Chapter – 163 ဝိဉာဉ်တော်သွေးကြောများ၏ဖမ်းစားမှု
နာရီဝက်လောက် ကြာပြီးနောက်မှာတော့ လျူမန်ဂါ လှုပ်ရှားလာနိုင်တယ် ။ သူမ၏ ချီဓာတ်များကို အသုံးမပြု မ ရသေးသော်လည်း သူမ၏ စွမ်းအင်သိုလှောင်ရာမှာ ချီဓာတ်များ ရှိနေတာကိုတော့ မြင်နေရပါတယ် ။ ပြင်းထန် လှသော စွမ်းအားကြီး တစ်ခုက သူမ၏ ချီဓာတ်များကို အသုံးပြုမရအောင် ဖိနှိပ်ထားသလို ဖြစ်နေတာပါ ။
ဒါကြောင့်ပဲ လျူမန်ဂါမှာ ဧကရီ သခင်မ ဆိုတယ့် ဟန် ပန် ပျောက်ဆုံးသွားကာ ချန်ရှန် ကို စူးစူးရှရှ ကြည့်ပြီး မေး လိုက်တယ် ။
“ဒီလိုအခြေအနေမှာ မင်းက ချပ်ဝတ်ကို သွားရှာချင် တုန်းပဲလား ၊ မင်းက ဘာလို့ ငါ့ထက် စွမ်းအင်ပြန်ရတာ ဘာ လို့ ပိုမြန်နေရတာလဲ”
ချန်ရှန် ၏ ခန္ဓာကိုယ်ဟာ အရမ်းကို သန်မာနေတာကို သူမ သိနေတယ် ။ ဒါပေမယ့် လည်း သူမလောက်တော့ မ သန်မာပါဘူး ။ နောက်ပြီး သူမဟာ ချန်ဝူ နယ်မြေကြီး တစ် ခုလုံးရဲ့ ထိပ်သီးနေရာတစ်ခုမှာ နှစ်များစွာ ရပ်တည်ခဲ့သူ မဟုတ်ပါလား ။
ချန်ရှန် ခပ်ဖျော့ဖျော့ ပြုံးလိုက်ပါတယ် ။ ခုနက အဖြစ် အပျက်အားလုံး ဘာမျှ မဖြစ်ပျက်ခဲ့သလိုပင် –
“ဟဲဟဲ ၊ ခင်ဗျားကိုယ်က ကျွန်တော့ထက် အများကြီး ပို သန်မာနေလိမ့်မယ် ဒါပေမယ့် ကျွန်တော့ကိုယ်က အထူး ပြုလုပ်ချက်တွေနဲ့ သန့်စင်ထားတာဗျ”
ချန်ရှန် ဟာ သူ၏ ကိုယ်အား ထာဝရ နတ်မိစ္ဆာ ရေကန် မှာ သမအောင် သန့်စင်ထားပြီး နဂါးသွေးဆေးကိုလည်း စားသုံးထားသူ ပါ ။ ဒါကြောင့်ပဲ သူ၏ ကိုယ်ဟာ အားအင် များကို လျင်မြန်စွာ ပြန်လည်ပြည့်ဖြိုးစေတယ့် အစွမ်းသတ္တိ ရှိနေတယ် ။ သူတို့ ၂ ယောက်လုံး အမည်းရောင်လိပ် လျို့ ၀ှက်ဆန်းကြယ် နယ်ပယ် ထဲမှ စုပ်ယူလိုက်ခြင်း ခံလိုက်ရ ပြီး သူတို့၏ အားများဟာ ပျောက်ကွယ်သလို ဖြစ်သွားရ ကာ ခြေကုန်လက်ပန်းကျသလို ခံစားသွားကြရတယ် ။ ဒါပေမယ့် ချန်ရှန် ၏ ခန္ဓာကိုယ်မှာတော့ လျင်မြန်စွာပင် ပြန် လည် ပြည့်ဖြိုးလာခဲ့ရတယ် ။
လျူမန်ဂါ မတ်တပ်ရပ်လိုက်တယ် ။ သူမတစ်ကိုယ်လုံး အလွန်အားနည်းနေပြီး လမ်းလျှောက်နိုင်ရုံမျှသာ ဖြစ်နေပါ တယ် ။ ချန်ရှန်ကတော့ သွတ်လတ် ဖျတ်လတ်လို့ နေပါ တယ် ။ ချန်ရှန်သာ သူမကို တစ်ခုခု လုပ်မည်ဆိုပါက သူမ ခုခံနိုင်စွမ်းရှိမည် မထင်ပါချေ ။ ဒါကိုတခါ ပြန်လည် စဉ်းစား မိပြီးနောက် သူမ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားပြန်ပါတယ် ။ သို့ သော်လည်း ချန်ရှန် မှာ သူမကို တစ်စက်လေးတောင် စိတ် ၀င်စားမှု မရှိတာကို မြင်ရသည့်အတွက် ချန်ရှန်ကို သဘောကျ သွားပါတော့တယ် ။ တချိန်တည်းမှာပဲ သူမ စိတ် ပျက်သွားမိတာကတော့ သူမလို ထိပ်သီးပညာရှင်က ချန်ရှန်လို မှင်စာလေးလောက်ပင် မသန်မာ ဖြစ်နေတာကို ခံစားရလို့ပါပဲ ။
“စားလိုက်”
ချန်ရှန် သူမထံသို့ သေတ္တာလေးတစ်လုံးကို ပစ်ပေးပါ တယ် ။ အထဲမှာတော့ ကိုယ်ငြိမ်းဆေး အများအပြား ရှိနေ ပြီး –
“ကျွန်တော်ကတော့ ချပ်ဝတ်ကို မရရအောင် သွားရှာ မှာပဲ ၊ ခရီးလမ်းကတော့ အန္တရာယ်အပြည့်ပေါ့ ၊ ခင်ဗျား လိုက်မှာလား ၊ ကျွန်တော်တို့ အစွမ်းဟာ အတော်ကွာပေမဲ့ အခုတော့ ဒီလိုပြောဖို့ ခက်တယ်”
“ဟက် ၊ သိပ်ဂုဏ်ယူမနေပါနဲ့ ၊ ငါတို့ အပြင်ပိုင်း က စွမ်း အားကို ပြိုင်မယ်ဆိုရင် မင်းကို သေချာပေါက် ငါမရှုံးပါဘူး၊ ချန်ဝူနယ်မြေကြီး တစ်ခုလုံးမှာ လူနည်းနည်းလေးသာ ငါ နဲ့ ယှဉ်နိုင်တယ်ကွ”
လျူမန်ဂါ ခပ်လှောင်လှောင်လေး ပြောလိုက်ပါတယ် ။
“ငါရှန်းရှန် ကို ကတိပေးခဲ့တယ် ၊ မင်းဘာမှ မဖြစ်စေရ ဘူး လို့လေ ၊ မင်းနဲ့လိုက်မယ်”
ချန်ရှန် ခပ်လှောင်လှောင်လေး ပြုံးကာ ခုနလို ကောက် ကျစ်တယ့် ပုံပေါ်သွားပြန်ပါတယ် ။
“ခုနကပဲ ၊ ကျွန်တော် ခင်ဗျား အ၀တ်တွေ အကုန်လုံး ကို ချွတ်မှာ မစိုးရိမ်ခဲ့ဘူးလား ၊ ခင်ဗျား ချီဓာတ်တွေကို အသုံးမပြုနိုင်တာကို သဘောပေါက်ပြီးနောက် ခင်ဗျား အ တော် လန့်နေတယ်လေ ။ သရဲမြင်သလိုကို လန့်နေတာ”
လျူမန်ဂါ ခပ်တိုးတိုး လှောင်သံထွက်လာတယ် ။ ခုနက ချန်ရှန်သူ့ကို ပြောဆိုခြင်းများဟာ သူမကို စနေခြင်း ဖြစ်တာကြောင့် ကျေးဇူးတင်စရာမလိုဟု ထင်နေခြင်း ဖြစ် ပါတယ် ။
ချန်ရှန် မျက်နာထားတင်းတင်းဖြင့် –
“အမတော် မန်ဂါ ၊ ကျွန်တော် အရင်ပြောပါရစေဦး ၊ အခု အမည်းရောင် လိပ်ချပ်ဝတ်ဟာ ကျွန်တော့ဟာနော် ၊ ကျွန်တော်တို့ တွေ့ တယ့် အချိန်ရောက်ရင် ခင်ဗျား လုယူ နိုင်မှာ မဟုတ်ဘူး”
“မင်း လုပ်နိုင်ရင် ယူသွားလေ ၊ ဒီပစ္စည်းက ရဖို့ မလွယ် ဘူးကွ ၊ ဒီလိုမှ မဟုတ်ရင် ဟွမ်ဂျိရှန် က မင်းတို့ ဂိုဏ်းကို ယူ လာပြီးတာ ကြာပေါ့”
လျူမန်ဂါ ခပ်တည်တည်ပဲ ပြောလိုက်ပါတယ် ။
ချန်ရှန် ပတ်ပတ်လည်ကို ကြည့်နေတယ် ။သူတို့ ဟာ ကျောက်တုံးပုံများကြား ကျလာတာကို သူတွေ့ သွားတယ်။ မိုးကောင်းကင်ကြီးမှာ တိမ်မဲများဖြင့် ဖုံးအုပ်ကာ အလင်းရောင် ပျောက်လျက် ရှိတယ် ။ လက်ရှိမှာ လျို့ ဝှက် ဆန်းကြယ်နယ်ပယ် မှာ ည ရောက်နေတာပါ ။
“ခင်ဗျား ဒီကို အရင်က လာဖူးလား”
ချန်ရှန် မေးလိုက်ပါတယ် ။
“ငါအရင် ကတစ်ခေါက် လာဖူးတယ် ။ အဲဒိတုန်းက ငါက စစ်မှန်တယ့် သိုင်းပညာရှင် အဆင့်ပဲ ရှိသေးတယ် ၊ဒါ ပေမယ့် ဒီလို ချီဓာတ်တွေကို ဖိနှိပ်ထားတဲ့ အစွမ်းမျုိး မခံစား ခဲ့ရဘူး”
လျူမန်ဂါ ကိုယ်ငြိမ်းဆေးအား ဝါးစားလျက် ပြောပါ တယ် ။ ဆေးလုံးများအား ဝါးစားနေပုံမှာ ကြည့်ကောင်း လှ တာကြောင့် ချန်ရှန် ပြုံးလိုက်မိတယ် ။
“ဟက်ဟက် ၊ မင်းသာ ရှန်းရှန်း ရဲ့ ကောင်လေး မဟုတ် ရင် မင်းတော့ သေနေတာကြာပြီ ၊ ငါ့ သည်းခံမှုက အတိုင်း အတာ ရှိတယ်ကွ”
လျူမန်ဂါ ရုတ်တရက် ဒေါသထွက်သွားပုံပါ ။ သူမဟာ နတ်လက်နက် အင်ပါယာ၏ ဧကရီ တစ်ဦးဖြစ်ပြီး ယနေ့ မှာမှ သူမဟာ အသက် ၂၀ ကောင်လေး၏ စော်ကားခြင်း ကို ခံရသလို ခံစားနေရတယ် ။
“အမတော် မန်ဂါ ၊ ခင်ဗျား အခု ကျွန်တော့်ကို မုန်းနေ တာလား”
ချန်ရှန် မေးလိုက်တယ် ။ သူ၏ လက်ကို မြေကြီးကိုထိ ကာ စစ်ဆေးရင်း ဘာဆက်လုပ်ရမှန်း မသိ ဖြစ်နေတယ် ။
“ဟက် ၊ မင်းသိပြီးသား အဖြေကို မင်းက မေးနေတာပဲ ၊ ဘာလို့ မေးနေသေးလဲ ၊ အရင်ကတော့ မင်းအပေါ် အတော် အထင်ကြီးမိခဲ့တယ် ။ အခုတော့ ဟက် ဟက်”
လျူမန်ဂါ လှည့်ပတ်ကြည့်နေတယ် ။သူမ၏ နတ်တွင်း အား အာရုံများကို ဖြန့်ကျက်ကာ ဖြင့် သူမ ဘယ်သွားရ မလဲ ဆိုတာကို ရှာနေပုံပါ ။
“အလိုလေး ၊ ကြည့်ရတာ ကျွန်တော့ အစီအစဉ်တော့ ပျက်ပြီ ထင်တယ်”
ချန်ရှန် သက်ပြင်းချလိုက်တယ် ။ ထိုအချိန်မှာ ရေစီးသံ ခပ်တိုးတိုးကို သူကြားလိုက်ရပြီး စမ်းချောင်း တစ်ခု မှ ဖြစ် နိုင်ပါတယ် ။ အစောပိုင်းက ဟွမ်ဂျိရှန် ပြောစကားအရ စမ်း ချောင်း ရေစုန်အတိုင်း ချပ်ဝတ်ကို ရှာရမည် ဖြစ်တယ် ။
“ဘာအစီအစဉ်လဲ”
လျူမန်ဂါ သိချင်စိတ်ပြင်းပြစွာ မေးလိုက်တယ် ။ သူမ လည်း ထိုရေစီးသံကို ကြားရတယ်လေ ။
ချန်ရှန် က သက်ပြင်းချကာ –
“ဘာလို့လဲ ဆိုတော့ ခင်ဗျားက ကျွန်တော့ကို မုန်းနေ တယ် လေ ၊ လက်နက် ဘယ်လိုလုပ်လဲ သင်ပေးမှာ မဟုတ် တော့ ဘူးပေါ့ ၊ ကျွန်တော် က အရမ်းသင်ချင်တာ”
လျူမန်ဂါ က ခနဲ့ တဲ့တဲ့ ဖြင့် –
“မင်းကို မသင်ပေးနိုင်ပါဘူး ၊ မင်းက ဆေးပညာကို လေ့လာ သင်ယူပြီးသား မဟုတ်လား ၊ ဘာလို့ လက်နက် လုပ်နည်းကို သင်ချင်နေရသေးတာလဲ”
ချန်ရှန် လက်နက် ဧကရီထံမှ လက်နက်ပြုလုပ်နည်း အကြံဉာဏ်များအား တကယ်ကို လိုချင်နေမိတယ် ။ ဒါပေ မယ့် ယခုအခါမှာတော့ သူမျှော်လင့်ချက် မရှိသလိုပါပဲ ။
“ကျွန်တော် ဆေးအမျိုးမျိုး လုပ်နည်းကို သိတယ် ၊ အသုံးဝင်တယ့် ဘယ်ပညာရပ်မဆို တတ်တာမကောင်း ဘူး လား ၊ ကျွန်တော် က လက်နက်ပြုလုပ်တယ့် နည်းပညာ ကို လိုချင်နေတာဟာ ကျွန်တော်သာ လက် နက် ပညာနဲ့ ဆေးပညာကို ပေါင်းစပ်နိုင်ရင် ဆေးအသစ် တစ်မျိုး တီထွင်နိုင်လိ့မ်မယ်”
ချန်ရှန် ရေစီးရာဘက်သို့ လျှောက်ရင်း ပြောလိုက်ပါ တယ် ။
လျူမန်ဂါလည်း သူနဲ့ နီးကပ်စွာလိုက်လာပါတယ် ။ သူမဟာလည်း ထိုအရပ်မျက်နာဆီသို့ပင် သွားချင်နေလို့ ပါပဲ ။
ချန်ရှန် ၏ စိတ်ကူးကို စဉ်းစားကြည့်ရင်း လျူမန်ဂါ သိပ် မဖြစ်နိုင်ဟု ခံစားမိနေတယ် ။ ရယ်မောကာ –
“စဉ်းတောင် မစဉ်းစားလေနဲ့ ၊ ဒါတကယ်ကို မဖြစ်နိုင် တာပဲ ၊ ဆေးပညာ နဲ့ လက်နက်လုပ်တယ့် ပညာဟာ မီး ကို အသုံးပြုရပေမယ့် လုပ်ငန်းစဉ်ကတော့ အတော်ပဲ ကွဲပြား တယ် ၊ ဆေးဆရာက လက်နက်ပြုလုပ်ဖို့ မလိုအပ်သလို အပြန်အလှန်ပဲကွ ၊ ဥပမာ – ဆေးဆရာမကြီး က အဆင့်နိမ့်တဲ့ ဝိဉာဉ်တော် လက်နက် တွေကို သာ ပြုလုပ်နိုင်တယ့် အချိန် မှာ ငါကလည်း အဆင့်နိမ့် ဆေးတွေ ကိုပဲ လုပ်နိုင်တယ်”
ချန်ရှန် သူ၏ ခေါင်းကို ခါယမ်းကာ ပြုံးပြီး –
“ဟုတ်ပြီ ၊ ကျွန်တော် ပထမဆုံး ဆေးတစ်ခု လုပ်မယ့် အချိန်ကို စောင့်နေပါ ၊ ခင်ဗျားလက်ထဲ ထည့်ပေးပြီး ခင်ဗျား မျက်နာကို ကြည့်ချင်သေးရဲ့ ”
လျူမန်ဂါကလည်း ခပ်တိုးတိုးပင် –
“မင်းက အမြဲ စိန်ခေါ်နေတော့တာပဲ ၊ ဒါပေမယ့် အဲဒိ အချိန် ကောင်းကင် နယ်ပယ် ကိုတောင် ရောက်နေလိမ့် မယ် ကွ”
လျူမန်ဂါ က သူ့ကို အထင်သေးနေသလိုပင် ၊ ချန်ရှန် ရုတ်တရက် မပျော်ရွှင်သလို ခံစားရတယ် ။ ချန်ရှန် ခဏ ရပ်ပြီး စာရွက်အပြား တစ်ခုကို ထုတ်လိုက်တယ် ။ ထိုအပေါ် မှာတော့ များစွာသော ဝိဉာဉ်တော် အကြောများ ဟာ ရေးဆွဲထားပါတယ် ။ သို့သော်လည်း သေချာစွာ အနီး ကပ် ကြည့်မည် ဆိုပါက ထိုအကြောများဟာ စနစ်တကျ ရေး ဆွဲထားသည်ကို တွေ့ မြင်နိုင်တယ် ။ နတ်အတွင်း အား အာရုံများကို ထည့်ကာ သေချာစွာ အနီးကပ် ကြည့် ရှုပြီး ထိုအကြောများကို နီးကပ်စွာ လေ့လာနိုင်ပါတယ် ။
လျူမန်ဂါ တစ်ချက်ကြည့်လိုက်တဲ့အခါ သူမကို အံ့ အားသင့်သွားစေပါတယ် ။ အကြည့်မှ ရုန်းမထွက်နိုင်တော့ ပဲ မျက်ခုံးများကို ရှုံ့ ကာဖြင့် ကြည့်နေမိတယ် ။ ဒီဝိဉာဉ် တော် အကြောများမှာ ဘယ်လို သက်ရောက်မှုတွေ ရှိသလဲ ဆိုတာကို သူမ တော်တော် သိချင်နေပါတယ် ။ ဒီ လို အကြောများစွာကို ဘယ်လို နည်းစနစ်သုံးကာ ဖွဲ့စည်း ထားသလဲ ဆိုတာကိုလည်း သိချင်နေပါတော့တယ် ။
လျူမန်ဂါ အသေအချာ စူးစိုက်ကာ ကြည့်နေတယ့် အချိန်မှာပဲ ချန်ရှန်က တော့ ပြုံးလျက်ရှိနေပါတယ် ။ ချက် ချင်းပင် ထိုအချပ်ပြားအား ဆွဲသိမ်းကာ ရှေ့ ကို လျှောက် သွားပါတယ် ။ လျူမန်ဂါ ဒေါသတကြီးဖြင့် ခြေဆောင့်လိုက် ပါတော့တယ် ။
လောင်ဆုရီ ပြုလုပ်ထားတယ့် နေရာလွတ် တံခါးကို လျူမန်ဂါ မြင်ပြီးနောက် ချန်ရှန် မှာ လျို့ ဝှက်ချက် များစွာ ရှိတာကို သူမ သိသွားပါတော့တယ် ။ ထိုဝိဉာဉ်တော် သွေး ကြောများမှာ ခေါင်းကိုက်စေလောက်အောင် ရှုပ် ထွေးလှသော်လည်း ဒီလိုအရာမျိုးကို သူမ နှစ်သက်ပါ တယ် ။ သူမစိတ်ထဲမှာတော့ ချန်ရှန် ပြသလိုက်တယ့် ဝိဉာဉ်တော် သွေးကြောများဟာ သူမတွေ့ မြင်ဖူးသော အရာများထက် များစွာရှုပ်ထွေးကာ တမူထူးခြားလို့ နေပါ တယ် ။ သူမခန့်မှန်းရသလောက် အဆင့်မြင့် ဝိဉာဉ်တော် သွေးကြောများပင် ဖြစ်ပါလိ့မ်မယ် ။ သေချာသာ အသုံးချ နိုင်မည် ဆိုပါက ကြောက်မက်ဖွယ် စွမ်းအားများကို ဖန်တီး ပေးမှာ အမှန်ပင် ဖြစ်ပါတော့တယ် . . . ။