စာကြည့်တိုက် တာအိုသခင်
အပိုင်း ၈၈။ အစာရူးက ဘာဂုဏ်သိက္ခာ လိုလို့လဲ။
ဖျက်ဆီး၍ မရသော စိတ်နတ်ဘုရားသိုင်းက အခြေခံ ခန္ဓာသန့်စင်ခြင်းကျင့်စဥ် နည်းစနစ်၏ ခွန်အားအားလုံး ပေါင်းစည်းထားခြင်းဟု ဆိုနိုင်ပေသည်။ ၄င်းက အမျိုးမျိုးသော ခွန်အားများ၏ အားသာချက်ကို ယူထားပြီး သူတို့၏ အားနည်းချက်ကို ဖြည့်ဆည်းထားတာပဲ ဖြစ်သည်။
ဖျက်ဆီး၍ မရသော စိတ်နတ်ဘုရားသိုင်းတစ်ခုက ယဲ့ရှောင်၏ ရုပ်ပိုင်းဆိုင်ရာ ခုခံမှုကို မဟာချီရှန်းတစ်ဦးထက် အဆပေါင်းများစွာ မြင့်တက်သွားစေသည်။
မဟာချီရှန်းတစ်ဦး၏ ရုပ်ခန္ဓာက အစွမ်းထက်သော်ငြား အကန့်အသတ်ရှိသေးကြောင်း သိထားရပေမည်။ အကန့်အသတ်သို့ ရောက်ပြီးနောက် ဒဏ်ရာရနိုင်သေး၏။
မဟာချီရှန်းတစ်ဦးနှင့် ယှဥ်နိုင်သည့် ခွန်အားရှိသော တိုက်ကွက်တစ်ကွက် သို့မဟုတ် မဟာချီရှန်းအထက် တိုက်ကွက်တစ်ကွက်ကတောင် မဟာချီရှန်းတစ်ဦးကို ဒဏ်ရာ ချက်ချင်း ရသွားစေနိုင်သည်။ သို့သော် ဖျက်ဆီး၍ မရသော စိတ်နတ်ဘုရားသိုင်းဖြင့်ဆို ယဲ့ရှောင်၏ ခုခံခြင်း စွမ်းရည်က သိသိသာသာ တိုးတက်သွားလိမ့်မည်။ သူက တိုက်ကွက်ကို မရှောင်ပဲ သူ့ခန္ဓာကိုယ်၏ မာကျောမှုဖြင့်သာ တောင့်ခံလျှင်တောင် မဟာချီရှန်းတစ်ဦး၏ တိုက်ခိုက်မှုကို ခံနိုင်ရည် ရှိသေးသည်။
အံ့ဖွယ်ဝိညာဥ်၏ ရွှေရောင်စာအုပ်က ချက်ချင်းပင် ဖျက်ဆီး၍ မရသော စိတ်နတ်ဘုရားသိုင်းကို စတင်ကျင့်ကြံတော့၏။ ည ၂နာရီထိုးနေပြီ ဖြစ်သည်။ ယဲ့ရှောင်က အနားယူရန်အတွက် သူ့အခန်းသို့ ပြန်လိုက်၏။ မနက်ရောက်သည့်အချိန်၌ သူက ဖျက်ဆီး၍ မရသော စိတ်နတ်ဘုရားသိုင်းကို ပြီးပြည့်စုံသည့် အခြေအနေသို့ရောက်အောင် ကျင့်ကြံနိုင်လောက်ပြီဖြစ်သည်။
နောက်နေ့နံနက်စောစော၌ ယဲ့ရှောင်က သူ၏ စောင်ကို ကြည့်ပြီး အတွေးနက်နေတော့၏။
ဖျက်ဆီး၍ မရသော စိတ်နတ်ဘုရားသိုင်းကို အကြီးမြတ်ဆုံးအဆင့်ထိရောက်အောင် ကျင့်ကြံခဲ့ပြီးဖြစ်သည်။ သို့သော် သူ ယခု တွေးနေမိသည်က ထိုပြဿနာ မဟုတ်ပေ။ ကျင့်စဥ်သည် သူ့ကို သံမဏိချောင်းသဖွယ် ပြောင်းလဲပစ်မည်လားဟု တွေးနေမိတာပဲ ဖြစ်သည်။ သူက ထထိုင်ပြီး စစ်ကြည့်လိုက်သည်။ နောက်ဆုံးတော့ သက်ပြင်းချလိုက်မိ၏။
ကံကောင်းသည်မှာ ကျင့်စဥ်အသစ်ဖြင့်တောင် ဘာမှ ပြောင်းလဲသွားခြင်းမရှိပေ။
ပြီးနောက် သူသည် ဖျက်ဆီး၍ မရသော စိတ်နတ်ဘုရားသိုင်းကို သုံးလိုက်ရာ ခန္ဓာကိုယ်ကို ရွှေရောင်အလင်း လွှမ်းခြုံလာတာကို အထိတ်တလန့် ရှာတွေ့လိုက်ရ၏။
ရွှေရောင်အလင်းသည် မူလက အံ့ဖွယ်ဝိညာဥ်၏ ရွှေရောင်စာအုပ်မှ မြစ်ဖျားခံပြီး အံ့ဖွယ်ဝိညာဥ်ကနေ ပြန့်ကားလာကာ ယဲ့ရှောင်၏ ကိုယ်ပေါ်တွင် ၁မီလီမီတာခန့် ထူသည့် ကုတ်အင်္ကျီကို လွှမ်းပေးလိုက်တာပဲဖြစ်သည်။ ၄င်း၏ အကွာအဝေးက သိပ်မကွာသော်ငြား သူက ပေးသည့် ခုခံခြင်း စွမ်းအားက ယဲ့ရှောင်ကို အတိုင်းထက်အလွန် ဖြစ်သွားစေ၏။
ယဲ့ရှောင်၏ အရေပြားတိုင်း ဆဲလ်များကတောင် ဖျက်ဆီး၍ မရသော စိတ်နတ်ဘုရားသိုင်း၏ ကာကွယ်မှုအောက်တွင် ရှိနေပြီး ချီရှန်းအဆင့် တိုက်ကွက်များကို ခံနိုင်ရည်ရှိသည်။ ၄င်းကို လက်သီးဖြင့် ထိုးရန် ကြိုးစားလိုက်သည်။
ထန်း ထန်း။
သူ့လက်သီးနှင့် သတ္တုချင်း ထိသည့် အသံတစ်သံ ပေါ်လာသည်။ ထိတွေ့မှုက အလွန်ကြည်လင်လှလေရာ အသံက သာယာနာပျော်ဖွယ် ဖြစ်စေ၏။
” သိပ်အစွမ်းထက်တာပဲ ဒီကျင့်ကြံခြင်း နည်းစနစ်ကို ကြိုးစားကြည့်ပြီး သူက တိုက်ကွက်တစ်ကွက် ဘယ်လောက်သန်မာလဲဆိုတာ ကြည့်လို့ရတယ် ”
အသက်ပြင်းပြင်းတစ်ချက် ရှူပြီးနောက် ယဲ့ရှောင်သည် ကောင်းကင်ပိုင်းဖြတ်ခြင်းဓါးကို သူ့လက်ပေါ်၌ အသုံးပြုလိုက်၏။
ဖောက်။
တစ်ခန်းလုံးက ချက်ချင်း တိတ်ဆိတ်သွား၏။ ယဲ့ရှောင်က ကြမ်းပြင်ပေါ်တွင် ကျနေသော သူ့လက်ကိုကြည့်ပြီး အတွေးနက်သွားတော့သည်။
ငါ ဂရုမဲ့လွန်းတယ်။
ကောင်းကင်ပိုင်းဖြတ်ခြင်းဓါးနှင့် ဖျင်ဆီး၍ မရသော စိတ်နတ်ဘုရားသိုင်းတို့က အဆင့်တူတွင် ရှိလောက်သည်။
သာမန်မဟာချီရှန်းတစ်ဦးသည် အလွန်ဆုံးမှ ချီရှန်းအဆင့် ကျင့်ကြံခြင်း နည်းစနစ်ကိုသာ အသုံးပြုနိုင်မှာပဲ ဖြစ်သည်။ သို့သော် ကောင်းကင်ပိုင်းဖြတ်ခြင်းဓါးက ထိုအကွာအဝေးကို ကျော်လွန်ပြီးသားဖြစ်၏။
ရလဒ်အနေဖြင့် ဖျက်ဆီး၍ မရသော စိတ်နတ်ဘုရားသိုင်းသည် ၄င်းတိုက်ကွက်ကို ခုခံနိုင်ခြင်း။
သက်ပြင်းချပြီးနောက် ယဲ့ရှောင်သည် သူ့လက်ကို ကောက်ကိုင်ကာ ပြန်ပြင်ရန်အတွက် ကောင်းကင်ကုသခြင်း နည်းစနစ်ကို အသုံးပြုလိုက်သည်။ မြန်မြန်ဆန်ဆန်ပင် သူ၏ လက်က အထိအခိုက် လုံးဝမရှိတော့ပေ။ ခြစ်ရာတစ်ရာတောင် မကျန်ခဲ့ပေ။
ဖျက်ဆီး၍ မရသော စိတ်နတ်ဘုရားသိုင်းဖြင့် သူက အရာအားလုံးကို ခုခံနိုင်တာတော့ မဟုတ်ပေ။ မဟာချီရှန်း သို့မဟုတ် အံ့ဖွယ်ဂိုဏ်းမှ သိုင်းပညာရှင်တစ်ဦးကို ရင်ဆိုင်ရလျှင် ပြဿနာမရှိဘူး ဆိုနိုင်ပေသည်။
သူက ပိုမြင့်သည့် ခုခံမှုတစ်ဆင့်ကို လိုချင်လျှင် ပိုသန်မာသည့် ကျင့်ကြံဆင့် အခြေခံကို လိုအပ်သည်။ သူက ဖျက်ဆီး၍ မရသော စိတ်နတ်ဘုရားသိုင်းကို အသုံးပြုခဲ့လျှင် သူ၏ခုခံမှုက ပိုတောင်သန်မာသွားပေလိမ့်မည်။
သို့သော် ကျင့်ကြံမှုဟူသည် ညတွင်းချင်း ရရှိနိုင်
သည့်အရာ မဟုတ်ပေ။ သူ၏ အသုံးအဆောင်ကို သန့်စင်မှုကို ရွေးယူပြီးနောက် အစွမ်းထက်သည့် ခုခံခြင်း အဝတ်အစားအချို့ကို သန့်စင်ရန် ကြိုးစားသင့်သည်။
မူလနှင့် ထူးကဲအဆင့် ခုခံခြင်း အဝတ်အစားများက အလုပ်မဖြစ်မှာ သေချာ၏။
သူတို့၌ ထူးထူးခြားခြား စွမ်းရည်များ မရှိပေ။ သူတို့၏ အသွင်သဏ္ဍာန်ကိုတောင် ပြောင်းလဲနိုင်ခြင်း မရှိချေ။ ထို့အပြင် သူတို့၏ ခုခံခြင်း စွမ်းရည်များက မဟာချီရှန်းတစ်ဦး၏ ကိုယ်ပိုင်ခုခံမှုကို ရင်ဆိုင်ရန်တောင် မလုံလောက်လေရာ ဖျင်ဆီး၍ မရသော စိတ်နတ်ဘုရားသိုင်းဆိုလျှင် ပြောရန် မလိုတော့ချေ။
မဟာချီရှန်းအဆင့် ခုခံခြင်း အဝတ်အစားများက သာမန်အဝတ်အစားများဖြင့် ပြုလုပ်ထားသည်ဟု ထင်ရသည်။ သို့သော် သူတို့၏ ခုခံခြင်း စွမ်းရည်များက ချီရှန်းအဆင့် တိုက်ကွက်တစ်ကွက်ကိုသာ ခုခံနိုင်စွမ်း ရှိပြီး အကြိမ်အရေအတွက် အကန့်အသတ်ရှိ၏။
သာမန်သိုင်းပညာရှင်များ ချီရှန်း သို့မဟုတ် မဟာဂိုဏ်းများအတွက် သူတို့သည် ထိုကဲ့သို့ ပစ္စည်းမျိုး လိုအပ်လောက်သည်။ သို့သော် ယဲ့ရှောင်အတွက်မူ ပစ္စည်းတစ်ခုက အနည်းငယ်တော့ မျက်စိနှောက်စရာ ကောင်းလွန်းသည်။
အံ့ဖွယ်ဝိညာဥ်ရဲ့ ရွှေရောင်စာအုပ် ပေါင်းစည်းခြင်း နည်းစနစ်က သိပ်ကို သန်မာတယ်။ လက်နက်သန့်စင်ခြင်း နည်းစနစ်က ဒီလောကထဲက သာမန် သန့်စင်ခြင်း နည်းစနစ်တွေကို ကျော်လွန်နိုင်မလားဆိုတာ သိချင်မိတယ်။
ကျော်လွန်အောင်သာ လုပ်နိုင်မယ်တိုရင် ငါက သာမန်လက်နက်သန့်စင်ခြင်း နည်းစနစ်ထက် သာတဲ့ လက်နက် ဒါမှမဟုတ် ခုခံခြင်း သံချပ်ကာကို သန့်စင်နိုင်လောက်တယ်။
ယဲ့ရှောင်သည် သူ၏လက်နက် သန့်စင်ခြင်း နည်းစနစ်များကို လေ့ကျင့်ရန် ဆုံးဖြတ်လိုက်ပြီး ဖြစ်သည်။ သူက စူပါအဆင့် ခုခံခြင်း သံချပ်ကာကို သန့်စင်ပြီး အံ့ဖွယ်ဂိုဏ်းနှင့်အထက် တိုက်ကွက်များကို ခုခံနိုင်ခဲ့မည်ဆိုလျှင် သူ့အတွက် မဟာအသက်ကယ် လက်နက်တစ်ခု ဖြစ်နေပေလိမ့်မည်။
ယနေ့က စနေနေ့ ဖြစ်သောကြောင့် သူ အလုပ်မသွားပေ။ သို့သော် ယဲ့ရှောင်၌ မိတ်ဆွေများများစားစား မရှိပေ။ ကုဟိုင်က အိမ်ထောင်ကျပြီးဖြစ်ကာ သူနှင့် သူ့တွင် ဇနီးတစ်ယောက် ရှိနေပြီဖြစ်သည်။ နဥ်ယွိဟန်ကမူ သူနှင့်အတူရှိနေချိန်၌ သူက မိန်းကလေးတစ်ဦးကို ကျီစယ်နေရသည့်ပမာ အမြဲတမ်းခံစားနေရသည်။ သို့သော် ယဲ့ရှောင်က သမန်ကာလျှံကာ ချစ်ကြိုက်တတ်သည့်သူ မဟုတ်လေရာ သာမန်အမျိုးသားတစ်ယောက်အဖြစ် ရှိနေသေးသည်။ ထို့ကြောင့် ယဲ့ရှောင်သည် ဘာမှလုပ်စရာမရှိသည့်အချိန်၌ သူနှင်အတူ ကစားပေးမည့်သူကို အလွယ်တကူ မရှာနိုင်ဖြစ်နေ၏။ ထို့ကြောင့် ယဲ့ရှောင်သည် စာဖတ်ရန်အတွက် စာကြည့်တိုက်သို့ သွားသေးသည်။
သို့သော် သူ မထွက်ခွာခင် ဖုန်းမြည်လာလေ၏။
ယဲ့ရှောင်က ဖုန်းကို ဖြေလိုက်လေရာ ဖုန်းခေါ်သည့်သူက ဒါရိုက်တာ အိုးရန်ယွင်ကျုံး ဖြစ်နေကြောင်း ပြသ၏။
ဒါရိုက်တာက သူ့ကို ဘာကြောင့် ရှာတာလဲ။
သူက မျက်ခုံးအနည်းငယ် ပင့်လိုက်၏။ သို့သော် ယဲ့ရှောင်က ဖုန်းကို ဖြေလိုက်သေးသည်။
” ဟယ်လို ယဲ့ရှောင်လား ”
” ဟုတ်ကဲ့ ကျွန်တော်ပါ ”
” ယဲ့ရှောင် မင်း ဒီနေ့အားလား။ ပန်းကဇာတ်ရုံ စားသောက်ဆိုင်မှာ မိတ်ဆွေတစ်ယောက်နဲ့ ချိန်းဆိုထားတာ ရှိလို့ ။ အားတယ်ဆိုရင် သူတို့နဲ့တွေ့ဖို့ ကူညီပေးနိုင်မလား ”
ယဲ့ရှောင်က တွေးတောင်မတွေးပဲ ငြင်းရန် အသင့်ပြင်၏။
သူဌေးတစ်ယောက် ဖြစ်နေရင်တောင် ကြုံရာတာဝန်တွေ ခိုင်းလို့မရဘူးမလား။ သူ့ရဲ့ လစာကို ရဖို့ အလုပ်လုပ်နေတာလေ။ အစေခံမှ မဟုတ်တာ။ သူ ယဲ့ရှောင်က အပြင်မှာ အဆက်အသွယ်မရှိတဲ့ သူတစ်ယောက်ပဲ။ သူက စာကြည့်တိုက်က ထွက်ခဲ့ရမယ်ဆိုရင်တောင် ကူညီပေးမဲ့ မိတ်ဆွေတွေနဲ့ တွေ့မှာ မဟုတ်လောက်ဘူး။ ဒါပေမဲ့ သို့သော် သူ ဘာမှမပြောရသေးခင် ဒါရိုက်တာ ထပ်ပြောလာ၏။
” ဘာမှမစားရသေးဘူးမလား။ မင်းအတွက် ယွမ် ၃၈၈ယွမ် တန်တဲ့ နံနက်စာကို မှာထားတယ်။ ပန်းကဇာတ်ရုံ စားသောက်ဆိုင်က နံနက်စာအကြောင်း မင်း သိသားနဲ့။ ငါတို့ ကျန်းဟိုင်မြို့မှာ ထူးခြားတာပဲ။ ပုံမှန်ဆို စားချင်တယ်ဆိုရင် ချိန်းဆိုချက် လုပ်ထားရမှာလေ။ ငါက သူတို့သူဌေးနဲ့ မိတ်ဆွေမလို့ ရလိုက်တာပဲ။ မသွားဘူးဆိုရင် နှမြောစရာကြီး ”
ယဲ့ရှောင်က တိတ်သွားသည်။
ပန်းကဇာတ်ရုံ စားသောက်ဆိုင်ရှိ နံနက်စာက တစ်မြို့လုံး၌ အမှန်တကယ် လူသိများသည်။ ယဲ့ရှောင်သည် တစ်ခါသွားခဲ့ဖူးသော်ငြား ၇၈ယွမ်တန်ကိုသာ စားခဲ့သည်။
နောက်ပိုင်းတွင် သူက မစားခင် ချိန်းဆိုချက် ကြာရှည်နေသောကြောင့် ယဲ့ရှောင်က ထပ်မစားတော့ချေ။
ဒါရိုက်တာက စားသောက်ဆိုင်ဘော့စ်ကို သိနေပြီး သူ့အတွက် တစ်နပ်တောင် မှာထားလိမ့်မည်ဟု မထင်ထားပေ။
” ဒါရိုက်တာ ကျွန်တော်က ပန်းကဇာတ်ရုံစားသောက်ဆိုင်နားမှာပါ ”
” လာခဲ့လိုက်လေ။ ဒုတိယအလွှာက စားပွဲနံပါတ် ၃၀၆ ပြတင်းပေါက်ဘေးမှာ။ သူတို့ကို အကြောင်းကြားထားပြီးသား။ အဆင်သင့်ဖြစ်ရင် လာခဲ့လိုက်လို့ရပြီ ”
” ကောင်းပါပြီ ”
ဖုန်းချပြီး တစ်စက္ကန့်ကြာပြီးနောက် ယဲ့ရှောင်သည် အဝတ်အစားအပြည့်အစုံ ဝတ်ကာ ဟွမ်လျိုလီကို ဆိုဖာပေါ်ကနေ ဆွဲခေါ်လာ၏။
ယခု သူသည် အရိုင်းစိတ် ဝင်မှာကို ကာကွယ်ရန်အတွက် ဟွမ်လျိုလီကို ဘေးတွင် တစ်ချိန်လုံး ထားရမည်။ အကြောင်းမှာ ကြယ် ၇လုံးတန်းမည့် နေ့ရက်ကြောင့်ဖြစ်သည်။
နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသော ဟွမ်လျိုလီက အမြီးကနေ ပြင်းအားတစ်ခုဖြင့် ရုတ်တရက်ဆုတ်ကိုင်ခြင်းကို ခံလိုက်ရ၏။ ပြီးနောက် ကြောင်သည် အသံထက်မြန်သည့် အရှိန်ဖြင့် နောက်ပြန်ပြန်နေရ၏။
ဟွမ်လျိုလီ၏ ကြောင်မျက်နှာက အရှိန်ကြောင့် လေခုခံမှုကို ခံနေရသည်။
သူမနားရှိ မြင်ကွင်းများ နောက်ပြန်လည်နေတာကို ကြည့်ပြီး နားရွက်က လေတဝှီးဝှီး ဖြစ်နေလျက် ဦးနှောက်ပေါက်ကွဲတော့မည့်ပမာ ခံစားနေရပြီး ဟွမ်လျိုလီက သတိလစ်သွားတော့သည်။
သူမ အနှစ် ၃၀၀ လောက် တကယ်နေမယ်ဆိုရင် ယဲ့ရှောင်ထက်သာပြီး သူ့ကို သူမရဲ့ အိမ်မွေးတိရစ္ဆာန်အဖြစ် ထားနိုင်လောက်မယ်မလား။
အပိုင်း ၈၈ ပြီး၏။