Switch Mode

Chapter – 157

ပြန်လည်တွေ့ဆုံခြင်း

Chapter – 157 ပြန်လည်တွေ့ဆုံခြင်း

“မင်း . . . မင်း . . .”
လူတစ်ယောက်ဟာ စကားပင်မပြောနိုင်တော့ပါ ။ သူ့ ရှေ့ မှ လူမှာ ယခုလောက် စွမ်းအားကြီးလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပါဘူး ။ သူနဲ့ အဆင့်တူ ရှိသည့် လူအား မျက် စိ တမှိတ်အတွင်းမှာပင် သတ်ပစ်လိုက်တာကို ကြည့်ရင်း တုန်လှုပ်သွားတယ် ။
“ငါတို့ဟာ လွတ်လပ်သော ထာဝရ ပင်လယ် က ၊ အ ဆင့်မြင့် စွမ်းအားကြီး ဂိုဏ်းတွေ ဥပမာ ပြင်းထန်သော သိုင်းပညာဂိုဏ်း ကတောင် ငါတို့ကို ရန်မစရဲဘူး ၊ မင်းက တော့ . . .”
ထိုလူ စကားမဆုံးခင်မှာပင် ချန်ရှန် ၏ ချွန်ထက်လှ သော မိုးပြာနဂါး လက်သည်းကြီးများမှာ ထိုလူကို သွေးအ တိ ဖုံးလွှမ်းသွားစေပြန်ပါတော့တယ် ။
“မင်းတို့က ငါ့သားရဲဆေးကို လုတယ် ။ ငါမပေးရင် မင်း တို့က ငါ့ကို သတ်မယ် ။ ငါကလည်း မပေးနိုင်တယ့် အတွက် မင်းတို့ကို သတ်ရတာပဲ”
ချန်ရှန် နောက်ဆုံး ကျန်ရှိသည့် လူအား အေးစက်စွာ ပြောလိုက်ပါတယ် ။
ချန်ရှန် ပထမဆုံးလူကို သတ်ပြီးတဲ့အခါ သူတို့ လန့် သွား မိခဲ့ကြတယ် ။ ၎င်းတို့အားလုံးဟာ စစ်မှန်သော သိုင်း ပညာနယ်ပယ်မှ ဖြစ်သော်လည်း မတတ်နိုင်ပါချေ ။ လှုပ် ရှား မှု တချက်ဖြင့်ပင် အသတ်ခံလိုက်ရတယ့် အတွက် မျက် လုံးများ ပြူးလျက် ရှိနေတယ် ။
နောက်ဆုံး ကျန်ရှိနေသည့်လူဟာ မှော်ဝိဉာဉ်ဓာတ် ကို ထုတ်ထူလိုက်တယ် ။ မျက်စိတမှိတ်အတွင်းမှာပဲ ၎င်း ဟာ လောင်ကျွမ်းသွားကာ ပြာအဖြစ် ပြောင်းလဲ သွားပါ တယ် ။ ထိုလူ ကခပ်လှောင်လှောင် ပင် ရယ်မောကာ –
“မင်းတော့ သွားပြီပဲ ၊ ဒီ မှော်ဝိဉာဉ်ဓာတ်တွေဟာ မင်း သွင်ပြင်ကို ငါတို့ လွတ်လပ်သော ပင်လယ် ထိ မှတ်တမ်း တင်ပြီး ပို့ဆောင်ပေးလိုက်တာပဲ”
“ဟဟ”
ချန်ရှန် အေးစက်စက်ပင် လှောင်လိုက်မိတယ် ။ သူ၏ လက်ထိပ်အား မမြင်နိုင်သော ချီငွေ့ များအား ထည့်သွင်း ကာ ထိုလူ၏ လည်ပင်းဆီသို့ ဝှေ့ ယမ်းလိုက်ပါတယ် ။ ချွန် ထက်လှသော ဓားဖြင့် ဖြတ်လိုက်သလိုပင် ခေါင်းမှာ တိ ကနဲ ပြတ်တောက် သွားပါတော့တယ် ။
သူ့ကို သတ်ဖို့ ကြိုးစားတယ့် မည်သူမဆို သူကလည်း သနား ညှာတ နေနိုင်မည် မဟုတ်ပေ ။
ချန်ရှန် ၎င်းတို့၏ အိတ်များကို ကောက်ယူလိုက်တယ် ။ ချန်ရှန် အံ့သြသွားတာကတော့ အိတ်တွေတိုင်းမှာ သလင်း ကျောက် များစွာ ရှိနေလို့ပါ ။ တစ်အိတ်စီတိုင်းမှာ သိန်းချီပါဝင်ပြီး ဒြပ်စင်ဆေး ၂ လုံးလည်း ပါဝင်နေတယ် ။ ဒါ ပေမယ့် သူ့ကို စိတ်လှုပ်ရှားမှု အပေးနိုင်ဆုံးအရာ က တော့ အိတ်တွေတွင်းမှာ မှော်ဝိဉာဉ်ဓာတ်များပဲ ဖြစ်ပါ တယ် ။
ထို ဝိဉာဉ်တော် မှော် ဓာတ်များဟာ ဈေးကွက်မှာ ရောင်းနေသည့် အရာများနဲ့ ကွာခြားပါတယ် ။ ဒီလို အမျိုး အစား မျိုးကို ချန်ရှန် တစ်ခါမျှ မမြင်ဖူးခဲ့ပါချေ ။
“ဝိဉာဉ်တော် မှော် ဓာတ် ငါးခု ၊ အားလုံးဟာ အစွမ်း ထက် မယ့် ပုံပဲ”
ချန်ရှန် ဒီပစ္စည်းတွေမှာ ဘယ်လို အစွမ်းတွေ ရှိတယ် ဆိုတာ မသိပါ ။ ကြုံသလိုလဲ အသုံးမပြုရဲပဲ သိမ်းထားဖို့ သာ ဆုံးဖြတ်လိုက်တယ် ။
(ဝိဉာဉ်တော် မှော်ဓာတ်များ ဆိုသည်မှာ စာရွက်လို အချပ်ပေါ်တွင် ထွင်းထားသော အရာများ ဖြစ်ပါတယ် )
“အဆင့် ၆ ဝိဉာဉ်တော် လက်နက် ၃ ခု ၊ ဒီကောင် တွေ က ခပ်စုတ်စုတ်တော့ မဟုတ်ဘူးပဲ ။ ဒီ လွတ်လပ် သော ထာဝရ ပင်လယ် ဆိုတာ ဘယ်လိုမျိုးလဲတော့ မသိ ဘူး”
ချန်ရှန် ဒီ ပင်လယ်အကြောင်း မကြားဖူးပေ ၊ စုမေးယို နှင့် ဘိုင်ယုယု တို့ပင် မကြားဖူးကြပေ ။
“အသစ်ပေါ်လာတယ့် ဂိုဏ်းများလား ၊ ခုနက ဟိုလူ ပြော တာ တော့ ပြင်းထန်သော သိုင်းပညာဂိုဏ်းတောင် ရန် မစ ရဲဘူး ဆိုပဲ”
စုမေးယို က စဉ်းစားရင်း ပြောပါတယ် ။
ချန်ရှန် ခေါင်းညိမ့်ကာဖြင့် အလောင်းများအား မီး ရှို့ ကာ ကောင်းကင်ပေါ်သို့ ပျံသန်းသွားပါတော့တယ် ။
ချန်ရှန် ကောင်းကင်မှာ ပျံသန်းနေရင်း လူတစ်အုပ်ဟာ နေရာတစ်ခုကို ပြေးသွားနေကြကြောင်း တွေ့ လိုက်ရပါ တယ် ။ အမည်းရောင် လိပ်တောင် ကိုပဲ ဖြစ်တယ် ။ သူ စစ် မှန်သော သိုင်းပညာဂိုဏ်းနှင့် သားရဲဂိုဏ်းတို့မှတဆင့် သ တင်း ပြန့်နှံ့ မှုကြောင့် လူတွေသိကုန်တယ် ဆိုတာကို သူ သိနေပါတယ် ။
ယခုလူများက ထိုဂိုဏ်း ၂ ခုမှ နောက်လိုက်များ ဖြစ်ပေ လိမ့်မည် ။ ဒါပေမယ့်လည်း သူတို့ဟာ သူတို့ကို ပြင်းထန် သော သိုင်းပညာဂိုဏ်းမှ တွေ့ သွားမည်ကို အလွန်ပင် ဂရု စိုက်ကြတယ် ။ အဘယ်ကြောင့်ဆိုသော် စီရင်စုထဲမှာ ထို ဂိုဏ်းမှ လူများအားတွေ့ ပါက သတ်ပစ်မှာကြောင့်ပါပဲ ။
ချန်ရှန် အမည်းရောင်လိပ် တောင်သို့ တခြားလူများ ထက် စောစီးစွာပင် ရောက်ရှိခဲ့တယ်။ ဒါပေမယ့်လည်း ယခု မြို့ မှ ပြည်သူတွေဟာလည်း ဒီတောင်အကြောင်း သိ နေကြတယ် ။ ဒါကြောင့် ရန်သူဂိုဏ်း ၂ ဂိုဏ်းမှ လူများ ဟာ ယခုနေရာမှာ အခြေစိုက်နေလိ့မ်မည်ဟု ချန်ရှန် ခန့်မှန်းမိ ပါတယ် ။
လောင်ဆုရီ အဆိုအရ ၀င်ပေါက် မပွင့်ခင် ချန်ရှန် တောင် အတွင်းသို့ ၀င်ရမှာပဲ ဖြစ်တယ် ။ ဒါကြောင့်ပဲ ချန် ရှန် ဟာ မြို့ ထဲမှာ မနေတာပါ ။ သူ သုံးထပ် သံအဆောက် အဦးမှ ဆိုင်တစ်ခုကို ဖြတ်သွားတယ့် အခါမှာ ရုတ်တရက်-
“အထင်ကြီးစရာပဲ ၊ ဒီနေရာမှာ စွမ်းအားကြီးလူတွေ တကယ် များတယ် ။ သူတို့ အစွမ်းက ခင်ဗျား တူ နဲ့ တူမ တို့ အစွမ်းနဲ့ အတူတူပဲ”
လောင်ဆုရီ က ချိုသာသော အသံလေးဖြင့် ရေရွတ် ပါ တယ် ။
ချန်ရှန် စတိုးဆိုင်ကို တချက်ကြည့်လိုက်တယ် ။ ဆိုင် မှာ အထူးသဖြင့် လက်နက်များ နှင့် ကာကွယ်ရေး ပစ္စည်း များအား အဓိက ရောင်းချတာကို တွေ့ လိုက်ရတယ် ။ ၎င်း ဆိုင်အား နတ်လက်နက်အရောင်းဆိုင် ဟု ခေါ်ပါတယ် ။ အကြည့်တစ်ချက်နှင့်ပင် ယခုဆိုင်ဟာ နတ်လက်နက် အင် ပါယာမှ အခွဲ တစ်ခုဆိုတာကို ချက်ချင်းသိလိုက်တယ် ။ နတ်လက်နက် အင်ပါယာဟာ ချန်ဝူ နယ်မြေ၏ မြို့ ကြီး တိုင်းတွင် ဆိုင်ခွဲများ ဖွင့်ကာ အခိုင်အမာ နေရာယူထားပါ တယ် ။ ၎င်းဂိုဏ်းမှ လူများဟာလည်း အလွန်ပင် ကြွယ်ဝ ချမ်းသာကြပေသည် ။
“နတ်လက်နက် အင်ပါယာက ဧကရီ မလား”
ချန်ရှန် ရင်ထဲ လှုပ်ရှားသွားတယ် ။ ဂုဒွန်ချန် စကားအ ရ များစွာသော ဂိုဏ်းချုပ်များဟာ ဒီချပ်ဝတ် တန်ဆာကို လို ချင်နေကြတာပါ ။
ပြိုင်ဖက်ကင်း အလှကြောင့် လူတိုင်းဟာ စေ့စေ့ပင် မကြည့်ရဲကြပေ ။ အိုးတိုးအမ်းတမ်း ဖြစ်ကာ ရင်မဆိုင်ရဲကြ ပါဘူး ။ ချန်ရှန် သူမနှင့် တွေ့ ဆုံရမှာပါ ။ သူမနှင့် တွေ့ ပြီး ကတည်းက ၎င်း၏ မျက်နှာအား သူတစ်သက် မေ့နိုင်မည် မဟုတ်ချေ ။
ပြင်းထန်သော သိုင်းပညာဂိုဏ်းကို ၀င်ရောက်ပြီး နောက် ချန်ရှန်ဟာ စာအုပ်များစွာကို ဖတ်ရှုလေ့ရှိတယ် ။ ထိုစာအုပ်များအရ ၎င်း ဧကရီ၏ နာမည်အား သိလာရပါ တယ် ။ တော်တော် လှသည့် နာမည်ပါပင် ။ လျူမန်ဂါ ပါ ။ ဒီလို နာမည်မျိုးကို မှည့်လိမ့်မည် ဟု မည်သူမျှ ထင်မည် မဟုတ်ချေ ။
“ဧကရီ တောင် ဒီမှာရှိရင် ရှန်းရှန်းလည်း လာမှာပဲ”
ချန်ရှန် စိတ်ထဲ ရေရွတ်လိုက်မိတယ် ။ ဆိုင်ထဲကို ၀င် လာပြီးနောက် ချက်ချင်းပင် စွမ်းအားကြီးလှတယ့် အာရုံ များကို သူရလိုက်ရတယ် ။
ကောင်းကင်ဘုံ နတ်လက်နက် အင်ပါယာမှ သက်ကြီး ဝါကြီး ဆရာကြီးများ ရောက်ရှိနေတာပါ ။ ချန်ရှန် အတော် အံ့သြသွားတယ် ။ သူဆိုင်ထဲ ၀င်မလာခင် စုမေးယို ထံမှ ကြားရသည့် သတင်းကြောင့်ပါ ။ လျူမန်ဂါ ဟာ နတ်လက် နက် လေးခုထဲမှ တစ်ခုဖြစ်သည့် အနီရင့်ငှက်၏ လက်နက် ကို ပိုင်ဆိုင်ထားသူ ဖြစ်လို့ပါပဲ ။
နတ်အတွင်းအား သင်္ကေတ လေးခုကို လေ့ကျင့်ထား သူ မဟုတ်ပါက အဆိုပါ လက်နက်များကို အသုံးပြုနိုင်မည် မဟုတ်ပေ ။ ဒါကြောင့်ပဲ လျူမန်ဂါ ဟာ အနီရင့်ငှက် နတ် လက်နက် ကို အသုံးမပြုနိုင်ပါဘူး ။
“ချန်ရှန်မှ စီနီယာကြီးများအား နှုတ်ဆက်ပါတယ်”
ချန်ရှန် သူ၏ နတ်အတွင်းအား အာရုံများကို အသုံးပြု ကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်ပါတယ် ။ လျူမန်ဂါ သာ ဒီနေရာမှာ ရှိမည် ဆိုပါက သူမ သူ့ကို တွေ့ ဆုံလိ့မ် မည် ဆိုတာ သူသိနေပါတယ် ။
“ထပါ”
ချန်ရှန် ညင်သာတယ့် အသံတစ်ခုကို ကြားလိုက်ရ တယ် ။ အသံကို နားထောင်ရင်း ချန်ရှန် ရင်တောင် ခုန် သွားသလိုပါပဲ ။
ချန်ရှန် လှေကားဆီ ဦးတည်လိုက်တယ် ။ လှေကား မှာ အစောင့်များ ရှိနေသော်လည်း သူ့ကို မတားကြပါပေ ။ ချန်ရှန်အား လေးစားမှု ယှက်သန်းသော မျက်လုံးများဖြင့် ပင် ကြည့်နေကြတယ် အဘယ်ကြောင့်ဆိုသော် ချန်ရှန် ကို အပေါ်တက်ခွင့် ပေးထားလို့ပါပဲ ။ သူတို့ ဧကရီ သခင်မ ခေါ် သည့် လူမှာ သာမန်မဟုတ်ဘူးဆိုတာ သူတို့ ကျိန်းသေသိ ကြတယ်လေ ။
ချန်ရှန် ထိပ်ဆုံးထပ်ရောက်တဲ့အခါ မွှေးပျံ့ လှသည့် ရနံ့ အား သူ့နှာခေါင်းမှာ ရလိုက်ပါတယ် ။ ချန်ရှန် စိတ်လှုပ် ရှားပြီး ပျော်ရွှင်သွားမိတယ် ။ ခန်းစီးစ တစ်ခုကို ဖယ်လိုက် တယ့် အခါမှာတော့ အခန်းငယ်လေးထဲ ရောက်ရှိသွားပါ တယ် ။
“အကိုတော် ချန်”
ချန်ရှန် သာယာလှသည့် အသံလေးကို ကြားလိုက်ရပါ တယ် ။ ဒီအသံလေးကို လွမ်းနေသည်မှာ အတော်ကို ကြာ ပါပြီ ။ အသံပိုင်ရှင်ကတော့ ရွှီရှန်းရှန်းပင် ဖြစ်ပါတော့တယ်။
အဖြူရောင် ၀တ်စုံဝတ်ထားသော ကောင်မလေး ပုံ ချန်ရှန် ရှေ့ မှာ ပေါ်လာတယ် ။ သူမ တော်တော်ထွားလာပါ တယ် ။ ပိုမိုလှပလျက်ရှိနေပြီး ရင့်ကျက်သည့် ဟန်ပန်ပါ ထပ် မံ ပေါင်းစပ်ထားတာကြောင့် ကြည့်မ၀ပါပဲ ။ လှုပ်ရှား မှုတိုင်းဟာ အလွန်ပင် ချစ်စရာ ကောင်းလှပြီး လူတိုင်း၏ နှလုံးသားများအား ဖမ်းစားနိုင်လွန်းလှပါတယ် ။ ချန်ရှန် ကြည့်မ၀ စဉ်မှာပဲ ရှန်းရှန်းဟာ ချန်ရှန် ကို ပြေးဖက်ပါတော့ တယ် ။
ချန်ရှန်လည်းသူမ၏ ခါးလေးအား ပြန်လည်ဖက်ထား ကာ သူမ၏ ချောမွေ့ သော ပါးလေးအား နမ်းလိုက်တယ် ။ နွေးသွားပြီး ရဲခနဲ ဖြစ်လာတာကို သူမြင်လိုက်ရတယ် ။
“ကောင်မလေး ၊ မင်းတော်တော် အရွယ်ရောက် လာပြီ ပဲ”
ချန်ရှန် ခပ်နောက်နောက် ပြောလိုက်ပါတယ် ။ ထို့ သို့ ပြောနေရင်း သူမ၏ ရင်ဘတ်ကို ကြည့်လိုက်တယ့် အခါ မှာ တော့ ရှန်းရှန်း က သူ့ကို ထုရိုက်ပါတော့တယ် ။
“အကိုတော်ချန် ၊ ဆိုးပြန်ပြီ”
ရှန်းရှန်းဟာ ဒီလိုဆိုသော်လည်း သူမ၏ မျက်လုံးများ မှာ ချန်ရှန် ၏ ချောမောလှပသော ရုပ်ရည်ကိုသာ ကြည့် နေတယ် ။ အရာများစွာကို တွေ့ ကြုံခံစားဖြတ်သန်းလာခဲ့ သည်ကြောင့် ချန်ရှန် ၏ ပုံမှာ ရင့်ကျက်မှု အပြည့်ပင် ဖြစ် ပါတယ် ။ သာမန်အ၀တ်စားသာ ၀တ်ဆင်ထားသော်လည်း သူ၏ ဆွဲဆောင်မှုမှာ ယုတ်လျော့သွားခြင်း မရှိပေ ။
သူ၏ ဇနီးလောင်းလေးနှင့် ထပ်မံတွေ့ ဆုံရတာမို့ အလွန်ပင် ပျော်ရွှင်လျက် ရှိနေတယ် ။ သူစစ်မှန်သော သိုင်းပညာ နယ်ပယ်ကို ရောက်ခြင်း ၊ တည်ဆောက်ရေး ဆေးးအား အောင်မြင်စွာ လုပ်ဆောင်နိုင်ခြင်း ၊ မိုးပြာနဂါး ဓားသွား ရရှိခြင်း စသည်တို့ပင် ထိုမျှလောက် မပျော်ရွှင်ခဲ့ ပါချေ ။ ကလေးဘ၀ ထဲက အတူတူကစားခဲ့ခြင်း ဖြစ်ပြီး သူ့ကို သူများတွေ နှိမ်ခဲ့ချိန်တွေမှာလည်း အမြဲတမ်း အနား မှာ အားပေးခဲ့သူပါ ။ တစ်ယောက်နှင့်တစ်ယောက် အားပေး ကူညီရင်း အတူတူ ကြီးပြင်းလာခဲ့ကြတာပါ ။
ရှန်းရှန်း ချန်ရှန် ၏ ဆံပင်များအား ပွတ်သပ်နေပါ တယ် ။ ချန်ရှန်ကလည်း သူမ၏ ဆံနွယ်လေးများအား ပြန် လည် ပွတ်သပ်နေလျက် ရှိတယ် ။ ချန်ရှန် ၏ မျက်လုံးထဲမှ ပျော်ရွှင်မှု အရိပ်အယောင်များကို ကြည့်ရင်း သူမ အလွန် ကျေနပ်နေမိတယ် ။ သူမဟာ စေ့စပ်ထားသော သတို့သမီး လောင်းသာ ဖြစ်ပေမယ့် သူ့စိတ်ထဲမှာတော့ သူ့မိန်းမလို့ ပင် သတ်မှတ်ထားတာပါ ။
၎င်းတို့ နှစ်ဦးလုံး ဟာ တစ်ယောက်နှင့် တစ်ယောက် ကြင်နာစွာ ပွေ့ ဖက်ထားကြလျက် ရှိပြီး တစ်ဦးကို တစ်ဦး စိုက်ကြည့်နေကြတာပါ ။ နီးကပ်စွာ ရှိနေကြတာကြောင့် စိတ်ထဲ နွေးထွေးနေကြပြီး ခံစားမှုတစ်မျိုးလည်း ဖြစ်ပေါ်နေ ပါတယ် ။ နှစ်ပေါင်းများစွာ ကွဲကွာနေပြီး ပြန်လည်ဆုံတွေ့ ရတာကြောင့် နောက်တစ်ခေါက် အနမ်းတွေပေးကြပါ တော့ တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset