Chapter – 156 လူသားစားနယားပျံ
အမည်းရောင် လိပ်ချပ်ဝတ်ဟာ ထူးကဲအဆင့် ချပ်ဝတ် တန်ဆာပါ ။ ခုခံရေးပိုင်းမှာ အဓိက အသုံးပြုနိုင်ပြီး စုမေးယို ပင် ဒါနဲ့ပတ်သက်ပြီး သိပ်မသိလှပေ ။ သေချာတာကတော့ နတ်လက်နက် ဖြစ်တာနဲ့ အညီ အလွန်ပင် ကောင်းမွန်လှ မှာပဲ ဖြစ်ပါတယ် ။
ချန်ရှန် ဒီချပ်ဝတ်အား တော်တော် လိုချင်နေမိတယ် ။ သူ့ကို ခုခံကာကွယ်ရာမှာ အလွှာအပို တစ်ခုအဖြစ် အသုံးချ မှာဖြစ်ပြီး သေစေနိုင်လောက်တယ့် တိုက်ခိုက်မှုမျိုးခံရရင် တောင် ဒီချပ်ဝတ်အားကိုးဖြင့် ခုခံနိုင်နေမည် ဖြစ်ပါတယ် ။
ချန်ဝူနယ်မြေကြီးဟာ အလွန်ပဲ ကျယ်ပြန့်လှပါတယ် ။ ပြင်းထန်သော သိုင်းပညာ စီရင်စုဆိုတာကလည်း အကြီး မားဆုံး စီရင်စု ထဲက တစ်ခုပါ ။ သူစစ်မှန်သော သိုင်းပညာ ရှင် ၏ စွမ်းအားဖြင့် ပျံသန်းနေတာတောင်ပင် သူ့ဂိုဏ်းမှ ၃ ရက်လောက် ပျံသန်းရမှာပဲ ဖြစ်ပါတယ် ။ အရင်လို အဆင့် ဆိုပါက ၁၀ ရက်လောက်တော့ ကြာပါပေလိ့မ်မည် ။
ချန်ရှန် သူ့ကို သတ်ဖို့ ကြိုးစားသူ နှစ်ဦးမှာ ပျံသန်းနိုင် သည့် ဝိဉာဉ်တော် လက်နက်မျိုး ရှိရမည်ဟု တွက်ချက် မိ သဖြင့် လိုက်ရှာသော်လည်း ဘာမျှ မတွေ့ ရပါချေ ။
“ဝေါ . . . ဝေါ . . .”
ချန်ရှန် ရုတ်တရက်ပဲ ဟိန်းဟောက်သံမျိုးတွေ တစ်ခု ပြီး တစ်ခု ကြားလိုက်ရတယ် ။ သူ့နောက်ကို လှည့်ကြည့် လိုက်သည့် အခါမှာတော့ အမည်းရောင်ခြင်္သေ့ခေါင်းပြီး အတောင်ပံများ ရှိသည့် ရှည်လျားလှသော အကောင်ကြီး ကို မြင်တွေ့ လိုက်ရပါတယ် ။
“လူသားစား နယားပျံ ပဲ ။ ဒါ ဝိဉာဉ်တော် အဆင့် သား ရဲ ။ ချန်ရှန် သတိထားပါ ။ ဒီကောင်ကြီးက တော်တော် ကို မြန်ပြီး အားလည်း ကြီးလှတယ်”
စုမေးယို အလျင်အမြန်ပင် သတိပေးပါတယ် ။
ချန်ရှန် ဟာ သားရဲကောင်များ အကြောင်း စာအုပ်တွေ ဖတ်ဖူးပါတယ် ။ စာအုပ်တစ်အုပ်ထဲမှာတော့ ဒီကောင်ကြီး အကြောင်းကို အသေးစိတ် ပါဝင်ပါတယ် ။
ဝိဉာဉ်တော် သားရဲများဟာ လည်း သာမန်သားရဲ မျိုးနွယ်ဝင် ပါပဲ ။ ဒါပေမယ့် သူတို့ရဲ့ ခွန်အား ကတော့ စစ် မှန် သော သိုင်းပညာနယ်ပယ်မှ ပညာရှင်များနှင့်ပင် နှိုင်း ယှဉ်လို့ ရပါတယ် ။ သူတို့ဟာ ပါးရည်နပ်ရည် ရှိလှပြီး ကိုယ် တိုင် ကျင့်ကြံနိုင်ကြတယ် ။ ဒီလိုနဲ့ပဲ သူတို့ရဲ့ ခွန်အားတွေ တိုးလာကြတာပါ ။ သာမန်အခြေအနေ အောက်မှာ ဆိုရင် တော့ လူသားတွေမှ ၎င်းတို့အား ရန်မမူပါက ၎င်းတို့က လဲ ဒုက္ခ မပေးချေ ။ ဒါပေမယ့် ဒီလူသားစား နယားပျံကတော့ လူသားတွေကို အမဲလိုက်တဲ့ အဓိက အကောင်ပါ ။ မော် တယ် အဆင့် ၉ နှင့် ၁၀ ပညာရှင်တို့ဟာ ၎င်းတို့၏ အဓိက သားကောင်များ ဖြစ်ကြရပါတော့တယ် ။
“အဆင့် ၁ ဝိဉာဉ်တော် သားရဲ ၊ ခင်ဗျား သိပ်ကြောက် ဖို့ မလိုပါဘူး ။ ဒီကောင်ကြီးကို တစ်ယောက်ယောက် လွှတ် လိုက်တာပဲ ။ ခုနက သေသွားတယ့် ဟိုနှစ်ယောက်က ဒီ ကောင်ကြီးကို စီးလာကြတာ ဖြစ်မယ်”
လောင်ဆုရီ ပြောပြပါတယ် ။
ချန်ရှန် အံ့သြသွားရတယ် ။ ဒီလို ဝိဉာဉ်တော် သားရဲ ကို မွေးမြုခြင်းအား ကန့်သတ်ထားကြပါတယ် ။ အဘယ် ကြောင့် ဆိုသော် ဒီကောင်တွေဟာ လူသားကိုသာ စားသုံး ကြတာဖြစ်ပြီး လုမျိုးနွယ် ဟာ တကယ်ပဲ ဒီလိုကောင်မျိုး ကို မွေးမြူထားတာပါ ။ ချန်ရှန် အခုတော့ လုမျိုးနွယ် ကို ကောင်း ကောင်း သိသွားပါပြီ ။
ချန်ရှန် မြေပြင်ပေါ် သို့ ဆင်းသက်လိုက်တယ် ။ အဆိုပါ အကောင်ကြီးအား သတ်ဖြတ်ရန်ပါပဲ ။
သူအံ့သြသွားတာကတော့ သူ့ခြေထောက် မြေပြင်ပေါ် ထိတာ နဲ့ တပြိုင်နက် အကောင်ကြီး၏ အရှိန်မှာ မြန်လာ ပြီး ၎င်း၏ ဆိုးရွားလှသော ပါးစပ်မှ အမည်းရောင် အငွေ့ တွေ ထုတ်လွှတ်လိုက်တယ် ။ သေစေနိုင်သော ချီ ဓာတ်များဟာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှပါ တယ် ။
ချန်ရှန် ၏ လှုပ်ရှားမှဟာလည်း အလွန်ပင် လျင်မြန် လှ တယ် ။ သူ့ကိုယ်ကို ယိုင်နဲ့ကာ တချိန်တည်းမှာပင် မိုးပြာ နဂါး ဓားသွားကို ဆွဲထုတ်လိုက်ပြီး မိုးပြာချီဓာတ်များ ထည့် လိုက်ပါတယ် ။ ဓားကြီးမှာလည်း လင်းလက်သွားကာ ကြီး မားလှသော ဓားကိုယ်ထည်မှ မိုးပြာရောင်အငွေ့ များ စွာ ထွက်လာပါတော့တယ် ။ နဂါးဟိန်းဟောက်သံလို ပင် ချီဓာတ်များဟာ အသံများမြည်လျက် အဆိုပါ နယားပျံကြီး ဟာ နောက်သို့ အနည်းငယ် ဆုတ်သွားပါတယ် ။
ချန်ရှန် ထိတ်လန့်သွားစေတယ့် အချက်ကတော့ အ နက်ရောင် ချီငွေ့ တေဟာ သူ့ကို ရိုက်ခတ်ခြင်း မရှိသော် လည်း သူ့နောက်ရှိ သစ်ပင်ကို ထိမှန်သွားတယ့် အခါမှာ တော့ ထိုသစ်ပင်ဟာ မီးဖိုမှာ ထည့်ဖုတ်ခြင်း ခံလိုက်ရသလို ပါပဲ ။ ဖြေးညှင်းစွာ အရည်ပျော်သွားတာကို ကြည့်ခြင်းဖြင့် ထို အမည်းရောင် ချီငွေ့ တွေဟာ အလွန်ကြီးမားတဲ့ ပျက် စီးမှုတွေ ကို ဖြစ်ပေါ်စေတာကို တွေ့ နိုင်ပါတယ် ။
နယားပျံကြီးဟာ မိုးပြာနဂါးဓားကြောင့် နည်းနည်း လန့် သွားပုံပါပဲ ။ ဒါပေမယ့်လည်း ခဏအကြာမှာ ကြောက်ရွံ့ မှု များ ပြေလျော့သွားဟန် ရှိပြီး ချန်ရှန် ကို မျက်နာမူလျက် ကျယ်လောင်စွာပင် အော်ပါတော့တယ် ။ ယခုအကြိမ်တွင် တော့ အမည်းရောင်လေများဟာ ချန်ရှန်စီသို့ ဒီရေအလား ထွက်လာနေပါ တော့တယ် ။
ချန်ရှန် ခုန်ရှောင်လိုက်ကာ သူ၏ ကိုယ်ဟာ တိမ်တိုက် များအတွင်းသို့ ၀င်ရောက်သွားပါတယ် ။ မိုးပြာနဂါး ဓားကို ကိုင်ကာ ချန်ရှန် ဟာ မိုးပြာနဂါး ချီဓာတ်များကို ပိုမို လောင်း ထည့် လိုက်တာကြောင့် ဓားကြီးဟာ ပေါင် သန်းပေါင်းများ စွာ လေးလံ သွားရပါပြီ ။ ကောင်းကင်မှ ချန်ရှန် ဟာ အရှိန် အဟုန် ပြင်းပြင်းဖြင့် ဆင်းသက်လာပါတော့တယ် ။
ချန်ရှန် သူ၏ ပါးစပ်ကိုပါ ဟပြီး မိုးပြာနဂါး ဟိန်းဟောက် သံအား ပြုလုပ်လိုက်ပါတယ် ။ လေနှင့် လျှပ် စီး အရောအနှောတို့ ကောင်းကင်မှ ကျလာပုံမှာ ကောင်း ကင်ဘုံ ကိုးဆင့်မှ မိုးကြုးပစ်လိုက်သလိုပင် ကျယ်လောင် စွာ မြည်ဟည်းကာ နယားပျံကြီး၏ ကိုယ်သို့ ထိမှန်သွား ပါ တယ် ။ အကောင်ကြီးလည်း ကျယ်လောင်စွာ အော်ဟစ်ပြီး တချိန်တည်းမှာပဲ ချန်ရှန် ဟာ ဓားပြားကြီးဖြင့် နယားပျံ ကြီး ၏ ကိုယ်အား ၂ ပိုင်းပြတ်အောင် ခုတ်ပိုင်းလိုက်ပါတော့ တယ် ။
ချန်ရှန် သက်ပြင်းရှည်ကြီး ချလိုက်တယ် ။ အရည် ပျော် လျက်ရှိနေတယ့် တောအုပ်ကြီး တစ်ခုလုံးကို ကြည့် ရင်း ချန်ရှန် ခုထိ ကြောက်နေမိတုန်းပါ ။ သူ့ကိုသာ အနက် ရောင် ချီငွေ့ များ ထိမှန်သွားမည် ဆိုပါက ယခုလို ကြောက် လန့်ချိန်ပင် ရှိလိုက်မည် မဟုတ်ပေ ။
ချန်ရှန် သူ ၏ ဓားကြီးကို ကိုင်ရင်း နယားပျံကြီး၏ အ သေ အလောင်းကြီး ကို အမြတ်ထုတ်ဖို့ စဉ်းစားနေတယ် ။ အကောင်ကြီးဟာ ဖြည်းညှင်းစွာ အရည်ပျော်နေပြီး ချန်ရှန် ဟာ ခုနက ၎င်း၏ အဆိပ်အိတ်အား ခွဲလိုက်တာပါ ။
အဆင့် ၁ ဝိဉာဉ်တော် သားရဲကြီး၏ အရိုးများ နှင့် ကြွက်သားများဟာ အလွန်ပဲ သန်မာပါတယ် ။ ဒါပေမယ့် ယခုအခါ အဆိပ်ပျံ့ နှံ့ မှုကြောင့် ပျက်ဆီးကုန်ပါပြီ ။ ဒါပေ မယ့်လည်း ထိုအကောင်ကြီး အရည်ပျော်တယ့် အခါ အစိမ်း ရောင် ကျောက်လေး တစ်လုံးကျန်နေမှာပါ ။ ထို ကျောက်ဟာ ဥတစ်လုံးအရွယ်လောက်ကို ကြီးပါတယ် ။
အစိမ်းရောင် ကျောက်တုံး လုံးလုံးလေးဟာ အလွန်ပဲ လှပပါတယ် ။ အစိမ်းရောင် တဖြတ်ဖြတ် လတ်ကာဖြင့် အလယ် အူတိုင်မှာတော့ အရည်လို ဟာမျိုးကို ရှင်းလင်း စွာ မြင်နိုင်မှာပါ ။
“ဒါဝိဉာဉ်တော် သားရဲ ဆေးပဲ ၊ ကျွန်မ စားချင်တယ်”
လောင်ဆုရီ စိတ်လှုပ်ရှားစွာ အော်ပြောပါတယ် ။
ချန်ရှန် ၏ ကိုယ်လုံးကြီး တုန်သွားတယ် ။ သူ့စိတ်ထဲ မှာ လည်း ဒီလို ဆေးမျိုးဟာ အရမ်း တန်ဖိုးကြီးတာကို သိ နေတယ် ။ ၎င်းဆေးမှာ အသက်ဓာတ်တွေနဲ့ စစ်မှန်သော ချီဓာတ်တွေ များစွာ ပါဝင်ပြီး ၎င်းကို ဆေးပညာမှာ အသုံးပြုပါက အရည်အသွေးမှာတော့ ထိပ်ဖြစ်သွားမှာပါ ။ ဒါ့အပြင် ၎င်းဟာ တည်ဆောက်ရေးဆေး ပြုလုပ်ဖို့ အဓိက လိုအပ် ပစ္စည်းလည်း ဖြစ်ပါတော့တယ် ။
သို့သော်လည်း ချန်ရှန် ဟာ အရင်က တည်ဆောက် ရေးဆေး ပြုလုပ်ရာမှာ နှစ်တစ်ထောင် သားရဲဆေးကို သုံးခဲ့တာဖြစ်ပြီး ၎င်းဟာ သာမန်သားရဲရဲ့ အသက်ဓာတ်ပါ ၊ ယခုဝိဉာဉ်တော် သားရဲဆေးကိုတော့ တစ်ခါမျှ မမြင်ဖူးခဲ့ ပါချေ ။
နှစ်တစ်သောင်း သက်တမ်းရှိ အဆင့် ၁၀ သားရဲဟာ ဆေးတစ်လုံးကို ထုတ်နိုင်ပြီး ဝိဉာဉ်တော် အဆင့် သားရဲ ကတော့ အကောင် သန်းချီမှာမှ ယခုလို ဆေးရှိနိုင်တာ တစ် ကောင် သာ ဖြစ်တယ် ။
“ဒီကောင်ကြီးက အဆင့် ၉ နဲ့ ၁၀ မော်တယ် သိုင်းပ ညာရှင်တွေကို တောင် စားနိုင်တယ် ။ ဒါကိုမှပဲ ဆေးမဖြစ် ရင် တော့ ထူးဆန်းနေမှာပေါ့”
ဘိုင်ယုယု က ပြောပါတယ် ။
“ဒါပေမယ့် လွှမ်းမိုးတတ်တယ့် နတ်မိစ္ဆာအစွမ်း မရှိပဲ နဲ့ အပြည့်အ၀ လုပ်ဆောင်နိုင်မှာ မဟုတ်ဘူး”
ချန်ရှန် သူ ဒီ ကျင့်စဉ်ကို မလုပ်ဖြစ်တာကြာပြီ ဖြစ်တာ ကို မှတ်မိသွားတယ် ။ ဘိုင်ယုယုက ယခု အစွမ်းအား မဖြစ်မနေအခြေနေ အချိန်မှသာ သုံးရန် ပြောထားခဲ့ဖူးပါ တယ် ။
ချန်ရှန် သူ၏ ချီဓာတ်များကို လျင်မြန်စွာပင် ထုတ်ပြီး သားရဲဆေး ဘေးနားရှိ အဆိပ်အငွေ့ များအား ဖယ်ရှား ပစ် လိုက်ပါတယ် ။ ထို့နောက်မှာတော့ ကောက်ယူလိုက်တဲ့ အခါ စွမ်းအားများစွာကို စုပ်ကိုင်ရသလိုကို ခံစားလိုက်မိ တယ် ။
“အန် ၊ တစ်ယောက်ယောက်များလား”
ချန်ရှန် သူ့ခေါင်းကို မြင့်ကာ ကြည့်လိုက်တယ် ။ လူသုံး ဦး ဓားပျံရှည်ကြီးကို စီးကာ တဟုန်ထိုးလာနေတာကို တွေ့ လိုက်ရတယ် ။
သုံးယောက်လုံးဟာ ကြည့်ကောင်းကြပြီး အဖြူရောင် ၀တ်ရုံကြီးများကို တူညီစွာ ၀တ်ဆင်ထားကြတယ် ။ ဂိုဏ်း တစ်ခုခု ၏ တူညီဝတ်စုံ ဆိုတာ ထင်ရှားနေပါတယ် ။ ဒါ့ အပြင် ၃ ယောက်လုံးဟာ စစ်မှန်သော သိုင်းပညာနယ်ပယ် အဆင့် ၁ များ ဖြစ်ကြပြီး ၎င်းတို့၏ အသက်ရှုပုံမှာ တူညီစွာ နေကြပါတော့တယ် ။
၎င်းတို့ သုံးယောက် ဆင်းလာတယ့်အခါ တောပတ်ချာ လည်တွင် အရည်ပျော်ပြီး ပျက်စီးနေတာကို တွေ့ လိုက်ကြ ရတယ် ။ မကြာသေးမီက ပဲ ဒီနေရာမှာ တိုက်ပွဲ တစ်ခုခု ဖြစ်ပေါ်ခဲ့တယ် ဆိုတာကို ၎င်းတို့ သဘောပေါက်သွားကြပါ တယ် ။ ၎င်းတို့ မျက်စိများ ချန်ရှန် လက်ထဲမှ အစိမ်းရောင် တဖြတ်ဖြတ် လတ်နေသော သားရဲဆေးကို မြင်လိုက်တဲ့ အခါ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြပါတယ် ။ ၎င်းတို့ ချက် ချင်းပင် ပြေးလုပစ်ချင်နေကြပါပြီ ။
ချန်ရှန် လျင်မြန်စွာပင် သားရဲဆေးအား ထည့်ကာ လှည့် ထွက်ဖို့ ပြင်ဆင်လိုက်တယ် ။ ရှုပ်ရှုပ်ယှက်ယှက် တွေ မလုပ်ချင်တော့လို့ပါ ။
“ကောင်လေး ၊ မင်းက နယားပျံကို သတ်ခဲ့တာလား”
သန်မာပုံရတယ့် လူက လေသံ ခပ်ပြတ်ပြတ် ဖြင့် မေး လိုက်တာပါ ။
“အင်း”
ချန်ရှန် အမှန်တိုင်းပင် ဖြေလိုက်တယ် ။
“ငါတို့ဟာ လွတ်လပ်သော ထာဝရ ပင်လယ် ကပဲ ။ မင်း စဉ်းစားတတ်မယ်ဆိုရင် သားရဲဆေးကို ပေးလိုက်ပါ ။ ဒီ နယားပျံဟာ ငါတို့ရဲ့ သားကောင်ပဲ”
ထိုလူက အမိန့်ပေးသံ ဖြင့် ပြောဆိုပါတယ် ။
ချန်ရှန် လှည့်ကြည့်လိုက်တယ့် အခါမှာတော့ ၃ ယောက်သားဟာ သူ့ကို ခပ်စိမ်းစ်ိမ်း ကြည့်နေကာ ခြိမ်း ခြောက်လျက် ရှိပါတယ် ။
“ငါမပေးဘူးဆိုရင် မင်းတို့က ဘာလုပ်မလဲ”
ချန်ရှန် ခပ်တည်တည်ပဲ မေးလိုက်တယ် ။
ထိုလူက ကျယ်လောင်စွာရယ်မောလိုက်ပြီး ရက်စက် ဟန်ရှိသော အကြည့်ဖြင့် ကြည့်ကာ ခြိမ်းခြောက် ပြောဆို ပါတယ် ။
“မပေးရင် မင်းသေမှာပေါ့ကွ”
ထိုကဲ့သို့ ပြောပြီးသည်နှင့် တပြိုင်နက် ချန်ရှန် ဟာ လျှပ်စီးလို လျင်မြန်သော အဟုန်ဖြင့် ကောင်းကင်ပေါ် တက်သွားတယ် ။ တချိန်တည်းမှာပင် သူဟာ ကြောက်စ ရာ အမည်းလိုက်ခြင်းနှင့် ဆိုင်သော ချီဓာတ်များကိုလည်း ထုတ်လွှတ်လိုက်တယ် ။
အလွန်ပင် အားပြင်းထန်လှသော ချီငွေ့ များဟာ သူ့ လက်မှာ ဖြစ်ပေါ်လာကာ ချွန်ထက်ကြီးမားလှသော မိုးပြာ နဂါး၏ လက်သည်းများ အဖြစ် ပြောင်းလဲသွားပါတယ် ။ ကောင်းကင်မှ လျှပ်စီး လက်သွားသလိုပင် လက်သည်းကြီး များဟာ ထိုလူ၏အထက်ပိုင်းအား သွေးများစွာ ပန်းထွက် သွားစေပါတော့တယ် . . . ။