Chapter – 164 ဝိဉာဉ်တော်ကမ္ဘာယဉ်ကျေးမှု
ချန်ရှန် ထုတ်ပြလိုက်တယ့် စာရွက်ဟာ အရင် သူရရှိခဲ့ သော လက်နက်ပြုလုပ်နည်း စာရွက်မှ အပိုင်းစတချို့ ဖြစ်ပါ တယ် ။ စုမေးယို နဲ့ ဘိုင်ယုယု တို့ဟာ အဆိုပါ လက်နက် ပြုလုပ်နည်းကို ရရှိတုန်းက အလွန်ပင် ပျော်ရွှင်ခဲ့ကြတာပါ ။ သူမတို့ဟာ အဆိုပါ ပညာရပ်မှာ မကျွမ်းကျင်ပေမယ့် ယခု စာရွက်မှာ ပါဝင်သော ဝိဉာဉ်တော် သွေးကြောများ မှာ အလွန်ပင် ရှားပါးပြီး အစွမ်းထက်မယ် ဆိုတာ ကြိုသိကြ ပါတယ် ။ လောင်ဆုရီ နဲ့ တွေ့ ဆုံပြီးနောက်မှာတော့ ဒီ အ ချက်ဟာ မှန်ကန်နေတယ်ဆိုတာကို ချန်ရှန် သိလိုက်ရပါ တယ် ။
ဒါ့အပြင် ယခု လျူမန်ဂါ၏ အာသာငန်းငန်း လိုချင်နေပုံ ကို ကြည့်ခြင်းဖြင့် ယခု ဝိဉာဉ်တော် သွေးကြောများဟာ အစွမ်းထက်မှာ သေချာသလောက်ပါပင် ။
ချန်ရှန် ရေသံကြားရာဆီသို့ လျှောက်သွားပြီး လျူမန်ဂါ မှာတော့ ချန်ရှန်အား အဆိုပါ ဝိဉာဉ်တော်သွေးကြောများ အကြောင်း မေးချင်ဟန် ဖြင့် အနားမှာ နီးကပ်စွာ လျှောက် နေတယ် ။ မေးသော်လည်း သူမမေးမြန်းသမျှအား ချန်ရှန် မှ ရယ်မောကာဖြင့် အာရုံမစိုက်သောကြောင့် လျူမန်ဂါ တစ်ယောက် ဒေါသများထွက်ကာ အံတကြိတ်ကြိတ်ပါပဲ ။
နောက်ဆုံးတော့ ၎င်းတို့ မြစ်ကမ်းခြေ လိုမျိုးကို ရောက် လာပါပြီ ။ အတော်အတန်ကျယ်သော မြစ်ကြီးပါပဲ သန့်ရှင်း ကာ အေးမြလှပြီး ချန်ရှန် မျက်နာဆင်းသစ်ပါတယ် ။
“ဒီဝိဉာဉ်တော်အကြောတွေကို မင်းဆွဲခဲ့တာလား”
လျူမန်ဂါ ထပ်မေးပြန်တယ် ။ သူမမျက်နာမှာ သိချင် စိတ် အတော် ပြင်းထန်နေပုံရပြီး လမ်းတစ်လျှောက်လုံးမှာ လည်း သူမဟာ ထိုကဲ့သို့သော မေးခွန်းများကိုသာ ထပ် တလဲလဲ မေးမြန်းခဲ့တာ ဖြစ်ပါတယ် ။ သို့သော်လည်း ချန်ရှန် ကတော့ သူမမေးသမျှကို လျစ်လျူရှုကာ ဝေ့လည် ကြောင်ပတ် သာ လုပ်နေပါတယ် ။ ဒါကိုပင် သူမအနေဖြင့် အတော် အခံရခက်နေပုံပါ ။
ချန်ရှန် နောက်ဆုံးမှာတော့ ပြုံးကာဖြင့် –
“ဟုတ်တယ် ကျွန်တော်ဆွဲတာ”
“ဘယ်သူ သင်ပေးတာလဲ”
လျူမန်ဂါ အလျင်အမြန်ပင် မေးလိုက်ပါတယ် ။ ချန်ရှန် ဆီမှ အဖြေ စကားကို သိချင်စွာ စောင့်မျှော်နေလျက်ပါ ။
“ကျွန်တော် စာအုပ်တစ်အုပ် ကောက်ရတယ် ၊ အဲဒိ အထဲမှာ ဒီလို အကြောတွေ များစွာ ပါဝင်တယ် ။ လက်နက် ပြုလုပ်နည်း အမျိုးမျိုးလည်း ပါသေးတယ်လေ ။ အဲဒါနဲ့ အကြံ ရပြီး ကိုယ့်ဟာကိုယ် လုပ်လိုက်တာပဲ”
ချန်ရှန် စဉ်းစဉ်းစားစား ဖြင့် ပြောလိုက်တယ် ။
လျူမန်ဂါ အတော် အံ့အားသင့်သွားပါတယ် ။ အလိုကျ သွားပုံဖြစ်သွားပြီး ချက်ချင်းပင် နှုတ်ခမ်းစူသွားတယ် ။ ၀မ်း နည်းပုံပေါက်သွားကာ သွားပါတယ် ။ အဘယ်ကြောင့် ဆို သော် ချန်ရှန် ဆီမှ အကျိုးအမြတ် ယူဖို့ ဆိုတာ တကယ် မလွယ်ဘူးဆိုတာ သူမသိနေတယ် ။ ခုနတုန်းက သူမဟာ ချန်ရှန် ၏ တောင်းဆိုမှုကို ငြင်းပယ်လိုက်မိခဲ့သည့် အတွက် သူမကိုယ်သူမ ပင် ကျိန်ဆဲလိုက်မိပါတယ် ။
“အရင်ကတော့ ကျွန်တော့်ကို သင်ပေးဖို့ ခင်ဗျားကို မေး ခဲ့တယ် ။ အမလေးလေးး မေ့လိုက်တော့ ၊ ကျွန်တော့် အပေါ် မစူးစမ်း မလေ့လာပဲ အထင်သေးရမယ်လို့ ခင်ဗျား ကို ဘယ်သူများ ပြောလိုက်သလဲ”
ချန်ရှန် စိတ်ပျက်ဟန် ဖြင့် ပြောလိုက်ပါတယ် ။ ထို့ နောက် မှာတော့ ရေစုန်အတိုင်း လျှောက်သွားပါတော့ တယ် ။
လျူမန်ဂါ သူ့နောက်မှ လိုက်လာတယ် ။ သူမ တခဏ ကြာမျှ စဉ်းစားလိုက်ပြီးနောက် နှုတ်ခမ်းကို ကိုက်ကာဖြင့် ပြောပါတယ် ။
“အိုကေ ၊ ငါမင်းကို ခုနက နားလည်မှုတွေ လွဲခဲ့တာပါ ၊ ဒါပေမယ့် မင်ကို ငါ တကယ်မမုန်းဘူးဆိုတာ မင်းသိသင့် တယ် ။ ငါ့ကို စော်ကားဖို့ မင်းကို ဘယ်သူများ ပြောထား တာလဲ”
လျူမန်ဂါ သူမ၏ နာမည်လိုပင် ငယ်ရွယ်သော မိန်းမပျို ကဲ့သို့ ချစ်စဖွယ် အပြောင်းအလဲ မြန်သွားမှုကို ချန်ရှန် အ တော် ပင် အံ့သြသွားတယ် ။
“ကျွန်တော် ခင်ဗျားကို အမတော် မန်ဂါလို့ ခေါ်ပြီး တည်း က နောက်နေတာပါ”
ချန်ရှန် ရယ်မောကာ ပြောလိုက်တယ် ။
“ဆေးဆရာမကြီးက မူလက ကျွန်တော့ကို အတော် မုန်းတာဗျ ၊ ဒါပေမယ့် အခုတော့ ဟဲဟဲ ၊ ကျွန်တော့ ဦး ဆောင်မှု ပဲ လိုက်ရတယ့်လူ လို ဖြစ်နေပြီ”
“ဟက် ၊ အဲဒိတော့ အခု ငါကလည်း မင်းနောက်လိုက် ရ မယ်ပေါ့”
လျူမန်ဂါ ခပ်လှောင်လှောင် ပြောလိုက်တယ် ။
“ဒီလိုတော့ မဟုတ်ပါဘူး ၊ အမတော် မန်ဂါ သာ ရှန်း ရှန်း ဆရာ မဟုတ်ရင် တော့ တမျိုးပေါ့ ၊ ရှန်းရှန်း အပေါ် ကောင်း ဖို့ လိုတယ်လေ”
ချန်ရှန် ပြုံးကာ ပြောလိုက်ပါတယ် ။
“ခုနက ဖြစ်ခဲ့တယ့် စိတ်ရှုပ်စရာ ကိစ္စတွေ မဖြစ်ခဲ့ဘူး ပဲ သဘောထားလိုက်ပါဗျာ”
ဒီလို ပြိုင်ဖက်ကင်း ဆရာမကြီး တစ်ဦးနှင့် ငြိမ်းချမ်းရေး ရခြင်းဟာ ချန်ရှန် အဖို့ ကျေနပ်စရာပါ ။ လျူမန်ဂါ နှင့် ဆိုး ရွားသော ဆက်ဆံရေးမျိုး သူလုံးဝ မလိုချင်ပါပေ ။ ယခုလို သူမ နှင့် အတူသွားလာရခြင်းဟာလည်း မဆိုးလှပါ ။ အနည်း ဆုံးတော့ သူမ၏ အလှအပကို အနီးကပ် မြင်တွေ့ ရသည် မဟုတ်ပါလား ။
ချန်ရှန် သူ၏ လက်နက် ပြုလုပ်နည်း ထဲမှ ပထမဆုံး ၁၀ ရွက်ကို ထုတ်လိုက်ပါတယ် ။ စာအုပ်အရ ဒါတွေဟာ အခြေခံ အကျဆုံး ပိုင်းတွေပါ ။ ယခု ၁၀ ခုမှ ဝိဉာဉ်တော် သွေးကြောများကိုသာ သေချာနားလည်သွားမည် ဆိုပါက လက်နက်ပြုလုပ်နည်းထဲမှ အထူးကောင်းမွန်သော လက် နက်ကို စတင်ပြုလုပ်နိုင်မည် ဖြစ်ပါတယ် ။
လျူမန်ဂါ အလျင်အမြန်ပင် ထို အချပ် ၁၀ ခုအား ယူ ကာ ခြေလှမ်းများ ရပ်တန့်လိုက်ပြီး ကြည့်ပါတယ် ။ သူမ ၏ ရင့်ကျက်လှသော မျက်နာမှာ ကျေနပ်ပုံ ပေါ်သွားပြီး ပီတိ ဖြစ်သွားပုံမှာ သူမကို ပိုမို လှပပြီး ချစ်စဖွယ် ကောင်းသွားပါ တယ် ။
ချန်ရှန် မှာလည်း ထိုကဲ့သို့သော မြင်ကွင်းကို မြင်တွေ့ နေရသောကြောင့် ချက်ချင်းပင် သူ၏ လက်များဖြင့် ထို မျက်နှာလေးအား ထိကိုင်ချင်စိတ်ပင် ပေါက်နေပါတယ် ။
“အမတော် မန်ဂါ ၊ အခု မကြည့်နေနဲ့ ၊ ခင်ဗျား အင်ပါ ယာကို ပြန်ရောက်တယ့် အခါမှ အေးဆေးကြည့် ၊ ကျွန်တော် လျို့ ဝှက်ဆန်းကြယ်နယ်ပယ်ထဲ ၀င်ပြီး ချပ်ဝတ် ကို ရှာရဦးမယ် ၊ ကျွန်တော်တို့ အချိန်မရှိဘူး”
ချန်ရှန် လောလိုက်တယ် ။
လျူမန်ဂါ သူ၏ စကားများကို ကြားပုံမပေါ်ပဲ သူမ ၏ မျက်လုံးများမှာ လက်ထဲရှိ ဝိဉာဉ်တော် အကြောများ ပါ ၀င်သည့် အချပ်များကိုသာ စိုက်ကြည့်လျက် ရှိနေတယ် ။ သူမ၏ ဦးနှောက်ကိုလည်း တော်တော် အလုပ်ပေးနေပုံရ ပြီး ယခု အကြောများအား လျင်မြန်စွာ တွက်ချက် စစ်ဆေး နေပုံပါပဲ ။
လျူမန်ဂါ၏ အသည်းသန် ဖြစ်နေပုံကို ကြည့်ရင်း ၊ ချန်ရှန် သူ၏ လက်ကို ဆန့်ထုတ်ကာဖြင့် သူမ၏ ပါးမို့မို့ ကို ကိုင်လိုက်တယ် ။ သူ့လက်မှာ နွေးထွေးသလို ခံစားလိုက် ရပြီး လှပလှသည့် ရတနာ တစ်ခုကို ထိတွေ့ လိုက်ရသည့် အလား ချောမွေ့ လှပါတယ်။ ဒီလို ထိတွေ့ ဖို့ သူ့ကိုယ်သူ ဘယ်လို သတ္တိများ ရလာသလဲ ဟု စဉ်းစားမရအောင်ပင် ဖြစ်နေပါတော့တယ် ။
ချန်ရှန် ထိလိုက်စဉ်မှာပဲ လျူမန်ဂါ သူ၏ လက်ကောက် ၀တ်ကို ကိုင်ကာဖြင့် အံ့သြတကြီး မေးလိုက်တယ် ။
“မင်းဘာလုပ်တာလဲ”
ချန်ရှန် အသိပြန်ဝင်လာပြီး အံ့သြသွားမိတယ် ။ ချက် ချင်းပင် ပြုံးကာဖြင့် –
“အမတော် မန်ဂါ ၊ ခင်ဗျားမျက်နာမှာ ညစ်ပတ်နေလို့ ၊ ကူ ပြီး သုတ်ပေးတာပါ ။ အခု ခင်ဗျားကြည့်နေတာကနေ တစ်ခုခု ရှာတွေ့ ပြီလား ။ ကျွန်တော်တော့ လေ့လာနေတာ ကြာပြီ ဒါပေမယ့် ဘာမျှ နားမလည်ဘူး ဖြစ်နေတယ်”
လျူမန်ဂါလည်း စိတ်လှုပ်ရှားဟန်ဖြင့် –
“ဒီ ဝိဉာဉ်တော် သွေးကြောတွေဟာ အတော်ပဲ ရှုပ် ထွေးတယ် ။ အကုန်လုံးက အဆင့်မြင့် သွေးကြောတွေပဲ ၊ ဒါတွေက ဒီ မော်တယ် ကမ္ဘာက မဟုတ်ဘူးကွ ၊ တခြား ကမ္ဘာက လာတယ်လို့ ငါထင်တာပဲ ၊ မင်းသိသင့်တာက ကောင်းကင်ဘုံ အောက်မှာ ငါတို့ မော်တယ် ကမ္ဘာ တစ်ခု ပဲ ရှိနေတာ မဟုတ်ဘူး ။ ငါတို့ထက်ကို ယဉ်ကျေးမှုတွေ ထွန်းကားတယ့် မော်တယ်ကမ္ဘာတွေ များစွာ ရှိနေသေး တယ် ။ ဒါပေမယ့် ဒီလို ကမ္ဘာ တစ်ခုကနေ တစ်ခုကို သွား ဖို့ဆိုတာ အရမ်းကို ခက်ခဲတယ် ။ မင်းက သူတို့ကမ္ဘာ က တစ်ခုခုကို ရထားတယ် ဆိုတာ အတော်ကို ကောင်းတာပဲ”
ချန်ရှန် တမျိုးပြောင်းစဉ်းစားမိပြန်တယ် ။ သူသာ တခြား ကမ္ဘာက ဆေးပညာကို ရရှိပါက အတော်ပင် သူ၏ ဆေးပညာအစွမ်းကို တိုးတက်သွားစေမှာပါ ။ ဆေးဖော်စပ် နည်းနှင့် ဆေးပင်တွေ ရရှိဖို့ကတော့ အတော်ကို ခက်ခဲပေ လိ့မ်မည် ။
“အမတော် မန်ဂါ ၊ မြန်မြန်လုပ်ကြစို့ ၊ အမည်းရောင် လိပ် ချပ်ဝတ်ကို မြန်မြန်ရှာဖို့ လိုတယ်ဗျ”
ချန်ရှန် ပြန်ပြောလိုက်ပါတယ် ။
လျူမန်ဂါလည်း ထို အချပ်ပြား ၁၀ ချပ်ကိုသေချာစွာ ပင် ရတနာများအလား သိမ်းလိုက်ပါတယ် ။ ချန်ရှန် ဆီမှ လက်နက် ပြုလုပ်နည်း စာအုပ်ကို ရရှိရန် မဖြစ်နိုင်မှန်း သူမ သိသော်လည်း ယခု ၁၀ ချပ်ဖြင့်ပင် သူမကို အချိန် တစ်ခုထိ ဆွဲဆောင်နိင်ဦးမှာ ဖြစ်ပါတယ် ။
လျူမန်ဂါ သူမ၏ ပါးကို ကိုင်ကာဖြင့် ခပ်တိုးတိုး ပြောပါ တယ် ။
“ကောင်စုတ်လေး ၊ မင်း ငါ့ကို အခွင့်ကောင်း ယူရဲတယ် ပေါ့ ၊ ခုနကတော့ အပေါ်ကပြုတ်ကျလို့ မလွှဲမရှောင်သာ ဖြစ်သွားတာ ၊ ထားလိုက်တော့ ၊ အခုကကျ မင်းက တကယ် ကိုပဲ ဟမ် . . . ဟမ်”
ချန်ရှန် ရယ်မောကာဖြင့် –
“အမတော် မန်ဂါ ၊ နောင်မှာ အမတော် လုပ်တယ့် လုပ် ငန်းတွေမှာ ကျွန်တော့ကို ပြောတာ ပိုကောင်းမယ် ။ ဒီ အချပ် ၁၀ ချပ် က လက်နက် လုပ်တယ့် နည်းလမ်းကို စ တင် မသင်ကြားနိုင်သေးတဲ့အချိန်မှာ လေ့လာသင့်တဲ့ အရာပဲ”
လျူမန်ဂါဟာ လက်နက်ပြုလုပ်တယ့် နေရာမှာ သူမ၏ တစ်စို့ တယ့် အခြေအနေကို ရောက်ရှိနေတာပါ ။ ယခု သူ ဒီလို အချပ် ၁၀ ခုကို ရလိုက်ရတာဟာ ရတနာ တွေ့ သလို ပါပဲ ။ ချန်ရှန် သူမအပေါ် အမြတ်ထုတ်ခြင်းကို ရေကြီးခွင် ကျယ် ကိစ္စ သိပ်မလုပ်တော့ဟု ဆုံးဖြတ်လိုက်ပါတယ် ။
“အန်းး ၊ ဒီဝိဉာဉ်တော် သွေးကြောတွေကို မင်းကို သင်ပေးဖို့ စောင့်ဦး ၊ နောက်ပြီးရင် ငါမင်းကို လက်နက် လုပ် နည်းလည်း သင်ပေးပါ့မယ် ။ ဒီအတော်အတွင်း ဒီ ဝိဉာဉ်တော် သွေးကြောတွေနဲ့ အကျွမ်းတ၀င်ရှိအောင် နေ သင့်တယ်”
လျူမန်ဂါ သူမ ခေါင်းကို ညိမ့်ကာဖြင့် ပြောပါတယ် ။ သူမ၏ အသံမှာလည်း နွေးထွေးနေသလိုပါပဲ ။
“အမတော် မန်ဂါ ၊ ဒီမှာ ဖြစ်ပျက်ခဲ့တာတွေကို ရှန်းရှန်း ကို လုးံဝ မပြောပါနဲ့ ၊ ဒီလိုမှ မဟုတ်ရင် ကျွန်တော့ကို သူ စိတ်ပျက်သွားလိမ့်မယ်”
ချန်ရှန် ပြုံးလျက် ပြောလိုက်ပါတယ် ။
“ဟက်ဟက် ၊ မင်းစိတ်ချပါ ၊ ငါသူ့ကို ပြောမယ် ဆိုရင် တောင် ငါ့အပေါ်ပါ သက်ရောက်မှု ရှိလိ့မ်မယ်”
လျူမန်ဂါ ခုနက ဖြစ်ပျက်ခဲ့တာများကို ပြန်တွေးမိရင်း ဒေါသ ထွက်ကာ ပြောဆိုပါတယ် ။
“မင်း လမ်း သိလား”
“သိမယ် ထင်တာပဲ”
ချန်ရှန် ခေါင်းညိမ့်ကာ ပြောဆိုတယ် ။
“မင်း ဘာကို ဆိုလိုတာလဲ”
လျူမန်ဂါ သူမ၏ မျက်ခုံးများအား အနည်းငယ် ရှု့ံကာ ပြောဆိုပါတယ် ။
“သွားစို့”
ချန်ရှန် သူ၏ နှုတ်ခမ်းများအား ကွေးကာ ပြောဆိုပါ တယ် ။ သူ့ ဆရာ လူထူးဆန်းကြီး ပြောခဲ့သော စကားများ မှန်မမှန် ဆို တာ သူ့ကိုယ်သူ သိပ်တော့မသေချာ ဖြစ်နေပါ တော့တယ် . . . ။