Switch Mode

Chapter – 91

ငွေရောင် မြေခွေး သွေးမျိုးဆက် နိုးထခြင်း

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၉၁။ ငွေရောင်မြေခွေးသွေးမျိုးဆက် နှိုးထခြင်း။

ယဲ့ရှောင်သည် စတုတ္ထအလွှာသို့ ရောက်သည့်အချိန်၌ စာကြည့်တိုက်ထဲတွင် ကန့်သတ်ချက်တစ်လွှာကို ရှင်းရှင်းလင်းလင်း ခံစားမိသည်။

ထိုကဲ့သို့ ကန့်သတ်ချက် ပုံစံမျိုးက အခင်းအကျင်း စီရင်မှုပုံစံတစ်မျိုးဖြစ်သည်။

အခင်းအကျင်းစီရင်မှု ပုံစံဟု ခေါ်သည့်အရာများက ထူခြားသော သတ္တုများကို သန့်စင်ခြင်းဖြင့် ထုတ်လုပ်သော အထူးစွမ်းအင်ဖြစ်ပြီး ယင်းတို့က တိကျသည့် လမ်းကြောင်းအတိုင်း လည်ပတ်၏။

ထိုထူးခြားသော စွမ်းအင်သည် တိုက်ခိုက်ခြင်းနှင့် ခုခံမှုပုံစံနှစ်မျိုးလုံး ရှိသည်။ သို့သော် မည်သည့်ပုံစံဖြစ်စေကာမူ ယင်းက စွမ်းရည်များစွာဖြင့်ပေါ်ထွက်လာ၏။

အခင်းအကျင်းက အမြို့မြို့သော ဧရိယာထဲတွင် ဝှက်ထားသာ အဆင့်မြင့် ကျင့်ကြံခြင်း နည်းစနစ်များ၏ ကာကွယ်ခြင်းအမိုးဖြစ်ပြီး ဘေးကင်းလုံခြုံရေး၏ ပထမမျဥ်းလည်း ဖြစ်သည်။

ထို့ကြောင့် စီရင်စု ၉ခုမဟာမိတ်၏ ထိပ်တန်းအစီအရင် ကျွမ်းကျင်သူများက တည်ဆောက်ပေးနေကျဖြစ်သည်။

ထိုအကြောင်းအရင်းကြောင့် ယန်ကျန့်ယီသည် မဟာချီရှန်းတစ်ဦး ဖြစ်သည့်တိုင် ကျင့်စဥ်များကို ခိုးယူနိုင်ရန် နည်းလမ်းမရှိတာပဲ ဖြစ်သည်။

သို့သော် ယဲ့ရှောင်က ဒါရိုက်တာ၏ ခွင့်ပြုမှု ရထားသည်။ ထို့ကြောင့် စတုတ္ထအလွှာသို့ အလွယ်တကူ ဝင်နိုင်၏။

စတုတ္ထအလွှာတွင် လူအရေအတွက်များရှိပြီး သူထင်ထားသည်ထက် နည်းနည်း ပိုများသည်။

၁၀၀ မှ ၂၀၀ ဝန်းကျင်ရှိမည်။ ထိုလူများက အောက်ရှိလူများနှင့် သေချာပေါက် ယှဥ်နိုင်ရန် မလုံလောက်ချေ။ သို့သော် ဤနေရာရှိ လူတိုင်းက အနိမ့်ဆုံး ဟို့ထျန်းပဥ္စမအဆင့်အထက်တွင် ရှိကြပြီး ဟို့ထျန်းပဥ္စအဆင့် မပါဝင်ပေ။

တစ်နည်းဆိုရလျှင် ထိုလူများက ကျန်းဟိုင်မြို့၏ ထိပ်သီးများ ဖြစ်ကြသည်။ နောင်ထပ် ၁၀စုနှစ်အနည်းငယ်အတွင်း သူတို့က ရှန်းထျန်းနယ်ပယ်သို့ တက်လှမ်းနိုင်လောက်သည်။

ယဲ့ရှောင် ရောက်လာချိန်တွင် အကြည့်များစွာက သူ့ဆီ ရောက်လာ၏။ သူတို့က သူ့၌ ဟို့ထျန်းဒုတိယအဆင့် အရှိန်အဝါသာရှိကြောင်း မြင်တွေ့သည့်အချိန်တွင် မျက်ခုံးအနည်းငယ် ပင့်မိသွားကာ အတော်ဇဝေဇဝါ ဖြစ်သွား၏။

သူတို့ စိတ်ရှုပ်ထွေးနေတာ ဖြစ်သည်။ သူ့ကဲ့သို့ ဟို့ထျန်းဒုတိယအဆင့်အမှိုက်သည် စတုတ္ထအလွှာသို့ ဝင်ရန် အရည်အချင်း မည်ကဲ့သို့ ရှိမည်နည်း။

ယဲ့ရှောင်က လူအုပ်ကြီးကို စိတ်ထဲ မထားပေ။ တည့်တည့်မတ်မတ် လျှောက်သွားပြီး ထိုရှိသည့် စာအုပ်များကို စတင်ရှာဖွေလိုက်တော့သည်။

ပြောရန် မလိုပေ။ စတုတ္ထအလွှာ၌ အံ့သြစရာ များစွာရှိသည်။

ယဲ့ရှောင်က စာအုပ်စင်များထဲမှ တစ်ခုဆီရောက်သွားပြီး လက်လှမ်းလိုက်ကာ စာအုပ်များထဲမှ တစ်အုပ်ကို ယူရန်ပြင်လိုက်၏။ နောက်တစ်စက္ကန့်တွင် သူ့ခန္ဓာကိုယ်ထဲရှိ အံ့ဖွယ်ဝိညာဥ်၏ ရွှေရောင်စာအုပ်က ကြမ်းတမ်းစွာ တုန်လှုပ်လာတော့၏။

ယင်းက သူ့ကို အနည်းငယ် မင်သက်သွားစေသည်။ ချက်ချင်းပင် သူက ပျော်ရွှင်သွားပြီး ဆွဲထုတ်လိုက်တော့၏။

ထိုးနှက်ခြင်း နည်းစနစ်ခြင်းအကြောင်း စာအုပ်ပင်ဖြစ်သည်။

ယဲ့ရှောင်သည် ယခင်က ထိုးနှက်ခြင်း နည်းစနစ်ကို အနည်းငယ် လေ့ကျင့်ခဲ့ဖူး၏။ သို့သော် အခြေခံကျင့်စဥ်များ ရှာမတွေ့ခဲ့ပေ။ စာအုပ်နှစ်အုပ်သာ ရှိသည်။

ဤနေရာ၌ တတိယမြောက် စာအုပ်ကို တွေ့လိမ့်မည်ဟု မထင်ထားပေ။ သူက ၄င်းကို မြန်မြန်ဆန်ဆန် လေ့လာပြီးနောက် အံ့ဖွယ်ဝိညာဥ်ထဲ၌ ပုံနှိပ်ထားလိုက်တာ့သည်။

ပြီးနောက် သူက လက်နက်သန့်စင်ခြင်း နည်းစနစ်များကို ဆက်လက်ရှာဖွေတော့သည်။

ရှာဖွေနေသည့်အတောအတွင်း သူသည် ကျန်သည့် စီးရီးအတွဲလိုင်းထဲတွင် မပါဝင်သည့် အခြေခံကျင့်ကြံခြင်း နည်းစနစ်တစ်မျိုးကိုလည်း ကြုံတွေ့ခဲ့သည်။ သို့သော် ရွှေရောင်စာအုပ်ထဲတွင်တော့ မဝင်သွားပေ။

ယဲ့ရှောင်သည် ခုနှစ်စင်ကြယ် ခမ်းနားသော ဆန်းကြယ်မှုကို ကျင့်ကြံချိန်မှစပြီး သူ၏ စိတ်က ကွန်ပြူတာကဲ့သို့ အလွန်တက်ကြွသည်။ ထို့ကြောင့် ဤနေရာရှိ ဖြန့်ဝေသည့်နှုန်းက ပိုတောင်မြင့်မားကြောင်း ရှင်းရှင်းလင်းလင်း သိ၏။ အောက်ထပ်ကထက် ၁၀ဆ ၁၅ဆ ပိုမြန်သည်။

တစ်နည်းဆိုရလျှင် အောက်ရှိ စာအုပ်တစ်သောင်းကို ဖတ်ရှုခြင်းဖြင့် အခြေခံ ကျင့်ကြံခြင်း နည်းစနစ်တစ်မျိုးကိုသာ ရှာတွေ့နိုင်သည်။ ဤနေရာတွင်မူ တစ်အုပ်ကို ရှာတွေ့ရန်အတွက် စာအုပ်တစ်ထောင်သာ ဖတ်ရှုရန် လိုအပ်သည်။

ထိုအကြောင်းကို ဂရုတစိုက် စဥ်းစားကြည့်မိပြီး ယင်းက အဓိပ္ပာယ်ရှိကြောင်း သိလိုက်ရသည်။ သာလွန်အဆင့်အထက် ကျင့်ကြံခြင်းနည်းစနစ်များသာ ဖြစ်လေရာ ထိုအောက်ရှိ နည်းစနစ်များက သာမန်များသာ ဖြစ်သည်။

ခွဲခြမ်းရန်အတွက် စစ်သည်တော်တစ်ယောက်သည် လုံလောက်သော အတွေ့အကြုံများနှင့်စကေး၏ တိကျသော အဆင့်ရှိရန်အတွက် စစ်သည်တော်တစ်ယောက်က ခွဲခြမ်းခြင်းနှင့် ကျင့်စဥ်များကို အကဲဖြတ်ရန် လိုအပ်သည်။

သာမန်ကျင့်ကြံခြင်း နည်းစနစ်များက နိမ့်ပါးသည့် ကနဦးအဆင့်တွင်သာ ရှိသည်။ ထို့ကြောင့် လူများစွာက ၄င်းတို့ကို ကူးယူထားမှာ သေချာသည်။

အချို့သော ဟို့ထျန်း တတိယအဆင့် စတုတ္ထအဆင့် သိုင်းပညာရှင်များက သာမန်သိုင်းကျင့်စဥ်များကို အလိုက်သင့် ပြောင်းလဲနိုင်သည်။

သာလွန်အဆင့်များအတွက်မူ သူတို့က ချီရှန်းအဆင့်အထက် သူတို့ကို အလိုက်သင့် ပြောင်းလဲ ကူးယူနိုင်ရန်အတွက် ချီရှန်းအဆင့်အထက် ကျွမ်းကျင်သူများ လိုအပ်၏။

ဤနည်းဖြင့် ကျင့်စဥ်အရေအတွက်က အတော်လျော့ကျသွားပေလိမ့်မည်။

မသိလိုက်ပဲ။ ယဲ့ရှောင်အတွက် ဖယ်ထုတ်လိုက်သည့် စာအုပ်က များနေပြီဖြစ်သည်။

သာလွန်အဆင့် ကျင့်ကြံခြင်း နည်းစနစ်များက ဖတ်ရှုရာတွင် သာမန်အဆင့် ကျင့်ကြံခြင်း နည်းစနစ်များထက် နှေးမှာ ပိုသေချာသော်ငြား ယဲ့ရှောင်အဖို့ ထိုကွာဟချက်လေးက လျစ်လျူရှူထားနိုင်လုနီးပါးရှိသည်။

ဆိုရလျှင် သူ၏ ကျင့်ကြံခြင်းက မြင့်မားပြီးသားဖြစ်၏။ အနည်းငယ် နားလည်သဘောပေါက်မှုများဖြင့် ၄င်းကို လျင်မြန်စွာ ဖမ်းဆုပ်နိုင်သည်။

သို့သော် ယဲ့ရှောင်မူ လက်နက်သန့်စင်ခြင်း နည်းစနစ်များကို ရှာနေသေးဆဲ ဖြစ်သည်။ နှစ်ဝက်အတွင်း သူက လက်နက်သန့်စင်ခြင်းအတွက် အခြေခံကျင့်စဥ် ( ၃ )မျိုးကို ရှာတွေ့ခဲ့သည်။

ဤနည်းဖြင့် လက်နက်သန့်စင်ခြင်း နည်းစနစ်အတွက် အခြေခံ ကျင့်ကြံခြင်း နည်းစနစ် ( ၈ ) ရှိနေပြီဖြစ်သည်။

သို့သော် အံ့ဖွယ်ဝိညာဥ်၏ ရွှေရောင်စာအုပ်က မှိန်ဖျော့အလင်းတောင် မထုတ်ဖော်သေးချေ။ မပေါင်းစည်းခင် စာအုပ်မည်မျှ ထပ်လိုမှန်း သူ မသိတော့ချေ။

ဒေါင်။

မကြာမီ၌ ခေါင်းလောင်းသံ မြည်လာပြီး စာကြည့်တိုက်ပိတ်တော့မည်ဖြစ်ကြောင်း အချက်ပြနေ၏။ယဲ့ရှောင်က ယနေ့ အလုပ်မသွားရသော်ငြား ညနေအချိန်တွင် စာကြည့်တိုက် ပိတ်သည့်အခါ သူ ထွက်သွားရဦးမည်။

ပစ္စည်းများ ထုပ်ပိုးပြီးနောက် ယဲ့ရှောင်သည် အားလုံးနောက်မှ လိုက်ကာ စတုတ္ထအလွှာမှ ထွက်သွား၏။

ဒါရိုက်တာ၏ ခွင့်ပြုချက် ရထားမှုဖြင့် သူက နောက်လအတွင်း ကံကောင်းမည်ဖြစ်ကာ စတုတ္ထအလွှာဆီလာပြီး ရံဖန်ရံခါ စာဖတ်နိုင်မှာ ဖြစ်၏။ ယင်းက အံ့သြစရာကောင်းလှသည်။

သို့သော် ယဲ့ရှောင်က စတုတ္ထအလွှာမှ လျှောက်လာပြီး ခန်းမသို့ ရောက်သွားစဥ် တံခါးအပြင်ဘက်ကနေ အော်သံတစ်သံ ပေါ်ထွက်လာ၏။

ပြီးနောက် မြို့စောင့်တပ်ဖွဲ့ဝင်များစွာ ဝင်လာတော့၏။

ယဲ့ရှောင်က မျက်ခုံးအနည်းငယ် ပင့်မိသွားတော့သည်။

” ဘာတွေဖြစ်နေတာလဲ ”

ကုဟိုင်သည် လူအုပ်ကြီးထဲကနေ သူ့ကို တစ်ချက်ကြည့်လိုက်ပြီး မြန်မြန်ရှေ့တိုးလာပြီး သတိပေးလိုက်၏။

” လောင်ယဲ့ မြန်မြန်ထွက်လာခဲ့။ မင်းရဲ့ စာကြည့်တိုက်မှာ ကြယ်တာရာသားရဲတစ်ကောင်ရဲ့ အတက်အကျကို ရှာတွေ့တယ် ”

ဘာကြောင့် အာရုံမခံမိတာလဲ။

သူက မင်သက်နေစဥ် ငွေရောင်မြေခွေး အရိပ်က အပေါ်ထပ်ကနေ ရုတ်တရက် ခုန်ချလာသည်။

” အဲ့ဒီမှာ ဟိုမှာပဲ ”

” မြန်မြန် လိုက်ဖမ်းကြ ”
စာကြည့်တိုက်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်၏။

လူအများ ကမန်းကတန်း ပြေးထွက်လာပြီး မြို့စောင့်တပ်ဖွဲ့ဝင်များက မြေခွေးနောက် လိုက်သွားသည်။

ငွေရောင်မြေခွေးက လူအုပ်ကြီးထဲကို ကြည့်လိုက်သည်။ သူ၏ အကြည့်ထဲ၌ နာကျင်မှုနဲ့ ဝမ်းနည်းမှုတို့ ပြည့်နေလေ၏။ မျက်လုံးလေးထဲ၌ မျက်ရည်စများတောင် ပေါ်နေသည်။ ၄င်း၏ အကြည့်က ယဲ့ရှောင်၏ အကြည့်နှင့် ဆုံသွားချိန်တွင် အလိုလို ကျုံ့သွားပြီး ချက်ချင်း ထွက်ပြေးသွား၏။ ထိုအကြည့်က မချင့်မရဲ ဖြစ်နေပြီး သူ့ကိုသူ အပြစ်တင်မှုများ ပါရှိနေ၏။ ယဲ့ရှောင်ကို ထိုပုံစံအတိုင်း မတွေ့မြင်စေချင်သည့်ပမာ ဖြစ်နေသည်။ သို့သော် ယဲ့ရှောင် နားလည်၏။

ယင်းက ကြယ်တာရာသားရဲတစ်ကောင် မဟုတ်။ နဥ်ယွိဟန်သာ ဖြစ်သည်။

နဥ်ယွိဟန်၌ ငွေရောင်မြေခွေး မျိုးနွယ်စု၏ နက်နဲသော သွေးဆက် ရှိသည်။ နောက်ဆုံးအချိန်က ဘုရင်အေးအ်ဝိညာဥ် သူ၏ ခန္ဓာကိုယ်ကို ဝင်ပူးစဥ်က ငွေရောင်မြေခွေး ကြယ်တာရာသားရဲ သွေးမျိုးဆက်ကို နှိုးထစေခဲ့သည်။

ကြယ်တာသားရဲ သွေးမျိုးဆက် နှိုးထလာသည်နှင့်လူ့သွေးကို ဝါးမြိုလာပြီး ကြယ်တာရာသားရဲတစ်ကောင် ဖြစ်လာတော့၏။

ထိုအကြောင်းအရင်းကြောင့် လောကကြီးထဲရှိ တိုင်းပြည်များအားလုံးက ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံများ အားလုံးက ကြယ်တာရာသားရဲများကို အလွန်သတိထားနေကြတာပဲဖြစ်သည်။ သူတို့ မည်သည့်အချိန်ကျတွင် မတည်မငြိမ်ဖြစ်ပြီး ကြီးကြီးမားမား ပြောင်းလဲသွားမည်ဆိုတာ မသိနိုင်သောကြောင့် ဖြစ်သည်။

သို့သော် ယဲ့ရှောင်က နဥ်ယွိဟန်၏ ငွေရောင်​မြေခွေးသွေးမျိုးဆက်ကို ဖိနှိပ့်ရန် ကုသခြင်းကျင့်စဥ်ကို အသုံးပြုခဲ့ပေးပြီဖြစ်၏။ အဘယ်ကြောင့် အာနိသင် ဆုံးရှုံးသွားသနည်း။

ထိုစဥ် သူက ဝိညာဥ်စွမ်းအင်ဖြင့် စတင်ရှာဖွေနေပြီ ဖြစ်သည်။ ဘုရင်အေးအ်က စိတ်စွမ်းအင်အမှတ်အသား မချန်ထားခဲ့ပေ။ ထို့ကြောင့် နဥ်ယွိဟန်ကို ပြောင်းလဲဖို့ မဖြစ်နိုင်ပေ။

ထိုစဥ် စာကြည့်တိုက်ထဲရှိ ရုတ်ရုတ်သဲသဲ ဖြစ်မှုက ဖြည်းဖြည်းချင်း ရပ်တန့်သွားပြီး အသံအနည်းငယ်သာ ကျန်တော့သည်။

မြို့စောင့်တပ်ဖွဲ့ဝင်များကလည်း နဥ်ယွိဟန် ထွက်ပြေးသွားသည့် နေရာဆီ ပြေးလိုက်သွား၏။

ယဲ့ရှောင်က နဥ်ယွိဟန် အဖမ်းခံရသည်နှင့် မည်သို့ ဖြစ်မည်မှန်း ခန့်မှန်းမိသည်။

ခဂဏတဖြုတ်တွေးပြီးနောက် ယဲ့ရှောင်သည် လူတိုင်းနောက်မှ လိုက်လာပြီး စာကြည့်တိုက်ထဲမှ ထွက်သွားလိုက်တော့၏။

အပိုင်း ၉၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset