Chapter – 162 အမည်းရောင်လိပ်လျို့ ဝှက်ဆန်းကြယ်နယ်ပယ်
ခုနက ပတ်ပတ်လည်မှာ အဖြူရောင် အလင်းတန်း တွေ ဝိုင်းရံနေပေမယ့် ယခု ရုတ်တရက် မှောင်အတိ ဖုံး လွှမ်းသွားပြန်ပါပြီ ။ ချန်ရှန် နူးညံ့လှသော အထိအတွေ့ တစ်ခုကို ခံစားလိုက်ရပြီး တော်တော်လည်း အံ့အားသင့် သွားပါတယ် ။ ခပ်မှိန်မှိန်အလင်းအောက်မှာ သူ့ကိုယ်ဟာ အဖြူရောင်ဝတ်ဆင်ထားသော ကိုယ်ထည်တစ်ခုနှင့် ထိ နေလို့ပါပဲ ။
ဒီလို ပြိုင်ဖက်ကင်းလှတယ့် အလှနဲ့ ကျက်သရေရှိပုံ မှာ လျူမန်ဂါမှ လွဲပြီး တစ်ခြားသူ မဟုတ်နိုင်ပါချေ ။
အဖြူရောင် ပိတ်ပါးပါးလေးဟာ မျက်နှာပေါ်မှ ပြုတ်ကျ သွားပြီး ထိုအချိန်မှာပဲ သူမမျက်လုံးပွင့်လာကာ ချန်ရှန် ကို စိုက်ကြည့်နေပါတယ် ။ ဒေါသထွက်တယ့် လေသံဖြင့် –
“ကောင်စုတ်လေး ၊ မထသေးဘူးလား ၊ မြန်မြန်ထစမ်း”
ချန်ရှန် ရင်ခုန်သွားတယ် ။ လျူမန်ဂါ ၏ ကိုယ်ပေါ်မှ အ လျင်အမြန်ပင်ထလိုက်ပါတယ် ။ ခုနတုန်းက သူဟာ သူမ ၏ ရင်ဘတ်ပေါ်မှာ ဖိထားတာဖြစ်ပြီး လျူမန်ဂါ အတော် ရှက်နေပုံပါ ။
“ဘယ်လို ဖြစ်တာလဲ”
လျူမန်ဂါ လေသံတီးတိုးဖြင့် မေးလိုက်တယ် ။ ထိုအ ချိန်မှာပဲ လျူမန်ဂါ သူမကိုယ်တွင် စွမ်းအားများ မရှိတော့ သလို ခံစားနေရပြီး ချန်ရှန်လည်း ထို့အတူပါပဲ ။
“အမတော် မန်ဂါ ၊ ခင်ဗျား ဘာလာလုပ်တာလဲ”
ချန်ရှန် က ပြန်မေးလိုက်တယ် ။
“မင်းကောင်မလေး က မင်းကို အတော်စိုးရိမ်နေတာ ၊ ငါ့ကို ရှာခိုင်းတာပဲ ၊ မင်းဒီမှာ ဒီလိုလျို့ ဝှက်ဆန်းကြယ်တဲ့ အရာကို လုပ်နေမယ်လို့ ဘယ်သူက သိမှာတုန်း”
လျူမန်ဂါ ခေါင်းခါယမ်းကာ ပြောဆိုတယ် ။ ပြောပြော ဆိုဆို နှင့် ချန်ရှန် ၏ ဘေးမှာ လှဲချလိုက်ပါတယ် ။ ဒီလို ကြောင့်ပဲ ၎င်းတို့ ၂ဦးဟာ နီးကပ်စွာ ရှိနေပြီး တစ်ယောက် ရဲ့ အသက်ရှူသံကိုပင် တစ်ယောက် ကြားနေကြရပါတယ်၊ သူမ၏ မျက်နာမှာလဲ ရဲခနဲ ဖြစ်သွားလျက်ပါ ။
သူမ မွေးဖွားလာကတည်း က အခု ဟာ ပထမဆုံး အကြိမ် ယောကျာ်း တစ်ဦးနှင့် နီးကပ်စွာ နေခြင်းပါ ။
နူးညံ့သင်းပျံ့ လှသော လျူမန်ဂါ ၏ ကိုယ်သင်းရနံ့ကို ရှူရှိုက်ရင်း ချန်ရှန် စိတ်ထဲ လှုပ်ရှားနေမိတယ် ။ ခုနက သူမ အပေါ် ဖိမိတယ့် အဖြစ်ကို ပြန်တွေးမိရင်း ရင်ဖိုလျက် ရှိပါတော့တယ် ။ လျူမန်ဂါ ဟာ နတ်လက်နက် အင်ပါယာ ၏ ဧကရီတစ်ပါးဖြစ်ပြီး နေရာဒေသ တစ်ခုကို အုပ်ချုပ်နေ တဲ့ စွမ်းအားကြီး သိုင်းပညာရှင် တစ်ဦး ဖြစ်ပါတယ် ။ ဒါ့အ ပြင် သူ့ သတိုးသမီးလောင်း လေး ၏ ဆရာလည်း ဖြစ်နေပါ တယ် ။ သူမနဲ့ ပတ်သတ်ပြီး စိတ်ရိုင်းဝင်မိတယ့် သူ့ကိုယ် သူ ပင် ကျိန်ဆဲနေမိပါတော့တယ် ။
“ဟက်”
ချန်ရှန် ၏ မိန်းမော တွေဝေ နေပုံကို ကြည့်ရင်း လှူမန် ဂါ တစ်ယောက် ခပ်တိုးတိုး လှောင်လိုက်တယ် ။ သူမ တပည့် မလေး၏ ယောကျာ်းသာ မဟုတ် သူမ၏ စွမ်းအင် တွေလည်း ရှိမည် ဆိုပါက ထိုသို့သော သူကို သူမ တကယ် ပင် သတ်လောက်ပါတယ် ။
“ဒါက ကျွန်တော့ရဲ့ လျို့ ဝှက်ချက်ပါ အမတော် မန်ဂါ ၊ ခုတော့ ခင်ဗျားကို ဘာမျှ မပြောနိုင်သေးဘူး ။ နောက်ပြီး ဒါကို လည်း လျို့ ဝှက်ထားပေးပါ ။ ကျွန်တော် ဟာ အဓိက မစ်ရှင် တစ်ခုကြောင့် လာရတာဖြစ်ပြီး ဒီချပ်ဝတ်ကို လုံးဝ ပိုင်ဆိုင်ရမှ ဖြစ်မှာပါ ။ ဒီပစ္စည်းဟာ လူကောင်းတစ်ဦး လက်ထဲ ရောက်တယ် ဆိုတာနဲ့ ပြင်းထန်သော သိုင်းပညာ ဂိုဏ်းအနေနဲ့လည်း ဒီလို ကပ်မျိုး နှစ်တစ်သောင်းမှာ တစ် ခါ မကြုံနိုင်တော့ဘူးပေါ့”
ချန်ရှန် သတိပြန်ဝင်လာပြီး အလျင် အမြန် ရှင်းပြလိုက် ပါတယ် ။
ချန်ရှန် ဟာ ကံကောင်းလှပြီး ဆန်းအလွန်ပွင့်တာမို့ ဒီလို မိန်းမလှများ နှင့် များစွာ တွေ့ ကြုံရလေ့ ရှိပါတယ် ။ အချို့ သော စိတ်ရိုင်းများ ဖြစ်ပေါ်လာသည်တော့ အမှန်ပါပဲ ၊ ဒါကြောင့်ပဲ သူ၏ ချီဓာတ်များကို ထိန်းချုပ်ရင်း သူ့ကိုယ် သူ တည်ငြိမ်အောင် လုပ်ယူနေရလေ့ ရှိပါတယ် ။
“ငါတို့ အားတွေ ဘာကြောင့် ဆုံးရှုံးကုန်တာလဲ”
လျူမန်ဂါ ချန်ရှန် ကို မျက်မှောင်ကြုတ်ကြည့်ရင်း မေး ပါတယ် ။ သူမ၏ တောက်ပလှသော မျက်လုံးများမှာ အလွန်ပင် စူးရှလှကာ ချန်ရှန် ကို တော်တော် သတိထား နေပုံပါပဲ ။
“အမတော် မန်ဂါ ၊ ကျွန်တော့ကို လန့်နေတာလား”
ချန်ရှန် ပြုံးလျက် မေးလိုက်တယ် ။
“ခင်ဗျားက ရှန်းရှန်းရဲ့ ဆရာပါ ။ အမှန်တိုင်းပြောရရင် ခင်ဗျားဟာ ယောကျာ်းတိုင်းကို ရူးသွားစေနိုင်ပေမယ့် ၊ ကျွန်တော့ အတွက်တော့ သာမန်ပါပဲ”
လျူမန်ဂါ စိတ်သက်သာဟန် ရသွားပုံဖြင့် သက်ပြင်းချ ကာ –
“မင်းကို ပထမ ငါမြင်တုန်းက ၊ အပြောပဲ ရှိပြီး လက် တွေ့ မရှိဘူးလို့ ထင်ခဲ့မိတယ် ။ မင်းကို ငါက မဆွဲဆောင် နိုင်ဘူးဆိုတာ မယုံကြည်နိုင်စရာပဲ”
“ဟဲဟဲ ၊ ခင်ဗျား နဲ့ ခင်ဗျား ရဲ့ ဆွဲဆောင်မှုဆိုတာ မတူ ဘူးဗျ ။ လူတစ်ယောက်ဟာ မိန်းမလှ တစ်ယောက်ကို ကြည့်ရင် ခင်ဗျား အကြောင်းပဲ စဉ်းစားမိလိ့မ်မယ် ၊ ဆွဲ ဆောင် နိုင်မှု အကြောင်းကို စဉ်းစားတာ ရှားတယ်”
ချန်ရှန် မနှစ်မြို့ ဖွယ် ရယ်မောလိုက်ပါတယ် ။
ဒီလို သေစေနိုင်သော စကားမျိုး ဒီမိန်းမရှေ့ မှာ ပြောဝံ့ သူ မရှိပါချေ ။ ဒီလို သတ္တိမျိုးဟာ ဆေးဆရာမကြီး နှင့် အ နေများသောကြောင့်သာ ရရှိသွားတာပါ ။ ဆေးဆရာမကြီး နှင့် ဆန့်ကျင်ဖက်များ ပြောနေကျ ဖြစ်တာကြောင့် လျူမန် ဂါ နှင့် ဆေးဆရာမကြီးတို့ဟာ သိပ်မကွာလှတာကြောင့် ဒီ လို ပြောဖြစ်လိုက်ခြင်းပါပဲ ။
“ကောင်လေး ၊ မင်းကို သင်ခန်းစာပေးဖို့ ဖိအားပေး မနေစမ်းပါနဲ့ ၊ မင်းမှာ ဒီလို သတ္တိမျိုးတွေ ဘာကြောင့် ရှိနေ သလဲ ဆိုတာ ငါတကယ် နားမလည် နိုင်တော့ဘူး ။ မင်းမို့ ငါ့ရှေ့ ဒီလို စကားတွေ ပြောထွက်တယ် ။ ငါသတ်မှာ ကို မင်း မကြောက်ဘူးလား”
လျူမန်ဂါ မျက်ခုံးများ မြင့်တက်ပြီး မျက်လုံးမှ အငွေ့ များ ထွက်လျက် မေးလိုက်ပါတယ် ။
ထိုအချိန်မှာပင် ချန်ရှန် ဟာ ဖြည်းညှင်းစွာ ထရပ်လိုက် ပြီး ခပ်ပြုံးပြုံးဖြင့် လျူမန်ဂါ၏ လှိုင်းများလို တုန်ခါနေသော ရင်ဘတ်အား ကြည့်ကာနေပါတယ် ။ လက်ရှိမှာ သူမဟာ အဖြူရောင် ကိုယ်ကျပ်အင်္ကျီကို သေသပ်စွာ ၀တ်ထားတာ ကြောင့် သူမ၏ ကိုယ်ဟန် မှာ အတော်ကို ပေါ်လွင်နေပါ တယ် ။
“မင်း . . .”
လျူမန်ဂါ သူမနှုတ်ခမ်းကို ကိုက်ကာ ချန်ရှန် ကို ကြည့် နေတယ် ။
“အမတော် မန်ဂါ ၊ ကျွန်တော်က ခင်ဗျား အမြင်မှာ အ တော်ပဲ ဆိုးသွမ်းတဲ့လူ ဖြစ်နေတာလား”
ချန်ရှန် သူ၏ ခါးကို ပျင်းရိစွာ ဆန့်ထုတ်ရင်း မေးလိုက် တယ် ။
“အရင်ကတော့ မင်းက ကောင်းပါတယ် ။ ဒါပေမယ့် အခု တော့ တော်တော် ဆိုးတယ် ။ မင်းနဲ့ ဝုကွမ်ချင် တို့ ကြား က မရှင်းမရှင်းကိစ္စတွေကို ငါကြားတယ် ။ ဒါ့အပြင် မွေးစား ညီမ လန်ယုလန် အပေါ်လည်း မရိုးသားတဲ့ အကြံ အစည် ရှိနေပုံပဲ”
လျူမန်ဂါ အေးစက်စွာဖြင့် ခပ်လှောင်လှောင် ပြောပါ တယ် ။
“ဟဲဟဲ ၊ ရှန်းရှန်း သာဆို ၊ ဒီလိုစဉ်းစားမှာ မဟုတ်ဘူး”
ချန်ရှန် ရယ်မော ပြောဆိုလိုက်ပါတယ် ။
“ခင်ဗျားက ဘာလို့ ကျွန်တော့ ကိစ္စတွေကို ဒီလောက် မှတ်သားနေရတာလဲ”
“ရှန်းရှန်း ဟာ တော်တော် အရူးထတာပဲ ၊ မင်းလှည့် စား သမျှ ခံနေရတာ”
လျူမန်ဂါ မကျေမနပ် ဖြင့် ပြောဆိုပါတယ် ။
“ရှန်းရှန်း အတွက် ငါတကယ်ကို စိုးရိမ်မိတယ် ။ သူမ အသည်းကို ခွဲမယ့် လူကိုမှ သူမက တွေ့ ထားတာပဲ”
ချန်ရှန် သူ၏ လက် ၂ ဖက်ကို ပွတ်ခါရင်း အလျင်အ မြန် ပြောလိုက်တယ် ။
“အမတော် မန်ဂါ ၊ ကျွန်တော် သာ ခင်ဗျားကို အခု တစ် ခုခု လုပ်ပြီး သတ်လိုက်ရင် ဘယ်သူမှ သိလိုက်မှာ မဟုတ် ဘူး ၊ ခင်ဗျား ကတော်တော် လှတယ့် မိန်းမကိုး”
လျူမန်ဂါ စကားများ ဆွံ့အနေပါပြီ ။ ချန်ရှန် ဒီလိုမျိုး အမှန် တကယ် လုပ်လိမ့်မည် ဟု မထင်ထားချေ ။ ဒီလို သာ အမှန် တကယ်လုပ်ပါက သူမ ဘာမျှ တတ်နိုင်မည် မဟုတ် ပဲ အရှုံးပေးရမှာပါ ။ ဒါကို စဉ်းစားမိရင်း သူမတစ်ကိုယ်လုံး တုန်ခါလို့ သွားပါတယ် ။
“အမတော် မန်ဂါ ၊ ခင်ဗျားကျွန်တော့် အကြောင်း မသိ သေးပဲ ရမ်းပြီး ထင်မြင်ချက် မပေးပါနဲ့ ၊ တနည်းအားဖြင့် မိတ်ဆွေ အဖြစ်ကနေ ဆန့်ကျင်တာမျိုး မလုပ်နဲ့”
ချန်ရှန် အေးစက်စွာ ပြန်ပြောလိုက်တယ် ။ အခုအခါ သူ ၏ကိုယ်မှ အမဲလိုက်ခြင်းနှင့် ဆိုင်သော ချီဓာတ်များဟာ ထွက်ပေါ်နေပါတယ် ။ အမဲလိုက်ခြင်း နှလုံးသား ကျင့်စဉ် ကြောင့် သူဟာ နတ်ဘုရားတစ်ပါးလိုပါပင် ။
လျူမန်ဂါ သူမမျက်လုံးထဲ ရက်စက်တယ့် အသွင်အ ပြင် ကို မြင်နေရတယ် ။ တစ်ချိန်တည်းမှာပဲ ချန်ရှန်မှာ အတွေးဆိုးများ ရှိမနေတာကို သိသွားတာကြောင့် အတော် ကို အံ့သြသွားပါတယ် ။ သူမကို မကျေနပ်ဖြစ်သွားခြင်း မှာ သူမ မှ သူ့ကို နားလည်မှု လွဲသွားခြင်းကြောင့် ဖြစ်ပြီး ရှန်း ရှန်း နဲ့ပတ်သတ်ပြီးပင် စကားပြောမှား သွား ခဲ့တာပါ ။
“အစကတော့ ခင်ဗျားကို အလေးအနက်ထား ပြီး လေး လေးစားစား ဆက်ဆံခဲ့တယ် ။ ခင်ဗျားဟာ စီနီယာ လည်း ဖြစ်ပြီး ကျွန်တော့အပေါ်လည်း အလွန်ကောင်းလှ တာ ကြောင့် ပဲ ။ ဒါပေမယ့် ကျွန်တော့ကို ခုလိုမျိုး စွပ်စွဲ မယ် ဆို ကျွန်တော့ဘက်ကလည်း ယဉ်ကျေးနိုင်မှာ မဟုတ် ဘူး”
ချန်ရှန် မတ်တပ် ထရပ်လိုက်တယ် ။ သူ့မှာ ယင် နဲ့ ယန် နတ်အတွင်းအားများ ရှိပြီး ထိုက်ကျိ နတ်နဂါး ကျင့် စဉ်ကို ကျင့်ကြံနိုင်ပါတယ် ။ သူ့လိုလူကို ယခုလို စွပ်စွဲ အထင်အမြင် သေးခြင်းဟာ သူ့ကို စော်ကားသလိုကြောင့် ပါပဲ ။
ချန်ရှန် ကို ကြည့်ရင်း လျူမန်ဂါ ဆွံ့ အနေတယ် ။ ခုန ကပဲ သူမဟာ ကိုယ်ထိလက်ရောက် အထိခံခဲ့ရပြီး မျက်စိ တမှိတ်အတွင်းမှာပဲ ရန်သူလို ဖြစ်သွားခဲ့ရတယ် ။ အဘယ် ကြောင့် ဆိုသော ချန်ရှန် ကို စွပ်စွဲ ပြောဆိုခြင်းကြောင့်ပါ ။
“ရွှီရှန်းရှန်းကို ဘယ်လို အရေးမပါတယ့် အရာမျိုးကို မျှ မစဉ်းစားစေချင်ဘူး ။ ခင်ဗျား သူမရှေ့ မှာ ဒီလိုတွေ မပြော ပါနဲ့”
ချန်ရှန် ထိုင်ချလိုက်ပြီး အေးစက်စက် ပြောလိုက်ပါ တယ် ။ သူ၏ တစ်ကိုယ်လုံးမှလည်း အငွေ့ များထွက်လျက် ရှိနေတယ် ။
လျူမန်ဂါ သက်ပြင်းတစ်ချက် လေးလံစွာ ချကာ သူမ တကယ်ကို မှားသွားကြောင်း သိသွားပါတယ် ။ သူမ ထင် သလို ဆိုးသွမ်းသူမဟုတ်တာ ခုနက ချန်ရှန် ပြောစကား များက သက်သေပါပဲ ။
“ငါတောင်းပန်ပါတယ်”
လျူမန်ဂါ ခပ်တိုးတိုး ပြောလိုက်တယ် ။
“ခုကစပြီး ရှန်းရှန်း နဲ့ပတ်သတ်လို့ ငါ စိုးရိမ်စရာ မလို တော့ဘူး ။ ဘာလို့လဲ ဆိုတော့ ငါကိုယ်တိုင်တောင် မင်းကို စိတ်ချ သွားလို့ပဲ”
ချန်ရှန် ကိ်ု ဘယ်လို မိန်းကလေးမျှ ဆွဲဆောင် နိုင်လိမ့် မှာ မဟုတ်ဘူးဆိုတာ သူမသိလာတယ် ။ ပြင်းထန်သော သိုင်းပညာဂိုဏ်းမှ နားစွန်နားဖျား သတင်းစကားများ အရ ဝုကွမ်ချင် နှင့် ချန်ရှန် တို့ ဆက်ဆံရေးမှာလည်း ကောင်း မွန် တဲ့ ဆက်ဆံရေးသာ ဖြစ်ပါပေလိ့မ်မည် ။
“ဒီ လျို့ ဝှက်ဆန်းကြယ် နယ်ပယ် က ပြောင်းလဲနေ တယ် ။ ဒီကို လာတဲ့သူတိုင်းဟာ ချီဓာတ်တွေကို အသုံးပြု နိုင်မှာ မဟုတ်ဘူး ။ ခင်ဗျား ဂရုစိုက်”
ချန်ရှန် လေးလေးနက်နက် သတိပေးလိုက်တယ် ။
စစ်မှန်သော ချီဓာတ်များ အသုံးမပြုနိုင်ဘူးဆိုတာ သိုင်း ပညာရှင်တို့ စွမ်းအားများ အသုံးမပြုနိုင် ခြင်းကို ဆို လိုတာပါ ။ လျူမန်ဂါ ထိတ်လန့်သွားမိတယ် ။ လှပလှ သော ဆန်းကြယ်လှသည့် အလင်းတန်းများမှာ ပျောက် ကွယ် သွားပြီး အမှောင်နဲ့ ကြောက်ရွံ့ မှုက အစားထိုးဝင် ရောက်လာပါတယ် ။ သူမဟာ မော်တယ်သိုင်းလောကရဲ့ ထိပ်ဆုံးနေရာမှာ နှစ်ပေါင်းများစွာ ရပ်တည်လာသူ ဖြစ်ပြီး ဒါဟာ သူမ၏ စစ်မှန်သော ချီဓာတ်များကြောင့်ပါ ။ အခု တော့ သူမ ချီဓာတ်များအား အသုံးမပြုနိုင်တော့တာမို့ သူမ ဟာ သာမန်လူနှင့် မခြား ဖြစ်ရပါပြီ ။ သူမအတွက် လက်ခံ ဖို့ ခက်ခဲသော အခြေအနေဖြစ်နေပြီး သူမကို အသူတရာ နက်သော ချောက်ကမ်းပါး ထဲသို့ ကျသွားသလို ခံစားမှုမျိုး ပေးစွမ်းနေသလိုပင် ဖြစ်ပါတော့တယ် . . . ။