Chapter – 153 အမည်းရောင်လိပ်ချပ်ဝတ် (အပိုင်း ၁)
ဆေးဆရာမကြီး နှင့် ဝုကွမ်ချင် တို့ဟာ ချန်ရှန် ဘာ ကြောင့် စိတ်တိုနေလဲ ဆိုတာ သိပါတယ် ။ သူ ဆေးတစ်စုံ စာဖြင့် ဆေးလေးလုံး လုပ်နိုင်ပြီး အနိုင်ရရှိခဲ့တာတောင် သူ့ ကို စိတ်ပျက်စေလို့ပါပဲ ။ သူအမြင်ချင်ဆုံး အရာကို မမြင် လိုက်ရဘူး မဟုတ်ပါလား ။
“ဆရာမကြီး ၊ ခင်ဗျား ရဲ့ သရုပ်အမှန် ကို ပြရင် ဒီဆေး ၄ လုံးရော ၊ အပင်ရော ၊ အသီး တွေပါ ပေးမယ်ဗျာ ၊ ဘယ် လိုလဲ”
ချန်ရှန် ဒီအမျိုးသမီး ဘယ်သူလဲဆိုတာ အရမ်းကို သိ ချင်နေပါပြီ ။ သူ့စိတ်ထဲ ကျိန်းသေ သိနေတယ်လို့ ခံစား နေ ရလို့ပါ ။
ဆေးဆရာမကြီးဟာ မိုးပြာအသီးအား စားနေသော ချန်ရှန်အား စိတ်ပျက်စွာကြည့်ရင်း သူမ စဉ်းစားနေမိတယ် ၊ ချန်ရှန် အသီးကို စားပြီးချိန်မှာတော့ သက်ပြင်းချကာ –
“မေ့လိုက်ပါတော့ ၊ မင်းငါ့ကို အနိုင်ရမယ့် အချိန်ကျရင် ငါဆိုတာ မင်းအတွက်လို့ ငါကတိပေးထားတယ်လေ”
ဆေးဆရာမကြီး ခြံဝန်းအတွင်းမှ ထွက်သွားပါတော့ တယ် ။ ဒီလို ညလယ်မှာ ဖြစ်ပျက်ခဲ့သော ကိစ္စများအား သူမ အနေဖြင့် ဘယ်သောအခါမှ မေ့နိုင်မည်မဟုတ်ပေ ။ ဝုကွမ်ချင်လည်း ထို့အတူပါပဲ ။
ဝုကွမ်ချင်ဟာ ချန်ရှန် ဒီကိစ္စကို ဘာကြောင့် သိပ်သိ ချင်နေရလဲ ဆိုတာ အခုတော့ သဘောပေါက်လာမိတယ် ၊ ဆေးဆရာမကြီးဟာ ချန်ရှန် နှင့် အတော်ရင်းနီးပုံပေါ်ပါ တယ် ။ ဒီလိုမျိုး အဆင့်အတန်း ရှိသူ ဆေးဆရာမကြီးဟာ ရှက်စရာကောင်းသည် ဟု ယူဆရသော အရာကို ချန်ရှန် ရှေ့ တကယ်ပဲ လုပ်ပြခဲ့တယ် ။ အဓိက အစိတ်အပိုင်းများ အား ဖုံးကွယ်ထားသော်ငြားလည်း ဒီလို မိန်းမတစ်ယောက် က ယောကျာ်း တစ်ယောက်ကို ခုလို လုပ်ပြဖို့ အတော် ခက်ခဲပါတယ် ။
“ကွမ်ချင် ၊ သူမကို တွေ့ ရင် ပြန်ပြောလိုက်ပါ ။ သူ တည်ဆောက်ရေးဆေး တကယ်လိုအပ်နေရင် ဆေးကူပြီး လုပ်ပေးလို့ရတယ် ။ ကျေနပ်လောက်တယ့် အဖိုးအခ တော့ ပေးရမှာပေါ့ ။ နောက်ပြီး တခြားလိုအပ်တယ့် အရာ တွေတော့ ပေးဖို့ လိုအပ်လိမ့်မယ်”
ချန်ရှန် ပြောလိုက်ပါတယ် ။
“ငါထင်တာတော့ သူမ ငါ့ကို အတော်ကြာကြာတော့ တွေ့ လိမ့်ဦးမယ် မထင်သေးဘူး”
ဝုကွမ်ချင် ဆေးဆရာမကြီး လက်ရှိမှာ ဆေးလိုအပ်နေ တာကို သိနေတယ် ဒါပေမယ့်လည်း ချန်ရှန် ဒီလို သဘော ထားကြီးကြီး ကူညီလိမ့်မယ်လို့ မထင်ခဲ့မိပါ ။ ဒါပေမယ့် ဒီ လိုကိစ္စအား တခြားလူများ ယုံကြည့်ဖို့ အတော်ခက်ခဲပါ လိမ့်မယ် ။ ချန်ဝူ နယ်မြေကြီး ၏ ထိပ်ဆုံးမှာ ရပ်တည်နေ သော ဆေးပညာရှင် ဆရာမကြီးဟာ ချန်ရှန် ဆီမှ ဆေး လုပ် ဖို့ အကူညီတောင်းတယ်ဆိုတာ ယုံရခက်ခက်ပါ ။
ဝုကွမ်ချင် ခပ်ဖျော့ဖျော့ ပြုံးကာဖြင့် –
“ချန်ရှန် ၊ မင်းဟာ တော်တော် ကြင်နာတတ်တာပဲ ၊ ငါ လည်း ကြိုးစားမှာပါ ။ နောင်အနာဂတ်မှာ ဒီဆေးဘုရင်ခြံ ၀န်း ကြီးဟာ ငါတို့ အပေါ် မှီခိုနေလိမ့်မယ်”
“ဟဲဟဲ ၊ ခင်ဗျား ကြိုးစားရမယ် ။ ကျွန်တော့ကို လိုတဲ့ ချိန်တော့ လာရှာပေါ့ ၊ ကျွန်တော် ကူညီပေးမှာပါ”
ချန်ရှန် ပြုံးကာ ပြောလိုက်ပါတယ် ။
ဝုကွမ်ချင် ရင်ထဲ နွေးကနဲ ခံစားလိုက်ရပြီး ခေါင်းညိမ့် ကာဖြင့် ထွက်ခွာသွားပါတော့တယ် ။
ချန်ရှန် သူ၏ ရင်ဘတ်ကို ရိုက်ကာ လေသံ တီးတိုးဖြင့်-
“နဂါးလေး ၊ ထတော့ ၊ ဒီ အသီးက တော်တော် အရ သာ ဆိုးတယ်ကွ ၊ စားလိုက်ရင် သေတာထက်ကို ဆိုးသေး တယ် ။ ငါသာ ဆေးဆရာမကြီးကို ဒေါသဖြစ်နေတဲ့စိတ် မရှိခဲ့ရင် သေချာပေါက် လွှတ်ပစ်မိမှာပဲ”
“တကယ်လား ၊ ကျွန်မ မကောင်းတဲ့အရာကို စားရတာ မုန်းတယ် ။ ကျွန်မကို တည်ဆောက်ရေးဆေး ကျွေးပါ ။ အမြဲတမ်း အဲဒိဆေးကို စားချင်နေခဲ့တာ ။ ခုခင်ဗျားမှာ ၄ လုံး တောင် ရှိတယ်လေ”
လောင်ဆုရီ ဂျီကျ ပြန်ပါပြီ ။
ချန်ရှန်လည်း မတတ်နိုင်တော့ပဲ ဆေးတစ်လုံးထုတ် ကာ ပေးလိုက်ပါတယ် ။ အဖြူရောင်အလင်းတန်းလေး တစ်ခု သူ့ရှေ့ မှာ မြင်လိုက်ရပြီး ဆေးဟာ ချက်ချင်း ကိုပဲ ပျောက်ကွယ် သွားပါတယ် ။ “ဂွက် ဂွက် ဂွက်” ဟူသည့် အသံ များကို ကြားလိုက်ရပြီး ဒီလို ဝိဉာဉ်အခြေအနေနှင့် ဘယ်လိုစားလဲဆိုတာကို ချန်ရှန် သိချင်နေမိတယ် ။
နောက်နေ့မှာတော့ နှစ်ခြိုက်စွာ အိပ်ပျော်ခဲ့ရာမှ ချန်ရှန် နိုးလာပါပြီ ။ တံခါးကို ဖွင့်လိုက်သောအခါ မျက်နာဖုံး တပ် ထားသော ဆေးဆရာမကြီး ကို မြင်တွေ့ လိုက်ရတယ် ။ ရုတ်တရက်မို့ လန့်သွားပြီး နောက်သို့ပင် ခုန်လိုက်ပါတော့ တယ် ။ ဆေးဆရာမကြီးပင် အနည်းငယ် တုန်သွားသလို ပါပဲ ။
“ငါ အဲလောက်တောင် ရုပ်ဆိုးနေလို့လား”
“ဟက် ၊ ခင်ဗျားမျက်နှာဖုံး ချွတ်မယ် ဆိုရင်တောင်မှ ကျွန်တော့ စိတ်ထဲ ရုပ်ဆိုးတယ်လို့ မြင်နေဦးမှာပဲ”
ချန်ရှန် ဒေါသတကြီး ပြောလိုက်တယ် ။ မနက်စော စော စီးစီး မှာ သူသာယာ ကြည်လင်စွာ နိုးလာခဲ့ပြီး ခု တော့ အကျည်းတန်ရပါပြီ ။
“အခုငါ့မှာ တည်ဆောက်ရေးဆေး လုပ်တယ့် ပစ္စည်း တွေ အများကြီးရှိတယ် ။ ငါစုလိုက်မယ် ၊ မင်းစကားတော့ တည်မယ်မလား”
ဆေးဆရာမကြီး ဝုကွမ်ချင် ထံမှ ချန်ရှန် ဆေးလုပ်ပေး မည့် သတင်းအား ကြားခြင်းကြောင့် သူမကို လုပ်ပြီး ရောင်း ပေးရန် လာခြင်းပါ ။
သူမကိုယ်တိုင် လုပ်ပါက အများဆုံး ၂ လုံးသာ ရပေ လိမ့်မည် ။ ချန်ရှန် ကတော့ လေးလုံးလုပ်နိုင်ပြီး အရည်အ သွေးမှာလည်း ကောင်းလွန်းသောကြောင့်ပါ ။ အပြင်ပိုင်း မှာ ချန်ရှန် အပေါ် အေးစက်ပေမယ့် စိတ်ထဲမှာတော့ ကြိတ် လေးစားနေတာပဲ ဖြစ်တယ် ။
“အရင်နေ့တွေက ကျ ခင်ဗျား က ခုလို လာမတွေ့ ပဲ ခုကျ လာတွေ့ တယ် ။ နောက် ခုဘယ်သူမှ မရှိဘူးလေ ။ ဘာလို့ ဦးရီးတော်လေးလို့ မခေါ်ရတာလဲ”
ချန်ရှန် စပ်ဖြဲဖြဲ လုပ်ကာ ပြောပါတယ် ။
“ဦးရီးတော်လေး ၊ အခု ကျေနပ်ပြီလား”
ဆေးဆရာမကြီး ခပ်လှောင် လှောင် ပြောပါတယ် ။
“ငါ ကွမ်ချင်ကို ထူးချွန်တဲ့ ဆေးပညာရှင် ဖြစ်အောင် ညွှန်ကြားပေးမယ် ။ သူမက အခုတော့ တံခါးပိတ်ကျင့်ပြီး ဆေးပညာကို လေ့လာနေတယ် ။ အဆင့် ၃ စစ်ဆေးမှု ကို ခံယူဖို့ ပြင်ဆင်နေတာကြောင့် မင်းသူမကို စိတ်မပူနဲ့”
ချန်ရှန် ခေါင်းညိမ့်ကာဖြင့် –
“ခင်ဗျား သူ့ကို သေချာ ဂရုစိုက်ရမယ် ။ နောင်တချိန် ခင်ဗျားတို့ ၂ ယောက်လုံးဟာ ကျွန်တော်နဲ့ အိပ်ယာ အတူတူ အိပ်ရင် အိပ်ရမှာဗျ”
ချန်ရှန် ပြောပြီး ဟက်ဟက်ပက်ပက် ရယ်ပါတော့ တယ် ။
တခြားလူသာ ဒီလိုပြောပါက နေရာမှာတင် သေနေပြီ ဖြစ်ပါတယ် ။ ပြာပင် ကျန်မည် မထင်ပါ ။
“ဦးရီးတော်လေး ၊ မင်းကို ကြည့်ကောင်းတယ် ထင် မနေ နဲ့”
ခြေဆောင့်ကာ ဖြင့် ဆေးဆရာမကြီး အဝေးကို ထွက် သွား ပါတော့တယ် ။
လွန်ခဲ့သော ညက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက် များ ကြောင့် သူမနဲ့ သူ အကြား အဆင့် တစ်ခု တက်လာသလို ခံစားလိုက် ရပါတယ် ။ ဘာကြောင့်မှန်းရယ်တော့ မသိပါ ။ သူတို့ ၂ ယောက်ဟာ အမြဲ ကိုက်နေကြသော်လည်း ရင်ထဲ မှာတော့ ထူးထူးခြားခြား ခံစားနေကြရပါတယ် ။
ချန်ရှန် မှန်ထဲရှိ သူ့ပုံရိပ်ကို ကြည့်နေမိတယ် ။ သက် ပြင်း ချကာ –
“ကိုယ် က လည်း အရမ်းချောနေတော့ တခါတလေ ဒီ လို ဒုက္ခတွေ ရောက်ရရော”
ကွင်းလေး အတွင်းရှိ စုမေးယို ၏ ရယ်သံထွက်လာပြီး-
“ကိုယ့်ကိုကိုယ် သိပ်မြှောက် မနေနဲ့ ၊ မင်း ဟိုနေ့ည က သူမ အပေါ် မရိုးသားတာပဲ”
ချန်ရှန် ရယ်မောကာဖြင့် –
“အမတော် က ၊ သူမထက် အများကြီးကို ပိုလှတာပေ့ါ”
စုမေးယို ချန်ရှန် ဘာကိုဆိုလိုတယ်ဆိုတာကို နား လည် လိုက်တယ် ။ သူဟာ သူမနှင့် ဘိုင်ယုယု တို့၏ ကိုယ် ကို မြင်ဖူးထားသည် မဟုတ်ပါလား ။
“ဒီကိစ္စကို ထည့်ထည့် မပြောစမ်းပါနဲ့”
ဘိုင်ယုယု က ၀င်ပြောပါတယ် ။
“မင်း အရေးမပါတယ့် ကိစ္စတွေ ပြီးရင် နတ်မိစ္ဆာ ကျင့် စဉ်တွေ သင်ကြတာပေါ့”
ချန်ရှန် မိုးပြာရောင်အသီး ၁၈ လုံကို ခူးလိုက်တယ် ။ သူ့တွင် ယခု လုပ်စရာ ဘာမျှ မရှိချေ ။ ဒါကြောင့် နတ်မိစ္ဆာ ကျင့်စဉ်များအား သင်ကြားရန် အချိန်ပဲ ဟု တွေးလိုက်မိပါ တယ် ။ သူဟာ စစ်မှန်သော သိုင်းပညာနယ်ပယ် ကို ရောက် ရှိပြီး ဆေးဘုရင်ခြံဝန်းထဲတွင်နေထိုင်သည့် အဆင့် ၄ ဆေးပညာရှင် တစ်ဦး ဖြစ်သော်လည်း မည်သည့် မစ်ရှင် များမှ လုပ်ဆောင်ရန် မလိုအပ်ချေ ။ ဆေးလုပ်ခြင်းမှ အပ တခြား ထွေထွေထူးထူး မရှိပေမယ့် တခါတရံမှာတော့ သင့် တော်သည့် မစ်ရှင်များအား တာဝန်ပေးခြင်း ခံရတတ် ပါတယ် ။
ချန်ရှန် နတ်မိစ္ဆာ ကျင့်စဉ်များအား လေ့လာရန် ပြင် ဆင် ဖို့ ဆုံးဖြတ်နေချိန်မှာပဲ မနှစ်မြို့ ဖွယ် ရယ်သံကြီးကို စိတ်ထဲမှာ ကြားလိုက်ရတယ် ။ ချန်ရှန် လိပ်ပြာလွင့်မလို ပင် ဖြစ်သွားပါတယ် ။ အဘယ်ကြောင့်ဆိုသော် ထိုရယ်သံ မှာ သူ၏ ဆရာ လူထူးဆန်းကြီး ဟွမ်ဂျိရှန် ၏ ရယ်သံနဲ့ တူ နေလို့ပါပဲ ။
“ဟဟ ၊ ကောင်လေး ၊ မင်းက တကယ်ပဲ လျို့ ဝှက် ဆန်းကြယ် နယ်ပယ်ထဲ ရောက်နေတာကိုး ၊ ကောင်းတယ် ဟေ့”
ဟွမ်ဂျိရှန် ၏ အသံ ချန်ရှန် စ်ိတ်ထဲ တခါပြန်လည် ကြား လိုက် ရပြန်ပါပြီ ။
“ဆရာ . . . ၊ နေကောင်းရဲ့ လား”
ချန်ရှန် တခဏကြာ အံ့သြသွားပြီး ဘာပြောရမှန်းမသိ ဖြစ် နေတယ် ။
“နေ့တိုင်း ငါဒီမှာ နေတယ် ။ ကောင်းပကွာ ၊ ကောင် လေး ၊ မင်းကကော ဒီမှာနေလို့ မကောင်းလို့လား ၊ ဘယ် လိုတောင် အရူးမေးခွန်းမျိုး မေးရတာလဲ”
ဟွမ်ဂျိရှန် ကြိမ်းမောင်းလိုက်တယ် ။
“အရေးမပါတာတွေ ပြောမနေတော့ဘူး ။ မင်းကို ရှာဖို့ ငါ့ရဲ့ နတ်အတွင်းအား အာရုံတွေ ကုန်တယ် ။ ခုငါပြောမယ့် စကား တွေကို သေချာ မှတ်သားထားပါ”
“ဟုတ်ကဲ့ ၊ ပြောပါ”
ချန်ရှန် အလျင် အမြန်ပင် ပြောလိုက်တယ် ။ ဟွမ်ဂျိရှန် သူနဲ့ အရေးတကြီး ဆွေးနွေးချင်ပုံပါပဲ ။ ဒါကြောင့်လည်း သူ့ ကို ရှာနေတာ ဖြစ်ပါလိမ့်မည် ။
“ငါ သားရဲဂိုဏ်းချုပ်ကို လွန်ခဲ့တယ့် နှစ်တစ်သောင်း က သတ်ခဲ့တယ် ။ လူတွေဟာ အကြောင်းရင်းကို သေချာ မသိကြဘူး ။ ဘာလို့လဲဆိုတော့ ကိစ္စက အရမ်းလျို့ ဝှက် လို့ပဲ ။ ဒါပေမယ့် ငါမင်းကို ပြောပြပ့ါမယ်”
ဟွမ်ဂျိရှန် အသံဟာ တည်ငြိမ်လေးနက် နေပါတယ် ။
“ပြင်းထန်သော သိ်ုင်းပညာ စီရင်စုနဲ့ စစ်မှန်သော သိုင်း ပညာ စီရင်စု ဆုံတယ့်နေရာက အမည်းရောင်လိပ် တောင် ကို မင်းသိဖို့လိုတယ်”
“ကျွန်တော် သိပါတယ်”
ချန်ရှန့် ပြန်ဖြေလိုက်တယ် ။
အမည်းရောင်လိပ် တောင် ဟာ ပြင်းထန်သော သိုင်း ပညာ စီရင်စု၏ တရားစီရင်ပိုင်ခွင့် အောက်မှာ ရှိနေပါတယ် ၊ ဒါပေမယ့်လည်း စစ်မှန်သော သိုင်းပညာဂိုဏ်းဟာ သယံ ဇာတ တွေကို လာလာ ခိုးနေကြလေ့ရှိပြီး သားရဲတွေကိုလဲ အမဲ လိုက်လေ့ ရှိကြပါတယ် ။
“အမည်းရောင်လိပ် တောင်ဟာ ရတနာတစ်ခု ကို အတွင်းမှာ ဖြစ်တည်စေတယ် ။ ဒါကိုတော့ အမည်းရောင် လိပ် ချပ်ဝတ် လို့ ခေါ်တယ် ။ အရမ်းကို စွမ်းအားပြင်းတဲ့ ချပ်ဝတ် တစ်ခုဖြစ်ပြီး နှစ် တစ်သောင်းမှာမှ တစ်ကြိမ် နိုး ထ လာတာပဲ ။ နောက်ပြီး တောင်ထဲမှာ အမြင်အာရုံ အမျိုးမျိုး ဟာ ဖြစ်ပေါ်နေတယ် ။ ဒါပေမယ့် အဲဒါကို ငါတို့ ဂိုဏ်းက ပဲ စောင့် ရှောက် ရတယ် ။ အဲဒါကို ဂိုဏ်းကိုတော့ ရွှေ့ လို့ မရ ဘူး ၊ ငါတို့ ကိုယ်တိုင်ပဲ ချန်ထားခဲ့တာဖြစ်တယ် ။ သားရဲ ဂိုဏ်း နဲ့ စစ်မှန်သော သိုင်းပညာဂိုဏ်းတို့ဟာ အဲဒါကို အ လွန်ပဲ လိုချင်နေခဲ့ကြတယ် ။ လွန်ခဲ့တယ့် နှစ်တစ်သောင်း က သားရဲဂိုဏ်းဆောင်ဟာ အဲဒါကို လာရှာတယ် ။ နောက် ဆုံးတော့လည်း ငါသူ့ကို သတ်လိုက်ရတာပေါ့”
ဟွမ်ဂျိရှန် လေးလေးနက်နက်ကို ရှင်းပြနေပါတော့ တယ် . . . ။