Switch Mode

Chapter – 89

ဒါ ငါ့ရဲ့ ဘလိုင်း ဒိတ်။ မဟုတ်ဘူး။ ဒါက ငါ့ရဲ့ ဘလိုင်း ဒိတ်ပဲ

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၈၉။ ဒါက ငါ့ရဲ့ ဘလိုင်း ဒိတ် …။ မဟုတ်ဘူး။ ဒါက ငါ့ရဲ့ ဘလိုင်း ဒိတ်ပဲ။

ယဲ့ရှောင်က ပန်းကဇာတ်ရုံ စားသောက်ဆိုင်သို့ မြန်မြန်ဆန်ဆန် ရောက်လာသည်။ မလှမ်းမကမ်းကနေ သူက တန်းစီစောင့်နေသော လူအုပ်ကြီးကို မြင်နိုင်ပေ၏။

ကျန်းဟိုင်မြို့ရှိ နှစ်ပေါင်း ၁၀၀ကျော် သက်တမ်းရှိသော ဆိုင်အနေဖြင့် အွန်လိုင်းမှာ ကြိုတင်မှာယူမှု ပြုလုပ်ခြင်းအပြင် ပန်းကဇာတ်ရုံ စားသောက်ဆိုင်သည် သုံးစွဲသူများ ပျော်ရွှင်စွာ တန်းစီစောင့်ဆိုင်းနိုင်ရန် ထိုင်ခုံအရေအတွက်များကို နေ့စဥ်နေ့တိုင်း ထားရှိပေး၏။ ထို့အပြင် ယင်းက ဧည့်သည်များကို ပါဆယ်ထုပ်သွားနိုင်ရန်အတွက် ဆိုင်ဆီ ဧည့်သည်များ လာရောက်ခွင့်လည်း ပေးထားသည။

နံနက်စာဆိုင်၏ ဝင်ပေါက်တွင် တန်းစီစောင့်နေသည့် လူတန်းက ဆိုင်ထောင့်အထိ ရှိပြီး ပေ ၉၀၀မှ ၁၀၀၀ထိ ရှည်သည်။

ထိုအကွာအဝေးကို ကျော်၍ တန်းစီသည့် သူ မရှိတော့ပေ။ နံနက် ၈နာရီ ထိုးနေပြီဖြစ်၏။ ထို့ကြောင့် သူတို့ တန်းစီလျှင်တောင် နံနက်စာ ကျန်တော့မှာ မဟုတ်ပေ။

ယဲ့ရှောင်က ကြိုတင်မှာယူထားသော ဧည့်သည်ပိုင်း၏ တံခါးဘက်ခြမ်းဆီ ဝင်သွားလိုက်သည်။ သူ အထောက်အထားကို ရှင်းပြပြီးနောက် သူက တတိယအလွှာ၏ ပြတင်းပေါက်ဘေးရှိ ခုံဆီသို့ လျင်မြန်စွာ ခေါ်သွားခံလိုက်ရ၏။

မကြာမီ၌ အရသာရှိပြီး ထူးကဲသော ဟင်းလျာတို့ကို လာဧည့်ခံလေသည်။ တစ်ချက်ကြည့်ရုံဖြင့် ယဲ့ရှောင်၏ လည်ပင်းက အလိုလို လှုပ်သွားမိတော့သည်။

ထိုစဥ် ဒါရိုက်တာက ယဲ့ရှောင်ကို အခြေအနေရှင်းပြရန် စာလှမ်းပို့လိုက်၏။

ကြည့်ရသည်မှာ သူမက ယဲ့ရှောင်နှင့် မိတ်ဆက်ပေးချင်နေသည့်သူတစ်ယောက် ရှိသည်။ ယဲ့ရှောင်အတွက် ……စီစဥ်ပေးဖို့ ဤနေရာသို့ လာတာဖြစ်၏။ ထို့အပြင် ယဲ့ရှောင်ကို အမျိုးသမီးတစ်ဦး၏ ဓာတ်ပုံလည်း ပို့ခဲ့သည်။ ယင်းက ယဲ့ရှောင်ကို ချက်ချင်းဆွံ့အသွားစေ၏။

သူက ဘာအတွက် ချိန်းတွေ့ရမှာလဲ။ စားနိုင်တာလည်း မဟုတ်ပဲနဲ့။

အစက ထွက်သွားရန် ပြင်လိုက်သည်။ သု့သော် အဆုံးတွင် သူ့ရှေ့ရှိ နံနက်စာကို ကြည့်လိုက်သည်။

ထားလိုက်ပါတော့လေ။ သူသာ သူတို့ကို တွေ့မယ်ဆိုရင် တွေ့လိုက်မှာပေါ့။ အချိန်ကျလာလျှင် စိတ်ဝင်စားခြင်း မရှိဟု ပြောလိုက်မည်။ ထို့ကြောင့် သူ့ရှေ့ရှိ နံနက်စာကို စားသောက်ရန် ဆုံးဖြတ်ချက် ချလိုက်၏။

ဆိုရလျှင် ဤလောကထဲ၌ အရသာရှိသော စားစရာများသာ ရှိပြီး ဖြုန်းတီး၍ မရပေ။ ဟွမ်လျိုလီက ဘေးကနေ သားရေကျနေ၏။

” ဒီနံနက်စာက တကယ်အရသာ ရှိတာပဲ ”

” ဒီပေါက်စီကိုကြည့်ကြည့် အနက်ရောင်လည်း မဟုတ်ဘူး။ ညီလည်း မညီဘူး။ သေးလည်း မသေးဘူး။ အတော်ပဲ ”

” ဒီအီကြာကွေးကိုကြည့်ကြည့် အပြင်ဘက်မှာ ကြွပ်ရွပြီး အတွင်းဘက်မှာ နူးညံ့နေတာ။ မရှည်လည်း မရှည်ဘူး။ ပျော့လည်း မပျော့လွန်းဘူး။ အနေတော်ပဲ။ ဒီဆန်ပြုတ်ကို ကြည့်ဦး။ နွားနို့လိုပဲ။ ပြီးပြည့်စုံတဲ့ အခြေအနေထိ ကျိုထားပြီး စေးကပ်နေတာ။ အစာအိမ်ကို သေချာပေါက် အဟာရဖြည့်ပေးနိုင်တယ် ”

ယဲ့ရှောင်က ခေါင်းညိတ်ပြီးနောက် ပန်းကန်ပြားကို ချက်ချင်းရှင်းလိုက်တော့သည်။ သူက အသားပေါက်စီတစ်လုံးနှင့် ဂဏန်းသားလိပ်ကို ယူပြီးနောက် ဟွမ်လျိုလီအား ပေးလိုက်၏။

” ဒါက မနေ့ညကအတွက် မင်းရဲ့ ဆုလာဘ်ပဲ ”

ဟွမ်လျိုလီက စိတ်တိုသွားသည်။ ယဲ့ရှောင် အားရပါးရ စားနေတာကို မြင်ပြီး ဟွမ်လျိုလီက ရင်ထဲတွင် မုန်းတီးမှုများဖြင့် အံကြိတ်လိုက်တော့၏။

ဒါကို သုံးပြီး ကြောင်တစ်ကောင်ကို အရူးလုပ်ချင်နေတာလား။ ဘယ်ကြောင်ကများ ဒါလေးကို လိုချင်နေမှာလဲ။

သူမက ယဲ့ရှောင်ကို မရိုက်နိုင်သည့်အချက်ကြောင့်သာ မဟုတ်လျှင် သူမက သူ့ဆီ တိုက်ရိုက်ခုန်ပြီး လက်သည်းများဖြင့် ကုတ်ခြစ်မှာပဲ ဖြစ်သည်။

” ထားလိုက်တော့။ အရင်ဆုံး အနှစ် ၃၀၀လောက် စောင့်လိုက်မယ်။ အနှစ် ၃၀၀ပြီးသွားရင် ယဲ့ရှောင်ကို ငါ့ရဲ့ အိမ်မွေးတိရစ္ဆာန်အဖြစ် သေချာပေါက် ထားပစ်မယ်။ ပြီးရင် အရသာရှိတဲ့စားကောင်းသောက်ဖွယ်တွေကို တစ်စားပွဲအပြည့်မှာပြီး ယဲ့ရှောင်ကို ပေါက်စီမာမာကြီးပဲ ပေးမယ် ”

လူတစ်ယောက်နှင့် ကြောင်တစ်ကောင်က စားနေစဥ် သူတို့နားတွင် ရင်းနှီးနေသည့် အသံတစ်သံက ပေါ်ထွက်လာလေ၏။

” ရှင်တို့လည်း ဒီမှာ မနက်စာ လာစားတာလား ”

ယဲ့ရှောင်က ကြောင်အသွားပြီး သူက ခေါင်းမော့လိုက်လေရာ ချင်ယွိယန်ကို တွေ့သွား၏။ သူက ခေါင်းညိတ်လိုက်တော့သည်။

” တိုက်ဆိုင်လိုက်တာ။ ရှင်လည်း ဒီရောက်နေတာလား ”

” ဟုတ်တယ်။ ဒီက မနက်စာတွေက အရသာရှိတယ် ”

” စားပြီးပြီလား ”

” မစားရသေးဘူး ”

” ဒါဆို တူတူစားချင်လား ”

” ရတာပေါ့ ”

ချင်ယွိဟန်က ပြုံးပြီး ယဲ့ရှောင်၏ မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်သည်။

သို့သော် သူမ ထိုင်ပြီးသည်နှင့် ယဲ့ရှောင်က ဖက်ထုပ်စွပ်ပြုတ်နှင့် ဖက်ထုပ်ပေါင်း ပေါက်စီတို့ကို ရှေ့တွင် ထားလိုက်၏။ သူက နောက်ထပ်နံနက်စာများ လာချပေးမှာကို စောင့်လိုက်ပြီး ရှေ့ကို စီတန်းလိုက်သည်။ ပြီးနောက် သူက ချင်ယွိယန်အတွက် စားပွဲတစ်ဝက်ကို ရှင်းလင်းလိုက်တော့သည်။

” အခု မှာဖို့အတွက် စားပွဲထိုးကို မေးလို့ရပြီ ”

ချင်ယွိယန်က ကြောင်အသွားလေ၏။

” အမ် …။ ရှင်နဲ့အတူ စားဖို့အတွက် ကျွန်မကို ဖိတ်တာ မဟုတ်ဘူးလား ”

ယဲ့ရှောင်က ခဏတာ ကြောင်အသွားပြီးနောက် ခေါင်းညိတ်လိုက်တော့၏။

” ဟုတ်တယ်လေ။ မင်းအတွက် စားပွဲတစ်ဝက်ကို အခမဲ့ ရှင်းပေးတာပဲ မဟုတ်ဘူးလား။ ဒီလိုဆိုရင် မင်း စားစရာတွေကို မှာလို့ရပြီလေ။ တစ်စားပွဲတည်း တူတူစားနိုင်တာပေါ့ ”

ချင်ယွိယန်က တိတ်ဆိတ်သွား၏။ သူမ စိတ်ထဲ မတွေးနိုင်တော့ဟု ခံစားလိုက်ရသည်။

ယင်းက ယဲ့ရှောင် ဖိတ်ကျွေးသည့်တစ်နပ်ဖြစ်သော်ငြား သူက သူမအတွက် မပေးချင်တာက နားလည်နိုင်ဖွယ်တော့ ရှိသည်။ သို့သော် နှစ်ယောက်သားက မိတ်ဆွေဟု သတ်မှတ်နိုင်ပြီးသားဖြစ်၏။ သူမက တစ်နပ်မှာပြီး ယဲ့ရှောင်နှင့် ဆုံနေလျှင် သူမက ယဲ့ရှောင်ကို အတူစားရန် သေချာပေါက် ဖိတ်မှာပဲ ဖြစ်သည်။ သို့သော် ယဲ့ရှောင်ကမူ။

ပန်းကန်ပြားကို လျှက်နေသည့် ဟွမ်လျိုလီက သူမကို တစ်ချက်ကြည့်ပြီး အတွေးများကို မြင်နိုင်ပုံရသည်။

သူမစိတ်ထဲ ပြောနေလိုက်တော့၏။

ဒီအစားရူးအကြောင်း မေးလိုက်တော့ သူက အားလုံးကို လွှတ်ပေးနိုင်တယ်။ စားစရာတော့ မဟုတ်ဘူး။ အထူးသဖြင့် အရသာရှိတဲ့ ဟာတွေပေါ့။

နင်က လှရင်တောင်မှ အသုံးမဝင်ဘူး။ နင် လှတဲ့ပုံပေါ်ပေမဲ့ စားလို့မှ မရတာ။ သွားတဲ့နေရာတိုင်း စားစရာတွေ အပေးခံရမှာ မဟုတ်တာ သေချာတယ်။

ထိုသို့တွေးပြီးနောက် သူမ၏ အကြည့်သည် ချင်ယွိယန်ဆီ ရောက်သွားပြီး တစ်စက္ကန့်ခန့် ရပ်တန့်သွားလေ၏။

ခဏတာ စိတ်ဓာတ်ကျပြီးနောက် ချင်ယွိယန်က မှာလိုက်လေ၏။ ဆိုရလျှင် သူမက မိန်းကလေးတစ်ဦးဖြစ်ပြီး သူမအတွက် တောင့်တောင့်တင်းတင်းကြီး ထိုင်နေသည်မှာ အဆင်မပြေပေ။

သူမက ပေါက်စီအနည်းငယ်နှင့် ပဲနီဆန်ပြုတ်တစ်ပန်းကန်ကို မှာလိုက်သည်။

ဆိုရလျှင် သူမက မိန်းကလေးတစ်ဦးဖြစ်၏။ ယဲ့ရှောင်ကဲ့သို့ စားရတာကို မနှစ်ခြိုက်ပေ။ တူများကို ကောက်ကိုင်လိုက်ပြီး ပါးစပ်ထဲ အနည်းငယ် ထည့်လိုက်ပြီး ပါးစပ်အနည်းငယ်ဟကာ ညင်သာစွာ မှုတ်လိုက်လေ၏။ ပြီးနောက် တစ်ကိုက်ကိုက်လိုက်တော့သည်။

သူမသည် စာအုပ်ထဲမှာ အလွန်လှပသော မိန်းမပျိုလေးတစ်ဦးနှင့် ဆင်တူပေ၏။ သို့သော် ဤနည်းဖြင့် စားနိုင်သည့်နှုန်းက သေချာပေါက် နိမ့်ပေမည်။ ယဲ့ရှောင် စားသောက်ပြီး အတော်ကြာမှသာ သူမက စားပြီးတော့သည်။

ချင်ယွိယန်က ပါးစပ်ထောင့်ကို သုတ်ရန်အတွက် လက်ကိုင်ပုဝါကို ထုတ်လိုက်သည်။ သူမက မမေးပဲ မနေနိုင်တော့ချေ။

” စားလို့ပြီးပြီ မဟုတ်လား။ ဘာကြောင့် မသွားသေးတာလဲ ”

ယဲ့ရှောင်က လက်ဖက်ရည်တစ်ငုံသောက်ပြီးနောက် တည်ငြိမ်စွာ ပြောလိုက်၏။

” ငါ့ ဒါရိုက်တာက ငါ့ကို ဒီနေရာကို ဘလိုင်း ဒိတ်အတွက် လာဖို့ လှည့်စားလိုက်တာ။ တစ်ယောက်နဲ့ မိတ်ဆက်ချင်နေတယ် ”

ချင်ယွိယန်က ရယ်ရမည်လား ငိုရမည်လား မသိတော့ပေ။

” ရှင်လည်း ဘလိုင်း ဒိတ် အတွက် ဒီကို ရောက်လာတာလား ”

ယဲ့ရှောင်က သူမကို တစ်ချက်ကြည့်လိုက်သည်။

” မင်းရောလား ”

ချင်ယွိယန်က ခေါင်းညိတ်လိုက်၏။

” ကျွန်မ အဖိုးရဲ့ အတန်းဖော်ဟောင်းက သူ့ရဲ့ မြေးနဲ့ ကျွန်မကို မိတ်ဆက်ပေးတာလေ။ ကျွန်မ အဖိုးနဲ့ အချိန်းအချက်ယူပြီး ဒီနေရာမှာ လာတွေ့ဖို့ ပြောလိုက်တာပဲ ”

” ငါတို့ ဒါရိုက်တာက ငါ့ကို သူ့ဒုတိယအစ်မရဲ့ မြေးနဲ့ မိတ်ဆက်ပေးချင်နေတာ ”

” အိုးရန်ဖွားဖွား .. ဒုတိယအစ်မရဲ့ မြေးလား။ သိပ်လှမှာပဲမလား ”

” အဆင်ပြေပါတယ်။ သူက မင်းလို ကျောင်းရဲ့ အလှလေးနဲ့ သေချာပေါက် မယှဥ်နိုင်ဘူး။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် မတွဲချင်ဘူးလေ။ သူ ရောက်လာတဲ့အချိန်ကျ စကားနည်းနည်းပြောပြီး ထွက်သွားရုံပေါ့ ”

ဆိုရလျှင် သူက ဒါရိုက်တာ မှာပေးထားသော မနက်စာကို စားပြီးခါစ ဖြစ်သည်။ သူက သူမကို မျက်နှာသာအချို့ ပေးရပေမည်။

” ကျွန်မရောပဲ။ အခုချိန်မှာ ဆရာဖြစ် စာမေးပွဲကိုပဲ ဖြေချင်နေတာ။ ဒါ့အပြင် နောက်နှစ်အနည်းငယ်အတွင်း ရှန်းထျန်းနယ်ပယ်ကို တက်နိုင်မလားဆိုတာမြင်ချင်တယ်။ ပြီးမှ ကျရှုံးဖို့အတွက် ပြင်ဆင်ထားရမှာလေ ”

ယဲ့ရှောင်က ချင်ယွိယန်၏ ကျင့်ကြံဆင့်သည် ဟို့ထျန်းအဌမအဆင့်တွင် ရှိနေပြီဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် ပြောနိုင်၏။ သူမ တိုးတက်တာ အလွန်မြန်ဆန်သည်။

” အား ဟုတ်သား။ ရှင့်နဲ့ ဘလိုင်း ဒိတ် တွေ့မယ့် သူရဲ့ပုံစံက ဘယ်လိုလဲ။ အိုးရန်ဖွားဖွားရဲ့ အစ်မဆိုတော့ ကျန်းဟိုင်သိုင်းကျောင်းတော်ကပဲ ဖြစ်လောက်တယ်။ သူ့ကို သိနေမလား။ တစ်ချက်ပြောပြကြည့်မယ်လေ။ လူကောင်းဆိုရင် ရှင် သူ့ကို တွေးပေးလို့ ရတယ် ”

” မလိုပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် မတွဲချင်ဘူး ”

” ဒါဆို ကောင်းပြီလေ ”

နှစ်ယောက်သားက စားပွဲတွင်ထိုင်ပြီး ရုတ်တရက် တိတ်ဆိတ်သွားတော့၏။ သူတို့က မေးစေ့ထောက်လျက် ပြတင်းပေါက်ကို ကြည့်နေသည်။ သို့သော် ထိုစဥ် ယဲ့ရှောင်က သူ့မျက်ခုံးကို ပင့်လိုက်မိ၏။

အကြောင်းမှာ လမ်းကို ဖြတ်ကူးလာသည့် လူရိပ်တစ်ရိပ်ကို တွေ့လိုက်သောကြောင့် ဖြစ်သည်။ မဟုတ်ပေ။ လက်ချင်းတွဲထားသည့် လူနှစ်ယောက်ဖြစ်သည်။

” အမ် .. ဒါက ငါ့ရဲ့ ဘလိုင်း ဒိတ် ဖြစ်မယ့်ပုံပဲ ”

” ဘယ်မှာလဲ ”

” ဟိုမှာလေ။ အား လက်တွဲထားတဲ့ နှစ်ယောက်လေ ”

ချင်ယွိယန်က လှမ်းကြည့်လိုက်ရာ မျက်ခုံးအနည်းငယ် မျက်ခုံးအနည်းငယ် ပင့်မိသွားသည်။

” ဒါက ဘယ်လိုလုပ် နင့်ရဲ့ ဘလိုင်း ဒိတ် ဖြစ်မှာလဲ။ ကျွန်မရဲ့ ဘလိုင်း ဒိတ် …။ ”

ထိုသို့ပြောပြီးနောက် တိတ်ဆိတ်သွားပြန်သည်။

ပြတင်းပေါက်တွင် ထိုင်နေသည့် နှစ်ယောက်က ကြက်သေသေလျက် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။

ယဲ့ရှောင်က ဆွံ့အသွား၏။ ချင်ယွိယန်က ထိတ်
လန့်သွားတော့သည်။

” သူတို့ ဟော်တယ်ထဲ ဝင်သွားတယ် ”

” ကျွန်မ သိတယ် ”

” သူတို့ ဟော်တယ်ထဲ နေ့ခင်းကြောင်တောင်ကြီး ဘာကြောင့် သွားတာလဲ ”

” မသိဘူးလေ ”

အပိုင်း ၈၉ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset