Switch Mode

Chapter – 78

ရှန်းထျန်း ပဥ္စမအဆင့်သို့ အဆင့်တက်ခြင်း

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၇၈။ ရှန်းထျန်းပဥ္စမအဆင့်သို့ အဆင့်တက်ခြင်း။

ယခုအချိန်တွင် ယဲ့ရှောင်က သူ့ခန္ဓာကိုယ်ထဲရှိဝိညာဥ်စွမ်းအားများက အတက်အကျဖြစ်လာပြီး ပြောင်းလဲလာသည်ဟု အမှန်တကယ် ခံစားမိနေသည်။ ယင်းက အဆင့်တက်ခြင်း၏ လက္ခဏာရပ် ဖြစ်သည်။

မဟာချီရှန်းအဆင့်နှင့် ချီရှန်းအဆင့်ကြားရှိ ကွာဟချက်က မဟာချီရှန်းတစ်ဦးသည် သိုင်းပညာရပ်များကို ကျင့်ကြံရုံမျှသာ မဟုတ်တော့တာပဲ ဖြစ်သည်။ ယင်းက သိုင်းကျမ်းများကိုလည်း သင်ယူကျင့်ကြံပြီး သိုင်းဆန္ဒနဲ့ ပေါင်းစည်းကာ အသုံးပြုသော ပညာရပ် ဖြစ်သွားသည်။

နှစ်မျိုးကို ပေါင်းစည်းခြင်းဖြင့်သာ အဆင့်တက်နိုင်သည်။

လူတစ်ယောက်၏ သိုင်းပညာသဘောတရားက လုံလောက်သော်ငြား ခန္ဓာကိုယ်ထဲတွင် သိုလှောင်ထားသော ဝိညာဥ်စွမ်းအင်က အကန့်အသတ်သို့ မရောက်လျှင် အဆင့်တက်ဖို့ မဖြစ်နိုင်ပေ။ ထိုနည်းတူ အရှိန်အဝါက သုညမှတ်သို့ ရောက်နေချိန်၌ အဆင့်တက်ဖို့က ရောက်နေပြီး သိုင်းဆန္ဒက မလုံလောက်လျှင် အဆင့်တက်ဖို့က မဖြစ်နိုင်ပေ။

ယဲ့ရှောင်တွင် အံ့ဖွယ်ဝိညာဥ်၏ ရွှေရောင်စာအုပ်ရှိပြီး သူက အမျိုးမျိုးသော ထိပ်တန်းအဆင့် ကျင့်စဥ်များကို တစ်ပြိုင်နက်တည်း ကျင့်ကြံနေ၏။ ဝိညာဥ်စွမ်းအင်ကို သူ ထုတ်ယူသော အရှိန်ကလည်း အမှန်တကယ် အလွန်မြန်နေသည်။ အနည်းဆုံးတော့ သာမန်မဟာချီရှန်းတစ်ဦးနှင့် ယှဥ်လျှင် သူက သေချာပေါက် ပိုမြန်ဆန်၏။

ဤလောကထဲရှိ ကျင့်စဥ်များနှင့် စိတ်စွမ်းအား ကျင့်စဥ်များက ဆက်တိုက်လည်ပတ်နေလျှင် လူတစ်ယောက်၏ ကျင့်ကြံဆင့်ကို တိုးပေးနိုင်သောကြောင့် ဖြစ်သည်။

ကျင့်ကြံဆင့်များနှင့် စိတ်စွမ်းအား ကျင့်စဥ်များအကြား ကွာဟချက်သည် တစ်ခုက တိုက်ခိုက်ရန်အတွက် ဖြစ်ပြီး နောက်တစ်မျိုးက ဝိညာဥ်စွမ်းအင် ပြန်လည်ဖြည့်တင်းရန်အတွက် အသုံးပြုတာ ဖြစ်သည်။ ထို့ကြောင့် သူ၏ အရှိန်အဝါက လုံလောက်နေသည့် အချိန်တွင် အလွယ်တကူ အဆင့်တက်နိုင်သည်။ ပြီးခဲ့သည့်အခေါက် ယဲ့ရှောင် အဆင့်တက်သွားခြင်းမှာ ကာကွယ်ခြင်း၏ အရေးပါခြင်းကို နားလည်သဘောပေါက်သွားသောကြောင့် ဖြစ်သည်။ သူ့ကိုသူ ကာကွယ်ခြင်း။ သူ၏ မိတ်ဆွေအပေါင်းအသင်းများကို ကာကွယ်ခြင်း။

ယခုအချိန်တွင် ယဲ့ရှောင်က ရင်ကထဲနေ နားလည်သဘောပေါက်လာတာ ဖြစ်သည်။ မစ္စတာ ကျောင်းကို သူ ယခင်က ဆက်ဆံခဲ့သည့် ပုံပမာ ဖြစ်နေ၏။ မစ္စတာ ကျောင်းက သူ့ကို လာရှာချင်သည့် အချိန်တွင် သူ အဘယ်ကြောင့် ထွက်လာရသနည်း။

မစ္စတာ ကျောင်းက ငါကို လှည့်စားပြီး လူ့ကျင့်ဝတ် မရှိခဲ့ဘူး။ ဒါတောင် ငါက သူ့ကို ခွင့်လွှတ်ပေးရမှာလား။

ဒါဆိုရင် ဒီလိုအစွမ်းထက်တဲ့ ခွန်အား ရှိနေတာ ငါ့အတွက် ဘာအသုံးဝင်တော့မှာလဲ။ အသေးစိတ် စီမံချက်ပုံစံကိုတောင် ခိုးယူနိုင်ခဲ့တာပဲ။ သူက မိစ္ဆာတစ်ကောင် မဟုတ်ဘူး။ ဒါကြောင့် အပြစ်ကင်းတဲ့သူကို သတ်မှာ မဟုတ်ဘူး။ သူတို့ကို သူ သတ်သတ် မသတ်သတ် ထိန်းချုပ်မှုက သူ့လက်ထဲမှာ ရှိတယ်။ လူတစ်ယောက်ရဲ့ခွန်အားက သန်မာနေတဲ့အချိန်မှာ စိတ်နေသဘောထားက တစ်ဖက်ကလည်း တဖြည်းဖြည်း ပိုသန်မာလာရတယ်။ ဒါက သိုင်းဆန္ဒဆီကို ဦးတည်နေတာ။

ယဲ့ရှောင်၏ ခန္ဓာကိုယ်ထဲရှိ ဝိညာဥ်စွမ်းအင် အတက်အကျက ပိုမိုပြင်းထန်လာတော့၏။ ဆူပွက်နေသည့် ရေများပမာ လှည့်ပတ်မှုက ပိုမိုမြန်ဆန်လာတော့သည်။

ဖောက်။

နောက်ဆုံးတွင် ဖောက်ခနဲအသံ တစ်သံနှင့်အတူ ယဲ့ရှောင်၏ ခန္ဓာကိုယ်ထဲရှိ ဝိညာဥ်စွမ်းအင်များက ကြည်လင်နေသော ကောင်းကင်ကို မြင်တွေ့ရန် အတွက် တိမ်တိုက်များ၊ မြေများကို ရှင်းလင်းလိုက်သည့်ပမာ နယ်ပယ်အသစ်ထဲသို့ ခြေချလိုက်တော့သည်။

ရှန်းထျန်းပဥ္စအဆင့်။

ယခုအချိန်တွင် သူ့ခန္ဓာကိုယ်ထဲရှိ ဝိညာဥ်စွမ်းအင် သိုလှောင်မှုက ပိုတောင်သိပ်သည်းလာသည်။

ယခုအချိန်တွင် သူ၏ဂိုဏ်း အရှိန်အဝါကလည်း ပိုတောင် သိပ်သည်းလာ၏။

ယခုအချိန်တွင် သူက ပြိုင်ဘက်ကင်းဟူသော စကားလုံးနှင့် ပိုတောင်နီးစပ်လာပြီ ဖြစ်သည်။

ကျန်းဟိုင်တစ်မြို့လုံး၏ ပူလောင်နေသော ရာသီဥတုက ရုတ်တရက် အနည်းငယ် အေးမြသွားပြီး လူတစ်ယောက်၏ ရင်ကို လန်းဆန်းသွားစေတော့သည်။

ကျန်းဟိုင်မြို့သူ မြို့သားများစွာက လန်းဆန်းသည့် အေးမြမှုကို ခံစားလိုက်ရပြီး သူတို့၏ အနားမရနိုင်သော စိတ်ကလည်း သက်သောင့်သက်သာ ဖြစ်သွားပုံပေါ်ပြီးနောက် စိတ်တည်ငြိမ်သွားတော့သည်။

လမ်းပေါ်၌ မေပယ်ရွက်တို့သည်လည်း နီရဲနေလေ၏။ ဆောင်းဦးဂန္ဓမာပန်းများက အေးမြသော လေကို စီးကြိုလျက် ပန်းပွင့်တစ်ရာနား၌ တိတ်တဆိတ် ဖူးပွင့်နေကြတော့၏။ ယင်းက အေးမြသည့် ဆောင်းဦး တစ်နေ့တာဖြစ်ခဲ့သည်။

ယဲ့ရှောင်က နေ့လည်စာစားပြီး စာကြည့်တိုက်သို့ ပြန်ရောက်ချိန်တွင် မွန်းတည့်၂နာရီ ထိုးနေပြီ ဖြစ်သည်။

နဥ်ယွိဟန်နှင့် မန်နေဂျာအချို့က ယဲ့ရှောင်ဖြတ်သန်းသွားလာစဥ် တစ်စုံတစ်ခုကို ဆွေးနွေးနေကြသောကြောင့် သူတို့ကို ဖြတ်ခနဲ ကြည့်လိုက်၏။ သူက အနည်းငယ် မင်သက်မိသွားသည်။

သူတို့က သတင်းစာတစ်ဆောင်ကို ဖတ်နေပြီး တိုက်ခိုက်ရေး ဂျက်လေယာဥ်အကြောင်း ဆွေးနွေးနေကြတာပဲ ဖြစ်သည်။

တိုက်ခိုက်ရေး ဂျက်လေယာဥ် ယဲ့ရှောင် ပို့ပေးလိုက်သော အသေးစိတ် စီမံချက် ပုံပဲဖြစ်သည်။

” ကြီးကြပ်သူတစ်ယောက် လာပြီ ”

နဥ်ယွိဟန်နှင့် ကျန်သည့်သူများက ယဲ့ရှောင် ရောက်လာတာကို သတိပြုမိပြီး သူ့ကို ချက်ချင်းနှုတ်ဆက်လိုက်ကြ၏။

ယဲ့ရှောင်က ခေါင်းညိတ်လျက် လက်နောက်ပစ်ထားကာ သူတို့ ဆွေးနွေးတာကို ကြည့်နေသည်။

ဒီလူတွေက ဘာကြောင့် စစ်နည်းပညာကို ဘယ်အချိန်ကစပြီး စိတ်ဝင်စားလာတာလဲ။

လူငယ်တစ်ယောက်က သူတို့ ဆွေးနွေးမှုထဲတွင် စိတ်အား အထက်သန်ဆုံး ဖြစ်နေသည်။

” ဒါက အမေရိကက ကြေညာလိုက်တဲ့ စစ်နည်းပညာထဲက အသန်မာဆုံး တိုက်ခိုက်ရေး ဂျက်လေယာဥ်ပဲ။ ဒီလောကထဲမှာ အဆင့်မြင့်ဆုံး တိုက်ခိုက်ရေး ဂျက်လေယာဥ်ပဲ။ တိုက်ပွဲဝင် ခွန်အားကို ပြသနိုင်ပြီး ချီရှန်းတစ်ယောက်ရဲ့ အရှိန်မျိုးကို ပြသနိုင်တယ်။ရှင်းထျောင်းပဲ။ ဒီလောကထဲမှာ အဆင့်အမြင့်ဆုံး တိုက်ခိုက်ရေး ဂျက်လေယာဥ် ချီရှန်းတစ်ယောက်ရဲ့ တိုက်ပွဲဝင် ခွန်အားနဲ့ အရှိန်ကို ပြနိုင်တယ်။ တိုက်ခိုက်ရေး ဂျက်လေယာဥ်တစ်စင်း ကုန်ကျစရိတ်က ဒေါ်လာ ၆ဘီလံယံကျော်တောင် ။ ချီရှန်း မဟုတ်တဲ့သူတွေက ဒါက ထိန်းချုပ်ဖို့ အရည်အချင်း မရှိဘူးလို့ ပြောကြတယ် ”

ယဲ့ရှောင်က မျက်ခုံး အနည်းငယ် ပင့်လိုက်၏။

ဒီတိုက်ခိုက်ရေး ဂျက်လေယာဥ်က အမှန်တကယ် ဒီလောက်အစွမ်းထက်လား။

သို့သော် တိုက်ခိုက်ရေး ဂျက်လေယာဥ် ၃စင်းက တိုက်ကွက် ၆ကွက် ထုတ်ဖော်သည့်အချိန်တွင် သူသည် ခြိမ်းခြောက်မှု အနည်းငယ်ကို ခံစားလိုက်ရပြီး သူ မပြင်ဆင်ထားသည့်အချိန်၌ ဒဏ်ရာ အသေးအမွှား ရသွားကြောင်း ဆိုရမှာပဲ ဖြစ်သည။ ထို့အပြင် တိုက်ကွက် ၆ကွက်က ချီရှန်းတစ်ဦး၏ တိုက်ပွဲဝင် ခွန်အားနှင့် ခွန်အားမျိုး အမှန်တကယ် ရှိနေ၏။

သာမန်သာဆိုလျှင် မဟုတ်။ သာမန်ချီရှန်းသုံးဦးဆိုလျှင်တောင် တိုက်ခိုက်ရေး ဂျက်လေယာဥ် ၃စင်း
နှင့် ရင်ဆိုင်ရသည့်အချိန်တွင် ဂရုမစိုက်မိပါက သူတို့ သေသွားနိုင်သည်။

သူတို့က အဆင့်ကျော်လွန် တိုက်ခိုက်နိုင်သည့် သူနှင့် တွေ့ခဲ့တာက သနားစရာ ကောင်းရုံသာ ဖြစ်၏။ ရလဒ်ကတော့ဖြင့်။

ထားလိုက်တော့။ ထပ် မတွေးတော့ဘူး။

ယင်းက ကောင်းမွန်သည့်အရာ ဖြစ်သည်။ ဆိုရလျှင် သူက တုချန်းဖုန်းဆီသို့ အသေးစိတ်ပုံစံနှင့် အချက်အလက် USBကို ပေးခဲ့ပြီဖြစ်သည်။ ယင်းက စီရင်စု ၉ခုအတွက် ကောင်းမွန်သည့်အရာလည်း ဖြစ်၏။

နဥ်ယွိဟန်က သက်ပြင်းချမိသွားသည်။

” စီရင်စု ၉ခုထဲမှာ တစ်စုံတစ်ယောက်က ဒီလိုတိုက်ခိုက်ရေး ဂျက်လေယာဥ်မျိုး ဖန်တီးနိုင်မယ်ဆိုရင် ကောင်းမှာပဲ ”

” ငါလည်း ဖန်တီးချင်တယ်။ ဒါပေမဲ့ ပုံစံကို ကြည့်ရတာ သိပ်ကိုခက်ခဲမှာပဲ။ စစ်ပွဲနည်းပညာနှင့် မျိုးရိုးဗီဇ နည်းပညာ စီရင်စု ၉ခုထဲက မျိုးရိုးဗီဇနည်းပညာက တခြားဒေသတွေထက် ပိုနှေးနေတာ။ ဒါ့အပြင် တစ်ဖက်မှာက နည်းပညာ ပိတ်ဆို့မှု ကြီးတစ်ခုရှိနေတယ်။ သူတို့က ငါတို့ကို သူတို့ နည်းပညာ မသင်ပေးခဲ့ရင် စီရင်စု ၉ခုက ကို့ဘာသာပဲ အားကိုးရမှာ။ အချိန်တိုအတွင်း
ရှင်းထျောင်း တိုက်ခိုက်ရေး ဂျက်လေယာဥ်တစ်စင်းကို ဖန်တီးဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ နောင်တစ်နေ့ကျရင် အမေရိကန် တိုက်ခိုက်ရေး ဂျက်လေယာဥ်ကို ကျော်လွန်နိုင်တဲ့ ဂျက်လေယာဥ်တစ်စင်း သေချာပေါက် ဖန်တီးမယ် ”

” အခုချိန် တစ်စုံတစ်ယောက် တည်ဆောက်နိုင်ဖို့ တကယ်မျှော်လင့်မိတယ် ”

” တစ်ယောက်ယောက်ကသာ ရှင်းထျောင်း တိုက်ခိုက်ရေး ဂျက်လေယာဥ်ကို အမှန်တကယ် တည်ဆောက်မယ်ဆိုရင် သမိုင်းကြောင်းထဲမှာ သူတို့နာမည် သေချာပေါက် ထားနိုင်ပြီး စီရင်စု ၉ခုထဲက သိပ္ပံနယ်ပယ်မှာလည်း အမှတ်အသားတစ်ခု ထားနိုင်မှာပဲ ”

” လုပ်လို့မရနိုင်ရင် ရှင်းထျောင်း ဒီဇိုင်းကို ခိုးယူတာက အဆင်ပြေတာပဲ ”

” အချိန်ကျလာတဲ့အခါ ဂုဏ်သတင်းပဲဖြစ်ဖြစ် ၊ ဆုလာဘ်ပဲဖြစ်ဖြစ် ဒါက စီရင်စု ၉ခုရဲ့ ထိပ်ကို ရောက်နေမယ်လို့ တွက်ချက်မိတယ် ”

” သန်းရာချီလောက်လား ”

” သန်းရာချီတယ်လား။ အနည်းဆုံးတော့ ၁၀ဘီလံကနေ ဘီလံ ၁၀၀လောက် ရှိမှာပဲ ”

ယဲ့ရှောင်က မင်သက်သွားသည်။

အဲ့ဒီတိုက်ခိုက်ရေး ဂျက်လေယာဥ်က ဒီလောက် တန်ဖိုးကြီးတယ်လား။

သူ၏ အမူအယာက အနည်းငယ် ထုံအအ ဖြစ်သွားလေ၏။

အတော်ကြာပြီးနောက် နောက်ဆုံးတွင် နှိုးထလာကာ သက်ပြင်းချလိုက်တော့သည်။

” ထားလိုက်တော့။ ပိုက်ဆံဆိုတာ ကမ္ဘာသုံး ပိုင်ဆိုင်မှုတစ်မျိုးပဲ။ သူက တိုင်းပြည်အတွက် လှူဒါန်းနေပြီး နိုင်ငံအတွက် နိုင်ငံ့အကျိုးသယ်ပိုးနေတာပဲ။ ပိုက်ဆံဘာကြောင့် ဘယ်လိုလုပ် တောင်းနိုင်မှာလဲ ”

ရသ ကင်းမဲ့လိုက်တာ။

ထိုအတွေးတစ်ချက်ဖြင့် ယဲ့ရှောင်က စာအုပ်များ ထပ်မံဖတ်ရှုလိုက်သည်။

သူသည် ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဥ် ( ၆ ) မျိုးကို ဖတ်ရှုခဲ့ပြီးဖြစ်သည်။ နောက်ထပ်တစ်မျိုး နှစ်မျိုး ဖတ်ရှုခဲ့လျှင် အလွန်ဆုံး သုံးမျိုး ဖတ်ပြီးပါက အခြေခံ ခန္ဓာသန့်စင်ခြင်း ကျင့်စဥ်အားလုံး စုဆောင်းနိုင်ပေမည်။ ထိုအချိန်ရောက်လျှင် သူက ထိပ်တန်းအဆင့် ခန္ဓာသန့်စင်ခြင်း ကျင့်စဥ်တစ်ခုကို ထပ်ဖန်တီးနိုင်ပေလိမ့်မည်။ ထိုအချိန်ရောက်လျှင် သူ၏ ခုခံမှုက တိုးတက်သွားမည်ဖြစ်ရုံသာမက အသက်ကယ်နိုင်သည့် နည်းလမ်းတစ်ခုလည်း ပိုရှိလာလိမ့်မည်။ တစ်ချိန်တည်းအတွင်း နတ်ဘုရား အာရုံစူးစိုက်ခြင်း ကျင့်စဥ်ကို အသုံးပြုသည့်အချိန်၌ သူ၏ အရေပြားသည် လေဖိအားကြောင့် ဆုတ်ပြဲသွားတော့မှာ မဟုတ်ပေ။

သို့သော် ယင်းက တူညီနေသေးဆဲ ဖြစ်၏။
ကျင့်စဥ်သည် နောက်ဆုံးတစ်ခု သို့မဟုတ် နှစ်ခုပဲ ကျန်တာ့သည့်အချိန်၌ ရှာဖွေရန် အလွန်ခက်ခဲသည်။

ကျင့်စဥ်အများစုက တူညီသည့် အရင်းအမြစ်မှ ရောက်လာသည်။ ကျင့်စဥ်များက အခြေခံ ကျင့်စဥ်မှ ဆင့်ကဲပြောင်းလဲလာသည့် ကျင့်စဥ်က များနေသည်။ ဆင့်ကဲပြောင်းလဲလာသည့် ဗားရှင်းက တစ်ထောင်ရှိပြီး ဖျက်ဆီး၊ ပြုပြင် ၊ ထပ်ထည့်၊ ပြန်ရေး၊ ပြောင်းလဲ ၊ထည့်သွင်းခြင်းဖြင့် ကျင့်စဥ်အသစ်တစ်မျိုးကို ဖန်တီးရ၏။ ယင်းက အမြဲတမ်း တူနေသည်။ ယဲ့ရှောင်က စိတ်ပျက်အားငယ်ခြင်း မရှိပေ။ အနှေးနှင့်အမြန် သူက ၄င်းကို ရှာတွေ့မှာပဲ ဖြစ်၏။ အချိန်အတိုင်းအတာတစ်ခုပဲ လိုအပ်သည်။

အပိုင်း ၇၈ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset