စာကြည့်တိုက် တာအိုသခင်
အပိုင်း ၇၉။ ကြယ် ၇လုံး တန်းခြင်း။
ညနေစောင်းတွင် အလုပ်လုပ်ပြီးနောက် ယဲ့ရှောင်၊ နဥ်ယွိဟန်နှင့် ကျန်သည့်သူများက ကန်တင်းတွင် ညနေစာ စားကြသည်။
စားသောက်ပြီးနောက် ယဲ့ရှောင်က အားလုံးကို နှုတ်ဆက်ကာ အိမ်သို့ ပြန်လာလေ၏။
သူတို့ထဲမှ အချို့ကမူ အားကျသည့်အမူအယာ မပြပဲ မနေနိုင်ကြတော့ချေ။
” တကယ် ကြီးကြပ်သူ ယဲ့ကို အားကျတယ်။ သူ့ရဲ့ လစာက မြင့်တယ်။ ဒါကြောင့် အပြင်မှာ တိုက်ခန်းတစ်ခန်း ငှားနိုင်တာ ”
” အဟုတ်ပဲ။ တစ်ယောက်ပဲ နေရတာ သိပ်ကောင်းတယ်။ သူ ချစ်သူတောင် ရှာလို့ ရတာ။ စာကြည့်တိုက်က အဆောင်တွေက မကောင်းဘူး။ အပြင်လူတွေ ဝင်ခွင့်မရှိဘူး ”
” ဒါဆို စာကြည့်တိုက်ထဲမှာ လုပ်ဖော်ကိုင်ဖက် တစ်ယောက်လည်း ရှာလို့ရတယ်။ မလုံလောက်ဘူးလား ”
” ဒါက ငညစ်ကောင်။ မင်းကော အဲ့လိုလုပ်မှာလား”
” ဒါဆို မီးပိတ်ထားလိုက်လေ ”
နဥ်ယွိဟန်က အားလုံး ဆွေးနွေးနေတာကို နားထောင်ပြီး သူလည်း အိမ်တစ်လုံး ငှားသင့်ကြောင်း တွေးနေသည်။
ထိုပြဿနာကို ယခင်က တွေးခဲ့ဖူး၏။ သူ၏ သွေးမျိုးဆက်က ထူးခြားလွန်းသောကြောင့် တခြားသူများနှင့် နေထိုင်လျှင် သူ ဖော်ထုတ်ခံရပါက အန္တရာယ် အလွန်များပေ၏။
” ကြီးကြပ်သူ ယဲ့ … ။ အရင်တုန်းက ပြောတာက ဆင်ခြင်ဖုန်းမှာ အိမ်ငှားတာက တစ်လကို ယွမ် ၁၀၀ပဲ ရှိတယ်။ ဒါဆို ငါ တတ်နိုင်လောက်မှာပါ ”
ထိုအရာကို တွေးမိပြီးနောက် နဥ်ယွိဟန်သည် စာကြည့်တိုက်ထဲမှ ထွက်သွားပြီး အနားရှိ အိမ်၊ ခြံမြေ အကျိုးဆောင်ဆီသို့ သွားလိုက်သည်။
” မင်္ဂလာပါ မစ္စ ။ ကြိုဆိုပါတယ် ကြိုဆိုပါတယ် ”
အရောင်း မန်နေဂျာက သူ့ကို ချက်ချင်းကြိုဆိုလေ၏။ နဥ်ယွိဟန်၏ မျက်နှာက အနည်းငယ် သုန်မှုန်သွားကာ ပြောလိုက်တော့၏။
” ကျုပ်က ယောင်္ကျားလေးတစ်ယောက် ”
အရောင်း မန်နေဂျာ၏ မျက်နှာထက်ရှိ အပြုံးက တောင့်တင်းသွားပြီး သူက အနေခက်မှုကို ဖြည်လျော့ရန်အတွက် ကြောင်တောင်တောင် ပြုံးလိုက်သည်။
” အမ်း …။ ဆရာ ဆရာ ကြည့်ရတာ တကယ်နုတာပဲကို။ ကျေးဇူးပြုပြီး ကြွပါ။ ကျေးဇူးပြုပြီး ကြွပါ။ ရေထည့်ပေးပါ့မယ် ”
နဥ်ယွိဟန်က အေးစက်စက် နှာမှုတ်လျက် ဆိုင်ထဲသို့ ဝင်သွားလိုက်သည်။ တစ်ဖက်လူက သူ့အတွက် ရေအေးတစ်ကွက် အမြန်ပြေးယူပြီးနောက် ပြောလိုက်လေ၏။
” အိမ်ဝယ်ချင်တာလား။ ရောင်းချင်တာလား ”
” ကျွန်တော် ဒါတွေ မတတ်နိုင်ပါဘူး။ ရောင်းစရာအိမ် မရှိဘူး။ အိမ်တစ်လုံး ငှားချင်တာ ”
နဥ်ယွိဟန်က ခွက်ကို ကောက်ကိုင်ပြီးနောက် ရေတစ်ငုံ သောက်လိုက်သည်။ တစ်ဖက်လူက ထပ်မံပြုံးကာ ပြောလိုက်တော့၏။
” ဒါဆိုရင် ငှားရမ်းဖို့အတွက် စျေး ဘယ်လောက် ပြင်ထားလဲ။ တည်နေရာအတွက် လိုအပ်ချက်ရော ရှိလား ”
” ရှိတယ်။ ဆင်ခြင်ဖုံးရပ်ကွက် စျေးပေါတာပေါ့ ”
” ကောင်းပါပြီ။ ဆင်ခြင်ဖုံးဒေသမှာ ငှားရမ်းခက ယွမ် ၈၀၀ကနေ ယွမ် ၁၂၀၀ကြား ရှိတယ်။ ဘယ်လောက်လို့ မှန်းထားလဲ သိပါရစေ ”
နဥ်ယွိဟန်က မျက်ခုံး အနည်းငယ် ပင့်မိသွား၏။
ဒီအရာနှင့် ကြီးကြပ်သူ ပြောသည့်ကြား ကွာဟချက်က အတော်ကြီးမားသည်။
မန်နေဂျာ ငှားရမ်းထားသည့် အိမ်သည် တစ်လလျှင် ယွမ် ၁၀၀သာ ကျသင့်သည်။ အနိမ့်ဆုံးစျေးက မည်ကဲ့သို့ ယွမ် ၈၀၀ ဖြစ်သွားသနည်း။
” အွန် .. ကျွန်တော့်ကို မလိမ်နဲ့။ ကျွန်တော့် မိတ်ဆွေက အိမ်တစ်လုံး ငှားထားတာ။ ခင်ဗျား ပြောသလောက် စျေးမကြီးဘူး ”
အရောင်းမန်နေဂျာက ပြုံးနေသေးဆဲ ဖြစ်ပြီး ပြောလိုက်လေ၏။
” ဒါက ခန့်မှန်းချေပဲ ပြောလိုက်တာပါ။ ကျွန်တော့်ကို မှန်းထားတဲ့စျေး ပေးလိုက်တာပဲ။ လူကြီးမင်းအတွက် ပြောပြပေးနိုင်ပါတယ် ”
” အန် .. ယွမ် ၁၀၀တန် အိမ်လိုချင်တာ ”
မန်နေဂျာ၏ မျက်နှာထက်ရှိ အပြုံးက ရုတ်တရက် ပျောက်သွားလေ၏။
” ဘယ်လောက်လို့ ပြောလိုက်တာလဲ ”
” တစ်လကို ယွမ် ၁၀၀ ”
” အစောင့်တွေ ဒီအရူးကို ဆွဲထုတ်သွားလိုက် ”
” ယွမ် ၁၀၀တန် အိမ်လား။ ရူးနေလား။ ဒီနေရာကနေ ထွက်သွား။ မင်းကို ထပ်တွေ့ရင် မင်းရဲ့ ခြေထောက်ကို ချိုးပစ်မယ် ”
လုံခြံရေးအစောင့် အနည်းငယ်ဖြင့် နဥ်ယွိဟန်က ပစ်ထုတ်ခံလိုက်ရသောအခါ ဇဝေဇဝါ ဖြစ်သွားသည်။
ကြီးကြပ်သူက ယွမ် ၁၀၀နဲ့ အိမ်တစ်လုံး ငှားနိုင်ပြီး သူက ဘာလို့ မငှားနိုင်ရတာလဲ။
အနည်းငယ် စိတ်ဓာတ်ကျသွားပြီးနောက် သူသည် ကျန်သည့် အကျိုးဆောင်များဆီ လျှောက်သွားလိုက်သည်။
အကျိုးဆောင်အချို့ကို မေးနိုင်လျှင် သင့်တော်
သည့် အိမ်တစ်လုံး ရှာနိုင်မည်ဟု တွေးခဲ့သည်။ သူ သတိမပြုခဲ့မိသည်က လမ်းထောင့်တွင် သူ့ကို စိုက်ကြည့်နေသော အနက်ရောင်မြူပင် ဖြစ်သည်။
” ဟီး ဟီး ဟီး ငွေရောင်မြေခွေး တော်ဝင်သွေးမျိုးဆက်ကို ရှာတွေ့လောက်တဲ့အထိ ငါ ကံကောင်းမယ်လို့ ငါ မထင်ထားဘူး။ သူ့ရဲ့ ဝိညာဥ်ထဲကို ဝင်ပြီး သွေးမျိုးဆက်ကို အသက်သွင်းနိုင်ရင် ငွေရောင်မြေခွေး မျိုးနွယ်စုက သိုင်းပညာရှင်တွေကို ရနိုင်မှာပဲ ”
” ဒီကလေးကို ဓါးစာခံအဖြစ် သုံးလိုက်မယ်ဆိုရင် ငွေရောင်မြေခွေး မျိုးနွယ်စုက ရွေးချယ်စရာ မရှိပဲ ကူညီပေးရတော့မှာ ”
” အဲ့ဒီအချိန်ကြရင် ကြယ် ၇လုံး တန်းသွားတဲ့အခါ ငါ ပြင်ဆင်စရာနှစ်ခု ရှိတယ်။ ချိတ်ပိတ်ထားတာကို ပယ်ဖျက်ပြီး ငါ့ကိုငါ အသက်ပြန်သွင်းရမယ်။ အချိန်ကျလာတဲ့အခါ ဒီဘုရင်က မင်းရဲ့ အသက်ကို သေချာပေါက် ဝါးမြိုပြီး မင်းတို့အားလုံးကို စားပစ်မယ်။ မင်းကို ဒီဘုရင်ရဲ့ အာဟာရအဖြစ် ပြောင်းလဲပစ်မယ် ”
တစ်ဖက်တွင်မူ ယဲ့ရှောင်က အိမ်ပြန်နေလေ၏။ သူ၏ အိမ်က ရှုပ်ပွနေပြီး ဆိုဖာပေါ်၌ အပေါက်တချို့ တွေ့သောအခါ သူက မျက်မှောင်ကျုံ့မိသွားသည်။
ခြေရာလက်ရာအရ ချွန်ထက်သော လက်သည်းများကြောင့် ဖြစ်ထားတာပင် ဖြစ်သည်။ ထို့အပြင် အခန်းထဲ၌ အလွန်ရင်းနှီးနေသော အငွေ့အသက် ရှိ၏။ ဟွမ်လျိုလီ၏ အငွေ့အသက် ဖြစ်ပြီး ကျန်သည့် သက်ရှိလက္ခဏာရပ် မရှိပေ။
ဆိုလိုသည်က အရာအားလုံးကို ဟွမ်လျိုလီ ပြုလုပ်ထားတာပဲ ဖြစ်သည်။
” အဲ့ဒီသောက်ကြောင်က သိပ်ပြီးယားနေတာလား ”
ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုကို လှည့်ပတ်လိုက်ပြီး ဟွမ်လျိုလီကို ရှာဖွေနေသည်။ နောက်တစ်စက္ကန့်တွင် ယဲ့ရှောင်၏ နောက်မှ အလွန်စူးရှသည့် အရှိန်အဝါက ထွက်လာပြီး သူ၏ နောက်ကျောဆီကို တိုက်ရိုက် ခုန်အုပ်လိုက်၏။
ယဲ့ရှောင်၏ အကြည့်က အနည်းငယ် အေးစက်သွားပြီး နတ်ဘုရား အာရုံစူးစိုက်ခြင်း ကျင့်စဥ်ကို ထုတ်ဖော်ပြီး ခန္ဓကိုယ်က ချက်ချင်း ပျောက်ကွယ်သွား၏။ ပြီးနောက် သူ ထပ်မံပြန်ပေါ်လာသည့်အချိန်တွင် ဟွမ်လျိုလီ နောက်သို့ ရောက်နေပြီ ဖြစ်သည်။
ပြီးနောက် သူက ရှန်းထျန်းပဥ္စမအဆင့်၏ အစွမ်းထက်သော ခွန်အားကို ထုတ်ဖော်လျက် ဟွမ်လျိုလီ၏ နောက်ကျောကို ပြင်းထန်စွာ နင်းလိုက်ကာ သူ့ကို မြေပြင်ပေါ် ကပ်သွားစေတော့သည်။ သူမ မည်သို့ ရုန်းကန်စေကာမူ မထနိုင်တော့ပေ။
” ငါ့ကို လွှတ် … မြောင် မြောင် ”
သူ့ခြေထောက်အောက်တွင် ဟွမ်လျိုလီက ဆက်လက်ရုန်းကန်နေပြီး အော်ဟစ်နေ၏။
ယဲ့ရှောင်က မျက်ခုံး အနည်းငယ် ပင့်မိသွားသည်။
တစ်စုံတစ်ခုက မူမမှန်ပေ။ ဟွမ်လျိုလီက ထိုကဲ့သို့ ပြုမူနေသောကြောင့် မဟုတ်။ ထို့အပြင် ဟွမ်လျိုလီ၏ သူငယ်အိမ်များက ကြယ်တာရာသားရဲတစ်ကောင်၏ ဒေါင်လိုက် သူငယ်အိမ်များအဖြစ် ပြောင်းလဲနေပြီ ဖြစ်သည်။ ယင်းက ပုံမှန်မဟုတ်ပေ။ တွေဝေမနေပဲ ခုနှစ်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုကို ထုတ်ဖော်လျက် အရှိန်ကို စစ်ဆေးလိုက်တော့၏။ ဝိညာဥ်စွမ်းအင်ပမာဏများစွာက ဟွမ်လျိုလီ၏ စိတ်ထဲ လျင်မြန်စွာ ဝင်လာပြီး သူမ၏ ဝိညာဥ်စွမ်းအင်ကို ဖိနှိပ့်လိုက်တော့သည်။
ချက်ချင်းပင် ဟွမ်လျိုလီက တိတ်ဆိတ်သွားလျက် နက်ရှိုင်းစွာ အိပ်မောကျသွားတော့သည်။
” ယဲ့ရှောင် မြန်မြန်ပြေး။ ဒီရက်တွေ ပြန်မလာနဲ့ ”
သူမက အိပ်ပျော်နေစဥ် ရေရွတ်ပြောလိုက်၏။ ယဲ့ရှောင်က သူမကို အခန်းထဲသို့ လေးနက်တည်ကြည်သော အမူအယာဖြင့် ပြန်ထည့်ပေးပြီးနောက်အနားယူရန် အိပ်ယာပေါ် တင်ပေးလိုက်သည်။ ပြီးမှ သူ့အခန်းသို့ ပြန်သွားလိုက်၏။
သူ၏ ခုနှစ်စင်ကြယ် ခမ်းနားသော ဆန်းကြယ်မှုဖြင့် ဟွမ်လျိုလီ၏ စိတ်ကို အစောပိုင်းက စစ်ဆေးစဥ်၌ ဖြစ်ပျက်နေတာကို သဘောပေါက်သွားတော့သည်။
ကြယ် ၇လုံးက တစ်တန်းတည်း ဖြစ်၏။ ယင်းက ရောက်လာတော့မည်။
ကြယ် ၇လုံး တန်းခြင်းဟူသည့် အဓိပ္ပာယ်ဆိုသည်မှာ ကောင်းကင်ထဲရှိ ထူးခြားသော ကြယ် ၇လုံးသည် တစ်တန်းတည်း ဖွဲ့တည်သွားခြင်း ဖြစ်၏။
ကြယ်တာရာသားရဲများ၏ စွမ်းအင်သည် စကြာဝဠာထဲရှိ ကြယ်များဆီမှ ဆွဲယူတာဖြစ်ပြီး ကြယ်များ၏ ပြောင်းလဲမှုက ကြယ်တာရာသားရဲများပေါ် ကြီးမားသည့် သက်ရောက်မှု ဖြစ်စေသည်။
ကြယ် ၇လုံး တန်းခြင်းသည် အကြီးမားဆုံး သက်ရောက်မှု ရှိ၏။
ကြယ် ၇လုံး တန်းသည့်အချိန်တွင် ကြယ်တာရာသားရဲများ၏ စွမ်းအင်က ၂ဆမှ ၃ဆ တိုးသွားသည်။
ကြယ်ဆုံသော ကောင်းကင်နှင့် သူတို့ နီးကပ်လာလေ စွမ်းအင် တိုးတက်သည့် အရေအတွက် ပိုမြင့်လာလေ ဖြစ်သည်။ မည်သည့်နေရာတွင် အဆုံးသတ်မည်မှန်း မည်သူမှ မသိပေ။
ပြဿနာက တိုးမြင့်လာသော စွမ်းအားနှင့်အတူ ကပ်ဘေးကြီးလည်း ပါလာတာပဲ ဖြစ်သည်။ ကြယ်တာရာသားရဲများသည် အကြောင်းပြချက် ဆင်ခြင်နိုင်စွမ်း ဆုံးရှုံးကုန်ပြီး တဖြည်းဖြည်းချင်း ရူးသွပ်လာတော့၏။
ထိုအကြောင်းကို တွေးကြည့်လိုက်သည်။ ကြယ်တာရာသားရဲများက ခွန်အားအရ တိုးလာချိန်တွင် ကြောက်မက်ဖွယ် ကောင်းနေပြီးသားဖြစ်သည်။ သို့သော် သူတို့က ဆင်ခြင်တုံတရားကို ဆုံးရှုံးသွားပြီး သေခြင်း ရှင်ခြင်းကို အမှုမထားပဲ ကျန်သည့်သူများကို တိုက်ခိုက်ကြမှာပဲ ဖြစ်သည်။
ယင်းက အိမ်မက်ဆိုးသဖွယ် ကပ်ဘေးတစ်ခု ဖြစ်၏။
ပိုတောင်ကြောက်မက်ဖွယ် ကောင်းသည်က ကြယ် ၇လုံး တန်းသည့် အချိန်တွင် သားရဲလူသားများတောင် တောင့်မခံနိုင်တာပဲ ဖြစ်သည်။ သူတို့၏ ဆင်ခြင်နိုင်စွမ်း ဆုံးရှုံးသွားပြီး ကြယ်တာရာသားရဲများပမာ လူသားများကို တိုက်ခိုက်တာ ဖြစ်နိုင်သည်။ ထို့ကြောင့် လူသားများက သားရဲလူသားများကို အလွန်ကြောက်ရွံ့နေတာပဲ ဖြစ်သည်။
နောက်ထပ် တစ်ချက် ရှိ၏။ ကြယ် ၇လုံး တန်း
သည့်အချိန်တွင် ဟွမ်လျိုလီနှင့် နဥ်ယွိဟန်ကဲ့သို့ သားရဲလူသားများကတောင် မခုခံနိုင်ချေ။ သူတို့၏ အသိစိတ်က ရူးသွပ်မှုထဲ ကျရောက်သွား၏။ သူတို့က လူသားများကို တိုက်ခိုက်ရုံသာမက ချိတ်ပိတ်ထားသော ဘုရင်အေးအ်။
မည်သူကများ သူ၏ ခွန်အား မတိုးနိုင်ဟု အာမခံမည်နည်း။ သူ၏ အသိစိတ်တို့က ရူးသွပ်မှုအတွင်း ကျရောက်သွားမည်လော။
ယဲ့ရှောင်က နားထင်ကို ပွတ်လိုက်တော့သည်။
” ကြည့်ရတာ ငါ စာအုပ်တွေ ပိုဖတ်ရတော့မယ့် ပုံ
ပဲ ”
အပိုင်း ၇၉ ပြီး၏။