Switch Mode

Chapter – 92

ငွေရောင် မြေခွေး မျိုးနွယ်စု

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၉၂။ ငွေရောင်မြေခွေး မျိုးနွယ်စု။

မှောင်မိုက်နေပြီဖြစ်ကာ ကောင်းကင်ထက်တွင် လက ထွက်ပြူနေပြီဖြစ်သည်။ တုချန်ဖုန်းက လက်နောက်ပစ်ထားလျက် မြို့တော်ဝန်၏ ခြံဝန်းအပြင်ဘက်၌ မတ်တပ်ရပ်နေကာ ကောင်းကင်ကို မော့ကြည့်နေသည်။

တုထျန်းယွီက သူ့နောက်တွင် ရပ်လျက် ဂရုတစိုက် မေးလိုက်၏။

” ဦးလေး မြို့စောင့်တပ်ဖွဲ့က ခုနကပဲ သတင်းရတယ်။ သူတို့က စာကြည့်တိုက်ထဲမှာ ကြယ်တာရာသားရဲတစ်ကောင် ရှာတွေ့တယ်တဲ့။ မျိုးရိုးကို
ကြည့်လိုက်ရင် ငွေရောင်မြေခွေး ကြယ်တာရာသားရဲ မျိုးနွယ်စုက ဖြစ်လောက်တယ် ”

” ငွေရောင်မြေခွေးလား။ ငါ သိပြီ ”
တုချန်းဖုန်းက ပေါ့ပေါ့ပါးပါး ပြောလိုက်သော်ငြား သူ၏ မျက်လုံးထဲ၌ တည်ကြည်သည့် အရိပ်အယောင် ရှိနေသေး၏။

” မင်း အခုထွက်သွားလို့ ရပြီ။ ဒီမှာ ဧည့်သည်တစ်ယောက် ရှိတယ်။ မင်း ဒီမှာနေဖို့ မသင့်တော်ဘူး ”

” ဟုတ်ပါပြီ ”
တုထျန်းယွီက ပြန်ဖြေလိုက်၏။ မည်သို့ ဖြစ်မည်မှန်းမသိသော်ငြား သူ၏ ဦးလေး၌ မကောင်းသည့် စိတ်ဆန္ဒ ရှိမှာ မဟုတ်ပေ။

မကြာမီ၌ လေပြင်းများ တိုက်ခတ်လာပြီး ခြံဝန်းထဲရှိ အပင်များက စတင်ယိမ်းခါလာတော့သည်။

တုချန်ဖုန်း၏ အဝတ်အစားများက လေထဲ လွင့်နေပြီး သူ့ကို ခမ်းနားနေစေတော့၏။

အလွန်နူးညံ့သိမ်မွေ့ပုံ ပေါ်နေစေ၏။

” တုချန်ဖုန်းက မတွေ့တာ ကြာပြီ ”

အသံက သူ့နားထဲ ဝင်လာလျက် ၃၀ရာခိုင်နှုန်း အောက်မေ့တမ်းတမှု၊ ၃၀ရာခိုင်နှုန်း မကျေမချမ်းဖြစ်မှု၊ ၃၀ရာခိုင်နှုန်း သတ်ဖြတ်လိုချင်ဆန္ဒနှင့် ၁၀ရာခိုင်နှုန်း အချစ်တို့ ပါဝင်လေသည်။

အခန်းထဲတွင် ပုန်းနေသော တုထျန်းယွီက တံခါးကြားထဲကနေ ကြည့်ပြီး ရုတ်တရက် ထိတ်လန့်သွားလေ၏။

သူ့မျက်လုံးသူ မယုံနိုင်ဖြစ်နေသည်။

ခြံဝန်းထဲတွင် မိန်းမပျိုလေးတစ်ဦးက ခေတ်မီစွာ ဝတ်စားထားလျက် တင့်တယ်ကာ ခြေဗလာဖြင့် တိတ်တဆိတ် ရောက်လာနေသည်။ သို့သော် တုထျန်းယွီအဖို့ ထိတ်လန့်သွားစေသည်က ထိုအရာ မဟုတ်။ သူမနောက်ကျောရှိ ငွေရောင်မြေခွေး အမြီးခြောက်ချောင်းပင် ဖြစ်သည်။

သူမက ကြယ်တာရာသားရဲဖြစ်ပြီး လူသားအသွင်သဏ္ဍာန် ယူထား၏။ သူမ၏ ခွန်အားက ထူးကဲသည်။

တုချန်ဖုန်းက အနည်းငယ် သက်ပြင်းချလိုက်တော့၏။

” ယို့ဝေ .. မင်း ပြန်မလာသင့်ဘူး။ ကြယ်တာရာသားရဲတွေနဲ့ လူသားတွေက အမြဲတမ်း ဆန့်ကျင်ဘက်မှာပဲ တည်ရှိနေတာ။ ငွေရောင်မြေခွေး မျိုးနွယ်စုနဲ့ လူသားတွေက တစ်ယောက်လမ်းကြောင်းနဲ့တစ်ယောက် အမြဲတမ်း ခပ်ကင်းကင်းနေတယ်။ လူသားနယ်မြေထဲ ခြေချမယ်ဆိုရင် အကြောက်တရားနဲ့ လူသားတွေရဲ့ ရန်လိုစိတ်ကို မြေခွေးမျိုးနွယ်စုဆီ ခေါ်မိမှာ သေချာတယ် ”

” ဟန့် … ဟန်ဆောင်နေတာ ရပ်လိုက်တော့။ အဲ့ဒီတုန်းက မြေခွေးမျိုးနွယ်စုရဲ့ မင်းသမီးက ဘယ်သူ့ကိုမှ ထိခိုက်အောင် မလုပ်ခဲ့ဘူး။ ရှင်တို့လူသားတွေအတွက် သားတစ်ယောက်တောင် မွေးဖွားပေးခဲ့သေးတယ်။ တစ်ချိန်တည်းမှာပဲ ရှင်တို့တွေ သူ့ကို သတ်လိုက်တာပဲ မဟုတ်ဘူးလား။ အဲ့ဒီအချိန်ကစပြီး ငွေရောင်မြေခွေး မျိုးနွယ်စုက ဘက်မလိုက်တာမျိုး မရှိတော့ဘူး ”

” လူသားတွေနဲ့ ငွေရောင်မြေခွေး မျိုးနွယ်စုကြားက ရန်ပွဲက အစောတည်းက ဒီလိုဖြစ်မယ်မှန်း အလွယ်တကူ ကြိုပြောနိုင်ပြီးသားပဲ ”

တုချန်ဖုန်းက မျက်လုံးထဲ၌ ဝမ်းနည်းရိပ် ပေါ်လာတော့သည်။

” ငါတို့တွေ ဒီလိုအခြေအနေမျိုးနဲ့ တကယ်အဆုံးသတ်မှ ရမှာလား ”

” ရှင် ဒီလိုပြောနေတဲ့အချိန် မရှက်ဘူးလား။ လူသားတွေရဲ့ အမြင်ကျဥ်းမှုနဲ့ သူတို့ရဲ့ တုံးအတဲ့ စိတ်တွေက ဒီအခြေအနေ ဖြစ်စေခဲ့တာပဲ။ ငွေရောင်မြေခွေး မျိုးနွယ်စုကြောင့် ဖြစ်တာ မဟုတ်ဘူး ”

တုချန်ဖုန်းက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်၏။

” မင်း ပြောတာ မှန်တယ်။ ဒါပေမဲ့ လူသားချီရှန်းတစ်ယောက်အနေနဲ့ ငါက လူသားရဲ့ နယ်မြေမှာ ငွေရောင်မြေခွေး မျိုးနွယ်စုကို အထိန်းအချုပ် ကင်းမဲ့တာမျိုး ခွင့်ပြုမှာ မဟုတ်ဘူး။ စီရင်စု ၉ခုထဲက မထွက်သွားရင် ငါ လှုပ်ရှားရလိမ့်မယ် ”

” ဒါဆို သွားလေ .. လှုပ်ရှားကြည့်လိုက် ”

ယို့ဝေက လက်တစ်ဖက်မြောက်ပြီး တုချန်ဖုန်းကို ရိုက်လိုက်သည်။ တုချန်ဖုန်းကလည်း တန်ပြန်တိုက်ခိုက်ရန် လက်မြာက်လိုက်၏။

နှစ်ယောက်သား လက်ဝါးချင်း ဆုံမိသွားသည်။ ချက်ချင်းပင် စွမ်းအင်လှိုင်း တစ်ခုလုံးက သူတို့နား၌ ပြန့်သွားပြီး ပေါက်ကွဲသွားတော့၏။ လှိုင်းများက ပြင်းထန်သည့်လေများအဖြစ် ပြောင်းလဲသွားကာ နေရာအနှံ့ အရပ်မျက်နှာအနှံ့ လွင့်သွားတော့သည်။

မြို့တော်ဝန်၏ အိမ်ကို အထူးကုန်ကြမ်းများဖြင့် ခိုင်ခန့်စွာ တည်ဆောက်လေရာ ချက်ချင်းပင် လှန်သွားတော့သည်။

” ဦးလေး ”
တုထျန်းယွီက အထိတ်တလန့် အော်လိုက်သည်။ ကျန်သည့် ဝန်ထမ်းများကလည်း ကြောက်လန့်ကုန်ပြီး မျက်နှာက ဖြူလျော့သွာား၏။

တုချန်ဖုန်းက အကြည့်လွှဲလိုက်သော်ငြား လို့ဝေက ဖမ်းမိသွားသည်။ စွမ်းအင်လှိုင်းက သူမလက်ဖဝါးထဲမှ ပေါ်ထွက်လာပြီး တုချန်ဖုန်းဆီ ဖိအားက ချက်ချင်း ကျရောက်သွားတော့၏။

ဖူး။

တုချန်ဖုန်းက သွေးတစ်ပွက် အန်ပြီးနောက် သူသည် ကြိုးပြတ်သွားသော စွန်အလား လွင့်ထွက်သွားတော့၏။

ယို့ဝေက သူ့ကို မသတ်ခဲ့ပေ။ ပြင်းထန်စွာ တိုက်ခိုက်ပြီးနောက် သူမက အလင်းတန်း တစ်ခုဖြင့် အသွင်ပြောင်းလိုက်သည်။

” ငါ မင်းသမီးရဲ့ သားတော်ကို ရှာတွေ့ရင် ကျန်းဟိုင်မြို့က ဘေးကင်းမယ်။ သူတစ်ခုခု ဖြစ်ခဲ့မယ်ဆိုရင် သူနဲ့အတူ ကျန်းဟိုင်တစ်မြို့လုံးကို မြေမြုပ်ပစ်မယ် ”

တုထျန်းယွီက အမြန်ပြေးလာပြီး တုချန်ဖုန်းကို ကူလိုက်သည်။

” ဦးလေး ကျွန်တော်တို့ အခု ဘာလုပ်သင့်လဲ ”

တုချန်ဖုန်း၏ မျက်နှာက ဖြူလျော့နေကာ သက်ပြင်းချလိုက်၏။

” ငွေရောင်မြေခွေး သွေးမျိုးဆက် နောက်လိုက်တာကို ရပ်တန့်ဖို့ နန်ကုန်းလင်ကို အကြောင်းကြားလိုက်။ သူ့ကို ရှာတွေ့လောက်မှာပါ”

” ဟုတ်ကဲ့ ”

တစ်ချိန်တည်းတွင် ​ငွေရောင်မြေခွေး ထွက်ပေါ်လာပြီးနောက် မြို့စောင့်တပ်ဖွဲ့ဝင်များသည် ကျန်းဟိုင်မြို့၏ လမ်းများပေါ်၌ လိုက်နေ၏။

” လိုက်ကြ … မြန်မြန် ထွက်မပြေးစေနဲ့ ”

ငွေရောင်မြေခွေး ကြယ်တာရာသားရဲက ကြောက်လန့်နေပြီး အသက်ဘေးအတွက် ပြေးနေကာ လမ်းပေါ်၌ ရုတ်ရုတ်သဲသဲ ဖြစ်စေသည်။

လမ်းကြောင်းဝင်ပေါက်သို့ ရောက်သည့်အချိန်၌ အင်အားတစ်ခု ရုတ်တရက် ပေါ်လာပြီး အမှောင်ထုထဲ ဆွဲသွင်းလိုက်တော့သည်။

ဝေါင်း။

ခြိမ်းခြောက်သံများ ပြည့်နေသည့် ဟိန်းသံဖြစ်သည်။ သို့သော် တစ်ဖက်လူ၏ သွင်ပြင်အမှန်ကို မြင်တွေ့သည့်အချိန်၌ ချက်ချင်းပင် ကြက်သေသေသွားတော့သည်။

ပြီးနောက် သူ၏ ခန္ဓာကိုယ်က အဖြူရောင်အလင်းဖျော့ဖျော့ဖြင့် လူသားအသွင် ပြောင်းသွားတော့သည်။

နဥ်ယွိဟန်ပင် ဖြစ်သည်။

သူ၏ အမူအယာက ညိုးငယ်မှု ပြည့်နေပြီး နာကျင်မှု အရိပ်အယောင်လည်း ရှိနေ၏။

” ကြီးကြပ်သူ ယဲ့ … ကြီးကြပ်သူ ယဲ့ ”

ယဲ့ရှောင်က တည်ငြိမ်သည့် အမူအယာဖြင့် ပြောလိုက်သည်။

” ဒီနေရာက စကားပြောရမယ့် နေရာမဟုတ်ဘူး။ အရင်သွားကြမယ် ”

ထိုသို့ပြောပြီးနောက် ယဲ့ရှောင်က လှည့်ထွက်သွားသည်။ နဥ်ယွိဟန်က အံကြိတ်ပြီး လိုက်သွား၏။

မြို့စောင့်တပ်ဖွဲ့ဝင်များသည် တောင်​ကြားဝင်ပေါက်နားမှ ထွက်သွားသော်ငြား ရှာမတွေ့ခဲ့ပေ။ တောင်ကြားကို ယဲ့ရှောင်၏ ဝိညာဥ်စွမ်းရည်ဖြင့် ပိတ်ဆို့ပြီးသားဖြစ်၏။

နှစ်ယောက်သားက ယဲ့ရှောင်၏ နေအိမ်သို့ ပြန်ရောက်သွားသည်။ နဥ်ယွိဟန်က အလွန်ညိုးငယ်ပုံ ပေါ်နေပြီး လိပ်ပြာမသန့်စိတ်လည်း ပေါ်နေ၏။

” တောင်းပန်ပါတယ် ဆရာ။ ကျွန်တော် ဆရာ့ကို လိမ်ခဲ့တယ် ”

နဥ်ယွိဟန်၏ လေသံနှင့် ဆို့နစ်မှုတို့ ပါနေသည်။ သူ အင်မတန် မသက်မသာ ဖြစ်နေတာ မြင်နိုင်ပေ၏။

” လူတိုင်းမှာ လျှို့ဝှက်လေးတွေ ရှိကြတာပဲ ”

ယဲ့ရှောင်၏ အမူအယာက ထူးမခြားနား ဖြစ်နေသေး၏။ သူ ဒေါသထွက်နေသည်လားဆိုတာ မပြောနိုင်ပေ။

နဥ်ယွိဟန်က သံသယဖြင့် မေးလိုက်သည်။

” ဆရာ ဒေါသမထွက်တာများလား။ ကျွန်တော့်ရဲ့ အထောက်အထားကို ဖုံးကွယ်ထားတာလေ ”

ယဲ့ရှောင်က သူ့အတွက် အအေးတစ်ဗူး ပစ်ပြီးနောက် သူ့အတွက် သူ တစ်ဗူး ဖွင့်သောက်လိုက်သည်။ အနည်းငယ် သောက်ပြီးနောက် ယဲ့ရှောင်က ပြောလိုက်၏။

” မင်း ငါ့ကို ဒုက္ခပေးဖို့ တွေးဖူးလား ”

နဥ်ယွိဟန်က ကြောင်အသွားကာ ခေါင်းအမြန်ခါလိုက်တော့သည်။

” ကြီးကြပ်သူကို ကျွန်တော်က ဘယ်လိုလုပ် ဒုက္ခပေးရဲပါ့မလဲ။ ကျွန်တော့်ကို ကြီးကြပ်သူက ညီလေးလို ဆက်ဆံတာပဲကို ကျွန်တော် ကျေးဇူးတင်နေတာ ”

” ဒီလိုဆိုမှတော့ ဖြေရှင်းပြီးသား မဖြစ်သွားဘူးလား ”

” ကြီးကြပ်သူ ယဲ့ ”

နဥ်ယွိဟန်၏ မျက်လုံးများက နီရဲလာပြန်၏။

ယခုအချိန်တွင် တစ်စုံတစ်ယောက်က သူ့ကို ဂရုစိုက်ပြီး အသိအမှတ်ပြုသည်က အနည်းငယ်လေး ဖြစ်နေလျှင်တောင် ယခုအချိန်တွင် သူ့ကို ဂရုစိုက်ပြီး အသိအမှတ်ပြုမည့်သူကို မည်မျှ လိုအပ်နေသည်ဆိုတာ ဘုရားသခင်သာ သိပေလိမ့်မည်။

မဟုတ်လျှင် သူ၏ စိတ်အခြေအနေက ကျားနတ်ဆိုး လမ်းကြောင်းသို့ ကျရောက်သွားပြီး မြင်မြင်သမျှ သတ်ဖြတ်မည့် ရူးသွပ်နေသော ကြယ်တာရာသားရဲတစ်ကောင် ဖြစ်လာပေမည်။

” မင်း ဘာဖြစ်လဲ ”

နဥ်ယွိဟန်၏ ရင်ထဲ စိတ်လှုပ်ရှားလာပြန်သည်။

” ကျွန်တော့်ဆီကို အင်အားတစ်ခု ချဥ်းကပ်လာတာကို ခံစားမိတာပဲ … ဒါပေမဲ့ အဲ့ဒါဘာမှန်း မသိပေမဲ့ ကြောက်ဖို့ကောင်းတယ်လို့တော့ ခံစားမိတယ်။ သိပ်ကို ကြောက်ဖို့ကောင်းတယ် ”

” အစွမ်းထက်တဲ့ အင်အားလား ”

ယဲ့ရှောင်က မျက်ခုံး အနည်းငယ် ပင့်လိုက်သည်။ သူ ပြောပြီးသည့် အချိန်၌ နဥ်ယွိဟန်က စတင် တုန်ယင်လာပြန်သည်။

” လာနေပြီ လာနေပြီ ”

ထိုသို့ပြောပြီးနောက် သူ၏ ခန္ဓာကိုယ်က မရပ်မနား တုန်ယင်နေသည်။ တစ်ချိန်တည်းတွင် ငွေမှင်ရောင် အမွေးဖွားဖွားတို့က ခန္ဓာကိုယ်၌ ပေါ်လာတော့သည်။

ရံဖန်ရံခါတွင် သူ၏ နောက်၌ အမြီးကိုးချောင်း ငွေရောင်မြေခွေး ကြယ်တာရာသားရဲတစ်ကောင် ပေါ်လာ၏။

” ကြီးကြပ်သူ ယဲ့ ကျွန်တော် တောင်းပန်ပါတယ်။ ဒီကိစ္စထဲ ဆရာ့ကို ဝင်မပါစေချင်ဘူး ”

နဥ်ယွိဟန်က အော်လိုက်ပြီး သူ့ကိုသူ ဖိနှိပ့်ထားနိုင်စွမ်း မရှိတော့ပေ။ အမြီးကိုးချောင်း ငွေရောင်မြေခွေးအဖြစ် အသွင်ပြောင်းလဲပြီး ယဲ့ရှောင်၏ ခြံဝန်းထဲမှ အမြန်ပြေးထွက်သွား၏။

သို့သော် သူထွက်ပြေးသည့်အချိန်၌ ကောင်းကင်ထက်မှ အင်အားတစ်ခု ကျလာပြီး သူ့ကို ချုပ်ထားလိုက်တော့သည်။

အပိုင်း ၉၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset