Switch Mode

Chapter – 159

အမည်ရောင်လိပ်တောင်ခြေ

Chapter – 159 အမည်ရောင်လိပ်တောင်ခြေ

ချန်ရှန် ရွှီရှန်းရှန်း အလွန်ပင် အစွမ်းထက်နေတာ ကို သိရှိသွားပါတယ် ။ တကယ်တော့ သူမဟာ သူ့ထက်များ စွာ စွမ်းပါတယ် ။ သူမဟာ စစ်မှန်သော သိုင်းပညာနယ် ပယ် အဆင့် ၃ ဖြစ်ပြီး သူတော်တော် အံ့အားသင့်သွား ပါ တယ် ။
ညရောက်တဲ့အချိန်ထိ အခန်းငယ်လေးထဲမှာပဲ ၂ ဦး သား စကားပြောဆိုနေပြီး ရှန်းရှန်း မျက်နာမှာ ရုတ်တရက် ၀မ်းနည်းပုံ ပေါက်သွားပါတယ် ။
“အကိုတော်ချန် ၊ တကယ်ပဲ ကျွန်မတို့နဲ့ အတူ တောင် ကို မလိုက်ဘူးပေါ့”
ရှန်းရှန်း မေးလိုက်ပါတယ် ။
ချန်ရှန် ခေါင်းကို ညိမ့်ကာဖြင့် ခပ်လောလော ပြော လိုက် တယ် ။
“ရှန်းရှန်း ၊ အခု ငါမင်းကို မပြောပြနိုင်သေးတာတွေ ရှိ တယ် ။ ငါ့ကို ခွင့်လွှတ်ပါ ။ ငါလုပ်သမျှဟာ မှန်ကန်တဲ့ အ လုပ်တွေသာ ဖြစ်ပြီး အရမ်းလည်း အရေးကြီးတယ်”
ရှန်းရှန်း ဟာ စိုးရိမ်နေသော်လည်း ချန်ရှန် ကို နား လည် ပေးပါတယ် ။ ချန်ရှန်၏ ပါးအား အနမ်းပေးကာ –
“ဒီလို မပြောပါနဲ့ ၊ ကျွန်မက အကိုတော်ကို ဘေးကင်း ကင်း ပြန်လာစေချင်တာပါ ။ ခု ကျွန်မတို့ အားနည်းနေ တယ် ။ ဒါပေမယ့် အနာဂတ်မှာ ကျွန်မတို့ဟာ သိုင်းလော က ရဲ့ ထိပ်ဆုံးမှာ ရပ်တည်ကြရမယ်လို့ ယုံကြည်တယ် ။ ကျွန်မတို့ ငယ်ဘ၀ က ကတိကို မေ့သွားပြီလား”
ချန်ရှန် ပြုံးလိုက်ခါ ရှန်းရှန်းကို ထပ်နမ်း လိုက်ပြန်ပါ တယ် ။ ထို့နောက်မှာတော့ ပြတင်းပေါက်မှ ခုန်ချကာ အ မည်းရောင်လိပ် တောင်သို့ သွားပါတော့တယ် ။
အမည်ရောင်လိပ် တောင်ဟာ ဝေးပါသေးတယ် ။ ၎င်း တောင်ကြီးဟာ ကြီးမားသော လိပ်ကြီး မြေကြီးပေါ် လှဲ လျောင်း နေသလိုပါပင် ။ အလွန်ကြီးမားလှသော ကျောက် တောင် ကြီးပါ ။ ဒါပေမယ့် တောင်ခြေဖက်တွေမှာတော့ များစွာသော ရွက်ဖျင်တဲတွေ ရှိနေတယ် ။ သေချာ လေ့ လာ ကြည့်တယ့်အခါ ၎င်းတို့ဟာ ဒီနေရာမှာ လွန်ခဲ့တဲ့ ကာ လတွေတည်းက အခြေချထားပုံပါ ။ အချိန်အကြာကြီး ၀င် ပေါက်ပွင့်မယ့် အချိန်ကို စောင့်နေကြတာပဲ ဖြစ်ပါတော့ တယ် ။
၎င်းဝင်ပေါက်ဟာ လျို့ ဝှက်ဆန်းကြယ် နယ်ပယ် ဖြစ်ပြီး များစွာသော သိုင်းပညာရှင်တို့ဟာ ရောက်နေကြပါ ပြီ ။ တောင်ကြီးထဲဝင်ကာ ရတနာကို ယူဆောင်လို့ မရသေး ပေမယ့် ၎င်းပညာရှင်တို့ဟာ လာစောင့်နေကြ တုန်းပါပဲ ။ လျို့ ဝှက်ဆန်းကြယ် နယ်ပယ် ဖြစ်တာနဲ့ အညီ ဝိဉာဉ်တော် ချီဓာတ်များဟာလည်း ပေါများလှပါတယ် ။ ထိုသို့ ဝိဉာဉ်တော် ချီဓာတ်အပေါများဆုံးနေရာများမှာ တော့ ရတနာများလည်း ပေါ်ပေါက်တတ်ပါသေးတယ် ။ ဘာမျှ မရတောင် ဆေးပင်ရှားရှားပါးပါး များအား ရှာဖွေ တွေ့ ရှိနိုင်သည့်အတွက် ၎င်းတို့အတွက် အကျိုးမယုတ်ပါ ချေ ။
ချန်ရှန် သူ၏ နတ်အတွင်းအား အာရုံဖြင့် ကြည့်လိုက် တဲ့ အခါ များစွာသော အဆင့် ၁၀ မော်တယ် ပညာရှင်များ ကို တွေ့ လိုက်ရတယ် ။ ဒါ့အပြင် စစ်မှန်သောသိုင်းပညာ နယ်ပယ် မှ လူအချို့ လည်း ရှိနေပါသေးတယ် ။
“နဂါးမလေး ၊ ငါတို့ ခု ၀င်မရသေးဘူးမလား”
ချန်ရှန် မေးလိုက်တယ် ။ အခု မှောင်နေသော်လည်း တောင်မှ များစွာသော လိုဏ်ခေါင်းများကို သူမြင်နေရပါ တယ် ။ ၎င်းလိုဏ်းခေါင်းများဟာ အမည်းရောင်လိပ် တောင် ကြီး၏ ၀င်ပေါက်ဆီသို့ ရောက်နိုင်ပါတယ် ။
“မရသေးဘူး ၊ လျို့ ဝှက်ဆန်းကြယ်နယ်ပယ် ပွင့်လာ မယ့် အရိပ်အယောင် ပြတယ့်အချိန်မှာ ၎င်း လျို့ ဝှက်ဆန်း ကြယ် နယ်ပယ်ဟာ လေဟာနယ်ကို ဖျက်ဆီးဖို့ ကြိုးစား လိ့မ်မယ် ။ အဲဒိအခါ လေဟာနယ်ဟာ အားနည်းသွားပြီး တချိန်တည်းမှာပဲ ကျွန်မ အထဲကို ခေါ်သွားနိုင်လိမ့်မယ်”
လောင်ဆုရီ ပြန်ပြောပါတယ် ။
အနီးအနားမှ ချန်ရှန် ဟာ တောင်ကို လေ့လာနေပြီး အတွင်း ၀င်နိုင်မည့် လမ်းကြောင်းကို ရှာကြည့်နေမိတယ် ။ ရက်အနည်းငယ် ကြာတယ့်အခါ လူတွေဟာ တဖွဲဖွဲ ရောက် ရှိလာကြတယ် ။ မေးမြန်းစုံစမ်းမိသလောက် အဆို ပါ လျို့ ဝှက်ဆန်းကြယ်နယ်ပယ်ဟာ တစ်လအတွင်း ပွင့် မယ်လို့ ချန်ရှန် သ်ိလာရပါတယ် ။
ဆယ်ရက်ခန့် ကြာပြီးနောက် အလွန်ကြီးမားသည့် တောင်ကြီးအောက်တွင် များစွာသော အရွယ်အစားစုံ ပုံစံ အစုံ ရွက်ဖျင်တဲ အကြီးအသေး တို့ဟာ ရှိလာကြပါပြီ ။ နတ် လက်နက် အင်ပါယာ ၏ ရွက်ဖျင်တဲကို လည်း တွေ့ လိုက် ရပြီး လျူမန်ဂါနှင့် ရှန်းရှန်း တို့ ထိုအထဲတွင် ရှိလိမ့်မည် ဟု ချန်ရှန် ခန့်မှန်းမိပါတယ် ။
ဂိုဏ်းကြီး ဂိုဏ်းငယ် အသွယ်သွယ် တို့ဟာ ရောက်ရှိ နေကြပါပြီ ။ ဒါပေမယ့် ချန်ရှန် စစ်မှန်သော သိုင်းပညာ ဂိုဏ်း နှင့် သားရဲဂိုဏ်းတို့အား မတွေ့ သေးပါချေ ။ ထို့ အပြင် သူ၏ ပြင်းထန်သော သိုင်းပညာဂိုဏ်း၏ အရိပ်အ ယောင် လည်း မတွေ့ ပါ ။ စိတ်ထဲ နည်းနည်းတော့ သင်္ကာ မကင်း ဖြစ်လာရပါတယ် ။
၎င်းတို့၏ ဂိုဏ်းကို သိသာထင်ရှားစေရန် ရွက်ဖျင်တဲ များ အား ထောင်ထားကြပြီး ဂိုဏ်းတံဆိပ်ကိုလည်း ချိတ် ဆွဲ ထားကြပါတယ် ။
“သားရဲဂိုဏ်း နဲ့ စစ်မှန်သော သိုင်းပညာဂိုဏ်းတို့ဟာ ရောက်နေပြီး ဖြစ်လိ့မ်မယ် ။ ဒါပေမယ့် သူတို့ဟာ ပြင်းထန် သည့် သိုင်းပညာ စီရင်စုကို ၀င်ခွင့် ပိတ်ပင်ခြင်း ခံထားရ တာ ကြောင့် ထွက်ပေါ်မလာတာဖြစ်မယ် ။ ဒီနေရာမှာပဲ ပုန်း အောင်းနေနေကြလိ့မ်မယ် ။ မင်းတို့ ပြင်းထန်သော သိုင်း ပညာဂိုဏ်းကလည်း သူတို့ကို ရုတ်တရက် ဖမ်းချင် လို့ ပုန်နေကြတာ ထင်တာပဲ”
စုမေးယို က သူမ ယူဆချက်ကို ပြောပြပါတယ် ။
ချန်ရှန် လည်း ထို့အတူ စဉ်းစားမိပါတယ် ။ အခုလက်ရှိ မှာတော့ လျို့ ဝှက်ဆန်းကြယ် နယ်ပယ် ပွင့်မယ့် အချိန်ဟာ လည်း နီးသထက် နီးလာပါပြီ ။ ထိုရက်တွေထဲမှာ တော့ လောဘကြီးတယ့် နဂါးမလေး လောင်ဆုရီ စကားနည်းနေ ပါတယ် ။ လေဟာနယ်၏ အားအနည်းဆုံး နေရာကို အ သည်း အသန် ရှာဖွေနေပုံပါ ။
ချန်ရှန် လိုဏ်ဂူတစ်ခုထဲမှာ ပုန်းအောင်းကာ အောက်ရှိ ရွက်ဖျင်တဲများအား ကြည့်နေတယ် ။ သူ ဂုဒွန်ချန် နှင့် တခြား လူများအား ရှာဖွေနေတာဖြစ်ပြီး ရှန်းရှန်း ဆီတော့ မသွား ဖြစ်ခဲ့ပါ ။ သွားပါက ရှန်းရှန်း မှတဆင့် လျူမန်ဂါ ၏ ဖိအား ပေးခံရမှာကို ကြောက်လို့ပဲ ဖြစ်ပါတယ် ။
ရုတ်တရက် ချန်ရှန် ရင်းနီးတယ့် ခံစားမှု တစ်ခုကို ရ လိုက်ပြီး ချက်ချင်းပင် သူအာရုံရရာသို့ စူးစိုက်ကြည့်လိုက် ပါ တယ် ။ အမည်းရောင်ဝတ် သက်လတ်ပိုင်းရွယ် လူ တစ် ဦး ရွက်ဖျင်တဲ မှ ထွက်လာတာကို မြင်လိုက်ရတယ် ။
လွန်ခဲ့သော အချိန်တုန်းက ချန်ရှန် မိုးပြာနဂါး ရတနာ သိုက်အား ၀င်ရောက်စဉ် ဒီကတုံးပြောင်ပြောင် လူနှင့် ကြုံ ခဲ့ရပါတယ် ။ ဒီလူဟာ သားရဲဂိုဏ်းဝင် ဖြစ်ပြီး သားရဲဂိုဏ်း နှင့် စစ်မှန်သော သိ်ုင်းပညာဂိုဏ်းတို့အား ပြင်းထန်သော သိုင်းပညာစီရင်စုမှာ ပိတ်ပင်ခံထားရတာ အားလုံးအသိပါ။
“ပြီးခဲ့တယ့် တစ်ခေါက်က ဒီလူက ငါ့ကို သတ်ဖို့ ကြိုး စားခဲ့တာပဲ”
ချန်ရှန် ရင်ထဲ ဒေါသထွက်သွားတယ် ။ လှိုဏ်ဂူ အပြင် သို့ ခုန်ကာ ထို တဲအုပ်စု ဆီသို့ လျှောက်သွားပါတယ် ။
ကန့်လန့်ဖြတ် အစင်းများပါသော တဲများကို ဖြတ်သန်း ပြီး နောက် ချန်ရှန် ကတုံးနှင့် လူ၏ ရှေ့ သို့ ရောက်သွားပါ တယ် ။ ထိုလူလည်း တစ်စုံတစ်ယောက်က သူ့လမ်းကို ပိတ် လိုက်တာကြောင့် ထူးဆန်းသလို ဖြစ်သွားတယ် ။ ရုတ်တရက် ထိတ်ကနဲ ဖြစ်သွားပါတယ် ။ သူချန်ရှန်၏ သွင် ပြင်အား သေသည်ထိ မေ့နိုင်မည် မဟုတ်ပေ ။ ချန်ရှန် ဟာ ၎င်း၏ ဂျူနီယာ ညီမအား သူ့ရှေ့ မှာပင် သတ်သွားတာ ဖြစ် ပြီး သူ့ကို ပါ သတ်မလို လုပ်ခဲ့တာပါ ။ သူကိုယ်တိုင်ပဲ ချန် ရှန် ပုံတူ ဆွဲပြီး ဆုငွေ ထုတ်ခဲ့တာပါ ။
ဒီကတုံးနှင့် လူနာမည်ကတော့ ဇန်မင် ဖြစ်ပြီး အဆင့် ၃ စစ်မှန်သော သိုင်းပညာရှင် ဖြစ်ပါတယ် ။ ချန်ရှန် ထို လူ ၏ အကြောင်းကို သိရှိပြီးပါပြီ ။
“သားရဲဂိုဏ်း နောက်လိုက်က ပြင်းထန်သော သိုင်းပ ညာ စီရင်စု မှာ ပေါ်လာဝံ့တယ်ပေါ့”
ချန်ရှန် ခပ်လှောင်လှောင် လေး မေးလိုက်တယ် ။ သား ရဲဂိုဏ်းမှ လူအားလုံးဟာ ချန်ရှန် ပြုလုပ်ခဲ့တာတွေ အကုန် လုံးကို သိတယ် ။ ချန်ရှန် စစ်မှန်သော သိုင်းပညာရှင် ဖြစ် သွားကြောင်း ၊ အဆင့် ၄ ဆေးပညာရှင် ဖြစ်ကြောင်း သိ ရှိ ခဲ့ကြပြီး သူတို့ အဆိုပါသတင်းများ ကြားကြားချင်းတုန်းက တော်တော် တုန်လှုပ်ခဲ့ကြတာပါ ။ ချန်ရှန် ကို အမြစ်ဖြတ် ရန် ပိုမိုပင် ဆုံးဖြတ်လိုက်ကြတယ် ။
“ချန်ရှန် ဒီမှာဟေ့”
ဇန်မင်ဟာ ကျယ်လောင်စွာ အော်ပြောလိုက်ပါတယ် ၊ ထိုအချိန်မှာ သားရဲဂိုဏ်း နှင့် စစ်မှန်သော သိုင်းပညာဂိုဏ်း တို့ဟာ ချန်ရှန် ကို အလိုရှိနေတာဖြစ်ပြီး ဆုငွေတွေ ထုတ် ထားကြတာပါ ။ စုစုပေါင်း ဆုငွေမှာ သလင်းကျောက် တစ် သန်း လောက်ပင် ရှိပြီး တော်တော်များတယ့် ပမာဏပါ ။ လူတိုင်းဟာ ချန်ရှန် နဲ့ တွေ့ ပါက တိုက်သင့် မတိုက်သင့် ကို သာ စဉ်းစားနေလေ့ရှိကြတယ် ။
ဇန်မင် ၏ အသံဟာ အလွန်ပင် ကျယ်လောင်ပါတယ် ။ အမည်းရောင်လိပ် တောင်ခြေ တစ်ခုလုံး ပဲ့တင်ထပ်ကာ အားလုံး ကြားသွားကြပါတော့တယ် ။ ရွက်ဖျင်တဲများတွင်း အနားယူနေကြတော လူအားလုံးဟာ ထွက်လာကြကာ အသံ ကြားရာ နေရာစီသို့ ပြေးလာကြပါတယ် ။ အများစု မှာ ဆုငွေ ကိစ္စကိုသာ စဉ်းစားနေကြပြီး တချို့ မှာလည်း ချန်ရှန် ကို မြင်ဖူးချင်ကြလို့ပါ ။ တချို့ မှာတော့ ချန်ရှန် ၏ အစွမ်းကို ကြည့်ချင်ကြလို့ပါပဲ ။
“ခင်ဗျား ခုချက်ချင်း ပြေးရတော့မယ် ဆိုတာ သေချာ တယ်”
ချန်ရှန် ဟာ ခံစားချက် မဲ့နေပုံပါပဲ ။ သူ၏ လက်သီးများ အား ကျစ်ကျစ်ပါအောင် ဆုပ်ကာ အချိန်မရွေး တစ်ခုခု လုပ် တော့ မယောင်ပါပဲ ။
ဇန်မင် ဟာ အဆင့် ၃ စစ်မှန်သည့် သိုင်းပညာရှင် ဖြစ် တာကြောင့် ယခုမှ စစ်မှန်သော သိုင်းပညာရှင် ဖြစ်သည့် ချန်ရှန် ကို ကြောက်ရွံ့ ခြင်း မရှိပါ ။ ချန်ရှန် ၏ ဆေးပညာ မှာ အလွန်ကောင်းပြီး ဂုဏ်သတင်းတွေ မွှေးနေပေမယ့် သူ၏ မျက်လုံးထဲမှာတော့ ချန်ရှန်ဟာ အားနည်းပုံပေါ်နေ ပါ တယ် ။ အဘယ်ကြောင့်ဆိုသော ချန်ရှန် ၏ အားအင်ကို သူ သိချင်လို့ ဖြစ်ပြီး ယခုလို စိတ်ဓာတ်ယိမ်းယိုင်သွားအောင် လုပ်ခြင်းဖြင့် ချန်ရှန် ကို အနိုင်ယူခြင်နေတာ ဖြစ်ပါတယ် ။
“ငါသာ မင်းနေရာမှာဆို အခုလို ကိုယ့်သေတွင်း ကိုယ် တူးမှာ မဟုတ်ဘူး”
ဇန်မင် က ခနဲ့တဲ့တဲ့ ပြောလိုက်ပါတယ် ။ ပတ်လည် မှာ တော့ ကြည့်ရှုနေသူ များစွာ ရှိနေပြီး သူခေါင်းတညိမ့်ညိမ့် လုပ်ကာ ကျေနပ်နေမိတယ် ။ ယခုအခြေအနေကို သူလို ချင် နေသည် မဟုတ်ပါလော ။
ရွက်ဖျင်အချို့ ဟာ ရွှေ့ ပြောင်းသွားကြပါတယ် ။ စစ် မှန် သော သိုင်းပညာနယ်ပယ် အဆင့် ပညာရှင် ၂ ဦး တိုက် ခိုက်တော့မည် မဟုတ်ပါလား ။ ရွက်ဖျင်တဲ မဆိုထားနှင့် ခိုင်ခန့်သည့် အ်ိမ်ဆိုလျှင်ပင် တစ်စစီ ဖြစ်သွားမှာ မလွဲပေ။
“ခင်ဗျားက သားရဲဂိုဏ်းက နောက်လိုက်ဖြစ်တယ် ။ ပြင်းထန်သော သိုင်းပညာဂိုဏ်း မှ ဂိုဏ်းသားတစ်ယောက် အနေနဲ့ သားရဲဂိုဏ်းက ဘယ်သူ့ကို တွေ့ တွေ့ သူတို့ကို ဖမ်းဆီးရမှာပဲ ။ခင်ဗျား မလိုက်နာရင်တော့ သတ်ရလိမ့် မယ်”
ချန်ရှန် ခပ်ပေါ့ပေါ့ ပင် ပြောလိုက်ပါတယ် ။
ဒီလိုအပြုအမူကြောင့် လူတိုင်းဟာ ရုတ်တရက် လန့် သွားကြတယ် ။ ယခုမှ စစ်မှန်သော သိုင်းပညာနယ်ပယ် ကို ရောက်ရှိသည့်လူက အဆင့် ၃ ပညာရှင်ကို ဒီလို ပြောရဲ ခြင်းဟာ တော်ရုံသတ္တိ မဟုတ်ပါချေ ။ ၎င်းတို့အားလုံး အ နည်းငယ် စိတ်ပျက်သွားမိကြတယ် ။ ဒီလိုမျိုး ထင်ရှား ကျော် ကြား လှသော ဒဏ္ဍာရီသူရဲကောင်း သဖွယ် ပြောဆို ကြသည့် ချန်ရှန် ဟာ ယခုလို ကောင်းကင်နဲ့ မြေကြီး၏ ကြီး မားမှုကို မသိပဲ လျှောက်ပြောနေခြင်းဟာ ၎င်းတို့ အတွက် စိတ်ပျက်သွားစေစရာပါပဲ ။
“ဆရာမ ၊ အကိုတော် ချန် ကို သွားကူမလား”
ရှန်းရှန်းခပ်ဝေးဝေးမှ အခြေအနေကို အကဲခတ်နေ ရင်း သူမ ဆရာကို မေးလိုက်တယ် ။ ၎င်းတို့ ၂ဦးဟာ ပိတ် ပါးပါး လေးအား မျက်နာတွင် အုပ်ကာ တောင်ထိပ် တစ်ခု ပေါ်မှ ကြည့်နေကြတာ ဖြစ်ပါတယ် ။
“အေးဆေးပေါ့ ၊ သူအန္တရာယ် တစ်ခုခု ကြုံရင် ငါတို့ ဘာမှ လုပ်စရာ မလိုပါဘူး ။ ပုန်းနေကြတယ့် ဂုဒွန်ချန် နဲ့ တခြား လူတွေ ငါတို့အထက် အရင် တစ်ခုခု လုပ်ကြလိ့မ် မယ်”
လျူမန်ဂါ ချန်ရှန် ကို ကြည့်ရင်း ပြောလိုက်ပါတယ် ။ ချန်ရှန် အကြောင်းကို သူမ များစွာ ကြားဖူးပါတယ် ။ ဒါပေမဲ့ တစ်ခါမျှ မျက်မြင် မကြုံခဲ့ဘူးပါ ။ ဒီကောင်လေးမှာ ဘယ်လို မျိုး စွမ်းရည်များ ပိုင်ဆိုင်တယ် ဆိုတာကို သူမ သိချင်နေ တာ ဖြစ်ပါတော့တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset