Switch Mode

Chapter – 145

ရန်သူဟောင်းနှင့် ပြန်တွေ့ခြင်း

Chapter – 145 ရန်သူဟောင်းနှင့်ပြန်တွေ့ ခြင်း

များစွာသော စစ်မှန်သည့် ပညာရှင်နောက်လိုက်များ ဟာ ၎င်းတို့၏ စွမ်းရည်များ နတ်အတွင်းအားများကို ပြသ လျက် မော်တယ် သိုင်းလောကသား များအား ဆွဲဆောင် နေပါတယ် ။ အချို့ သော နောက်လိုက်များဟာ နှစ်တိုင်း လိုလို အပြင်နေရာများ သွားကာ ထူးခြားဆန်းပြားသော အရာများအား ယူဆောင်လာခြင်းဖြင့် ဂိုဏ်း၏ ဂုဏ် သတင်း ကို ကျယ်ပြန့်စေလေ့ ရှိကြတယ် ။ စားပွဲလိုစင်မြင့် များ ပေါ် မတ်တပ်ရပ်ကာ ကြုံတွေ့ ခဲ့ရသော အရာများ ကို လည်း ၎င်းနောက်လိုက်များဟာ ပြောပြကြပါတယ် ။ အမေး အဖြေ များ လုပ်ခြင်းဖြင့် ဂိုဏ်းသားများကို တိုးတက် လာအောင် လည်း ပြုလုပ်လေ့ ရှိကြတယ် ။
တဖက်မှာတော့ ချန်ရှန် ဟာ ဆေးဘုရင်ခြံဝန်း အတွင်း တွင် နဂါးတံတွေးများပြုလုပ်လျက် မိုးပြာသစ်သီးပင်အား တိုးတက်လာစေရန် ပြုလုပ်နေပါတယ် ။ ဒါကြောင့်ပဲ အသီး သီးနှုန်းဟာ မြန်ဆန်လာရတယ် ။ ဒီလိုမြန်ဆန်မှုကို ဆေး ဆရာမကြီးဟာလည်း သိနေတာဖြစ်ပြီး သိပ်မသင်္ကာ လှပါ ဘူး ။ သူမဟာ တော်လွန်းပေမယ့်လည်း ဒီအပင်ရဲ့ ကြီး ထွား နှုန်းဟာ ဘာလို့ အရမ်းမြန်လဲ ဆိုတာ မသိပါဘူး ။
ငါးရက်ကြာပြီးနောက် မိုးပြာအသီးပင် ရဲ့ ပန်းများဟာ အာထွက်နေပြီး အသီး ဖြစ်လုနီးပါးပင် ဖြစ်နေပါပြီ ။ ချန်ရှန် သက်ပြင်း ချမိတယ် ။ ဒီအပင်ဟာ နဂါး တံတွေး ပင် သိပ် မလိုလှပဲ သူ့ ဟာသူပင် လျင်မြန်စွာ ကြီးထွားပါတယ် ။
“မိုးပြာပင်က သစ်သားဓာတ်တွေ စုပြီး အသီးသီးတာ ၊ ဒါကို လျို့ ဝှက်ဆန်းကြယ်နယ်ပယ် ထဲမှာ စိုက်ပျိုးထားတာ လေ ၊ ဒီပတ်ဝန်းကျင် တစ်ခုလုံးဟာ ဝိဉာဉ်တော်ချီဓာတ် များ နဲ့ ပြည့်နေတယ် ။ ချီဓာတ်ကို စုပ်ယူနှုန်းက လဲ အရမ်း ကိုလျင်မြန်တာကြောင့် အသီးမြန်မြန် သီး လာရတာပဲ”
စုမေးယို က သူမ စဉ်းစားမိသလောက် ပြောပါတယ် ။
အရည်အချင်း စစ်ဆေးပွဲကတော့ စနေပါပြီ ။ စင်မြင့် များစွာမှာ လူများစွာဟာ ရှစ်ယောက်သာ ကျန်သည်အထိ တိုက်ခိုက်ရပါတယ် ။ သိုင်းပညာပြိုင်ပွဲ အတွက် လူများစွာ ဟာ စာရင်းပေးထားကြတာ ဖြစ်ပြီး အတွင်းစည်း အပြင် စည်းမှ လူများစွာဟာ အရည်အချင်း စစ်ဆေးခံကြပါတယ်။ နေ့တိုင်းထွက်ခွာသွားရသူ များဟာလည်း အများအပြားပါ ပင် ။
ဒီလို စစ်ဆေးမှုအဆင့်များမှာ လူတိုင်းလိုလိုဟာ ချန်ရှန် နှင့် တွေ့ ရမှာကို ကြောက်ရွံ့ လျက်ရှိကြတယ် ။ စစ် မှန်သော သိုင်းပညာနယ်ပယ် အောက်မှာတော့ သူဟာ နံပတ် ၁ ပင် မဟုတ်ပါလား ။ ဒါပေမယ့်လည်း ချန်ရှန် ကို စိန်ခေါ်ချင်နေတယ့် ငယ်ရွယ်သော အသစ်ရောက်လာ သည့် လူငယ်အချို့ လည်း ရှိပါသေးတယ် ။
ဒီလိုအဆင့်တွေမှာ ချန်ရှန် ဟာ ပြိုင်ဖက်ကို အလွန် ညှာတာ ပါတယ် ။ တော်တော် အားနည်းသည့် ပြိုင်ပွဲဝင် နှင့် တွေ့ သည့်အခါတွင်လည်း သိုင်း ၂ ကွက်လောက်နှင့် ပင် အနိင်ယူလေ့ရှိတယ် ။ ဒီပြိုင်ပွဲကြီးဟာ တစ်ယောက် နှင့် တစ်ယောက် သိုင်းပညာဖလှယ်တာ ဖြစ်တာကြောင့် ချန်ရှန် ဟာ လူများစွာ၏ လေးစားမှုကိုလည်း ရပါသေး တယ် ။
ချန်ရှန် သူ၏ နဂါးတံတွေးများအား အပင်ကို လောင်း ပြီး နောက် အခန်းကို ပြန်လာပါတယ် ။ ဒြပ်စင်ဆေး ၅ လုံး အား မျိုချလိုက်ပြီးနောက်မှာတော့ ချီဓာတ်များဟာ သူ့၏ ကိုယ်အတွင်းသို့ တဟုန်ထိုးဝင်သွားတယ် ။ ချန်ရှန် ထိုက်ကျိ နတ်နဂါး ကျင့်စဉ်ကို ကျင့်လိုက်ကာ ချီဓာတ် အသစ်များအား သူ၏ ချီဓာတ်များ ဖြစ်အောင် သန့်စင် နေ ပါတယ် ။ နောက်ဆုံးမှာတော့ ချီဓာတ်များ အားလုံးဟာ နတ် အတွင်းအား အာရုံများ အဖြစ် ကူးပြောင်းကာ သူ၏ စိတ်ဝိဉာဉ်သေးသေးလေး အား ပျိုးထောင်လျက် ရှိပါ တယ် ။
လောင်ဆုရီစကားအရ ဒီစိတ်ဝိဉာဉ်အသေးလေး ကြီး လာ မှသာ သူအသုံးချ နိုင်မှာပါ ။
ချန်ရှန် နက်နက်နဲနဲပင် သူ၏ စိတ်ဝိဉာဉ်အား လေ့ ကျင့် နေမိတယ် ။ စိတ်စွမ်းအား တစ်ခုဖြင့်သာ လေ့ကျင့် နေ တာ ဖြစ်ပြီး မည်သည့်ဆေးမျှ မစားချေ ။ သူ၏ ယင် နဲ့ ယန် နတ်အတွင်းအား သွေးကြောများဖြင့် ပင် များစွာသော စိတ်ဝိဉာဉ် ချီဓာတ်များအား စုပ်ယူနိုင်တာပါ ။
မနီးမဝေးရှိ ခေါင်မိုးတစ်ခု ပေါ်မှာတော့ ဆေးဆရာမ ကြီး ရပ်နေပြီး ချန်ရှန် ၏ အခန်းကို ကြည့်နေပါတယ် ။ သူမ တီးတိုး ရေရွတ်မိနေတယ် ။
“ဒါဟာ တကယ်ပဲ ယင် နဲ့ ယန် နတ်အတွင်းအား သွေး ကြောတွေပါလား ၊ ဒီအရာတွေ ရှိလို့သာ ချီဓာတ် တွေကို ပေါပေါများများ စုပ်ယူနိုင်နေတာ ။ သူဟာ တကယ် ပဲ ငါ့ဆရာကြီးလိုပါပဲလား”
လွန်ခဲ့တယ့် ကာလတွေတည်းက အမြဲတမ်းလိုလို ချန် ရှန် ဟာ ဆေးဘုရင်ခြံဝန်းထဲမှာ နေထိုင်ခဲ့တာပါ ။ ဆေး ဆရာ မကြီး၏ အနီးကပ်စောင့်ကြည့်ခြင်းကို ခံခဲ့ရတယ် ။ ဒါ ပေမယ့်လည်း သူဟာ အမြဲတမ်း သတိထားနေတာ ဖြစ်ပြီး နဂါးတံတွေးကျင့်စဉ်အား ခြံဝန်းထဲ မည်သူမျှ မရှိသည့် အချိန်တွင်သာ အသုံးပြုတာ ဖြစ်ပါတယ် ။ တစ်ခါမှ ဆေး ဆရာမကြီး မြင်တွေ့ ခြင်းမရှိပေမယ့် သူ့ကို တိတ်တဆိတ် စောင့်ကြည့်နေတယ်လို့တော့ ခံစားနေရတယ် ။
လွန်ခဲ့သော သုံးရက်က ချန်ရှန် ဟာ အတော်ကို ကျင့်ကြံ ခဲ့တယ် ။ အဆက်မပြတ်ပင် ချီဓာတ်များအား စုပ် ယူပြီး လေ့ကျင့်ကာနေပါတယ် ။ ဒီလို ချီဓာတ်စုပ်ယူ မှု များ ကို သက်ကြီးခြံဝန်းမှ လူများဟာ ရိပ်မိသွားကြပြီး ထို ဖြစ် စဉ်ဟာ ဆေးဘုရင်ခြံဝန်းမှ ဖြစ်နေတယ်ဆိုတာကိုတော့ သိကြပါတယ် ။ ဒါပေမယ့်လည်း သွားမစုံစမ်း ၀ံကြချေ ။ ခပ် လှမ်းလှမ်း မှပင် အခြေအနေကို အကဲခတ်လျက်ရှိပါတယ်။
ဆေးဆရာမကြီးက အေးစက်စက် ဖြင့် –
“ဒီကောင်လေး စစ်မှန်သော သိုင်းပညာနယ်ပယ် ကို ၀င်ချင်နေတာများလား ၊ လွန်ခဲ့တဲ့ သုံးရက်လုံး အရည် အသွေး စစ်ဆေးတဲ့ နေရာကို တောင် မသွားဘူး ။ ဒါကြောင့် ပဲ သိုင်းပြိုင်ပွဲ ကို ပြိုင်ခွင့် မရတော့ဘူးပေါ့ ။ ဒါ ဟာ သူ့ပုံစံနဲ့ကို မတူဘူး ၊ သူ အလွယ်တကူ ပထမရ နိုင် တယ် မဟုတ်လား”
ဒီအချိန်မှာမှာ ချန်ရှန်တစ်ယောက် သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံးကို မေ့နေပါတယ် ။ မိခင်ဝမ်းမှ မွေးကာစ ကလေးလေးလို ဘာမှမသိဘဲ ချီဓာတ်များကိုသာ စုပ်ယူ လျက် အိပ်နေသလိုပါပဲ ။
ချန်ရှန် ၏ အသိနှင့်သတိတရားများ အားလုံးဟာ ရှင် တို ဝိဉာဉ်တော်ထဲသို့ နစ်မြုပ်နေလျက် ရှိပြီး အပြင်လော ကမှာ ဖြစ်ပျက်သမျှအား ဘာဆိုဘာမျှ မသိတော့ပါ ။
“အမတော် မေးယို ၊ ကျွန်မ တတ်နိုင်သလောက် ကြိုး စား ပြီးပြီ ၊ သူ့ကို နှိုးလို့ မရဘူး ။ ဒီတိုင်းထားလိုက်တာ ပို ကောင်းမယ်ထင်တယ် ။ အတင်းအားသုံးပြီး နှိုးလိုက်ရင် ဒုက္ခတွေ့ သွားနိုင်တယ်”
လောင်ဆုရီ အသံသေးသေးလေး ဖြင့်ပြောပါတယ် ။ ချန်ရှန် တော့ ဒြပ်စင်ဆေး ၁၀၀ ကို မရရှိနိုင်တော့ဟု တွေး ရင်း စိတ်ဓာတ်ကျမိပါတယ် ။
သိုင်းပညာပြိုင်ပွဲဟာ စတင်နေတာ ကြာပြီဖြစ်ပြီး လူ တိုင်းဟာ ချန်ရှန် မည်သည့် ထိပ်ဆုံး အသင်း ၈ ဦးလုံးမှာ မပါ သည့်အတွက် အံ့အားသင့်နေကြတယ် ။ ချန်ရှန် လို အားမျိုးဖြင့် ပထမရဖို့ ဆိုတာ အရမ်းကို လွယ်ကူမှာပါ ။
စုံစမ်းသိရှိပြီးနောက်မှာတော့ လူတိုင်းဟာ ချန်ရှန် အရည် အချင်း စစ်ဆေးပွဲသို့ မလာသဖြင့် မပါဝင်နိုင်တာ ကို သိသွားကြပါတယ် ။ ဒါ့အပြင် ပျောက်နေတာလည်း ငါး ရက်ပင် ရှိပါပြီ ။
ချန်ရှန် ဟာ လေ့ကျင့်နေရင်း သူ၏ ရလဒ်ကို ကျေနပ်နေမိတယ် ။ အဘယ်ကြောင့်ဆိုသော် သူ၏ ရှင်တို ဝိဉာဉ်တော်လေးမှာ အနည်းငယ် ကြီးလာပြီ ဖြစ်ပါတယ် ၊ အရင်က မွေးခါစ ပုံစံသာ ရှိနေတာ ဖြစ်ပြီး ယခုအခါ ၆ လ သားလောက် ရှိနေပါပြီ ။
လောင်ဆုရီ ထံမှ ချန်ရှန် သိရသည်မှာ ဝိဉာဉ်တော် များ ကြီးထွားမှုဟာအရမ်း နှေးကွေး တယ် ဆိုတာပါပဲ ။ ဥပမာ လောင်ဆုရီ ကိုပဲ ကြည့်ပါ ။ သူဟာ အခွံမှ ထွက် မလာ ခင်မှာပင် ရှစ်နှစ်ကြာခဲ့တယ် ။ သူပိုမို ကြီးထွားလာ ဖို့ အချိန်များစွာ ကြာဦးမှာပါ ။ ဒါပေမယ့် သူကြီးလာတဲ့အခါ ကျ ရင်တော့ မည်သည့် အရာကို မျှ ဂရုစိုက်စရာ လိုတော့ မည် မဟုတ်ပေ ။
ချန်ရှန် နောက်ဆုံးမှာတော့ ညင်ညင်သာသာပဲ နိုးလာ ပါတယ် ။ လောင်ဆုရီ မှာ အသံချိုချိုလေး ဖြစ်သော်လည်း ဒေါသ တကြီး ဖြင့် –
“ဟေ့လူ ၊ ခင်ဗျား အိပ်ပျော်နေတာ ငါးရက် ရှိပြီ ။ ချီဒြပ် စင်ဆေး ၁၀၀ နဲ့ သလင်းကျောက် တစ်သိန်း ကတော့ မြောင်းထဲ ရောက်ပြီပေါ့”
“မင်းငါ့ကို ဘာလို့မနှိုးတာလဲ”
ချန်ရှန် ချက်ချင်းပင် အခန်းထဲမှ ထွက်လာတယ် ။ ရင် များ ခုန်နေလျက် ကွင်းပြင်ဆီသို့ လျှောက်သွားပါတော့ တယ် ။
“ကျွန်မ နှိုးနေတာ အကြိမ်ကြိမ်ပဲ ။ ခင်ဗျားဒီလို အသေ ကျင့်နေမယ်လို့ ဘယ်သူက သိမှာလဲ ။ နောက်တစ်ခါ နတ် အတွင်းအား အာရုံ အားလုံးကို ဝိဉာဉ်တော် အတွက် အသုံး မပြုနဲ့ ။ အခန့်မသင့်ရင် ၈ နှစ်ကနေ ၁၀ နှစ်လောက် ထိ အိပ်ပျော်သွားနိုင်တယ်”
လောင်ဆုရီ ၏ အသံဟာ တုန်လို့နေတယ် ။ ချန်ရှန် အိပ် ပျော် ကတည်းက ဘာမျှ မစားရသေးသောကြောင့် ဗိုက် အလွန် ဆာနေလို့ပဲ ဖြစ်ပါတယ် ။
ချန်ရှန် ခပ်မြန်မြန်ပင် သွားနေမိပါတယ် ။ သူ့အပစ် နဲ့ သူ သာမို့ ချီဒြပ်စင်ဆေး ၁၀၀ ကို ဆုံးရှုံးရပြီ ဖြစ်ပါတယ် ။
သူ၏ နှလုံးသားကို ဓားနှင့် ခွဲသလိုပင် ခံစားလိုက်နေ ရ တယ် ။
သူကွင်းပြင် အလယ်သို့ ရောက်သောအခါ လူများစွာ ရှိနေပါတယ် ။ ဒါပေမယ့် အားလုံးသော ဂိုဏ်းသားများ ၏ မျက်နာတွင် ဒေါသများဖြင့် ပြည့်နေပြီး ဒီအချိန်မှာပဲ ချန်ရှန် ဟာ မလှမ်းမကမ်းတွင် စင်မြင့်ပေါ်မှ လူများ လဲကျနေတာ ကို မြင်လိုက်ရတယ် ။
“ဘာဖြစ်တာလဲ”
ချန်ရှန သက်လတ်ပိုင်း အရွယ် လူတစ်ယောက်ကို မေးလိုက်ပါတယ် ။
ထိုလူဟာ ချန်ရှန် ကို မြင်ပြီးနောက် တော်တော် ကို အံ့ အားသင့်သွားပါတယ် ။ တခြားသူ့ကို မြင်သူများဟာလည်း အံ့သြ လျက် ရှိနေကြတယ် ။ ချက်ချင်းပင် ဖြစ်ပျက်ပုံများ အားပြောပြကြတဲ့အခါ ချန်ရှန် ဘယ်လိုဖြစ်သလဲဆိုတာ သိသွားပါတော့တယ် ။ သူ ဆေးဆရာမကြီး နှင့် ဆရာကြီး ဝု တို့ရှိရာ စင်မြင့်ကို ကြည့်လိုက်တယ် ။ အရမ်းကို ရင်းနှီး သော ချောမောလှပသည့် မျက်နာတစ်ခုကို သူမြင်လိုက် ရ ပါတယ် ။ နဖူးမှ အငွေ့ များထွက်ကာ တော်တော် မနှစ်မြို့ ဖွယ်ပါပဲ ။
ဒီလူကို ကြည့်ရင်း ချန်ရှန် လက်သည်းများပင် အသား ကို စူးနစ်ဝင်သည် အထိ လက်သီးကို ကျစ်ကျစ်ပါအောင် စုပ်လိုက်ပါတယ် ။ ထိုလူကတော့ လျိုရှိုယန် ပါပဲ ။
ရနံ့မြို့ တော်မှ ပြန်လာပြီးနောက် လျိုရှိုယန် အကြောင်း စုံစမ်းတဲ့အခါ ဘာမှ ထူးခြားခြင်း မရှိခဲ့ပါဘူး ။ ဒီလူဟာ စစ် မှန် သော သိုင်းပညာဂိုဏ်း၏ သက်ကြီးအဆင့် ရှိသူ ဖြစ် မယ်လို့ မထင်မိခဲ့ပါ ။ ဒါ့အပြင် သူဟာ နိဗ္ဗာန် အဆင့် သို့ ရောက်ရှိလုနီးနီး အငယ်ဆုံးသိုင်းပညာရှင် ပါပဲ ။ ဒီလို အံ့သြ ဖွယ် ပါရမီများကြောင့်ပဲ သူဟာ သူ၏ စစ်မှန်သော သိုင်းပညာဂိုဏ်းမှာ အရမ်းကို အရေးကြီးသော ပုံရိပ်ဖြစ် နေ ပါတော့တယ် ။
ယနေ့မှာ စစ်မှန်သော သိုင်းပညာဂိုဏ်း နှင့် သားရဲ ဂိုဏ်းတို့၏ သက်ကြီးဝါကြီး အဆင့် လူများဟာ ၎င်းတို့၏ တပည့်များနှင့်အတူ ပြင်းထန်သော သိုင်းပညာဂိုဏ်း၏ တော်ဝင် ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ရန် လာရောက်ကြခြင်းပါ ။ ဒါ့အပြင် ၎င်းတို့ ဂိုဏ်းသားများ နှင့် ပြင်းထန်သော သိုင်း ပညာဂိုဏ်း ၏ ဂိုဏ်းသားများအား ပညာဖလှယ်ရန်ကို ပါ တောင်းဆို ထားကြတာ ဖြစ်ပါတော့တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset