Switch Mode

Chapter – 158

ဧကရီမေတ္တာ

Chapter – 158 ဧကရီမေတ္တာ

ခဏကြာတယ့်အခါမှာတော့ နူးညံ့ပြီး ချိုသာလှသည့် အသံတစ်ခု ထွက်ပေါ်လာပါတယ် ။
“အဟွတ် အဟွတ် . . . ၊ တော်လောက်ပြီ”
ရှန်းရှန်း၏ မျက်နာ ရဲခနဲ ဖြစ်သွားတယ် ။ သူမ၏ ခေါင်း အား ချန်ရှန်၏ ရင်ဘတ်မှာ မှီထားတာကြောင့် သူမ၏ ဆရာ ဒီရောက်နေတာကို လုံးလုံးမေ့သွားပါတယ် ။
ချန်ရှန် စပ်ဖြဲဖြဲပြုံးကာ လှပစွာ လျှောက်လာသည့် မိန်းမ ဖက်သို့ လှည့်ကာ –
“ဟယ်လို အမတော်”
လျူမန်ဂါ ဟာ တော်တော်ကြီး လှပပါတယ် ။ ဒူးဖုံး ၀တ်စုံ ကို ၀တ်ဆင်ထားပြီး ဧကရီတစ်ပါး၏ အငွေ့ အသက် အပြည့်ပါပဲ ။ ယဉ်ကျေးသိမ်မွေ့ ဟန် ၊ လှပ ကျက်သရေ ရှိ ဟန် ၊ ရင့်ကျက်ဟန် စသည်တို့ကြောင့် မြင်ရသူမှာ သူမကို ရင်မဆိုင်ရဲလောက်အောင်ပါပဲ ။
လျူမန်ဂါ ခပ်ဖျော့ဖျော့ပြုံးကာဖြင့် –
“မင်းလို ကောင်လေးသာပဲ ငါ့တပည့်ကို ဖက်ပြီး ငါ့ကို နှုတ်ဆက်ရဲတယ် ။ ဒီအသက်အရွယ်နဲ့ ပြသနာပေါင်း များ စွာ ဖန်တီးခဲ့တာ မထူးဆန်းတော့ပါဘူး”
ချန်ရှန် ရှက်ပြုံးပြုံးကာဖြင့် –
“စီနီယာ ၊ ဒီနှစ်တွေမှာ ရှန်းရှန်းကို ကောင်းကောင်း စောင့်ရှောက်ပေးတာ ကျေးဇူးအများကြီး တင်ပါတယ် ။ ဒီ ကလေးမလေး ခင်ဗျားကို ဒုက္ခတွေ မပေးဖူးမလား ၊ သူမ ပုံစံ ကြည့်ပြီး အထင်ကြီးမနေနဲ့ တကယ်တော့ သူမက တကယ့် ငရှုပ်လေးဗျ”
ရှန်းရှန်း ချန်ရှန် ကို မှုန်ကုတ်ကုတ် ကြည့်နေပါတယ် ။
လျူမန်ဂါ မေးကို အသာအယာပွတ်ပြီး –
“ကောင်လေး မင်းကဘယ်လိုထင်လို့တုန်း ။ သူမက ဒုက္ခ မပေးပါဘူး ။ တကယ်လို့ မင်းသာ ငါ့တပည့်ဖြစ်မယ် ဆိုရင်တော့ ငါတော်တော် ခေါင်းကိုက်၇မှာပဲ ၊ ဒါကြောင့် မို့ လည်း မင်းမှာဆရာမရှိတာပဲ”
“ငါမင်း ကောင်မလေးကို စောင့်ရှောက်ပေးတာကို မင်း ဘယ်လို ကျေးဇူးဆပ်မှာလဲ”
လျူမန်ဂါ ခပ်ပြုံးပြုံးပင် ပြောပါတယ် ။
ဒီအချက်ကို ကြည့်ရင်း ရွှီရှန်းရှန်း သက်ပြင်းချလိုက်မိ တယ် ။ အဘယ်ကြောင့်ဆိုသော သူမ ဆရာမှာ တခြား လူ များနှင့် ဆက်ဆံသည့်အခါ ခပ်မာမာပင် ဖြစ်တယ်ဆိုတာ သူမ သိနေတယ် ။ တခြားလူများနှင့် စကားပြောခြင်း နား ထောင်ခြင်းများ ပြုသည့်အခါ အမိန့်ပေးဟန် ခပ်ပြတ်ပြတ် ပါပဲ ။
ချန်ရှန် မှာ ဆရာတစ်ယောက် ရှိပါတယ် ။ ဒါပေမယ့် သူ၏ ဆရာဟာ သူ့ထက်ပင်မွှေသူ ဖြစ်ပြီး တွင်းနက်ကြီး ထဲ နှစ်တစ်ထောင်လောက် နေနေတာပဲ ဖြစ်တယ် ။
“ကျွန်တော် ဟာ အဆင့် ၄ ဆေးပညာရှင်ဖြစ်ပြီး တည် ဆောက်ရေးဆေးလည်း ပြုလုပ်နိုင်တယ် ။ ခင်ဗျားလိုအပ် တာ ရှိရင် ဘာဖြစ်ဖြစ် ပြောသာပြောပါဗျာ”
ချန်ရှန် ဂုဏ်ယူဟန် ဖြင့် ပြုံးပြီး ပြောလိုက်တယ် ။
“အိုး”
လျူမန်ဂါ ၏ လှပသော မျက်နှာမှာ အံ့သြမှုများ ယှက် သန်း သွားသလိုပါပဲ ။
“မင်း တည်ဆောက်ရေးဆေး လုပ်နိုင်တယ် ဆိုတာ အမှန် ပဲလား”
ရှန်းရှန်း မှာလည်း သင်္ကာမကင်း ဖြစ်နေပုံပါ ။ ဒါပေမဲ့ ချန်ရှန် ၏ ယုံကြည်မှုအပြည့် ရှိသည့် ဟန်ကို မြင်ရတယ့် အခါ သူမ၏ သံသယများ ပျောက်ကွယ်သွားပြီး ယုံကြည် သွားပါတယ် ။ သူမ၏ အချစ်ကို မယုံကြည် မည်သူ့ကို ယုံ ကြည် ပါမည်နည်း . . .
“အကိုတော် ချန် .၊ အထင်ကြီးစရာပဲ ၊ တကယ်ကို ကျွန်မကို အထင်သေးခွင့်မပေးတာပဲ”
သူမမျက်နှာမှာ ဂုဏ်ယူနေပုံပါ ။ အနည်းငယ်ရယ်မော ကာဖြင့် ချန်ရှန်လက်အား ဖျစ်ညှစ်နေတယ် ။
ချန်ရှန် ဟာ အဆင့်လေး ပညာရှင် ပါ ။ ဒါကို လျူမန်ဂါ ဟာ ပထမဆုံး အကြိမ် ကြားဖူးခြင်းပါ ။ အဘယ်ကြောင့် ဆို သော် ချန်ရှန် ဟာ သူမတပည့် ၏ ယောကျာ်း ဖြစ်တယ် ။ သူမ တပည့်မလေးကို သူမဟာ အလွန်ပင် ချစ်ခင်တယ် ။ ဒါကြောင့်ပဲ သူမဟာ ချန်ရှန် နဲ့ပတ်သက်ပြီး အလွန် အလေး ထား စိတ်ဝင်စားနေတာပါ ။
ချန်ရှန် လျူမန်ဂါကို စိတ်မပျက်စေခဲ့ပါ ။ ဒါပေမယ့် ချန်ရှန် ဟာ ဒုက္ခများစွာ ပြသနာများစွာကို ကြုံတွေ့ ရင် ဆိုင် ရတာမို့ အနည်းငယ်တော့ စိုးရိမ့်မိတယ် ။ သို့သော် ချန်ရှန် နောက်မှာ ပြင်းထန်သော သိုင်းပညာဂိုဏ်းရှိနေ တာ ကြောင့် စိတ်အေးမိသွားပြန်ပါတယ် ။
“အကိုတော် ချန် ၊ ကျွန်မအတွက် ဆေးဆရာမကြီး ကို တည်ဆောက်ရေးဆေး လုပ်ခိုင်းပေးတာအတွက် ကျေးဇူး ပါ”
ရှန်းရှန်း လေသံ တီးတိုး ဆိုပါတယ် ။ လက်ရှိမှာ သူမ ဟာ ချန်ရှန် ကို စကားတွေ အများကြီး ပြောချင်ပေမယ့် လည်း သူမ၏ ဆရာပါ ရှိနေတာကြောင့် အခွင့်မသာခဲ့ပါ ၊ ဒီ ခံစားချက်က သူမကို စနိုးစနောက် ဖြစ်နေစေပါတော့တယ်
ချန်ရှန် သူမ၏ နှာခေါင်းအား ဖျစ်ညှစ်ကာ စပ်ဖြဲဖြဲဖြင့် –
“ခုငါ့မှာ အများကြီး ပဲ ၊ ယူလိုက်”
ပြောနေရင်းပဲ ချန်ရှန် ဟာ အခြေခံ တည်ဆောက်ရေး ဆေး လေးလုံးအား ရှန်းရှန်း ဆီသို့ ပေးလိုက်ပါတယ် ။
ချန်ရှန် ဟာ သူပေးနိင်တယ်ပြောတယ် ၊ ကလေးက စား သလိုပင် ချက်ချင်း လည်းထုတ်ပေးတာကြောင့် လျူမန်ဂါ နှင့် ရွှီရှန်းရှန်း တို့ ၂ ယောက်လုံး အံ့အားသင့် သွား ကြပါတယ် ။
ဆေးလေးလုံးကို ကြည့်ရင်း ရှန်းရှန်း ရင်ထဲ နွေးထွေး သွားတယ် ။ ပြုံးကာဖြင့် –
“အကိုတော်ချန် ၊ အကိုတော် အတွက်ပဲ သိမ်းထားပါ ၊ ကျွန်မ အခု မလိုဘူး ။ ဒါနဲ့ အကိုတော်မှာ မွေးစား ညီမတော် ရှိတယ်လို့ ကြားတယ် ။ အကိုတော် မလိုရင်လဲ သူမကို ပေးလိုက်ပေါ့”
ချန်ရှန် လန်ယုလန် ကိုလည်း ရှာချင်ပါတယ် ။ ရေခဲ လေ တောင်ကြားဟာ အလွန်ပဲ ဝေးကွာလှတယ် ။ ဒါ့အ ပြင် လန်ယုလန်နှင့် ဆက်သွယ်ဖို့ နည်းလမ်းလည်း မရှိပါ ချေ ။
“ငါ ရေခဲလေ တောင်ကြား ကို မကြာခင် သွားမှာပါ ။ မင်း တကယ် အဲဒိ ဆံပင်အဖြူနဲ့ အလှလေးကို ပေးချင်ရင် ငါ့ကို ပေးလိုက် ။ အဲဒိနေရာကို ရောက်ဖို့ကမလွယ်ဘူး ၊ လမ်းပြ မရှိပဲ ရောက်ဖို့ ခက်ခဲတယ်”
လျူမန်ဂါ ပြောပါတယ် ။
ချန်ရှန် ခေါင်းညိမ့်ကာဖြင့် ဆေးလေးလုံးအား သေတ္တာ အတွင်း ထည့်ကာ လျူမန်ဂါကို ပေးလိုက်ပါတယ် ။
“ဒုက္ခပေးမိသလို ဖြစ်ပြီဗျာ”
ချန်ရှန် စိုးရိမ်ဟန်ဖြင့် ပြောလိုက်ပါတယ် ။
လျူမန်ဂါက ခပ်ဖျော့ဖျော့ ပြုံးကာဖြင့် –
“ရပါတယ်ကွာ ၊ ငါမင်းကို တည်ဆောက်ရေးဆေး လို လို့ လုပ်ပေးဖို့ လာရှာတယ့် အခါသာ ငါ့ကို မငြင်းလိုက်နဲ့”
“အဲလို ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲဗျ ၊ အမတော် မန်ဂါ က ရှန်းရှန်း အပေါ် အရမ်းကောင်းတယ် ၊ နောက်ပြီး အရမ်း လှတာကို ကျွန်တော် က ငြင်းနိုင်ပါ့မလား”
ချန်ရှန် ရှက်မနေတော့ပဲ အပြုံးဖြင့် ပြောလိုက်ပါတယ်။
ရှန်းရှန်း ထောင်းခနဲ စိတ်တိုသွားပြီး လျူမန်ဂါ မှလည်း ပို မို လှပစွာပင် ပြုံးကာ –
“ကောင်လေး ၊ မင်း ရဲ့ လျာက တော်တော် ချိုသာတာ ပဲ ၊ ရှန်းရှန်း လို ကောင်မလေး မင်းကို ကြွေသွားတာ အံ့သြ စရာ မရှိတော့ပါဘူး”
“အမတော် မန်ဂါ ၊ ခင်ဗျား အမည်းရောင်လိပ် ချပ်ဝတ် အတွက် လာခဲ့တာတော့ မဟုတ်ပါဘူးနော်”
ချန်ရှန် မေးလိုက်ပါတယ် ။
ချန်ရှန် ဟာ လျူမန်ဂါကို စီနီယာ လို့ မခေါ်တော့ပဲ အမ တော် ဟု ပြောင်းလဲ ခေါ်ဆိုလိုက်ပြီး သူမလည်း မငြင်းဆန် ပါချေ ။ အဘယ်ကြောင့်ဆိုသော် သူမကို တစ်စုံတစ်ဦးက ယခု လို ခေါ်တာကို ပထမဆုံး အကြိမ် ကြားဖူးတာဖြစ်ပြီး သူမ စိတ်ထဲ ကျေနပ်သွားမိလို့ပါ ။
“အန်းး ၊ မင်းလည်း ဒါအတွက် လာတာလား ၊ ဂုဒွန်ချန် နောက်က မလိုက်သင့်ဘူး လား ၊ အဲဒါမှ ပိုလုံခြုံမှာ ၊ အထူး သဖြင့် အပေါက်ပွင့်တယ့် အခါမှာပေါ့”
ဒီကိစ္စကို ပြောနေတယ့် အချိန်မှာ လျူမန်ဂါ အနည်း ငယ် လှုပ်လှုပ်ရှားရှား ဖြစ်လာပါတယ် ။
ချန်ရှန် သက်ပြင်း အနည်းငယ် ချကာ –
“ဒီအမည်းရောင်လိပ် ချပ်ဝတ်က ဂိုဏ်းချုပ်နဲ့ တခြားလူ တွေ အတွက် အဓိက ကိစ္စကြီးဖြစ်နေပြီး သေကြေပျက်ဆီး မှုတွေ ဖြစ်မှာ စိတ်မကောင်းစရာပဲ ။ ကျွန်တော်က ကြိုပြီး လာကြည့်ရုံပါ”
ရှန်းရှန်း ချန်ရှန်၏ လက်ကို ကိုင်ကာ လေသံတီးတိုး ဖြင့် –
“အကိုတော်ချန် ၊ ကျွန်မတို့နဲ့ လိုက်မလား ၊ ဒါဆို လုံ ခြုံလိမ့်မယ်နော် ၊ ဒါ့အပြင် ဂိုဏ်းချုပ် ဂု နဲ့ တခြားလူ တွေ ရောက်တယ့်အခါ သူတို့ လူများစွာနဲ့ ရင်ဆိုင်ကြရမှာ ဖြစ် တဲ့ အတွက် အကိုတော်ကို ဂရုစိုက်နိုင်မှာ မဟုတ်ဘူး ။ နောက် ပြီး စစ်မှန်သော သိုင်းပညာဂိုဏ်း နှင့် သားရဲဂိုဏ်း တို့ အမြင်မှာ အကိုတော်ဟာ အမှိုက်လို ဖြစ်နေတာ”
လျူမန်ဂါကလည်း ခေါင်းညိမ့်ကာ သဘောတူပုံဖြင့် –
“ငါတို့နဲ့ လိုက်ခဲ့ ။ ငါတို့လမ်းကြောင်းကို ဘယ်သူမှ မနှောက်ယှက်ရဲပါဘူး ။ ငါ့စွမ်းအားဟာလည်း ဂုဒွန်ချန် ထက် တော့ မညံ့ပါဘူးကွ”
“ဒါဆို ခင်ဗျားကလည်း ဒီချပ်ဝတ်ကို လိုချင်တယ်ပေါ့”
ချန်ရှန် ပြိုင်ဖက်ကင်း လှပသော မျက်နာကို ကြည့် လျက် မေးလိုက်တယ် ။
“အန်းး ၊ ဒါက ဘာမှ မဟုတ်ပါဘူး ။ ဒီပစ္စည်း မိစ္ဆာ ဂိုဏ်းတွေကို တော့ ရောက်ဖို့ မသင့်ဘူးကွ ။ ဒါပေမယ့် နှစ် များစွာ အချိန်တွေ တည်းက စစ်မှန်သော သိုင်းပညာဂိုဏ်း နဲ့ သားရဲဂိုဏ်းတို့ဟာ မိစ္ဆာဖက်ကို ဦးတည်လာကြတယ် ။ ဒါကြောင့်ပဲ မင်းတို့ ပြင်းထန်သောသိုင်းပညာဂိုဏ်းက သူတို့ကို တားတာပေါ့”
လျူမန်ဂါ ခေါင်းညိမ့်ကာဖြင့် ထိုင်ခုံပေါ်ထိုင်ရင်း ချန်ရှန် အား လက်ဖက်ရည်ခွက်ကို ကမ်းပေးပါတယ်။
“ရပ်မနေနဲ့ ၊ လာသောက်ပါဦး”
လျူမန်ဂါ ချိုသာစွာ ပြုံးပြီး ပြောပါတယ် ။
ဧကရီ တစ်ပါးက သူ့ကို လက်ဖက်ရည်ခွက် ငှဲ့ပေးတာ ကြောင့် သူစိတ်လှုပ်ရှား သွားရပါတယ် ။ ထိုအချိန်မှာပဲ ရှန်းရှန်းဟာလည်း သူ့လက်ကို ဆွဲကာ စားပွဲဆီလာပြီး အတူတူ ထိုင်လိုက်ကြပါတယ် ။
“အကိုတော် ချန် ၊ ဒီ လက်ဖက်ရည်က ကျွန်မ လုပ် ထားတာလေ ၊ သောက်ကြည့်”
ရှန်းရှန်း ချစ်စဖွယ် ပြုံးကာချန်ရှန်ကို လက်ဖက်ရည် ခွက် ယူပေးပါတယ် ။
သူ၏ နှလုံးသားထဲ နွေးထွေးမှုများ ၀င်ရောက်လာပါ တယ် ။ ချက်ချင်းပင် ခွက်ကို ယူလိုက်ပြီး ပြုံးကာ –
“မင်းလို ခပ်နောက်နောက် ငရှုပ်မလေးက ဒီလို အရည် အချင်းရှိမယ် လို့ လုံးဝ မထင်ခဲ့မိဘူးကွာ ၊ အမတော် မန်ဂါ က မင်းဘေး နေ့တိုင်းရှိနေတာလည်း မထူးဆန်းတော့ပါ ဘူး”
“ကျွန်မက ငရှုပ်မလေး ဟုတ်ပါဘူး”
ရှန်းရှန်း လျာ ထုတ်ကာ စပ်ဖြဲဖြဲဖြင့် ပြောပါတယ် ။
“ဒီလို ခပ်နောက်နောက် အရှုပ်အထုပ်တွေ ဆိုတာ အကို တော် နောက် လိုက်ရင်း ဖြစ်သွားတာပဲ”
ငယ်ရွယ်သော စုံတွဲလေး ကြည်နူးနေတာကို ကြည့် ရင်း လျူမန်ဂါ ပြုံးမိတယ် ။ ဒါပေမယ့် သူမချန်ရှန်ကို ကြည့် တဲ့အခါ ထူးဆန်းသော အငွေ့ တစ်ခု သူမမျက်လုံးမှာ ယှက် သန်းသွားတာကို တော့ မည်သူမျှ မမြင်ပါချေ ။
လျူမန်ဂါ ထွက်ခွာသွားကာ ချန်ရှန် တို့ ၂ ယောက်ကို အချိန်ပေး လိုက်ပါတယ် ။ ချန်ရှန်တို့ စကားတွေ အများကြီး ပြောစရာ ရှိနေကြတယ် ။ ဒီနှစ်တွေမှာ ကြုံတွေ့ ခဲ့ရသော အတွေ့အကြုံများအား တစ်လှည့်စီ ပြောလျက် ရှိ နေပါတော့တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset