Switch Mode

Chapter – 1

ကြယ်စင်များ၏ အောက်မှ ကြေးနီရောင် ခေါင်းတလား

Chapter – 1 ကြယ်စင်များ၏ အောက်မှ ကြေးနီရောင် ခေါင်းတလား

သက်တမ်းသည် စကြာဝဠာကြီး၏ အံ့အားသင့်စရာ အကောင်းဆုံးအချက်ဖြစ်သည်။
” ယွီ “ဆိုသည်မှာ တရုတ်တွင် ဦးတည်ရာဘက်ကို ရည်ညွန်းပြီး ထိတွေ့ကိုင်တွယ်၍ရသော ရုပ်ဝတ္ထုပစ္စည်းတစ်ခုမဟုတ်ပဲ အစစ်အမှန်ပေါ် မှီခိုထားခြင်း ဖြစ်သည်။
” ကျိုး ” ကမူ အချိန်ကို ရည်ညွန်းကာ နှစ်ဘီလီယံနှင့် ချီအောင်တည်ရှိခဲ့သော အရာတစ်ခုလည်းဖြစ်သည်။ သို့သော် တိကျသော အဆုံးသတ် မရှိချေ။
မရေမတွက်နိုင်အောင် ကျယ်ပြန့်သော စကြာဝဠာကြီးထဲတွင် သက်ရှိများ ရှင်သန်နေထိုင်သော ဂြိုလ်ဆိုသည်မှာ မြေကမ္ဘာဂြိုလ်တစ်ခုထဲသာ ရှိလောက်သည်ဟု သိပ္ပံပညာရှင်များက သုံးသပ်ထားကြသည်။ ယခု အခြေအနေထိ သက်ရှိများ နေထိုင်နိုင်ရန် အဆင်ပြေ သင့်လျော်သော အခြားသောဂြိုလ်များကို ရှာမတွေ့သေးသည့်အတွက်လည်း လူသားများက အထီးကျန်နေရသည်။
မည်သို့ပင်ဆိုစေ စကြာဝဠာကြီးတစ်ခုလုံးတွင် ထရီလီယံနှင့်ချီသော ကြယ်စင်များသာရှိသည်ဟု အားလုံးက သိထားကြသည်။ သို့သော် အာကာသ အပြင်ဘက်သို့ ရှာဖွေစူစမ်းလေ့လာခြင်းကို တစ်ခါမှ လက်မလျှော့ခဲ့ပေ။ နှစ်ဆယ်ရာစုကတည်းက စကြာဝဠာထဲသို့ စူးစမ်းရှာဖွေသူများစွာကို စေလွှတ်ခဲ့၏။
၁၉၇၀ ခုနှစ်တွင် ဗိုရာဂါ နှစ် အာကာသယာဉ်ကို စကြာဝဠာကြီးထဲသို့စေလွှတ်ခဲဲဲ့ပြီး ဆိုလာစနစ်၏ အစွန်အဖျား အဆုံးသတ်ပိုင်းကို ရှာဖွေရန်တာဝန်နဲ့အတူ ထွက်ခွာသွားရသည်။ ကိတ်ကာနာဗာဝယ်မှ ကန်နယ်ဒီ အာကာသစင်တာက စကြာဝဠာကြီးကိုနှုတ်ဆက်ခြင်း အမည်ရသော ရွှေပန့် အယ်ဘမ်ကိုသယ်ဆောင်လျက် စေလွှတ်ခဲ့ခြင်းလည်းဖြစ်သည်။
ထိုအယ်ဘမ်ထဲတွင် မြေကမ္ဘာ၏၅၅မျိုးသော ဘာသာစကားဖြင့်အသံသွင်းထားသော နှုတ်ဆက်ခြင်းစကားများပါသည့် ပေါ့(ပ်) သီချင်းများစွာပါရှိသည်။ တစ်ရက်တွင် ဂြိုလ်သားများနှင့် ကြားဖြတ်တွေ့ဆုံခြင်း၊ လက်ခံကြိုဆိုခံရခြင်းတို့ကို မျှော်လင့်ပြီး ရေးသားထားခြင်း ဖြစ်သည်။
၁၉၇၀ ခုနှစ်ကတည်းက ဗိုရာဂါ နှစ် အာကာသယာဉ်က နှစ်ပေါင်းလေးဆယ်ကြာအောင် အထီးကျန်သောခရီးတာကို ကျော်ဖြတ်ခဲ့ရသည်။ အဆုံးအစမဲ့သော စကြာဝဠာကြီးနှင့်နှိုင်းယှဉ်သော် ကမ်းစပ်မှ သဲတစ်မှုန်စာမျှသာ ထင်ရသည်။ ၁၉၇၀ ခုနှစ်တွင် စေလွှတ်ခဲ့သော အာကာသယာဉ်ပေါင်းများစွာရှိသော်လည်း အများစုက ပြတ်ကျသွားခဲ့ခြင်း သို့မဟုတ် အခြေစိုက်စခန်းနှင့် အဆက်အသွယ်ပြတ်သွားခြင်းတို့ ဖြစ်သွားခဲ့သည်။
ထိုသို့ဖြင့် ပျင်းရိစရာကောင်းသော စကြာဝဠာကြီးထဲတွင် ထာဝရပျောက်ကွယ်သွားကြသည်။ အဆင့်မြင့်နည်းပညာ၏ အကူအညီဖြင့် သိပ္ပံပညာရှင်များက ယခုအခါ အာကာသယာဉ်အသစ်များကို တီထွင်တည်ဆောက်လာနိုင်ကြပြီး ဖြစ်သည်။ မဝေးတော့သောအနာဂတ်တွင် စကြာဝဠာကြီးအနှံ့ ရှာဖွေစူးစမ်းလေ့လာမှုတွင် တိုးတက်အောင်မြင်မှုများ ရရှိနိုင်ပေလိမ့်မည်။
သို့ရာတွင် ၂၀၁၀ခုနှစ်တွင် မြေကမ္ဘာနှင့် မီတာ ၁၄ ဘီလီယံမျှ ကွာဝေးနေသော ဗိုရာဂါ နှစ်ကို အသစ် တီထွင်တည်ဆောက်ထားခဲ့သော အာကာသယာဉ်များက မယှဉ်နိုင်ခဲ့ချေ။ လက်ရှိအချိန်တွင် ထိုယာဉ်က တတိယအာကာသကြီးထဲတွင် သုံးပုံတစ်ပုံခန့်အထိ မြန်ဆန်သော အလျင်နှုန်းဖြင့် လှည့်ပတ်သွားလာနေခဲ့ခြင်းဖြစ်သည်။
အချို့သောနည်းလမ်းများတွင် အရှိန်နှုန်းခြင်း ယှဉ်သော် ဗိုရာဂါ နှစ်က ကြယ်သင်္ဘောတမျှမြန်ဆန်လေသည်။ သို့ပါသော်လည်း အရှိန်နှုန်း မြင့်လိုက်သောအခါ မူလဂြိုလ်ပတ်လမ်းကြောင်းကိုပြောင်းလဲသွားစေခဲ့သောကြောင့် ဗိုရာဂါ နှစ်က ဆိုလာစနစ်ထံသို့ ပြန်မလှည့်နိုင်ခဲ့ချေ။
အေးစက်ကာ မဲမှောင်နေသော စကြာဝဠာကြီး၏ ဒီအစွန်ဆုံးအောက်ဖက်ပိုင်းတွင် ဘီလီယံနှင့်ချီအောင်များပြားသော ကြယ်စင်များက မှိတ်တုတ်မှိတ်တုတ် လင်းလက်နေသည်မှာ အနက်ရောင်ဖန်သားပြင်ကို အလှဆင်ထားသော တောက်ပသည့်စိန်တုံးများနှင့်တူသည်။ ဗိုရာဂါ နှစ် အာကာသပြင်ကမူ ကမ္ဘာမြေပေါ်တွင် တွားသွားနေသော သေးငယ်သည့် ပုရွက်ဆိတ်ငယ် တစ်ကောင်အလား ရှိနေသည်။ သူ၏အရှိန်နှုန်ုးက မြန်ဆန်သော်လည်း ထိုမျှသာရောက်နိုင်သည်။
မျှော်လင့်မထားစွာပင်၂၀၁၀ မေ ၂၂ရက်နေ့တွင် ဓာတ်ပုံတစ်ပုံကို ဖမ်းရိုက်ကူးနိုင်ခဲ့ပြီး ဒေတာအတွဲလိုက် ပြန်ပို့ပေးနိင်ခဲ့သည်။ ရောက်ရှိလာသော ထိုဒေတာအတွဲကို နာဆာက လက်ခံရယူခဲ့သည်။ သိပ္ပံပညာရှင်များက အကြမ်းဖျဉ်း ပုံဖော်ဘာသာပြန်ခဲ့ကြပြီးနောက်ဆုံးတွင် မူလ သတင်းအချက်အလက်အဖြစ်ပြောင်းလဲနိုင်ခဲ့ကြသည်။
နောက်ဆုံးတွင် ဓာတ်ပုံက ပေါ်လာသည်။
နောက်ဆုံးတွင် ဓာတ်ပုံဖော်ပြခဲ့သော အချက်က တိတ်ဆိတ်ငြိမ်သက်နေသော စကြာဝဠာကြီးထဲတွင် ကြီးမားသောအလောင်းကိုးလောင်းက ပြီးပြည့်စုံစွာ ပြားကပ်သောသဏ္ဏန်မျိုးဖြင့် ငြိမ်သက်စွာရှိနေသည်ဆိုသောအဓိပ္ပာယ်ဖြစ်သည်။
ထိုအခိုက် အဓိက စောင့်ကြည့်ခန်းထဲမှ နာဆာ ဝန်ထမ်းတိုင်းက အလွန်ပင် အံ့ဩကုန်ကြသည်။ အကြောင်းမူကား ထိုပုံကပင် မယုံနိုင်စရာကောင်းလွန်းသောကြောင့်ဖြစ်သည်။ သူတို့အနေဖြင့် သူတို့မြင်လိုက်ရသော အရာကို နားလည်အောင် အချိန်အတော်ကြာယူလိုက်ရသည်။ ထို့နောက် ရုတ်တရက် စတင်ကာအော်ဟစ်ကြတော့သည်။
“ ဘုရားရေ …။ ငါ အခု ဘာကို မြင်လိုက်ရတာလဲ …။ ”
“ဘယ်လိုဖြစ်နိုင်မှာလဲ …။ တကယ်ကို မယုံနိုင်စရာပဲ …။ ”
မူလလမ်းကြောင်းကို ပျောက်ဆုံးသွားသောကြောင့် ဗိုရာဂါ နှစ်က တစ်ဖြောင့်တည်းသာ ဆက်၍ ပျံသန်းနိုင်တော့သည်။ ထိုပုံကို ပြန်ပို့ပေးပြီးနောက် သူက အမှောင်ထု စကြာဝဠာအတွင်းသို့ ဆက်လက်တိုးဝင်ပြီး ခရီးကို ဆက်သွားခဲ့သည်။
သို့ရာတွင် သူတို့လုပ်နိုင်သော အခြားအရာများလည်း မရှိနေပြန်ပေ။ အကြောင်းမူကား ထိုအလောင်းများရှိနေသော ထိုစကြာဝဠာကြီးက ကမ္ဘာမြေနှင့် အလွန့်အလွန်ဝေးကွာ လွန်းနေသောကြောင့်ဖြစ်ပြီး ဗိုရာဂါ နှစ်က ထိုသို့ မှင်သက်ဖွယ် ဓာတ်ပုံကို လူသားများအတွက် ဖမ်းယူပေးနိုင်ခဲ့ခြင်းကပင် အံ့ဩစရာဖြစ်နေသည်။
ယင်းသတင်းကို အများပြည်သူကို မထုတ်ပြန်ခဲ့ချေ။ သိပ်မကြာခင်အခြေအနေမှာ ဗိုရာဂါ နှစ် ကလည်း ချို့ယွင်းမှုကြောင့် နာဆာနှင့် အဆက်သွယ်ပြတ်သွားသည်။ ၄င်းက ထိုကိစ္စ၏အဆုံးသတ်ဟု ထင်ရ၏။ သို့သော် ဖိတ်စာများက လူတိုင်း၏ မျှော်လင့်ထားသမျှကို ကျော်လွန်သွားပြန်သည်။
ယေဘုယျကျကျပြောရသော် အာကာသဆိုင်ရာ ဌာနချုပ်များ၏ တည်ရှိမှု အားသာချက်က ကြယ်စင်များကို စူးစမ်းလေ့လာစောင့်ကြည့်နေနိုင်ရုံသာမကပဲ ဇီဝဗေဒဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ သုတေသနလုပ်မှုများကိုလည်း တောတွေးမှု ရရှိစေနိုင်ခြင်း ဖြစ်သည်။ ၁၉၇၁ ခုနှစ်တွင် ဆိုဗီယက် အဖွဲ့အစည်းက စတင်တည်ထောင်ပြီးကတည်းက အာကာသဌာနချုပ် ကိုးခုရှိခဲ့သည်။
၂၀၁၀ ဇွန် ၁၁ တွင် မော်နီတာတွင် မြင်လိုက်ရသောအရာကြောင့် အာကာသ ဌာန အများစုက ထိတ်လန့် သွားခဲ့ရသည်။ အံ့အားသင့်စရာကောင်းစွာပင် သူတို့၏ မျက်လုံးက ပြူးထွက်ကုန်သည်။ အကြောင်းမူကား ထိုအလောင်းကြီးများ၏ တည်ရှိမှုကို သိပ္ပံပညာရှင်များက ယခင်ကတည်းက ဖုံးကွယ်ထားသောကြောင့် ဖြစ်သည်။ သို့သော် ထိုအခိုက်တွင်မူ အားလုံးမှာ သူတို့ မြင်လိုက်ရသော မယုံနိုင်စရာ ဖြစ်ရပ်ကြောင့် မှင်သက်အံ့ဩမှုကြီးကို ရင်ဆိုင်လိုက်ရသည်။
စကြာဝဠာမွေးဖွားချိန်ကတည်းက ထိုနေရာတွင်တည်ရှိနေသည်ဟု ထင်ရသော အလွန်အမင်း ကြီးမားသည့်အလောင်းကိုးခုက ထိုအာကာသဆိုင်ရာ ဌာနချုပ်၏ အပြင်ဘက်တွင် ငြိမ်သက်စွာဖြင့် တည်ရှိနေခြင်းဖြစ်သည်။ တိတိကျကျဆိုရသော် မဲမှောင်စွာအေးခဲနေသည့် စကြာဝဠာကြီးထဲတွင် လွှင့်မြောနေသည့် နဂါးအလောင်းကိုးခုရှိနေပြီး သီးသန့်ဆန်ကာ ကွဲထွက်နေသော ခံစားချက်မျိုးကို ပေးစွမ်းနေခြင်းဖြစ်သည်။
သူတို့က ရှေးခေတ် တရုတ် နတ်သမိုင်းများထဲတွင် ပါဝင်သောနဂါးများနှင့် တထေရာထဲတူနေသည့် နဂါးအစစ်အမှန် အနွယ်များဖြစ်နေသည်။ သူတို့၏ အရှည်က မီတာ၁၀၀ အထိ ရောက်သည်။ သူတို့၏ ခန္ဓာကိုယ်က သံမဏိဖြင့်တည်ဆောက်ထားသည်ဟု ထင်ရလောက်ပြီး အားအင်အပြည့်ရှိနေသည်။
လက်သည်းငါးခုရှိသည့် နဂါးနက်ကြီးများ ဖြစ်နေကြသည်။ သူတို့၏ ဖောက်ထွင်းမြင်ရမတတ် ကြီးမားနေသော ဉီးချိုကမူ တလဲ့လဲ့ တောက်ပပြီး ခရမ်းရောင်ဖြစ်ကာ အရေပြားများက မဲတူးနေပြီး တဖြတ်ဖြတ်လဲ့နေသောအကြေးခွံများဖြင့် ဖုံးလွှမ်းနေသည်။
နဂါးဟာ ဒဏ္ဏာရီထဲတွင် လျှို့ဝှက်ဆန်းကြယ်သော သားရဲတစ်ကောင်ဖြစ်လေရာ သဘာဝအလျောက်တည်ရှိနေခြင်းမျိုးလည်း မဟုတ်ချေ။ ခေတ်သစ်လောကထဲ ထိုသို့သော နဂါးများ၏ တည်ရှိမှုကို မည်သူကမှ မယုံကြည်နိုင်ကြချေ။ ထို့အပြင် သူတို့ကမြင်လိုက်ရသော အံ့အားသင့်စရာကောင်းသည့် ထိုနဂါးကြီးများကိုလည်း မယုံကြည်နိုင်ခဲ့ကြချေ။
ထိုနဂါးအလောင်းကိုးခုထဲတွင် ပါဝင်နေသည့် ကြောက်စရာကောင်းသည့်အင်အားကို သူတို့က ခံစားမိနိုင်သည်။ ထိုစွမ်းအင်များက ဖျက်စီးရန် ခက်ခဲသော သံမဏိ မဟာမြို့ရိုးကြီးနှင့်ပင် တူညီနေသေးသည်။ ကံကောင်းစွာပဲ ထိုနဂါးများက သေနေခဲ့ကြပြီး သူတို့၏ ကိုယ်တွင်းရှိ စွမ်းအားများကို ဆုံးရှုံးသွားလေခဲ့ရာ အာကာသတွင် တိတ်တဆိတ် လွှင့်မျှောနေခဲ့ခြင်းလည်း ဖြစ်သည်။
“ဘုရားရေ …။ ဒါက ဘာလဲ …။ ”
သူတို့၏မျက်လုံးက တစ်ဖန် လျင်မြန်စွာ ပြူးကျယ်သွားပြန်သည်။ အကြောင်းမူကား ဖန်သားပြင်မှတစ်ဆင့် နောက်ထပ် အံ့အားသင့်ဖွယ်ကောင်းသောမြင်ကွင်းကို မြင်လိုက်ရ၍ ဖြစ်သည်။
ထိုအလောင်းများအားလုံး၏ အမြီးကို အနက်ရောင်သံမဏိချိန်းကြိုးတို့ဖြင့် ချည်နှောင်ထားသည်။
တုတ်ခိုင်ကာ ကြီးမားသော ချိန်းကြိုးကြီးများက အလွန်အမင်း ခိုင်မာသော တစ်စုံတစ်ရာဖြင့် ဖန်တီးထားခြင်းမျိုး ဖြစ်နိုင်၏။ ၄င်းက ထိုင်းမှိုင်းသောအရောင်ရှိနေသည့်တိုင်အောင် တစ်ခါတစ်ရံတွင် လင်းလက်နေသလို ခံစားရစေပြန်သည်။ ချိန်းကြိုး၏အဆုံးတစ်ဖက်တွင်မူ မီတာ၂၀ကျော်ခန့်ရှည်သည့် ကြေးနီရောင် ခေါင်းတလားကို ချည်နှောင်ထားသည်။
ထိုကြေးနီရောင် ခေါင်းတလားက ရှေးကျပြီး ကြီးမားစွာ မြင်ရသည့် သင်္ကေတများဖြင့် အလှဆင်ထားသည်။ ထို့ကြောင့် စကြာဝဠာကြီးထဲတွင် လွှင့်မျှောနေခဲ့သည်မှာ မည်မျှပင် ကြာပြီဖြစ်ကြောင်း ခန့်မှန်းကြည့်ရန် ခက်ခဲစေလေသည်။
နဂါးအလောင်းကိုးခုနှင့် ကြေးနီရောင် ခေါင်းတလားကို တုတ်ခိုင်သော သံမဏိ ချိန်းကြိုးဖြင့် ဆက်စပ်ထားခြင်းကလည်း လူများကို အလွန်အမင်း အံ့အားသင့်သော ခံစားချက်မျိုးကို ပေးစွမ်းနေနှင့်ပြီး ဖြစ်သည်။ ထိုအာကာသယာဉ်မှူးများက ဆိတ်ငြိမ်သွားသည်နှင့်အပြေးအလွှားပင် အခြေစိုက်စခန်းကို ဗွီဒီယိုကော(လ်) ခေါ်ကြတော့သည်။
“ အာကာသ ဌာနချုပ်ကနေ အခြေစိုက်စခန်း…အာကာသ ဌာနချုပ်ကနေ အခြေစိုက်စခန်း …။ ”

အပိုင်း ( ၁ ) ပြီး၏။

PS. အောက်က ပုံပါ ဗိုရာဂါ ၂ ကတော့ ကျနော်တို့ နေ အဖွဲ့အစည်းရဲ့ ဆိုလာ စစ်စတန်ကနေ ကျော်လွန်ပြီး အဆုံးအစမဲ့ စကြာဝဠာထဲ မျှောပါသွားပါပြီ။ သူက ဘယ်တော့မှ ကျနော်တို့ဆီ ပြန်မလာတော့မဲ့ ငယ်ချစ်ဦးလိုပါပဲ။

Comment

Leave a Reply

Options

not work with dark mode
Reset