Chapter – 160 နတ်ဓားသွား
ဇန်မင် ဟာ သူ့ကိုယ်သူ အဆင့် ၃ စစ်မှန်သော ပညာ ရှင်ဆိုသည့် ဂုဏ်ပုဒ်အားကိုးဖြင့် ချန်ရှန် ကို ကြောက်ရွံ့ ခြင်း မရှိချေ ။ စိတ်ထဲမှာတော့ စိတ်လှုပ်ရှားနေမိတယ် ။ ချန်ရှန် ကို သတ်နိုင်ပါက သူဟာ နာမည် ကျော်လာရုံမက ချန်ဝူ နယ်မြေကြီး တစ်ခုလုံးမှာလည်း ကျော်ကြားကာ သ လင်း ကျောက်များလည်း ရရှိမည် ဖြစ်ပါတယ် ။
“ချန်ရှန် ဆိုတာ ဒါလား ၊ သူက ကောင်းကင် နဲ့ မြေကြီး ရဲ့ ထုထည်ကြီးမားမှုကို မသိဘူးပဲ ။ သူက ခုမှ စစ်မှန်သော သိုင်းပညာနယ်ပယ်ကို ၀င်ခါစရှိသေး ၊ အဆင့် ၃ ကို ရန် သွား စနေတာပဲ ။ ငါကြားထားတာ တစ်ခု က ပြင်းထန် သော သိုင်းပညာဂိုဏ်းက ဝုကွမ်ချင် ဆိုတယ့် ကောင်မ လေး ကို သူက ကံကောင်းပြီး ကယ်မိသွားတာလေ ၊ ကြည့် ရတာ ကောင်မလေးက ကျေးဇူးဆပ်တယ့် အနေနဲ့ တည် ဆောက်ရေးဆေး ပေးလိုက်ပုံပဲ ။အဲဒါနဲ့ပဲ သူ့တစ်စို့တဲ့ အခြေ အနေကို ကျော်လွန်ပြီး စစ်မှန်သော သိုင်းပညာရှင် ဖြစ်လာတာ ဖြစ်မယ်”
လူတစ်ဦးက ခပ်လှောင်လှောင် ဆိုပါတယ် ။
ချန်ရှန် ထိုလူကို ကြည့်လိုက်ကာ အေးစက်စက်ပဲ ဆို လိုက်ပါတယ် ။
“မင်းမှာ ငါ့ကို ပြောဖို့ အခွင့်အရေး ရှိလို့လား”
“အဲဒိတော့ ဘာဖြစ်လဲ ၊ ငါဟာ စစ်မှန်သော သိုင်းပညာ ရှင် အဆင့် ၂ ပဲ ။ မင်းစမ်းကြည့်လိုက်လေ”
ထိုလူငယ်က ခနဲ့တဲ့တဲ့ ပြောပါတယ် ။ ၎င်းဟာ လည်း သူ့ကိုယ်သူ အဆင့် ၂ ဖြစ်သဖြင့် ချန်ရှန် ကို ကြောက်ရွံ့ ခြင်း မရှိပေ ။
“သောက်ပေါက်ကရ ပြောခြင်း ရဲ့ အကျိုးဆက်က သေ နိုင်တယ်ကွ”
ချန်ရှန် ဟာ ပြောပြီးသည်နှင့် မြင်ကွင်းမှ ပျောက်ကွယ် သွားကာ အသံပင် မထွက်သဖြင့် အားလုံးဟာ ကြောင်အ သွားကြပါတယ် ။ ချန်ရှန် ဟာ ရုတ်တရက် ပြန်ပေါ်လာပြီး ထို လူငယ်၏ ရှေ့ သို့ ရောက်ရှိသွားတယ် ။ သူ၏ လက်မှာ လည်းေ၇ွှရောင် အငွေ့ များထွက်ကာ လက်သီးတစ်ခုလုံး ဟာ ချီဓာတ်များ ပြည့်လို့နေပါတယ် ။ ပြင်းထန်လှသော လက်သီးဖြင့် ထိုလူငယ်၏ ပါးစပ်အား ထိုးချလိုက်ပါတော့ တယ် ။
လက်သီးဟာ ထိုလူငယ်၏ ပါးစပ်အား ပြင်းထန်စွာ ထိ ရိုက်သွားပြီး ကျယ်လောင်သော ပေါက်ကွဲမှုကြီး ဖြစ်ပေါ် သွားပါတယ် ။လျင်မြန်လှသည့် နှုန်းကို ကြည့်ရင်း လူတိုင်း ဟာ ကြောက်လန့်သွားကြတယ် ။ တချို့ ဆိုလိပ်ပြာလွင့် မ တတ်ပါပဲ ။ လူငယ်၏ ပါးစပ်မှာတော့ ပျက်ဆီးသွားရပြီး သွေးများ ထွက်လာပါတော့တယ် ။
လျင်မြန်အားပြင်းလှသည့် လှုပ်ရှားမှုဟာ ကြည့်နေသူ အားလုံးအား ရင်သပ်ရှုမောဖွယ်ရာ ပါပဲ ။
ထိုလူငယ်ဟာ အဆင့် ၂ ပညာရှင် ဖြစ်သော်လည်း ယခု လို ရုတ်တရက် လျင်မြန်လှသည့် တိုက်ခိုက်မှုကို မ ခု ခံ နိုင်လိုက်ပါဘူး ။ ချန်ရှန် ၏ နဂါးငွေ့ လက်သီးချက်အား ခံစားလိုက်ရပြီး လက်သီးအဟုန်မှာလည်း အတော်ပင် ပြင်းထန်သော ကြောင့် သူ့ပါးစပ်တစ်ခုလုံး ရစရာ မရှိ ဖြစ် သွားပါတော့တယ် ။
ဒီလို ပြင်းထန်လှသည့် တိုက်ခိုက်မှုဟာ မပြီးဆုံးသေး ပါဘူး ။ ထိုလက်သီးထိုးလိုက်ပြီးနောက် ချက်ချင်းပင် လက် သီး တစ်ချက် ထပ်ထိုးလိုက်ပါသေးတယ် ။ဒီတစ်ကြိမ်မှာ တော့ သူ၏ လက်သီးဟာ အဖြူရောင်ကျားခေါင်းကြီး အ သွင် ပြောင်းသွားကာ ချီဓာတ်များစွာ ပါဝင်နေလျက်ပါပဲ ။ ပြင်းထန်စွာ ထိုးလိုက်သောအခါ စွမ်းအားပြင်းထန်လှသည့် ချီဓာတ်လှိုင်းများဟာ လွင့်စင် ထွက်လာပါတော့တယ် ။ မြေ ကြီးပင် တသိမ့်သိမ့် တုန်ကာ နေလျက် ရှိပါတယ် ။
တစ်ချက်ပြီးတစ်ချက် ထိုးလျက် ရှိပြီး လက်သီးချက် တိုင်းမှာ ရက်စက်မှု အပြည့်ပါပဲ ။ လူအုပ်ကြီးဟာ ချန်ရှန် တစ်ချက်ပြီးတစ်ချက် ထိုးနေတာကို ကြည့်ရင်း တုန်လှုပ် နေကြပါတယ် ။ စက္ကန့်အနည်းငယ်အတွင်းမှာပဲ လူရုပ်ပင် မပေါ်တော့ပဲ မြေကြီးပေါ် ပုံလျက် လဲကျသွားပါတယ် ။ ချန် ရှန် ဘယ်နချက် ထိုးလိုက်သည် ဆိုတာကိုပင် မရေတွက် နိုင်လိုက်ကြပါ ။
“ဒါ ပါးစပ်ဆော့ခြင်းရဲ့ အကျိုးဆက်ပဲ”
ချန်ရှန် အေးစက်စက် ပြောလိုက်တယ် ။ လူတိုင်းဟာ တုတ်တုတ်မျှ မလှုပ်ပဲ စိတ်ထဲမှာ လန့်နေကြတယ် ။ ခြေ လှမ်း အနည်းငယ်ပင် နောက်ဆုတ်သွားကြပြီး အသက်ပင် ရဲရဲ မရှူရဲကြပါ ။ ချန်ရှန် စိတ်ဆိုးပြီး သူတို့ကို ရိုက်မှာစိုးလို့ ဖြစ်ပါတယ် ။
ချန်ရှန် ၏ လူမဆန်တဲ့ အပြုအမူများကို ကြည့်ရင်း ဇန်မင် တစ်ယောက် စိတ်ထဲ ထင့်နေတယ် ။
သာမန် အဆင့် ၂ စစ်မှန်သော ပညာရှင်ဆိုတာ ချန်ရှန် ကို လုံးဝ မယှဉ်နိ်ုင်ပါချေ ။ အထူးသဖြင့် ပြိုင်ဖက်ဟာ သတိ လက်လွတ် ဖြစ်သွားတယ့် အချိန်မျိုးမှာ ပိုဆိုးပါတယ် ။ ချန်ရှန် ၏ ရုတ်တရက် တိုက်ခိုက်မှု တစ်ခုနဲ့ပဲ အဆုံးသတ် သွားနိုင်ပါတယ် ။
အလစ်အငိုက်ဖမ်းခြင်း ဆိုတာကို ဇန်မင် သဘော ပေါက် သွားတယ် ။ ဓားရှည်တစ်လက် သူ့ လက်မှာ ပေါ်လာ ပါတယ် ။ လျှပ်စီးလို လျင်မြန်သော အရှိန်ဖြင့် ချန် ရှန်ဆီ ဦးတည်ကာ ဖြင့် အားပြင်းစွာ သွားနေပါတယ် မီးများလည်း တောက်လောင်လျက်ရှိပြီး ဓားများမှာ ပုံရိပ် ယောင် သဏ္ဍာန်များ ဖြစ်သွားပြီး သွားနေပုံမှာ ကြီးမား သော မီးပန်ကာကြီး ပြေးနေသလိုပါပင် ။
လူတိုင်း ရင်တထိတ်ထိတ်ဖြင့် ကြည့်နေကြတယ် ။ ယခုလို မီးများမှာ ခုခံရန် အတော် ခက်ခဲပြီး မီးအငွေ့ များ ပါ ပါဝင်နေပြီး အလွန်ပင် ကြောက်မက်ဖွယ် ကောင်းပါတယ် ။
ဇန်မင် ကြိတ်ဂုဏ်ယူနေပါတယ် ။ သူ၏ ယခု လှုပ်ရှား မှုဟာ ချန်ရှန်ကို ကောင်းစွာ ရင်ဆိုင်နိုင်မည်ဟု ယုံကြည် နေတယ် ။ ဒါပေမယ့်လည်း “ချွမ်” ဆိုသည့် အသံထွက်ပေါ် လာပြီး ဇန်မင်၏ အမူအရာမှာလည်း ပြောင်းလဲသွားပါ တယ် ။ သူ၏ မီးတောက်များ ပြည့်နေသည့် ဓားမှာ ပျောက် ကွယ်သွားပြီး သူ့တစ်ကိုယ်လုံး တုန်သွားတယ် ။ ၂ ပိုင်း ပြတ်နေသော သူ၏ အဆင့် ၇ ဝိဉာဉ်တော် လက်နက် အား ကြည့်ရင်း ဒေါသတော်တော် ထွက်သွားပါတယ် ။
ချန်ရှန် ဟာ မိုးပြာနဂါးနတ်မိစ္ဆာဓားသွား အား ထုတ် လိုက် တာ ဖြစ်ပြီး သူ့ဆီလာနေသော မီးတောက်ဓားအား ချိုးပစ်လိုက်တာပဲ ဖြစ်ပါတယ် ။ သူဝန်ခံရမည့်အချက် က တော့ အဆင့် ၃ ပညာရှင်၏ စွမ်းအားဟာ အတော်အင် အား ကြီးတယ် ဆိုတာကိုပါပဲ ။ သူသာ မိုးပြာနဂါးဓားဖြင့် မခုခံ လိုက်ဘူးဆိုပါက ဒဏ်ရာအပြင်းအထန် ရနိုင်တာပဲ ဖြစ်ပါတယ် ။
“မာနမီးတောက် ဓား ၊ ငါ့ရဲ့ မာနမီးတောက်ဓား . . .”
ဇန်မင်ဟာ တပိုင်းသာ ကျန်ရှိသည့် သူ၏ ဓားကိုကြည့် ရင်း ဒေါသအမျက်ချောင်းချောင်း ထွက်နေပါတယ် ။ ယခု မာနမီးတောက် ဓားဟာအဆင့် ၇ ဝိဉာဉ်တော် လက်နက် မှာ အဆင့် ၃၀ ရှိနတာဖြစ်ပြီး အတော်ကောင်းမွန်လှတာပါ ၊ ၎င်းဓားဟာ သလင်းကျောက် တစ်သောင်းကျော်လောက် တန်တာ ဖြစ်ပြီး ယခုအချိန်ခဏလေးအတွင်း ပျက်စီးသွား ခဲ့ရပါပြီ ။
ချန်ရှန် ၏ မိုးပြာနဂါးဓားဟာ သိပ်မတောက်ပ လှ သော် လည်း အတော်တော့ ကြီးမားပါတယ် ။ ဓားရိုးမှာ နဂါးခေါင်း ရှိနေပြီး ကြည့်ရင်တော့ သာမန်ပါပဲ ။ ဒါပေမယ့် ယခု သာမန်လိုဓားက အဆင့် ၇ ဝိဉာဉ်တော်ဓားကို ချိုး ပစ်လိုက်ပါပြီ ။
လူများစွာတို့ဟာ ချန်ရှန် ယခုဓားအား ကောင်းကင် နဂါး ရတနာ သိုက်မှ ရရှိလာတယ် လို့ တွေးလိုက်မိကြပါ တယ် ။ ဒဏ္ဍာရီလာ အဆင့် ၉ ဝိဉာဉ်တော် လက်နက်ပါ ။
လျူမန်ဂါ ၏ မျက်လုံးများမှာ တလက်လက်တောက်ပ နေပါတယ် ။ ချန်ရှန် လက်ထဲမှ မိုးပြာနဂါး ဓားအား စိုက် ကြည့်လို့နေတယ် ။ သူမဟာ ကောင်းကင်ဘုံ နတ်လက် နက် အင်ပါယာမှ ဧကရီ တစ်ပါး ဖြစ်ပြီး ချန်ရှန် နယ်မြေ တစ် ခုလုံးတွင် နံပတ် ၁ လက်နက် ပြုလုပ်သူ ဖြစ်ပါတယ် ။ ချန်ရှန် လက်ထဲမှ ဓားဟာ သာမန်လို ဖြစ်ပေမယ့် ထူးခြား မှုကို သူမ သိနေတယ် ။
“ရှန်းရှန်း ၊ မင်းကောင်လေးက သာမန်မဟုတ်တဲ့ လက် နက် ကို ရရှိထားတာပဲ ၊ အခွင့်ရှိရင်တော့ ခဏငှား ကြည့် ချင် လို့ ရမလား”
လျူမန်ဂါ ၏ အသံမှာ စိတ်လှုပ်ရှားမှု အပြည့်ပါပဲ ။ သူမ ဟာ လက်နက်ပြုလုပ်သူ ဖြစ်တာကြောင့် ယခုလို လက် နက် ဆန်းမျိုးကို မြင်ပါက အရမ်းကို စိတ်ဝင်တစားလေ့ လာ ချင် လို့ပဲ ဖြစ်ပါတယ် ။
“အကိုတော် ချန်က တကယ်ကို စွမ်းတာပဲ ။ ကျွန်မ တောင် သူ့ကို နိုင်ပါ့မလားပဲ”
ရှန်းရှန်း ၏ မျက်နှာလေးမှာ ပျော်ရွှင်နေရာမှ နီရဲ သွား ပါတယ် ။ ဒါပေမယ့် ချန်ရှန်နှင့် သိုင်းပညာ ဖလှယ်ဖို့ကို သူမ တော်တော် စိတ်ဝင်စားနေမိပါတယ် ။
မိုးပြာနဂါးဓား၏ အလေးချိန်ဟာ ဖြေးညှင်းစွာ ပြောင်း လဲ ပါတယ် ။ ချန်ရှန်ဟာ ယခု သူ့ ဓားမှာ ပေါင် ငါးသိန်း ၀န်း ကျင်လောက် အလေးချိန်ရှိမည်ဟု ခန့်မှန်းမိပါတယ် ။ ဒါ ပေမယ့် တကယ့် လက်တွေ့ မှာတော့ ပေါင် ၅ ထောင်သာ သာ လောက်ပဲ ရှိတယ်လို့ ခံစားမိပါတယ် ။ သူ၏ ချီဓာတ် များသာ ခိုင်မာမှုမရှိပါက ဓားပိပြီး မြေကြီးအောက် ရောက် နေမည် ဖြစ်ပါတယ် ။
“ချန်ရှန် ၊ ဒီနေ့ ငါမင်းကို ကျိန်းသေ သတ်မယ် ၊ ငါ့ရဲ့ မာန မီးတောက် ဓားကို မင်းဖျက်ဆီးပစ်တယ်”
ဇန်မင်ဟာ ဒေါသတကြီး ပြောဆိုရင်း ချန်ရှန်လက်ထဲ မှ ဓားကို လောဘတကြီးဖြင့် ကြည့်နေပါတယ် ။
ဇန်မင် စကား ဆုံးသည်နှင့် ချန်ရှန် လက်ထဲမှ မိုးပြာ နဂါး ဓားဟာ ရုတ်တရက် အရောင်များ လက်သွားပြီး လူ တိုင်းဟာ သူတို့မျက်လုံးကိုပင် မဖွင့်နိုင်ကြတော့ပါဘူး ။ ချန်ရှန် ဆီမှ မိုးပြာရောင်များဟာ လင်းလက်နေပြီး လျင်မြန် လှသော အရှိန်ဖြင့် ချန်ရှန် လေထဲ ခုန်တက်လိုက်ပါတယ်။ သူ၏ ဓားကြီးကို ဝှေ့ ယမ်းကာဖြင့် ဇန်မင်ဆီသို့ ဦးတည် သွား ပါတော့တယ် ။
ဇန်မင်ဟာ မျက်စိမဖွင့်နိုင်လောက်အောင် ဖြစ်ပေမယ့် သူ၏ နတ်အတွင်းအား အာရုံများအရ ချန်ရှန် တိုက်ခိုက် လာမည့် လမ်းကြောင်းကို အာရုံခံလို့ ရနေတယ် ။ ဒါ့အပြင် သူ၏ ချီဓာတ်များအား အသုံးပြုကာ ခန္ဓာကိုယ် တစ်ခုလုံး အား အကာကွယ် ကောင်းကောင်း လုပ်ထားလိုက်ပါတယ်
သို့သော်လည်း ချန်ရှန် ၏ ဓားဟာ မိုးပြာနဂါးချီဓာတ် များစွာ စီးဝင်မှုကြောင့် အတော်ပင် လေးလံကာ ကြောက် မက်ဖွယ် အလွန်ကောင်းလှပါတယ် ။ အဆင့် ၅ ပညာရှင် ပင် သူ၏ ယခု ဓားချက်ကို ခုခံဝံ့လိမ့်မည် မဟုတ်ပါပေ ။
“ဘုန်း . . . ဘုန်း . . . ဘုန်း . . .”
ပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပေါ်သွားပြီး မြေကြီး တစ်ခုလုံး သိမ့်သိမ့် တုန်သွားပါတယ် ။ အမည်းရောင်လိပ် တောင်ခြေကြီး တစ်ခုလုံး နိမ့်ချည်မြင့်ချည် ဖြစ်သွားပါ တယ် ။အနီးအနားရှိ ရွက်ဖျင်တဲများအားလုံးဟာ ပျက်ဆီး သွားပြီး ချန်ရှန်နှင့် ဇန်မင်တို့ ရပ်နေသည့်နေရာမှာတော့ ချိုင့်ဝင်သွားပါတော့တယ် ။
စွမ်းအားပြင်းထန်သည့် ချီဓာတ်လှိုင်းများ လွှမ်းမိုးမှု ကြောင့် ကျောက်ခဲများ မြေကြီးများမှာ အဝေးသို့ လွင့်ပျံ ထွက်ကုန်ပြီး လူများစွာဟာ ငုံ့လျက် ရှိနေကြပါတယ် ။
ဇန်မင်း ပျောက်ကွယ်သွားပြီး ချန်ရှန် သာ ဓားကြီးအား လက်တွင် ကိုင်လျက် ရပ်နေပါတော့တယ် . . . ။