စာကြည့်တိုက် တာအိုသခင်
အပိုင်း ၈၄။ ဗုဒ္ဓလား၊ တစ္ဆေလား။
နောက်ရက်အနည်းငယ်အတွင်း ယဲ့ရှောင်က ရဟန်းအို ဖာ့ကျန်းကို လိုက်ပါပို့ဆောင်ပေးပြီး ကျန်းဟိုင်မြို့တစ်ဝိုက် လှည့်လည်သွားလာနေ၏။
ကျန်းဟိုင်မြို့၌ မြို့စောင့်တပ်ဖွဲ့ရှိပြီးသား ဖြစ်သော်ငြား မြို့စောင့်တပ်ဖွဲ့၌ တစ်ဖွဲ့လုံးက ဟို့ထျန်းနယ်ပယ် စစ်သည်တော်များသာ ရှိသည်။ သူတို့က ရှန်းထျန်းနယ်ပယ်တောင် မရောက်သေးချေ။ ထို့ကြောင့် သူတို့ထက် အနည်းငယ် ပိုသန်မာသော ကြယ်တာရာသားရဲများကို ရှာတွေ့နိုင်ရန်က ခက်ခဲနေသည်။
သို့သော် ပိုက်ကွန်ထဲမှ လွတ်သွားသော ငါးများက ရဟန်းအိုနှင့် တွေ့ပြီးသည်နောက် အသတ်ခံခဲ့ရသည်။ မည်သူမှ မလွတ်မြောက်ပေ။ အထူးသဖြင့် ညတိုင်းတွင် ဖြစ်ပေ၏။
ပုန်းနေသော ကြယ်တာရာသားရဲများ၊ အော့ခ်များ၊ သရဲ၊ တစ္ဆေများနှင့် အညိုးကြီး ဝိညာဥ်များက ညအချိန်တွင် ထွက်လေ့ရှိတာက ယုတ္တိရှိသည့် သဘောတရားဖြစ်သည်။
ဖာ့ကျန်းသည် တစ်ဆက်တည်း အငြိုးကြီး ဝိညာဥ်များအပါအဝင် ကြယ်တာရာသားရဲ အကောင် ၂၀မှ ၃၀ကို သတ်ဖြတ်ခဲ့၏။ ထို့အပြင် အားလုံးက ဟို့ထျန်းပဥ္စမအဆင့်နဲ့အထက် ခွန်အားရှိကြသည်။
ဤနည်းဖြင့် ကျန်းဟိုင်မြို့၏ အဓိက ခြိမ်းခြောက်မှု အားလုံးက ဖာ့ကျန်း၏ သုတ်သင်ရှင်းထုတ်ခြင်းကို ခံရလုနီးပါး ဖြစ်သွားသည်။
ဖာ့ကျန်းက ကြယ်တာရာသားရဲများကို သတ်လေ ယဲ့ရှောင်က သူ့ခန္ဓာကိုယ်အတွင်းရှိ အတွေးနတ်ဆိုးများက ပိုမိုသန်မာလာကြောင်း သဘောပေါက်လာသည်။
သူ၏ ငြိမ်းချမ်းသော မျက်ဝန်းများက ရံဖန်ရံခါ၌ သတ်ဖြတ်ခြင်းဆန္ဒ ခပ်ဖျော့ဖျော့ အရိပ်အယောင်များသာ ပေါ်လာလေ၏။
ဖာ့ကျန်းက မဟာချီရှန်းတစ်ဦးဖြစ်ပြီး သူ၏ စိတ်အခြေအနေက နက်ရှိုင်းသည်ဟု ဆိုနိုင်ပေသည်။ ကြယ်တာရာသားရဲ တစ်ဒါဇင်ကို သတ်ဖြတ်ခြင်းကြောင့် စိတ်အခြေအနေ ေနှာက်ယှက်ခံရဖို့က မဖြစ်နိုင်လုနီးပါးပင် ဖြစ်သည်။
ဖြစ်ရပ်နောက်ကွယ်၌ တစ်ခုခု ရှိတာ သေချာ၏။
စတုတ္ထမြောက် ညတွင် ယဲ့ရှောင်က ဆရာ ဖာ့ကျန်းကို ဆင်ခြင်ဖုံးအရပ်သို့ ခေါ်လာပြီးနောက် နောက်ထပ် ဟို့ထျန်းသတ္တမအဆင့် ကြယ်တာရာသားရဲတစ်ကောင်ကို သတ်ဖြတ်ခဲ့သည်။ ထိုအချိန်တွင် သန်းခေါင်ယံကျော်နေပြီဖြစ်၏။ ဖာ့ကျန်း၏ မျက်နှာက ပိုမိုဖြူလျော့လာတော့သည်။
ယဲ့ရှောင်က ဤအတိုင်း ဆက်သွားနေလျှင် ဖာ့ကျန်း ရူးသွားနိုင်သည်ဟု ခံစားမိသည်။ ထို့ကြောင့် အနား၌ တည်းခိုခန်းတစ်ခု ရှာပြီး သူ့ကို တစ်ညတာ အနားယူစေသည်။
ခမ်းမထဲသို့ လျှောက်လာချိန်တွင် တံခါး၌ စောင့်ကြပ်နေသည့် သူက မိတ်ကပ် မှောင်မှိုင်းမှိုင်း ခြယ်ထားပြီး ခန္ဓကိုယ်ပေါ်၌ ဆေးမင်ကြောင်များ ရှိသည့် မိန်းမငယ်လေးတစ်ဦး ဖြစ်သည်။ ဆောင်းဦးရောက်နေပြီ ဖြစ်သော်ငြား ညအချိန်တွင် အနည်းငယ် ထိုင်းမှိုင်းနေပေ၏။ သူမက ရေခဲမုန့်ကို လျှက်နေပြီး သူမ၏ အရည်အချင်းက ရုပ်ရှင်ထဲရှိ တက်ကြွသည့် ပညာရှင်အချို့နှင့် ယှဥ်နိုင်လောက်သည်။
” တစ်ညကို ဘယ်လောက်လဲ ”
တစ်ဖက်လူက သူတို့နှစ်ယောက်ကို တစ်ချက်ကြည့်ပြီး အေးအေးလူလူ ပြောလိုက်၏။
” တစ်ယောက်ဆို ၈၀၀။ နှစ်ယောက်အတွက် ၁၆၀၀။ အခန်းက အခမဲ့ ”
ယဲ့ရှောင်က ဆွံ့အသွားသည်။ ဖာ့ကျန်းက အတော်ဇဝေဇဝါ ဖြစ်သွား၏။
” မစ္စတာ ယဲ့ သူ ဘာကိုဆိုလိုတာလဲ ”
” ဒါက သူတို့ စီစဥ်ပေးတဲ့ ဝန်ဆောင်မှု တစ်ခုပါ။ သူတို့ ဧည့်သည်တွေရဲ့ ဝိညာဥ်ရေးရာ အားနည်းမှုကို စိန်ခေါ်နိုင်တယ်လို့ ဆိုလိုတာပဲ ”
ယဲ့ရှောင်က ရဟန်းအို နားလည်နိုင်ရန် နည်းလမ်းတစ်ခုကို ရှင်းပြဖို့ရာ အကောင်းဆုံး ကြိုးစားခဲ့သည်။ ဖာ့ကျန်းက အံ့သြသွားလေ၏။
” အံ့သြစရာ ကောင်းလိုက်တာ။ ဒီရဟန်းအိုက ဒီနေရာမှာ သိုင်းပညာရှင်တွေအတွက် ဝိညာဥ်အရံအတားလိုမျိုး အံ့သြဖို့ကောင်းတဲ့ အရာတစ်ခု ရှိနေလိမ့်မယ်လို့ တစ်ခါမှ မတွေးမိဘူး။ ဒါကိုသာ ဖောက်ထုတ်နိုင်ခဲ့မယ်ဆို လူတစ်ယောက်ရဲ့ စိတ်အခြေအနေ တိုးတက်သွားမှာ သေချာတယ် ”
” ထင်တဲ့အတိုင်းပဲ။ လူတွေကြားထဲမှာ သိုင်းပညာရှင်တွေ ရှိနေတာပဲ။ ဒီရဟန်းအိုက အနှစ် ၆၀ကျော် ကျင့်ကြံခဲ့ပြီး ရှောင်လင် ဝိညာဥ်ဗုဒ္ဓ
ကျင့်စဥ်တွေကိုလည်း ကျင့်ကြံခဲ့ဖူးတယ်။ ဒီရဟန်းအို ကြိုးစားကြည့်လို့ရနိုင်မလား ”
ယဲ့ရှောင်က အံ့သြဆွံ့အသွားလေ၏။ ထိုဘုန်းကြီးသည် သူ၏ စကားကို နားလည်လား နားမလည်လား သူ သေချာမသိတော့ပေ။ ရှုပ်ထွေး၍ နောက်ကြည့်ချင် ယောင်ဆောင်နေသည်လော။ သို့တည်းမဟုတ် အမှန်တကယ်ပဲ စိတ်ရှုပ်ထွေးနေသည်ဆိုတာ သူ မသိပေ။ ပွင့်ပွင့်လင်းလင်း မေးလိုက်လျှင်လည်း ကောင်းမှာ မဟုတ်ချေ။ ထို့
ကြောင့် အသက်ပြင်းပြင်း တစ်ချက်ရှူပြီးနောက် ယဲ့ရှောင်က လေးနက်တည်ကြည်သော အမူအယာဖြင့် ပြောလိုက်သည်။
” ဆရာကြီးအတွက် ကျွန်တော် အခန်းယူပေးမယ် ”
သူက လှည့်ထွက်သွားပြီး ရှေ့ခုံရှိ ဧည့်ကြိုမလေးကို ကြည့်ကာ ထပ်မေးလိုက်သည်။
” အုန်းပိုးလွှာ ရနိုင်မလား ”
တစ်ဖက်လူက ခေါင်းညိတ်၏။
” ရနိုင်တယ်။ ၁၆၀၀လား ၃၀၀၀လား။ ၃၀၀၀အတွက်ဆိုရင် ယွမ် ၁၀၀ ထပ်ပေးရမယ်။ ထပ်ပိုရင် ပေးစရာမလိုတော့ဘူး။ ပြောရရင် ရှင်တို့နှစ်ယောက်က ကျွန်မတို့ တည်းခိုဆောင်မှာ နေဖို့က မသင့်တော်ဘူး။ ရှင့်ရဲ့ ကုမ္မဏီက စျေးကွက် ကြီးကြပ်သူ။ ဒါမှမဟုတ် လုံခြုံရေးအဖွဲ့ ရှာတွေ့သွားရင် ကျွန်မတို့တွေက တာဝန်ယူရလိမ့်မယ် ”
အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ယဲ့ရှောင်က သူ၏ ဘဏ်ကတ်ကို ပေးလိုက်၏။
” အခန်းနှစ်ခန်းအတွက် ယွမ် ၃၀၀၀နဲ့ ဘောင်ချာတစ်ဆောင်။ ကျုပ်ရဲ့ အခန်းက သာမန်ဧည့်သည် အခန်းပဲ ”
” ကောင်းပါပြီ ”
တစ်ဖက်လူက ဘောင်ချာမြန်မြန်ရေးပြီး ယဲ့ရှောင်အား အခန်းကတ်နှစ်ကတ် ပေးလိုက်သည်။
” သာမန်ဧည့်သည်ခန်းဆိုရင် အိပ်ယာတစ်ခုပဲ ရှိမှာ။ တစ်ဖက်မှာတော့ နှစ်ယောက်အိပ်ခုတင်ပါမယ်။ ရှင်က နှစ်ယောက်အိပ်ခုတင်ကို သုံးပြီး အိပ်ယာတစ်လုံးတည်းပါတာကို ရှင်ရဲ့ မိတ်ဆွေအတွက် ပေးနိုင်တဲ့ အတွေ့အကြုံက ပိုကောင်းလိမ့်မယ် ”
” ကောင်းပါပြီ ”
ယဲ့ရှောင်က အခန်းကတ်ကို ယူပြီးနောက် ဖာ့ကျန်းကို အပေါ်ထပ်သို့ ခေါ်လာသည်။ နှစ်ယောက်သားက အခန်းအသီးသီးသို့ ဝင်သွားလိုက်၏။
ယဲ့ရှောင်က ဆေးကြောပြီးနောက် အိပ်ယာပေါ်တွင် လှဲကာ ခန္ဓာသန့်စင်ခြင်း ကျင့်စဥ်ကို ဆက်လက်ဖတ်ရှုနေသည်။ သို့သော် မကြာမီ၌ သူ၏ တံခါး ဘဲလ် မြည်လာတော့၏။
ယဲ့ရှောင်၏ စိတ်ကို ဖြန့်ထုတ်လိုက်၏။ ယင်းက ဖာ့ကျန်း ဖြစ်နေသည်။
တံခါးကို ဖွင့်လိုက်သောအခါ ဖာ့ကျန်း၏ ရင့်ရော်သော မျက်နှာက အနည်းငယ် နီနေလျက် တံခါးဝ၌ ရပ်နေသည်။ သူသည် အမှားပြုလုပ်မိသည့် ကလေးပမာ အတော်လေး စိတ်လွတ်နေပုံပေါ်၏။
” မစ္စတာ ယဲ့။ ဒီရဟန်းအိုက မင်းရဲ့ အခန်းမှာ တစ်ညနေလို့ ရမလား။ အဲ့ဒီအမျိုးသမီးက အထဲဝင်လာတာနဲ့ အဝတ်တွေကို ချွတ်လိုက်တာ။ သူက ကျွမ်းကျင်တယ်လို့ ပြောတာပဲ။ ပိုက်ဆံယူပြီးတော့ သူ တစ်ခုခု လုပ်ရမယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူ ဆန္ဒ မရှိဘူး ”
ယဲ့ရှောင်က အံ့သြဆွံ့အလေ၏။ ဤဘုန်းကြီးအိုသည် ဟန်ဆောင်နေတာ မဟုတ်ချေ။ သူက အမှန်တကယ် သန့်စင်လွန်းပေ၏။ ယဲ့ရှောင် အစောပိုင်းက ဆိုလိုတာကို သူ အမှန်တကယ် နားမလည်ပေ။
” ဝင်လာခဲ့ ”
သူ့စိတ်ထဲ မထားပေ။ ဆိုရလျှင် သူ၏ အခန်း၌ ခုတင်နှစ်လုံးပါ၏။ သူတို့နှစ်ယောက် အိပ်ယာတစ်ခုတည်း အိပ်တာ မဟုတ်ပေ။
” ကျေးဇူးပါပဲ ”
ဖာ့ကျန်းသည် နောက်ဆုံးတွင် အသက်ကယ်နိုင်
သည့် ကောက်ရိုးတစ်မျှင်ကို ဖမ်းဆုပ်မိသည့်ပမာ ယဲ့ရှောင်၏ အခန်းထဲ အမြန်ဝင်လိုက်၏။
အထဲသို့ ဝင်ပြီးနောက် သူက သက်ပြင်းချလိုက်ကာ ………ဟု ပြောလိုက်သည်။ ဒီတော့မှ သူ၏ အမူအယာသည် ဖြည်ဖြည်းချင်း သာမန်အတိုင်း ပြန်ဖြစ်သွား၏။
” မစ္စတာ ယဲ့ ။ ငါ မင်းကို အရူးလုပ်လိုက်မိတာပဲ ”
ယဲ့ရှောင်က ခေါင်းခါလိုက်၏။
” ကျွန်တော် နားမလည်ဘူး ”
” မဟုတ်ဘူး။ မင်းက ဒါကို ဝေဝါးဝါး ထောက်ပြခဲ့တယ်။ ဒီနုံခြာတဲ့ ဘုန်းကြီးက တုံးအလွန်းပြီး ဒါကို သဘောမပေါက်ခဲ့ရုံပဲ။ အဆုံးမှာတော့ ကိုယ်တိုင်အရူးဖြစ်သွားရောလေ ”
ပြီးနောက် သူက ယဲ့ရှောင်၏ စာအုပ်ဘေးရှိ စာအုပ်ကိုကြည့်ပြီး တအံ့တသြဖြင့် ပြောလိုက်မိတော့သည်။
” အန်း ဒါက ခန္ဓာသန့်စင်ခြင်း ကျင့်စဥ်လား ”
ယဲ့ရှောင်က ခေါင်းညိတ်လိုက်၏။
” မစ္စတာ ယဲ့က ဒီလောက်ထိ စိတ်အားထက်သန်ပြီး သင်ယူဖို့ လုံ့လရှိလိမ့်မယ်လို့ မထင်ထားဘူး။ ညလယ်ခေါင်ကြီးမှာတောင် ခန္ဓာသန့်စင်ခြင်း ကျင့်စဥ်တွေကို ဖတ်နေသေးတာပဲ။ အံ့ဖွယ်ဝိညာဥ်နှိုးထနိုင်မယ်ဆိုရင် မင်းရဲ့ အနာဂတ်က အကန့်အသတ်မဲ့ပြီး မစ္စတာ ယဲ့ရဲ့ စိတ်နေသဘောထားက ဒီရက်တွေမှာ အင်မတန် ကောင်းတာကိုး။ ကိုယ်တော် လေ့လာမိတယ်။ အထူးသဖြင့် ဗုဒ္ဓကျင့်စဥ်တွေကို ကျင့်ကြံဖို့ သင့်တော်တာ။ မစ္စတာ ယဲ့က ဗုဒ္ဓနဲ့ ရေစက်ပါတဲ့သူ ဖြစ်နိုင်တယ် ”
” ရှောင်လင် သိုင်းကျောင်းတော်ကို ဝင်ပါလား။ မစ္စတာ ယဲ့ ဝိညာဥ် သိပ်သည်းနိုင်ဖို့အတွက် ကိုယ်တော်က ဝိညာဥ် သိပ်သည်းခြင်း ဆေးလုံးအတွက် တိုက်ခိုက်ပေးနိုင်ပါတယ် ”
ဝိညာဥ် သိပ်သည်းခြင်း ဆေးလုံးသည် ဝိညာဥ်ကို သိပ်သည်းစေနိုင်သည့် စွမ်းရည်ရှိသည့် တစ်ခုတည်းသော ဆေးလုံးဖြစ်သည်။ သို့သော် ၄င်းကို သန့်စင်ရန်အတွက် ကုန်ကြမ်းများစွာ လိုအပ်ပြီး အဓိကဂိုဏ်းမှ ကြယ်တာရာသားရဲတစ်ကောင်၏ ဝိညာဥ်လိုအပ်သည်။ ထုတ်လုပ်ခြင်းကလည်း အင်မတန် ရှာပါးလွန်းလှရာ စျေးကွက်ထဲတွင် မရှိပေ။ ပုံမှန်ဆို အလွန်ကြီးမားသည့် ကျောင်းတော်များနှင့် ရှေ့တန်းတွင်သာ ရနိုင်၏။ ယင်းက အင်မတန် တန်ဖိုးရလွန်းလှသည်။
သို့သော် ယဲ့ရှောင်က ခေါင်းခါလိုက်လေ၏။
” ဆရာကြီးရဲ့ ကြင်နာတဲ့ ရည်ရွယ်ချက်အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျန်းဟိုင်မြို့မှာ နေသားကျနေပြီ။ အချိန်အတိုင်းအတာတစ်ခုထိ ထွက်သွားဖို့ ဆန္ဒ မရှိဘူး ”
ဖာ့ကျန်းက သက်ပြင်းသဲ့သဲ့ ချပြီးနောက် အနည်းငယ် စိတ်ပျက်သလို ခံစားရသည်။
” ကောင်းပြီလေ။ နှမြောစရာပဲ ဒါပေမဲ့ စိတ်ပြောင်းသွားမယ်ဆိုရင် ရှောင်လင်ကို လာပြီး အချိန်မရွေး ကိုယ်တော့်ကို လာရှာလို့ရတယ် ”
ယဲ့ရှောင်က ခေါင်းညိတ်ပြီးနောက် စာဆက်ဖတ်လိုက်သည်။
ထိုစဥ် ရဟန်းအို ဖာ့ကျန်းကလည်း တင်ပလ္လင်ခွေချိတ် ထိုင်ပြီး တရားထိုင်ကာ တရား၊ ဓမ္မများကို ရွတ်ဖတ်နေလေ၏။
ဓမ္မများကို ရွတ်ဖတ်ချိန်၌ ခန္ဓာကိုယ်မှ ရွှေရောင်အလင်းဖြာထွက်နေသည်။ သူ့ခန္ဓာကိုယ်၏ မိစ္ဆာအငွေ့အသက်များကို ဖယ်ရှားပေးနေသည်။
အခန်းငယ်လေးထဲတွင် ယဲ့ရှောင်က တစ်ဖက်ခြမ်း၌ စာအုပ်ဖတ်နေ၏။ ဖာ့ကျန်းကမူ တင်ပလ္လင်ခွေချိတ်ထိုင်လျက် နှုတ်တော်များကို ရွတ်ဆိုနေလေသည်။ အိမ်ယာဘေးရှိ မီးအိမ်ကလည်း နွေးထွေးပြီး အဝါရောင်ဖြစ်သည်။ အလွန်ငြိမ်းချမ်းသည့် မြင်ကွင်းဖြစ်၏။
ထိုမြင်ကွင်းက နှစ်နာရီအပြည့် ခံခဲ့သည်။ လေးနာရီကြာပြီး ည၏ ဒုတိယအပိုင်းချိန်၌ မှောင်မည်းနေသော တိမ်တိုက်က လရောင်ကို လွှမ်းသွားတော့သည်။
တည်းခိုဆောင် အပြင်ဘက်၌ ကျောစိမ့်ဖွယ် လေက ရုတ်တရက် ပေါ်လာတော့သည်။ ယဲ့ရှောင်က မျက်ခုံး အနည်းငယ် ပင့်လိုက်၏။ သို့သော် အပြင်ဘက်ကို မကြည့်ပေ။ ထိုအစား တင်ပလ္လင်ခွေချိတ်ထားလျက် နှုတ်ကပတ်တော်များကို ရွတ်ဖတ်နေသော ဖာ့ကျန်းကို ကြည့်လိုက်သည်။
အပြင်ဘက်ရှိ လေသည် ပတ်ဝန်ကျင် ယင်ဓာတ်ဖြင့် ဆွဲယူခံလိုက်ရပြီး ဖာ့ကျန်း၏ ခန္ဓာကိုယ်ထဲမှ သံလိုက်စက်ကွင်းထဲ ပြောင်းလဲမှု တစ်ခု အမှန်တကယ် ပေါ်ထွက်လာ၏။
ယခုအချိန်တွင် သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ဗုဒ္ဓရောင်ခြည်က ဖြည်းဖြည်းချင်း ပေါ်လာလေ၏။ ထို့အပြင် ရံဖန်ရံခါ၌ နောက်ထပ် မှုန်မှိုင်းမှိုင်း အရှိန်အဝါ ပေါ်လာတော့သည်။
အပိုင်း ၈၄ ပြီး၏။