Switch Mode

Chapter – 83

သိုင်းဆန္ဒ အဆင့်မြင့်တက်ခြင်း။ ရှန်းထျန်း ဆဌမအဆင့်ရောက်အောင် အာမခံခြင်း။

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၈၃။ သိုင်းဆန္ဒ အဆင့်မြင့်တက်ခြင်း။ ရှန်းထျန်း ဆဌမအဆင့်ရောက်အောင် အာမခံခြင်း။

၁၀မိနစ်ခန့် ကြာပြီးနောက် ဖာ့ကျန်းသည် သူ၏ လက်ထဲတွင် သပိတ်ကို သယ်လျက် ထွက်လာလေသည်။ သူ့လက်ထဲတွင် ကြယ်တာရာသားရဲအမြူတေ ရှိနေပြီး သွေးစွန်းထင်းမှုလည်း ရှိနေလေ၏။ ကြယ်တာရာသားရဲ၏ ခန္ဓာကိုယ်နှင့် ဝိညာဥ်က ပျောက်ကွယ်သွားလောက်ပြီဖြစ်သည်။ ဘာမှမဖြစ်ခဲ့သည့်အလား အရာအားလုံးက တည်ငြိမ်နေ၏။ သို့သော် ယင်းက တွေးထင်ထားပြီးသား ဖြစ်သည်။

ဖာ့ကျန်းသည် ရှန်းထျန်းပဥ္စအဆင့် မဟာချီရှန်း
တစ်ဦး ဖြစ်သည်။ သူ့အဖို့ ဟို့ထျန်းနဝမအဆင့် နှင့်ညီမျှသည့် ခွန်အားကို ပိုင်ဆိုင်ထားသော ထူးကဲအဆင့် ကြယ်တာရာသားရဲလေးတစ်ကောင်ကို ဖမ်းရသည်က အသေးအမွှားသာ ဖြစ်သည်။

ပြီးနောက် သူတို့နှစ်ယောက်က ကျန်းဟိုင်မြို့နားတစ်ဝိုက် ဆက်လက်လှည့်လည်သွားလာခဲ့ကြသည်။

မွန်းတည့်ချိန်တွင် လူအုပ်ကြီးထဲတွင် ရောနေသော နောက်ထပ် ကြယ်တာရာသားရဲ ၃ကောင်ကို မြင်တွေ့ခဲ့သည်။ အငြိုးကြီးသော ဝိညာဥ်တစ်ကောင်၏ ဝိညာဥ်ကိုလည်း တွေ့ခဲ့သည်။ ညနေစောင်းတွင် ဖာ့ကျန်း၏ မျက်နှာက အနည်းငယ် ဖြူဖျော့နေပြီး သူ၏ မျက်ဝန်းများက အတော်လေး ဗလာကျင်းနေလေ၏။

ယဲ့ရှောင်က သူ မပင်ပန်းသည်ဟု ခံစားမိသည်။ ဆိုရလျှင် ထိုပစ်မှတ်လေးများက အသေးအမွှားများသာ ဖြစ်သည်။ သူက ရှန်းထျန်းပဥ္စအဆင့် မဟာချီရှန်းတစ်ဦး ဖြစ်၏။ ထို့ကြောင့် သူသည် ယင်ကောင်လေးများကြောင့် ပင်ပန်းမှာ မဟုတ်ပေ။ သို့သော် သူက အကြောင်းရင်းကို မမေးခဲ့ပေ။

” ဆက်သွားချင်သေးလား ”

ဖာ့ကျန်းက ခေါင်းခါလိုက်တော့သည်။
” မသွားဘူး။ မစ္စတာ ယဲ့ ဗိုက်ဆာနေလောက်ပြီ။ အရင်စားကြတာပေါ့ ”

” ကောင်းပြီလေ ”

ယဲ့ရှောင်က တခမ်းတနား ပြုမူမနေတော့ပေ။ ယခုအခေါက်တွင်မူ သူက အလွန်ကောင်းမွန်သည့် ပင်လယ်စာ စားသောက်ဆိုင်ကို ရှာတွေ့ပြီးနောက် ငါးဟင်း မှာလိုက်သည်။

ဖာ့ကျန်းကမူ ထမင်း တစ်ပန်းကန်စားပြီး ရေတစ်ခွက်သာ သောက်၏။

နေ့ဝက်ကျော်ခန့် အချိန်ကုန်ပြီးနောက် ယဲ့ရှောင်သည် ဖာ့ကျန်း၏ စိတ်နေသဘောထားကို မြင်နေပြီးသာဖြစ်သည်။ သူက ဘဝကို မြင်နေပြီးသား အဖိုးအို တစ်ဦးပမာ လွယ်ကူသော စိတ်နေသဘောထား ရှိ၏။ ထို့ကြောင့် တခမ်းတနား ပြုမူနေရန် မလိုချေ။

မဟုတ်လျှင် သူက အဘယ်ကြောင့်လာရန် သဘောတူမည်နည်း။ အနည်းဆုံးတော့ သူ့ကို ချိုတာလေးတွေ ပေးသင့်တယ်မလား။

တစ်ရက်လျှင် ယွမ် ၁၀၀၀၀၀။ မည့်သည့်နည်းနှင့်မဆို သူ့ကို ကုန်အောင်သုံးနိုင်မှာ မဟုတ်ပေ။ ကောင်းတာလေး မစားလျှင် ဖြုန်းတီးရာရောက်လိမ့်မည်။ ဟင်းလျာများက တည်ခင်းတာ အလွန်မြန်ဆန်၏။ အရသာရေးသည်၌ ဟင်းများအားလုံးက အနံ့အရသာ အရောင်အစင်းအားလုံး ဟန်ချက်ညီသည်။ မျက်စိ ပဒါသဖြစ်စေပြီး စားချင်စိတ် ဖြစ်ပေါ်စေ၏။ ယဲ့ရှောင်နှင့် ဟွမ်လျိုလီက ကောင်းမွန်စွာ စားသောက်ခဲ့သည်။

ဖာ့ကျန်းက တူများကို မလှုပ်ရှားခဲ့ပေ။ သူက ယဲ့ရှောင် စားနေတာကို ကြည့်ပြီး ရုတ်တရက် မေးလိုက်တော့၏။

” မစ္စတာ ယဲ့ လူသားတွေ ကြယ်တာရာသားရဲတွေနဲ့ ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်ဖို့ ဖြစ်နိုင်တယ်လို့ ထင်လား ”

ယဲ့ရှောင်က ခေါင်းခါလိုက်၏။

” ဘာကြောင့် ဒီလိုထင်တာလဲ ”
ဖာ့ကျန်းက ထပ်မေးလိုက်သော်ငြား ယဲ့ရှောင်က ဖြေလိုက်သည်။

” ဆရာတော်က ကျွန်တော် ဆိုလိုတာကို နားလည်မှု လွှဲနေပြီ။ ကျွန်တော် ပြောတာက မသိဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်က စာကြည့်တိုက်မှူးလေးတစ်ယောက်သာသာပဲ ”

ယဲ့ရှောင်၏ စကားများက ဖာ့ကျန်းကို ရယ်မောမိစေတော့သည်။ မှန်ပေ၏။ သူ ယဲ့ရှောင်ကို အဘယ်ကြောင့် မေးခဲ့သနည်း။ ဆိုရလျှင် ယဲ့ရှောင်က ဟို့ထျန်းဒုတိယအဆင့် သိုင်းပညာရှင်တစ်ဦးဖြစ်ပြီး အံ့ဖွယ်ဝိညာဥ်တောင် မနှိုးထသေးသူ ဖြစ်သည်။ သူသည် စာကြည့်တိုက်လေး၏ ကြီးကြပ်ရေးမှူး
တစ်ဦးလည်း ဖြစ်၏။

ဖာ့ကျန်းက သူ့ကို ခွဲခြားနေတာ မဟုတ်ပေ။ သို့သော် သူ၏ အဆင့်အတန်း ဗဟုသုတနှင့် ခွန်အားအရ သူ၏ အမြင်က ကန့်သတ်ခံထားရမှာပဲ ဖြစ်သည်။

ဖာ့ကျန်းက ထပ်မပြောတော့ပဲ သူ့ ပန်းကန်ထဲရှိ ထမင်းကို ကုန်အောင်စားလိုက်သည်။ အမှန်တကယ်တွင် ယဲ့ရှောင်က အနည်းနှင့်အများ သူ့စိတ်ထဲ ဘာဖြစ်နေမှန်း နားလည်၏။

ဖာ့ကျန်း၏ စိတ်တွေက ရှုပ်ထွေးနေလေသည်။

ထိုရဟန်းအို၏ စိတ်က အစတည်းက ကောင်းမွန်သည့် စိတ်နှလုံးသား ရှိသည်။ ကြယ်တာရာသားရဲများကို သတ်ဖြတ်ရန် တာဝန်ပေးခြင်း ခံရသောအခါ သူ့ရဲ့ စိတ်ထဲ ယိမ်းယိုင်မှာ မလွဲမသွေပင် ဖြစ်သည်။ ဆိုရလျှင် ကြယ်တာရာသားရဲများကြားထဲ၌ ကောင်းမွန်သည့် သတ္တဝါအချို့ ရှိနေပြီး သူတို့ ကာကွယ်နေသော လူသားများကြားထဲတွင် လူဆိုးများ မရှိဟု မည်သူက ပြောနိုင်မည်နည်း။

ထို့ကြောင့် မွန်းတည့်ချိန်တွင် သူ၏မျက်နှာက ဖြူလျော့လာတာပဲ ဖြစ်သည်။ သူ ဒဏ်ရာရသွားတာ မဟုတ်ပဲ စိတ်စွမ်းအား ကုန်ခမ်းတာလည်း မဟုတ်။ သူ့ကိုသူ သံသယ ဖြစ်နေပြီး စိတ်က ယိမ်းယိုင်သည့် အခြေအနေထဲ ရောက်နေတာပဲ ဖြစ်သည်။

စစ်သည်တော်တစ်ဦးအတွက် အထူးသဖြင့် အဆင့်မြင့် စစ်သည်တော်တစ်ဦးအတွက် ယင်းက ကြီးမားသည့် တားမြစ်ချက်တစ်ခုဖြစ်ပြီး ရင့်ကျက်ပြီးသား တစ်ဦးအနေဖြင့် ပြဿနာရပ်များအကြောင်းကို တွေးနိုင်၏။ သို့သော် ပြဿနာရပ်များတွင် အလွန်အကျွံ မနစ်ဝင်သင့်ပေ။

ကြယ်တာရာသားရဲများနှင့် လူသားများ၏ အနှစ်သာရမှာ တစ်ဖက်က ရှင်သန်ခြင်းအရင်းအမြစ်ကြား ပြဿနာရပ်ဖြစ်ပြီး နောက်တစ်ဖက်က ယဥ်ကျေးမှု ကွာဟချက် ဖြစ်သည်။

နှစ်မျိုးလုံးက မတူညီသည့် သတ္တဝါများ ဖြစ်ကြ၏။

ကြယ်တာရာသားရဲများ မှန်လားမှားလားဟူ၍ ဆွေးနွေးသည်က အကျိုးမထူးပေ။ လူသားများသည် အချို့သော အကြောင်းပြချက်များကြောင့် တစ်ပါးသူများကို သတ်ကောင်းသတ်နိုင်၏။ ကြယ်တာရာသားရဲများဆို ပြောနေရန်မလိုတော့ချေ။ ပြဿနာက ကြယ်တာရာသားရဲများသည် ယခု လူသားမြို့များ၌ ပေါ်လာတာဖြစ်ပြီး သူတို့ ထိန်းချုပ်မှု ကင်းမဲ့ပြီး ရူးသွပ်သွားခဲ့လျှင် လူသားများဆီ အဖျက်စွမ်းအားကပ်ဘေးကို သယ်ဆောင်လာလိမ့်မည်။

ယင်းက ထိန်းချုပ်၍ မရပေ။ ထိုနည်းတူ သားရဲလူသားများလည်း ရှိသည်။ ကောင်းမွန်သည့်အချိန်တွင် သူတို့က ကောင်းပြီး ဆိုးရွားသည့်အချိန်တွင် သူတို့က အမှန်တကယ် သေစေနိုင်လောက်၏။ သမိုင်းကြောင်းထဲတွင် သွေးသံရဲရဲ သင်ခန်းစာ များလွန်းပေသည်။ ထို့ကြောင့် ဆိုရိုးစကား တစ်ခုရှိသည်။

” ငါ့ မျိုးနွယ်စုထဲက မဟုတ်တဲ့သူတွေမှာ မတူညီတဲ့ နှလုံးသား ရှိကိုရှိရမယ် ”

အမှန်တကယ်တွင် ဒွိဟဖြစ်ရန် မလိုပေ။ ဂရုတစိုက် စဥ်းစားကြည့်ပါက ကြယ်တာရာသားရဲများကို သတ်ဖြတ်ချင်ရသည့် အကြောင်းအရင်းမှာ သူတို့ကို မထိန်းချုပ်နိုင်သောကြောင့် မဟုတ်ပေ။ သူတို့ကို ထိန်းချုပ်နိုင်လျှင် သတ်သတ် မသတ်သတ် ကိစ္စမရှိပေ။
ယဲ့ရှောင်၏ ယခင်ဘဝကကဲ့သို့ပင် လူသားများက လက်နက်များ တီထွင်ခဲ့၏။ ထို့ကြောင့် စစ်သည်တော်များက သီဆိုပြီးကခုန်နိုင်သည့် တည်ရှိမှုများ ဖြစ်လာတော့သည်။ လူသားများက ကြယ်တာရာသားရဲများကို အပြည့်အဝ မဖိနှိပ့်နိုင်ခင် သတ်ဖြတ်ခြင်းကသာ တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်နေသည်။

သူတို့က အညှာအတာ ကင်းမဲ့လွန်းလျှင် တစ်စုံတစ်ခုမှ မှားယွင်းသွားပြီး လူသားမျိုးနွယ်စု ချုပ်ငြိမ်းသွားခဲ့လျှင် အမှန်တကယ် ငိုနေရတော့မှာ မဟုတ်ပေ။ အဆုံးတွင်မူ သူတို့က လုံလောက်အောင် မသန်မာသေးချေ။ သန်မာသူများသာလျှင် အားလုံးကို လွှမ်းမိုးနိုင်၏။ သန်မာသူများသာလျှင် ရွေးချယ်ခွင့် ရှိသည်။ သူတို့က ကြယ်တာရာသားရဲများကို သတ်၊ မသတ်နှင့် ၄င်းတို့ကို အိမ်မွေးတိရစ္ဆာန်တစ်ကောင်အဖြစ် ပျိုးထောင် မထောင် ရွေးချယ်နိုင်သည်။

သို့သော် ယင်းက ယဲ့ရှောင်ကို နှိုးထသွားစေ၏။ သူ၏ ကျင့်ကြံဆင့် တိုးတက်လာသည်နှင့် သူ့စိတ်ထဲ နားလည်သဘောပေါက်သည့် အရာများ မျက်စိဖြင့် မြင်သည့်အရာများကလည်း တဖြည်းဖြည်းချင်း ပြောင်းလဲလာသည်။ ဗဟုသုတအသစ်များက သူ ယခင် နားလည်သဘောပေါက်မှုကို မကြာခဏ ဖြိုဖျက်ခဲ့၏။

လူတစ်ယောက်သည် ကိုယ့်ကိုကိုယ် သံသယနဲ့ ကျရောက်နိုင်ပြီး ဝိညာဥ်စွမ်းအင် သွေဖယ်မှု ဖြစ်လာနိုင်ပြီး မှားယွင်းသော အကဲဖြတ်မှုများ ရွေးချယ်မှုများ ပြုလုပ်မိလောက်၏။ ထို့ကြောင့် လူသားများ စိတ်မရှုပ်ထွေးမှ ရပေမည်။

ထိုအချက်ကို တွေးမိပြီး ယဲ့ရှောင်က တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိသွားသည်။

သူ မဟာဂိုဏ်းထဲ ဝင်ရောက်ချိန်၌ သူ ဦးစားပေးနှစ်ရပ်က သူ့မိသားစုနှင့် မိတ်ဆွေကို ကာကွယ်ရန် ဖြစ်သည်။ နောက်တစ်ရပ်က သူ၏ နှလုံးသားနောက်လိုက်ရန် ဖြစ်သည်။ သန်မာသည့် လူတစ်ယောက်၏ နှလုံးသားက အကန့်အသတ်မရှိပေ။ ထိုနှစ်မျိုး၏ အနှစ်သာရက အတော်ဆင်တူ၏။

ပိုမို သန်မာလာရန် ဖြစ်သည်။ ပိုမို သန်မာလာခြင်း
ဖြင့် မိသားစုနှင့် မိတ်ဆွေကို ကာကွယ်နိုင်မည်ဖြစ်သည်။ ပိုမို သန်မာလာခြင်းဖြင့် သူ၏ ဂုဏ်သိက္ခာနှင့် လွတ်လပ်မှုကို ကာကွယ်နိုင်မည်။ ထိုအချက်နှစ်ချက်က သူ၏ရင်ထဲတွင် အုတ်မြစ်အဖြစ် ရှိနေလေရာ သူ၏ စိတ်အခြေအနေကို တက်လှမ်းခြင်း၊ ခွန်အားတည်ဆောက်နိုင်မည်။ ထို့ကြောင့် သိုင်းပညာရပ်၏ စစ်မှန်သော အဓိပ္ပာယ်ကို မွေးထုတ်ပြီး သူ့ကိုသူ တိုးတက်ခွင့်ပြုမည်။

ထိုသို့ဆိုလျှင် နောက်တစ်ဆင့်က မည်သည့်အရာ ဖြစ်မည်နည်း။ သူတို့ကို ဆက်လက်ကာကွယ်မည်လော။ ထိုသို့ မဟုတ်လောက်ဟု ခံစားမိသည်။

သိုင်းပညာရှင်တစ်ဦး၏ တိုးတက်မှု ဖြစ်စဥ်က လူ့လောကမှ ခွဲထွက်ရန် ဖြစ်စဥ်တစ်ခုသာ ဖြစ်သည်။ ထိုအကြောင်းကို တွေးကြည့်နိုင်သည်။ တစ်ချက်ကြည့်ရုံဖြင့် အားလုံးကို ကာကွယ်နိုင်လောက်အောင် သန်မာနေလျှင် တစ်ပါးသူများကို ဆက်တိုက်ကာကွယ်ခြင်းက အမှန်တကယ် လိုအပ်နေသည့်အရာပေလော။ သင့်၌ တောင်းတစရာ အရာမရှိခဲ့လျှင် သင်၏ အရိုးစုကို ဆုံးရှုံးရလိမ့်မည်။ သိုင်းပညာရပ် မည်ကဲ့သို့ တိုးတက်မည်နည်း။

ထို့ကြောင့် နှလုံးသားကို ပံ့ပိုးပေးရန် မြင့်မားသည့် စိတ်ဝိညာဥ်အားပေးမှုနဲ့ လိုအပ်ပေသည်။ ထို့ကြောင့် သူ၏ ကြီးထွားလာသော ခွန်အားကြောင့် သူ့ကိုသူ ဆုံးရှုံးမှာ မဟုတ်ပေ။

ဝိညာဥ်ကျောက်တုံးက ပိုမိုသန်မာလာပြီး အဆုံးမရှိ သန်မာလာ၏။

သန်မာလွန်းသောကြောင့် တစ်ပါးသူများကြောင့် စိတ်ရှုပ်ထွေးတော့မှာ မဟုတ်။ မည်သည့်ခွန်အားအရာနှင့်မှ ကန့်သတ်ခံထားရတော့မှာ မဟုတ်ပေ။ အရာအားလုံးအကြောင်း တွေးရန်မလိုပေ။ သူက သန်မာသရွေ့ အရာအားလုံးကို ရနိုင်ပြီဖြစ်၏။ သူ၏ ထင်မြင်ယူဆချက်က ယိမ်းယိုင်တော့မှာ မဟုတ်ပေ။ ထိုအချက်ကို တွေးမိပြီး ယဲ့ရှောင်က သူ၏ စိတ်ဝိညာဥ် အသိစိတ်ထဲမှ ဟိန်းသံတစ်သံ ရုတ်တရက် ပေါ်ထွက်လာတာကို ခံစားမိသည်။

ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုက လျင်မြန်စွာ ပြောင်းလဲလာပြီး သူ၏ ဝိညာဥ်ထဲ၌ ဝိညာဥ်ကြာပွင့်များ ဖူးပွင့်လာတော့သည်။ ယခုအချိန်တွင် ဝိညာဥ်စွမ်းအင်က ထပ်မံထွန်းလင်းလာပြီး ကြီးကြီးမားမား တိုးတက်မှု ရလာ၏။ စိတ်ဆန္ဒကလည်း တိုးတက်လာသည်။

သိုင်းဆန္ဒက ရှန်းထျန်းဆဌမအဆင့်သို့ ရောက်နေပြီဖြစ်သည်။

ကျင့်စဥ်တိုးတက်မှုက ဝိညာဥ်စွမ်းအင်နှင့် သိုင်းဆန္ဒ ပေါင်းစည်းမှု ဖြစ်သည်။ နှစ်မျိုးလုံးက မရှိမဖြစ် လိုအပ်နေ၏။ ယဲ့ရှောင်က စတုတ္ထအဆင့်မှ ပဥ္စမအဆင့်သို့ တက်သွားချိန်၌ ဝိညာဥ်စွမ်းအင်သည် အကန့်အသတ် သုညမှတ်သို့ ရောက်နေပြီဖြစ်သည်။ သို့သော် သူ၏ သိုင်းဆန္ဒက အဆင့်မတက်သေးချေ။ ထို့ကြောင့် ရှန်းထျန်းအဆင့် ပဥ္စမအဆင့်သို့ ခြေမချနိုင်ခဲ့တာဖြစ်သည်။ ယခုအချိန်တွင် သိုင်းဆန္ဒက ရှန်းထျန်းဆဌမအဆင့်သို့ ရောက်နေပြီဖြစ်ကာ ဝိညာဥ်စွမ်းအင်က သုည အကန့်အသတ်သို့ ရောက်သည်နှင့် ရှန်းထျန်းဆဌမအဆင့်သို့ တက်နိုင်ပြီဖြစ်သည်။

ကောလိပ်ဝင်ခွင့် စာမေးပွဲကဲ့သို့ပင် ကျန်သည့်သူများက စာမေးပွဲကို ဖြေရန် အလေးထားဖို့ လိုအပ်သော်ငြား သူက အချိန်ပိုစောပြီး အာမခံချက် ရပြီးသား ဖြစ်သည်။

စာမေးပွဲ ဖြေဖြေ မဖြေဖြေ အရေးမပါတော့ပေ။ ထိပ်တန်းတက္ကသိုလ်၌ တက္ကသိုလ်ကျောင်းသား
တစ်ဦး ဖြစ်ရန် ကံပါပြီးသားကြောင့် ဖြစ်သည်။

ယဲ့ရှောင်က စိတ်ရှုပ်ထွေးနေသော ဖာ့ကျန်းကို ကြည့်ပြီး ရယ်ရမည်လား ငိုရမည်လား မသိတော့ပေ။

ဖာ့ကျန်းက အနှစ် ၆၀ကျော် ကျင့်ကြံနေထိုင်ခဲ့၏။ သို့သော် ထိုသို့တိုင် ဤအခြေအနေကို မဖြိုခွင်းနိုင်သေးပေ။ ယဲ့ရှောင်ကမူ ရယ်စရာကောင်းသည်က သူ့ကြောင့် ဉာဏ်အလင်းပွင့်သွား၏။ ရယ်စရာကောင်းသည့် ကံကြမ္မာပါတကား။

အပိုင်း ၈၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset