Chapter – 151 အဆုံးစွန်သောစိန်ခေါ်မှု
ချန်ရှန် နှင့် ဝုကွမ်ချင်တို့ နှစ်ယောက်လုံး အံ့သြသွား မိတယ် ။ ဆေးဆရာမကြီး ဒီလို တကယ် လက်ခံလိ့မ်မယ် လို့ သူတို့ မမျှော်လင့်ခဲ့ကြချေ ။
အခြေခံ တည်ဆောက်ရေးဆေး ပြုလုပ်ချင်းဟာ ချန် ရှန် အဖို့ အတော်ပဲ လွယ်ကူပါတယ် ။ သူအကြိမ်များစွာ ပြု လုပ်အောင်မြင် ခဲ့ပြီးပြီ မဟုတ်ပါလား ။ သူတကယ်ပဲ ဆေး ဆရာမကြီး၏ သွင်ပြင် အစစ်အမှန်ကို မကြာခင် မြင်တွေ့ ရ လိမ့်မည်ဟု တွေးနေတယ် ။ ဒီအချက်ကို စဉ်းစားမိပြီး ချန် ရှန် စိတ်လှုပ်ရှားလာတယ် ။ ခုတော့ ဆေးဆရာမကြီး ၏ မျက်နာကိုသာမက သူမ၏ လှပကျော့ရှင်းလှသော ခန္ဓာ ကိုယ် တစ်ခုလုံးကိုပါ မြင်တွေ့ ရတော့မည် ဖြစ်ပါတယ် ။
ဆေးဆရာမကြီး နှင့် ပက်သတ်ပြီး ချန်ရှန် ဟာ စိတ်ထဲ အလွန်ပင် ရင်းနှီးနေသလို ခံစားရတယ် ။ ဒါပေမယ့်လည်း မသေချာ မရေရာသာ ဖြစ်နေပါတယ် ။
“ဆရာမကြီး ၊ မိုးပြာ အသီးမှအပ ကျန်တယ့် ဆေးလုပ် ဖို့ ပစ္စည်းတွေ အခုလောလောဆယ် ကျွန်တော့မှာ မရှိသေး ဘူး ၊ အဲဒါတွေရှာဖို့ အတွက် ရက်အနည်းငယ် လောက် တော့ အချိန်ပေးပါဦး”
ချန်ရှန် စပ်ဖြဲဖြဲ ပြုံးကာ ပြောလိုက်တယ် ။ ဆေးဆရာ မကြီးကတော့ စိတ်ထဲ ကျိတ်ပြီး ကျိန်ဆဲနေလေရဲ့ ။
“ငါ့မှာရှိတယ် ။ မင်းကို ရောင်းမယ်လေ”
ဆေးဆရာမကြီး ပစ္စည်းများစွာကို ထုတ်ပြတယ် ။ အကြော တစ်ထောင် အသီး ၊ ဆေးဖက်ဝင် သတ္တုသစ်သီး ၊ သားရဲဆေး နှင့် တခြား နှစ်တစ်သောင်းအထက် သက်တမ်းရှိ ဆေးပင်တွေ ပါဝင်ပါတယ် ။
ချန်ရှန် ပြုံးကာဖြင့် –
“ကျွန်တော် ဒါတွေအတွက် သလင်းကျောက်တွေ ပေး ပါ့မယ် ။ ကျွန်တော် တည်ဆောက်ရေးဆေး လုပ်လို့ အောင်မြင်ရင်တော့ တန်းပေးလို့ ရတာပေါ့”
“အိုကေ ၊ ဒါပေမယ့် မင်း ရှုံးရင်တော့ အရှုံးကို ၀န်ခံ ရမယ် ။ မင်းမှာ အချိန် ၂ နာရီ ရမယ် ၊ စတော့”
ဆေးဆရာမကြီး မိုးပြာသီး ပင်ကို မှီလျက် ထိုင်ချလိုက် တယ် ။ ဝုကွမ်ချင်အားလည်း လက်ဟန်ဖြင့် ပြကာ သူမဘေး ထိုင်ခိုင်းလိုက်ပါတယ် ။
ဝုကွမ်ချင်က လေသံ တီးတိုးဖြင့် –
“ဆရာမကြီး ၊ ဘာလို့ အတင်းလောင်းရတာလဲ ။ ရှုံးနိုင် တယ်နော်”
ဆေးဆရာမကြီးက ခနဲ့တဲ့တဲ့ လေသံ တီးတိုးဖြင့် –
“ဒါဟာ အ၀တ်လေးချွတ်ပြီး အကြည့်တစ်ချက် ကြည့် ခွင့်ပေးတာပါပဲ ။ ဘာမျှ မဟုတ်ဘူး ။ တကယ်လို့ ငါရှုံးရင် တောင် ဂိုဏ်းအတွက် အကျိုးများမှာပါ”
ဝုကွမ်ချင် ဆွံ့အနေတယ် ။ သူမ၏ မျက်နာမှာလဲ ရဲ နေ ပြီး ဆေးဆရာမကြီး ဒီလောက် အေးအေးဆေးဆေး ဖြစ် လိ့မ်မည်ဟု မထင်မှတ်ခဲ့မိပါ ။ သူမ၏ ကိုယ်အား တခြားလူ ကြည့်တာ ဘာမျှ မဖြစ်သလိုပါပင် ။
ဝုကွမ်ချင် တွေးနေသည်ကို ဆေးဆရာမကြီးမှ ရိပ်မိ ဟန်ဖြင့် ညင်သာစွာပင် ပြောလိုက်တယ်။
“သူနဲ့ မို့လို့သာ ငါလောင်းတာပါ ။ တခြားလူနဲ့သာဆို ရင် ငါသေချာပေါက် လောင်းမှာ မဟုတ်ဘူး”
ဒီလို ပြောပြီးသည်နှင့် သူမ ပါးစပ်ပိတ်သွားတယ် ။ သူမ ရှင်းပြဖို့ ကြိုးစားလေလေ ၊ နားလည်မှုလွဲလေလေ ဖြစ်တော့မှာမို့ ဖြစ်ပါတယ် ။
ဝုကွမ်ချင် တစ်ယောက် ဆေးဆရာမကြီး မှ ချန်ရှန် အပေါ် တကယ်မမုန်းနေဘူး ဆိုတာ ရုတ်တရက် သိလိုက် ရတယ် ။ ချန်ရှန် အပေါ် စိတ်တစ်မျိုး ထားသည်ဟုပင် တွေး လိုက်မ်ိတယ် ။ ဒါဟာ မိန်းမတွေ၏ ပင်ကိုယ်စရိုက်ပင် မဟုတ်ပါလား ။ ချန်ရှန်ကတော့ ဒီလို ထင်မြင်မိမည် မဟုတ်ပါပေ ။
“ဆရာမကြီး ၊ ဘာလို့ ခင်ဗျား အမြင်မှာ ကျွန်တော် က တခြားလူနဲ့ မတူတာလဲ”
ချန်ရှန် ဆေးပင်တွေ ကောက်ယူရင်း မေးလိုက်တယ် ၊ သူ အသံတွေ တစ်စွန်းတစ ကြားပုံပါပဲ ။ ချန်ရှန် ကိုယ်တိုင် လည်း တော်တော် သိချင်နေပါတယ် ။
“မေးမနေနဲ့ ၊ မင်းဆေးသာ မင်းလုပ်ပါ ။ မင်း ဒီကိစ္စကို ဘယ်သူ့ကိုမှ မပြောနဲ့”
ဆေးဆရာမကြီး အေးစက်စွာ အမိန့်ပေးပါတယ် ။ ထို့ နောက် သူမခေါင်းကို ညိမ့်ကာဖြင့် ဝုကွမ်ချင်ကိုလည်း သတိပေးလိုက်ပါတယ် ။
ချန်ရှန် ဆေးပင် တစ်စုံစာကို ကောက်ယူလိုက်တယ် ၊ ချီဓာတ်များစွာ ပါဝင်သော သော မိုးပြာသီးအား လည်း ယူ လိုက်ပါတယ် ။ ဆေးဆရာမကြီးရဲ့ ဆေးပင်များမှာ အရည် အသွေး သိပ်မကောင်းလှချေ ။ ဒါကြောင့် ယခုတခေါက် မှာ သူ့အနေနှင့် တည်ဆောက်ရေးဆေး အား ဆေးပင်တစ်စုံ စာ ဖြင့် လေးလုံးလုပ်ရန် မဖြစ်နိုင်ချေ ။
ချန်ရှန် တခဏမျှ ခန့်မှန်းကြည့်ပြီးနောက် –
“သုံလုံးလောက်ပဲ လုပ်နိုင်လောက်မယ်”
ပြီးခဲ့တယ့် အချိန်တုန်း ဒန်ရှန်တောင်ယွမ်၏ စစ်ဆေးမှု ကို ခံယူစဉ်က ၂ လုံးသာ လုပ်နိုင်ခဲ့တာဖြစ်ပြီး ဒန်ရှန် မှ ဆေး ပင် ပစ္စည်းများ အရည်အသွေးဟာ တော်တော်ကိုနိမ့် လို့ပါ ။
ဆေးပင်တစ်စုံစာဖြင့် တည်ဆောက်ရေးဆေး ၄ လုံး ။ ဝုကွမ်ချင်နှင့် ဆေးဆရာမကြီး တို့ဟာ ဒီလို လုံးဝ မကြားဖူး ခဲ့ပါ ။ သူတို့ စိတ်ထဲမှာတော့ ၂ လုံးဟာ အများဆုံး လုပ် နိုင် တာဟု သတ်မှတ်ထားကြတယ် ။ ဆေးဆရာမကြီးပင် ဒီလို ၂ လုံးသာ လုပ်နိုင်တာပါ ။
ချန်ရှန် ဟာ ဆေးလုံး လုပ်ချင်နေတယ် ။ ဒါကြောင့်ပဲ ဆေးပင်အနည်းငယ်ကို ထပ်ထည့်လိုက်ပါတယ် ။ ယခု လို လုပ်လိုက်ခြင်းအားဖြင့် မိုးပြာ သစ်သီးအား တစ်စက်မျှ မဆုံးရှုံးပဲ တစ်လုံးလုံး အပြည့်အ၀ အသုံးပြုလိုက်မှာ ဖြစ်ပါ တယ် ။ အရည်အသွေးကောင်းသည့် မိုးပြာသီး တစ်လုံး လျှင် လေးလုံး ထုတ်လုပ်နိုင်ပါတယ် ။
“ဟဟ ၊ ဘာလို့ ဆေးပင်တွေ အများကြီး ရွေးနေတာ လဲ ၊ ခုမှ ပထမဆုံး အကြိမ် လုပ်တာတော့ မဟုတ်ဘူးမ လား ၊ မင်းမီးဖိုတော့ ပေါက်ကွဲမှာပဲ”
ဆေးဆရာမကြီးက လှောင်လိုက်တယ် ။ ချန်ရှန် ၏ လှုပ်ရှားမှု တိုင်းကို လုံးဝ အလွတ်မခံပဲ စိုက်ကြည့်လျက် ရှိ နေပါတယ် ။ သူဟာ အသီးတစ်လုံး အလဟသ ဖြစ်မှာကို ပူပန်နေတာဖြစ်တာကြောင့် ချန်ရှန်ကို သတိပေးနေခြင်း ပဲ ဖြစ်ပါတယ် ။
ချန်ရှန် က ခပ်စိမ်းစိမ်း ပင်ကြည့်ကာ –
“ခင်ဗျား ချွတ်ရမယ့် အချိန်ကိုသာ စောင့်နေပါ ။ အပို တွေ မပြောပါနဲ့တော့ ၊ ကျွန်တော် ရှုံးသွားရင်တောင်မှ ကျွန်တော်ရှုံးတာ ခင်ဗျား ရှုံးမှာ မဟုတ်ဘူး”
ဆေးဆရာမကြီး ကိုယ်လုံး သိမ့်ခနဲ တုန်သွားတယ် ။ ဝု ကွမ်ချင် မှာလည်း ဘေးမှ ထိတ်လန့်လျက် ရှိနေကာ ဆေး ဆရာမကြီးမှ ချန်ရှန် ကို ဘယ်ချိန်များ သတ်မလဲဟု စိုးရိမ် လျက် ရှိနေပါတယ် ။
ချန်ရှန် ဟာ ယခု ဆေးဆရာမကြီးကို နည်းနည်းမှပင် မကြောက်ပါ ။ သူ၏ သိုင်းပညာတူမ ဖြစ်နေပြီး လူသာ မရှိ ပါက သူကပင် ဆူနိုင်ပါသေးတယ် ။ ဆေးဆရာမကြီး နှင့် ပတ်သက်ပြီး အလွန်ပဲ စိတ်ဝင်စားနေပြီး သူ့စိတ်ထဲ ခံစား မှု တစ်မျိုး ဖြစ်ပေါ်လျက် ရှိနေပါတယ် ။
ဆရာမကြီး ချန်ရှန် ကို တည်ငြိမ်စွာ ကြည့်နေပါတယ် ။ သူမ တော်တော် အံ့သြနေပြီး ချန်ရှန်း ဆေးပင်များအား နေ ရာ ချထား စီစဉ်နေပုံကို ကြည့်ခြင်းဖြင့် ပထမဆုံး အ ကြိမ် မဟုတ်ဘူးဆိုတာတော့ အသေအချာ သိလိုက်ပါ တယ် ။ သူမ လောင်းထားတာ ရှုံးမှာကို စတင် ထိတ်လန့် လာပြီ ဖြစ်ပါတယ် ။
ဒါဟာ ချန်ရှန် အတွက် ပုံမှန် မဟုတ်တယ့် နည်းနဲ့ တည်ဆောက်ရေးဆေး ကို ပထမဆုံးအကြိမ် လုပ်မှာ ဖြစ် ပါတယ် ။ ဆေးလေးလုံးကို အောင်မြင်စွာ လုပ်နိုင်ရန်မှာ သူ ၏ စိတ်နှစ်မြုပ်မှု အပေါ်မှာပဲ မူတည်ပါတယ် ။ ဒါပေမဲ့ လည်း ယုံကြည်ချက် နည်းနည်းလေးမျှ လျော့သွားခြင်း မရှိ ပေ ။ သူရှုံးရင်တောင်မှ ကြောက်စရာမလိုပဲ ရှုံးပျော်ပါ တယ် ။ အဘယ်ကြောင့်ဆိုသော် အခု နည်းလမ်း အသစ် ဖြင့် စမ်းသပ်ခြင်းကြောင့်ပါ ။ သူအောင်မြင်သွားမယ် ဆို ရင်တော့ အခြေခံ တည်ဆောက်ရေးဆေး လေးလုံးအား အကောင်းဆုံးသော ကြိုးစားမှု နည်းအသစ်ဖြင့် လုပ်နည်း ကို သိရှိသွားပြီ ဖြစ်တာကြောင့် နောင်အနာဂတ်အတွက် သူ များစွာ အကျိုးရှိသွားပါပြီ ။
ဆေးပင်တွေကို စနစ်တကျ နေရာချခြင်းဟာ တကယ် ကို အရေးကြီးတယ့် အာရုံစူးစိုက်မှု လိုအပ်ပါတယ် ။ လမ်း ညွှန် ပြသမှု မရှိဘူးဆိုပါက ဆေးပင်တွေကို နေရာချရာ မှာ လွဲမှားနိုင်ပြီး အညစ်အကြေးများ ပါဝင်နေနိုင်ပါတယ် ။ အထူးသဖြင့် အဆင့်မြင့်ဆေးပင်တွေ ဟာ မီးဖို အပြင်ဖက် မှာကိုပဲ အမှားခံလို့ မရပါဘူး ။ အမှားသေးသေးလေး တစ်ခု လုပ်မိတာနဲ့ ကျရှုံးမည်ပဲ ဖြစ်ပါတယ် ။
တခြားလူများအတွက် တော်တော် ခက်ခဲမှာ ဖြစ်ပေမဲ့ လည်း ချန်ရှန် ကတော့ လွယ်ကူပါတယ် ။ သူ၏ လက်နှစ် ဖက်မှ မမြင်နိုင်သော မီးတောက်များဟာ ဆေးပင်များကို စတင် ရိုက်ခတ်ပါတယ် ။ ဆေးပင်တွင်းရှိ အညစ်အကြေး များပင် သန့်စင်ပြီး ဖြစ်ကာ အပြင်ဘက်ရှိ အညစ်ကြေး များ ဟာလည်း လွင့်စင် သွားရပါတော့တယ် ။ ဒါဟာ ဆေးပညာ ရှင်၏ ကျွမ်းကျင်မှုအပေါ် မူတည်ပါတယ် ။ မီး တောက်တွေကို နတ်အတွင်းအား အာရုံများ အသုံးပြုကာ ထိန်းချုပ်ရတာပဲ ဖြစ်ပါတော့တယ် ။
ဒါကို ကြည့်နေရင်း ဝုကွမ်ချင် သက်ပြင်းရှည်ကြီး ချမိ ကာ သူမအတွက်တော့ ဒါဟာ တည်ဆောက်ရေးဆေး အား ပြုလုပ်ခြင်း ကို ပထမဆုံးအကြိမ် မြင်ဖူးတာပါ ။ ဒါ့ အပြင် ပြုလုပ်သူမှာလည်း သူ၏ အသည်း ဖြစ်နေတယ် ။ ချန်ရှန် ရဲ့ မျက်နာလေးကို သေချာ ကြည့်ရင်း ဝုကွမ်ချင် ၏ မျက်နှာမှာ ရဲလာပါတော့တယ် ။ အလုပ်လုပ်နေစဉ်မှာ တောင် အတော်ပင် ချစ်စရာကောင်းသည် ဟု တွေးနေမိ ပါတယ် ။
မကြာခင်မှာပဲ ချန်ရှန် ဟာ မီးဖိုတွင်းသို့ အားလုံးကို ထည့်ကာ နေရာချပြီး ဖြစ်ပါတယ် ။ ထို့နောက်မှာတော့ သူ၏ မီးတောက်များအား မီးဖိုထဲသို့ လောင်းထည့်ကာ ဆေး များ ကို စတင်ပြုလုပ်ပြီ ဖြစ်ပါတယ် ။ ဒါဟာ သူ့အ တွက် ကြီးမားတဲ့ စိန်ခေါ်မှု တစ်ရပ်ပါပဲ ။
ဆေးဆရာမကြီး နှင့် ဝုကွမ်ချင် တို့ဟာ မီးဖိုတွင်းရှိ အ နေအထားကို သိရှိခြင်း မရှိကြပါ ။ ဒါပေမယ့် လည်း အပူ ချိန်များ ပြောင်းလဲနေတာကိုတော့ ခံစားမိနေရပါတယ် ။ ချန်ရှန် တည်ငြိမ်စွာ ဆေးပြုလုပ်နေသည်ကို ကြည့်ရင်း တကယ်ပဲ ပြုလုပ်နိုင်သည် ဆိုတာကို နားလည်လာကြ တယ် ။ ဒီလို အဆင့်တိုင်းအား သေချာ ချောမွေ့ စွာ ပြုလုပ် နိုင်နေမှတော့ အောင်မြင်တော့မည် မှာ မလွဲနိုင်ပါတော့ ချေ ။
နာရီဝက်လောက် ကြာပီးနောက်မှာတော့ ရုတ်တရက် ပဲ နဂါးမီးတောက် မီးဖိုဟာ လှုပ်ခါသွားတယ် ။ ချန်ရှန် မှာ လည်း ချွေးများ ပြန်နေလျက် ရှိပြီး ဆေးဆရာမကြီးမှာ လ ည်း ဝုကွမ်ချင် ၏ လက်များကို ကိုင်ထားလျက် ရှိတယ် ။ ၎င်းတို့ ၂ ဦးလုံး၏ လက်မှာလည်း ချွေးများဖြင့် ရွှဲနေပါ တော့တယ် ။ အခုချိန်မှာ ချန်ရှန် ရဲ့ မီးဖိုဟာ အချိန်မရွေး ပေါက်ကွဲနိုင်သည် ဟု တွေးနေပါတယ် ။
ချန်ရှန် ဟာ သာမန်မဟုတ်သော နည်းဖြင့် ဆေးဖက် ၀င် ဝိဉာဉ်တော် ချီဓာတ်တွေကို ပေါင်းစပ်နေရတာပါ ။ မီးဖိုဟာလည်း လှုပ်ခါလျက် ရှိနေပြီး ကံကောင်းစွာပဲ ဆေး ပင်များဟာ မကြာမီမှာပင် အမှုန်များအဖြစ် ပြောင်းလဲသွား ပါတော့တယ် ။ ချန်ရှန် ဟာ ၎င်းတို့ကို လေးပိုင်းအညီအမျှ ပိုင်းနေတယ် ။
နောက်ထပ် နာရီဝက် ကြာပြီးနောက်မှာတော့ ဆေး ဆရာမကြီး နည်းနည်း စိတ်အိုက်သွားပုံပါ ။ အဘယ် ကြောင့် ဆိုသော် ပတ္တမြားအဆင်း ရှိသော မီးဖိုဟာ ပြန် လည် တည်ငြိမ်သွားလို့ပါပဲ ။ချန်ရှန် ဟာ အန္တရာယ် အများ ဆုံး အခြေအနေကို ကျော်ဖြတ်သွားနိုင်ပုံပါပဲ ။
ချန်ရှန် အမျိုးမျိုးသော သွင်ပြင်ရှိတယ့် ဆေးဖက်ဝင် ဝိဉာဉ်တော် ချီဓာတ်တွေကို ပေါင်းစပ်ပြီးဖြစ်ပါတယ် ။ ယခု အခါ ထိုချီဓာတ်များကို လေးပိုင်းပိုင်းကာ ဆေးဖက် ၀င် အမှုန်များ ဖြင့် ရောစပ်နေတယ် ။
ပေါင်းစပ်တယ့် လုပ်ငန်းစဉ်ဟာ မတည်ငြိမ်လှပါ ။ ချန် ရှန် သူ၏ နတ်အတွင်းအား အာရုံများကို များစွာ အသုံးပြု နေရတာဖြစ်ပြီး ကံကောင်းစွာပင် ချန်ရှန် ဟာ ရှင် တို ဝိဉာဉ်တော်အား များစွာလေ့ကျင့်ခဲ့လို့ပဲ ဖြစ်ပါတယ် ။ သူဟာ ဟိုတယ်မှာတည်းက နတ်တွင်းအား အာရုံများကို များစွာ ကုန်ဆုံးစေခဲ့တာ ဖြစ်ပေမယ့် အချိန်တခဏလေး အတွင်း ပြန်လည် ပြည့်ဝ လာတာပါ ။ ဒါဟာ ရှင်တို ကြောင့် ပဲ ဖြစ်ပါတယ် ။ ဆေးလေးလုံး ပြုလုပ်တာဟာ သူ ထင်တာထက်ကို ပိုမို ခက်ခဲနေပါတော့တယ် ။
မီးဖိုဟာ တခါပြန်လည် လှုပ်ခတ်လာပြန်ပါပြီ ။ အပူ ဓာတ် ချီ များဟာလည်း လှိုင်းများအဖြစ် ထွက်ပေါ်နေပြီး ဆေးဆရာမကြီး နှင့် ဝုကွမ်ချင်တို့ဟာ ကြည့်ရင်း စိတ် အိုက်လျက် ရှိနေတယ် ။ ချန်ရှန် ဟာ ဝုကွမ်ချင် ၏ အသည်း ဖြစ်ပါတယ် ။ သူမ၏ အသည်းဖြစ်တာနဲ့ အညီ တခြား မိန်းမ၏ ကိုယ်အား ကြည့်ရှုမည်ကို မလိုလားပါချေ ၊ သို့သော်လည်း သူမ ဒွိဟ ဖြစ်နေတယ် ။ တဖက်မှာကျ ချန်ရှန် ကို အောင်မြင်စေချင်နေပြီး တဖက်မှာကျ ချန်ရှန် ကို မအောင်မြင်စေချင်ပါဘူး ။
ညကား နက်သထက် နက်လာပါပြီ ။ ချန်ရှန် ဆေးပြု လုပ်နေတာဟာ တစ်နာရီ ခွဲလောက် ကြာသွားပြီ ဖြစ်ပါ တယ် ။ လှုပ်ခါနေသည့် မီးဖိုဟာ ပြန်လည် ငြိမ်သက်သွား ခဲ့ပြန်တယ် ။ ချန်ရှန် မှာလည်း ဖြူဖတ်ဖြူလျော် ဖြစ်နေပြီး တစ်ကိုယ်လုံးမှာ ချွေးများ နစ်လျက်ပါ ။ သူ၏ မျက်လုံးများ ကို ဖွင့်လိုက်ပြီးနောက် သက်ပြင်းရှည်ကြီး တချက် ချလိုက် တယ် ။
“ကျွန်တော် လုပ်ပြီးပြီ”
အပြုံးတချို့ ယှက်သန်းကာဖြင့် ချန်ရှန် ပြောလိုက်ပါ တော့တယ် . . . ။