Switch Mode

Chapter – 165

ကောင်းကင်ဘုံမှကြွက်မည်း

Chapter – 165 ကောင်းကင်ဘုံမှကြွက်မည်း

လျူမန်ဂါ ချန်ရှန်ဘေးမှာကပ်လျက် လိုက်ပါလာသော် လည်း ရပ်လိုက် လျှောက်လိုက်ဖြင့် တစ်ခုခုကို စဉ်းစားနေ ပုံပါ ။ သူမ ဝိဉာဉ်တော် သွေးကြောများ အကြောင်းကို စဉ်းစားနေမည် ဆိုတာတော့ ပြောနေစရာလိုမည် မထင်ပါ ချေ ။
“အမတော် မန်ဂါ ၊ ခင်ဗျား အခုမှ တော်တော် ကောင်း လာတာ ။ နူးညံ့သွားပြီပေါ့”
ချန်ရှန် ပြုံးရင်း ပြောလိုက်ပါတယ် ။
“ငါက မင်းနဲ့ ရှန်းရှန်း အပေါ်ပဲ ကောင်းတာပါ ။ တခြား လူအတွက် ငါ ဒီလို လုပ်မှာမဟုတ်ဘူး ။ ငါဟာ ဂိုဏ်းချုပ် တစ်ယောက် ၊ နတ်လက်နက် အင်ပါယာရဲ့ ဧကရီ တစ်ပါး လည်း ဖြစ်တယ် ။ ငါ့မှာလူတွေကို ဟန့်တားပြီး ကြောက် ရွံ့ သွားစေနိုင်မယ့် ခွန်အားတွေ ရှိတယ်ကွ”
လျူမန်ဂါ ပြောပြလိုက်တယ် ။ သူမမှာ ဂုဏ်ယူဝံ့ကြွား နေ ဟန် ရှိပြီး သူမ၏ ကိုယ်လုံးမှ အငွေ့ များပင် ထွက်နေပါ တယ် ။
“နတ်လက်နက် အင်ပါယာဟာ ချန်ဝူရဲ့ မြို့ တိုင်းမှာ ဆိုင်ခွဲလေးတွေ ဖွင့်ထားပေမယ့် ငါတို့ အင်ပါယာကို လုယူ ချင်တယ့် ဂိုဏ်းတွေ အများကြီး ရှိတယ် ။ ငါတို့အင်ပါယာ ပဲ ချမ်းသာကြတာမဟုတ်ဘူး ပြည်သူတိုင်းကလည်း ကြွယ်ဝ ချမ်းသာကြတယ် ။ ဒါဟာ ငါတို့ ကောင်ကင်ဘုံ နတ်လက် နက် တိုင်းပြည် နဲ့ မင်းတို့ ပြင်းထန်သော သိုင်းပညာ စီရင် စုတို့ရဲ့ အဓိက ကွာခြားချက်ပဲ ။ မင်းတို့ စီရင်စုမှာက ဂိုဏ်း နဲ့ မျိုးနွယ်တွေပဲ ချမ်းသာကြတာ ၊ တခါတလေ နယ်စပ် တွေမှာ ပြည်သူများစွာဟာ လုယက်သတ်ဖြတ်ခြင်းတွေ ခံ ကြရတယ် ။ ဒါပေမယ့် ငါတို့ အင်ပါယာမှာတော့ ဒီလို မျိုး ဘယ်တော့မှ မရှိဘူး ။ ငါ့ပြည်သူ တစ်ယောက်ယောက် ကို ထိတာနဲ့ ငါချက်ချင်း တုန့်ပြန်ရမှာပဲ”
လျူမန်ဂါ ၏ အသံမှာ တိကျ ပြတ်သားလှပြီး ချန်ရှန် သူမကို ကြိတ်လေးစားမိသွားတယ် ။
ချန်ရှန် နတ်လက်နက် အင်ပါယာ ၏ သတင်းကောင်း များစွာကို ကြားဖူးပြီးသားပါ ။ ပြည်သူတစ်ဦးချင်းစီဟာ သူတို့ ရဲ့ ရပ်တည်မှုကို ဂုဏ်ယူတတ်ကြပြီး ဒီလို အင်ပါယာ ၏ ပြည်သူ ဖြစ်နေတာကိုပင် ကျေနပ်နေကြတာပါ ။ မည် သည့် ပုံရိပ်မျှ လွှမ်းမိုးမှု မရှိပဲ ပြည်သူတိုင်းဟာ ကိုယ့်ဟာ ကိုယ် ရပ်တည်နိုင်ကြပါတယ် ။ ၎င်းတို့မှာ အလွန်ပင် မျှတ ပြီး သမာသမတ် ရှိသည့် အုပ်ချုပ်ရေးနည်းစနစ် ရှိကာ တခါ တရံ လျူမန်ဂါပင် ခွင့်ပြုချက် မရှိသည့် အရာကို ပြုလုပ်ခြင်း မရှိပါဘူး ။ တစ်ကယ်လို့ မိစ္ဆာဂိုဏ်း သို့မဟုတ် တခြားဂိုဏ်း တစ်ခုခု ကသာ ကျူးကျော် တိုက်ခိုက်လာမည် ဆိုပါက အား လုံး ပျက်စီးရမည် ဖြစ်ပါတယ် ။
လျူမန်ဂါမှာ ကြီးမားလှသော တာဝန်ကြီး ရှိနေပါတယ် ၊ သူမဟာ အင်ပါယာမှာ အထူးချွန်အစွမ်းထက်ဆုံး ပညာ ရှင်ဖြစ်တာကြောင့် သူမဟာ သူမ အင်ပါယာ ၏ အစောင့် အရှောက်ပဲ ဖြစ်ပါတယ် ။ ဒါကြောင့် တခြားလူများနှင့် ရင် ဆိုင်သော အခါ သူမဟာ ခက်ထန်မာကြောစွာ ဆက်ဆံပြီး သူမ၏ အင်အားဖြင့် လွှမ်းမိုး တတ်ပါတယ် ။ ဒါကြောင့် ပဲ လူ အများစုဟာ သူမကို ကြောက်ရွံ့ ကြတာပါ ။ တခြား တဖက်မှ ကြည့်မည် ဆိုပါက သူမဟာ နွေးထွေးကာ ရေကဲ့ သို့ပင် သိမ်မွေ့ လှပါတယ် ။ ဆွဲဆောင်မှု ရှိစွာဖြင့် ချစ်စရာ လည်း ကောင်းပါသေးတယ် ။
“ခဏလေး ၊ တစ်ခုခုပဲ”
လျူမန်ဂါ ရုတ်တရက် ချန်ရှန် လက်ကို ဆွဲကာ သူတို့ ရှေ့ မှ မည်းနက်သော ခြုံများကို ကြည့်နေတယ် ။
ချန်ရှန်ကတော့ မည်သည့် အာရုံမျှ မရပါချေ ။ လောင် ဆုရီမှလည်းသူ့အား သတိပေးခြင်း မရှိပါ ။ ဒါပေမယ့်လည်း လျူမန်ဂါ ၏ ဟန်ပန် အနေအထားအရ တစ်ခုခုတော့ သူ တို့ ရှေ့ မှာ ရှိမယ်ဟု သူသိလိုက်ပါတယ် ။
လျို့ ဝှက်ဆန်းကြယ် နယ်ပယ်တွေထဲမှာ စွမ်းအားကြီး မားသော သားရဲမိစ္ဆာများ ရှိနေတတ်တာ ထုံးစံပါ ။ တခါတ ရံ ထူးဆန်းပြီး နှစ်ပေါင်းများစွာ တည်ရှိနေတယ့် အမျိုးမျိုး သော အန္တရာယ်များလည်း တည်ရှိနေနိ်ုင်ပါသေးတယ် ။
“ဒါ သားရဲကောင်တစ်ကောင်ပဲ ၊ အထူးသဖြင့် လျို့ ၀ှက် ဆန်းကြယ် နယ်ပယ်တွေမှာ အလွန်အတွေ့ များ ထင် ရှားလှတယ့် ကောင်းကင်ဘုံကြွက်မည်းပဲ ဖြစ်မယ် ။ အ ရမ်းကြီးတယ့် အကောင်ကွ”
လျူမန်ဂါ လေးလေးပင်ပင် ပြောပါတယ် ။ ချန်ရှန် ရှေ့ မှ ကာကွယ်ဟန်ဖြင့် လက်ကို ဆန့်ထုတ်ထားကာ ပတ်ဝန်း ကျင်ကို အကဲခတ်လျက် ရှိတယ် ။
ချန်ရှန် သူ့ကို အမျိုးသမီး တစ်ဦးက ကာကွယ်ပေးထား တဲ့ အခြေအနေကို စိတ်ထဲ မကျေနပ်လှပါ ။ သူ မိုးပြာနဂါး နတ်ဓားကို ဆွဲထုတ်လိုက်တယ် ။ ယခုအချိန်မှာ သူ၏ ချီ ဓာတ်များအား ထိုအထဲသို့ ထည့်သွင်းခြင်း မပြုနိုင်ပေမယ့် ဓားကြီးဟာ လေးလံနေတုန်းပါ ။ ဒါပေမယ့် ချန်ရှန် အဖို့ လေးလံသည်ဟု မခံစားရပဲ သက်တောင့်သက်သာ ရှိဆဲပါ။
“အမတော် မန်ဂါ ၊ ခင်ဗျား ကြွက်ကို ကြောက်တယ်လို့ တော့ မပြောဘူးမလား”
ချန်ရှန် ပြုံးကာ မေးလိုက်တယ် ။
“ငါမကြောက်ပါဘူး ၊ မုန်းတယ် ဆိုရုံလောက်ပါ”
လျူမန်ဂါ လေသံ ခပ်တိုးတိုးဖြင့် ပြောတယ် ။ သူမ အ နေဖြင့် ချန်ရှန် ယခုလို အခြေအနေမှာ ပြုံးနေနိုင်မယ်လို့ မ မျှော်လင့်မိပါဘူး ။ ကြွက်ဟာ အလွန်ပဲ ကြီးမားသန်မာလှ ပြီး ၎င်းဟာ အဆင့် ၃ စစ်မှန်သော သိုင်းပညာရှင် နဲ့ ယှဉ် လို့ ရပါတယ် ။
“မင်း ဒီ ကောင်းကင်ဘုံ ကြွက်မည်းအကြောင်း မသိ ဘူးလား”
လျူမန်ဂါ မေးလိုက်တယ် ။
“ကျွန်တော် ကြားဖူးပါတယ် ။ ဒါပေမယ့်ဘာကြောက် စရာ ရှိလို့လဲ”
ချန်ရှန် ပြုံးကာ မေးလိုက်တယ် ။
“အမတော် မန်ဂါ ၊ ခင်ဗျားက ကောင်းကင်ဘုံ နတ် လက်နက် အင်ပါယာ ရဲ့ ဧကရီ ဘုရင်မ တစ်ပါး ဖြစ်တယ် ၊ ဒီလိုအရာမျိုးကို ဘာလို့ ကြောက်နေရတာတုန်း”
လျူမန်ဂါ ဒေါသတကြီးဖြင့် နှုတ်ခမ်းကိုက်လိုက်တယ်။ ချန်ရှန်ကို လည်း ဘာမှ ပြောမနေတော့ပဲ လျစ်လျူရှုထား လိုက်ပါတယ် ။ ဒီလိုအခြေအနေမျိုး ကို တောင် လှောင် ရယ်မောနိုင်တယ့် အတွက် သာမန်လူတော့ မဟုတ်ဘူး ဆို တာ သူမ တွေ့ ရှိသွားပါတယ် ။ သူမ ချီဓာတ်များသာ ရှိနေ မည် ဆိုပါက ဒီမော်တယ်ကမ္ဘာမှာ မည်သူ့ကို မျှ သူမအနေ နဲ့ ကြောက်ရွံ့ လိမ့်မည် မဟုတ်ပေ ။ ဒါပေမယ့် ယခုအခါ မှာ တော့ သူမအနေနဲ့ သူမ၏ အပြင်ဘက် ရုပ်ပိုင်းဆိုင်ရာ အင် အားကိုသာ အားပြုနေနိုင်တာ ဖြစ်ပါတယ် ။
ချန်ရှန် အမည်းရောင် အရာတစ်ခု ရိပ်ခနဲ မြင်လိုက်ရ တာကြောင့် ချက်ချင်းပင် ပြောလိုက်တယ် ။
“လာနေပြီ”
လျူမန်ဂါ ကာကွယ်နေရာမှ သူရှောင်ဖယ်ကာ ခြေ လှမ်း လှမ်းလိုက်ပါတယ် ။ မြေပေါ်သို့ မြွေတစ်ကောင် ကဲ့သို့ အရှေ့ ကို လျင်မြန်စွာ တိုးသွားပါတယ် ။ သူ၏ အမြန် နှုန်းဟာ အတော်ကို လျင်မြန်လှပြီး သူ၏ အရိပ်နှင့် သူနဲ့ ထပ်တူကို ကျနေပြီး တကယ်ကို မြွေတစ်ကောင်၏ ကိုယ် ထည်နှင့် တူလှပါတယ် ။
မျက်စိတစ်မှိတ် အတွင်းမှာပဲ ၊ ချန်ရှန် နှင့် အရိပ်မည်း တို့ဟာ တိုက်မိသွားပြီး လျူမန်ဂါ တစ်ယောက် ချန်ရှန် လျင် မြန်စွာပင် သူ၏ ဓားကို ဝှေ့ ယမ်းကာ အမည်းရောင် အရိပ် ကို ၂ ပိုင်းဖြတ်ပစ်လိုက်ပါတော့တယ် ။
“တော်တယ် ကောင်လေး ၊ မင်းက တစ်ကယ်ကို ကျွဲ တစ်ကောင်လိုပါလား”
ချန်ရှန် မြေကြီးပေါ်မှ ကြီးမားသော ကြွက်ကြီးအား ကြည့်ကာ ပြောလိုက်ပါတယ် ။
လျူမန်ဂါ အလျင်အမြန်ပင် ပြေးသွားကာ ချန်ရှန်ကို မေးလိုက်ပါတယ် ။
“မင်း အဆင်ပြေရဲ့ လား”
ချန်ရှန် ၏ လက်ထဲရှိ ဓားမှ သွေးများ တစက်စက်ကျ နေတာကို သူမ သတိထားမိသွားပြီး အတော်အံ့သြသွားပုံ ပါ ။ အဘယ်ကြောင့်ဆိုသော် ဓားဟာ သူမထင်ထားသည် ထက် ပိုမိုပင် ကြောက်မက်ဖွယ်ကောင်းသောကြောင့်ပါ ။
“ကျွန်တော် ကအေးဆေးပါ ၊ ဒါလား ကောင်းကင်ဘုံ ကြွက်မည်းဆိုတာ ၊ အတော် ပျော့တယ်”
ချန်ရှန် ရယ်မောကာ ပြောဆိုလိုက်ပါတယ် ။
အားနည်းတယ် တဲ့လား . . .
လျူမန်ဂါ အတော် အမြင်ကတ်သွားပါတယ် ။ ဒီလို ဓား ကြောင့်သာ မဟုတ်ရင် ချန်ရှန် ဒီလို လုပ်နိုင်မည် မထင်ပေ ၊ ဒီလို ကြွက်ကို မဆိုထားနှင့် အကာကွယ်ချပ်ဝတ် ရှိမည့် သားရဲတောင် ဒီဓားကို ခံနိုင်မည် မဟုတ်ပေ ။
“မင်းရဲ့ ချီဓာတ်ကို သုံးလို့ ရနေတာလား”
လျူမန်ဂါ သင်္ကာမကင်း မေးလိုက်ပါတယ် ။ ချန်ရှန် ၏ ပုံစံကို ကြည့်ရင်း ချီဓာတ်တော့ သုံးနိုင်မည် မဟုတ်ဟု သူ မ ခန့်မှန်း မိပါတယ် ။ သူမအံ့အားသင့်စေတာကတော့ ချီ ဓာတ် မရှိတာတောင် ချန်ရှန်ဟာ လေလို လျင်မြန်ပြီး ကြောက်မက်ဖွယ် အစွမ်း ရှိနေတာကြောင့်ပါ ။
“သုံးလို့ မရပါဘူး”
ချန်ရှန် ခေါင်းခါယမ်းကာ ဖြေလိုက်တယ် ။ ခုနက ပြု လုပ်သည့် အမြန်နှုန်းမှာ သူ့မှာ ဝိဉာဉ်တော် သွေးကြော များ မရှိသေးခင်က သူခက်ခက်ခဲခဲ လေ့ကျင့်ခဲ့ရသည့် သိုင်းစွမ်းရည် တစ်ခုပါ ။ သူ၏ ကိုယ်ကိုသာ အသုံးပြုလိုက် တာဖြစ်ပြီး လေ့ကျင့်ပါ များသော ကြောင့် ဒီလိုအဆင့်ကို လုပ်ဆောင်နိုင်တာပါ ။
“မင်း ဓားက . . .”
လျူမန်ဂါ ထိုသို့ပဲ ပြောရပါသေးတယ် ။ သူမ၏ အမူ အ ရာမှာ ပြောင်းလဲသွားပြီး နောက် ချန်ရှန် နောက်သို့ ခြေ ဆယ်လှမ်းခန့် ဆုတ်သွားပါတယ် ။ ထိုအချိန်မှာပဲ လှပ သော ရှည်လျားလှသည့် အဖြူရောင် လှံလိုအရာတစ်ခု သူမ ၏ လက်မှာ ရုတ်တရက် ပေါ်လာပါတယ် ။ ချန်ရှန် အ လွန်ပင် အံ့အားသင့်သွားပြီး လျူမန်ဂါဟာ အစွမ်းထက်ပုံ ရှိသည့် လှံကို အသုံးပြုလိုက်လို့ပါ ။
“အဖြူရောင်ကျောက်စိမ်းနဂါးရိုး ပဲ ၊ ထိပ်သီးအဆင့် နဂါးရိုးဟ”
လောင်ဆုရီ လေသံတီးတိုးဖြင့် ပြောဆိုလိုက်တယ် ။
ချန်ရှန် ဒီလိုခေါ်သည့် အရာကို တစ်ခါမျှ မကြားဖူးချေ ၊ ကြည့်ရသည်မှာတော့ အတော် အစွမ်းထက်မည့် ပုံပါပင် ။
“ဒါ အဖြူရောင်ကျောက်စိမ်း နဂါးရိုးလား”
ချန်ရှန် လှပလှသည့် ရှည်လျားသော လှံတံကို ကြည့် ကာ မေးလိုက်တယ် ။
“ကောင်လေး ၊ မင်းရဲ့ အမြင်အားက မဆိုးဘူး ၊ အခု အပိုတွေ ပြောနေဖို့ အချိန်မရှိဘူး ၊ ဒီမှာကြည့်”
လျူမန်ဂါ ရှေ့ မှ မြေကြီးကို သူ၏ လှံဖြင့် ညွှန်ပြလိုက် တယ် ။ မြေကြီးဟာ ဖြည်းညှင်းစွာ မြင့်တက်လာပြီး ပွင့် ထွက်သွားပါတော့တယ် ။ ထို့နောက်မှာတော့ ကျွဲလောက် ရှိသော မရေတွက်နိုင်သည့် ကြွက်ကြီးများစွာတို့ဟာ မြေ ကြီးပေါ်သို့ ခုန်တက်လာပါတော့တယ် ။ အနည်းဆုံး အ ကောင် တစ်သောင်းလောက် ရှိပါပေလိမ့်မည် ။
“ကြောက်စရာ ကြွက်တွေပါလား ၊ အရေအတွက်က လည်း . . .”
လျူမန်ဂါ ထိုမျှ လောက်သာ ပြောနိုင်ပါတယ် ။ ကြွက် အုပ်စုလိုက်ကြီး မြေကြီးပေါ်သို့ ခုန်တက်လာပုံမှာ ရေပန်း မှ ရေများ ဖွင့်ချလိုက်သလိုပါပဲ ။ ဒါကိုကြည့်ရင်း ချန်ရှန် ၏ မျက်လုံးများဟာ လိပ်ပြာလွင့် မလိုပင် ဖြစ်နေပါတယ် ။ အ ကောင် တစ်သောင်းလောက် ရှိသည့် ကြီးမားသော ကြွက် များကို မြင်ပါက မည်သူမဆို ထိုသို့ ခံစားရမည်သာပင် ။
“ငယ်ရွယ်စဉ်ထဲက ဒီလို ကြွက်တွေဟာ အသားပဲ စား လာကြတာ ။ ဝိဉာဉ်တော် ချီဓာတ်များကိုလည်း စုပ်ယူ နိုင်တဲ့အတွက် ၎င်းတို့ဟာ အဆင့် ၃ သားရဲတွေဖြစ်ပြီး သူ တို့ အဆင့်ဟာ လည်း အဆင့် ၃ စစ်မှန်သော ပညာရှင်နဲ့ အတူတူပဲ”
လျူမန်ဂါ နောက်သို့ တဖြည်းဖြည်း ဆုတ်ရင်း ပြော ပါ တယ် ။ သူမ၏ အသံဟာ တည်ငြိမ်နေပေမယ့် ရင်ထဲမှာ တော့ အတော်ကို လန့်နေပါပြီ ။ ဒီကြွက်တွေသာ သူတို့ကို မိပါက ဘယ်လိုမျှ လွတ်မြောက်နိုင်မည် မဟုတ်ပေ ။
“ဆရာရေ ၊ ကျွန်တော့ကို ဒုက္ခပေးတာပဲ ၊ ဘာလို့ ကြွက်တွေ နဲ့ တွေ့ စေရတာလဲဗျာ”
ချန်ရှန် စိတ်ထဲမှ ကျိန်ဆဲလိုက်မိတယ် ။ သူ့ဆရာ ပြော စကားအတိုင်း ရေစုန်သို့ လာခဲ့ခြင်းကြောင့်ပါ ။
ရေလမ်းကြောင်း. . .
ချန်ရှန် ရုတ်တရက် အကြံတစ်ခု လျပ် တပြတ် ရသွားပါတယ် ။
“အမတော် မန်ဂါ ၊ ခင်ဗျားမှာ ရေပေါ်ပေါ်နိုင်တယ့် ပစ္စည်း တစ်ခုခု ပါလား ၊ မပါရင် ကျွန်တော်တို့ ရေကူးရမှာ”
ချန်ရှန် ပြောလိုက်ပါတယ် ။
“ပါတယ်”
လျူမန်ဂါ သူ၏ သိမ်ဆည်းရာ လက်စွပ်လေးထဲမှ သေးငယ်သော လှေလေး ကိုထုတ်လိုက်ကာ ရေထဲ ပစ်လိုက်ပါတယ် ။ ထို့နောက်မှာတော့ လျင်မြန်စွာပင် ၎င်းတို့ ၂ဦးလုံး လှေပေါ် ခုန်တက်ကာ တစ်ချိန်ထဲမှာပင် ကြွက်ကြီးများဟာလည်း တောင်ပေါ်မှ မြေပြိုကျလာသလို လေထဲသို့ ခုန် ဆင်း လာကြပါတော့တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset