စာကြည့်တိုက် တာအိုသခင်
အပိုင်း ၈၀။ မင်းမှာ ကိုယ်ကျင့်တရား မရှိ။
နောက်နေ့နံနက်စောစော၌ ယဲ့ရှောင်က ဟွမ်လျိုလီကို ခေါ်သွားသည်။ ယခုအချိန်မှစကာ သူမကို သူ့ဘေး၌ တစ်ချိန်လုံး ထားထားရမည်။ ခုနှစ်စင်ကြယ် နေ့ရက်က ချဥ်းကပ်လာပြီ ဖြစ်သည်။ သူမကို သူ့ဘေးတွင် ထားခြင်းက သူမကို သူ၏ ဝိညာဥ်စွမ်းအင်ဖြင့် ဖိနှိပ့်ထားနိုင်သည်။ မဟုတ်လျှင် သူ အပြင်ထွက်သွားပြီး အန္တရာယ်များသည့် တစ်စုံတစ်ခု လုပ်မည်ဆိုတာကို ပြောရန် ခက်ခဲ၏။
မနက်စာ စားပြီးနောက် သူသည် စာကြည့်တိုက်သို့ သွားကာ အလုပ်ဝင်၏။ ကျန်သည့် ကြီးကြပ်သူများကလည်း တာဝန်များ စတင်ဆောင်ရွက်နေပြီး နံနက်ခင်း သင်ခန်းစာ ပို့ချမှု ဆောက်ရွင်တင်တော့သည်။ ယဲ့ရှောင်ဘက်တွင်မူ အရာအားလုံးက ငြိမ်နေလေ၏။ သူက သင်ခန်းစာများကို မကြိုက်ပေ။ သူက မြင့်မြင့်မားမားနှင့် စွမ်းဆောင်ရည်ရှိသည့် ပုံကို ပြရတာလည်း မကြိုက်ချေ။
စွမ်းအင်ကဲ့သို့ အရာမျိုးက ကြိုက်နှစ်သက်သည့်အချိန်တွင် အသုံးပြုနေခဲ့ပါက အာဏာဖြင့် အနိုင်ကျင့်သည်ဟု အခေါ်ခံရမှာပဲ ဖြစ်သည်။ အချိန်တိုင်း၌ ယင်းကို ဖယ်မချထားနိုင်လျှင် အာဏာဖြင့် ဆော့ကစားခံရသည့် သူတစ်ဦး ဖြစ်လာပေလိမ့်မည်။ အကောင်းဆုံးဘဝက ငြိမ်းချမ်းပြီး ဆိတ်ငြိမ်သော ဘဝ ဖြစ်၏။
ယဲ့ရှောင် လက်အောက်ရှိ မန်နေဂျာများကလည်း အလွန်ဂရုစိုက်ကြသည်။ သူတို့ရောက်လာချိန်၌ ကြမ်းပြင်ကို ကြမ်းတိုက် စားပွဲကို သန့်ရှင်းရေး လုပ်ကြ၏။ အခြေခံသန့်ရှင်းရေးကို ဂရုစိုက်ပြီးနောက် သူတို့က ပြန်ပြင်ရန် လိုအပ်သည့် ထိခိုက်မှုရှိမရှိ သိရန် စာအုပ်များကို စစ်ဆေးကြသည်။ တစ်ဖက်တွင်မူ ယဲ့ရှောင်က စာအုပ်များ ငြိမ်းငြိမ်းချမ်းချမ်း ဖတ်လျက် နောက်ဆုံး အခြေခံခန္ဓာသန့်စင်ခြင်း ကျင့်စဥ်ကို ဆက်လက်ရှာဖွေနေသည်။ မကြာမီ၌ မန်နေဂျာလေးတစ်ဦးက ရောက်လာပြီး ဇဝေဇဝါဖြစ်သည့် အမူအယာဖြင့် မေးလိုက်တော့သည်။
” ကြီးကြပ်သူ ယဲ့ .. မန်နေဂျာ နဥ်က ခွင့်တင်ထားတာလား။ သူ ဒီနေ့ ဘာကြောင့် မလာတာလဲ ”
ယဲ့ရှောင်က အတော်မင်သက်သွားသည်။
” သူ ရောက်မလာဘူးလား ”
” ဟုတ်တယ်။ သူ မလာတာ အတော်ကြာပြီ ”
ယဲ့ရှောင်က မျက်ခုံး အနည်းငယ် ပင့်လိုက်၏။ နဥ်ယွိဟန်သည် အလုပ် အမြဲတမ်း ကြိုးစားနေကျ ဖြစ်ပြီး အလွန်နာခံသည်။ ယနေ့ မည်သို့ ဖြစ်နေသနည်း။ သူ အမှန်တကယ် အလုပ်ပျက်သည်လော။
” ငါ သိပြီ။ တခြားသူတွေကို ဒီအကြောင်း မပြောနဲ့။ သူ လစာလျှော့ခံရလိမ့်မယ် ”
” ကောင်းပါပြီ ”
ယဲ့ရှောင်က လက်အောက်ဝန်ထမ်းများအပေါ် အလွန်ကောင်းသည်။ အားလုံးနောက်ကျပြီး စောစောပြန်သွားသည့်အချိန်များကို သူ ဘယ်တော့မှ မမှတ်ထားပေ။ ထို့ကြောင့် သူ၏ စကားက အလွန်အာဏာသက်ရောက်သေးသည်။
တစ်ဖက်လူ ထွက်သွားပြီးနောက် ယဲ့ရှောင်က ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုကို ချက်ချင်းထုတ်ဖော်လိုက်သည်။ ချက်ချင်းပင် နဥ်ယွိဟန်အဆောင်ခန်းထဲရှိ အိပ်ယာပေါ်တွင် လှဲနေကြောင်း တွေ့လိုက်ရ၏။ သူ၏ ခန္ဓာကိုယ် အပူချိန်ကလည်း အနည်းငယ် မြင့်နေသည်။
ဒီကလေး ကြယ် ၇လုံး တန်းတာ သက်ရောက်ခံရပြီး အရိုင်းစိတ်ဝင်တော့မှာများလား။ သူ ရူးသွားပြီ။ လူတွေကို အကြောင်းမဲ့ ပြေးသတ်မှာလား။ ထိုအတွေးဖြင့် သူက နတ်ဘုရား အာရုံစူးစိုက်ခြင်း ကျင့်စဥ်ကို ထုတ်ဖော်လိုက်၏။ ချက်ချင်းပင် ယဲ့ရှောင်က နဥ်ယွိဟန်၏ တံခါးဝ အပြင်ဘက်၌ ပေါ်လာသည်။ တံခါးခေါက်လိုက်ရာ နဥ်ယွိဟန်၏ အားနည်းသော အသံသည် အခန်းထဲမှ ထွက်ပေါ်လာသည်။
” ဘယ်သူလဲ ”
” ငါပါ ”
နဥ်ယွိဟန်သည် ယဲ့ရှောင်၏ အသံကို ကြားသောအခါ သူ့ကိုသူ စကားပြောရန် အားတင်းလိုက်ရ၏။
” ဝင်လာခဲ့ပါ။ တံခါးမပိတ်ထားဘူး ”
ယဲ့ရှောင်က တံခါးကို တွန်းဖွင့်လိုက်လေရာ မျက်နှာထက်တွင် ယာယီမေ့လျော့သည့်အကြည့်က ပေါ်လာလေ၏။ ထိုစဥ် အလွန်ရင်းနှီးသည့် ခံစားချက်တစ်ခုကို ရလိုက်သည်။ သို့သော် သူက မျက်တောင်မခတ်ပဲ မြန်မြန်ဆန်ဆန် လျှောက်သွားလိုက်လေ၏။
” ဘာဖြစ်တာလဲ။ နေ့ခင်းကြီး မင်း ဘာကြောင့် အိပ်နေတာလဲ ”
နဥ်ယွိဟန်က စောင်ကို တင်းကျပ်စွာ ဖက်ထားလျက် အိပ်ယာကို ပိတ်ထားကာ တုန်ယင်နေလေ၏။
” ကျွန်တော် မသိဘူး။ မနေ့ညက ပြန်ရောက်လာတဲ့အချိန် အဖျားတက်သလိုမျိုး နည်းနည်းအေးနေတာ။ ဒါပေမဲ့ အဲ့ဒါကို ကုသဖို့ ကုသခြင်း ကျင့်စဥ်သုံးတာ အသုံးမဝင်ဘူး ”
နဥ်ယွိဟန် ဆေးရုံ မသွားရဲမှန်း ယဲ့ရှောင် သိနေလေ၏။ သူ၏ ကြယ်တာရာသွေးမျိုးဆက် ရှာတွေ့သွားမှာကို ကြောက်ရွံ့နေသည်။ သို့သော် သူ၏ ငွေရောင်မြေခွေး သွေးမျိုးဆက်က ကိုယ်ပိုင် ကုသခြင်း ကျင့်စဥ်ရှိပြီးသား ဖြစ်ကာ ယင်းက အလွန်သန်မာ၏။ ဆေးရုံများရှိ ဆရာဝန်များထက် မနိမ့်ပေ။
သို့သော် အအေးမိခြင်းလေးကိုတောင် သူ မည်ကဲ့သို့ မကုနိုင်သနည်း။ ထို့အပြင် အစောပိုင်းက ရင်းနှီးနေသည့် ခံစားချက်။
” မင်းရဲ့ ကုသခြင်း ကျင့်စဥ်က မသင့်တော်တာ ဖြစ်နိုင်တယ်။ လတ်တလောမှာ ငါ ကုသခြင်း ကျင့်စဥ်တချို့ လေ့လာထားတယ်။ တစ်ချက်ပေးကြည့် ”
ကုသခြင်း ကျင့်စဥ်ကို မည်သူမဆို လေ့ကျင့်နိုင်၏။ လိုအပ်ချက်က မမြင့်မားပေ။ ထို့ကြောင့် ယဲ့ရှောင်သည် သူ့ ရှေ့၌ တစ်စုံတစ်ခု ပေါ်သွားမှာကို စိုးရိမ်ပူပန်နေစရာ မရှိပေ။
” ကောင်းပါပြီ။ ကျေးဇူးပါ ဆရာ ”
ယဲ့ရှောင်က လက်ဆန့်ထုတ်လိုက်ပြီး နဥ်ယွိဟန်၏ လက်ကောက်ဝတ်ပေါ် လက်တင်လိုက်ရာ ကုသခြင်း ကျင့်စဥ်ကို အနည်းငယ် ထုတ်ဖော်လိုက်၏။ ဒီတော့မှ နဥ်ယွိဟန်၏ ခန္ဓာကိုယ်ထဲရှိ လတ်ဆတ်သော သွေးတို့က တစ်စုံတစ်ခုကို ဓာတ်ကူးနေသည့်ပမာ လျင်မြန်စွာ စီးဆင်းနေပြီး အတွင်းရှိ ကြယ်တာရာသားရဲသွေးမျိုးဆက်က အဆပေါင်းများစွာ ပြန့်ကားလာနေကြောင်း တွေ့လိုက်ရသည်။
တစ်စုံတစ်ခုက မဟုတ်တော့ပေ။
ယင်းက ကြယ် ၇လုံး တန်းခြင်းကြောင့် မဟုတ်ပေ။ ဟွမ်လျိုလီသည်လည်း ကြယ် ၇လုံးတန်းခြင်း၏ အကျိုးသက်ရောက်မှုကို ခံရသည်။ သို့သော် ဟွမ်လျိုလီအတွက် လက္ခဏာများက ထပ်တိုးလာခြင်းသာ ဖြစ်သည်။ တစ်မိနစ်အတွင်း ဟွမ်လျိုလီက ခွန်အားပမာဏများစွာ ချက်ချင်းတိုးလာ၏။
သို့သော် ထိုကာလတွင် သူမ၏ ခွန်အားကို ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်ကာ သူမ ခွန်အားပေါက်ကွဲသည်အထိ တိုးလာမည့်အချိန်ထိ စောင့်ဆိုင်းနေရုံသာ ရှိသည်။ သို့သော် နဥ်ယွိဟန်၏ ကြယ်တာရာသားရဲသွေးမျိုးဆက်က အချိန်တိုင်း၌ အသက်ဝင်နေသည်။
ယဲ့ရှောင်သည် ကြယ် ၇လုံး တန်းသည့်အကြောင်း စာအုပ်အချို့ ဖတ်ပြီးသား ဖြစ်သည်။ ကြယ် ၇လုံး တန်းခြင်း၏ အာနိသင်က သားရဲလူသားများအပေါ် အာနိသင်သည် ကြယ်တာရာသားရဲများအပေါ် သက်ရောက်မှုနှင့် တူကြောင်း မှတ်တမ်းတင်ထား၏။ ဖွဲ့စည်းတည်ဆောက်ပုံ ကွာဟချက်ကြောင့် မတူညီသည့် အာနိသင်များ မဖြစ်ပေါ်စေပေ။ အာနိသင်က ပြောင်းလဲသွားမှာ မဟုတ်ပေ။
ယဲ့ရှောင်က ကုသခြင်း ကျင့်စဥ်ကို အသုံးပြုလျက် နဥ်ယွိဟန်၏ ဝိညာဥ်ကို စစ်ဆေးရန် ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုကို သုံးလိုက်သည်။
တွေ့သွားပြီ။
ချက်ချင်းပင် ယဲ့ရှောင်က အကြောင်းပြချက်ကို ရှာတွေ့သွား၏။ ပြီးနောက် ထိုခမ်းနားသည့် ဝိညာဥ်စွမ်းအင်က ချက်ချင်းပင် အရပ်မျက်နှာအနှံ့ ထွက်သွား၏။ နဥ်ယွိဟန်၏ ဝိညာဥ်ထဲတွင် အနက်ရောင် မြူ ရှိနေလေ၏။ ယင်းက အခြေအနေကို သဘောမပေါက်သေးပဲ နဥ်ယွိဟန်၏ စိတ်ဝိညာဥ်ကို ထိန်းချုပ်ကာ သူ၏ သွေးမျိုးဆက်ကို အသက်သွင်းနေလေ၏။
” ဟီး ဟီး ဟီး … သားရဲတစ်ယောက် ဖြစ်ရတဲ့ အရသာက မကောင်းဘူး။ ဒါပေမဲ့ သားရဲတစ်ကောင် ဖြစ်သွားပြီဆိုတာနဲ့ လူသားတစ်ယောက်ကနေ မြင့်မြတ်တဲ့ ကြယ်တာရာသားရဲတစ်ကောင်အဖြစ် အပြည့်အဝ ပြောင်းလဲသွားမယ်။ ဒီလို အထွတ်အထိပ် မျက်နှာသာပေးမှုနဲ့ မင်းကို ချီးမြှင့်တဲ့အတွက် ဒီဘုရင်ကို ကျေးဇူးတင်လိုက် ”
သို့သော် သူ ပြောပြီးသည်နှင့် သူ့ အသိစိတ်တို့က ရုတ်တရက် မှောင်ကျသွားကာ အမှောင်ထုထဲ ပိတ်မိသွားမည်ဟု မည်သူက သိမည်နည်း။ အနက်ရောင်မြူက မတုံ့ပြန်နိုင်ခဲ့။ ပတ်ဝန်းကျင်က အမည်းရောင်အဖြစ် ပြောင်းလဲသွားပြီး တစ်စုံတစ်ယောက် ဝိုင်းတာ ခံလိုက်ရတော့သည်။
ယဲ့ရှောင်သည် နဥ်ယွိဟန်၏ ဝိညာဥ်ထဲမှ အနက်ရောင်မြူကို ဆွဲထုတ်လိုက်သည့်အချိန်တွင် နဥ်ယွိဟန်၏ ခန္ဓာကိုယ်ထဲ၌ လျင်မြန်စွာ ဆူပွက်နေသော သားရဲသွေးသည် ငြိမ်ကျသွားတော့၏။ ဆူပွက်နေသည့် အရိပ်အယောင် ရှိနေသေးသော်ငြား နဥ်ယွိဟန်၏ ကိုယ်ပိုင်ကုသခြင်း ကျင့်စဥ်က စတင်လည်ပတ်လာပြီဖြစ်သည်။ နဥ်ယွိဟန်က တစ်ညလုံး ညှင်းပမ်းခံခဲ့ရပုံ တူ၏။ သူက ပင်ပန်းလွန်းသောကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသည်။
ယဲ့ရှောင်က သူ့ကို အနှောက်အယှက် မပေးတော့ပေ။ တစ်ဖက်သို့ လှည့်ပြီးနောက် ဘေးအခန်းရှိ သူ၏ ကိုယ်ပိုင်အဆောင်ဆီသို့ သွားလိုက်သည်။ ထိုနေရာတွင် သူ မနေသော်ငြား သူ့အခန်းက ရှိသေး၏။
လက်ဖဝါးကို အနည်းငယ် ဆန့်ထုတ်လိုက်ရာ အနက်ရောင်မြူက လျင်မြန်စွာ ပြန့်ကားသွားပြီး ထွက်ပြေးရန် ပြင်လိုက်၏။
ဘန်း ဘန်း ဘန်း။
ကံဆိုးသည်မှာ ယဲ့ရှောင် သူ၏ စိတ်ဝိညာဥ် ခုခံမှုကို သုံးပြီးသားဖြစ်သည်။ ယခုအချိန်တွင် တစ်ခန်းလုံးကို ဝိညာဥ်စွမ်းအင်များဖြင့် ကာထားလေ၏။
အနက်ရောင်မြူသည် အရံအတားနှင့် အကြိမ်ရေအနည်းငယ် ထိမိသွားပြီးနောက် ဖြည်းဖြည်းချင်း ရပ်တန့်သွားသည်။ အနက်ရောင်မြူက အကြမ်းပတမ်း ခုန်ပေါက်နေတော့၏။
” ဒီဘုရင်က ဂရုမစိုက်မိတာပဲ။ သေးငယ်တဲ့ ကျန်းဟိုင်မြို့လေးထဲမှာ ထူးကဲတဲ့ သိုင်းပညာရပ် ကျွမ်းကျင်သူတစ်ယောက်အပြင် ဝိညာဥ်ရေးရာ ပညာရှင်တစ်ယောက် ရှိနေလိမ့်မယ်လို့ မထင်ထားဘူး ”
” ဒီဘုရင်တဲ့လား။ မင်းက ဘုရင်အေးအ်လား ”
ယဲ့ရှောင်က ချက်ချင်းပင် တစ်ဖက်လူ၏ အထောက်အထားကို ရှာတွေ့သွားသည်။ အနက်ရောင်မြူက ရပ်တန့်သွားလေ၏။
” ကောင်းလိုက်တဲ့ ကောင်။ ဒီဘုရင်ရဲ့ ခန္ဓာ အစစ်အမှန်ကိုတောင် မှန်းနိုင်တယ် ”
တစ်ဖက်လူ ဝန်ခံနေပြီဖြစ်သောကြောင့် ယဲ့ရှောင်က သက်ညှာမှု မရှိပေ။ သူက ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုကို လှည့်ပတ်လျက် နေရာတွင်ပင် အနက်ရောင်မြူကို ပြိုကွဲသွားစေတော့သည်။
ဘန်း။
ဝိညာဥ်စွမ်းအင် ပေါက်ကွဲသွားသည်နှင့် သူတို့နှစ်ယောက်သား အာရုံခံနိုင်သည့် ဝိညာဥ်အသေးစိတ်လေးသာ ကျန်တော့သည်။ မည်သူကမှ မကြားရပေ။
သို့သော် မကြာမီ၌ ဘုရင်အေးအ်၏ ခန္ဓာကိုယ်က ထပ်မံဖွဲ့တည်လာပြန်သည်။
” ညစ်ပတ်တဲ့ ကောင်စုတ်။ နံစော်နေတဲ့ အမျိုးယုတ်။ မင်းက သိုင်းကျင့်ဝတ်အကြောင်း ဂရုမစိုက်ဘူးပဲ။ ဒီဘုရင် အာရုံမစိုက်တဲ့အချိန် မင်းက အမှန်တကယ် ချုံခိုတိုက်ခိုက်ရဲတယ်ပေါ့။ မင်း ဒီဘုရင်ကို အနိုင်ကျင့်ရဲတယ်ဆိုတာ ဒီဘုရင်မှာ မရှိ”
သူ ပြောပြီးသည်နှင့် ယဲ့ရှောင်က ပိုတောင်အစွမ်းထက်သည့် ဝိညာဥ်စွမ်းအင် တိုက်ကွက်ကို ထုတ်ဖော်လိုက်တော့သည်။
” ကျူးကျော်သူတွေအားလုံး သေရမယ် ..။ ”
အပိုင်း ၈၀ ပြီး၏။