Switch Mode

Chapter – 146

ပူးပေါင်းကြံစည်မှု

Chapter – 146 ပူးပေါင်းကြံစည်မှု

သားရဲဂိုဏ်း နှင့် စစ်မှန်သော သိုင်းပညာဂိုဏ်းတို့မှ စေ လွှတ်သော နောက်လိုက်များဟာ အလွန်ပင် အင်အားကြီး သန်မာ ကြတယ် ။ ၎င်းတို့ဟာ ပြင်းထန်သော သိုင်းပညာ ဂိုဏ်း၏ နောက်ဆုံးအဆင့် ယှဉ်ပြိုင်ကြသော ထိပ်သီး ၈ ဦးအား အလွယ်တကူပင် အနိုင်ယူခဲ့ပါတယ် ။ ဒါတင်မက ဂိုဏ်းထဲရှိ ဂိုဏ်းသားများအားလည်း စိန်ခေါ်ခဲ့ကြတာဖြစ်ပြီး ၎င်းတို့အား ယှဉ်ပြိုင်သော လူများဟာလည်း ရှုံးနိမ့်ခဲ့ကြပါ ပြီ ။
“ဆရာကြီး ဝု ၊ ကျွန်တော့်ရဲ့ တပည့်တွေက ခင်ဗျားတို့ အတွင်းစည်းရဲ့ အစွမ်းအထက်ဆုံးသော ပညာရှင်တွေကို နိုင်သွားပြီ ။ ဒြပ်စင်ဆေး ၁၀၀ နဲ့ သလင်းကျောက် ၁ သိန်း ကျွန်တော့ တပည့်တွေကို မပေးသင့်ဘူးလား”
လျိုရှိုယန် ခပ်ပြုံးပြုံးဖြင့် သူ့ဘေးရှိ ဆရာကြီး ဝု အား မေးလိုက်ပါတယ် ။ တမင်သက်သက်ပင် အသံကိုမြှင့်ကာ အားလုံးကြားအောင် ပြောလိုက်ခြင်းပါ ။
ယနေ့မှာတော့ သားရဲဂိုဏ်းနှင့် စစ်မှန်သော သိုင်း ပညာဂိုဏ်းတို့ ဟာ ထင်တိုင်းကြဲနေပါပြီ ။ ပြင်းထန်သော သိုင်းပညာဂိုဏ်း၏ အစွမ်းထက်ဆုံးသော နောက်လိုက် များ ဟာလည်း ယခုအခါမှာ စစ်မှန်သော သိုင်းပညာနယ် ပယ် သို့ ၀င်ရောက်သွားကြပြီ ဖြစ်ပါတယ် ။ ပထမဆုံး ခြံ ၀န်းတွင် လေးယောက် ရှိသည့်အနက် သုံးယောက်မှာ စစ် မှန်သော သိုင်းပညာနယ်ပယ်ကို ၀င်ရောက်သွားကြပြီ ဖြစ် ပြီး ချန်ရှန် ဆိုသည်မှာလည်း ဘယ်ရောက်နေမှန်းပင် မသိ ဖြစ်နေကြတယ် ။
“ချန်ရှန် ၊ ဒီကောင်တွေကို သွားပြီး ပညာပေးလိုက်စမ်း ပါကွာ ၊ ငါတို့ဂိုဏ်း ဘယ်လိုစွမ်းလဲဆိုတာ ပြလိုက်”
သက်လတ်ပိုင်းအရွယ် လူကြီး က အော်ပြောပါတယ် ။
ချန်ရှန် ဘေးနားရှိ လူတိုင်းဟာ အော်ဟစ်အားပေး နေ ကြတယ် ။ ချန်ရှန် ဟာနဂိုကတော့ ဒီပွဲကို ပါဝင်ယှဉ်ပြိုင် ခွင့် မရှိပေမယ့် ယခုအခါ အခွင့်အရေး တစ်ရပ် ရရှိလာပြီ ဖြစ်ပါတယ် ။ ကြည့်ရတာ ကံကြမ္မာက ဒီ ဒြပ်စင်ဆေး တစ်ရာ နှင့် သလင်းကျောက် တစ်သိန်းတို့ကို သူ့ကိုသာ ရ စေချင်ပုံပါပဲ ။
ချန်ရှန် ကိုယ်တိုင်ကလည်း အဆိုပါ ဂိုဏ်း ၂ ဂိုဏ်းအား အရိုးထဲထိ မုန်းနေတာ ဖြစ်ပြီး လက်စားချေချင်နေတာပါ ။
ချန်ရှန် တစ်ချက်ခုန်လိုက်တယ် ။ လေထဲတွင် လှပ သော သက်တန့်လေးလိုပင် ဝဲပျံပြီး စင်မြင့်ပေါ် ရောက်ရှိ သွားပါတယ် ။
ချန်ရှန် ဟာ လွန်ခဲ့သော ငါးရက်လုံး ပျောက်ဆုံးနေခဲ့ တာ ဖြစ်ပြီး လူများစွာဟာ ဒီအတွက် စိတ်အားငယ်လျက် ရှိ ကြတယ် ။ ဒါပေမယ့် ချန်ရှန် ဟာ ယခု အရေးကြီးဆုံး အချိန်မှာပင် အချိန်ကိုက် ရောက်ရှိလာပြီ ဖြစ်တယ် ။ အား လုံးဟာ စိတ်လှုပ်ရှားမှု အပြည့်ဖြင့် အားတက်နေကြတယ် ၎င်းတို့အားလုံးဟာ ချန်ရှန် ၏ အစွမ်းကို မျက်မြင်ကိုယ်တွေ့ ရင်ဆိုင်ဖူး သူများ ဖြစ်ပြီး သာမန်အစွမ်းတော့ မဟုတ်ဘူး ဆိုတာ သိကြပါတယ် ။ ယခုရန်သူများဟာ စစ်မှန်သော ပညာရှင်များ ဖြစ်နေတောင် ချန်ရှန်ကတော့ ကျိန်းသေ ပင် တိုက်ခိုက်မယ်ဆိုတာ ၎င်းတို့အားလုံး သိနေကြပါတယ် ။
ချန်ရှန်ဟာ ယခုအခါ စစ်မှန်သော သိုင်းပညာရှင် တစ် ဦး ဖြစ်နေပြီ ဖြစ်ပြီး သူ့ပြိုင်ဖက်ဟာ အဆင့်တူချင်း ဖြစ်မယ် ဆိုလျှင်တောင် သူ့အနေဖြင့် ကြောက်ရွံ့ မည် မဟုတ်ပေ ။
စင်မြင့် ဆီ သူ ရောက်တဲ့အခါ လျိုရှိုယန် စင်ပေါ်ရှိ လျိုရှိုယန်အား မီးဝင်းဝင်းတောက်သော မျက်လုံးများဖြင့် ကြည့်နေမိတယ် ။ ဒီလူကို သူ့ဘ၀တွင် ဘယ်တော့မှ မေ့ နိုင်မည် မဟုတ်ပဲ ခေါင်းဖြတ်ကာ လက်စားချေချင်နေတာ ပါ ။
လျိုရှိုယန် ဟာ ချန်ရှန် မရှိတဲ့ အကြောင်းကို သိနေပါ တယ် ။ အဘယ်ကြောင့်ဆိုသော် ချန်ရှန် အရည်အချင်း စစ် ပွဲကို မလာနိုင်ပဲ ပါဝင်ယှဉ်ပြိုင်နိုင်ခြင်း မရှိသည်ကို သိလို့ ပါ ၊ ဒါပေမယ့်လည်း သူဟာ ချန်ရှန် ကို အနည်းငယ်လောက် သာ စိတ်ထဲတွေးမိတာဖြစ်ပြီး အများကြီး မစိုးရိမ်လှပါ ။ သူ ဟာ နိဗ္ဗာန် အဆင့်ကို ရောက်လုနီး လူတစ်ယောက် ဖြစ်ပြီး ဒီအဆင့်လောက်ကို မျက်စိထဲ ထည့်ကို မထည့်တာပါ ။
လူအားလုံးဟာ ချန်ရှန် နှင့် လျိုရှိုယန်တို့ကြားက ရန်ငြိ်ုး ကို သိနေကြတယ် ။ ထိုနေ့က လျိုရှိုယန် လက်ထဲ ချန်ရှန် သေမလိုပင်ဖြစ်ခဲ့ရတာဖြစ်ပါတယ် ။ ဒါပေမယ့် ယခု တော့ လျိုရှိုယန် ဟာ ပြင်းထန်သော သိုင်းပညာဂိုဏ်းထဲ သို့ပင် လာဝံ့တာ ဖြစ်ပြီး ဂိုဏ်းကိုပင် ဂရုမစိုက်တဲ့အချိုး ချိုး တာပါ ။
“ကျွန်တော် သူတို့နဲ့ ယှဉ်ပြိုင်မယ်”
ချန်ရှန် ဆရာကြီး ဝုကို ကြည့်ကာ ခေါင်းညိမ့်လျက် ပြောလိုက်တယ် ။ ယခုတော့အခါ ချန်ရှန် ပေါ်လာခြင်းဟာ ဂိုဏ်း၏ မျက်နာပျက်ခြင်းမှ ကယ်တင်နိုင်ခြင်းပါပဲ ။
“ဟဟ ၊ မင်းက အရည်ချင်းစစ်ပွဲ မလာနိုင်လို့ ပါလို့ မရ ဘူး မဟုတ်လား ။ အခုမှ သေချင်လို့ ပေါ်လာတာလား”
လျိုရှိုယန် ခပ်လှောင်လှောင် လေး ပြောလိုက်တယ် ။ ချန်ရှန် သူ့ကို အလွန်မုန်းနေတယ်ဆိုတာ သူသိနေတယ် ၊ အထူးသဖြင့် မျက်လုံးများမှာ အမုန်းတရားများဟာ ပိုမို ပေါ် လွင်နေပါတော့တယ် ။
“ဘာလို့လဲ ဆိုတော့ တချို့ ကိစ္စလေးတွေ ရှိနေလို့ပါ ။ ငါဟာ ပြင်းထန်သော သိုင်းပညာဂိုဏ်းရဲ့ ဂိုဏ်းသားတစ်ဦး ပဲ ။ မင်းတို့က ဂိုဏ်းရဲ့ ဂိုဏ်းသားကို စိန်မခေါ် ရဲဘူးလား”
ချန်ရှန် လျိုရှိုယန် ကို မကြည့်ပဲ သားရဲဂိုဏ်းနှင့် စစ်မှန် သော သိုင်းပညာဂိုဏ်းမှ နောက်လိုက် ၂ ဦးကိုသာ ကြည့် လျက် ပြောလိုက်တယ် ။
“ဘယ်လိုပဲဖြစ်ဖြစ် ဒဏ်ရာကတော့ ရမှာပဲ ၊ အဲဒိအခါ ကျ မှ ငါတို့ကို အပစ်မတင်နဲ့”
လျိုရှိုယန် ချန်ရှန် ကို မျက်မှောင် ကြုတ် ကြည့်နေပါ တယ် ။ ချန်ရှန် ကို သူ့အနေနဲ့ လျစ်လှူရှု နိုင်သော်လည်း ဒီလိုပေါ်လာခြင်းဟာ သူ့အတွက် မပျော်ရွှင်စေပါဘူး ။ ချန်ရှန် မှ သူ့ကို သေလောက်အောင် မုန်းတီးနေတယ် ဆို တာ အသေချာပင် မဟုတ်ပါလား ။
ထိုအချိန်မှာ ပဲ လောင်ဆုရီက တုန်တုန်ယင်ယင် ဖြင့် –
“ဒီလူ နှစ်ယောက် ဟာ စစ်မှန်သော သိုင်းပညာနယ် ပယ် ကို ရောက်ပြီးသားလူတွေ ၊ သူတို့ကိုယ်အတွင်းမှာ ရှိ တဲ့ စွမ်းအင်သိုလှောင်ရာက စွမ်းအင် တစ်မျိုးဟာ သူတို့ အသက်ရှူပုံတွေကို ဖုံးကွယ်ပေးထားတယ် ။ ဒါကြောင့်ပဲ သူတို့ ဒီလိုပညာရှင်တွေဖြစ်တယ် ဆိုတာ သိဖို့ ခက်ခဲတယ် ၊ ဒါကို မှော်ဓာတ် လို့ ခေါ်တယ်”
ချန်ရှန် တော်တော် အံ့သြသွားတယ် ။ လက်သီးကို ကျစ်ကျစ် ပါအောင် စုပ်လျက် တစ်ချိန်တည်းမှာပဲ အလွန် စိတ်လှုပ်ရှားနေတယ် ။ အခုအခါမှာတော့ သားရဲဂိုဏ်း နှင့် စစ်မှန်သော သိုင်းပညာဂိုဏ်းတို့ ဘာကြောင့် လူ ၂ ဦးသာ စေလွှတ်ပြီး အကုန်လုံးကို ဖျက်ဆီးပစ်နိုင်သလဲဆိုတာကို သေချာ သိသွားပါပြီ ။
၎င်းတို့ ၂ ဦးဟာ သူတို့၏ အစစ်အမှန် ကို ဖုံးကွယ်ထား ကြ တာကြောင့် ပုံမှန်အားဖြင့် မော်တယ် အဆင့် မည်သူမျှ ၎င်းတို့အား မနိုင်နိုင်ပါဘူး ။ ဒါပေမယ် ယခုအခါမှာတော့ သူတို့လိုပဲ စွမ်းအင် အစစ်အမှန် ကို ဖုံးကွယ်ထားတဲ့ ချန်ရှန် နဲ့ တွေ့ ရပါပြီ ။ အဆင့်တူချင်းအတူတူမှာ အမြဲသာနေတဲ့ ချန်ရှန် အကြောင်းတော့ အထွေအထူး ပြောစရာ လိုတော့ မည် မထင်ချေ ။
ချန်ရှန် စိတ်ထဲ ကြိတ်ရယ်မိတယ် ။ သူဟာ အဆိုပါ ဂိုဏ်း ၂ ဂိုဏ်းအား သေလောက်အောင် မုန်းတီးနေတာ ဖြစ်ပြီး ယခုအခါ ၎င်းဂိုဏ်းမှ စစ်မှန်သော သိုင်းပညာနယ် ပယ် ရောက်ကာစ လူ ၂ ယောက်က သူနဲ့ ယှဉ်ပြိုင်ရတော့ မည် ဖြစ်ပါတယ် ။ သူလုံးဝ ညှာမှာ မဟုတ်ပါဘူး ။
“ဘယ်သူ အရင်လာမလဲ”
ချန်ရှန် မေးလိုက်တယ် ။
“မင်း သူသေကိုယ်သေ ချရဲလား”
သန်မာဟန် ရှိတယ့် လူငယ်တစ်ယောက်ဟာ ပြောပါ တယ် ။ သူဟာ ကျွဲကြီး တစ်ကောင်လိုပင် ဖြစ်ကာ သားရဲ ဂိုဏ်းမှ လူပဲ ဖြစ်တယ် ။
ချန်ရှန် ကို သတ်နိုင်ပါက သူဟာ သလင်းကျောက် သုံး သိန်း အား ဆုအဖြစ် ရရှိနိုင်မည် မဟုတ်ပါလား ။ ယခုအခါ ထိုသို့သော အခွင့်အရေးက သူ့လက်တစ်ကမ်းမှာ ဖြစ်နေ တာကြောင့် ပါပဲ ။
ဆေးဆရာမကြီး နှင့် ဆရာကြီး ဝု တို့ဟာ ၎င်းတို့ ပါးစပ် များကို ဟ ကာ တားဖို့ ကြံရွယ်နေတုန်းမှာပဲ ချန်ရှန် ၏ အသံ ထွက်လာတယ် ။
“ချရဲလား တဲ့လား ၊ လာခဲ့လေ ဘယ်သူက ဘယ်သူ့ကို ကြောက်ရမလဲ ဆိုတာ ကြည့်တာပေါ့”
အသေအကျေ တိုက်ပွဲ ၊ သူသေကိုယ်သေတိုက်ပွဲ . . . ၂ဖက်လုံးဟာ လက်ခံတာနဲ့ တပြိုင်နက် ပရိတ်သတ်များ က လည်း ထောက်ခံသည် ဆိုပါက စတင်တော့မှာ ဖြစ်ပါ တယ် ။ ၎င်းတို့ ၂ ယောက် ဘယ်သူသေသေ ၎င်းတို့နောက် ရှိ ဂိုဏ်းမှ ၀င်ရောက်စွက်ဖက်ခြင်း မပြုရပါဘူး ။
သားရဲဂိုဏ်းရဲ့ နောက်လိုက် နာမည်ကတော့ နျူဟို လို့ ခေါ်ပါတယ် ။ ကြီးမားတောင့်တင်းသော ကိုယ်ဟန်ရှိပြီး ချန် ရှန် ထက် ခေါင်းတစ်လုံး ပိုရှည်ပါတယ် ။ ၎င်း၏ ခန္ဓာကိုယ် ဟာ တောင်ငယ်တစ်လုံးနှင့်ပင် တူနေပြီး တစ်ကိုယ်လုံး မှာ လည်း စွမ်းအင်များဖြင့် ပြည့်နေဟာ တဖက်သားကို အနေ ခက်စေပါတယ် ။
“ချန်ရှန် ၊ မှော်ဓာတ်က သူ့စွမ်းအင်သိုလှောင်ရာမှာ ကပ်တွယ်နေတာ ၊ ခင်ဗျား သင့်တော်တယ့် အချိန်တစ်ခု ကို စောင့်နေပြီး အဲဒိ မှော်ဓာတ်ကို လောင်ကျွမ်းအောင် လုပ်လိုက် ။ သူ့စွမ်းအင် အစစ်အမှန်ကို ထုတ်ပြသလို ဖြစ် သွားလိ့မ်မယ်”
လောင်ဆုရီ ချန်ရှန်အား နတ်အတွင်းအား အာရုံဖြင့် ပြော ပါတယ် ။
ဝိဉာဉ်တော် မှော်ဓာတ်များဟာ ဒီလို ကောင်းကျိုး တွေ ရှိပါတယ် ။ ချန်ရှန် သူအားနေတယ့် အချိန်များမှာ ဒီ မှော်ဓာတ်များ အကြောင်း လေ့လာဖူးပါတယ် ။ ဒါပေမယ့် သူ မသိဖြစ်နေတယ် ။ နောက်ပြီး လမ်းညွှန်ပြသမှုမရှိပဲ ဘယ်လိုမှ သူစမ်းသပ်နိုင်မှာ မဟုတ်ပါဘူး ။
ဆေးဆရာမကြီး နှင့် ဆရာကြီး ဝုတို့ဟာ ဒီ အသေအ ကျေ တိုက်ပွဲကို တားဆီးချင်သော်လည်း မတားနိုင်လိုက် ပါဘူး ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ ဦးရီးတော်လေး ဆိုပြီး ဖြစ်လာတယ့် ချန်ရှန် ဟာ သာမန်လူမဟုတ်ဘူးဆို တာ သူတို့ သိကြတယ် ။ ဒါ့အပြင် ချန်ရှန် ၏ စွမ်းအားကို မြင်တွေ့ ပြီး ဖြစ်တာကြောင့် ယုံကြည်နေပေမယ့်လည်း အ နည်းငယ်တော့ စိုးရိမ်ပူပန်မိကြပါတယ် ။
သားရဲ ဂိုဏ်းမှ လူများ မဆိုထားနှင့် ပြင်းထန်သော သိုင်းပညာဂိုဏ်းမှ လူများပင် ချန်ရှန် ကို သတ်ချင်နေတာ ဖြစ်ပါတယ် ။ ၎င်းဟာ သလင်းကျောက် သုံးသိန်းတန်တယ် ဆိုတာကြောင့် ဆိုတာကတော့ ပြောနေစရာမလိုတော့ပေ။ ထိုပမာဏဟာ လူအားလုံးကို ဆွဲဆောင်နိုင်သည် မဟုတ် ပါလား ။
ချန်ရှန် ဟာ ၎င်း၏ ပြိုင်ဖက် စစ်မှန်သော သိုင်းပညာ နယ်ပယ် မှ ဆိုတာကို သိတာကြောင့် အထင်မသေးရဲပါ ။
“စ”
ဆေရာကြီး ဝု အမိန့်ပေးလိုက်ပါတယ် ။ သားရဲဂိုဏ်း နှင့် စစ်မှန်သော သိုင်းပညာဂိုဏ်း တို့မှ နောက်လိုက်များ ဒီကိုလာတာကို သူမနှစ်မြို့ လှပါ ။ ၎င်းတို့ တာဝန်မဲ့သော လုပ်ရပ်များ လုပ်ခဲ့ရင်တောင် သူဘာမျှ မလုပ်နိုင်ပါဘူး ။ ဒါပေမယ့် စွမ်းအားကြီးလှတယ့် ဂိုဏ်း ၂ ဂိုဏ်းမှ ငယ်ရွယ် သော လူ နှစ်ယောက်ဟာ မဟုတ်မမှန် လုပ်မယ်လို့ သူ မ မျှော်လင့်ခဲ့ပါ ။
ဆရာကြီး ဝု စကားဆုံးသည်နှင့် နျူဟို ဟာ ကျယ် လောင်စွာ အော်ဟစ်လိုက်တယ် ။ စင်မြင့်ကြီး ဟာ ပြိုကွဲ ဟာ ကျောက်တုံးများ ဖြစ်သွားပေမယ့် ချန်ရှန် ကတော့ ဘာမျှ မဖြစ်ပါချေ ။ တချိန်တည်းမှာပင် ချန်ရှန် မှလည်း ဟိန်းဟောက်လိုက်ပြီး သူ၏ ဟိန်းသံထဲမှာတော့ မိုးပြာရောင် လျှပ်စီး ချီငွေ့ များပါ လိုက်ပါသွားကြတယ် ။ ရေပန်းများ လိုပင် ထွက်ကာ နျူဟို ဆီသို့ လွင့်ထွက်သွား ကြ ပါ တယ် ။
ချန်ရှန် ဟာ သူ၏ စွမ်းအားကို အကုန်အသုံးမပြုပါဘူး ၊ စစ်မှန်သော သိုင်းပညာ နယ်ပယ် စွမ်းအား အစစ်အမှန် ကို သာ သုံးပါက လျိုရှိုယန် နှင့်တကွ အားလုံးဟာ သူ့ သရုပ် အမှန်ကို မြင်သွားနိုင်တာကြောင့် ဒုက္ခ များသွား မှာ ပါ ။
သူ၏ ပြိုင်ဖက်ကိုတော့ စစ်မှန်သော သိုင်းပညာနယ် ပယ်မှ စွမ်းအားအမှန် ကို ထုတ်ဖော်နိုင်အောင် လုပ်နေမိ တယ် ။ ထိုလူ ၏ စွမ်းအား အမှန် ကို ပြပြီးချိန် သူ့စွမ်းအား အမှန် ကို ထုတ်ပြရင်တောင် မှ သူဘာမှ ဖြစ်တော့မည် မ ဟုတ်ပေ ။
မိုးပြာရောင် လျှပ်စီး ချီအငွေ့ များဟာ ပါးစပ်က ထွက် လာပြီး ၎င်းစွမ်းအားဟာ မော်တယ်အဆင့် သိုင်းပညာရှင် များကို လွယ်ကူစွာ အနိုင်ယူနိုင်ပါတယ် ။ ဒါပေမယ့် နျူဟို ကတော့ ဘာမှ မဖြစ်ပါချေ ။ သူဟာလည်း စစ်မှန်သော ပ ညာရှင် ဖြစ်ပြီး သူ၏ စွမ်းအားဖြင့် ဒီလို အားလောက်ကို ခံနိုင်ရည် ရှိပါတယ် ။ ဒါပေမယ့် ချန်ရှန် စွမ်းအားပြင်းလှ သည့် မီးတောက်များကို ရောနှောကာဖြင့် နဂါးဟောက်သံ ကို ပြုလုပ်လိ့မ်မည် ဟု မထင်မိခဲ့ပါ ။ ၎င်းစွမ်းအင်ဟာ နျူ ဟို၏ စွမ်းအင် သိုလှောင်ရာကို ထိမှန်သွားပြီး အ၀တ်အ စားများအား လောင်ကျွမ်းသွားစေပါတော့တယ် ။
ချန်ရှန် ၏ မီးတောက်များဟာ အနီရင့်ငှက် ၏ စစ်မှန် သော သိုင်းပညာနယ်ပယ် မှ မီတောက်များ ဖြစ်ပါတယ် ။ ၎င်းကို သာမန် ပညာရှင်မှ အလွယ်တကူ မငြိမ်းသတ်နိုင်ပါ ဘူး ။
နျူဟို စိတ်ထဲ တော်တော် အံ့သြသွားမိပါတယ် ။ လက်များမှာ ချီဓာတ်များအား စုကာ ဗိုက်အပေါ်နားတွင် လှည့်ပတ်နေတယ် ။ ထို့နောက် ချန်ရှန် အား ဆန့်ကျင် ကာ တိုက်ခိုက်ပါတယ် ။ ဒါပေမယ့် ချန်ရှန် ကတော့ သူ့ကို တိုက် ခိုက်ခြင်းကို မမှုပါချေ ။
လောင်နေသော မီးတောက်များဟာ လျင်မြန်စွာပင် ပျံ့ နှံ့ သွားပြီး မကြာခင်မှာပဲ ရုတ်တရက် အရောင်များ ပြောင်းလဲသွားတာကို ချန်ရှန် တွေ့ လိုက်ရတယ် ။ သူ၏ မျက်ခုံးများ မြင့်တက် သွားတယ် ။ ဒါဟာ ၎င်းမှာ ရှိနေ သော မှော်ဓာတ် လောင်ကျွမ်းသွားတာကြောင့် ဖြစ်တယ် ဆိုတာကို ချန်ရှန် တွက်ဆ မိတယ် ။
ဆရာကြီး ဝု ၏ မျက်ခုံးများဟာလည်း မြင့်တက်သွား ပါ တယ် ။ အဘယ်ကြောင့်ဆိုသော် နျူဟို ၏ ကိုယ်မှ အလွန် စွမ်းအားကြီး ပြင်းထန်လှတယ့် အသက်ရှုမှုမျိုး ထွက်နေလို့ပါ ။ ဒါမျိုး အသက်ရှုပုံအား စစ်မှန်သော သိုင်း ပညာ နယ်ပယ်မှ ပညာရှင်များတွင်သာ တွေ့ နိုင်ပါတယ် ။
“စစ်မှန်သော သိုင်းပညာရှင်”
ဆေးဆရာမကြီး အသံဟာ ကမ္ဘာမြေကြီးအောက် ငရဲ ပြည်မှ လာသော အသံလိုမျိုး အေးစက်ကာ ရှိနေပါတော့ တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset