စာကြည့်တိုက် တာအိုသခင်
အပိုင်း ၈၅။ သရဲတစ်ကောင်ဖြစ်ဖို့အတွက် လူတစ်ယောက်မှာ ကြိုတင်သိမြင်မှု ရှိရမယ်။
” ဒါက ”
ယဲ့ရှောင်က တစ်ချက်ကြည့်လိုက်ရုံဖြင့် လက်ရှိ ဖာ့ကျန်းက လူမဟုတ်မှန်း ပြောနိုင်ပေသည်။ ထိုအစား သူ တစ်ကိုယ်တည်း မဟုတ်ပေ။ သူ၏ ခန္ဓာထဲ၌ ဝိညာဥ်စွမ်းအားနှစ်ခုသည် တိုက်ခိုက်နေကြသည်။ တစ်ခုက သူကိုယ်တိုင်ဖြစ်ပြီး နောက်တစ်ခုက မိစ္ဆာဝိညာဥ် ဖြစ်၏။
ဖာ့ကျန်းရဲ့ စိတ်အခြေအနေနှင့် အရင်တုန်းက သက်ရောက်ခံရတဲ့ အံ့သြစရာ မရှိဘူး။ သူ့ရဲ့ စိတ်က မိစ္ဆာဝိညာဥ် ကျူးကျော်တာ ခံနေရတာကိုး။
ထိုမိစ္ဆာဝိညာဥ်က သေချာပေါက် အားမနည်းပေ။ အနည်းဆုံးတော့ သူ့ကို ထိခိုက်စေရန်အတွက် ဖာ့ကျန်း၏ ကိုယ်ပိုင် ဝိညာဥ်နှင့် နီးကပ်ရပေမည်။
လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း ဖာ့ကျန်း၏ ခန္ဓာကိုယ်ကို ကျူးကျော်ခဲ့တာ မဟုတ်လောက်ပေ။ ထိုအစား ဖာ့ကျန်း၏ ခန္ဓာကိုယ်ထဲ ရှိနေတာ ကြာနေလောက်ပြီ ဖြစ်သည်။ သို့သော် ၄င်း၏ ခွန်အားက အတိတ်တုန်းက အလွန်အားနည်းနေပြီး ဖာ့ကျန်းကို မထိခိုက်စေခဲ့ပေ။ ယခု ၄င်းက ပိုမိုသန်မာလာ၏။
ညတာက ယင်ဓာတ်ကို ပိုင်ဆိုင်ပြီး ဖာ့ကျန်းကဲ့သို့ပင် ဖြစ်သည်။ သူက ဗုဒ္ဓ၏ ဝိညာဥ်ရေးရာ ကျင့်စဥ်များကို ကျင့်ကြံနေသည်။ ယင်းက ယန်ဓာတ် အလွန်ပြင်း၏။ ညအချိန်တွင် ဖိနှိပ့်ထားနိုင်သည်။
တစ်ဖက်တွင်မူ တစ်ဖက်သူက အရက်စက်ဆုံး ပုံစံဖြစ်နေ၏။ ညအချိန်တွင် သူ ပြသသော အာနိသင်က သာမန်ထက် ပိုတောင်သန်မာနေသည်။
ယင် နှင့် ယန် ကို အတူတကွ သဘာဝကျကျ ပေါင်းလိုက်လျှင် သူနှင့် ဖာ့ကျန်းကြား အကွာအဝေးကို တိုတောင်းစေ၏။
ယခုအချိန်တွင် ဖာ့ကျန်းက တစ်ဖက်သူကို ခုခံရန်အတွက် ရုန်းကန်နေရသည်။
တစ်ဖက်သူက ဖာ့ကျန်းကို အနိုင်ယူခဲ့လျှင် သူက ဖာ့ကျန်း၏ ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်သွားမည် ဖြစ်သည်။ တစ်ချိန်တည်းတွင် ဖာ့ကျန်းက ဖာ့ကျန်း မဟုတ်တော့ပဲ မိစ္ဆာနတ်ဆိုး ဖြစ်သွားပေလိမ့်မည်။
မဟာချီရှန်း ခွန်အားရှိသည့် မိစ္ဆာနတ်ဆိုး။ သူသာ အနားတွင် ရှိမနေခဲ့လျှင် ကျန်သည့်မြို့များမှ သိုင်းပညာရှင်များ ရောက်မလာခင် သူတစ်ယောက်တည်းအပြင် ကျန်းဟိုင်မြို့ထဲရှိ အသက်ပေါင်းသိန်းချီ၊ သန်းချီကိုတောင် ဖျက်ဆီးနိုင်သည်။ ယခုအချိန်တွင် ယဲ့ရှောင်က ယင်းက ကံဟူ၍သာ ရုတ်တရက် ယုံကြည်လာမိသည်။
ကောင်းကင်ဘုံက ဖာ့ကျန်းနှင့် လိုက်ပါရန် စီစဥ်ပေးခဲ့ခြင်းမှာ သူ့အသက်ကို ကယ်တင်ရန် အလို့ငှာ။ တစ်မြို့လုံးကို ကယ်တင်ရန်နှင့် ဤကပ်ဘေးမှ လွတ်မြောက်ရန် ကယ်တင်စေလိုသောကြောင့် ဖြစ်ဟန် တူသည်။
စာအုပ်ကို ဖြည်းဖြည်းချင်း ပိတ်လိုက်ပြီးနောက် ယဲ့ရှောင်က ဖာ့ကျန်း၏ မှတ်ဉာဏ်များကို စစ်ဆေးရန် ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုကို စတင်ရွတ်ဆိုလိုက်သည်။
ကျန်သည့်အချိန်တွင်သာဆိုလျှင် ဖာ့ကျန်းက ယဲ့ရှောင်၏ လှုပ်ရှားမှုများကို သေချာပေါက် သတိပြုမိလောက်မည်။ ဆိုရလျှင် သူက ရှန်းထျန်းပဥ္စမအဆင့် မဟာချီရှန်းတစ်ဦး ဖြစ်၏။ သူက ယဲ့ရှောင်ကို ရှာမတွေ့နိုင်သောကြောင့် ယဲ့ရှောင်ကို မခုခံနိုင်ဟု မဆိုလိုပေ။ ယခုအချိန်တွင် သူက ခန္ဓာကိုယ်ထဲရှိ မိစ္ဆာဝိညာဥ်ကို ဖြေရှင်းရန် အလုပ်များနေပြီး ယဲ့ရှောင်ကို အာရုံမစိုက်နိုင်ပေ။ မကြာမီ၌ ယဲ့ရှောင်သည် ရုပ်ရှင်တစ်ကား ကြည့်နေရသည့်ပမာ ခံစားလိုက်ရ၏။ ဖာ့ကျန်း၏ မှတ်ဉာဏ်ကို အမြန်ရှာဖွေလိုက်ရာ အကြာင်းအရင်းကို ရှာတွေ့သွားသည်။
ယင်းက ဖာ့ကျန်းသည် မဟာချီရှန်းတစ်ဦး ဖြစ်မလာခင် ရှောင်လင် သိုင်းကျောင်းတော်ထဲ ခြေချခဲ့ခြင်းမှ စတင်တာ ဖြစ်သည်။ လူငယ်ဘ၀က သူသည်လည်း ယခုလက်ရှိကဲ့သို့ပင် ကြင်နာတတ်၏။
ဆောင်းညလယ်တွင် သူက နောက်လိုက်တပည့်များနောက်လိုက်ပြီး တုတ်ရိုက်သိုင်းများကို လေ့ကျင့်ရန်အတွက် အဆောင်ဆီသို့ ပြန်လာသည်။
နှင်းတစ်လွှာကို ဖြတ်ကျော်သွားပြီးနောက် နှင်းတန်းရှိ အရိပ်မြွေတစ်ကောင်ကို ကယ်တင်ခဲ့၏။
နဂါး၊ ကျားနှင့် ဝံပုလွေအစစ် သွေးမျိုးဆက်ထဲတွင် အရိပ်မြွေက ကျားအစစ် သွေးမျိုးဆက်ဖြစ်ပြီး ကျားအစစ် သွေးမျိုးဆက်များထဲတွင် အဆုံးနဲ့မျှ တစ်မျိုးဖြစ်သည်။
ဖာ့ကျန်း ကယ်တင်ပေးခဲ့သည့် အရိပ်မြွေက ထူးကဲအဆင့်ထိရောက်အောင် ကျင့်ကြံထားပြီးသားဖြစ်သည်။ မဟာချီရှန်းအဆင့်သို့ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့၏။
တစ်စုံတစ်ယောက်ကြောင့် ဒဏ်ရာပြင်းပြင်းထန်ထန် ရနေပြီး လယ်ကွင်းထဲသို့ ထွက်ပြေးလာတာဖြစ်၏။ ပြီးနောက် ရေခဲနှင့် နှင်းများကြောင့် ခဲသွားတော့သည်။
ကြင်နာတတ်သည့် ဖာ့ကျန်းက ၄င်းကို ကယ်တင်ပြီး သူ၏ လက်ထဲတွင် ထားခဲ့ကာ ရေခဲများ အရည်ပျော်စေရန် ခန္ဓာအနွေးဓာတ်ကို အသုံးပြုခဲ့သည်။
အဆုံးတွင်မူ မြွေက ကြင်နာမှုကို မကျေမချမ်း ဖြစ်မှုနှင့် ပြန်ပေးဆပ်ခဲ့ပြီး ဖာ့ကျန်းကို ကိုက်ခဲ့၏။ လယ်သမားနှင့် မြွေတစ်ကောင်၏ လက်တွေ့ဗားရှင်းပင် ဖြစ်သည်။
အရိပ်မြွေ၏ သွေးမျိုးဆက်၌ ထူးခြားသည့် အရည်အသွေးရှိပြီး လတ်လတ်ဆတ်ဆတ်သွေးကို အသုံးပြုကာ ၄င်း၏ ဝိညာဥ်ကို တစ်ပါးသူ၏ ခန္ဓာထဲသို့ ရွှေ့ပြောင်းနိုင်၏။ ထို့အပြင် ပုန်းနေနိုင်ရန်အတွက် ပြီးပြည့်စုံသည်။
ရလဒ်အနေဖြင့် ၄င်းက ဖာ့ကျန်း၏ ခန္ဓာထဲ၌ နှစ်ပေါင်းများစွာ ပုန်းနေခဲ့သည်။ ဖာ့ကျန်းသည် နတ်ဆိုးများကို ယဥ်ပါးအောင်လုပ်ပြီး ကြယ်တာရာသားရဲများ၊ သားရဲလူသားများ၊ ရက်စက်သော သရဲ တစ္ဆေများကို သတ်ဖြတ်ပြီးနောက် သူက တစ်ဖက်သူ၏အတွေး ဒွိဟဖြစ်မှုကို တိတ်တဆိတ် စုပ်ယူနေခဲ့သည်။ ၄င်း၏ ဝိညာဥ်စွမ်းအားလည်း ဆက်လက်တိုးလာစေ၏။
ယခုအချိန်ထိ ၄င်း၏ ဝိညာဥ်စွမ်းအားက ရှန်းထျန်းပဥ္စအဆင့် မဟာချီရှန်းတစ်ဦးနဲ့ ယှဥ်နိုင်ရန်လုံလောက်နေပြီဖြစ်ရာ ဖာ့ကျန်းကို လွှမ်းမိုးလာနိုင်တော့သည်။
ဖာ့ကျန်းက ၄င်းကို မဖယ်ရှားနိုင်တော့ချေ။
ယဲ့ရှောင်က အားလုံးကို ကြည့်ပြီးနောက် ဖာ့ကျန်း သို့မဟုတ် အရိပ်မြွေက ထူးထူးဆန်းဆန်း စိတ်ကျေနပ်စွာ ရယ်မောလိုက်၏။
” ဟီး .. ဟီး .. ဟီး .. အနှစ် ၆၀ … အနှစ် ၆၀ရှိသွားပြီ။ နောက်ဆုံးတော့ ငါ အောင်မြင်ပြီ ”
ထိုရက်စက်ကြမ်းကြုတ်သော အသံက မိစ္ဆာအငွေ့အသက်ကို ထုတ်ဖော်လျက် လူအများကို တုန်ယင်စေသည်။
ညအချိန်တွင် ယင် ဓာတ် များလွန်းသော အခြေအနေအောက်တွင် အလွန်သိသာနေရာ ဖာ့ကျန်းက အဆုံးတွင်မူ အရိပ်မြွေကို အနိုင်မယူနိုင်ခဲ့ချေ။
ယခု သူ၏ ဝိညာဥ်ခန္ဓာက မြွေ၏ ဖိနှိပ့်ခြင်းကို ခံနေရပြီဖြစ်သည်။ အရိပ်မြွေက သူ့ခန္ဓာ၏ ထိန်းချုပ်ပိုင်ခွင့်ကို လုယူသွားသည်။
ဂျွတ် ဂျွတ်။
အရိပ်မြွေက ဇက်ချိုးလိုက်ပြီးနောက် အန်မတန် ကြောက်မက်ဖွယ် ကောင်းသည့်ထောင့်ကနေ ယဲ့ရှောင်ကို စိုက်ကြည့်လိုက်သည်။
” လူသား … မင်း ငါ ပြန်ရှင်သန်လာတာကို မင်းရဲ့ မျက်လုံးနဲ့ မျက်မြင်တွေ့ရတာ တကယ်ကံကောင်းတယ်။ မင်းကို ဆုချီးမြှင့်ဖို့အတွက် တစ်ခါတည်း တစ်ကိုက်တည်း စားပစ်မယ် ”
ထိုသို့ပြောပြီးနောက် လျှာကိုထုတ်ကာ နှုတ်ခမ်းကို လုပ်လိုက်၏။ သူက သားရေကျတာ မရပ်နိုင်တော့ပေ။
” ငါ လူသား မစားရတာ အနှစ် ၆၀ရှိသွားပြီ ”
ယဲ့ရှောင်၏ အမူအယာက တည်ငြိမ်နေလျက် သူ့ကို ထူးမခြားနား ကြည့်နေသည်။ ထိုအမူအယာက အရိပ်မြွေကို မျက်ခုံး ပင့်မိသွားစေ၏။
” လူသား မင်း ငါ့ကို မကြောက်ဘူးလား ”
ယဲ့ရှောင်က စကားမပြောသေးပင်။ ဟွမ်လျိုလီ၏ စိတ်မရှည်သင့် အသံက နောက်ကနေ ပေါ်ထွက်လာ၏။
” မင်း ပြောလို့ပြီပြီလား။ ဘာကြောင့် အိပ်နေသေးတာလဲ။ မနက်ဖြန်ကြရင် အလုပ်သွားရဦးမယ်လေ။ စည်းမျဥ်းစည်းကမ်းလေး မရှိဘူးလား ”
အရိပ်မြွေက ကြက်သေသေသွားကာ ချက်ချင်းပင် ပုံရိပ်ယောင် ကြောင်ဆီသို့ အကြည့်ကို ရွှေ့လိုက်၏။ ဟွမ်လျိုလီကို မြင်လိုက်သည့်အချိန်တွင် သူ၏ အမူအယာက ရုတ်တရက် တောင့်ခဲသွားကာ မတုံ့ပြန်နိုင်လုနီးပါး ဖြစ်သွားသည်။ ခဏအကြာ၌ စတင်အော်ဟစ်တော့၏။
” နဂါးအစစ် ကြယ်တာရာသားရဲ။ ပုံရိပ်ယောင် ကြောင်လား။ မင်းက နဂါးအစစ် ပုံရိပ်ယောင် ကြောင်တဲ့လား။ ဒီနေရာမှာ ဘယ်လိုလုပ် ပုံရိပ်ယောင် ကြောင်တစ်ကောင် ရှိနိုင်မှာလဲ။ ဒါ မဖြစ်နိုင်ဘူး ”
အသည်းခိုက်ဖွယ် နှစ်ကြိမ်ခန့် အော်ပြီးနောက် တစ်စုံတစ်ခုကို တွေးမိသွားပုံ ရကာ စတင်အော်ဟစ်လိုက်ပြန်၏။
” နေပါဦး။ မင်းရဲ့ အရှိန်အဝါကို ငါဘာကြောင့် အာရုံမခံမိတာလဲ။ မင်းရဲ့ ကိုယ်ပိုင်အရှိန်အဝါကို ပိတ်ဆို့ထားတာလား။ ပြီးတော့ မင်းက မဟာချီရှန်း နယ်ပယ်ရောက်အောင် ကျင့်ကြံပြီးသား ပုံရိပ်ယောင် ကြောင်လား ”
ဟိုလီရှစ်။
ဖာ့ကျန်း၏ ပင်မခန္ဓာက ပုံရိပ်ယောင်ကြောင်ကို မမှတ်မိတာ သဘာဝကျ၏။ အကြောင်းမှာ သူက သားရဲသခင် မဟုတ်။ သူ၏ ဝိညာဥ်စွမ်းအင်က လည်း ယဲ့ရှောင်ကို မကျော်လွန်နိုင်သောကြောင့် ဖြစ်သည်။
သို့သော် အရိပ်မြွေက သေချာပေါက် အမှားလုပ်မှာ မဟုတ်ပေ။ ကြယ်တာရာသားရဲကြားရှိ ခံစားချက်က လူတစ်ယောက်ထက် သာလွန်သောကြောင့် ဖြစ်သည်။
တစ်ချိန်တည်းတွင် အရေးကြီးသည့် အကြောင်းအရင်းလည်း ရှိ၏။ အရိပ်မြွေက ပုံရိပ်ယောင်ကြောင် နှစ်သက်သည့် စားစရာဖြစ်သည်။
ပုံရိပ်ယောင် ကြောင်က အရိပ်မြွေ၏ သဘာဝ ရန်သူဟု ဆိုနိုင်ပေသည်။ ထို့အပြင် ကျင့်ကြံခြင်းထက် သွေးကနေ ယူတာပဲဖြစ်သည်။
နှစ်ပေါင်းများစွာ ဖိနှိပ့်ခံရပြီးနောက် ပုံရိပ်ယောင် ကြောင်အပေါ် သူ၏ အကြောက်တရားက သူတို့၏ မျိုးစိပ်ထဲ၌ နက်ရှိုင်းစွာ စွဲထင်နေပြီးသားဖြစ်သည်။ ကံဆိုးသည်မှာ သူတို့ရှေ့၌ ပုံရိပ်ယောင် ကြောင်တစ်ကောင် ရှိနေသည်။
မဟုတ်ဘူး။ မဟုတ်ဘူး။ မဟုတ်ဘူး။
ပြဿနာ၏ သော့ချက်က ပုံရိပ်ယောင်ကြောင် ဖြစ်ပုံ မရပေ။ သူက တစ်ဖက်လှည့်ပြီး ယဲ့ရှောင်ကို ကြည့်လိုက်၏။ ပြီးနောက် ပုံရိပ်ယောင်ကြောင်ကို ကြည့်သည်။ ပြီးနောက် ယဲ့ရှောင်ကို ပြန်ကြည့်သည်။
လူသားနှင့် ပုံရိပ်ယောင် ကြောင်က ငြိမ်းချမ်းစွာယှဥ်တွဲနေထိုင်နေ၏။ ထပ်ကြည့်မိသောအခါ ပုံရိပ်ယောင်ကြောင်က ယဲ့ရှောင်၏ အိပ်ယာခြေရင်း၌ အိပ်နေတာပဲဖြစ်သည်။ ယင်းက ကျွန်တစ်ယောက်၏ လက္ခဏာဆိုတာ သိသာနေသည်။
သူ၏ အမြင်တွင် ငယ်ရွယ်ပြီး အတွေ့အကြုံ မရှိသည့် လူငယ်လေးက အနှီးဖြင့် ပတ်ထားသည့် ကလေးတစ်ဦးပမာ ဖြစ်နေလေသည်။ သူက ချီရှန်းအဆင့် ပုံရိပ်ယောင်ကြောင်ရဲ့ ပိုင်ရှင်လား။
ဒါဆို သူ ဘယ်လောက်သန်မာတာလဲ။
သောက်ခွပဲ။
ငါ ဒီနေ့ အပြင်ထွက်လာတုန်းက ပြက္ခဒိန် မကြည့်မိခဲ့တာလား။
ယခုအချိန်တွင် အရိပ်မြွေက ထိတ်လန့်ကြောက်ရွံ့နေ၏။ ယင်းက ရှုပ်ထွေးမှုကြီး ဖြစ်သည်။
” ပြေး ”
အပိုင်း ၈၅ ပြီး၏။