Switch Mode

Chapter – 149

စစ်အေးတိုက်ပွဲ

Chapter – 149 စစ်အေးတိုက်ပွဲ

ချန်ရှန် ကိုယ်တိုင်လည်း လူအုပ်ကြားထဲ ချွေးပြန်နေ တယ် ။ ဆရာကြီး ဝု နှင့် ဆေးဆရာမကြီးတို့ တပြိုင်နက် တိုက်ခိုက်ခဲ့သော်လည်း လျိုရှိုယန် ဟာ တိုက်ကွက်ဆန်း ဖြင့် လွတ်မြောက်သွားပါပြီ ။
“ဒါ နတ်နေရာလွတ် စွမ်းရည်ပဲ ဖြစ်မယ် ။ ပြုလုပ်လိုက် ရင် လီပေါင်း တစ်သောင်းလောက် အဝေးကို ချက်ချင်းပဲ ရောက်သွားစေတယ်”
ဆရာကြီးဝု အေးစက်စက် ပြောပါတယ် ။ ထို့နောက် မှာတော့ သားရဲဂိုဏ်း နောက်လိုက်အား ခပ်တည်တည်ဖြင့် စိုက်ကြည့်လိုက်တယ် ။
“သူ့ကို အကျဉ်းချစမ်း”
ဆေးဆရာမကြီး ၏ အမိန့်ပေးသံ ထွက်လာတယ် ။ အမဲရောင် ၀တ် လူကိုးဦးဟာ ရုတ်တရက်ပဲ ပေါ်လာပြီး သားရဲဂိုဏ်းမှ လူကို ဝိုင်းလိုက်ကြတယ် ။ ဒီလို လူတွေ ရုတ် တရက် ပေါ်လာမှုကြောင့် အားလုံးဟာ အံ့သြသွားကြတယ် ၊ ထိုလူတွေ ၏ ကိုယ်မှ ကြောက်မက်ဖွယ် ချီဓာတ်များ ထွက်နေတာကိုလည်း ခံစားကြရတယ် ။
ချန်ရှန် ခြေလှမ်းအနည်းငယ်ပင် နောက်ဆုတ်မိတယ် ၊ အဘယ်ကြောင့်ဆိုသော် အဆိုပါ လူကိုးဦးကို သူ့ ကို အန္တရာယ် ပေးသလို ခံစားမှုမျိုး ဖြစ်ပေါ်လို့ပါ ။ ထိုလူများ ဟာ ဆေးဆရာမကြီးလိုပင် ၀တ်ထားတာဖြစ်ပြီး ၎င်းတို့၏ မျက်နှာများမှာလည်း ဆေးဆရာမကြီးလိုပင် မျက်နှာဖုံး များ တပ်ထားကြပါတယ် ။ ဆရာမကြီး ၏ လူများ ဖြစ်မည် ဆိုတာကိုတော့ ပြောပြစရာလိုတော့မည် မထင်ချေ ။
ထိုအချိန်မှာ ပဲ ချန်ရှန် ဟာ ပြင်းထန်သော သိုင်းပညာ ဂိုဏ်း၏ စွမ်းအားကို ပြန်လည် မြှင့်တင်ပေးရန် လိုအပ်နေပြီ ဟု တွေးမိပါတယ် ။ ခြုံကြည့်မယ် ဆိုပါက အားနည်းတယ့် ပုံ မရှိပေ ။ ဒါပေမယ့် နောက်လိုက်များဟာ စွမ်းဆောင် ရည် သိပ်မရှိကြပဲ အမှတ် ၁ မှ ၁၀ ထိခြံဝန်းများဟာ လဲ မမြင် ရ သလောက် ရှားကြတယ် ။
ဂိုဏ်းရဲ့ စွမ်းအား အစစ်မှန်ဟာတော့ တိမ်တိုက်များလို ပါပဲ ။ အပြင်ပန်းမှ ကြည့်လျှင် ရှင်းလင်းစွာ မြင်နိုင်မည် မ ဟုတ်ချေ ။
“လျိုရှိုယန် ဒဏ်ရာရသွားသင့်တယ် ။ ထိပ်သီး အစည်း အဝေး လုပ်ကြစို့ ၊ လူတိုင်း မစ်ရှင်တွေ လုပ်ရမယ် ။ သားရဲ ဂိုဏ်း နဲ့ စစ်မှန်သော သိုင်းပညာဂိုဏ်းတို့ဟာ စည်းအတော် ပဲ ကျော်သွားပြီ ။ သူတို့ ငါတို့ဂိုဏ်းကို နောက်ထပ် စိတ် အနှောက်အယှက် ပေးတာမျိုး ငါလုပ်ခွင့်ပြုမှာ မဟုတ်ဘူး”
ဆရာကြီး ဝု က ပြောလိုက်ပါတယ် ။ သားရဲဂိုဏ်းနှင့် စစ်မှန်သော သိုင်းပညာဂိုဏ်းတို့ဟာ ယနေ့မှာ ပြင်းထန် သော သိုင်းပညာဂိုဏ်း၏ သိက္ခာကို ချသွားခဲ့တယ် ။
အားလုံးသော ဂိုဏ်းသားများဟာ တိတ်ဆိတ်နေကြ သော်လည်း ၎င်းတို့၏ သွေးများဟာ ဆူပွက်လျက်ရှိပါ တယ် ။ ချက်ချင်းပင် ၎င်းဂိုဏ်းများသို့ သွားက သွားသတ် ပစ်ချင်စိတ်များမှာ တားမရတော့ပါချေ ။
ချန်ရှန် ဟာ ချီဒြပ်စင်ဆေး ၁၀၀ နှင့် သလင်းကျောက် တစ်သိန်းတို့အား ထပ်မံရရှိခဲ့ပြန်ပါပြီ ။ ဒီတစ်ခါတော့ သူ ရရှိမှု ဟာ မသေးလှပါ ။ ဆေးဆရာမကြီး ၏ အနည်းငယ် အာရုံစိုက်မှုအား ရလာသည် မဟုတ်ပါလော ။
ချန်ရှန် ဟာ စစ်မှန်သော သိုင်းပညာနယ်ပယ်ကို ရောက်ရှိတာကြောင့် ဆေးဆရာမကြီးထံမှ ဆု ကို ရရှိခဲ့ ပါ သေးတယ် ။ ရှောင်ဒို နှင့် တခြားလူများလိုပင် ဒြပ်စင်ဆေး ၁၀၀ ၊ သလင်းကျောက်ငါးသိန်းတို့ကို လက်ခံရရှိကာ အဆင့် ၃ ဝိဉာဉ်တော် လက်နက်တစ်မျိုးကိုလည်း ရရှိခဲ့ ပါသေးတယ် ။ဒါဟာ တိုးတက်လာခြင်းအတွက် ဆုချတာ ပဲ ဖြစ်တယ် ။ ဂိုဏ်းမှ ထောက်ပံ့သည့် အကျိုးအမြတ် များ စွာဟာလည်း ချန်ရှန် အဖို့ မက်လောက်စရာပါပင် ။ အဲဒါ ကတော့ ဒြပ်စင်ဆေး ၁၀၀ နှင့် သလင်းကျောက် တစ်သိန်း ပဲ ဖြစ်ပါတော့တယ် ။
တော်တော်များသည့် ဆုပမာဏ ဟု သတ်မှတ်နိုင်ပါ တယ် ။ ချန်ရှန် ဟာ ယခုအခါ တော်တော် ကြွယ်ဝနေပြီပဲ ဖြစ်ပါတယ် ။ စုစုပေါင်း ဒြပ်စင်ဆေး ၅၀၀ နှင့် သလင်း ကျောက် လေးသိန်းခွဲအား ယခုပြိုင်ပွဲအတွင်း ရရှိခဲ့တာပါ ။ သူဟာ ဒြပ်စင်ဆေး ၁၀၀ နှင့် သလင်းကျောက်တစ်သိန်း အား ဇုရွန် ဆီမှ ၀ယ်ထားသော တည်ဆောက်ရေးဆေး ၂ လုံးအတွက် ပေးလိုက်ရတယ် ။ ဒီကနေမှလည်း အမြတ် များစွာ ရရှိခဲ့ပါသေးတယ် ။
ဒါ့အပြင် သူဟာ တည်ဆောက်ရေးဆေး ၃လုံးနှင့် နေကိုးစင်းမီးတောက် သစ်သီး တို့ကိုလည်း လုမျိုးနွယ် ထံ မှ လောင်းကြေးအဖြစ် အနိုင်ရရှိခဲ့တယ် ။ ဒါကြောင့် ချန်ရှန် ဟာ အပြုံးဖြင့်ပင် နိုးထလာနိုင်ပြီး ဒီလို ၁၀ ရက်တာလေး အတွင်းမှာပဲ အကျိုးအမြတ်ဟာ များပြားလွန်းသည် မဟုတ်ပါလား ။
ဒါပေမယ့်လည်း သူ အနည်းငယ်တော့ စိတ်ဓာတ်ကျမိ တယ် ။ လောဘကြီးလှတယ့် နဂါးမလေးဟာ ဒြပ်စင်ဆေး နှင့် တည်ဆောက်ရေးဆေးတို့အား ရရန် အမြဲအကြံထုတ် နေလို့ပါပဲ ။ ကံကောင်းစွာပင် ယခုအခါ သူ့မှာ ဒြပ်စင်ဆေး ဟာ ရှားလှသည် မဟုတ်တာကြောင့် သူစိတ်ကောင်းဝင် နေ သည့် အချိန်တွင် တစ်လုံးစ နှစ်လုံးစ ကျွေးတတ်ပါ တယ် ။
ပြင်းထန်သော သိုင်းပညာဂိုဏ်း ဟာ သားရဲ ဂိုဏ်း နှင့် စစ်မှန်သော သိုင်းပညာဂိုဏ်းတို့ ၏ လုပ်ရပ်များကြောင့် ဒေါ သ ထွက်နေလျက် ရှိတယ် ။ ထိုနောက်ပိုင်းမှာပဲ ဒန် ရှန် တောင်ယွမ်ဟာ အကူအညီပေးရန် ရောက်ရှိလာပြီး နတ် လက်နက် အင်ပါယာ ၊ ဓားဂိုဏ်း ၊ ရေခဲလေ တောင်ကြား ဂိုဏ်း နှင့် ကြာပန်း ဂိုဏ်းတို့မှာတော့ ပုံမှန်အတိုင်းသာ မည် သူ့ဘက်မျှ မပါပဲ ဒီတိုင်းနေကြပါတယ် ။
မကြာသေးမီက ဖြစ်ပျက်သွားသော အဖြစ်အပျက်များ ကြောင့် ငယ်ရွယ်သော စစ်မှန်သည့် သိုင်းပညာရှင်များ နှင့် ထွက်သွားသော ဂိုဏ်းချုပ်ဟာ အလျင်အမြန်ပင် ပြန်လာခဲ့ တယ် ။ အနာဂတ်မှာ ဖြစ်လာနိုင်သည့် ကိစ္စရပ်များကို ဆွေးနွေးကာ အကောင်းဆုံးနည်းလမ်းကိုကြိုးစားရှာဖွေခဲ့ကြပါတယ် ဒီကိစ္စများ ကို ချန်ရှန် ဟာ စဉ်းစားပေးစရာပင် မလို လောက်ပါ ။ သူ၏ တူနှင့် တူမတော်တို့ ကောင်းမွန်စွာ ထိန်းကျောင်း နိုင်လိ့မ်မည်ဟု ယုံကြည်နေပါတော့တယ် ။ ယခုအခါမှာတော့ ချန်ရှန် ဟာ ဟိုတယ်တစ်ခုတွင် ရှောင်ဒို ၊ ဇုရွန် ၊ ဆူဝဲလောင် နှင့် ဝုကွမ်ချင်တို့ကို ခေါ်ကာ စား သောက်လျက် ရှိနေတယ် ။
“အကိုတော်ချန် ၊ ဒီဝိုင်းကို ရှင်းရမယ်နော် ။ ခင်ဗျား ဟာ အဆင့် ၄ ပညာရှင်လည်း ဖြစ်တယ်မလား ဟဲဟဲ”
ရှောင်ဒို ရယ်မောကာ ပြောဆိုပါတယ် ။ ချန်ရှန် ဟာ စစ်မှန်သော သိုင်းပညာသို့ ၀င်ရောက် နိုင်ရုံမက လူ တစ် သန်း မှာ တစ်ယောက်တွေ့ ရန် မလွယ်ကူသော အဆင့်မြင့်မားသော ဆေးပညာပါရမီလည်း ရှိပါသေး တယ် ။ ချန်ဝူ နယ်မြေတစ်ခုလုံးမှာ လိုက်ရှာတောင် ချန်ရှန် လိုလူများ ရှိ မည် မထင်ချေ ။
ဝုကွမ်ချင် ဟာ ချန်ရှန် ဘေးမှာ ထိုင်နေတာဖြစ်ပြီး အချို ရည် သောက်ကာနေပါတယ် ။ ချန်ရှန် ဟာ သူမကို ပါ ခေါ်လာတာဖြစ်ပြီး ဒီအချက်နှင့်ပင် သူမ ဟာ တော်တော် ပင် ပျော်နေမိတယ် ။ တခြားဝိုင်းများတွင် အချောအလှ များ စွာရှိနေကြပြီး ရှောင်ဒို နှင့် ဇုရွန်တို့ဟာ ထိုကောင်မလေးများကို တစ်ချက်တောင် မကြည့်ဘူး ။ ဂိုဏ်းချုပ်နောက် လိုက်ရင်း ဝုကွမ်ချင်နဲ့ပါ ရင်းနှီးလာကြတာပါ ။ သူမကတော့ ချန်ရှန် အပေါ် တိမ်းညွှတ်ကြကြောင်း ကို လည်း သိနေကြပါတယ် ။
“ညီတော်လေး ချန် ၊ မင်းကိုတော့ မကြွားရဲပါဘူး ၊ ဒါပေမယ့် ငါဂိုဏ်းချုပ်နဲ့ လိုက်သွားရင်း သိုင်းပညာ ဖလှယ် ခဲ့တယ် ။ ဒန်ရှန်တောင်ယွမ် က နောက်လိုက်နဲ့ ဖလှယ် ရတာ ဖြစ်ပြီး တကယ့် တိုက်ပွဲလိုပဲ ။ ငါလည်း အားနာနာ နဲ့ သနားလို့ ညှာပေးလိုက်တယ်”
ဇုရွန် က ရယ်မောကာ ပြောဆိုပါတယ် ။
“ထားလိုက်စမ်းပါ ။ အဲဒိလူက အမှိုက်သာသာ ပါပဲ ။ ကြားမိတာတော့ အဲဒိလူဟာ သိုင်းပညာမတတ်ပဲ ဆေး ဆရာ ဖြစ်တာကြောင့် ရှုံးသွားတာတဲ့ ။ သူတို့ရဲ့ အဓိက ပညာရပ်က ဆေးလုပ်တာလေ ။ ဆေးပညာရှင် တစ်ဦးချင်း ဆီဟာ အဆက်အသွယ်တွေ ကောင်းကြတယ် ။ သူတို့ လုပ်ချင်ရင် စစ်မှန်သော ပညာရှင်ကို အများကြီး ခေါ်ပြီး ခင်ဗျားလောက်ကို အရည်ကြို သောက်လို့ရတယ်”
ဝုကွမ်ချင်ကလည်း အလျင်အမြန်ပင် ခေါင်းညိ့မ် ကာ –
“မှန်ပ ၊ ကျွန်မတို့ဟာ ဒန်ရှန်တောင်ယွမ် ရဲ့ နောက် လိုက်တွေကိုနိုင်ပေမယ့် သူတို့သာ တကယ် ကျွန်မတို့ ကို ချချင်ရင် ကျွန်မတို့ သေတာ ကြာပေါ့”
ရှောင်ဒို ဟာတော့ ၎င်းတို့ပြောစကားများကို လက်မခံ ချေ ။ သူက ခပ်မဲ့မဲ့ဖြင့် –
“ကျွန်တော့ကိုတော့ အထင်မသေးနဲ့ ၊ ကျွန်တော့မှာ က ကောင်းကင်ဘုံ သွေးကြော ၂ စုံရှိတယ် ။ ပြိုင်ပွဲ ၃ ခု လုံး မှာ တစ်ခုလောက်ကို ပထမရအောင်တော့ အေးဆေး ပဲ ။ နောက်ပြီး ကျွန်တော်က ခု စစ်မှန်တဲ့ ပညာရှင်တစ်ဦး ဖြစ်နေပြီ ။ ဒီလို သွေးကြောတွေ ရှိတဲ့အတွက် အကိုတော် ချန် တောင် ကျွန်တော်က သိပ်မမှုဘူး”
ဝုကွမ်ချင် ဟာ သူမ၏ အသည်းအား အားနည်းသည် ဟု ပြောတာကြောင့် ဒေါသထွက်မိသွားတယ် ။ ဒါပေမဲ့လဲ သူမ ပြုံးကာဖြင့်ပင် –
“မင်း ချန်ရှန် နဲ့ လောင်းရဲလား”
ရှောင်ဒို က ချန်ရှန် ကို ပြုံးပြီးကြည့်လိုက်တယ် ။ သူ့ ကိုယ်သူ အလွန်ပင် ယုံကြည်ချက်ရှိနေတာဖြစ်ပြီး ဒါပေမဲ့ လည်း ချန်ရှန် ကိုတော့ ရှိန်နေမိတယ် ။
“သာမန် လောင်းကြေးလေး ဆို ဘယ်လိုလဲ ၊ ငါနိုင်ရင် မင်းအခု စားထားတာကို ရှင်းရမယ် ။ ငါရှုံးရင်တော့နောက် နှစ်တွေထိ မင်းတို့ စားသောက်တာတွေကို ငါရှင်းမယ်”
ချန်ရှန် ပြုံးကာ ပြောလိုက်တယ် ။
“ကောင်းတယ် ၊ ကျွန်တော် တို့ ဘယ်လို လောင်းကြ မှာလဲ ခင်ဗျား ပဲ ပြောပြပါ”
ရှောင်ဒို စိတ်လှုပ်ရှားနေမိတယ် ။ အများဆုံး ခုစားတာ ပဲ ရှင်းရမှာ ဖြစ်တာကြောင့် သူ့ဘက်ကတော့ သိပ် အရှုံးမရှိပါချေ ။ ချန်ရှန် ကလည်း ခပ်ပြုံးပြုံးပါပင် ။ ဝိုင်ခွက် အလွတ် တစ်ခွက်ကို သူကြည့်လိုက်တယ် ။ မျက်စိတစ်မှိတ် အတွင်းမှာပင် မမြင်နိုင်သော စကြာဝဠာ ချီဓာတ်များအား ၎င်းခွက်တွင်းသို့ လောင်းထည့်လိုက်ပါ တယ် ။ ထို့နောက် သူ၏ အားကောင်းလှသော နတ်အတွင်းအား အာရုံဖြင့် ချီဓာတ်များအား ထိန်းချုပ်ပါ တယ် ။ ဒီလိုနည်းဖြင့် ချန်ရှန် ဟာ ဖန်ခွက်ကို သူ့ စိတ်ကြိုက် ရွေ့ ပြောင်းနိုင်ပါတော့တယ် ။ ထိုဖန်ခွက် လေးကို ရှောင် ဒိုရှေ့ မှာ ရပ်လိုက်ပါတယ် ။ ထို့နောက်မှာ တော့ ပြုံးကာဖြင့် –
“မင်း ဒီခွက်ကို နည်းနည်းလေးပဲ ဖြစ်ဖြစ် ရွှေ့ အောင် လုပ်နိုင်ရင် ငါရှုံးမယ် ၊ အာ့လိုမှ မဟုတ်ရင်တော့ ငါနိုင်မှာ ပဲ ။ မင်း ညအထိ အချိန်ရမယ်”
အခု လက်ရှိဟာ ညနေစောင်းအချိန်ပါ ။ ည အထိ ဆို ပါက အနည်းငယ်တော့ အချိန်ရပေမည် ။ ရှောင်ဒို ကလဲ ချန်ရှန် ၎င်း၏ နတ်အတွင်းအား အာရုံများဖြင့် ခွက်ကို မ ရွေ့ အောင် ထိန်းချုပ်ထားတယ်ဆိုတာ သိပါတယ် ။ သူ့ စိတ် ထဲမှာတော့ သာမန် လှည့်စားမှုလို့ မြင်မိတယ် ။ စိတ် ထဲမှာလည်း လွယ်လောက်တယ် ဟု တွေးမိနေတယ် ။ သူ ၏ လက်ကို ဆန့်ထုတ်ကာ ဝိုင်ခွက်ကို ဆွဲကိုင်လိုက်တယ် ၊ ထိုအခါ မှသာ မျက်လုံးပြူးသွားရပြီး ဖန်ခွက်ဟာ တုပ်တုပ် မျှပင် မလှုပ်ပါချေ ။ ကော်နှင့် ကပ်ထားသည့် အ လား ရွေ့ လျားခြင်း မရှိပဲ ကပ်နေပါတော့တယ် ။
ချန်ရှန် မျက်ခုံးများ အနည်းငယ် မြင့်တက်သွားတယ် ၊ ဒါကို ကြည့် ခြင်း အားဖြင့် သူလည်း တော်တော် အသည်း အသန် လုပ်နေရတယ် ဆိုတာ သိသာပါတယ် ။ ဒီ အ ကွက် ကိုတော့ ဘိုင်ယုယုနှင့် စုမေးယို တို့ထံမှ သင်ကြား ထားတာ ဖြစ်ပြီး နတ်အတွင်းအား အာရုံကို အသုံးပြုကာ ချီဓာတ်အား ထိန်းချုပ်ခြင်းပင် ဖြစ်ပါတော့တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset