Chapter – 161 နတ်ချပ်ဝတ်နိုးထလာခြင်း
ချန်ရှန် သူ၏ မိုးပြာနဂါးဓားကြီးကို ဆွဲကိုင်လျက် တွင်း ထဲမှ ခုန်တက်လာတယ် ။ အားလုံးကို အေးစက်စွာကြည့် ကာ လေးလေးနက်နက်ဖြင့် –
“ချန်ရှန် ဆိုတဲ့ ငါ့ခေါင်းက ခု ဒီမှာပဲ ၊ သတ္တိရှိတယ့် လူ လာဖြတ်လှည့်”
လူတိုင်းဟာ ချန်ရှန် ကို ကြည့်နေကြတယ် ။ စိတ်ထဲမှာ တော့ လိပ်ပြာ လွင့် မတတ် ကြောက်လန့်နေကြပါတယ် ။ ယခု လက်ရှိမှာ လူတိုင်းဟာ ချန်ရှန် ရှေ့ မှာ အသက်ပင် ရဲရဲ မရှူဝံ့ကြချေ ။
အဆင့် ၃ ရှိသည့် စစ်မှန်သော သိုင်းပညာနယ်ပယ် မှ ပညာရှင်ပင် ချန်ရှန် ၏ သတ်ဖြတ်ခြင်းအား ခံလိုက်ရတယ် ၊ ဒါ့အပြင် ၎င်းမှာ အစနပင် ရှာမရတော့ပါ ။ ချန်ရှန် ဟာ တခဏ အတွင်းပင် စစ်မှန်သော သိုင်းပညာရှင် ၂ ဦးအား သတ်ဖြတ်လိုက်ပြီး ဖြစ်ပါတယ် ။ ဦးနှောက်ရှိသူဆိုပါက ယခု အချိန် ချန်ရှန်အား ထွက်တိုက်မှာ မဟုတ်ပေ ။
ချန်ရှန်ဟာ အမဲလိုက်ခြင်း နှလုံးသား စွမ်းအင်အား ကျင့်ကြံထားခြင်းကြောင့် ၎င်း၏ တစ်ကိုယ်လုံးမှ အမဲလိုက် ခြင်း နှင့် ဆိုင်သော ချီဓာတ်များဟာ များပြာစွာ ထွက်နေ လျက် ရှိပါတယ် ။
“မလာရဲ ကြဘူးလား ၊ ခုနက ခင်ဗျားတို့အားလုံး ကျွန် တော့ကို ကြည့်ဖို့လာကြတာမဟုတ်လား ၊ လာသတ်ကြ လေ ။ ခင်ဗျားတို့ အားလုံး တစ်ယောက်ချင်းကျ ကြောက် နေ ကြပြီ မဟုတ်လား”
ချန်ရှန် ခပ်လှောင်လှောင် ပြောလိုက်တယ် ။
“ခုကစပြီး ငါ့ခေါင်းကို လိုချင်တဲ့လူမှန်သမျှ ခုငါ့လက် ထဲက သလင်းကျောက်တုံးလို အမှုန့်ဖြစ်အောင် လုပ်ပြ မယ်”
ပြောနေရင်း ချန်ရှန် သလင်းကျောက် တစ်တုံးကို လက်ထဲမှာပင် အမှုန့်ချေလိုက်ပါတယ် ။ လူအားလုံးကို ထိတ်လန့် စေလိုက်ပြန်ပါပြီ ။ သလင်းကျောက်ကို သာမန် လို ဖြတ်ပစ်တာက လွယ်ပါတယ် ။ ဒီလို လက်တစ်ဖက် ဖြင့် ချေမွပစ်ဖို့ရာ တော်တော် ခက်ခဲပါတယ် ။
“ငါမင်းခေါင်းကို ဖြတ်ချင်တယ် ။ ငါ့ကို လာသတ်လေ”
ခပ်ချောချော လူတစ်ယောက် လူအုပ်ထဲမှ ထွက်လာပါ တယ် ။ ထိုလူကတော့ လျိုရှိုယန် ပါပဲ ။
“လျိုရှိုယန် ၊ ပြီးခဲ့တယ့် တစ်ခေါက်က မင်းက ခွေးလို အမြီး ကုပ်ပြီး ပြေးသွားတာပဲ ။ အခုကျ မင်းကထွက်လာပြီး ငါ့လူကို ခြိမ်းခြောက်နေတယ် ။ ငါသာမင်းနေရာမှာဆို တွင်း ထဲ သေတယ့်ထိ ပုန်းအောင်းနေမိမှာပဲ”
နုးညံ့သော အသံတစ်ခု လွင့်ပျံလာပါတယ် ။ များစွာ သော ချီဓာတ်များအား သယ်ဆောင်လာပြီး လူတိုင်းကို အေးစက် သွားစေသလိုပါပဲ ။ ကတုံးနှင့်အဖြူရောင် မျက်ခုံး ရှိသော လူတစ်ယောက် ချန်ရှန်ရှေ့ ရုတ်တရက် ပေါ်လာပါ တယ် ။ အားလုံးဟာ အံ့သြတကြီး ဖြစ်သွားကြတယ် ။
ထိုနေ့က ပြင်းထန်သော သိုင်းပညာဂိုဏ်းထဲမှ လျိုရှို ယန် ဟာ သက်ကြီးပညာရှင် ၂ ယောက်၏ တိုက်ခိုက်မှုကို ခံရပြီး ထွက်ပြေးလွတ်မြောက်သွားတာပါ ။ ဒီလို လွတ်သွား တာကိုပင် သူ့အတွက် ဂုဏ်ယူမဆုံး ဖြစ်နေဟန်ပါပဲ ။
ဆရာကြီး ဝု ခေါ် ဝုကိုင်မင် လို့ ခေါ်တယ့် နိဗ္ဗာန်အဆင့် ရဲ့ ထိပ်သီး တစ်ယောက် ရောက်ရှိလာပါပြီ ။ ဒီလူကြီးကို ကြည့်ရင်း လူအားလုံးဟာ တုန်လှုပ်လျက် နောက်ဆုတ် သွားကြတယ် ။ ဒီလိုအဆင့် လူများရဲ့ တိုက်ပွဲဟာ ပင်လယ် သမုဒ္ဒရာတွေကိုပင် ပြောင်းပြန်လှန်သွားနိ်ုင်သည် မဟုတ် ပါလား ။
“ဆရာကြီး ဝု ၊ ကျွန်တော် အခုသွားမှဖြစ်မယ်”
ချန်ရှန် ခပ်ပြုံးပြုံးပင် ပြောကာ သူ၏ အမြန်ဆုံးနှုန်းဖြင့် ထွက်သွားကာ ပျောက်သွားပါတော့တယ် ။
တောင်ထိပ်မှ လျူမန်ဂါ တစ်ယောက် ချန်ရှန် ပြေးသွား တာကို ကြည့်ရင်း ပြုံးကာဖြင့် –
“ဒီကောင်လေးရဲ့ ဓားဟာ ငါ့ကို အမြင်ကျယ်စေလိုက် တာပဲ ၊ ဒီဓားကို သေချာပေါက် ငှားကို ကြည့်ဦးမယ်”
“ဆရာမ ၊ ဒါတော်တော် ကို စွမ်းလို့လား”
ရှန်းရှန်း လျူမန်ဂါ ၏ လက်ကို ကိုင်လျက် အံ့သြဟန် ဖြင့် မေးလိုက်ပါတယ် ။
“တော်တော်ကို စွမ်းပေတာပေါ့ ၊ ဓားပေါ်မှာ အကြော တွေ အများကြီးရှိတယ် ။ အလွန်အစွမ်းထက်ပြီး ဓားကိုယ် ထည် တစ်ခုလုံးကို ဖုံးလွှမ်းထားတယ် ။ အကြောတစ်ခုချင်း ဆီတိုင်းဟာ တော်တော်ကို နက်နဲသိမ်မွေ့ တယ်”
လျူမန်ဂါ သူမ ခေါင်းကို ညိမ့်လျက်ပြောနေတယ် ။
“သူဒီဓားရဲ့ စွမ်းရည်ကို အပြည့်အ၀ အသုံးချနိုင်ပုံ မပေါ် သေးဘူး ၊ ဒီလိုသာ အသုံးချနိုင်ရင် ဒီထက် အဆ ပေါင်းများစွာ ပိုအစွမ်းထက်ဦးမှာ ၊ ဒီဓားကြောင့်သာ မဟုတ် ရင် သူအဆင့် ၃ ပညာရှင်ကို သေချာပေါက် နိုင်မှာ မဟုတ်ဘူး”
ချန်ရှန် အမည်ရောင်လိပ် တောင်ပေါ်သို့ ရောက်ရှိနေ ပြီး လိုဏ်ခေါင်းထဲ ၀င်ခဲ့တယ် ။ လောင်ဆုရီ ပြောပုံအရ စွမ်းအားကြီး ပညာရှင် များစွာ ဒီ အနီးအနားမှာရှိပြီး နိဗ္ဗာန် အဆင့် ပညာရှင် အများအပြားလည်း ရှိနေကြတယ် ။
တောင်ကြီးတစ်ခုလုံးဟာ သိမ့်ခနဲတုန်သွားပြီး လေထု ကို ဖယ်ရှားနေတယ် ။ ဒီလိုတုန်ခါမှုကြောင့် အနီးအနားရှိ မြေကြီးများဟာ လှိုင်းများသဖွယ် လှုပ်ရှားလျက်ရှိနေပါ တယ် ။ သစ်ပင်ကြီးများလည်း ပြိုလဲလျက် မျက်စိတမှိတ် အတွင်းမှာပင် တောင်ပတ်လည် ရှိ အရာအားလုံးဟာ ပြား ပြား ၀ပ်သွားကြပါတယ် ။ သိုင်းပညာရှင်တို့ဟာ လေပေါ် ခုန်ကျော်လွှားကာဖြင့် တောင်ကြီးကို ထိတ်လန့်တကြား ကြည့်နေကြပါတယ် ။
ဒဏ္ဍာရီလာ အမည်းရောင်လိပ် ချပ်ဝတ် ဟာ နိုးထလာ ခဲ့ပါပြီ ။ သို့သော်လည်း လျို့ ဝှက်ဆန်းကြယ် နယ်ပယ် ၏ ၀င် ပေါက်ကတော့ မပွင့်သေးပါချေ ။
“အခု တောင်ကြီးရဲ့ အလယ်ဗဟိုကို သွားရမယ်”
လောင်ဆုရီ စိတ်လှုပ်ရှားမှု အပြည့်ဖြင့် အော်လိုက်ပါ တယ် ။ တောင်ထဲကိုသာ ၀င်နိုင်ပါက သူမကို ဒြပ်စင်ဆေး များနှင့် တည်ဆောက်ရေးဆေးများစွာ ပေးမည်ဟု ချန်ရှန် ကတိပေးခဲ့ပါတယ် ။
ချန်ရှန်လည်း လှိုဏ်ခေါင်းထဲ ပြေးရင်း တော်တော် စိတ်လှုပ်ရှားမိနေတယ် ။ လောင်ဆုရီလည်း ထို့အတူပါပဲ ။
“ရောက်ပြီ”
ချန်ရှန် တောင်ကြီး၏ အလယ်သို့ ရောက်ရှိနေပါပြီ ။ ထိုနေရာမှာတော့ ဘာမျှရှိမနေပဲ မှောင်ပိန်းလို့ နေနေပါ တယ် ။ ချန်ရှန်လည်း ပုံဆောင်ခဲတစ်ခု ပြုလုပ်ကာ မီး အလင်း ပေးလိုက်တယ် ။
ယခုနေရာမှာ မည်သူမျှရှိမနေခြင်းမှာ လျို့ ဝှက်ဆန်း ကြယ် နယ်ပယ် ပွင့်လာမယ် ဆိုပါက အလွန်အင်အားပြင်း ထန်သော စွမ်းအားဖြင့် ပေါက်ကွဲထွက်သွားမှာပါ ။ ဒီမှာ နေခြင်းဆိုတာ သေဖို့ ပဲ ရှိမယ် ဖြစ်ပါတယ်။
လျူမန်ဂါ နှင့် ရွှီရှန်းရှန်း တို့ဟာ ချန်ရှန် လိုဏ်ခေါင်းထဲ ၀င်သွားတာ တွေ့ လိုက်ကြတယ် ။ လျို့ ဝှက်ဆန်းကြယ် နယ်ပယ်သာ ပွင့်မည် ဆိုပါက အထဲရှိ အရာအားလုံး ပျက် ဆီးမည် ဖြစ်ပါတယ် ။
“ဆရာမ ဆိုင် ၊ ဒီမှာနေပြီး ရှန်းရှန်းကို ကာကွယ်ပါ”
လျူမန်ဂါ လေသံတီးတိုး ပြောလိုက်တယ် ။ မိန်းမကြီး တစ်ယောက် ချိုင်းထောက်ကြီး ကိုင်ကာ ရှန်းရှန်းဘေး ပေါ် လာပါတယ် ။
“မိန်းကလေး မန်ဂါ ၊ စိတ်ချပါ”
ဆရာမဆိုင် နွေးထွေးစွာ ပြုံးပြီး ရှန်းရှန်း ၏ ဆံပင် များ ကို ပွတ်သပ်လိုက်ပါတယ် ။
လျူမန်ဂါကလည်း ခပ်ဖျော့ဖျော့ ပြုံးပြီး ခေါင်းညိမ့် လိုက် ကာ –
“မင်းရဲ့ ကောင်လေးက တကယ်ကို ဒုက္ခရှာတာပဲ ၊ င့ါ တောင် စိုးရိမ်အောင် လုပ်တယ်”
လျူမန်ဂါ ပြောပြီးချင်းပင် အဖြူရောင်အခိုးအငွေ့ အဖြစ် ပျောက်ကွယ်သွားပါတော့တယ် ။
ချန်ရှန် လောင်ဆုရီ သူမ၏ နဂါးမျိုးနွယ်စု ၏ လျို့ ဝှက် ရှေးဟောင်း နည်းလမ်း အသုံးပြုကာ တောင်ထဲ ၀င်နိုင်မည့် အချိန်ကို စောင့်နေတယ် ။
တောင်ကြီး၏ အလယ်မှာတော့ တော်တော် ကို မှောင် မည်း နေပါတယ် ။ သို့သော်လည်း နံရံပေါ်မှာတော့ အဖြူ ရောင် အကွက်များစွာကို မြင်နိုင်ပါတယ် ။ ဒါဟာ လောင် ဆုရီ ၏ စွမ်းအားပါ ။ ဝိဉာဉ်တော် သွေးကြောများအား ဖြန့် ကျက် ခင်းထားခြင်း ဖြစ်ပါတယ် ။
ချန်ရှန် ၎င်း ရှုပ်ထွေးလှသည့် ဝိဉာဉ်တော် အကြော များကို အာရုံစူးစိုက်ကာ ကြည့်နေတယ် ။ သူ့ခေါင်းထဲ မှတ် သားဖို့ ကြိုးစားရတာကို နှစ်သက်သော်လည်း ဒါကို မှတ်မိ ဖို့ ကြိုးစားတိုင်း ခေါင်းသာ ကိုက်နေရတယ် ။ များစွာသော ဝိဉာဉ်တော် အကြောများ ရှိနေရုံသာမက ၄င်းတို့ဟာ အ တော်ပင် ရှုပ်ထွေးလှပါတယ် ။ အနည်းဆုံး အကြောပေါင်း သိန်းချီပြီးကို ရှိမယ်လို့ ခန့်မှန်းမိတယ် ။ တစ်ခုချင်းဆီက ပင် အတော် ရှုပ်ထွေးကာ နေပါတယ် ။ တစ်ခုနဲ့တစ်ခု ဆက်ကာဖြင့် ရစ်ပတ်လျက် ရှိကြတယ် ။ တစ်ခုနဲ့ တစ်ခု ဟာ ဆင်တူသလို ထင်ရပေမယ့် တစ်ခုချင်းစီရဲ့ ကွေးညွတ် ထားသော ဒီဂရီ များဟာ ကွဲပြားကြတယ် ။ သို့သော်လည်း ဒီလိုကြောင့်ပင် စွမ်းအားများ ရှိနေသလိုပါ ။
“မှတ်မိဖို့ ကြိုးစားမနေနဲ့ ၊ ကျွန်မသာ မျိုးရိုးလိုက် မှတ် ဉာဏ် မရှိရင် သေတယ့်ထိကို ဒါကို မှတ်နိုင်မှာမဟုတ် ဘူး”
လောင်ဆုရီ ခေါင်းကိုက်နေဟန် ဖြင့် ပြောပါတယ် ။ အစားကြောင့်သာ မဟုတ်ရင် သူမဒီလို အားထုတ်ကြိုးပမ်း မည် မဟုတ်ပေ ။
“ကျွန်မ အခွံက ထွက်ပြီးနောက်မှာ အခုအကြိမ်က ကျွန်မရဲ့ စွမ်းအားတွေကို အများဆုံး သုံးရတာပဲ ၊ ကျွန်မ ကို တော်တော် ကျေးဇူးတင်သင့်တယ်နော်”
လောင်ဆုရီ ခပ်လေးလေး လေသံဖြင့် ပြောပါတယ် ။ သူ မ၏ အသံမှာ တော်တော် မောပန်းနွမ်းနယ်နေဟန် ရှိ ပြီး ချန်ရှန်လည်း ဘာမျှ မပြောတော့ပါချေ ။ ဒြပ်စင်ဆေး အချို့ ကိုသာ ထုတ်ပြီး သူမစားဖို့ ပေးလိုက်ပါတော့တယ် ။
ချန်ရှန် တောင်နံရံမှာပေါ်နေတယ့် အကွက်များကို စူး စိုက် ကြည့်နေရင်းမှ ရာပေါင်းများစွာသော မျဉ်းများဟာ ဖြေးညှင်းစွာ ပေါင်းစပ်လာကြသလိုပါပဲ ။ အကုန်လုံးသာ ပေါင်းစည်းသွားပါက တောင်ကြီး၏ လျို့ ဝှက်ဆန်းကျယ် နယ်ပယ် ပွင့်မှာပါ ။
ရုတ်တရက် ချန်ရှန် သူ့ ဆီ တစ်ယောက်ယောက် လာ နေတာကို ခံစားလိုက်မိတယ် ။ တော်တော်ကို လျင်မြန်တာ ကိုလည်း သိနေပါတယ် ။ ဒါဟာ ကောင်းတဲ့အရာတော့ မ ဟုတ်ပါချေ ။ သူ့ဆီကို ယခုလို လိုက်လာလိမ့်မယ်လို့ လုံး ၀ မမျှော်လင့်ထားခဲ့ပါ ။
အဖြူရောင်ဝတ်စုံကို ၀တ်ဆင်ထားသော မိန်းကလေး တစ်ဦး ချန်ရှန် ရှေ့ မှာ ပေါ်လာပါတယ် ။ အံ့သြတကြီးဖြင့်-
“အမတော် မန်ဂါ”
လျူမန်ဂါလည်း တောင်ကြီး၏ နံရံမှ အဖြူရောင် အ လင်းတန်း အကွက်များကို ကြည့်ရင်း တော်တော် အံ့သြမိ နေပါတယ် ။ များစွာသော ဝိဉာဉ်တော်သွေးကြောများကို မြင်လိုက်ရသောကြောင့် သူမ၏ မျက်ခုံးများ ထိလုပ်မ တတ် ဖြစ်နေပါတယ် ။ သူမမျက်လုံး ထဲမှာလည်း အံ့သြ ရိပ် များယှက်သန်းလျက်ပါ ။
“ဘယ်လို ဖြစ် . . .”
သူမစကားပင် မဆုံးလိုက်ပါ အလင်းတန်း အကွက် များ မှ အငွေ့ များထွက်လာပြီး သူမနှင့် ချန်ရှန် တို့အား စုပ် ယူ သွားပါတော့တယ် . . . ။