Switch Mode

Chapter – 81

ယောကျ်ားအစစ် တစ်ယောက်က ငါး စက္ကန့်ထက် ပိုတယ်

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၈၁။ ယောင်္ကျားအစစ်တစ်ယောက်က ငါး
စက္ကန့်ထက် ပိုတယ်။

ဖုန်း။

ဝိညာဥ်စွမ်းအင်ပမာဏက ထပ်မံပေါက်ကွဲသွားပြီး ဘုရင်အေးအ်၏ ဝိညာဥ်ခန္ဓာကိုယ်ကို ပြာဖြစ်သွားစေတော့သည်။ သို့သော် ယဲ့ရှောင်က နောက်ထပ် အသက်မရှူရသေးခင် ဘုရင်အေးအ်၏ အသံက ထပ်မံပေါ်ထွက်လာပြန်၏။

” ဟေ့ကောင် …။ မင်း သတ္တိရှိရင် ငါ့ကို စကားပြောခွင့်ပေး ..။ ”

” ဘာ …။ ”

ဖုန်း။

” … ”

ဖုန်း။

ဘုရင်အေးအ်က သူ၏ ဝိညာဥ်ခန္ဓာကို ပြန်လည်ဖွဲ့တည်ပြီး စကားပြောချင်သည့်အချိန်တိုင်းတွင် သူက တစ်ခွန်းတောင် မပြောရသေးခင် ယဲ့ရှောင် ရက်ရက်စက်စက် ချေမှုန်းတာ ခံနေရသည်။ တစ်မိနစ်မပြည့်မီ၌ ဘုရင်အေးအ်က ၂၈ကြိမ် ဖျက်ဆီးခံခဲ့ရသည်။ ဝိညာဥ်ခန္ဓာတိုင်းက နာကျင်မှုကို ခံစားရ၏။ ဘုရင်အေးအ်က အချိန်တိုင်း၌ အပြင်းထန်ဆုံး ညှင်းပမ်းနှိပ်စက်မှုကို ခံစားနေရသည့်ပမာ ဖြစ်နေတော့သည်။ သို့သော် သူ၏ ဝိညာဥ်ခန္ဓာက အလွန်မြန်မြန်ဆန်ဆန် ပြန်ကောင်းလာ၏။

ယဲ့ရှောင်၏ မျက်ဝန်းက အနည်းငယ် မှေးချင်သွားသည်။ ယခုအခေါက်တွင် သူက ထပ်မတိုက်ခိုက်တော့ပေ။

တိုက်ကွက်ပေါင်းများစွာ တိုက်ခိုက်မှုက အလုပ်မဖြစ်ကြောင်း ပြပြီးတာ ဖြစ်သည်။

ဘုရင်အေးအ်၏ ဝိညာဥ် ခန္ဓာခွဲသာ ဖြစ်ပြီး မူလခန္ဓာ၏ ဝိညာဥ်စွမ်းအင်နှင့် ဝေးကွာနေသည်။ နတ်ဘုရားအဆင့်တွင်ရှိသော မူလခန္ဓာ၏ ဝိညာဥ်စွမ်းအင်နှင့် ဝေးကွာနေသော်လည်း ခုနှစ်စင်ကြယ် ခမ်းနားသော ဆန်းကြယ်မှု၏ မရေမတွက်နိုင်သော တိုက်ကွက်များကို ခံနိုင်ရည်ရှိပြီး သူ့ဘာသာသူ ပြန်ပြင်နိုင်ခဲ့၏။

ဒါက။

” မင်းရဲ့ ဝိညာဥ်ခန္ဓာမှာ မင်းရဲ့ ရုပ်ခန္ဓာကို လျင်မြန်စွာ ကုသပေးနိုင်တဲ့ စွမ်းရည်မျိုး ရှိနေတာလား ”

ပြန်ကောင်းခါစ ဘုရင်အေးအ်၏ ဝိညာဥ်ခန္ဓာက ဂုဏ်ယူဝင့်ကြွားစွာ ရယ်မောလိုက်သည်။

” အမှန်ပဲ။ နောက်ဆုံးတော့ မင်း ရှာတွေ့သွားပြီကိုး”

” ဒီဘုရင်က ဒါကို ဝန်မခံချင်ပေမဲ့ တကယ်တော့ မင်းရဲ့ နည်းလမ်းတွေက အလွန်အစွမ်းထက်တာ။ ဒီဘုရင် တွေ့ဖူးသမျှ မဟာချီရှန်းတွေထဲမှာ မင်းက အသန်မာဆုံး တစ်ယောက်လို့တောင် ပြောနိုင်တယ်။ ဒါပေမဲ့ ဒါတောင်မှ မင်း ငါ့ဝိညာဥ်ခန္ဓာခွဲကို သတ်လို့မရသေးဘူး။ သတ်ချင်တယ်ဆိုရင် ဒီအခန်းထဲက ထောင့်တိုင်းမှာရှိတဲ့ ဝိညာဥ်စွမ်းအင်အားလုံးကို ဖျက်ဆီးရမယ်။ ဒါက ဝိညာဥ်စွမ်းအင်ပမာဏ တော်တော်များများ လိုအပ်ပြီး ဆက်တိုက်တိုက်ခိုက်ဖို့ လိုတာ။ ငါ့ကို အသက်ရှူဖို့ အခွင့်အရေးပေးခဲ့ရင်တော့ ငါ ဒါကို ပြန်ပြင်နိုင်တယ် ”

” လူသား .. စိတ်ပျက်အားငယ်မှုကို ခံစားနေရပြီ
လား ”

သူ၏ အားနည်းချက် ထုတ်ဖော်ခံလိုက်ရချိန်တွင် ဘုရင်အေးအ်က ဉာဏ်ရည်မချို့တဲ့ပေ။ သူက ယုံကြည်ချက် လွန်ကဲနေတာ ဖြစ်၏။ ယဲ့ရှောင် သူ ပြောသလို လုပ်နိုင်မှာ မဟုတ်ဟု သူ ယုံကြည်နေသည်။ အမှန်တကယ်တွင် ယဲ့ရှောင်က မဟာချီရှန်းတစ်ဦး ဖြစ်နေလျှင်တောင် ဝိညာဥ်ကျင့်စဥ်များကို လေ့ကျင့်ထားလျှင်တောင် ကိုယ်ပိုင်အကန့်အသတ် ရှိ၏။ သာမန်လူသား မဟာချီရှန်းတစ်ဦးအနေဖြင့် ဝိညာဥ်တိုက်ကွက်တစ်ကွက် ထုတ်ဖော်ရန် ခွန်အားအားလုံး သုံးနိုင်၏။ သူက ၀.၀၀၁ စက္ကန့် မပြည့်မီ၌ ဖြိုခွင်းလိုက်သည်။ သူ့အကန့်အသတ်က ငါးစက္ကန့်ရှိလျှင် အလွန်ကောင်းနေပြီးသား ဖြစ်၏။

အံ့ဖွယ်ချီရှန်း ကျင့်ကြံဆင့် ရှိနေသော ဘုရင်အေးအ်ကလည်း သိုင်းပညာ၌ အတွေ့အကြုံကြွယ်ဝသည်။ သူ၏ အတွေ့အကြုံက ထိုအချက်ကို ရှင်းရှင်းလင်းလင်း နားလည်စေ၏။ သို့သော် ပြီးနောက် ယဲ့ရှောင်က စကားနှစ်ခွန်းကို ပြောလိုက်တော့သည်။

” ကျေးဇူး ”
ဘုရင်အေးအ်က စိတ်ရှုပ်ထွေးသွားလေ၏။ သူ မတုံ့ပြန်နိုင်ခင် နောက်တစ်စက္ကန့်၌ တစ်ခန်းလုံးတွင် ယဲ့ရှောင်၏ ဝိညာဥ်စွမ်းအင်များဖြင့် ချက်ချင်းပြည့်သွားတော့သည်။ ပြီးနောက် မရေမတွက်နိုင်သည့် ဝိညာဥ်စွမ်းအင်ပမာဏက လျင်မြန်စွာ သိပ်သည်းလာပြီး ဝိညာဥ်စွမ်းအင် အလင်းစီးကြောင်းများ ဖွဲ့တည်လိုက်တော့သည်။ ထိုအတွင်း၌ ဘုရင်အေးအ်က အံ့သြဆွံ့အသွားတော့သည်။

ဒီလို အစွမ်းထက်တဲ့ ဝိညာဥ်စွမ်းအင်က သာမန်မဟာချီရှန်းတစ်ယောက်ထက် ပိုသန်မာတယ်မလား။

ထိုပမာဏကို အခြေခံလျှင် ငါးစက္ကန့်မဆိုထားနှင့် ငါးဆယ်စက္ကန့်ဖြစ်နေလျှင်တောင် ဘုရင်အေးအ်က အနည်းငယ်မျှသာ သံသယရှိမှု မဟုတ်ပေ။ သူ မည်သို့ ပြုလုပ်ခဲ့သနည်း။ သူက ထူးဆန်းသည့် မဟာချီရှန်းတစ်ဦးသာ ဖြစ်သည်။ ရှန်းထျန်းပဥ္စအဆင့် မဟာချီရှန်း။ ထိုစဥ်က ဤကျင့်စဥ်ဖြင့် သူတောင် ဤကဲ့သို့ မလုပ်နိုင်ခဲ့ရာ သူ့တွင် လုပ်ပိုင်ခွင့် မည်သည့်အရာ ရှိသနည်း။

သူ၏ ထိတ်လန့်မှု အံ့သြဆွံ့အမှုဖြင့် ယဲ့ရှောင်၏ အလင်းရောင်ခြည်က စတင်လှုပ်ရှားလာတော့သည်။

ဝိညာဥ်စွမ်းအင် ထောင်ချီက ကောင်းကင်ထဲ ပြန့်ကြဲလာပြီး မြေကြီးကို လွှမ်းမိုးသွား၏။ အဟုန်ပြင်းပြင်းဖြင့် သူတို့က ဘုရင်အေးအ်၏ ဝိညာဥ်ခန္ဓာကို လျင်မြန်စွာ ပိုင်းဖြတ်တော့၏။

အလင်းရောင်ခြည်က ဝိညာဥ်ခန္ဓာကို ပိုင်းဖြတ်ချိန်တွင် ဘုရင်အေးအ်က ချက်ချင်းပင် အနည်းငယ် တုန်လှုပ်လာသည်။

ခဏနေဦး။ ဒီရင်းနှီးနေတဲ့ ခံစားချက်။ ရင်းနှီးနေတဲ့ ဒီဓါးသွား။

ဒါ …။ ဒါက ယန်ကျန့်ယီနဲ့ သူရဲ့ ဝိညာဥ်ခန္ဓာခွဲ တိုက်ခိုက်နေတဲ့အချိန်တုန်းက သူ့ကို ချက်ချင်း သတ်ဖြတ်ဖို့ ပေါ်လာတဲ့ ဓါးမော့ရောင်ခြည်ပဲ။ အဲ့ဒါ သူပဲ။ အဲ့ဒီ ညစ်ပတ်တဲ့ကောင်။ ပိုင်းဖြတ်မှုတစ်ခုတည်းနဲ့ သူ့ရဲ့ ဝိညာဥ်ခန္ဓာကိုယ် ဖျက်ဆီးသွားတဲ့ သူပဲ။ သူက ဝိညာဥ်ရေးရာ သိုင်းပညာရှင်တစ်ယောက် ဖြစ်ရုံတင်မကဘူး ကိုယ်ခံပညာကျွမ်းတဲ့ သိုင်းပညာရှင်တစ်ယောက်လည်း ဟုတ်တယ်။ ဝိညာဥ်နဲ့ သိုင်းပညာ နှစ်မျိုးလုံးကို ကျင့်ကြံထားတာ။

ထိုအချက်အားလုံးကို နားလည်သဘောပေါက်ချိန်၌ သူ၏ ဝိညာဥ်ခန္ဓာသည် ယဲ့ရှောင် အပိုင်းပိုင်းခုတ်ထစ်တာလည်း ခံလိုက်ရ၏။ ယခုအချိန်တွင် ယဲ့ရှောင်က မရပ်တန့်ခဲ့ပေ။ တစ်ချိန်တည်းတွင် သူက ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုနှင့် လွန်ကဲခြင်း ဓါးစွမ်းအား ဓါးမော့ကို အသက်သွင်းပြီး တစ်မိနစ်အပြည့် တောင့်ခံထားနိုင်သည်။ ပြီးနောက် သူ ဘေးကင်းလုံခြုံရေးကို အာမခံနိုင်ရန်အတွက် နောက်တစ်မိနစ် ခုတ်ပိုင်းနေလိုက်သည်။ နှစ်မိနစ်ကြာပြီးနောက် ထပ်မံရှာဖွေရန် မြေစွမ်းအားကို အသုံးပြုလိုက်သည်။ တစ်ခန်းလုံး၌ ဘုရင်အေးအ် ဝိညာဥ်ခန္ဓာ၏ ဝိညာဥ်စွမ်းအင် မရှိတော့ချေ။ ဝိညာဥ်ခန္ဓာက အပြည့်အဝ ချုပ်ငြိမ်းသွားပြီမှန်း ယဲ့ရှောင် သိလိုက်၏။

ကျန်းဟိုင်မြို့ပြင်ရှိ မြေအောက်လောက ချိတ်ပိတ်မှုထဲတွင် ဘုရင်အေးအ်၏ ခန္ဓာအစစ်အမှန်သည် ယခုအခေါက်တွင် မအော်ခဲ့ပေ။ ထိုအစား သူက ထူးထူးဆန်းဆန်း ပြုံးလိုက်လေ၏။

” ဟီး ဟီး ဟီး …။ တကယ်စိတ်ဝင်စားဖို့ ကောင်းတာပဲ။ လူသားတွေကြားထဲမှာ ဒီလိုအစွမ်းထက်တဲ့ ပါရမီရှင်တစ်ယောက် ရှိနေတယ်။ ဒီဘုရင်က ဒီလောက် စိတ်မလှုပ်ရှားရတာ ကြာပြီ။ ကြယ် ၇လုံး တန်းတဲ့ နေ့က ရောက်တော့မယ်။ ဒီဘုရင်ရဲ့ ခွန်အားက တိုးလာပြီး ချိတ်ပိတ်မှုကို ဖြိုခွင်းနိုင်လုနီးပါးပဲ။ ညစ်ပတ်နေတဲ့ ကောင်။ ဒီဘုရင်ကို စောင့်နေလိုက်။ အဲ့ဒီကောင်ရဲ့ ငွေရောင်မြေခွေး သွေးမျိုးဆက်က နှိုးထပြီးပြီ။ မကြာခင်မှာ ငွေရောင်မြေခွေးမျိုးနွယ်စုရဲ့ သိုင်းပညာရှင်တွေကို ဆွဲဆောင်နိုင်လိမ့်မယ်။ ဒါပေမဲ့ ငွေရောင်မြေခွေးမျိုးနွယ်စု သတ်တာ မခံရမှ ဖြစ်မယ်။ ဒီဘုရင်က မင်းရဲ့ အရိုးတွေကို ကိုယ်တိုင် တစ်ချောင်းချင်းဆီ ချိုးပစ်ချင်တာ ကြာပဲ ”

ဘုရင်အေးအ်ကို ​ဖြေရှင်းပြီးနောက် ယဲ့ရှောင်က အလုပ်သို့ ပြန်သွားကာ နဥ်ယွိဟန်ကို ခွင့်ပေးလိုက်သည်။ ပြီးနောက် သူက စာအုပ်များ ဆက်လက်ဖတ်ရှုပြီး တတ်နိုင်သမျှ ခွန်အား မြင့်တင်ချင်နေသည်။ ကြယ် ၇လုံး တန်းချိန်က ရွေးချယ်စရာ ရှိပဲ သူ့ကို အလုပ် ပိုကြိုးစားစေ၏။
ဘုရင်အေးအ်၏ ကိုယ်ခွဲက အလွန်သန်မာသည်။ ၄င်း၏ ပင်မခန္ဓာက သေချာပေါက် ကြောက်မက်ဖွယ် ကောင်းနေလိမ့်မည်။ ယဲ့ရှောင်က အချိန်ကျလာချိန်တွင် တစ်ဖက်လူက အစိတ်စိတ်ခွဲတာ မခံချင်ပေ။ ကြယ်တာရာသားရဲများကလည်း လူသားများကို စားလိမ့်မည်။ သူတို့က သူ့ကိုတောင် စားနိုင်၏။

အင်း … ။

” ပိုသန်မာလာဖို့ ဆုံးဖြတ်ချက် ချပြီးပြီ။ ဒါဆိုရင် ဘုရင်အေးအ်ကို ငါ အပိုင်းပိုင်းစိတ်ပစ်ရမယ် ”

ထိုသို့ပြောနေစဥ်က သူသည် ဘုရင်အေးအ်၏ မြေပုံအတွက် ယန်ကျန့်ယီကို မေးခဲ့သင့်သည်။ မြေပုံဖြင့်ဆို သူ့အတွက် လွယ်ကူသွားမှာပဲ ဖြစ်၏။

ဘုရင်အေးအ်က သူ၏ ကိုယ်ခွဲများကို မတူးထုတ်ရသေးသည့် အချက်ကို အခွင့်ကောင်း ယူပြီးနောက် သူတို့ကို တစ်ယောက်ပြီးတစ်ယောက် ဖျက်ဆီးနိုင်သည်။ မွန်းတည့်ချိန်တွင် ယဲ့ရှောင်က စာဖတ်နေစဥ် စာကြည့်တိုက်မှူးလေးတစ်ဦးက ပြေးလာပြီး သူ့ကို ဒါရိုက်တာ ရှာနေကြောင်း ပြော၏။ ဘာတွေဖြစ်နေမှန်း မသိသော်ငြား သူက သွားသေးသည်။ ယဲ့ရှောင် ရောက်သည့်အချိန်၌ ဒါရိုက်တာရုံးခန်းထဲ၌ သူ ယခင်က မြင်တွေ့ခဲ့ဖူးသည့် တစ်စုံတစ်ယောက် ရှိနေတာကို သဘောပေါက်သွား၏။

လွန်ခဲ့သည့် ရက်အနည်းငယ်က ကျန်းဟိုင် သိုင်းကျောင်းတော်၏ ဘွဲ့နှင်းသဘင်တွင် ရှိနေသည့် ရှောင်လင် သိုင်းကျောင်းတော်မှ မဟာချီရှန်းကိုယ်တော်တစ်ပါးက မိန့်ခွန်းပေးခဲ့သော မဟာချီရှန်းကိုယ်တော်တစ်ပါး ဖြစ်သည်။

” ယဲ့ရှောင် ရောက်လာပြီပဲ ”

ယဲ့ရှောင်က ခေါင်းညိတ်လိုက်၏။

” ကျွန်တော့်ကို ဒါရိုက်တာ ရှာနေတာလား ”

” မင်းနဲ့ မိတ်ဆက်ပေးမယ်။ ဒါက ရှောင်လင် သိုင်းကျောင်းတော်ရဲ့ ပါမောက္ခ ဆရာ ဖာ့ကျန်းပဲ။ သူကလည်း မဟာချီရှန်းတစ်ယောက်ပဲ။ ဒီတစ်ခေါက် တာဝန်တစ်ခုအတွက် ကျန်းဟိုင်မြို့ကို ရောက်လာတော့ လမ်းပြတစ်ယောက် လိုနေတယ်။ ဒါကြောင့် ဒီရက်တွေမှာ မင်း အလုပ်ဝင်စရာ မလိုဘူး။ လုပ်ခနှင့် အားလပ်ရက်ယူပြီး ဆရာ ဖာ့ကျန်း သူ့ တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ဖို့ အကောင်းဆုံး ကူညီပေးလိုက် ”

ယဲ့ရှောင်က မျက်ခုံး အနည်းငယ် ပင့်လိုက်ပြီး ငြင်းပယ်ရန် ပြင်ဆင်လိုက်လေ၏။ လမ်းပြဖြစ်ရန် စိတ်မဝင်စားပေ။ စာကြည့်တိုက်ထဲတွင် စာအုပ်ဖတ်ရန် မည်ကဲ့သို့ အဆင်ပြေတော့မည်နည်း။ သူ မပြောနိုင်သေးခင် အိုးရန်ယွင်ကျုံးက ဆက်ပြောလိုက်၏။

” ဒီရက်တွေထဲမှာ မြို့တော်ကောင်စီက မင်းအတွက် ကားတစ်စီး စီစဥ်ပေးမယ်။ နေ့စဥ် လုပ်ခက ယွမ် ၁၀၀၀၀၀ ဖြစ်လိမ့်မယ်။ ဆရာ ဖာ့ကျန်းက ထူးထူးခြားခြား လိုအပ်တာရှိရင် သူက ငွေအတွက် မြို့တော်ဝန်ရဲ့ အိမ်ဆီ အချိန်မရွေး ခေါ်လို့ရတယ် ”

အပိုင်း ၈၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset