Chapter – 147 မိစ္ဆာဒူးလေးပြန်ပေါ်လာခြင်း
သားရဲဂိုဏ်း၏ သက်ကြီးဝါကြီးဖြစ်သူ ဟာ ရုတ်တ ရက် ချွေးများပြန်လာတယ် ။ ဆေးဆရာမကြီး နှင့် ဆရာ ကြီးဝုတို့၏ ဒေါသကို သူခံစားမိနေလို့ပါ ။ ထိုလူမှ ချက်ချင်း ပင် တုန်တုန်ယင်ယင် ဖြင့် –
“ဒီကောင် သိပ်ယုံကြည်မှုရှိနေတာ ဒါကြောင့်ကိုး ၊ အရင်တည်းက စစ်မှန်သော သိုင်းပညာနယ်ပယ်ကို ၀င်ခဲ့ တာပဲ ။ ဒါဟာ ကောင်းတယ်လို့ ပြောလို့ရပေမယ့် သူ့ပညာ စွမ်းကို လျိုထားတယ် ။ သူ့ကို ပစ်ဒဏ်ကောင်းကောင်း ပေး မှာပါ”
သားရဲဂိုဏ်းမှ လူ ဟာ နျူဟို နဲ့ပတ်သက်ပြီး ဘာမျှ မသိ ၊ အားလုံး နျူဟို အမှားဟုသာ ပြောသော်လည်း ဆရာ ကြီး ဝုတို့ဟာ ဒီလိုစကားလေးဖြင့် ယုံကြည့်ခြင်း မရှိကြပေ။
“ကျွန်တော်တို့ ပွဲကို ရပ်သင့်လား”
လျိုရှိုယန် က တည်တည်ငြိမ်ငြိမ်ပင် ပြောပါတယ် ။ ဒါ တွေ အားလုံး သူနှင့် ဘာမျှ မဆိုင်သလိုပါပဲ ။
“မလိုပါဘူး ။ ချန်ရှန် ပုံကို ကြည့်လေ ။ သူ စစ်မှန်သော သိုင်းပညာနယ်ပယ်ကို ၀င်ရောက်နေတယ် ဆိုတာ ဖုံး ကွယ် ထားချင်ပုံပဲ ။ ဒီရက်တွေမှာပဲ သူ ရောက်ခဲ့တယ်လို့ ငါတော့ ထင်တယ်”
ဆရာကြီး ဝု ခပ်ပြုံးပြုံး ပြောပါတယ် ။ အဘယ်ကြောင့် ဆိုသော် သူဟာ ချန်ရှန် ၎င်း၏ စွမ်းအားများကို တမင်သက် သက် ထုတ်လွှတ်နေတာကို မြင်နေရလို့ပါ ။ ဆေးဆရာမ ကြီး နှင့်ဆရာကြီးဝု တို့ ဟာ ချန်ရှန် နျူဟို ၏ စွမ်းအားကို မည်ကဲ့သို့ မြင်နိုင်လဲဆိုတာကို သိချင်နေကြပါတယ် .။
နျူဟို ၏ ဆရာဖြစ်သူမှာ တစ်ကိုယ်လုံး တုန်နေလျက် ရှိတယ် ။ အသားအရေမှာလည်း ဖြူဖတ်ဖြူလျော် ဖြစ်နေ ကာ စင်မြင့်ပေါ် ကို ကြည့်နေပါတယ် ။ ချန်ရှန် သာ စစ်မှန် သော သိုင်းပညာနယ်ပယ် ကို ရောက်ရှိနေသည် ဆိုပါက ယခု ပွဲရလဒ်အား ခန့်မှန်းရန် ခက်ခဲပေလိ့မ်မည် ။ ဒါ့အပြင် ယခု တိုက်ပွဲဟာ သူသေကိုယ်သေ တိုက်ပွဲမဟုတ်ပါလား။
“စွမ်းအင် အသေးအဖွဲ လေးတွေ ၊ သေပေတော့”
ချန်ရှန် နျူဟို၏ လည်ပင်းအား ညှစ်ကာ အော်ပြောပါ တယ် ။ နျူဟို ၏ လက်မှ ရွှေရောင်ကျွဲခေါင်းကြီး သဏ္ဍာန် ပေါ်လာပြီး ချီဓာတ်များဖြင့် ကျွဲခေါင်းကြီးမှာ တကယ်ကို သက်ဝင် လျက် ရှိပါတယ် ။ ချိုကြီး ၂ ခုမှာလဲ ချွန်ထက် နေ ပါတယ် ။
နျူဟိုဟာ ကြီးမားတုတ်ခိုင် လှသော်လည်း သူ၏ နှုန်း မှာတော့ မနှေးလှပေ ။ လျင်မြန်စွာပင် သူ၏ လက်ကြီးအား ဆန့်ထုတ်ကာ အားပြင်းထန်လှသော လက်သီးချက်ဖြင့် ချန်ရှန် အား ထိုးလိုက်တယ် ။ ချိုကြီး ၂ ခုမှာလည်း ချန်ရှန် ၏ ကိုယ်သို့ ထိုးမိတော့ မတတ် ဖြစ်နေပါပြီ ။ ချန်ရှန် ဟာ ရုတ်တရက်ပဲ ပျောက်သွားပါတယ် ။
ဒါပေမယ့် လူတိုင်းဟာ စင်ပေါ်တွင် လှိုင်းပုံစံများကို တွေ့ နေရပြီး အသက်ရှူသံများအရ ချန်ရှန် ပြေးနေတယ် ဆိုတာကို သိကြတယ် ။ ချန်ရှန် ဟာ အမြန်ဆုံးနှုန်းဖြင့် ပြေး နေတာ ဖြစ်ပြီး စင်ပေါ်မှာ ၎င်းကို မြင်ပင် မမြင်နိုင်ပါ ဘူး ။
ချန်ရှန် ဟာ ယခုလို အမြန်နှုန်းကို အသုံးပြုပြီး နျူဟို ၏ လက်သီးချက်ကို ရှောင်တိမ်းလိုက်တာ ဖြစ်ပါတယ် ။ ထိုတစ်ချိန်တည်းမှာပင် လျင်မြန်စွာ ပြေးလိုက်တာပါ ။ နျူဟို ဟာ ချန်ရှန် ၏ အသက်ရှူသံမှတဆင့် ၎င်း၏ တည် နေရာကို ခန့်မှန်းနိုင်သော်လည်း ချန်ရှန် ဟာ အလွန်လျင် မြန်စွာ ရွေ့ လျားနေတုန်းပင် ဖြစ်တယ် ။ ရုတ်တရက် ဘယ် ဘက်တွင် ပေါ်လာပြီးသည်နှင့် ညာဘက် တွင်လည်း ပေါ် လာကာ နျူဟိုအဖို့ ချန်ရှန် မည်သည့်အရပ်မျက်နှာမှ တိုက် ခိုက်မည်ကို မှန်းရခက်လျက် ရှိပါတယ် ။
ဒီလို အမြန်နှုန်းကြောင့် နျူဟိုဟာ အံ့အားသင့်လျက် ရှိ နေပြီး ယခုအခါ ချန်ရှန်ဟာ စစ်မှန်သော သိုင်းပညာရှင် ပေ လား ဟုပင် သံသယ ၀င်လာမိပါတယ် ။
အသေအကြေ သူသေကိုယ်သေ တိုက်ပွဲ ဖြစ်တာနဲ့ အညီ လက်ဦးသူက သတ်မည်ဖြစ်ပြီး ချန်ရှန် ဒီလိုတော့ သေချာပေါက် အဖြစ်ခံမည် မဟုတ်ပေ ။
လူတိုင်းဟာ စိတ်လှုပ်ရှားစွာဖြင့် စင်မြင့်ပေါ်ကို ကြည့် နေကြကာ ချန်ရှန် တိုက်ခိုက်မည့်အချိန်ကို စောင့်နေကြပါ တယ် ။ ဒီအချိန်မှာပဲ လေထုဟာ ယိမ်းယိုင်လာတာကို တွေ့ မြင်လိုက်ကြရပြီး ချန်ရှန် တိုက်ခိုက်ပြီဆိုတာကို သိ လိုက် ကြရတယ် ။
ရုတ်တရက်ပဲ ချန်ရှန် ပေါ်လာပြီး နျူဟိုဟာလည်း ချန် ရှန် ပေါ်လာသည့်နေရာကို လှည့်လိုက်ကာ လက်သီးတစ် ချက် ပစ်သွင်းလိုက်ပါတယ် ။ ဒါပေမယ့်လည်း ချန်ရှန် ဟာ လွတ်သည် ဆိုရုံလေး နျူဟို၏ ကျွဲချိုကြီးများကို ရှောင် လိုက်ကာ သူ၏ လက်အား အချွန်ပုံစံ ပြောင်းလိုက်ပါတယ် ၊ ပါးလွှာသော ချီဓာတ်များဖြင့် အချွန်ပုံ လုပ်လိုက်တာဖြစ် ပြီး ထိုသို့ အချိန်ခဏလေးမှာပင် နျူဟို ၏ လက်သီးအား ရှောင်ရင်း ၎င်း၏ နှလုံးသားဆီသို့ ပစ်သွင်းလိုက်ပါတော့ တယ် ။
“နူးညံ့သော အငွေ့ လက်ချောင်း . . .”
မျက်စိအမြင်အားကောင်းကောင်း ရှိသည် ဆိုပါက အ ကြည့် တစ်ချက်နှင့်ပင် ထိုတိုက်ကွက် ဆိုတာကို သဘော ပေါက်ပေလိမ့်မည် ။ ဒီလို စွမ်းအားကြီးလှတယ့် တိုက် ကွက် ဟာ ပြုလုပ်သူရဲ့ လက်အား ချွန်ထက်သော နတ် လက်နက် အဖြစ် ပြောင်းလဲစေလိုက်တာပါ ။ ပြီးခဲ့သော တခေါက်ကလည်း ချန်ရှန်ဟာ ယခု တိုက်ကွက်ကို အသုံး ပြုကာ ထင်ရှားလှသည့် ဝိဉာဉ်တော် လက်နက်အား ပိုင်း ဖြတ် ခဲ့ပါသေးတယ် ။
ချန်ရှန် ၏ လက်ဟာ နျူဟို၏ ကိုယ်သို့ ထိုးဝင်သွားပြီး နောက်ကျောမှ ပြန်ထွက်သွားတယ် ။ ထို့နောက် သူ၏ လက်အား ပြန်ဆွဲထုတ်ကာ နျူဟို ၏ စွမ်းအင်သိုလှောင်ရာ အား နောက်လက်တစ်ဖက်ဖြင့် ထိရိုက်လိုက်ပါတော့တယ်
ပေါက်ကွဲမှု တစ်ခုဖြစ်ပေါ်သွားပြီး စင်မြင့်ကြီး တစ်ခုလုံး ပျက်ဆီးသွားကာ ကျောက်တုံးများဟာလည်း လွင့်ထွက် ကုန်ပါတယ် ။
ဒါဟာ ကောင်းကင်ဖြိုပုံဆောင်ခဲ တိုက်ကွက်ဖြစ်ပြီး ဒီလို တိုက်ကွက်ကို ချန်ရှန် ဟာ အားများစွာသုံးကာ ပြု လုပ် လိုက်ရတာပါ ။ နျူဟို ၏ စွမ်းအင် သိုလှောင် ရာကို ရိုက်ခတ်လိုက်တယ့်အခါ ၎င်းမှ များစွာသော ချီဓာတ်များ ဟာ ပေါက်ကွဲထွက်လာတာကို ခံစားလိုက်ရပါတယ် ။
ချန်ရှန် ထုတ်လွှတ်သော လေများကြောင့် ဖုန်များဟာ လဲ လွင့်စင်နေပြီး စင်မြင့်ကြီးတစ်ခုလုံးဟာ ကျောက်ပုံကြီး သာ ဖြစ်သွားပါတော့တယ် ။ နျူဟိုမှာလည်း သွေးများစွာ ထွက်ကာ သတိလစ်လု နီးနီး ဖြစ်နေပါပြီ ။
ချန်ရှန် ခပ်တိုးတိုး အော်ကာ ၎င်း၏ ခါးအား ကန်ပစ် လိုက်တယ် ။ ပြင်းထန်လှသော ချီဓာတ်များ ခြေထောက် တွင် စီးဆင်းလျက် ကန်ခံလိုက်ရသောကြောင့် နျူဟို တစ် ယောက် လျိုရှိုယန် ၏ ဘေးသို့ လွင့်ထွက်သွားပါတော့ တယ် ။
ထိုအချိန်မှာတော့ နျူဟို ၏ ဆရာဟာ တုန်လှုပ်လျက် ရှိနေတယ် ။ နျူဟို၏ ကိုယ်အား စစ်ဆေးပြီးနောက် မျက်စိ မျက်နာ ပျက်နေပါတယ် ။ ချန်ရှန် ဟာ ၎င်းအား မသတ် သော်လည်း နျူဟို ၏ ဦးခေါင်းမှ ခြေချောင်းများအထိ ရ စရာ မရှိတော့ပဲ ဒုက္ခိတ ဖြစ်သွားတော့မှာပါ ။
“ငါနိုင်ပြီ ၊ ခုတော့ စစ်မှန်သော သိုင်းပညာဂိုဏ်း အ လှည့်ပဲ”
ချန်ရှန် လျိုရှိုယန် ဘေးရှိ ကြည့်ကောင်းသော လူကို ကြည့်လျက် ကျယ်လောင်စွာ အော်ပြောလိုက်တယ် ။
ဒီလိုအချက်များကြောင့် ဆေးဆရာမကြီး နှင့် ဆရာ ကြီး ဝုတို့ဟာ ချန်ရှန် စစ်မှန်သော သိုင်းပညာနယ်ပယ်ကို ရောက်၇ှိနေပြီဆိုတာ သေချာသွားကြတယ် ။ လျိုရှိုယန် နှင့် နျူဟို ၏ ဆရာတို့ဟာ ချန်ရှန် ဒီလို ငါးရက်လောက်ဖြင့် ဒီလို အခြေအနေ ဖြစ်လာမယ်လို့ မမျှော်လင့်ထားကြပါ ။ သို့သော်လည်း ချန်ရှန် ဟာ မည်သည့် စွမ်းအင်မျှ ထုတ် ခြင်း မရှိသေးပါ ။ စစ်မှန်သော သိုင်းပညာနယ်ပယ်မှ ပညာ ရှင်လိုမျိုး ဟန်ပန်သာ ၇ှိနေတာပါ ။
လျိုရှိုယန် ဟာ သူ့ဘေးရှိ သူ၏ တပည့်အား တီးတိုး ပြောနေတယ် ။ ထို့နောက်မှာတော့ ရုတ်တရက်ပဲ ချန်ရှန် ကြည့်ကောင်းကောင်းနှင့်လူ လက်ထဲမှာ အမည်းရောင် ဒူး လေး တစ်လက်ကို မြင်တွေ့ လိုက်ရတယ် ။ ဒါဟာ အသက် ၀င် နတ်မိစ္ဆာ ဒူးလေး ပင် ဖြစ်ပါလိ့မ်မည် ။ ချန်ရှန် ဟာ အ ဆ်ိပ်တစ်ရာ ဂိုဏ်းမှ လူအား သတ်ကာ ရရှိခဲ့ပြီး ၎င်းကို လျို ရှိုယန် မှ ပြန်လည် လုယူသွားခြင်း ဖြစ်တယ် ။
ဒီလိုကိစ္စကို ဘယ်သူ မသိပဲ ရှိလိ့မ်မည်နည်း ။
“သူသေ ကိုယ်သေ တိုက်ပွဲ”
ထိုလူက ချန်ရှန် ရှေ့ ရောက်လာကာ ပြောလိုက်တယ် ၊ ၎င်း ၏ အသံမှာ ခံစားချက်မပါဝင်ပဲ အေးစက်စက်ပါပဲ ။
“ကောင်းတယ်”
ချန်ရှန် ဒူးလေးကို ကြည့်ကာ သူဒီနေ့ ကျိန်းသေ ပြန် လည် ပိုင်ဆိုင်ရမည်ဟု ဆုံးဖြတ်ချက် ချလိုက်ပါတယ် ။
ဆရာကြီးဝု က တည်တည်ငြိမ်ငြိမ်ဖြင့် –
“လျိုရှိုယန် ၊ ဒီဒူးလေး ဟာ ချန်ရှန် ရရှိခဲ့တာ ဖြစ်တယ် ၊ သူ့ဆီက မင်းက ဘာလို့ လုသွားတာလဲ ။ သူတို့ တိုက်ပြီး ရင် မင်းငါ့ကျေနပ်တယ့် အဖြေ ပေးဖို့ လိုအပ်တယ် ။ အဲဒိ နေ့က မင်းချန်ရှန်ကို ဆန့်ကျင် ခဲ့တယ် ။ ငါဒီကိစ္စကို စုံစမ်း သွားမှာ ဖြစ်တယ်”
လျိုရှိုယန် အနည်းငယ် တုန်လှုပ်သွားတယ် ။ သူစဉ်း စား မိသည်မှာ ချန်ရှန် ဟာ မော်တယ် သိုင်းပညာရှင်သာ ဖြစ်ပြီး သူသတ်ချင်ရင် ဘာမှ စိုးရိမ်စရာမလိုပဲ သတ်လို့ရ ပြီး ပြင်းထန်သော သိုင်းပညာဂိုဏ်းမှလည်း ဘာမှမလုပ် လောက်ဟု ထင်မြင်ခဲ့တာပါ ။ သို့သော်လည်း ချန်ရှန် ဟာ ယခု အခါ စစ်မှန်သော သိုင်းပညာနယ်ပယ်သို့ ၀င်ရောက် ခဲ့ပြီးဖြစ်ကာ အဆင့် ၄ ဆေးပညာရှင်လည်း ဖြစ်ပါတယ် ။ ဒီလို ပါရမီရှင်မျိုးအား ဂိုဏ်းတိုင်းမှ အလေးထားမည်မှာ အမှန်ပါပင် ။
“ကောင်လေး ၊ မင်း မညှာနဲ့ နော် ၊ သိပ်သနားနေတုန်း ပဲလား”
ဆေးဆရာမကြီး က အေးစက်စက် ပြောပါတယ် ။ ချန် ရှန် ဟာ သူမ၏ ဦးရီးတော်လေး ဖြစ်ပြီး သိသိသာသာ ပင် ချန်ရှန် အား အားပေးနေတယ် ။ သူမ နှင့် ချန်ရှန် ဟာ သိပ် အစည်းမကပ်လှသော်လည်း သူမပြုမူနေမိပါတယ် ။
ရုပ်ရည် ကြည့်ကောင်းသောသူ ဟာ နတ်မိစ္ဆာဒူးလေး ကို ကိုင်လျက် ရှိပြီး ၎င်း၏ နာမည်မှာ ဇောင်ချန်း ဖြစ်ပါ တယ် ။ မကြာသေးမီကပင် စစ်မှန်သော သိုင်းပညာရှင် ဖြစ် လာသူ ဖြစ်ပြီး ၎င်းကြောင့် ပြင်းထန်သော သိုင်းပညာဂိုဏ်း သားတို့ ဒဏ်ရာအများအပြား ရကုန်တာပါ ။ ယခုလို ပွဲမှာ ပင် ၎င်းဟာ ဝိဉာဉ်တော် လက်နက်ကို ထုတ်ပြီး အသုံးပြု မှာ ဖြစ်တာကြောင့် လူများစွာဟာ ၎င်းအား အထင်သေးနေ လျက် ရှိကြတယ် ။
ပြင်းထန်သော သိုင်းပညာဂိုဏ်းမှ ဂိုဏ်းသားများဟာ သားရဲဂိုဏ်းနှင့် စစ်မှန်သော သိုင်းပညာဂိုဏ်းတို့မှ စေခိုင်း သော သူများမှာ စစ်မှန်သော ပညာရှင်များ ဖြစ်တယ်ဆို တာကို မသိကြသေးပါ ။
လျိုရှိုယန်ဟာ ချန်ရှန် မှ နျူဟို အား အနိုင်ယူပြီး ၎င်း ၏ မှော်ဝိဉာဉ်တော်ကို ဖျက်ဆီးပစ်ခြင်းသည် သာမန် တိုက် ဆိုင် မှု ဟူပြီး ထင်နေပါတယ် ။ ဇောင်ချန်းအား လည်း ၎င်း၏ ဒူးလေးကို ပေးထားသဖြင့် အနိုင်ရရှိနိုင်မည် ဟု သာ ထင်နေသေးပါတယ် ။
“စ”
လျိုရှိုယန် အော်လိုက်တယ် ။
သူ၏ အသံဆုံးသည်နှင့် ရုတ်တရက် ဒုးလေးမှ အနက် ရောင် မြားတစ်စင်းအား ပစ်လိုက်တယ် ။ လူတိုင်းဟာ ထို မြား ချန်ရှန် ၏ ကိုယ်ကို ထိမှန်တော့မှာကို မြင်နေရပါတယ် ၊ အားလုံး၏ နှလုံးသားများပင် တုန်လှုပ်သွားကာ အားလုံးဟာ ချန်ရှန် တော့ ဇာတ်သိမ်းသွားပြီဟုတွေး နေကြပါတော့တယ် . . . ။