စာကြည့်တိုက် တာအိုသခင်
အပိုင်း ၈၇။ ဖျက်ဆီး၍ မရသော စိတ်နတ်ဘုရားသိုင်းကို ပေါင်းစည်းခြင်း။
ကျင့်စဥ်ပုံစံတိုင်းက သူ့ပုံစံအလိုက် ကွဲပြားပြီး လိုအပ်သည့် အခြေခံကျင့်စဥ် အရေအတွက်ကလည်း မတူညီပေ။
လွန်ကဲခြင်း စွမ်းအား ဓါးမော့ကို ဥပမာ ယူနိုင်ပေ၏။ ထိုအခြေခံကျင့်စဥ်အချို့က ဓါးမော့၏ ပြင်ပအရည်အချင်းများဖြင့် ဓါးမော့ဆန္ဒကို လေ့ကျင့်ရန် အခြေခံထားတာဖြစ်ပြီး အချို့က ဓါးမော့ကျင့်စဥ်၏ အတွင်းအားကို အခြေခံထားတာပဲဖြစ်သည်။
ဤလောကထဲရှိ ကျင့်စဥ်များကို တိုက်ရိုက်စုဆောင်းပြီး လူတစ်ယောက်၏ ကျင့်ကြံဆင့် တိုးမြင့်နိုင်ရသည့် အကြောင်းအရင်းလည်း ဖြစ်သည်။ အကြောင်းမှာ ကျင့်စဥ်ကိုယ်တိုင်က အတွင်းအားကို ကျော်လွန်နေပြီး ဖြစ်သောကြောင့် ဖြစ်သည်။
ထိုနည်းတူ ခန္ဓာသန့်စင်ခြင်း စနစ်၏ အခြေခံ ကျင့်စဥ်များအတွက်လည်း တူညီနေပေ၏။ ယခင်ကကဲ့သို့ပင် ဖာ့ကျန်းသည် ကျန်းဟိုင်မြို့ ကျောင်းတော်၏ ဘွဲ့ကြိုအခမ်းအနားတွင် မိန့်ခွန်းပြောကြားစဥ်၌ ဖာ့ကျန်း ပြောသွားခဲ့သည့် ခန္ဓာသန့်စင်ခြင်း ကျင့်စဥ်က ခန္ဓာသန့်စင်ခြင်း နည်းစနစ်၏ အပြင်ဘက် ကျင့်ကြံခြင်း နည်းစနစ်ဖြစ်ပြီး ရှောင်လင်၏ သံမဏိအရေပြားနှင့် တူသည်။ အကြောင်းမှာ ဖာ့ကျန်းက သံမဏိအရေပြားကဲ့သို့ မြင့်မားသော အဆင့်ကို မရောက်နိုင်သောကြောင့် သံမဏိအရေပြားမှ ဆင့်ကဲပြောင်းလဲလာသော အဆင့်နိမ့် နည်းစနစ်တစ်ခုဟုသာ ဆိုနိုင်တာ သိသာ၏။
သို့သော် ယဲ့ရှောင်အတွက်မူ တူညီသည့် ကျင့်စဥ်ကို ပိုင်ဆိုင်သရွေ့ အဆင်ပြေ၏။ သူ၏ အံ့ဖွယ်ဝိညာဥ်က ထိုအတွင်းရှိ အခြေခံကျင့်စဥ်ကိုသာ လိုအပ်သည်။
ခန္ဓာအတွင်းရှိ ဝိညာဥ်စွမ်းအင်က အရေပြား၏ မျက်နှာပြင်အောက်ရှိ အလွှာထဲ၌ ရှိနေပြီး တစ်ကိုယ်လုံးကို ကာကွယ်ပေးနေ၏။ သို့သော် ယင်း၌ ပင်ကိုယ် အားနည်းချက်ရှိသည်။ ဝိညာဥ်စွမ်းအင်ကို စုပ်ယူဖို့ ခန္ဓာကိုယ်အတွက် အကာတစ်ခု ချန်ထားပေးရန် လိုအပ်သည်။
ယင်းက ထိုကဲ့သို့သော ကျင့်စဥ်၏ ဟာကွက်ဖြစ်သည်။ ဆိုရလျှင် မည်သည့်ဟာကွက်မှ ရှိမနေခဲ့လျှင် ၄ငး၏ အဆင့်က သာမန်ကျင့်စဥ် မဟုတ်လောက်တော့ပေ။ ထိုအစား ချီရှန်းအထက်အဆင့် ကျင့်စဥ်တစ်မျိုး ဖြစ်သွားလောက်၏။
ယဲ့ရှောင်က အတွင်းကလီစာများကို ခွန်အားမြင့်တင်ရန်အတွက် လေ့ကျင့်သည့် ကျန်သည့် ခန္ဓာ
သန့်စင်ခြင်း ကျင့်စဥ်များနှင့် ခြေလက်တို့၏ တိုက်ခိုက်မှုကို ခွန်အားမြင့်ကာ စိတ်ကို ခိုင်မာစေရန် ကျင့်ကြံခဲ့သည်။ ရွှေရောင်သံချပ်ကာသည် အတွင်းအားကို ကျင့်ကြံရာ၌ အာရုံစိုက်သည့် အတွင်းကျင့်ကြံခြင်း နည်းစနစ်ဖြစ်သည်။
ထိုနည်းစနစ်ကို လေ့ကျင့်ပြီးနောက် ၄င်း၏ အကွက်များကို အသုံးပြုသည့်အချိန်၌ နောက်တွင် ကျန်ရစ်သော သံမဏိ အဝတ်၏ အားနည်းချက်များကို ဖောက်ထွက်နိုင်မှာပဲဖြစ်သည်။
သံမဏိအရေပြား၏ အားနည်းချက်နှင့် ကျန်သည့် အခြေခံကျင့်စဥ်များ၏ အားနည်းချက်ကို ဖာထေးပေးသည်ဟု ဆိုနိုင်သည်။ ထို့အပြင် ရွှေရောင်သံချပ်ကာ ချီရှန်းအဆင့် ကျင့်စဥ်လည်း ဖြစ်သည်။
ယဲ့ရှောင်က အခြေခံကျင့်စဥ်များသာ လိုအပ်သော်ငြား ရဟန်းအို ဖာ့ကျန်းသည် ယဲ့ရှောင်ကို အလွန်ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့၏။
ထိုအခြေခံကျင့်စဥ်က တစ်နိုင်ငံလုံးထဲတွင် အကောင်းဆုံးများထဲမှ တစ်မျိုးဖြစ်သည်။ ရှောင်လင်သိုင်းကျောင်းတော်ထဲတွင် ပါမောက္ခအဆင့် ဆရာနှင့် ပါမောက္ခအဆင့်အထက်ရှိ ဆရာရှိသူများသာလျှင် ၄င်းကို ထိတွေ့ရန် အခွင့်အရေးရ၏။
ရွှေရောင်စာအုပ်က ရွှေရောင်သံချပ်ကာကို မှတ်တမ်းတင်ပြီးနောက် စတင်ကျင့်ကြံတော့သည်။ ယဲ့ရှောင်က ဆိုဖာပေါ်တွင် မှီလျက် ဖရုံစေ့များ စားနေတော့သည်။
ညလယ်ခေါင်တွင် ကျင့်စဥ်က ပြီးမြောက်သွားပြီး ထိုအချိန်တွင် ပေါင်းစည်းရန် ပြင်လိုက်သည်။ သို့သော် ထိုစဥ် အပြင်ဘက်က ထူးဆန်းသည့် လှုပ်ရှားမှုအချို့ကို ရုတ်တရက် သတိပြုမိလိုက်၏။
ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုဖြင့် တစ်ချက်ကြည့်လိုက်ရာ သူ နားလည်သွားတော့သည်။
” ဟွမ်လျိုလီ ”
သူက ဟွမ်လျိုလီ၏ တင်ပါးလေးကို ကန်လိုက်ရာ ဆိုဖာထောင့်ဆီသို့ ကွေးသွားလျက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသေးဆဲ ဖြစ်သည။
” ရှုပ်နေတာ ရပ်လိုက်တော့။ ဘာကြောင့် ငါ အိပ်နေတာကို နှောက်ယှက်ရတာလဲ ”
ဟွမ်လျိုလီက ရေရွတ်ပြောပြီးနောက် လှည့်သွား၏။ ယဲ့ရှောင်က သူမ တင်ပါးကို ထပ်ကန်လိုက်ပြန်သည်။
” မနက်ဖြန်ကျ အသားပေါက်စီ မစားချင်ဘူး
လား ”
” မစားချင်ဘူး။ ငါ့ကို နည်းနည်းလောက် ကောင်းကောင်း ပိုအိပ်ခွင့်ပေးပါလား ”
” ဂဏန်းသား ပေါက်စီဆိုရင်ရော ”
” မလိုချင်ဘူး။ ကောင်းကောင်းမွန်မွန်ပဲ အိပ်ချင်တယ် ”
” အသားပေါက်စီနဲ့ ဂဏာန်းသားစွပ်ပြုတ် ”
ဟွမ်လျိုလီက ဆိုဖာပေါ်မှ ထထိုင်လိုက်သည်။
” ဘာလုပ်ခိုင်းစေချင်နေတာလဲ။ အိပ်ငိုက်နေပြီ။ မြန်မြန် ဖြေရှင်းလိုက်ကြရအောင် ”
” အပြင်ဘက်မှာ ကြွက်နည်းနည်း ရှိတယ်။ သူတို့ကို သွားပြီး ဖြေရှင်းလိုက်။ ကိစ္စပြီးပြီဆိုတာနဲ့ ဆက်အိပ်လို့ရပြီ ”
” ပေါက်စီကြီးကရော ”
” မနက်ဖြန် မနက်ကျ ရမယ် ”
” ဒီမှာ ခဏစောင့် ”
ယဲ့ရှောင်က ဖရုံစေ့များကို ဆက်လက်စားနေစဥ် ဟွမ်လျိုလီက ကြောင်တစ်ကောင်အဖြစ် အသွင်ပြောင်းသွားသည်။ သူမက သတ္တုတံခါးကို အနည်းငယ်ဖွင့်လျက် အဟကြားထဲမှ ဖြစ်ညစ်ထွက်လိုက်သည်။
ခြံဝန်းလေး၏ အပြင်ဘက်တွင် ကြယ်တာရာသားရဲအချို့က အဆောက်အအုံကို ဝိုင်းထား၏။ သူတို့က အပြင်ဘက်ရှိ ချုံများထဲတွင် ပုန်းနေပြီး ခြံဝန်းလေးကို တည့်တည့်မတ်မတ် စိုက်ကြည့်နေကြသည်။
” ဒါက အဲ့ဒီလက်ပါးစေရဲ့ ခြံဝန်းမလား ”
” အားလုံးက ဒီလက်ပါးစေရဲ့ အမှားပဲ။ သူက အဲ့ဒီ မြေးကတုံးကြီးအတွက် လမ်းမပြပေးဘူးဆိုရင် ငါတို့ညီအစ်ကိုတွေ ဒီလောက်အများကြီး ဆုံးရှုံးမှာ မဟုတ်ဘူး ”
” အားလုံးပဲ အသင့်ပြင်ကြတော့။ ဒါကို မြန်မြန် အဆုံးသတ်လိုက်ရအောင်။ ဒါမှ ငါတို့ကို တခြားလူသားတွေ မတွေ့မှာ။ မဟုတ်ရင် ဒုတိယနွားရိုင်းက သူ့ ခြေထောက်ကို လော့ခတ်ထား။ သိုးပေါက်လေးက သူ့လက်ကို လော့ပတ်ထား။ ၁၃ယောက်မြောက် ဖားပြုတ်က သူ့ပါးစပ်ကို ကာထားလိုက် ”
” သူ ကိုက်ရင်ရော ”
” မင်း အရေပြားက ထူတာပဲ ”
” ဒါဆို သူ ငါ့ကို ကိုက်ရင် နာတောင်နာမှာပဲ ”
” သူ့မျက်နှာပေါ် ထိုင်လိုက်လေကွာ။ သူ မင်းကိုပဲ ကိုက်ချင်ရင် သူ့ပါးစပ်ထဲ သေးပန်းလိုက်ရုံပဲ ”
၁၃ယောက်မြောက် ဖားပြုတ်၏ မျက်လုံးက လက်သွား၏။ သူက စိတ်လှုပ်ရှားလွန်းသောကြောင့် ခန္ဓာကိုယ်က စတင် တုန်ယင်နေပြီဖြစ်သည်။
” ထိန်းမထားနိုင်တော့ဘူး။ အခု ဆီသွားချင်နေပြီ ”
” ထိန်းထားဦးကွာ။ အခု တိုက်ကြ ”
သူ ပြောတာမပြီးသေးခင် လေက ရုတ်တရက် ငြိမ်သွားလေ၏။ ဒုတိယနွားရိုင်းက တိတ်တိတ်ဆိတ်ဆိတ် နေလိုက်တော့သည်။
” နွားသိုးကြီး ဘယ်မှာလဲ ”
” မသိဘူး။ သူ အလျင်လိုနေတာလား ”
” မဟုတ်ဘူး။ သူ့အရှိန်က အဲ့လောက်မဟုတ် ”
လေထုက ထပ်မံ တိတ်ဆိတ်သွားပြန်၏။
” ၁၃ယောက်မြောက် ဖားပြုတ် သူ ဘယ်မှာလဲ ”
နွာရိုင်းနဲ့ သိုးက တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး တံတွေးမြိုချလိုက်ကြသည်။ သူတု့က တစ်ယောက်မျက်လုံးထဲတွင် တစ်ယောက် အကြောက်တရားများကို မြင်နိုင်၏။
” ပြေး ”
သိုးငယ်လေးက အော်ဟစ်ပြီးနောက် လှည့်ပြေးတော့သည်။ ဒုတိယမြောက် နွားရိုင်းက ဂရုမစိုက်ရဲပဲ နောက်ထပ် အရပ်မျက်နှာဆီသို့ ချက်ချင်းလှည့်ပြေးတော့၏။
သို့သော် သူ လှုပ်ရှားတော့မည့်အချိန်တွင် နောက်ကွယ်ကနေ ကြီးမားသည့် အင်အားစု ထွက်ပေါ်လာပြီး နေရာတွင်ပင် သူ့ကို လှဲချလိုက်တော့၏။
ဘန်း။
သူ၏ နောက်ကျောက နာကျင်လာတော့သည် ။ ဒုတိယနွားရိုင်းက တစ်ချက်သာကြည့်ပြီး မျက်လုံးထဲ၌ အကြောက်တရားများ ပြည့်နေ၏။
ထွက်ပြေးသွားသော သိုးငယ်လေးက သေနေပြီဖြစ်သည်။ သူ၏ မျက်လုံးထဲတွင် အကြောက်တရားရှိနေပြီး နေရာမှာပင် တောင့်တင်းသွား၏။
နောက်ကွယ်ကနေ နိမိတ်မကောင်းသော ဖိအားတစ်ခု ပေါ်ထွက်လာသည်။ သူ့ရင်ထဲရှိ အကြောက်တရားကို အတင်းအဓမ္မဖိနှိပ့်လျက် နောက်ကျောဘက်ကို ဖြည်းဖြည်းချင်း လှည့်လိုက်ကာ သူ့……..ကို သတ်သည့်သူက မည်သူဆိုတာ မြင်ချင်နေ၏။ ကံဆိုးသည်မှာ သူ့ခေါင်းကို လှည့်လိုက်သည်နှင့် ချွန်ထက်သော လက်သည်းကိုသာ တွေ့လိုက်ရ၏။ သူ၏ သူငယ်အိမ်က ပိုမိုကြီးမားလာတော့သည်။
ကြယ်တာရာသားရဲအချို့ကို ဖြေရှင်းပြီးနောက် ဟွမ်လျိုလီက လက်သည်းကို ရမ်းကာ သက်ပြင်းသဲ့သဲ့ ရှူထုတ်လိုက်၏။
” ဖူး။ ယဲ့ရှောင်ရဲ့ နောက်လိုက်ဖြစ်လာချိန်ကစပြီး ငါ ရရှိတဲ့ ဆက်ဆံခံရမှုက ပိုပိုဆိုးလာတယ်။ အတိတ်တုန်းက ပေါက်စီကို ငါကြိုက်သလောက် ခိုးပြီး စားလို့ရတယ်။ အခု တစ်ခုစားဖို့အတွက် အလုပ်လုပ်နေရတာ ”
သူမ ပြောပြီးချိန်တွင် သူမက ခြံဝန်းလေးထဲကနေ အလွန်သန်မာသည့် စွမ်းအင်အတက်အကျ ပေါ်လာတာကို ရုတ်တရက် ခံစားမိလိုက်သည်။ အတက်အကျက သာမန်လူသားများ အာရုံခံနိုင်သည့်အရာ မဟုတ်ပေ။ သို့သော် ဟွမ်လျိုလီနှင့် ယဲ့ရှောင်က သခင်နှင့် အစေခံ စာချုပ်ရှိပြီး ထို့ကြောင့် သူမက အာရုံခံနိုင်၏။
ယင်းက သူမကို မျက်မှောင်ကျုံ့သွားစေ၏။
” မဖြစ်နိုင်တာ။ ဒီကောင်က ထပ်သန်မာလာပြန်ပြီလား။ ရှန်းထျန်းဒုတိယအဆင့်လို့ပဲ ထင်ထားတာ။ သူ့နားတောင် မကပ်နိုင်သေးဘူး။ သူက ထပ်ပြီး အဆင့်တက်သွားပြန်ပြီ။ သူ အသက်ရှင်ဖို့ ငါ့ကို လိုချင်သေးရဲ့လား ”
သို့သော် ခဏအကြာတွင် သူမ မျက်ဝန်း၌ ဆုံးဖြတ်ချက်ပြတ်သားမှုများ ပေါ်လာသည်။
” ဟန့်။ ပိုသန်မာတော့ရော ဘာအရေးလဲ။ နင် ပိုသန်မာလေ ငါလည်း ပိုသန်မာလေပဲ။ နောင်ကြ နင့်ကို နည်းနည်းစီကျော်တက်သွားမယ်။ အစတုန်းက နှစ် ၃၀၀လောက် အစေခံ လုပ်မယ်လို့ ဆုံးဖြတ်ခဲ့တာပဲ။ အနှစ် ၃၀၀ကြာပြီးရင် အခြေအနေကို သေချာပေါက် ပြန်ပြောင်းပြီး မင်းကို အိမ်မွေးတိရစ္ဆာန်အဖြစ် ထားပစ်မယ် ”
ဧည့်ခန်းထဲတွင် ယဲ့ရှောင်သည် ရွှေရောင် သံချပ်ကာကို အမှန်တကယ် ပေါင်းစည်းနေ၏။ ရွှေရောင်သံချပ်ကာကို ပြီးပြည့်စုံသည့် အခြေအနေထိရောက်အောင် ကျင့်ကြံပြီးနောက် သူ ပြုလုပ်ရန် တစ်ခုတည်းသော အရာက မည်သည့်နည်းနဲ့မဆို စကားလုံးများကို ပေါင်းစည်းပေးရန် ဖြစ်သည်။
ဟွမ်လျိုလီ အပြင်တွင် သူမက စိတ်အနှောက်ယှက်ဖြစ်မှာကို စိုးရိမ်နေစေရာ မလိုပေ။ အခန်းထဲတွင် ယဲ့ရှောင်က ရွှေရောင်သံချပ်ကာကို ပေါင်းစည်းနေ၏။ ရွှေရောင်သံချပ်ကာကို ပြီးပြည့်စုံသည့် အခြေအနေထိရောက်အောင် လေ့ကျင့်ပြီးနောက် သူ ပထမဆုံး ပြုလုပ်သည့် အရာက စတင်ပေါင်းစည်းတာပဲဖြစ်သည်။ မည်သည့်နည်းနဲ့မဆို အပြင်ဘက်တွင် ဟွမ်လျိုလီ ရှိနေသည်။ ထို့ကြောင့် အနှောက်အယှက်များကို စိုးရိမ်နေစရာ မလိုချေ။
ရွှေရောင်သံချပ်ကာကို အသုံးပြု ပေါင်းစည်းပြီးနောက် ၄င်းက စတင်တောက်ပလာတော့၏။
ကျောက်တုံး။
ထပ်ပြီး။
လေး။
အဆုံးသတ်။
ရွေ့လျားခြင်း။
မီတာ။
ထို့နောက်။
ရှေး။
ထိုမတိုင်မီကကဲ့သို့ပင် ရွှေရောင်အက္ခရာက စာမျက်နှာတိုင်း၌ ပေါ်လာပြီး ပေါင်းစည်းပြီးနောက် ၄င်းသည် ထိပ်တန်းအဆင့် ကျင့်ကြံခြင်း နည်းစနစ်တစ်မျိုးကို ဖွဲ့တည်ပေးတော့သည်။
ဖျက်ဆီး၍ မရသော စိတ် နတ်ဘုရားသိုင်း။
အောင်မြင်ပြီ။
” တကယ်ကြီး ဖျက်ဆီးလို့ မရတဲ့ စိတ်နတ်ဘုရားသိုင်းပဲ။ အစွမ်းထက်လိုက်တာ ”
အပိုင်း ၈၇ ပြီး၏။