Switch Mode

Chapter – 155

လောင်းကစားကြွေး

Chapter – 155 လောင်းကစားကြွေး

ချန်ရှန် မြို့ ပြင်ဖက် ရောက်တဲ့အခါ သူ၏ အတောင်ပံ များအား ထုတ်အာ လျင်မြန်စွာ ပျံသန်းသွားတယ် ။ မျက်စိ တမှိတ်အတွင်းမှာပဲ ပြင်းထန်သော သိုင်းပညာဂိုဏ်းမှ အဝေးသို့ ရောက်ရှိ သွားကာ မကြာမှီမှာတော့ အစိမ်း ရောင် တောတောင်ကြီးသို့ ရောက်ရှိလာပါတယ် ။
ချန်ရှန် ရှောင်ဒို နှင့် တခြားလူများထံမှ စနည်းနာရသ လောက် ယခုအခါ သူ၏ ခေါင်းမှာ သလင်းကျောက် ၅ သိန်းပင် တန်နေပြီ ဖြစ်ပါတယ် ။ ဒါ့အပြင် စစ်မှန်သော သိုင်း ပညာ ဂိုဏ်းကလည်း သူ့ကို ဆုငွေ ထုတ်ထားသေး ပါ တယ် ။ ချန်ရှန်ဟာ ၎င်းဂိုဏ်း၏ စစ်မှန်သော သိုင်းပညာ ရှင်အား ဒုက္ခိတ ဖြစ်စေခဲ့လို့ပဲ ဖြစ်ပါတယ် ။
“တနေ့တော့ ဒီလူတွေ ရဲ့ လုပ်ဆောင်ချက်တွေ ဘယ် လောက် အရူးထလဲ ဆိုတာ သူတို့သိအောင် လုပ်ပေးရ မယ်”
ချန်ရှန်စိတ်ထဲ ပြောနေမိပါတယ် ။
ရုတ်တရက်ပဲ သူ့နောက်ရှိ လေထဲမှ ထူးခြားမှု တစ်ခု ကို ခံစားလိုက်ရတယ် ။ အလွန်အားနည်းနေသော်လည်း သူ ၏ နတ်အတွင်းအား အာရုံများမှာ အလွန်အားကောင်း လှသော ကြောင့် သူအာရုံခံမိခြင်း ဖြစ်ပါတယ် ။ ထိုအချိန် မှာပဲ သူဟာ မြေကြီးပေါ်သို့ အရှိန်တဟုန်ထိုး သက်ဆင်းချ ပါတော့တယ် ။
သူမြေကြီးပေါ်သို့ ရောက်ရောက်ချင်းမှာပင် ကောင်း ကင် ထက်မှ ပေါက်ကွဲသံကြီးတစ်ခုအား ကြားလိုက်ရပါ တယ် ။ ချီဓာတ်လှိုင်းများဟာ မြေကြီးကို လာရောက် ထိ မှန်ကာ ကြီးမားသော အကွဲကြောင်းကြီးပင် ဖြစ်ပေါ်သွားပါ တော့ တယ် ။
ဒါဟာ တိုက်ခိုက်မှုပါ ။
ချန်ရှန် သူ့အထက်မှ ချီဓာတ်များ တုန်ခါမှုကို ကြည့်ရှု လိုက်တယ် ။ သူ့စိတ်ထဲ တော်တော် လန့်မိသွားပါတယ် ။ သူသာ နည်းနည်းလေး နောက်ကျသွားမည် ဆိုပါက အမှုန့်ပင် ဖြစ်သွားလောက်ပါတယ် ။ ဒီလို သူ့အပေါ် တစ်စုံ တစ်ဦးက ရက်ရက်စက်စက် အားပြင်းစွာ တိုက်ခိုက်လိမ့် မည် ဟု မမျှော်လင့်ထားပါ ။ ဒါ့အပြင် ခု တိုက်ခိုက်တာ ၂ ဦး ဖြစ်ပါတယ် ။ အဘယ်ကြောင့်ဆိုသော် များပြားလှတဲ့ ချီဓာတ်တွေဟာ အရပ်မျက်နှာ ၂ ခုမှ ထွက်ပေါ်လာပြီး တစ် နေရာထဲမှာ စုဆုံ သွားလို့ပါပဲ ။
“မြောက်ဖက်မှာ သတိထား”
လောင်ဆုရီ သူ့ကို သတိပေးလိုက်တယ် ။
ချန်ရှန် သူ၏ မိုးပြာနဂါး နတ်မိစ္ဆာ ဓားသွားကို ထုတ်ယူ လိုက်တယ် ။ ချန်ရှန် ၏ မိုးပြာနဂါး ချီဓာတ်များဟာ အား ကောင်း လာလေလေ ဓားဟာလည်း ပိုလေးလာလေလေ ပါ ၊ ထိုအချိန်မှာ ချန်ရှန် ဟာ ပေါင် သုံးသိန်းလောက် ကို မ ထားရသလိုပါပဲ ။ ဒါပေမယ့် လေးသည်ဟု မခံစားရပါချေ ။ သူတိုက်ခိုက်စဉ် သူ၏ မိုးပြာနဂါးချီဓာတ်များအား ဓားအ တွင်း လောင်းထည့်မည်ဆိုပါက ဓားဟာ ပိုမို လေးလံလာ မည် ဖြစ်ပြီး သူ၏ ရန်သူမှာလည်း ကယ်ရာမဲ့ ဖြစ်မှာပါ ။
“စစ်မှန်သော သိုင်းပညာရှင် အဆင့် ၂ ပါလား ၊ သူ့ကို တွေ့ ပြီ”
ချန်ရှန် သူနဲ့ ခပ်လှမ်းလှမ်း ကို လှမ်းကြည့်နေတယ် ။ သူ့စိတ်ထဲ ကြိတ်လှောင်လိုက်မိတယ် ။ သူဂိုဏ်းက ထွက် တာနဲ့ စတင် တိုက်ခိုက်ခြင်း ခံလိုက်ရတယ် ။ ဒါ့အပြင် ရန် သူ ၏ ချဉ်းကပ်နည်းမှာလည်း အလွန် ပိရိလှသည် ။ ၎င်း တို့မှာ စွမ်းအားကြီး မှော်ဓာတ်များ ရှိနိုင်သည်ဟု ချန်ရှန် ခန့်မှန်း လိုက် မိတယ် ။ ဒါပေမယ့် ခုနက တိုက်ခိုက်မှုက တော့ သူတို့ အတွက် အရာမထင်လိုက်ပါချေ ။
ရုတ်တရက်ပဲ အေးစက်သော အရောင်တောက်ပ သည့် အရာတစ်ခု ပေါ်လာပြီး အငွေ့ များထွက်လျက် သူ့ ဆီ ချဉ်းကပ် လာနေပါတယ် ။ ချန်ရှန် သူ၏ ဓားကို လျင်မြန်စွာ ပင် ထုတ်ယူကာ အလျားလိုက် ပိုင်းချလိုက်တယ် ။ “ဒင်” ဟူသော အသံကြီးမြည်ကာ သူ၏ ဓား မြေကြီးသို့ ထိသွား ပါ တော့တယ် ။
ချန်ရှန် သူ့ကို ဘယ်သူ တိုက်လဲဆိုတာ မြင်ရပါတယ် ။ တစ်ကိုယ်လုံး ချပ်ဝတ်တန်ဆာ အပြည့် ၀တ်ထားသော လူ တစ်ယောက် ဖြစ်ပါတယ် ။ သံမျက်နှာဖုံးတစ်ခုကိုလည်း ၎င်း ၏ မျက်နှာတွင် စွပ်ထားပါသေးတယ် ။ အလွန် ထူး ဆန်း သော ချီဓာတ်ကို ထုတ်လွှတ်နေပြီး ပုံစံကတော့ အ တော် စွမ်းအားကြီးပုံပါပဲ ။
ထိုလူလည်း တခဏမျှ အံ့အားသင့်သွား ပုံပါပဲ ။ ချန်ရှန် လို စစ်မှန်သော သိုင်းပညာ နယ်ပယ်ကို မကြာသေးမှီက မှ ၀င်ရောက်ထားသော သူဟာ သူ၏ အားအပြည့်ဖြင့် တိုက် ခိုက်မှုကို ဓားလေး တစ်ချောင်းဖြင့် ကာကွယ်နိုင်လိုက်လို့ ပါပဲ ။
ချန်ရှန် တဖက်လူ၏ လက်နက်ကို ကြည့်လိုက်တယ် ။ ဓားပေါ်မှာ အဟလေး ရှိနေပြီး အတော်အသင့် ကောင်းလှ သည့် အဆင့် ၇ ဝိဉာဉ်တော် လက်နက်ပါပဲ ။ ဒါပေမယ့် ယခုအခါမှာတော့ ကျိုးသွားပါပြီ ။ ထိုလူဟာ တစ်ကိုယ်လုံး တုန်လျက် ဒေါသထွက်နေပုံပါ ။
ချန်ရှန် သူ၏ဓားကို ဝှေ့ ယမ်းကာဖြင့် ခုန်လိုက်တယ် ၊ ဒါပေမယ့် ရုတ်တရက်ပဲ သူ၏ နောက်မှ တိုက်ခိုက်မှု တစ် ခုကို အာရုံခံမိလိုက်ပါတယ် ။ ချွန်ထက်လှသော ပုဆိန်ဖြင့် ပစ်ပေါက်လိုက်ခြင်းဖြစ်ပြီး လေထုကို ခွင်းကာ ကြောက် မက် ဖွယ် အမြန်နှုန်းဖြင့် လာနေတယ် ။ မိုးကြိုးသွား တစ် ခုလိုပင် ပုဆိန်ဟာ ချန်ရှန် ၏ ခေါင်းအနောက်သို့ ဦးတည် နေပါ တော့တယ် ။
ပုဆိန်မှာ စွမ်းအားများစွာ သယ်ဆောင်လာပြီး ၎င်း မှာ ခုနက ချန်ရှန် ကို ပစ်လိုက်သော ဓားလိုပင် အားကုန်ပင် ပစ်လိုက်ပုံပါ ။ အလွန်လည်း လျင်မြန်လှပေသည် ။
ပုဆိန်မှာ လမ်းတ၀က်တွင် ရပ်ကာ ပေါက်ကွဲ ထွက် သွား တယ် ။ ချန်ရှန် ကို ထိမှန် သွားခြင်းဖြစ်သော်လည်း ထို အရာမှာ ချန်ရှန် ၏ ပုံရိပ်ယောင်သာ ဖြစ်တယ် ။ ရန်သူ ၂ ဦးလုံး ထိတ်လန့်သွားကာ ရှိနေကြပြီး ချန်ရှန် ဟာ ရေ ပုံရိပ်ယောင် တိုက်ကွက်ကို အသုံးပြုလိုက်တာ ဖြစ်ပါတယ် ၊ ရန်သူ နှစ်ဦးဟာ မူလက ချန်ရှန် ကို လက်စဖျောက်ပြီး သူ၏ အလောင်းကို သယ်ကာ ဆုငွေ ၅ သိန်းထုတ်ယူဖို့ အကြံ နဲ့ပါ ။ ယခုတော့ တက်တက်စင်အောင် ပင် လွဲမှား သွား ခဲ့ရပါပြီ ။
ချန်ရှန် ၏ ပုံရိပ်ယောင် ပေါက်ကွဲထွက်သွားတဲ့ အချိန် မှာပဲ ချန်ရှန် ဟာ အလွန်လျင်မြန်သော နှုန်းဖြင့် ရွေ့ လျား သွားတာပါ ။
ချန်ရှန် ဟာ ယခုအခါ ကောင်းကင်အမြင့်ပေါ်မှာ ရှိနေ ကာ သူ့အောက်မှ လူနှစ်ဦးအား ခပ်ပြုံးပြုံး ကြည့်နေတယ် ။ သူဟာ အဆင့် ၁ စစ်မှန်သော ပညာရှင် ဖြစ်သော်လည်း ကိုယ်တွင်းတွင် ချီဒြပ်စင် ၅ ခု ပူးပေါင်းမှု ၊ မိုးပြာနဂါးဓား ရှိ မှု စသည်တို့ကြောင့် အဆင့် ၂ ပညာရှင် မည်သူမဆို သူ၏ ပြိုင်ဖက် မဟုတ်ပါချေ ။
ချန်ရှန် ဟာ များစွာသော မိုးပြာနဂါး ချီဓာတ်များအား ဓား အတွင်းသို့ လောင်းထည့်လိုက်တယ် ။ ဓားကြီးဟာ ရုတ် တရက်ပင် ပေါင်သန်းပေါင်းများစွာ လေးလံလာပါ တယ် ။ ချန်ရှန် အာကာသမှ ကြွေကျသော ကြယ်တစ်လုံး ကဲ့သို့ လျင်မြန်စွာဖြင့် ထိုးစိုက်ကျလာနေတယ် ။ ပြင်းထန် လှသော ခုတ်ချက်ဖြင့် မျက်နှာဖုံးစွပ် လူအား ၂ ပိုင်းပြတ် အောင် ခုတ်ချလိုက်ပါတော့တယ် ။
ချန်ရှန် တိုက်ခိုက်မှုကို မရပ်တန့်ပါ ။ တဖက်ရန်သူ ဟာ အဆင့် ၂ ပညာရှင် ၂ဦး ဖြစ်ပြီး ၎င်းတို့သာ ပူးပေါင်း ချပါက သူ့အတွက် ခက်ခဲပေလိမ့်မည် ။
ချန်ရှန် ဟာ အလစ်အငိုက်ဖမ်းကာ တိုက်ခိုက်ခဲ့တာ ဖြစ် ပြီး ရန်သူ ၂ ယောက်လုံးဟာ ဒီလို စစ်မှန်သော သိုင်း ပညာနယ်ပယ် ၀င်ကာစ လူ ထိုမျှလောက် အားကြီးမည် ဟု မထင်မိခဲ့ကြတာပါ ။ သာမန်အမြင်မှာတော့ အဆင့် ၁ နှင့် အဆင့် ၂ ဟာ တော်တော် ကွာခြားမှာပါ ။ အဆင့် ၁ ပညာ ရှင် အနေဖြင့် အဆင့် ၂ အား ရှုံးနိမ့်စေရန်မှာ တော်တော် ခက် တာပါ ။ အဘယ်ကြောင့်ဆိုသော် အဆင့် ၂ ဖြစ်ရန် အတွက် အဆင့် ၁ ထက် ချီဓာတ်များစွာ ကို ဖိနှိပ်ခဲ့ရလို့ပါ ပဲ ။
ချန်ရှန် တစ်ဦးကို သတ်ပြီးနောက်မှာတော့ တဖန် ပြန် လည် ပျောက်ကွယ်သွားပြန်ပါတယ် ။ အားကောင်းမွန် လှ သည့် နတ်အတွင်းအား အာရုံ မရှိဘူး ဆိုပါက သူ့ကို ခန့် မှန်း ရှာဖွေရန် မဖြစ်နိုင်လှပါချေ ။ ကျန်ရှိနေသည့် လူသတ် သမား ၏ ရင်မှာ တဒိန်းဒိန်း ခုန်လျက် ရှိနေတယ် ။ ပတ် လည် အား လိုက်ကြည့်ကာ အလျင်အမြန်ပင် ရှာဖွေနေပါ တယ် ။ အန္တရာယ် အငွေ့ အသက်ကို သူခံစားနေရတာ ဖြစ် လို့ပါ ။ သူဟာ တိုက်ခိုက်မှုကို အာရုံခံလိုက်နိုင်ပေမယ့် လဲ နောက် ကျ သွားခဲ့ပါပြီ ။ ချန်ရှန် ဘယ်နားက ပေါ်လာပြီး တိုက် မည်ကို မသိနိုင်သဖြင့် သူ၏ ဓားကိုသာ ဝှေ့ ယမ်းနေ လျက် ရှိပါတယ် ။
“အားး”
လူသတ်သမား စူးစူး ဝါးဝါး ပင် အော်ကာ သူ၏ လက် တစ်ဖက်မှာ ချန်ရှန် လက်ချက်ဖြင့် ပြတ်သွားခဲ့ရပါပြီ ။
လူသတ်သမားဟာ မြေကြီးပေါ်ရှိ ဓားကိုင်ထားလျက် ရှိ နေတယ့် လက်ပြတ်ကို ကြည့်နေပါတယ် ။ သူ့ရင်ထဲ တကယ် ကို ကြောက်လန့်နေပြီး သူ့ကိုယ်သူ တည်ငြိမ်စေ ရန် ကြိုးစားနေတယ် ။ ဒါပေမယ့်လည်း ထိုအချိန်မှာ မိုး ပြာ ရောင် အလင်းတန်းတစ်ခုကို မြင်လိုက်ရပြီး ရင်ဘတ် မှ နာကျင်စွာ ခံစားမှုကို ရရှိလိုက်ပါတယ် ။ သူ့အထက်ပိုင်း ရှိ အရာအားလုံး တူဖြင့် ထုခံလိုက်ရသလို ခံစားနေရတယ်။ ချန်ရှန် ဟာ ဓားကိုယ်ထည်ကိုသာ အသုံးပြုကာ ထိုလူ ၏ ရင်ဘတ်အား လေးလံလှသည့် ဖိအားကို သာ တင်ပြီး အသုံး ပြုလိုက်တာပါ ။ ဒီလိုလုပ်လိုက်ခြင်းကြောင့် အပြင်း အထန်ပင် ဒဏ်ရာရရှိသွားစေနိုင်မာ ဖြစ်ပါတော့တယ် ။
ချန်ရှန် ပျံသန်းကာဖြင့် လူသတ်သမား ဆီ ရောက်လာ ပါတယ် ။ ဒါပေမယ့် ထိုလူဟာ မသေရုံတမယ် ပြင်းထန်စွာ ဒဏ်ရာ ရနေလျက်ပါ ။ ချန်ရှန် သူ၏ လက်ဖြင့် ထိုလူ၏ ခေါင်းကို ကိုင်ကာ သူ၏ နတ်အတွင်းအား အာရုံများကို ထည့် လိုက်တယ် ။ ထို့နောက် –
“မင်းကို ဘယ်သူလွှတ် လိုက် တာလဲ”
ချန်ရှန် မေးလိုက်ပါတယ် ။
“ဆရာ လု”
လူသတ်သမား ၏ အသံဟာ ခံစားချက် မဲ့စွာ ထွက် ပေါ် လာတယ် ။
“မင်းတို့က ပြင်းထန်သော သိုင်းပညာဂိုဏ်းက လူတွေ လား”
ချန်ရှန် ထပ်မေးလိုက်ပြန်ပါတယ် ။ သူ့ပုံစံဟာ စိတ် မရှည် တော့ပါဘူး ။
“မဟုတ်ဘူး ၊ ငါတို့ဟာ လုမျိုးနွယ် ၀င်တွေပါ”
ချန်ရှန် တခြား ဘာမျှ မမေးတော့ပဲ ပုံဆောင်ခဲ တစ်ခု ကို ထုတ်ကာ ထိုလူ၏ခေါင်းကို ပစ်လိုက်ပြီး သတ်လိုက်ပါ တော့တယ် ။
“ဆရာ လု ၊ ကောင်းပြီ ။ ဆေးဘုရင်တောင် က လု မျိုး နွယ် က ငါ့ကို တကယ်ပဲ သတ်ဖို့ ကြိုးစားခဲ့တာပဲ ။ သူတို့ ရှုံးသွားတယ့် လောင်းကြေး အကြွေးကို မပေးချင်လို့ နေ မယ်”
ချန်ရှန် ခပ်လှောင် လှောင် ရေရွတ်လိုက်တယ် ။ ဆရာ လုဟာ သက်ကြီးဝါကြီးခြံဝန်းမှ အဆင့် ၉ စစ်မှန်သော သိုင်း ပညာ ရှင် ဖြစ်ပါတယ် ။ အပြင်စည်းခြံဝန်း အလုပ် သမား များ၏ အရေးကိစ္စများ နှင့်သာ အမြဲ လှုပ်ရှားနေ တာ လည်း ဖြစ်ပါတယ် ။ လုမျိုးနွယ်က သူကြွယ် တစ်ဦး ဆို တာတော့ ပြောနေစရာ မလိုတော့ချေ ။
ချန်ရှန် လုဇန်းနန် ကို နိုင်ပြီးနောက် လောင်းကြေးကို သူ လက်ခံ ရရှိခြင်း မရှိသေးပါ ။ အခြေခံ တည်ဆောက်ရေး အား ၃ လုံး နှင့် နေကိုးစင်းမီးတောက်သီး တစ်လုံး တို့ကို ရရှိမည် ဖြစ်ပြီး ၎င်းတို့ဟာ အလွန်ပင် အဖိုးတန်လှပါတယ် ၊ လုမျိုးနွယ်ဟာ ၎င်း ပစ္စည်းများအား ပေးချင်ပုံ မပေါ်ပေ ။ ချန်ရှန် ကိုသာ သတ်နိုင်ပါက သူတို့ကို မည်သူမျှ ဖိအား ပေး ကာ အကြွေးတောင်းမည့် လူမရှိပါချေ ။
ချန်ရှန် ဟာ လုမျိုးနွယ် နှင့် ယခုလို အရေးကို ကြိုမြင် ပြီး သားပါ ။ ဒါပေမယ့် ယခု အမည်းရောင် လိပ်တောင် မှ ပြန် ရောက်မည့် အချိန်ထိ စောင့်ရန် ဆုံးဖြတ်လိုက်ပါတယ် ၊ ထို့နောက်မှာမှ လုဇန်းနန်ကို လိုက်ရှာကာ ဖြေရှင်းခိုင်းရ ပါ မယ် ။ တဖက်လူတွေဟာ သူတို့စိတ်ထဲ သတ်ဖို့သာ အာ ရုံ ရှိနေကြတာ ဖြစ်ပြီး အောင်မြင်လုနီးနီးပါပင် ။ လောင်း ကြေး ဆေးများနှင့် အသီးကို မလိုချင်တော့လျှင် တောင်မှ သူ၏ ရင်ထဲက မကျေနပ်မှုကို ဖွင့်ချဖို့ လိုနေပါသေးတယ် ။
“ဆရာလု ၊ စောင့်နေလိုက်စမ်းပါ”
ချန်ရှန် စကားပြောပုံမှာ အမှန်တကယ်ပင် ရက်စက် သည့် ဟန်ပန် ပေါက်နေပါတော့တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset