Switch Mode

Chapter – 148

ပညာရှင်များ၏ ဒေါသ

Chapter – 148 ပညာရှင်များ၏ဒေါသ

အမည်းရောင် မြှားဟာ ချန်ရှန် ၏ ကိုယ်အား ထိမှန် သည်နှင့် အသံကျယ်လောင်စွာ မြည်ဟည်းကာ ပေါက်ကွဲ ထွက်သွားပါတယ် ။ ထိုအချိန်မှာပဲ လူအားလုံးဟာ မျက် လုံး အပြူးသား ပါးစပ်အဟောင်းသားဖြင့် ချန်ရှန်ပျောက် ကွယ်သွားတာကို စိုးရိမ်တကြီး ကြည့်နေကြတယ် ။
ဆရာကြီး ဝု နှင့် ဆေးဆရာမကြီးတို့၏ စိတ်ထဲမှာလဲ ပြင်းထန်စွာ ပေါက်ကွဲနေပြီး ဆေးဆရာမကြီး ၏ ကိုယ်လုံး မှာလည်း တုန်လှုပ်နေသလိုပါပဲ ။ ချန်ရှန် ပျောက်ကွယ် သေဆုံးသွားတာကို သူမ မျက်မြင်ပင် ဖြစ်လို့ပါ ။
ဇောင်ချန်း ဟာ ဂုဏ်ယူနေဟန်ဖြင့် –
“ဟဟ ၊ အဲဒိတော့ . . .”
သူပြောစကား ဆုံးသွားတယ့် အချိန်မှာပဲ ၎င်း၏ အ နောက်ဖက်မှ ချန်ရှန် ဟာ ရုတ်တရက် ပေါ်လာပြီး ကြီးမား သော ဓားပြားကြီးဖြင့် ဇောင်ချန်း၏ စွမ်းအင်သိုလှောင်ရာ ကို ခုတ်ပိုင်းလိုက်ပါတော့တယ် ။ တချိန်တည်းမှာပဲ ၎င်း၏ ကိုယ်အတွင်းမှ မှော်ဝိဉာဉ်တော် အလွှာအား ခုတ်လိုက် တာ ကြောင့် ချီဓာတ်များဟာ ကြောက်မက်ဖွယ် ပေါက်ကွဲ ထွက်သွားပါတော့တယ် ။
ခုနက ချန်ရှန် ဟာ ရေများအသုံးပြုကာ ပုံရိပ်ယောင် တစ်ခုအား လျင်မြန်စွာ ဖန်တီးလိုက်တာပါ ။ ဒါကတော့ ရေ ပုံရိပ်ယောင် တိုက်ကွက်စွမ်းရည်ပါပဲ ။ အမည်းရောင်လိပ် နတ်အတွင်းအား ကျင့်စဉ်မှ ဖြစ်ပြီး ၎င်းစွမ်းရည်ကို အသုံး ပြုပြီးသည်နှင့် တပြိုင်နက် လျင်မြန်စွာပင် ရွေ့ လျားကာ ထိုလူ ၏ နောက်သို့ ရောက်ရှိသွားတာပဲ ဖြစ်ပါတယ် ။ ဇောင်ချန်း သတိလတ်လွတ် ဖြစ်သွားတယ့်အချိန်မှာ မှ ချန် ရှန် ဟာ မိုးပြာနဂါးနတ်မိစ္ဆာဓားသွား ကို ထုတ်ကာ ဇောင် ချန်း ၏ နောက်ကို ပိုင်းချလိုက်တာပဲ ဖြစ်တယ် ။
ပြင်းထန်သော သိုင်းပညာဂိုဏ်းမှ ဂိုဏ်းသားများဟာ တစ်ခုခု ကို မရေမရာ ဖြစ်နေတယ် ။ အားလုံးဟာ ထိုအချိန် မှာ တိတ်ဆိတ်နေကြပြီး ချန်ရှန် ဘယ်လိုမျိုးစွမ်းရည်အား သုံးသွားလည်းဆိုတာ သိချင်နေကြတယ် ။ ကိုယ်ပွားဖန် တီးမှု အစွမ်းဟာ အံ့မခန်းပါပဲ ။
ချန်ရှန် လျင်မြန်စွာပင် သူ၏ သွေးများ စွန်းထင်းနေ သော ဓားအား ပြန်ဆွဲထုတ်ကာ ၎င်း၏ လက်သီးများကို ရွှေရောင် သို့ ပြောင်းလဲလိုက်ပါတယ် ။ ပြင်းထန်လှသော ဖိအားများဟာ အရပ်လေးမျက်နာကို ပြန့်ထွက်သွားပြီး လူ တိုင်းဟာ အသက်ရှူဖို့ပင် မေ့လျော့နေကြတယ် ။
“နဂါးငွေ့ လက်သီး . . .”
ချန်ရှန် ထိုက်ကျိ နတ်နဂါးကျင့်စဉ်ကို သုံးကာ စစ်မှန် သော သိုင်းပညာရှင်၏ စွမ်းအားဖြင့် နဂါးစွမ်းရည်ကို ထုတ် လိုက်ပါတယ် ။ တကယ့် နဂါးကြီးတစ်ကောင်လိုပင် ဖြစ် လာ သောကြောင့် လူအားလုံးဟာ သူတို့ကိုယ်သူတို့ ပုရွတ် ဆိတ်လေးတွေလို ခံစား လိုက်ကြရပါတယ် ။
နဂါးငွေ့ လက်သီးဟာ လျပ်စီးလိုလျင်မြန်ကာ ပြင်းပြင်း ထန်ထန် ပင် ဇောင်ချန်း၏ ကိုယ်အား ထိုးခွဲချလိုက်တယ် ။ ဇောင်ချန်း ၏ အတွင်းအပြင် အစိတ်အပိုင်းအားလုံးဟာ ပျက်စီးသွားရပြီး ချန်ရှန် ဟာ စစ်မှန်သော သိုင်းပညာရှင် နောက်တစ်ဦးအား ကြွေလွင့်စေလိုက်ပြန်ပါပြီ ။
လျိုရှိုယန် ၏ ခန္ဓာကိုယ် အနည်းငယ် တုန်လှုပ်သွားပါ တယ် ။ ခပ်ဝေးဝေးမှာ ကျနေသော နတ်မိစ္ဆာဒူးလေးအား ကြည့်ရင်း သူ့ရင်ထဲ သွေးထွက်နေသလို ခံစားနေရတယ် ၊ ခုနကပဲ သူဟာ ၎င်းဒူးလေးကို သူ၏ တပည့်ရင်း ဇောင်ချန်း အား ပေးလိုက်တာဖြစ်ပြီး အခုတော့ ချန်ရှန်ကြောင့် ဆုံးရှုံး ခဲ့ရပါပြီ ။
“ချန်ရှန် ဟာ စစ်မှန်သော သိုင်းပညာရှင်ပေပဲ”
စစ်မှန်သော သိုင်းပညာရှင် တစ်ယောက်ဟာ အော် ပြောပါ တယ် ။ လူအုပ်ထဲမှာတော့ စစ်မှန်သော ပညာရှင် များစွာ ရှိနေကြတာဖြစ်ပြီး ခုနက အချိန်ထိ ၎င်းတို့ဟာ ချန် ရှန် နဲ့ ပတ်သက်ပြီး မသေချာမရေရာ ဖြစ်နေကြတယ် ။ အခု တော့ သူတို့ သေချာသွားပါပြီ ။
ချန်ရှန် ဟာ စစ်မှန်သော သိုင်းပညာနယ်ပယ်ကို ၀င် ရောက်ခဲ့လေပြီလား . . .
“သူ့ရဲ့ တစ်စို့နေတယ့် အခြေအနေကို ငါးရက်ထဲနဲ့ အောင်မြင်ခဲ့တာလား ၊ တော်တော်ကြီးကို အံ့အားသင့်ဖွယ် ပါပဲ ။ သူဟာ အဆင့် ၄ ဆေးပညာရှင် ဖြစ်ရုံမက စစ်မှန် သော သိုင်းပညာရှင်လည်း ဖြစ်နေပြီပေါ့”
“ဘုရားရေ ၊ ဒီကောင်လေးဟာ သမိုင်းမှာ ပါရမီရှိပြီး အထူးချွန်ဆုံး လူတွေထဲက တစ်ယောက်လို့တောင် ပြော နိုင်တယ် ။ လုဇန်းနန် ထက် အများကြီးကို သာပါပေတယ် ကွာ”
“အသက်နှစ်ဆယ် နဲ့ စစ်မှန်သော သိုင်းပညာရှင်တဲ့ လား ၊ သူနဲ့ ရှောင်ဒို က အသက်တစ်နှစ်သာကွာတယ် ၊ ဒါပေမယ့် ချန်ရှန်ကတော့ အဆင့် ၄ ဆေးပညာရှင်”
“ . . .”
အံ့အားသင့်ဖွယ် အချက်အလက်များဟာ လျင်မြန်စွာ ပင် လူအများအကြား ပြန့်နှံ့နေတယ် ။ ဒီအချက်ဟာ တ ကယ်ကိုပဲ တုန်လှုပ်စရာကောင်းလွန်းပါတယ် ။ ချန်ရှန် စစ်မှန်သော သိုင်းပညာရှင် ဖြစ်နေပြီလေ ။
“နျူဟို နဲ့ ဇောင်ချန်း တို့ဟာလည်း စစ်မှန်သော သိုင်း ပညာရှင်တွေပဲ ဖြစ်ရမယ် ။ ဒီလိုမှ မဟုတ်ရင် သူတို့သေနေ လောက်ပြီ ၊ ဒီလို စစ်မှန်တယ့် ပညာရှင်မှ သာ ချန်ရှန် တိုက်တာကို တောင့်ခံနိုင်မှာပဲ”
တခြား စစ်မှန်သော သိုင်းပညာရှင်ရဲ့ တပည့်ဟာ ဒေါ သတကြီး ပြောဆိုပါတယ် ။
စစ်မှန်သော သိုင်းပညာဂိုဏ်းနှင့် သားရဲဂိုဏ်း တို့၏ နောက်လိုက်များဟာ ပြင်းထန်သော သိုင်းပညာဂိုဏ်းထဲ လာကာ စစ်မှန်သော ပညာရှင်တို့၏ စွမ်းအားဖြင့် တကယ် ပဲ ဖျက်ဆီးခဲ့တယ် ။ များစွာသော ဂိုဏ်းသားများကို ထိ ခိုက် အနာတရ ဖြစ်စေခဲ့ပြီး ဒါဟာ မော်တယ် သိုင်းပညာ ရှင် တို့အား မသမာမှုပါပဲ ။ တမင်ကို ရည်ရွယ်ချက်ရှိရှိ လာ ဒုက္ခ ပေးတာ အသိသာကြီးပါ ။
ပြင်းထန်သော သိုင်းပညာဂိုဏ်းမှ ထောင်သောင်းချီ သော နောက်လိုက်တွေဟာ ရုတ်တရက်ပဲ စစ်မှန်သော သိုင်းပညာဂိုဏ်းကို ကျိန်ဆဲနေကြပါပြီ ။ ၎င်းတို့ထံမှ ဖြေ ရှင်းချက်များကိုလည်း လိုချင်ချင်နေကြတယ် ။
“သလင်းကျောက် သုံးသိန်းတန်တဲ့ ငါ့ခေါင်းကို လွယ် လွယ် နဲ့တော့ ရမှာမဟုတ်ဘူး”
ချန်ရှန် လှောင်ပြောင်လိုက်တယ် ။ လျိုရှိုယန်ကို ကြည့် ကာဖြင့် အော်ပြောလိုက်တယ် –
“ဒီ ဂိုဏ်းနှစ်ဂိုဏ်းလုံးက ပညာရှင် ၂ ယောက်ဟာ စစ် မှန် သော သိုင်းပညာနယ်ပယ်က လူတွေ ဖြစ်ကြတယ် ၊ ၎င်းတို့ဟာ သူတို့ စွမ်းအင်တွေကို သိုဝှက်ပြီးတော့ တမင် သက်သက် ပြသနာလာရှာတာ အသိသာကြီးပဲ ။ ဆရာကြီး ဝု နဲ့ ဆေးဆရာမကြီးတို့ ကျွန်တော် တို့ သူတို့ကို ဘာဆက် လုပ်သင့်လဲ”
“စစ်မှန်သော သိုင်းပညာရှင်တွေဟာ သူတို့ကိုယ် သူတို့ မော်တယ်အဆင့် ပညာရှင်တွေယောင် ဟန်ဆောင် ပြီး ကျွန်တော်တို့ဂိုဏ်းက မော်တယ် ပညာရှင်တွေကို စိန် ခေါ်ခဲ့ကြတယ် ။ အများအပြားကိုလည်း ဒဏ်ရာရသွားစေ ခဲ့တယ် ။ ဒီလိုဂိုဏ်းကြီး ၂ ခု အဲဒိလောက် အောက်တန်းကျ လိမ့်မယ်လို့ မထင်မိခဲ့ဘူး ။ သူတို့ အတွက် ဆုတောင်း ပေး တယ်”
ချန်ရှန် ရဲ့ စကားလုံးတိုင်းဟာ ဂိုဏ်းကြီးတစ်ခုလုံးကို ပြန့်နှံ့ ကာဖြင့် လူတိုင်း ရှင်းလင်းစွာ ကြားနိုင်ပါတယ် ။ ဂိုဏ်းမှ လူအားလုံးဟာလည်း ကျယ်လောင်စွာ ပင် ဆဲဆို နေကြပါတော့တယ် ။
ခပ်ပြုံးပြုံးဖြင့် ဖော်ရွေဟန် ရှိသော ဆရာကြီး ဝု ၏ အသွင်အပြင်ဟာ ပျောက်ကွယ်သွားပြီး အသက်မဲ့ကာ အေး စက် စက် ဟန်ပေါ်လာပါတော့တယ် ။ ဒီလိုအသွင်ပြင် မျိုးဟာ ဆရာကြီး ဝု မှာ မြင်ရခဲ့လှပြီး ဒီလိုဖြစ်တယ်ဆိုရင် လည်း သူ့ကို တကယ်ကိုပဲ တစ်ယောက်ယောက် က ဒေါ သ ထွက်သွားစေလို့ပါပဲ ။
ဆေးဆရာမကြီးဟာ မျက်နှာဖုံး အုပ်ထားပေမယ့် သူမ ၀န်းကျင်ရှိ လေထုတွင် ဖိအားတစ်မျိုးသက်ရောက် နေပါ တယ် ။ ဒီလိုပုံစံကို ကြည့်ပြီး ကွင်းပြင်တစ်ခုလုံးဟာ အ သက်ပင် မရှူဝံ့ကြပဲ တိတ်ဆိတ်လျက် ရှိနေကြတယ် ။ လျို ရှိုယန် မှာလည်း ချွေးစေးများပင် ပြန်ကာ ရှိနေတယ် ။ သူ့ ဘေးရှိ မတ်တပ်ရပ်နေသော လူ ၂ ဦးမှာ နိဗ္ဗာန် အဆင့်ကို လွန်ခဲ့သော ကာလများစွာကပင် ၀င်ရောက်ပြီးသူများ ဖြစ် ကြတယ် ။ လျိုရှိုယန် ဟာလည်း နိဗ္ဗာန်အဆင့် ရောက်လု လု ဖြစ်ပေမယ့် ဆရာကြီး ဝု နှင့် ဆေးဆရာမကြီး တို့၏ အမြင်မှာတော့ ပုရွတ်ဆိတ်လေး သာသာပါပဲ ။
“မင်း ငါတို့ ဂိုဏ်းကို ကျေနပ်လောက်တယ့် ဖြေရှင်း ချက် ရအောင် ပေးပါ ၊ ဒီလိုမှ မဟုတ်ရင်တော့ မင်းတို့ ဂိုဏ်း ချုပ် မင်းကို လာခေါ်ရအောင် လုပ်ရလိမ့်မယ်”
ဆရာကြီး ဝု ရေခဲတမျှ အေးစက်သော အသံဖြင့် ပြော လိုက်ပါတယ် ။
သားရဲဂိုဏ်းမှ လူဟာလည်း နိဗ္ဗာန်အဆင့် သို့ မရောက် ရှိသေးပါ ။ ၎င်း၏ စွမ်းအားဟာ လျိုရှိုယန် ၏ အားနှင့် အတူ တူ နီးပါးပဲ ဖြစ်ပြီး ၎င်းတို့ နှစ်ဦး ဟာ နိဗ္ဗာန်အဆင့် ပညာရှင် ကြီး ၂ ဦး နှင့် ရင်ဆိုင်နေရသည့် အတွက် ကူညီရာမဲ့နေကြ တယ် ။
ရုတ်တရက်ပဲ ချန်ရှန် ဟာ ခုန်လိုက်တယ် ။ ဇောင်ချန်း အနားသို့ ရောက်ရှိသွားပါတော့တယ် ။
“ချန်ရှန် ၊ မင်းဘာလုပ်တာလဲ”
လျိုရှိုယန် ရုတ်တရက် အော်ပြောလိုက်တယ် ။ သူ၏ မျက်နာမှာလည်း ဒေါသကြောင့် ရဲရဲနီလျက် ရှိပါတယ် ။
ဆေးဆရာမကြီးဟာလည်း ချန်ရှန် ရှေ့ ရောက်ရှိလာ တာ ဖြစ်ပြီး လျိုရှိုယန် တစ်ခုခု လုပ်မှာ စိုးသောကြောင့်ပါ ။
“ငါမင်းကို တိတ်ဆိတ်နေခွင့် မပြုနိုင်ဘူး ။ သူ့ကို အမှန် ပြောအောင် လုပ်ချင်တယ် ။ ဘယ်သူ့ အကြံအစည်လဲ ဆို တာ ရှင်းရှင်းလင်းလင်း သိရတာပေါ့”
ချန်ရှန် ပြောလိုက်ပါတယ် ။ ခုနတုန်က ချန်ရှန် ဟာ လျို ရှိုယန် သူ၏ တပည့်ကို သတ်ရန် ကြိုးစားနေတာကို တွေ့ ခဲ့ရတယ် ။ လုံးဝ နှုတ်ပိတ်သွားအောင်ပါ ။ သူ့လို နိဗ္ဗာန်အဆင့် ရောက်လုနီး လူတစ်ဦးအတွက် ဒီလိုလှည့် စား မှုမျိုးဟာ လွယ်ကူလှတယ် ။
ဘိုင်ယုယု ၏ နည်းလမ်းအတိုင်းပဲ ချန်ရှန် ဟာ သူ၏ လက်ကို ဇောင်ချန်း ၏ ခေါင်းပေါ်တင်လိုက်တယ် ။ ထို့ နောက် သူ၏ နတ်အတွင်းအား အာရုံများအား နေရာချ ထား ကာ ၎င်း၏ ဦးခေါင်းအတွင်းသို့ ၀င်ရောက်သွားပါ တော့တယ် ။
“ဇောင်ချန်း ၊ မင်းစစ်မှန်သော ပညာရှင် ဖြစ်တယ်ဆို တာကို လျိုရှိုယန် သိသလား”
ချန်ရှန် ခပ်လှောင်လှောင် မေးလိုက်တယ် ။
“သူသိပါတယ်”
ဇောင်ချန်း အသံ ကျယ်လောင်စွာဖြင့် ဖြေဆိုပါတယ် ။
ထိုအချိန်မှာ ကွင်းပြင်ကြီး တစ်ခုလုံးဟာ တိတ်ဆိတ် နေ တယ် ။ အားလုံးဟာ သိုင်းပညာရှင်များ ဖြစ်တာကြောင့် အသံကို ပီပီသသ ကျယ်ကျယ် လောင်လောင်ပင် ကြား လိုက် ကြရတယ် ။ ချက်ချင်းပင် အားလုံးဟာ ဆူညံပွက် လော ရိုက်ကုန်ကြပါတယ် ။
ရိုးရှင်းသော ပြန်ဖြေပုံလေးက လျိုရှိုယန် တို့ လူတစ်စု တမင် ရည်ရွယ်ချက် ရှိရှိ ပြသနာ လာရှာကြောင်း ပြသ လိုက် သလိုပါပင် ။
“မင်းမှာ တခြား ပြောစရာ ရှိသေးလား”
ဆရာကြီး ဝု ၏ အသံမှာ ဒေါသ အပြည့်ဖုံးလွှမ်းလျက် ရှိ နေပါတယ် ။ သားရဲဂိုဏ်း နှင့် စစ်မှန်သော သိုင်းပညာ ဂိုဏ်းတို့ဟာ ၎င်းတို့ အိမ်ကွင်းမှာကိုပင် ၀င်ရောက် အတင့် ရဲ လိမ့်မည် ဟု မမျှော်လင့်ခဲ့ပါ ။ ပြင်းထန်သော သိုင်းပညာ ဂိုဏ်း ကို ပင် စော်ကားဝံ့ခြင်းမှာ ပေါ့သေးသေး ကိစ္စတော့ မဟုတ်ပါချေ ။
“ဒီနေ့ကစပြီး ၊ ပြင်းထန်သော သိုင်းပညာဂိုဏ်းဟာ အဆိုပါ ဂိုဏ်း ၂ ဂိုဏ်းနဲ့ ရန်သူတွေ ဖြစ်သွားကြပြီ ။ ရှေ့ လျှောက် ပြင်းထန်သော သိုင်းပညာ စီရင်စု ထဲက ၎င်းတို့ ဂိုဏ်းသားတွေကို စတင်ရှင်းလင်းပစ်ရမယ်”
ဆေးဆရာမကြီး ဟာ ကျယ်လောင်စွာ အော်ပြော ပါ တယ် ။ သူမ၏ အသံမှာ ဂိုဏ်းတစ်ခုလုံးသို့ ဟိန်းထွက်သွား ကာ ချီဓာတ်များဟာပင် လွင့်ထွက်လာကြတယ် ။
“ဟက် ၊ ချန်ဝူ နယ်မြေကြီးရဲ့ ထိပ်ဆုံးဂိုဏ်းနေရာဆို တာ ပြောင်းလဲနိုင်ပါသေးတယ် ။ ခင်ဗျားတို့ စောင့်နေကြ”
ပြောနေရင်းပင် လျိုရှိုယန် ၏ ကိုယ်ဟာ ချက်ချင်း ပင် ပျောက် ကွယ်သွားပါတယ် ။ ဆရာကြီး ဝု နှင့် ဆေးဆရာမ ကြီး တို့ဟာ ပုံဆောင်ခဲများ ကိုယ်စီထုတ်ကာ တချိန်ထဲ ပစ် လိုက်ကြတယ် ။ ၎င်းတို့ နောက်ကျသွားပုံပါပဲ ။ ၎င်းတို့ ပုံ ဆောင်ခဲ ထိမှန်သည့် အရာအားလုံးဟာ ကျယ်လောင် ကြီး မားစွာပင် ပေါက်ကွဲ ထွက်ကာ ကမ္ဘာမြေကြီးပင် လှုပ်ရမ်း သွား ရ ပါတယ် ။ အားလုံးသော သက်ရှိများ၏ အလန့် တကြား အသံများကို ကြားလိုက်ရပြီး ကောင်းကင်ကြီးပင် ပြိုကျလာ မလို အခြေအနေမျိုးပါ ။
ပြင်းထန်သော သိုင်းပညာဂိုဏ်း တစ်ခုလုံး တုန်လှုပ် သွားကြပြီး ဂိုဏ်းသားများမှာလည်း ကြောက်ရွံ့ စိတ်နဲ့ အတူ ငုံ့လျိုးနေမိကြတယ် ။ ဒါဟာ မော်တယ်ကမ္ဘာရဲ့ ထိပ် ဆုံးနေရာမှာ ရှိနေတယ့် ပညာရှင်များ ၏ ကြောက်စရာ ကောင်းလှသော စစ်မှန်သည့် အားအင်ပင် ဖြစ်ပါတော့ တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset