည်။

သို့သော် သူမ၏ ကျင့်ကြံဆင့် မနှိုးထရသေးခင် မျက်လုံးရှေ့၌ ဓါးရောင်ခြည်က လျင်မြန်စွာ ပေါ်လာ၏။ ဓါးရောင်က ပိုမိုကြီးမားလာတော့သည်။

ဖုန်း။

ကောင်းကင်ထဲတွင် ဓါးရောင်ခြည်က ပေါက်ကွဲသွားပြီး ယို့ဝေကို ပြာအဖြစ် ပြောင်းလဲသွားတော့၏။

နဥ်ယွိဟန်၏ မျက်နှာက ရှုံ့မဲ့သွားတော့သည်။

မဟာချီရှန်းတစ်ယောက်က ကြီးကြပ်သူရဲ့ ဓါးရာင်ခြည်နဲ့ ချက်ချင်း အသတ်ခံလိုက်ရတဲ့လား။

ကြီးကြပ်သူက အရမ်းအစွမ်းထက်တာလား။ သူက မဟာချီရှန်းတစ်ယောက်ကိုတောင် ကျော်တာ ဖြစ်နိုင်မလား။

သို့သော် နဥ်ယွိဟန်သည် ယဲ့ရှောင်ကြောင့် များများစားစား မထိတ်လန့်တော့ပေ။ နောက်တစ်စက္ကန့်၌ လေထဲတွင် ယို့ဝေက အသက်ပြန်ရှင်လာပြီး မူအနေအထား ပြန်ရောက်လာ၏။

သူမသည် ယခင်ကနှင့် တူညီနေသေးဆဲ ဖြစ်သည်။ တစ်ခုတည်းသော ကွဲပြားခြားနားချက်က အမြီးလေးများထဲမှ တစ်ချောင်းက ပျောက်သွားတာပဲ ဖြစ်သည်။

အသက်အစားထိုးခြင်း နည်းစနစ်။

မြေခွေးမျိုးနွယ်စု၏ မွေးရာပါ အံဖွယ်စွမ်းရည်က ငွေရောင်မြေခွေး သွေးမျိုးဆက်၏ ကုသခြင်း နည်းစနစ်ဖြစ်သည်။ ကျင့်ကြံခြင်းကနေ သူတို့အမြီးထဲ၌ အသက်တက်များကို သိုလှောင်ထားနိုင်၏။

သူတို့အချိန်မှီ မရှောင်တိမ်းနိုင်သော တိုက်ကွက်တစ်ကွက်နှင့် ကြုံရလျှင် သူတို့၏ အမြီးများက မူလခန္ဓာနေရာတွင် အစားထိုးသွာပြီး တိုက်ကွက်အားလုံးကို စုပ်ယူသွားလိမ့်မည်။

သို့သော် သူတို့က အသက်အစားထိုးခြင်း နည်းစနစ်ကို တစ်ကြိမ်အသုံးပြုတိုင်း သူတို့၏ အမြီးတစ်ချောင်း ဆုံးရှုံးကြလိမ့်မည်။ အမြီးတစ်ချောင်းပြန်လည်တည်ဆောက်ချင်လျှင် သူတို့က နှစ် ၁၀၀ကျော် ကြိုးစားအားထုတ်မှုကို လိုအပ်၏။

အမြီးများအားလုံး ဆုံးရှုံးသွားခဲ့လျှင် ငွေရောင်မြေခွေး၏ အသက်က အပြည့်အဝ ပျောက်ကွယ်သွားပေလိမ့်မည်။

” ဟူး ဟူး ”

ယို့ဝေက အသက်ပြင်းပြင်း ရှူလိုက်၏။ သူမ၏ မျက်နှာလေးက ဖယောင်းနှယ် ဖြူလျော့နေပြီးသား ဖြစ်သည်။

ကျန်းဟိုင်မြို့ထဲ၌ ထိုကဲ့သို့ အစွမ်းထက်သည့် တည်ရှိမှု ရှိနေလိမ့်မည်ဟု သူ မထင်ထားပေ။ မရဘူး။ ငါ သူနဲ့ ထိပ်တိုက် တိုက်လို့မရဘူး။ မဟုတ်ရင် သေမှာ သေချာတယ်။

” မတိုင်ခင် ”
သို့သော် သူမက တိုက်ခိုက်မှု ရပ်စဲရန်အကြောင်း ပြောရန် ပြင်လိုက်သော်ငြား တစ်ခွန်းတောင် မပြောရသေးခင် ယဲ့ရှောင်က နောက်ထပ် ဓါးရောင်ခြည်ကို ထုတ်ဖော်လိုက်ရာ သူမကို သွေးမြူအဖြစ် ပြောင်းလဲသွားစေ၏။

သူမကို သတ်ဖြတ်ပြီးနောက် ယဲ့ရှောင်က ဘေးရှိ
နဥ်ယွိဟန်ကို ပြောလိုက်သည်။

” မင်းတို့ ငွေရောင်မြေခွေး မျိုးနွယ်စုရဲ့ အသက်အစားထိုးခြင်း နည်းစနစ်က မင်း တစ်ကြိမ်ပိုင်းဖြတ်လိုက်တိုင်း အသုံးပြုသူကို အမြီးတစ်ချောင်း ဆုံးရှုံးစေမယ်။ ဒါကြောင့် သူ အမှန်တကယ် မသေရင် အကြိမ်ရေ အနည်းငယ် ထပ်သတ်ရမယ် ”

နဥ်ယွိဟန်သည် အစတုန်းက သတိမပြုမိသည့်ပမာ ခေါင်းညိတ်လိုက်၏။ ပြီးနောက် ယို့ဝေက ထပ်ပြီး အသက်ရှင်လာသည်။

နဥ်ယွိဟန်က ကောင်းကင်ကို လက်ညိုးထိုးပြီး ပြောလိုက်တော့၏။

” ကြီးကြပ်သူ ယဲ့ … သူ အသက်ပြန်ရှင်လာပြန်ပြီနဲ့ တူတယ် ”

” ငါသိတယ် ”

ထိုသို့ပြောပြီးနောက် ယဲ့ရှောင်က နောက်ထပ်ဓါးရောင်ခြည်ကို ထုတ်ဖော်လိုက်သည်။

ရွှေရောင်အလင်းက ထပ်မံတိုက်ခိုက်လာ၏။ ယို့ဝေက လေထဲတွင် စိတ်ပျက်အားငယ်နေပြီးသား ဖြစ်သည်။ ဤအတိုင်း ဆက်သွား၍ မရမှန်း သိနေ၏။ ဤအတိုင်း ဆက်ဖြစ်နေလျှင် သူမ၌ အသက်တစ်ရာ သိုမဟုတ် အသက်တစ်သောင်းရှိနေလျှင်တောင် ယဲ့ရှောင်၏ တိုက်ကွက်များကို အသက်ရှင်နိုင်ရန် လုံလောက်မှာ မဟုတ်ချေ။

အပိုင်း ၉၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset