စာကြည့်တိုက် တာအိုသခင်
အပိုင်း ၇၇။ ကျန်းဟိုင်မြို့မှာ အံ့ဖွယ်ချီရှန်းတစ်ဦး ရှိနေတယ်။
” ဟိုလီရှစ် ”
လူထုက အနည်းငယ် အနေခက်သွားတော့သည်။ တုချန်ဖုန်း၏ အဆင့်အတန်းဖြင့် ဤကဲ့သို့ ထကျိန်ဆဲခြင်းက အလွန် အရှက်မဲ့လှသည်။ အဆုံးတွင်မူ သူက ဆက်ပြောနေသေးသည်။
” အဟွန့် အဟွန့် ”
တုထျန်းယွီက ချောင်းအနည်းငယ် ဟန့်လိုက်၏။
” ဦးလေး ဦးလေးရဲ့ စကားကို သတိထားပါဦး ”
တုချန်ဖုန်းသည် စိတ်လှုပ်ရှားမှုကို မဖိနှိပ့်နိုင်ပဲ သူ့လက်ထဲရှိ ပစ္စည်းကို စိတ်လှုပ်ရှားစွာ ဝှေ့ရမ်းပြလိုက်၏။
” ဒါ ဘာလဲဆိုတာ သိလား ”
” ဘာလဲ ”
အိုးရန်ယွင်ကျုံးက အနည်းငယ် ဇဝေဇဝါ ဖြစ်မိသွားသည်။ တုချန်ဖုန်းသည် စိတ်လှုပ်ရှားပြီး တည်ကြည်သော အမူအယာဖြင့် ပြောလိုက်၏။
” ဒါက အမေရိကန်တွေ တီထွင်လိုက်တဲ့ နောက်ဆုံးပေါ် တိုက်ခိုက်ရေး ကြယ်တိုက်ခိုက်မှု ဒီဇိုင်းပဲ။ အမေရိကန်တွေရဲ့ အဆင့်မြင့်ဆုံး နည်းပညာ အားလုံးကို စုစည်းထားတာ။ လောကကြီးရဲ့ အဆင့်အမြင့်ဆုံး တိုက်ခိုက်ရေး ဂျက်လေယာဥ်လို့လည်း ပြောနိုင်တယ်။ အမေရိကန် သိပ္ပံပညာရှင်တွေရဲ့ အကဲဖြတ်မှုအရ ချီရှန်းတစ်ယောက်ရဲ့ အရှိန်နဲ့ ခွန်အားမျိုး ပြသနိုင်တယ်။ သုတေသနလုပ်ဖို့အတွက် ဒေါ်လာ ၁၀ဘီလံလောက် သုံးလိုက်ရပြီး ဒီတိုက်ခိုက်ရေး ဂျက်လေယာဥ်ကို တည်ဆောက်ထားတာ ”
” သူ့ရဲ့ နည်းပညာအဆင့်အရ ငါတို့ စီရင်စု ၉ခုထက် အဆပေါင်းများစွာ သာလွန်ပြီး ငါတို့ တိုက်ခိုက်ရေး ဂျက်လေယာဥ် သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်အောင် လုပ်မဲ့ အရည်အချင်းတွေကိုလည်း ပံ့ပိုးမှုကြီးတစ်ခု ဖြစ်နိုင်တယ်။ ဒီနယ်ပယ်မှာ အမေရိကရဲ့ နည်းပညာကို လိုက်မှီဖို့ ဒါမှမဟုတ် ကျော်တောင်ကျော်လွန်ဖို့ ဖြစ်နိုင်တယ်။ သူ့ရဲ့ တန်ဖိုးက ငွေနဲ့ တိုင်းတာလို့ ရတဲ့အရာ မဟုတ်တော့ဘူး ”
သုံးယောက်သားက အတန်ကြာ တိတ်ဆိတ်ပြီးနောက် ထဆဲမိတော့သည်။
” လခွမ်း ”
” … ”
တိုက်ခိုက်ရေး ဂျက်လေယာဥ် တစ်စင်း၏ ပြီးပြည့်စုံသော ဒီဇိုင်းသည် ချီရှန်းတစ်ဦးနှင့် ယှဥ်နိုင်ပေသည်။ စစ်နည်းပညာ နယ်ပယ်ထဲ၌ ထိပ်တန်းအဆင့် နည်းပညာ ဖြစ်ပေ၏။ ၄င်း၏ တန်ဖိုးက အမှန်တကယ် ကြီးမားလွန်းသည်။ တကယ်တော့ ဤနေရာတွင် ရှိသည့်သူ အချို့ထက်တောင် ပိုပြီးအစွမ်းထက်၏။ တုချန်ဖုန်းက ခေါင်းခါပြီး ရယ်ရမည်လား ငိုရမည်လား မသိတော့ပေ။
” မင်းလည်း ခုနက ငါ ပြောသလို ပြောလိုက်တာပဲ ”
” မတတ်နိုင်ဘူးလေ။ ထိတ်လန့်စရာ ကောင်းလွန်းတာကိုး။ နှစ်တွေအကြာကြီး နေလာခဲ့ပေမဲ့ ကျွန်တော်က ဒီစာရွက် အပိုင်းအစနဲ့ USB လောက်တောင် မကောင်းဘူးလို့ ခံစားမိနေတယ် ”
တုချန်ဖုန်းသည် ဖိုင်ထဲသို့ ဒီဇိုင်းကို ဂရုတစိုက်
ထည့်လိုက်သည်။
” မင်းက သူတို့လောက် မကောင်းတာ မပြောနဲ့။ ငါတောင် ဒါမှမဟုတ် ချီရှန်းသိုင်းပညာရှင် အယောက် ၁၀၀ ကတောင် ဒီစာရွက်စာတမ်းတွေနဲ့ USBကို မယှဥ်နိုင်ဘူး ”
” လောင်တု … အဲ့ဒါကို စစ်ဆေးပြီးပြီလား။ ဒီဇိုင်းက အစစ်လား အတုလား ”
” စိတ်မပူနဲ့။ ငါက တိုက်ခိုက်ရေး စစ်ပွဲနည်းပညာ နယ်ပယ်ထဲမှာ အကောင်းဆုံး မဟုတ်ပေမဲ့ ဒီအရာက ၉၀ ရာခိုင်နှုန်း စစ်တယ်ဆိုတာ အနည်းနဲ့အများ ပြောနိုင်တယ် ”
အိုးရန်ယွင်ကျုံးက မျက်မှောင်ကျုံ့မိသွားသည်။
” ဒါပေမဲ့ ဒါကို ငါတို့ဆီ ဘယ်သူက ပေးသွားတာလဲ။ ဘာကြောင့် ပေးရတာလဲ ”
တုချန်ဖုန်းကလည်း တွေးနေ၏။
” တစ်ဖက်လူက ဒီ ဒီဇိုင်းကို တိုက်တိုက်ဆိုင်ဆိုင် ရလာတယ်။ လှည့်လည်သွားလာနေတဲ့ ဆန်းကြယ်တဲ့ သိုင်းပညာရှင်တစ်ယောက် ဖြစ်လောက်တယ်။ ငါတို့ကို ပေးတာကတော့ သူ လက်ရှိ ကျန်းဟိုင်မြို့မှာ နေနေတာကြောင့် ဖြစ်မှာပေါ့ ”
တုထျန်းယွီက ချက်ချင်း ပြောလိုက်သည်။
” ဟုတ်တယ်။ မြို့တော်ဝန်ရဲ့ အိမ်တော်က လတ်တလောမှာ နောက်ဆုံးပေါ် နည်းပညာနဲ့ အဆင့်မြင့် CCTV တွေ တပ်ထားတာ။ သံလိုက်စက်ကွင်း နှောက်ယှက်မှုကို ချီရှန်းအဆင့်အထက် လူတွေပဲ ဖြေရှင်းနိုင်တယ် ”
” သံလိုက်စက်ကွင်း နှောက်ယှက်မှုကို ဖြေရှင်းနိုင်တယ်ဆိုတာ ချီရှန်းအဆင့်တွေပဲ ရှိတာ ”
ချင်ရှန်းလုံ၏ မျက်လုံးများက လက်သွားတော့သည်။
” ဒီလို ပစ္စည်းကောင်းကို ကျန်းဟိုင်မြို့မှာ တပ်ဆင်နိုင်မယ်ဆိုရင် အဓိက ဂိုဏ်းတွေကို ရှာရတာ ပိုမလွယ်သွားဘူးလား ”
တုထျန်းယွီက ရယ်ရမည်လား ငိုရမည်လား မသိတော့ပေ။
” ဘယ်လိုလုပ် ဒီလောက်လွယ်မှာလဲ။ ဒီပစ္စည်းရဲ့ တန်ဖိုးက မြင့်လွန်းတာ မြို့တော်ဝန်ရဲ့ အိမ်တော်ကတောင် အခုချိန်မှာ မတပ်နိုင်သေးဘူး။ ဦးလေးရဲ့ အကူအညီကြောင့် ဒါကို စီစဥ်နိုင်ခဲ့တာပဲ။ အပြင်က လမ်းတိုင်းမှာ တပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး”
တုချန်ဖုန်းက ကြားဖြတ်ပြောလိုက်သည်။
” ငါတို့ဆီက စာအိတ်ကို ပို့တဲ့သူကို ရှာနေတာ သိုင်းပညာရှင်တွေကို မဟုတ်ဘူး။ တုထျန်းယွီ … CCTVမှတ်တမ်းတွေ မြန်မြန်သွားယူလာခဲ့ ”
” ဟုတ်ကဲ့ ”
တုထျန်းယွီက ချက်ချင်းပင် ထိုအချိန်က စောင့်ကြည့်ခန်း ကင်မရာ၏ မှတ်တမ်းကို ယူလာခိုင်းလိုက်သည်။ တုချန်ဖုန်း၏ အတွင်းရေးမှူး ပြောသည့်အတိုင်းပင် စာအိတ်က သူမ လက်ထဲတွင် ရုတ်တရက် ရောက်လာပြီး လေထဲ၌ ပျောက်ကွယ်သွားသည့်ပမာ ဖြစ်နေတော့သည်။
” အရှိန်ကို ၁၀ဆ လျှော့လိုက် ”
” အရှိန်ကို အဆ ၂၀ လျှော့လိုက် ”
” ပြန်နှေးလိုက်ဦး ”
” ထပ်နှေးဦး ”
” မစ္စတု … ဒီတစ်ခေါက်က အရှိန်လျှော့တာ အနိမ့်ဆုံး ရောက်နေပါပြီ ”
အတွင်းရေးမှူးသည် သူတို့ကို ကူကယ်ရာမဲ့စွာ ထပ်ပြောလိုက်၏။ အားလုံးက တိတ်ဆိတ်သွားတော့၏။
မဟာချီရှန်းတစ်ဦး၏ ပုံရိပ်ကိုတောင် ဖမ်းနိုင်စွမ်း ရှိသည့် စောင့်ကြည့်ခန်း ကင်မရာတစ်လုံး ဖြစ်သည်။ သို့သော် သူတို့သည် တစ်ဖက်လူ၏ ပုံကို မဖမ်းနိုင်သေးပေ။ ယင်းက ဟာသပေလော။
” လောင်တု … ဘယ်လိုထင်လဲ ”
တုချန်ဖုန်းက မျက်လုံးမိတ်ထားပြီးနောက် အသက်ရှူထုတ်လိုက်၏။ ပြီးနောက် တည်ကြည်သော အမူအယာဖြင့် ပြောလိုက်သည်။
” ငါ ခန့်မှန်းတာ မှန်တယ်ဆိုရင် တစ်ဖက်လူက အံ့ဖွယ်ချီရှန်း ဖြစ်လောက်တယ် ”
” ဘာ ”
အားလုံးက ရင်တုန်သွားကြသည်။ သူတို့က သူငယ်အိမ်များကတောင် တုန်ယင်သွားကြ၏။
အံ့ဖွယ်ချီရှန်း။ တကယ်ကြီး အံ့ဖွယ်ချီရှန်းတဲ့။
အစောပိုင်း ချီရှန်းမှ မဟာချီရှန်း အထွတ်အထိပ် အထိက အံ့ဖွယ်ချီရှန်းအောက်များဖြစ်ကြပြီး ယခုအချိန်တွင်မူ အံ့ဖွယ်ချီရှန်းတစ်ဦး ပေါ်လာလေ၏။
မဟာချီရှန်း တစ်ဦးမျှသာဆိုလျှင် မည်မျှ ရှားပါးစေကာမူ စီရင်စု ၉ခုထဲ၌ အရေအတွက်အချို့ ရှိနေသေးကြောင်း သိထားရပေမည်။
အံ့ဖွယ်ချီရှန်းများက အမှန်တကယ် ရှားပါးသည့် တိုင်းပြည်ရတနာဟု သတ်မှတ်၍ ရသည်။
စီရင်စု ၉ခုထဲတွင် နှစ် ၂၀၀နီးပါး ကပ်ဘေး ကြုံတွေ့ခဲ့ရစဥ် အံ့ဖွယ်ချီရှန်း၏ တရားဝင်မှတ်တမ်းက စုစုပေါင်း ၂၇ယောက်သာ ရှိသည်။
ထိုပုံရိပ်က အလွန်မတိကျပေ။ အကြောင်းမှာ စီရင်စု ၉ခုအတွင်းရှိ သိုင်းပညာရှင်များကိုလည်း ထည့်တွက်၍ ရသောကြောင့် ဖြစ်သည်။ သို့သော် အလွန်ဆုံး အယောက် ၃၅ယောက်ထက် မကျော်ပေ။
ဤလောကထဲတွင် မှတ်တမ်းတင်ထားသော အံ့ဖွယ်ဂိုဏ်း၏ အဖွဲ့ဝင်က စုစုပေါင်း ၄၀၀အောက်သာ ရှိသည်။ ဤကမ္ဘာ၏ လူဦးရေက ယဲ့ရှောင် ယခင်ဘဝထက် ပိုများနေသည်။ ယခင်ကမ္ဘာက ၆ ဘီလံမှ ၇ ဘီလံအထိသာ ဖြစ်သော်ငြား ဤနေရာတွင်မူ ဘီလံ ၆၀မှ ဘီလံ ၇၀ထိ ရှိသည်။ လူဦးရေက ယဲ့ရှောင်၏ ယခင်ဘဝထက် ၁၀ဆ ပိုများနေသည်။ အံ့ဖွယ်ဂိုဏ်း သိုင်းပညာရှင်များကမူ ၄၀၀အောက်သာ ရှိသည်။
အံ့ဖွယ်ဂိုဏ်း။
ယင်းက နတ်ဘုရားတစ်ပါးနှင့် ယှဥ်နိုင်သော တည်ရှိမှုတစ်ခု ဖြစ်နေပြီးသား ဖြစ်သည်။
အံ့ဖွယ်ချီရှန်း သိုင်းပညာရှင် တစ်ဦးထံမှ သာမန်တိုက်ကွက်တစ်ကွက်သည် ပေ၁၀၀၀၀၀ကို ဖြတ်ကျော်နိုင်သည်။
အံ့ဖွယ်ချီရှန်းတစ်ဦး ဖြစ်ရမည်ဟု သူတို့ ယခင်က ခန့်မှန်းခဲ့ကြသော်ငြား ယင်းက မှန်းဆချက်တစ်ခုသာ ဖြစ်သည်။ ယခု ကျန်းဟိုင်မြို့၌ အမှန်တကယ်အံ့ဖွယ်ချီရှန်းတစ်ဦး ရှိလာ၏။
” သူတို့က ဘယ်သူတွေလဲ ”
ချင်ရှန်းလုံ၏ မျက်လုံးထဲ၌ အရိပ်ယောင်တစ်ခု ပေါ်လာသည်။ သူသည် ရှင်သန်လာခဲ့တာ အတော်ကြာပြီဖြစ်ကာ ဤလောကထဲရှိ အများစုကို တွေ့ဖူးသော်ငြား အံ့ဖွယ်ချီရှန်းတစ်ဦး ရှေ့တွင်မူ မထင်မရှား ပုရွက်ဆိတ်တစ်ကောင်ပမာ ဖြစ်နေ၏။ သူက မလေးစားပဲ မနေနိုင်ပေ။
” သူ ဘယ်သူပဲဖြစ်ဖြစ် သူ့ အပြုအမူတွေအရ သူက စီရင်စု ၉ခုရဲ့ အနာဂတ်ကို တွေးပေးနေတဲ့ ရသေ့တစ်ပါးပဲ ဖြစ်ရမယ်။ သူက ငါတို့ လေးစားမှုနဲ့ ထိုက်တန်တဲ့ စီနီယာတစ်ယောက်ပဲ ”
တုချန်ဖုန်းက ခေါင်းညိတ်လိုက်၏။
” ထျန်းယွီ ပြောတာ မှန်တယ်။ ဒါ့အပြင် ဒီကိစ္စကို လျှို့ဝှက်ထားရမယ်။ တိုက်ခိုက်ရေး ဂျက်လေ
ယာဥ်ရဲ့ ဒီဇိုင်းတွေ အပါအဝင် ဒီကိစ္စကို ချက်ချင်းသတင်းပို့လိုက်မယ်။ ဒီနေ့ ဒီမှာရှိနေတဲ့ သူတွေအားလုံး တခြားသူတွေဆီ မပေါက်ကြားစေနဲ့။ ပေါက်ကြားခဲ့မယ်ဆိုရင် စီရင်စု ၉ခုရဲ့ လျှို့ဝှက်ချက်ကို ထုတ်ဖော်တဲ့အတွက် သူ့တို့ကို ငါ ဖမ်းမယ်။ ပြင်းထန်တယ်ဆိုရင် သူတို့ကိုတောင် သတ်ပစ်မှာ။ အဲ့ဒီအချိန်ကြရင် အညှာအတာမဲ့တယ်ဆိုပြီး ငါ့ကို အပြစ်မတင်လေနဲ့ ”
လူတိုင်းက ရင်တုန်သွားကြပြီး ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြသည်။ ဤအရေးကိစ္စက ကြီးလွန်းနေ၏။ သူတို့ကဲ့သို့ ချီရှန်းများတောင် ခံနိုင်ရည် မရှိလွန်းသည်အထိ ကြီးမားနေလေရာ ထိန်းချုပ်နိုင်ဖို့ ပိုဆိုးချေ၏။
ဤဖြစ်ရပ်ကို ဆွပေးသည့်သူ ယဲ့ရှောင်ကမူ အိတ်ကပ်ထဲ လက်ထည့်ထားလျက် လမ်းပေါ်ရှိ စာကြည့်တိုက်ဘက်ဆီသို့ ဖြည်ဖြည်းချင်း လျှောက်သွားသည်။
သူသည် အံ့ဖွယ်ချီရှန်းတစ်ဦးဖြစ်ကြောင်း ကျန်
သည့်သူများ ခန့်မှန်းခဲ့တာကို သူ မသိပေ။ လက်တွေ့တွင်မူ နတ်ဘုရား အာရုံစူးစိုက်ခြင်း ကျင့်စဥ်၏ အရှိန်က မြန်ဆန်လွန်းသောကြောင့် အချို့သော အံ့ဖွယ်ချီရှန်းများ၏ အရှိန်ကိုရောက်အောင် သို့မဟုတ် အရှိန်ထက်ကျော်အောင် ပံ့ပိုးပေးနိုင်တာပဲ ဖြစ်သည်။ ယင်းက အားလုံးကို နားလည်မှုလည်း ဖြစ်သွားစေ၏။ အမှန်တကယ်တွင်မူ သူက ရှန်းထျန်း စတုတ္ထအဆင့် မဟာချီရှန်းတစ်ဦးသာ ရှိသေးသည်။
သို့သော် ထိုစဥ် မူမမှန်သည့် လှုပ်ရှားမှုအချို့ ဖြစ်လာလေ၏။
အပိုင်း ၇၇ ပြီး၏။