Switch Mode

Chapter – 152

နောင်တရခြင်း

Chapter – 152 နောင်တရခြင်း

မိုးပြာရောင် သစ်သီးပင် အောက်ထိုင်နေသော ဆေး ဆရာမကြီးမှာ ကမန်းကတန်းပင် မတ်တပ်ရပ်ကာ ချန်ရှန် ဘေးသို့ သွားပါတယ် ။ သူမသာ မျက်နှာဖုံး မတပ်ထားပါ က စိတ်ရှုပ်ထွေးသည့် အမူအရာကို သူမမျက်နှာတွင် မြင် နိုင်မည် ဖြစ်ပါတယ် ။
ဝုကွမ်ချင် မှာလည်း စိတ်လှုပ်ရှားသော အမူအရာနှင့် ရှိနေတယ် ။ သူမထက် များစွာငယ်သော ချန်ရှန်မှာ အခြေ ခံ တည်ဆောက်ရေးဆေးအား ပြုလုပ်နိုင်နေလို့ပါ ။
“ချန်ရှန် ၊ မင်းတကယ်ပဲ တည်ဆောက်ရေးဆေး လုပ် ခဲ့တာလား”
ဝုကွမ်ချင် သင်္ကာမကင်း ဟန်ဖြင့် မေးလိုက်တယ် ။
ဆေးဆရာမကြီးက လည်း မယုံကြည်နိုင်သော ဟန် ဖြင့် –
“မဖြစ်နိုင်ဘူး”
ချန်ရှန် ကတော့ ပြုံးပြီးသာ ပြန်ဖြေခဲ့တယ် ။
“ဘာလို့ မီးဖိုကို ဖွင့်မကြည့်သေးတာလဲ ၊ ဖွင့်ကြည့်ကြ လေ ။ တည်ဆောက်ရေးဆေးရဲ့ လတ်ဆတ်မှုကို ခံစား ကြည့် လိုက်ကြပါဦး”
မော်တယ်ကမ္ဘာ၏ ထိပ်ဆုံးနေရာမှာ ရပ်တည်နေသည့် ဆရာမကြီးမှာ တုန်လှုပ်နေလျက် ရှိတယ် ။ သူမ၏ လက် ကို ဆန့်ထုတ်ကာဖြင့် မီးဖိုအဖုံးကို မလိုက်ပါတော့တယ် ။
ဝုကွမ်ချင်မှာလည်း ဘေးတွင်ရပ်နေလျက် မီးဖိုထဲ ရှိ အခြေအနေကို စူးစိုက် ကြည့်နေပါတယ် ။
အဖုံးပွင့်သွားတာနဲ့ မိုးပြာရောင်နှင့် ရွှေရောင် အငွေ့ များဟာ ရုတ်တရက် ထွက်လာတယ် ။ ဒါကိုကြည့်ရင်း ဆေး ဆရာမကြီး အံ့သြမှုနဲ့အတူ အော်လိုက်မိတယ် ။ ဒီ အသံကို ကြားလိုက်ရတယ့် အခါ ချန်ရှန် မျက်ခုံးများ မြင့် တက်သွားတယ် ။ တော်တော် ရင်းနှီးနေတယ့် အသံ ဖြစ် လို့ပါပဲ ။
ဝုကွမ်ချင်၏ ဆွဲဆောင်မှုရှိလှသော နှုတ်ခမ်းများမှာလဲ ပွင့်အာလျက် မိုးပြာရောင်နှင့် ရွှေရောင်အငွေ့ ကြားရှိ ဆေး ၄ လုံးကို ကြည့်ရင်း တုန်လှုပ်နေတော့တယ် ။ တကယ်ပဲ တည်ဆောက်ရေးဆေးများ ဖြစ်ပြီး လေးလုံးတောင်ပဲ ဖြစ် နေတယ် ။
ဆေးပင် တစ်စုံစာဖြင့် လုပ်နိုင်သည့် အများဆုံးဆေး ပမာဏမှာ ၂ လုံးသာလျှင် မဟုတ်ပါလော ၊ ချန်ရှန် ကတော့ ၄ လုံး လုပ်ခဲ့ပါပြီ ။ ဒါတကယ်ကို ကြားပင်မကြား ဖူးကာ လက်ခံရန် ခက်ခဲနေပါတယ် ။ ဆေးတာအို လမ်း စဉ်ကို နှစ်ပေါင်းများစွာ လျှောက်လှမ်းခဲ့သော ဆေးဆရာမ ကြီးပင် လက်ခံဖို့ ခက်ခဲနေပါတော့တယ် ။ ဒါကြောင့်ပင် အာမေဋိတ်သံ ထွက်မိတာပါ ။
ဆေးဆရာမကြီး သူမ၏ ခေါင်းကို ခါယမ်းကာဖြင့် ဆေး ၄ လုံးကို ကြည့်နေတယ် ။ ပါးစပ်မှ တတွတ်တွတ် ရေရွတ်လျက် –
“ဒါလုံးဝ မဖြစ်နိုင်ဘူး ၊ ဆေးလေးလုံးတဲ့ ငါတောင် မလုပ်နိုင်ဘူး”
ချန်ရှန် ဆရာမကြီး ဖြစ်ပျက်နေပုံကို ကြည့်ရင်း ကျေနပ် နေမိတယ် ။ သူက ပြုံးကာဖြင့် –
“ခင်ဗျား ကြိုးစားခဲ့ဖူးလို့လား”
ဆေးဆရာမကြီး ခေါင်းခါယမ်းကာ –
“ဟင့်အင်း ၊ ဒါပေမယ့် ငါ့ထက်တော်တယ့် ဆေးဆရာ တောင် ကြိုးစားခဲ့ဖူးတယ် ။ ဒါပေမယ့် အကြိမ်များစွာ ကျရှုံး ခဲ့တယ် ။ ဒါဟာ ဘာကြောင့်လဲဆိုတော့ . . .”
“ဘာကြောင့်လဲ ဆိုတော့ ခင်ဗျားက မဖြစ်နိုင်ဖူးလို့ ထင်နေတာကြောင့်ပဲ ။ လူတချို့ ပဲ ကြိုးစားခဲ့တယ် ကျရှုံး ခဲ့တယ် ။ ဒီလိုနဲ့ အများဆုံး ၂ လုံးသာ လုပ်နိုင်တယ် ဆိုပြီး မှတ်ယူ ကုန်ကြတာပဲပေ့ါ”
ချန်ရှန် ပြုံးကာ ပြောလိုက်ပါတယ် ။
ဆေးဆရာမကြီး နှင့် ဝုကွမ်ချင် တို့ဟာ ခေါင်းညိမ့် ပြ လိုက်ပါတယ် ။ ဆေးပြုလုပ်နေစဉ်မှာ ဆေးပင်များစွာကို အသုံးပြုရပါတယ် ။ သေချာဂရုတစိုက် အသုံးမပြုရင် အလ ဟသ ဖြစ်ရမှာပါပဲ ။
“ခင်ဗျား ရှုံးပြီ ၊ ကဲ စပေတော့”
ချန်ရှန် ပျင်းရိဟန် ဖြင့် သမ်းဝေလိုက်ပါတယ် ။ သူ အတော်ကိုပဲ ပင်ပန်းနေပါပြီ ။ ဒါပေမယ့်လည်း ဆေးဆရာ မကြီး ၏ အ၀တ်အစား ဗလာ နှင့် အရေးကို တွေးရင်း သူ့ သွေးတွေ ဆူလာပါတယ် ။
ဆေးဆရာမကြီး သက်ပြင်းချကာဖြင့် –
“မင်း ဒီမတိုင်ခင်တည်းက ဆေးလုပ်နိုင်နေတာ မလား”
ချန်ရှန် ခေါင်းညိမ့်လိုက်တယ် ။
“မင်း ဒန်ရှန် တောင်ယွမ် ကို စစ်ဆေးမှု သွားခံယူ ကတည်းက စစ်မှန်သော သိုင်းပညာနယ်ပယ်ကို ၀င်ရောက်ပြီး မဟုတ်လား”
ဆေးဆရာမကြီး ထပ်မေးပြန်ပါတယ် ။ ချန်ရှန် ထိုအချိန်တွေ တည်းက ဆေးလုပ်ပြီး စားခဲ့တယ်လို့ သူခန့် မှန်း ခဲ့တာပါ ။
ချန်ရှန် က အပြုံးဖြင့် –
“ခင်ဗျားကို အဖြေမပေးနိုင်ဘူး”
“ဟဟ ၊ မင်းကို ဆေးပညာ ဘယ်သူသင်ပေးတာလဲ ၊ မင်းဟာမင်း တတ်တာတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး”
ချန်ရှန် ဟာ စစ်မှန်သော သိုင်းပညာနယ်ပယ် ကို လွန် ခဲ့တယ့် ကာလများတည်းက ၀င်ရောက်ခဲ့တာ ဖြစ်ပြီး ပညာ ကို လျိုထားခဲ့တယ် ။ တော်ဝင်ပြိုင်ပွဲကို ၀င် ပြိုင်ကာ အကျိုး အမြတ် အားလုံးအားလည်း ယူဆောင်သွားခဲ့ပါတယ် ။ ဒါ ဟာ စည်းမျဉ်းများကို ချိုးဖောက်ခဲ့တာပင် မဟုတ်ပါလော။
ချန်ရှန် က စပ်ဖြဲဖြဲ ဖြင့် –
“ကျွန်တော့်ကို အမျိုးသမီး တစ်ဦး သင်ပေးတာဗျ ၊ သူမ ကတော့ ဒန်ရှန် ရဲ့ ဂိုဏ်းချုပ်ပဲ”
“မဖြစ်နိုင်ဘူး”
ဆေးဆရာမကြီး က လုံးဝသေချာသော ဟန်ပန်ဖြင့် ပြောပါတယ် ။
“အိုးး ၊ မဖြစ်နိုင်ဘူးလို့ ခင်ဗျားက ဘယ်လို သိတာလဲ ၊ သူမနဲ့ သိလို့လား”
ဆေးဆရာမကြီး နှင့် ဒန်ရှန် ဂိုဏ်းချုပ်တို့ကြား မမြင်နိုင် တဲ့ ဆက်ဆံရေးတစ်မျိုးတော့ ရှိလ်ိမ့်မည်ဟု သူသေချာ သိ လိုက်တယ် ။
“မင်းကို မပြောပြနိုင်ဘူး ၊ ဘယ်လိုပဲ ဖြစ်ဖြစ် မင်းရဲ့ ဆေး ပညာကို တော့ ဒန်ရှန် ဂိုဏ်းချုပ်သင်ပေးတာ ဘယ် လိုမှ မဖြစ်နိုင်ဘူး ။ အဲဒိတော့ ဘယ်သူသင်ပေးတာလဲ ၊ သေချာတာတော့ မင်းဆရာဟာ အလွန်ပဲ ထင်ရှားကျော် ကြားသူ ဖြစ်လိ့မ်မယ်”
ဆေးဆရာမကြီး အားစိုက်မေးလိုက်တယ် ။ သူမ တကယ်ကို သိချင်နေပုံပါပဲ ။
ချန်ရှန် က ပြုံးကာဖြင့် –
“မိန်းမ တစ်ယောက် ပါ ၊ ခင်ဗျားထက် အများကြီး လှ တဲ့ မိန်းမပေါ့”
ဆေးဆရာမကြီး က လေသံ တီးတိုးဖြင့် ခနဲ့တဲ့တဲ့ ပြော ပါတယ် ။
“မင်းက ငါ့ကို မြင်ဖူးလို့လား ၊ သူမက ပိုလှတယ်လို့ ဘာ ကြောင့် ပြောနိုင်တာလဲ”
ချန်ရှန် သက်ပြင်းချကာဖြင့် –
“ခင်ဗျားက ကျွန်တော့ မျက်လုံးထဲမှာ အမြဲ ရုပ်ဆိုးနေ တာ ၊ ဒါကြောင့် သူမက ခင်ဗျားထက် အများကြီးကို လှ တယ် ။ ဘယ်သူ သင်ပေးလဲ မေးမနေပါနဲ့တော့ ၊ နောင် ခင်ဗျားမှာ သိခွင့်ရှိမယ့် အခွင့်ရေး ရှိရင်တော့ သိရမှာပေါ့”
“မြန်မြန် ချွတ်တော့ဗျာ ၊ လိမ်ပြောခဲ့တာ လို့တော့ မပြော နဲ့ နော်”
ချန်ရှန် ပြုံးလျက် ပြောလိုက်ပါတယ် ။ စိတ်တွေလည်း လှုပ်ရှားလျက် ရှိနေတယ် ။
ဝုကွမ်ချင် ဟာ လည်း ဆေးဆရာမကြီး ၏ သွင်ပြင် အစစ်မှန် ကို သိချင်ပေမယ့် အဝေးသို့ လျှောက်သွားပါ တယ် ။
“ကွမ်ချင် ဒီမှာပဲ နေပါ”
“ငါမလိမ်ဖူး ဆိုတာကို သက်သေပြဖို့ တစ်ယောက် တော့ သက်သေအနေနဲ့ လိုတယ်လေ”
ဆေးဆရာမကြီး က ရုတ်တရက် သူမကို ခေါ်လိုက်ပါ တယ် ။
ဝုကွမ်ချင်၏ လှပသော မျက်နှာလေး နီရဲသွားတယ် ။ ချန်ရှန် မျက်နာကို တချက်ကြည့်ကာ ခေါင်းငြိမ့်ရင်းဖြင့် –
“ဟုတ်ကဲ့ပါ”
“ကွမ်ချင် ၊ ခင်ဗျား သေချာ ကြည့်နော် ၊ သူမ ကိ်ုယ်က ခင်ဗျား ထက် သာမသာ စဉ်းစားကြည့်ပေါ့”
ချန်ရှန် လက်များကို ခါရင်း စပ်ဖြဲဖြဲ ပြောပါတယ် ။
ဝုကွမ်ချင်လည်း ဘာမျှ မပြောတော့ပါဘူး ။
ဆေးဆရာမကြီး သူမ၏ အ၀တ်များ ချွတ်နေတာကို ကြည့်ရင်း ချန်ရှန် အသက်ပင် မရှူနိုင်ချေ ။ မျက်တောင် ပင် မခတ်ပဲ ဆေးဆရာမကြီး ဘယ်သူလဲဆိုတာကို သူမြင် ချင်နေလှပါပြီ ။
ဆေးဆရာမကြီး သူ၏ကိုယ်မှာ ဖုံးထားတယ့် အမည်း ရောင် ၀တ်ရုံကြီးအား တဖြည်းဖြည်းချင်း ချွတ်နေတယ် ။ ထိုအမည်းရောင် ၀တ်ရုံအောက်မှာတော့ အဖြူရောင် စကပ်ကို ၀တ်ဆင်ထားပါတယ် ။ ချန်ရှန် အနည်းငယ် အံ့ သြသွားတယ် ။ ဆေးဆရာမကြီး ဟာ နည်းနည်းလေးမှပင် မတုန်လှုပ်သလိုပါပဲ ။ သူမ၏ အဖြူရောင် စကပ်ကို ဖြည်း ညှင်းစွာ ချွတ်နေတယ် ။ သူမ၏ လှုပ်ရှားမှုတိုင်းဟာ ချန် ရှန် ကို အသက်ရှူဖို့ပင် မေ့နေစေပါတယ် ။
အဖြူရောင် စကပ် ကျွတ်သွားပါပြီ ။ ချန်ရှန်လည်း မ မှိတ်မသုန် ကြည့်နေတယ် ။ ဆေးဆရာမကြီး ၏ ကိုယ်မှာ အတော်ကြီးကို လှပတာကို တွေ့ လိုက်ရတယ် ။ အပြစ် အနာအဆာ ကင်းဝေးလျက် သူမ၏ ကျစ်လျစ်လှသော ခါး လေးမှာလည်း မြင်သူတိုင်း ပွေ့ ချီချင်စရာပါ ။ ရှည်လျား သွယ်လျသော ခြေထောက်များ ၊ ရင်ဘတ်နှင့် ညှပ်ရိုး များမှာ ဆွဲဆောင်မှုရှိလှပြီး ချန်ရှန် ၏ စိတ်နှလုံးကို ဖမ်း စား လျက် ရှိနေပါတယ် ။ အစိတ်အပိုင်းတစ်ခုချင်းဆီဟာ အလွန်ပင် လှပလွန်းလှတယ် ။ မျက်လုံးထဲတွင် ထိုမြင် ကွင်းအား ဖျောက်ဖျက်လို့ ရနိုင်မည် မဟုတ်ချေ ။
ဒါပေမယ့် မကြာမီမှာပဲ သူကျိတ်ဆဲမိလိုက်တယ် ။ အ ဘယ်ကြောင့်ဆိုသော် ခရမ်းရောင် အခိုးများဟာ သူမ၏ ရင်ဘတ် နှင့် ခါးတဝိုက်အား ပိတ်လွှမ်းသွားလို့ပါပဲ ။ သူမ ၏ အဓိက နေရာများအား ဖုံးကွယ် လိုက်ခြင်းပါပင် ။
ဒီလို အနေအထားမျိုး မြင်ရတာကိုပင် ချန်ရှန် တကိုယ် လုံးဟာ သွေးများ ဆူပွက်လျက် ရှိတယ် ။
ဝုကွမ်ချင်မှာ မိန်းမတစ်ယောက် ဖြစ်သော်လည်း သက် ပြင်း သာ ချမိပါတယ် ။ သူမ၏ မျက်နှာပဲ ရဲရဲနီလျက် ရှိနေပြီး တ၀က်တပျက် လှပနေသော ကိုယ်လုံးအား ကြည့် နေမိတယ် ။ ဆေးဆရာမကြီး ဒီလောက် လှပလွန်း လိမ့်မည် ဟု သူမ မထင်မိခဲ့ပါ ။ ဒါပေမယ့် အဓိက နေရာ များအား ဖုံးအုပ်ထားခြင်းကြောင့် မြင်နိုင်စွမ်းတော့ မရှိပါ ချေ ။
ဆေးဆရာမကြီး မျက်နှာဖုံး ချွတ်လိုက်တယ် ။ ဒါပေမဲ့ သူမ မျက်နာမှာလည်း ခုနကလို အငွေ့ များပင် ရစ်သန်း လျက် ရှိနေတယ် ။ မျက်နှာ တစ်ခုလုံးအား ဖုံးကွယ်လို့ နေ ပါတော့တယ် ။
ချန်ရှန် ပြေးကာဖြင့် လှပလွန်းစွာ ရပ်နေတယ့် ကိုယ် လုံးအား လှည့်ပတ်ကြည့်နေတယ် ။ ဒါပေမယ့် သူဘယ်လို ပင် ကြိုးစားကြိုးစား ဘာမျှ မြင်တွေ့ ခြင်း မရှိပါချေ ။
“ဒါ မရိုးမသားတာပဲ ၊ ဘယ်လိုလုပ်တာလဲဗျ”
ချန်ရှန် အော်ပါတော့တယ် ။ ပုံဆောင်ခဲ တစ်ခု ပြုလုပ် ကာ လေပြင်းများ ထုတ်ပြီး အငွေ့ များ လွင့်ပြယ်အောင် လုပ်ပါသော်လည်း မရပါချေ ။
“မင်းက ငါ့ကို အ၀တ်ဗလာ နေပြီး မျက်နှာဖုံးပဲ ချွတ် ခိုင်တာလေ ။ ခု ငါအာ့လို လုပ်တာပဲ”
ဆေးဆရာမကြီး ပျက်ရယ် ပြု နေတယ် ။
“တကယ်ကို ကောက်ကျစ်တာပဲ”
ချန်ရှန် မုန်းတီးမှု နဲ့ အံကြိတ်လျက် ပြောတယ် ။
“ကဲပြီးပြီနော်”
ဆရာမကြီး က ပြောလိုက်တယ် ။ ချန်ရှန် ဖြစ်ပေါ်နေ တယ့် ပုံစံကို ကြည့်ရင်း ဆေးဆရာမကြီး ကြိတ်ပျော်နေပါ တယ် ။
ဝုကွမ်ချင်ကလည်း နူးညံ့သော အသံဖြင့် –
“ချန်ရှန် ၊ ဆရာမကြီး က နှစ်ဦးနှစ်ဖက် အဆင်ပြေ အောင် လုပ်တာ အမှန်ပဲလေ”
ဆေးဆရာမကြီး ဒီလို အဆင့်ထိ လိုက်လျောတာပင် များလှပြီ ဟု တွေးမိတယ် ။ ဒီလို လှပတယ့် ကိုယ်ဟန်ကို မြင်တွေ့ ရတာနဲ့တင် ချန်ရှန် ကျေနပ်သင့်သည် မဟုတ်ပါ လား ။
“မေ့လိုက်တော့”
ချန်ရှန် ၀မ်းနည်းနေမိတယ် ။ မြေကြီးပေါ် ထိုင်ချပြီးမှ တစ်ချက် ပြန်ခုန်လိုက်ကာ အသီးတစ်လုံးအား ကောက်ယူ ပြီး ဝါးစားတော့တယ် ။
“မင်းဘာလုပ်နေတာလဲ”
ဆေးဆရာမကြီး အမြန်ပင် အော်လိုက်တယ် ။ ဝုကွမ် ချင်မှာလည်း ကြောင်အလျက်ပါ ။ သူမတို့ ၂ ဦးလုံးဟာ ဒီလို အရူးအလုပ်မျိုး လုပ်မယ်လို့ မထင်ကြပါ ။
နဂါးမလေး သူ၏ လက်နားသို့ ရောက်လာပြီး မနာလို သော အသံဖြင့် –
“ခင်ဗျား အရင်က ပြောတော့ ဆေးလုပ်ဖို့ပဲ သုံးမှာဆို ၊ စားပစ်တာက လုံးဝ အသုံးမ၀င်ဖူးဆို ။ ခုတော့ ခင်ဗျား ကပဲ စ စားနေတယ် ။ ကျွန်မလည်း စားချင်တယ် ။ စားချင်တယ် ၊ စားချင်တယ် . . .”
ချန်ရှန် ထိုအသံများကို လျစ်လျူရှုကာ အသီးကိုသာ ဒေါသ တကြီး ကိုက်နေတယ် ။
ဆေးဆရာမကြီး နှင့် ဝုကွမ်ချင်တို့ တော်တော် စိတ်တို နေကြပါပြီ ။ အသီးတစ်လုံးအား ဖျက်ဆီးပစ်နေသည် မ ဟုတ်ပါလား ။
“ချန်ရှန် ၊ မင်း . . .”
ဝုကွမ်ချင် နှုတ်ခမ်းများကို ကိုက်ကာ ကြည့်နေတယ် ။
ဆေးဆရာမကြီး ၏ ကိုယ်မှာလည်း ဒေါသကြောင့် တုန်ကာ နေပါတယ် ။ သူမ ၏ အ၀တ်အစားများအား အ လျင်အမြန်ပင် ပြန်ဝတ်ကာ ချန်ရှန် ၏ လက်ကောက်ဝတ် အား ကိုင်ကာဖြင့် –
“မင်းငါ့ကို စိတ်တိုနေတာလား”
“မသိသာဘူးမလား ၊ ဒီအသီးက ကျွန်တော့ဟာ ၊ ကျွန် တော် ကြိုက်တာ လုပ်မယ်”
ချန်ရှန် နှုတ်ခမ်း မဲ့ကာ ထပ်ကိုက် လိုက်ပြန်ပါတယ် ။ အသီးမှာ အလွန် အရသာ ရှိတာကိုတော့ ပြောနေစရာ မလိုပါချေ ။ တစ်ကိုက်ကိုက်မိရင်ကို နောက်ထပ်မကိုက် ပဲ မနေနိုင်ပါ ။ ဒီအကြောင်းကို နဂါးမလေးအား သူဘယ် တော့ မှ အသိမပေး ဟု ဆုံးဖြတ် လိုက်ပါတယ် ။ ဒီလိုသာ မဟုတ်ပါက တားဆီးလို့ မရလောက်အောင်ကို အချိန်တိုင်း ပင် မေးနေတော့မှာ ဖြစ်ပါတော့တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset