Switch Mode

Chapter – 150

ဒွိဟဖြစ်သော လောင်းကြေး

Chapter – 150 ဒွိဟဖြစ်သောလောင်းကြေး

“အကိုတော် ချန် ၊ ခင်ဗျား ဘယ်လိုလုပ်တာလဲ”
ရှောင်ဒို တစ်ကိုယ်လုံး ချွေးပြန်လျက် ရှိပါပြီ ။ သူ၏ ချီဓာတ်များအား နည်းနည်းချင်း အသုံးပြုနေသော်လည်း ဝိုင်ခွက်ကတော့ တစ်လက်မမျှပင် မလှုပ်ချေ ။
“ဒါ ချီဓာတ်နဲ့ နတ်အတွင်းအား အာရုံကို တပြိုင်နက် အသုံးပြုတာပဲ ။ ဒါပေမယ့် ငါလည်း တော်တော် အားကုန် နေပြီ”
ချန်ရှန် ၏ နဖူးမှ ချွေးများဟာ နဖူးမှ ကျလျက် ရှိတယ်။
ဇုရွန် နဲ့ တခြားလူများဟာ အံ့သြနေကြတယ် ။ ချန်ရှန် ဒီလိုမျိုး စွမ်းအားများကို ထုတ်လွှတ်နိုင်တာကြောင့်ပါ ။ သူ တို့ဟာ ချီဓာတ်တွေကို မမြင်နိင်တာကြောင့် ပိုမို အံ့သြနေ ကြတာပါ ။ ယန်ရှောင်ဒို လို ကောင်းကင် သွေးပြန်ကြော ၂ စုံ ရှိသူပင် ခွက်အလွတ်ကို မရွှေ့ နိုင်ခြင်းဟာ တော်တော် ပဲ ကြောက်စရာ စွမ်းအင်ပါ ။
အချိန်ဟာ တဖြည်းဖြည်း ည သို့ ရောက်ရှိလာပါတယ် ၊ ယန်ရှောင်ဒို နောက်ဆုံးမှာတော့ လက်လျော့လိုက်ရပါပြီ ၊ နောက်သို့ ဆုတ်ကာ ဖြင့် သူ့တစ်ကိုယ်လုံးမှ ချွေးများဟာ ရေချိုးထားသလိုပါပင် ။ ချန်ရှန် ကိုယ်တိုင်မှာလည်း အလွန် ပင် ပင်ပန်းနွယ်နယ်လျက် ရှိနေတယ် ။
“ဟဲဟဲ ၊ မင်းရှုံးပြီ”
ချန်ရှန်က ဂုဏ်ယူဟန်ဖြင့် ခပ်ပြုံးပြုံး ပြောတယ် ။ သူ အခုတော့ ဘေပေးစရာမလိုတော့ချေ ၊ ဒီအချိန်အတွင်းမှာ လည်း ဇုရွန်နဲ့ ဆူဝဲလောင်တို့ဟာ တန်ဖိုးကြီး အစားအစာ များကို မှာစားခဲ့တာပဲ ဖြစ်ပါတယ် ။
ထိုအချိန်မှာပဲ ရှောင်ဒိုဟာ လေးစားတယ့် အကြည့်နဲ့ ကြည့်နေပါတယ် ။ သူတို့ဟာ စစ်မှန်သော သိုင်းပညာနယ် ပယ်ကို အတူတူ ၀င်ရောက်နိုင်ခဲ့ကြတယ် ။ ဒါပေမယ့် လဲ ချန်ရှန် ၏ အင်အားဟာ သူ့ထက် များစွာ သာလွန်နေပါ တယ် ။ ဆူဝဲလောင် နှင့် ဇုရွန် တို့မှာလည်း ဆွံ့ အလျက် ၊ နဂိုတုန်းက သူတို့ထင်သည်မှာ စစ်မှန်သော သိုင်းပညာ နယ်ပယ် သို့ ၀င်ရောက်သည့် အဆင့်ချင်းအတူတူ သူတို့ နှင့် ချန်ရှန် ၏ အားမှာ သိပ်မကွာဘူးဟု တွေးမိကြတာပါ ။ ဒါပေမယ့်လည်း ယခုတော့ ချန်ရှန် ဟာ သာမန်မဟုတ်တာ သေချာ သထက် သေချာနေပါပြီ ။
ညအချိန်မှာ တော့ ချန်ရှန် နှင့် ဝုကွမ်ချင်တို့ အတူတူ လမ်းလျှောက် ပြန်လာနေကြတယ် ။ သူတို့ ၂ဦးလုံးဟာ ဆေးဘုရင် ခြံဝန်းမှာ နေကြသူများ ဖြစ်တာကြောင့် အတူ တူ ပြန်ခြင်း ဖြစ်ပါတယ် ။
“ချန်ရှန် ၊ မင်းက တကယ်ကို ကြောက်ဖို့ကောင်းတဲ့ အဆင့် ၄ ပညာရှင်ပဲ”
ဝုကွမ်ချင် ခပ်တိုးတိုး ဆိုပါတယ် ။
လမင်းကြီး၏ အရောင်အဝါ အောက်မှာ သူမဟာ ပိုမို လှပနေသလိုပါပဲ ။ သာမန် အဖြူရောင် အ၀တ်အစားကို ပင် ၀တ်ဆင်ထားပြီး သူမ၏ ရင့်ကျက်သော မျက်နှာနှင့် တည် ငြိမ်သော ဟန်ပန်တို့မှာ ည အချိန် ပိုမို အသက်ဝင် လျက် ရှိပါတယ် ။
“ကွမ်ချင် ၊ ခင်ဗျားမှာက အပြာရောင် ကြယ်မီး ဝိဉာဉ် တော် ရှိတယ် ၊ နောင်အနာဂတ်မှာ ခင်ဗျားက ကျွန်တော့ ထက် ဆေးပညာမှာ သာသွားမှာပါဗျာ”
ချန်ရှန် ပြုံးလျက် ပြောပါတယ် ။ ချန်ရှန် အနည်းငယ် ရှက်တတ်တတ် တော့ ဖြစ်နေမိတယ် ။ အရင်တစ်ခါက ငရှုပ်မလေး လုပ်တာကြောင့် သူမျက်နှာ ပျက်ခဲ့ရသည် မ ဟုတ်ပါလား ။
ချန်ရှန် အနည်းငယ် အံ့အားသင့်မိတာက ဝုကွမ်ချင် ဟာ ထိုနေ့က ကိစ္စနှင့် ပတ်သက်ပြီး မည်သို့မျှ ခံစားရပုံ မပေါ်ပါ ။ သူတို့ ၂ ယောက်ကား ဘာမှ သာ မဖြစ်ခဲ့ဘူး ဆို ပါက သူတို့ ၂ ယောက် စကားတွေ ဖောင်ဖွဲ့ရအောင်ပင် ပြော ဆို ကြမည် ဖြစ်သော်လည်း အခုတော့ ဆေးဆရာ မကြီး မှ ဝုကွမ်ချင်ကို သင်ပေးသည့် ဆေးပညာအကြောင်း များ လောက်သာ ပြောဖြစ်ကြပါတယ် ။ ဆေးဆရာမကြီး ဟာ ဝုကွမ်ချင်ကို တော်တော် သဘောကျနေပုံပါပဲ ။
သူတို့ ဆေးဘုရင် ခြံဝန်းတွင်း ၀င်မိသည်နှင့် လောင် ဆုရီ၏ စိတ်လှုပ်ရှားစွာ အော်သံကို ကြားလိုက်ရတယ် ။
“ချန်ရှန် ၊ အသီးတွေ သီးနေပြီ ၊ ကျွန်မ စားချင်တယ်”
ချန်ရှန် သူ့စိတ်ထဲ လှုပ်ရှားသွားတယ် ။ ဝုကွမ်ချင် ကို ကြည့်ကာ ပြုံးပြီး –
“မိုးပြာရောင် သိမ်မွေ့ သီးတွေ သီးနေပြီ ၊ သွားကြည့် ကြစို့”
ဝုကွမ်ချင်ဟာ ဒီအပင်အကြောင်း သိပြီးသားပါ ။ ဆေး ဆရာမကြီးဟာ ဒီအကြောင်းအရာအား မည်သူ့ကိုမျှ မပြော ရန် အမိန့်ပေးထားပါတယ် ။ ဝုကွမ်ချင်မှ တဆင့် ချန်ရှန်ကို မေးခိုင်းသည်များလည်းရှိနေတယ် ။
ဆေးပညာရှင်တစ်ယောက်ဖြစ်တာနှင့်အညီ ဝုကွမ်ချင် ဒီအသီး၏ တန်ဖိုးကြီးမားမှုကို ကောင်းစွာ သိပါတယ် ။ ဆေးဆရာမကြီးက မေးခွန်းတွေ မေးခိုင်းလေ့ ရှိသည့် အခါ သူမတော်တော် စိတ်ညစ်ရပါတယ် ။ ဒီအကြောင်းကို စကား စရန် သူမ ရှက်ရွံ့ နေမိတယ် ။
သူတို့ ခြံဝန်းငယ်ထဲ ရောက်တယ့် အခါမှာတော့ ချန်ရှန် ဆေးဆရာမကြီး အပင်ရှေ့ ရပ်ကာ အသီးအလုံး ၂၀ အား ကြည့်နေသည်ကို တွေ့ လိုက်ရပါတယ် ။ သူမ ဒီနေ ရာမှာ ရှိနေခြင်းကိုတော့ ချန်ရှန် မအံ့သြတော့ပါချေ ။
“ချန်ရှန် တစ်လုံးကို သလင်းကျောက် သုံးသိန်း ပေး မယ် ၊ ငါ့ကို အကုန်ရောင်းပါ”
ဆေးဆရာမကြီးက လေးလေးပင်ပင် ပင် ပြောပါတယ်
“ကျွန်တော် က ခင်ဗျားကို ဘာလို့ ရောင်းရမှာလဲ”
ချန်ရှန် ခပ်လှောင်လှောင် ပြောလိုက်ပါတယ် ။ သူမ က ၀ယ်ချင်သူ ဖြစ်သော်လည်း ချန်ရှန် ကို နိုင်ထက်ဆီးနင်းပင် ကြည့်ကာ –
“ငါဒါတွေကို တည်ဆောက်ရေးဆေး လုပ်ဖို့ သုံးမှာ ၊ မင်းက မလုပ်နိုင်ဘူးလေ ။ ငါဒီအသီးတွေကို တခြား ဂိုဏ်း တွေဆီ ရောက်ခွင့် မပြုနိုင်ဘူး”
သူမ အသံမှာ ပိုမို အေးစက် လာပါတယ် ။ ဒါပေမယ့် သိပ်တော့ မဆန့်ကျင် ၀ံ့ပါချေ ၊ သူမ၏ ဦးရီးတော်လေး ဖြစ် နေလို့ပါ ။
ချန်ရှန် ခပ်လှောင်လှောင် ပင် ရယ်မောကာ –
“ခင်ဗျားက ဘယ်လို လို့ ပြောနိုင်ရတာလဲ ။ ဆေးမလုပ် နိုင်တာနဲ့ပဲ အသီးတွေကို ခင်ဗျားဆီ ရောင်းရမယ်ပေါ့”
“ဒါပေါ့ ၊ ဘာပဲ ဖြစ်ဖြစ် မင်း သိမ်းထားရင်တောင် မင်း အတွက် အသုံး မလိုဘူးလေ ၊ ငါက တည်ဆောက်ရေး ဆေး ကို လုပ်နိုင်တယ် ။ မင်းကိုလည်း ၂ လုံးလောက် ပေး မှာပါ”
ဆရာမကြီး ဆန္ဒတွေ စောနေပါတယ် ။ သူမ၏ အသံ ကို မြင့်ကာ ပြောနေတယ် ။
ချန်ရှန် ရုတ်တရက် ပဲ သိချင်သွားတယ် ။ ကြည့်ရတာ ဆေးဆရာမကြီးဟာ တည်ဆောက်ရေးဆေး တကယ်ကို လိုအပ်နေပုံပါပဲ ။ သူမ၏ စွမ်းအားများ တိုးတက်ရန် လိုအပ် နေတာ ဖြစ်ပါလိမ့်မည် ။
ဒီအချက်ကြောင့်ပဲ ချန်ရှန် ရုတ်တရက် အကြံရသွားပါ တယ် ။ သူ့ကိုယ်ပိုင် ဆေးပညာနှင့် ဆေးတွေများစွာ လုပ် နိုင်မှာ ဖြစ်ပြီး သူ့အတွက်လည်း အသုံးလိုလာမှာပဲ ။
“ကျွန်တော် မရောင်းနိုင်ဘူး ၊ ကျွန်တော်လည်း ဆေး လုပ်ချင်သေးတယ်”
ချန်ရှန် နှုတ်ခမ်းများကို တင်းတင်းစေ့ထားတယ် ။ သူ သာ လေလံပွဲမှာ တည်ဆောက်ရေးဆေးကို သွားရောင်းချ မည် ဆိုပါက တစ်လုံးလျှင် အနည်းဆုံး သလင်းကျောက် သုံးသိန်းတော့ ရပေလိမ့်မည် ။ နောက်ပြီး အသီးတစ်လုံး လျှင် ဆေး လေးလုံး သူလုပ်နိုင်မှာ ဖြစ်တာကြောင့် ဒါကို သာ ဆရာမကြီးကို ရောင်းလိုက်ပါက သူ့အနေဖြင့် အလွန် ကို ရှုံးမှာပါ ။
“ဟဟ ၊ မင်းနေရာမှာ ငါသာဆို ဒီလိုလုပ်ဖို့ စောလွန်း တယ်လို့ တွေးမိမှာပဲ ။ ငါ ဒြပ်စင်ဆေးတွေ လုပ်ပြီး ငါ့ရဲ့ ကိုယ်ပိုင် စွမ်းအင်တွေ တိုးလာအောင်လုပ်မယ် ။ ငါ့ရဲ့ မီး တောက်တွေဟာလည်း ပိုပြီး အားကောင်းလာမှာပဲ ။ နောက် မင်း တခြား ဆေးပင်တွေစုလိုက် တည်ဆောက် ရေး ဆေး ဘယ်လိုလုပ်လဲ သိချင်လို့ စလုပ်မယ်ဆိုရင် တောင် အကြိမ် ၁၀၀ လောက်တော့ ကျရှုံးဦးမှာပဲ”
ချန်ရှန် သူမ စကားကို ဖြတ်ကာ ဖြင့် –
“ကျွန်တော် လုပ်နိုင်ရင် ခင်ဗျား မျက်နှာဖုံး ချွတ်ပြီး ကျွန်တော့ကို ကြည့်ခွင့်ပေးမလား”
ဝုကွမ်ချင် တိတ်ဆိတ်စွာ မတ်တပ်ရပ်နေတယ် ။ အလွန်ပင် တုန်လှုပ်နေလျက် ချန်ရှန် ဆေးဆရာမကြီး အား ဆန့်ကျင်ရဲ သော သတ္တိများ ဘယ်လိုရသလဲဆိုတာ နားမလည်နိုင် ဖြစ်နေပါတယ် ။ ချန်ရှန် ဟာ ဆေးဆရာမ ကြီး ကို အကြောက်အလန့်မရှိ ရုံမက ဆရာမကြီးဟာလဲ သိပ် မတုန့်ပြန်ရဲတယ့် အဖြစ်ကို စဉ်းစားရကြပ်နေပါတော့ တယ် ။
“မင်းက . . ဆေးလုပ်မယ်ပေါ့ ၊ ဟားး ဟားး ဟားး…”
ဆေးဆရာမကြီး ကြည့်ကာ ဖြင့် အလွန်ပင် ရယ်မော နေတယ် ။ သူမဟာ ချန်ရှန် ဆေးပညာမှာ အလွန်ပင် ပါရမီ ပါတာကို သိပေမယ့်လည်း ဒီလို တည်ဆောက်ရေးဆေး လုပ်နိုင်သည်မှာ မဖြစ်နိုင်ဟု ထင်နေမိတယ် ။
ဒီအချိန်မှာပဲ စိတ်ရှုပ်စရာ နဂါးမလေးမှာ ချန်ရှန် ၏ အသံတု ကို လုပ်ကာဖြင့် –
“ကျွန်တော် လုပ်နိုင်ရင် ၊ ခင်ဗျား အ၀တ်တွေ ချွတ်ပြီး ကျွန်တော့ကို ကြည့်ခွင့်ပေးမလား”
ဆေးဆရာမကြီး ၏ ရယ်သံ ချက်ချင်း ရပ်သွားတယ် ၊ ချန်ရှန် ကော ဝုကွမ်ချင် ပါ တော်တော် အံ့သြမိသွားပါ တယ် ။ ဝုကွမ်ချင်ဟာ ချန်ရှန်ကို မယုံကြည်နိုင်သော မျက် လုံးများ ဖြင့် ကြည့်နေတယ် ။ ချန်ရှန် ဟာ ဆေးဆရာမကြီး ကို အကြောက်အရွံ့ ကင်းတာ မှန်သောလည်း ဒီလို ကိုယ့် သေတွင်း ကိုယ်တူးမည့် စကားတော့ မပြောရဲလောက် ဟု ထင်ထားတာပါ ။
“ကောင်လေး ၊ မင်းရဲ့ သတ္တိကတော့ ကြီးသထက် ကြီး လာ ပြီပဲ”
ဆေးဆရာမကြီး လေသံဟာ အလွန်ပင် အေးစက်နေ ပါ တယ် ။ အသံနှင့်အတူ ချီဓာတ်များပင် အနည်းငယ် ထွက်လျက် ရှိတယ် ။
ချန်ရှန် ဒီတစ်ကြိမ်မှာတော့ လောင်ဆုရီကို မဆူတော့ ပဲ ခနဲ့တဲ့တဲ့ ဖြင့်ပင် –
“ခင်ဗျား လောင်းမှာလား မလောင်းဘူးလား ၊ ခင်ဗျား ရှုံးရင် ခင်ဗျား မျက်နှာဖုံးကိုပါ ချွတ်ရမှာနော် ၊ ကျွန်တော် ရှုံးမယ် ဆိုရင်လည်း ဒီ အသီး အလုံး ၂၀ သီးနေတယ့် အပင်လိုက် ခင်ဗျားကို ကျွန်တော်ပေးမယ်”
ဒီအချိန်မှာတော့ ဝုကွမ်ချင် တစ်ယောက်ချွေးပြန်နေပါ ပြီ ။ ကြောက်လည်း ကြောက်လန့်နေမိတယ် ။ အချိန်မရွေး ချန်ရှန် ဟာ ဆေးဆရာမကြီး ၏ သေလောက်အောင် ရိုက် ခံရမည့် အခြေအနေမှာ ရှိနေတာ ဖြစ်ပြီး သူမကိုယ် သူမ အိပ်မက် မက်နေသည်ဟုပင် ထင်နေမိတယ် ။ ဒါဟာ တ ကယ် ကိုပဲ မော်တယ်ကမ္ဘာ၏ ထိပ်ဆုံးအဆင့်မှာ ရပ်တည် နေသော စွမ်းအားပြင်းထန်လှသည့် လူတစ်ယောက်ကို သွားစနေသည် မဟုတ်ပါလား ။
ဆေးဆရာမကြီးဟာ ချက်ချင်း အဖြေမပေးနိုင်ပါ ။ သူမ ချန်ရှန် ၏ ကိုယ့်ကိုကိုယ် အလွန် ယုံကြည်ချက် ရှိနေ သော ဟန်ပန်ကို ကြည့်ကာ သံသယတော့ ၀င်နေမိတယ် ၊ ချန်ရှန် ဟာ မထင်မှတ်ထားမှုတွေ လုပ်နိုင်သည့် လူတစ်ဦး ဆိုတာလည်း သူမသိပါတယ် ။ ပြီးခဲ့တယ့် ကာလတွေ တစ် လျှောက် ဒီလို မဖြစ်နိုင်တာတွေချည်း လုပ်ပြခဲ့သည်မှာ လဲ သူမ ကိုယ်တွေ့ ပါပင် ။ ဒါပေမယ့် လည်း ချန်ရှန် အနေနဲ့ အခုအချိန်မှာ တည်ဆောက်ရေးဆေး လုပ်နိုင်သည် ဆိုတာ ကတော့ မဖြစ်နိုင်လောက်ဟု ခံစားနေရတုန်းပါ ။
ဝုကွမ်ချင်သည်လည်း ချန်ရှန် မလုပ်နိုင်လောက် ဟု ထင်မိတယ် ။ ဒါပေမယ့်လည်း ချန်ရှန် ၏ ကိုယ့်ကိုကိုယ် ယုံ ကြည်ချက် ရှိပုံကို မြင်တွေ့ ရတယ့်အခါ ဖြစ်နိုင်ကောင်း ဖြစ်နိုင်လိ့မ်မည် ဟု တွေးနေမိပါတယ် ။
ဆေးဆရာမကြီး ဟာ ချန်ရှန် နှင့် လောင်းသင့် မလောင်းသင့် ချင့်ချိန်နေပုံပါပဲ ။ သူမရှုံးပါက အကုန်ချွတ် ပြီး ချန်ရှန် ကို ကြည့်ခွင့်ပြုရမှာ ဖြစ်ပြီး တဖက်မှာလည်း အနိုင်ရရှိမည် ဆိုလျှင် ကြီးထွားမှုနှုန်း လျင်မြန်လှသည့် မိုးပြာ သစ်သီး ပင်အား ရရှိရုံမက အသီး အလုံး ၂၀ ပါ ရရှိ ပေဦးမည် ဖြစ်ပါတယ် ။
“ခင်ဗျားအ၀တ်လေး ချွတ်ပြီး ယောကျာ်းတစ်ယောက် ကို ကြည့်ခွင့် ပေးရုံပါပဲ ။ လုပ်ဖို့ သိပ်လွယ်တယ် မဟုတ် လား ၊ ခင်ဗျား ကံကောင်းပြီး နိုင်လို့ကတော့ မိုးပြာအသီး အလုံး ၂၀ သာမက အပင်ပါ ရဦးမှာဗျား”
ချန်ရှန် စပ်ဖြဲဖြဲ နှင့် ပြောလိုက်ပါတယ် ။
ဝုကွမ်ချင်လည်း စိတ်လှုပ်ရှားနေမိတယ် ။ သူမသာ ထို နေရာတွင် ဆိုပါက သူမကော သဘောတူနိုင်ပါ့မလား . . . ဒါပေမယ့် သူမ၏ ကိုယ်မှာ ဆေးဆရာမကြီးလောက် တော့ တန်ဖိုးမမြင့် ဟု သူမကိုယ် သူမ သိနေတယ် ။ နောက်ပြီး နိဗ္ဗာန်အဆင့် မှာ ရှိသော ပြိုင်ဖက်ကင်း အမျိုးသမီး၏ ကိုယ် ခန္ဓာ ပင် မဟုတ်ပါလား ။
“ငါ လက်ခံတယ်”
ဆေးဆရာမကြီး သေချာ ဆုံးဖြတ်လိုက်ဟန် ရှိပြီး အံကြိတ်ကာ ပြောလိုက်ပါတော့တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset