Switch Mode

Chapter – 154

အမဲရောင်လိပ်ချပ်ဝတ်(အပိုင်း ၂)

Chapter – 154 အမည်းရောင်လိပ်ချပ်ဝတ် (အပိုင်း ၂)

အမည်းရောင်လိပ်ချပ်ဝတ် . . .
ချန်ရှန် ကြားလိုက်တယ့်အခါ စုမေးယို ၊ ဘိုင်ယုယု နှင့် လောင်ဆုရီတို့လည်း အံ့အားသင့်သွားကြတယ် ။ သူ တို့အားလုံး ဒီအရာကို ကြားဖူးကြတယ်လေ ။
ဒါဟာ နတ်လက်နက် လေးခုထဲက တစ်ခု ဖြစ်ပါတယ် ၊ အမည်းရောင်လိပ် နတ်လက်နက် ကတော့ အဓိကအား ဖြင့် ကာကွယ်တဲ့နေရာမှာ အသုံးပြုတယ် ။
ချန်ရှန် တွင်းနက်ကြီးတွင်းမှ ဟွမ်ဂျိရှန် ၏ ပြောစကား များကို ဆက်နားထောင်နေတယ်။
“ဒီချပ်ဝပ်ဟာ အမည်းရောင်လိပ် တောင်ထဲမှာ ပုန်း ကွယ်နေတာပဲ ။ ဒီလက်နက်ကို ကာကွယ်ဖို့အတွက် ဂိုဏ်း ချုပ် မျိုးဆက်ဟာ အမျိုးမျိုးသော အစွမ်းတွေကို အသုံးပြု ကြ ရတယ် ။ ငါမင်းရဲ့ စီနီယာ အကိုတော် ဒီကိစ္စကို နောက် ဂိုဏ်းချုပ်ကို ပြောပြဖို့ မှာခဲ့တယ် ။ သူ ဟို ငတုံး လေး ကို ပြောလား မပြောလားတော့ ငါမသိဘူး ။ ဒါ ကြောင့် ပဲ သူတို့ကို သတိပေးဖို့ အတွက် မင်းဆီလာရတာ ပဲ”
ဟွမ်ဂျိရှန် ရှည်လျားစွာ ရှင်းပြပါတယ် ။
“ကျွန်တော် မေးလိုက်ပါ့မယ်”
ချန်ရှန် ပြန်ဖြေလိုက်တယ် ။ အခုအခါ သူ့မှာ မိုးပြာနဂါး နတ်မိစ္ဆာ ဓားသွား ရှိပြီး ဖြစ်ပေမယ့် ထိုအရာကို သူတကယ် အသုံး မပြုရသေးပါ ။ အဘယ်ကြောင့်ဆိုသော် ၎င်း ၏ စွမ်း အားမှာ အလွန် ကြောက်မက်ဖွယ်ကောင်းလို့ ဖြစ်တယ် ။
“အမယ်လေး ၊ အဲဒိ ချပ်ဝတ်သာ ကောင်းမွန်တဲ့ ပိုင်ရှင် လက်ထဲ ရောက်သွားရင် ငါတို့ သိပ်ပြီး ဒီကိစ္စနဲ့ ပတ်သက် လို့ အားစိုက်ထုတ်စရာ မလိုပေဘူး ။ ဒါပေမယ့် မကောင်း တဲ့ လူ လက်ထဲ ရောက်သွားရင်တော့ မော်တယ်ကမ္ဘာကို ဒုက္ခ ရောက်သွားစေလိ့မ်မယ်”
ဟွမ်ဂျိရှန် သက်ပြင်းချတယ် ။
“မင်း အဲဒိ ချပ်ဝတ်ရဲ့ နေရာကို သွားဖို့ လိုတယ် ။ စိတ် ကို ကြည်အောင်သာထား ၊ လျှောက်မယ့်လမ်းဟာ ဘယ် လောက်ပဲ ကြမ်းတမ်းနေပါစေ မှန်ကန်တဲ့လမ်းဖြစ်ဖို့လို တယ်”
“ဆရာ ၊ အဲဒိတောင်ထဲကမှာ လျို့ ဝှက်ဆန်းကြယ် နယ် ပယ်လိုပဲလား”
ချန်ရှန် မေးလိုက်တယ် ။
“အင်း ၊ တောင်ရဲ့ အလယ်မှာ ၀င်ပေါက်ရှိတယ် ။ အဲ လိုပေါ့ ၊ ၀င်ပေါက်ဟာ အမည်ရောင်လိပ် ချပ်ဝတ် နိုးထ လာ တဲ့ အချိန်မှာသာ ပွင့်တယ် ။ မင်းကြည့်ချင်ရင်တော့ ဟို ငတုံးလေးနဲ့ လိုက်သွား ။ ဘာလို့လဲဆိုတော့ အဲဒိမှာ ဒီ ချပ်ဝတ်ကို လိုချင်လို့ ကြိုးစားနေတယ့် စွမ်းအားကြီး လူစွမ်း ကောင်းတွေ အများကြီးပဲ”
ဟွမ်ဂျိရှန် ပုံစံက အသည်းအသန်ပါပဲ ။ သူ၏ အသံမှာ အားနည်းသထက် နည်းသွားတယ် ။
“ဒီချပ်ဝတ်ကို သွားရှာကြစို့ ၊ ငါတို့ ပြန်လာမှ နတ်မိစ္ဆာ ကျင့်စဉ်တွေကို သင်လည်း နောက်မကျသေးပါဘူး”
စုမေးယိုကလည်း သဘောတူပါတယ် ။
“မင်း နတ်အတွင်းအား သင်္ကေတ လေးခုကို ကျင့် ကြည့် ၊ ဒီချပ်ဝတ် ရဲ့ အသိအမှတ်ပြုမှုကို ရရှိသွားလိ့မ်မယ် ၊ မင်း ဟိုမိုးပြာနဂါးဓားကို ရခဲ့သလိုပဲပေါ့”
“တောင်ရဲ့ လျို့ ဝှက်ဆန်းကြယ် နယ်ပယ်ထဲမှာ စား စရာ ကောင်းကောင်းတွေ အများကြီးရှိမှာပဲ”
လောင်ဆုရီ တီးတိုးရေရွတ်နေတယ် ။
ချန်ရှန် ချက်ချင်းပင် ဂုဒွန်ချန် ကို လိုက်ရှာပါတယ် ။ လျို့ ဝှက်ဆန်းကြယ်လှတယ့် သက်ကြီးခြံဝန်းထဲမှာ လိုက် ရှာ ရတာ တကယ်မလွယ်ပါချေ ။ ဒါပေမယ့် နောက်ဆုံး မှာ တော့ သူဆရာကြီး ဝု ကို တွေ့ လိုက်ရတယ် ။ ထို့နောက် ၎င်း ၏ နောက်မှ ဂူအတွင်သို့ လိုက်ဝင်သွားပါတော့တယ် ။
“ကျွန်တော့်ရဲ့ အကြီးဆုံးတူလေးက ဒီလို ၀က်ဝံ ဂူထဲ မှာ နေတာလား”
ချန်ရှန် လှည့်ပတ်ကြည့်ပြီး မေးလိုက်တယ် ။
“ဦးရီးတော်လေး ၊ အေးဆေးပေါ့ ၊ သူမကြာခင် သူနေ တဲ့ နေရာကို ပြောင်းပါလိမ့်မယ်”
ဆရာကြီး ဝု ရယ်မောနေတယ် ။
“ဘာလို့လဲ”
“မင်းသူနေတယ့် နေရာကို သိရင် သူ့ကို ဦးရီးတော် လေး ဆိုပြီး နေ့တိုင်းခေါ်ခိုင်းနေလိ့မ်မယ် ။ သူတော်တော် စိတ် ညစ် သွားမှာကွ”
ဆရာကြီး ဝု ရယ်မောနေပါတော့တယ် ။
ချန်ရှန် လျာထုတ်ပြလိုက်ပါတယ် ။ ဂုဒွန်ချန် ကျောက် တုံး အခန်းတစ်ခုထဲမှ ထွက်လာတယ် ။ ချန်ရှန် ကို ကြည့် ပြီး သူ့ရင်ထဲ သိပ်မကြည်သလိုပါပဲ ။ ဒါပေမယ့်လည်း ရို သေ စွာပင် နှုတ်ဆက်ပါတယ် ။
“ဦးရီးတော်လေး”
“ကောင်းပ”
ချန်ရှန် ရယ်မောလိုက်တယ် ။ ဂိုဏ်းချုပ်မှ သူ့ကို ဒီလို ဆက်ဆံတာဟာ သူ့ကို ပျော်ရွှင်စေပါတယ် ။ ဂုဒွန်ချန် မှ ပြုံးကာဖြင့် ရှိနေပါတယ် ။
“အိုကေ ၊ အရေးမပါတာတွေ မပြောတော့ဘူး ။ ခင်ဗျား အမည်းရောင်လိပ်တောင် က ကိစ္စကို သိပြီးပြီလား”
ချန်ရှန် မေးလိုက်တယ် ။
“ခုနက ပဲ ဆရာက ကျွန်တော် ခင်ဗျားကို သတိပေးခိုင်း ဖို့ လာပြောသွားတယ်”
ဂုဒွန်ချန် လေးလေးနက်နက် ခေါင်းညိ့မ်ကာဖြင့် –
“သိတယ် ၊ လွန်ခဲ့တယ့် ရက်အနည်းငယ်က သားရဲ ဂိုဏ်း နဲ့ စစ်မှန်သော သိုင်းပညာဂိုဏ်း တို့ဟာ ဒီကိစ္စ အ တွက် လာခဲ့တာပဲ”
ဆရာကြီး ဝုကလည်း –
“ဒီဂိုဏ်း ၂ ဂိုဏ်းက အင်အားသုံးပြီး ချပ်ဝတ်ကို လုယူ ချင်နေတာပဲ ။ ဒါပေမယ့် သူတို့ရဲ့ အင်အားဟာ ငါတို့ဂိုဏ်း လောက် မကောင်းဘူး ။ ဘာလို့လဲဆိုတော့ သူတို့က ငါတို့ နဲ့ ပြသနာ လာဖြစ်ပြီး ကစဉ့်ကလျား ဖြစ်အောင်လုပ်ကာ အချိန် လာဆွဲနေတယ့် သဘောပဲ ။ အဲဒိချိန်မှာ သူတို့ လူ တွေကို အမည်ရောင်လိပ် တောင်ဆီ ပို့ပြီးပြီ ။ ဒါပေမယ့် သူ တို့ အကြံ မအောင်မြင်ပါဘူး ။ ငါတို့က သူတို့နဲ့ ချမယ်လို့ တရာဝင် ကြေညာမှာ မဟုတ်ဘူး”
“သူတို့ အဲမှာ လာတိုက်ကြရင်ရော”
ချန်ရှန် မေးလိုက်ပါတယ် ။
“သူတို့ မလုပ်ဝံ့ပါဘူး ။ အဲဒိမှာက သူတို့ဂိုဏ်း ၂ ဂိုဏ်း ပဲ ရှိတာ မဟုတ်ဘူး ။ အဓိက မိစ္ဆာ ဂိုဏ်းကြီး ငါးဂိုဏ်း နဲ့ တခြား ဂိုဏ်းတွေ အများကြီးလည်း ရှိတယ် ။ ဒါ့အပြင် သူတို့ဘက်က သိုင်းပညာရှင်တွေကလည်း ငါတို့ကို အချိန် ဆွဲကြလိမ့်ဦးမယ် ။ အဲဒါမှသူတို့က သွားယူလို့ ရမှာကိုး”
ဆရာကြီး ဝု အကူအညီ မဲ့နေဟန် ဖြင့် ပြောပါတယ် ။
လွန်ခဲ့သော နှစ် ၁ သောင်းက ဟွမ်ဂျိရှန် ဟာ သားရဲ ဂိုဏ်းချုပ်ကို တစ်ယောက်ချင်း သတ်ခဲ့တယ် ။ ခုချိန်ထိပဲ ၎င်းတို့ဟာ ဒီချပ်ဝတ် ကို လိုချင်နေကြတုန်းပင် ။
“ဒါကို ကြည့်ခြင်းဖြင့် ငါတို့မှာ အချိန်မရှိဘူး ။ ဒီ ချပ်ဝတ် ရဲ့ သတင်းဟာ အများကြီးကို ပြန့်နှံ့ နေလောက်ပြီ”
ဆရာကြီး ဝု က ဆိုပါတယ် ။
ချန်ရှန် အမည်းရောင်လိပ် တောင်ကြား မှ စွမ်းအား ကြီး မား လှသည့် ပညာရှင်များ၏ တိုက်ပွဲများကို ကြိုတင် မြင်ယောင်နေမိတယ် ။ ဒီတိုက်ပွဲများဟာ ဂိုဏ်းချုပ် အဆင့် တိုက်ပွဲတွေပင် ဖြစ်ပါတယ် ။
“ချန်ရှန် ၊ ကျွန်မမှာ ဒီလျို့ ဝှက်ဆန်းကြယ် နယ်ပယ်ထဲ ကို ၀င်နိုင်တယ့် အထူးနည်းလမ်း တစ်ခု ရှိတယ် ၊ ၀င်ပေါက် မပွင့်သေးခင် ကို ခင်ဗျား ၀င်လို့ ရလိမ့်မယ်”
လောင်ဆုရီ ဂုဏ်ယူဟန် ဖြင့် ပြောပါတယ် ။
“ကျွန်မကို တည်ဆောက်ရေးဆေး ၁၀ လုံး ပေးတာနဲ့ ကူညီမယ်လို့ ကတိပေးတယ်”
“ကောင်းပြီ ကောင်မလေး ၊ မင်းငါ့ကို ကူညီရင် ငါတ ကယ် ပေးမှာပေါ့”
ချန်ရှန် အတော်ပင် အံ့သြကာ အလျင်အမြန်ပင် သ ဘော တူ လိုက်ပါတယ် ။
လောင်ဆုရီ ဟာ နဂါးတစ်ကောင်ဖြစ်ပါတယ် ။ သူမ မွေး ဖွား ချိန်ကတည်းက သူမ၏ မိဘများဆီမှ ထူးဆန်း သော အရာများစွာကို အမွေ ရထားတာပါ ။ ဒါကြောင့်ပဲ သူမ ပြောစကားကို ချန်ရှန် ဟာ ယုံကြည်နေမိတယ် ။
ချန်ရှန် သူ၏ တူ ၂ ယောက် ငြိမ်သက်စွာ ခေါင်းပူနေ လျက် ရှိတာကို မြင်နေရတယ် ။ သူ မတ်တပ် ထရပ်လိုက် ပြီး လက်ကို နောက်ပစ်လိုက်တယ် ။ စီနီယာ တစ်ယောက် ၏ ဟန်ပန်မျိုးဖြင့် သက်ပြင်းချကာ –
“ခင်ဗျားတို့ ၂ ယောက် မစိုးရိမ်ကြပါနဲ့ ။ ဘယ်လိုပဲ ဖြစ် ဖြစ် ကျွန်တော်ဟာ ခင်ဗျားတို့ရဲ့ သိုင်းပညာဦးရီးတော် ဖြစ် တယ် ။ ကျွန်တော့ ဆရာဟာ လည်း ဂိုဏ်းချုပ် ဖြစ်ခဲ့ဖူး တယ် ။ ဒီကိစ္စကို ကျွန်တော့ကို လွှဲလိုက်ပါ ။ ကျွန်တော် အမည်းရောင်လိပ် ချပ်ဝတ် ကို သွားယူပါ့မယ် ။ ဒါဆို မသမာ သူ လက်ထဲ မကျရောက်တော့ဘူးပေါ့”
“မင်းကလား”
ဆရာကြီးဝု က မယုံကြည်နိုင်ဟန် ဖြင့်ပြောပါတယ် ။
“ကောင်လေး ၊ ဒါ ကလေး ကစား စရာ မဟုတ်ဘူး ၊ အမည်းရောင်လိပ် လျို့ ဝှက်ဆန်းကြယ် နယ်ပယ် ပွင့်ရင် ပညာရှင်များစွာ ၀င်လာလိ့မ်မယ် ။ ဂိုဏ်းချုပ်တွေတင် မက ဘူး ၊ များစွာသော သက်ကြီးဝါကြီး ပညာရှင်တွေပါ ပါလိမ့် မယ် ။ မင်းလို စစ်မှန်သော သိုင်းပညာရှင်တွေဆိုတာက တော့ အများဆုံးပေါ့”
ဂုဒွန်ချန် သတိပေးလိုက်တယ် ။
“ကျွန်တော့ ကို ဦးရီးတော်လို့ပဲ ခေါ်”
ချန်ရှန် နှုတ်ခမ်းများ မဲ့ကာ ဆူလိုက်တယ် ။
“ဟုတ်ပါပြီ ၊ ဦးရီးတော်လေး”
ဂုဒွန်ချန် မျက်နှာ မှာ အကူအညီ မဲ့နေပုံပေါ်နေတယ် ။
ချန်ရှန် ပြုံးကာဖြင့် –
“ကျွန်တော် နဲ့ ခင်ဗျား လောင်းဝံ့လား ၊ ကျွန်တော် ဒီ ချပ်ဝတ်ကို ရလာရင် ခင်ဗျားတို့ ၂ ယောက်လုံး ဆေးဆရာ မကြီး မျက်နာဖုံးကို ချွတ်ခိုင်းပေးမလား”
ဂုဒွန်ချန် နှင့် ဆရာကြီးဝု တို့ တခဏမျှ အံ့အားသင့် သွား ကြတယ် ။ ချန်ရှန် ၏ သွင်ပြင်ကို ကြည့်ပြီး ၎င်းတို့၏ ဦးရီးတော်လေး ဟာ နောက်နေခြင်း မဟုတ်မှန်း သိသွား ကြ တယ် ။ သို့သော်လည်း ချန်ရှန် ၏ တောင်းဆိုချက်မှာ သူတို့ကို တော်တော် ကြီး အံ့အားသင့်သွားစေပါတယ် ။
“သူတို့ကို ထည့်တွက်မနေနဲ့ ၊ သူတို့ အင်အားသုံးလာ တောင် ငါ့ကို ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး ။ ငါလည်း အ မည်းရောင် လိပ် တောင်ကို သွားမယ်”
ဆေးဆရာမကြီး ချန်ရှန် ၏ နောက်မှ ပေါ်လာတာ ကြောင့် ချန်ရှန် လိပ်ပြာလွင့်မလို ပင် လန့်သွားတယ် ။
“ဦးရီးတော်လေး ၊ မင်းမှာ တကယ်ပဲ ဒီချပ်ဝတ်ကို ရဖို့ နည်းလမ်း ရှိတာလား”
ဆေးဆရာမကြီး မေးပါတယ် ။ ဒီကိစ္စများ မတိုင်မီက ဆိုပါက သူမ ယုံကြည့်လိ့မ်မည် မဟုတ်ပေ ။ ဒါပေမယ့် အ ခုတော့ သူမ သူ့ကို ဘယ်လိုပင် မယုံကြည်နေပါစေ သူမ မစိတ်ထဲမှာတော့ ချန်ရှန်ကို ယုံကြည်နေမိပြီး ဖြစ်နေပါ တော့ တယ် ။
“ကျွန်တော် ရရင် ၊ ခင်ဗျား မျက်နှာဖုံး ချွတ်ပြီး ခင်ဗျား ပုံရိပ် အစစ်ကို ပြမလား”
ချန်ရှန်ရယ်မော မေးလိုက်တယ် ။
ခဲမှန်ဖူးသည့် စာသူငယ်လိုပါပင် ဒီတစ်ခါတော့ ချန်ရှန် ၏ လှည့်ကွက်အောက်သို့ သူမ သက်ဆင်းတော့မည် မဟုတ်ပါချေ ။
“ကျွန်မ ဦးရီးတော်လေးရဲ့ လုပ်နိုင်စွမ်းကို ယုံကြည်ပါ တယ် ။ သူတကယ်ပဲ လုပ်နိုင်လိမ့်မယ်”
ဆေးဆရာမကြီး က ပြောပါတယ်။
ဂုဒွန်ချန် နှင့် ဆရာကြီး ဝု တို့ တစ်ယောက်ကို တစ် ယောက် ကြည့်လိုက်ကြတယ် ။ သူတို့ရှေ့ မှာ ရှိနေသည့် ဆေးဆရာမကြီးနှင့် ချန်ရှန် တို့ကြား ဆက်ဆံရေးကို ကြည့် ရသည်မှာ ကောင်းမွန်နေပုံပါပဲ ။
“ဦးရီးတော်လေး ၊ မင်းလုပ်နိုင်ရင်တော့ အကောင်းဆုံး ဇာတ်ညွှန်းတစ်ပုဒ်လို ဖြစ်လာမှာပဲ ၊ ဒါနဲ့ မင်းဘယ်လို လုပ် မှာလဲ”
ဂုဒွန်ချန် မေးလိုက်တယ် ။
“ကျွန်တော် အဲဒိနေရာကို အရင်သွားကြည့်ဖို့ လိုတယ်”
ချန်ရှန် ပြန်ဖြေလိုက်ပါတယ် ။
ထိုသို့ဖြင့် ချန်ရှန် ဟာ ခပ်မြန်မြန်ပဲ ထွက်လာပါတော့ တယ် ။ ရှောင်ဒို နှင့် တခြားလူများအား သူအမည်းရောင် လိပ် မြို့ တော်သို့ မစ်ရှင်တစ်ခု ရထားကြောင်း ပြောပြခဲ့ တယ် ။ ဝေးလံလှသည့် နေရာဖြစ်တာကြောင့် ရှောင်ဒို နှင့် ဇုရွန် တို့ဟာ စိတ်မ၀င်စားလှပါချေ ။ ဒါ့အပြင် သူတို့ဟာ အဓိကအားဖြင့် သူတို့ရဲ့ ကွန်ယက်တွေကို ဂိုဏ်းအတွင်း မှာ တိုးတက်အောင် လုပ်နေကြတာဖြစ်ပြီး အနာဂတ်မှာ မျိုးနွယ်စု ခေါင်းဆောင်များ ဖြစ်လာရန် သူတို့ကို ကူညီ ပေးသည့် လူများနှင့် ဆက်ဆံဖို့သာ အာရုံထားနေကြပါ တော့တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset